• Today is: Sunday, May 19, 2024

စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို အရေးယူရေး နိုင်ငံတကာနှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို သံအမတ်ကြီးဦးကျော်မိုးထွန်း ထပ်မံတိုက်တွန်း

စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို အရေးယူရေး နိုင်ငံ တကာနှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို သံအမတ်ကြီးဦးကျော်မိုးထွန်း ထပ်မံတိုက်တွန်း

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၁

မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးများ အပါအဝင် ပြည်သူတစ်ရပ်လုံးအပေါ် လူသားမဆန်သည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို အရေးယူရန် နိုင်ငံတကာနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံတိုက်တွန်းလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်တပ်မှ အတိတ်ကာလ၌ ကျူးလွန် ခဲ့သည့် ပြစ်မှုများအပြင် လက်ရှိပစ္စုပ္ပန်၌ ကျူးလွန်လျက်ရှိသည့် ပြစ်မှု များအတွက်ပါ တာဝန်ခံမှုနှင့် တရားမျှတမှုရရှိရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိ ကာကွယ်မှုပေးရန် တာဝန်ရှိမှု (Responsibility to Protect) ဆိုင်ရာ ဝန်ကြီးအဆင့် နှစ်စဉ်အစည်းအဝေး “ကာကွယ်မှုပေးရန် တာဝန်ရှိမှုနှင့် ဆိုးဝါးပြင်းထန်သည့် လုပ်ရပ်များ ကာကွယ်တားဆီးမှု တွင် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခန်းကဏ္ဍ” ခေါင်းစဉ် ဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုတိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း မှ တက်ရောက်ခဲ့၍ မိန့်ခွန်းပြောကြားခဲ့ရာ၊ အောက်ပါ အဓိကအချက်များ ပါဝင် ပါသည်-

(က) ဆိုးဝါးပြင်းထန်သည့် ပြစ်မှုများဖြစ်ကြသည့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ် ရာဇဝတ်မှု၊ လူမျိုးစုအလိုက်သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့် ပြစ်မှုများမှ ပြည်သူများအား ကာကွယ်ရန် နိုင်ငံများ ၌ အဓိကတာဝန်ရှိကြောင်း၊

(ခ) ကာကွယ်မှုပေးရန် တာဝန်ရှိမှုနှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာအစီအစဉ်အား ထိရောက်စွာအကောင်အထည်ဖော်မှုတွင် လိင်ပိုင်းဆိုင်ရာ နှင့် ကျား/မ အခြေခံသည့် ပြစ်မှုများ အတွက် အတိတ်ကာလ၌ ကျူးလွန်ခဲ့သည့် ပြစ်မှုများသာမက လက်ရှိကာလ ကျူးလွန်ခဲ့သည့် ပြစ်မှု များအတွက် တာဝန်ခံမှုနှင့် တရားမျှတမှုရှိရေးတို့ လိုအပ်ကြောင်း၊

(ဂ) ကုလသမဂ္ဂ၏ စိစစ်မှတ်တမ်းများအရ မြန်မာနိုင်ငံ၌ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မ အခြေခံသ

ည့် အကြမ်းဖက်မှုသည် မြန်မာစစ်တပ်စစ်ဆင်ရေး၏ ဝိသေသ လက္ခဏာ ဖြစ်ကြောင်း၊ ပဋိပက္ခ ဖြစ်ပွားမှုနှင့်ဆက်စပ်၍ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် မြန်မာစစ်တပ်၏ စစ်ဗျူဟာ တစ်ရပ် ဖြစ်ကြောင်း၊

(ဃ) ဒီမိုကရေစီ အရပ်သားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်း၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ တရားမဝင် စစ်တပ်အာဏာသိမ်းမှုပြီးနောက် ရက်စက် သည့် နှိမ်နင်းမှုများကြားမှ မြန်မာအမျိုးသမီးများသည် စစ်တပ် အာဏာသိမ်းမှုကို နေ့စဉ်ဆန့်ကျင်ဆန္ဒပြမှုတွင် ရှေ့တန်းမှ ပါဝင်လျက်ရှိကြောင်း၊

(င) မြန်မာနိုင်ငံ၏အခြေအနေသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အစဉ်တစ်စိုက် အရေးပေါ် အာရုံစိုက်မှုကို လိုအပ်နေကြောင်း၊ လက်ရှိပြည်တွင်း ဥပဒေအောက် တွင် ပဋိပက္ခဖြစ်ပွားသည့် ဒေသများ၌ လုံခြုံရေးတပ်ဖွဲ့ဝင် များကိုယ်တိုင်မှ အဓမ္မကျင့်မှု နှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများ ကို စနစ်တကျ စစ်ရေးနည်းလမ်း တစ်ခုအနေနှင့် ကျူးလွန်လျက်ရှိသည့် အတွက် အမျိုးသမီးများ အထူးသဖြင့် တိုင်းရင်းသားဒေသများရှိ အမျိုးသမီးများအနေနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များ အတွက် ထိရောက်သည့် ကုစားမှု ပြန်လည်ရရှိရန် အခွင့်အရေး လုံးဝ မရှိ ကြောင်း၊

(စ) ဆိုးဝါးသည့် ပြစ်မှုကျူးလွန်မှုများမှ ပြည်သူများကို ကာကွယ်ရန် တာဝန်ရှိသည် ဆိုသည့် နိုင်ငံတကာ အသိုက်အဝန်း ၏ ကတိကဝတ် အား အချိန်နှင့် တစ်ပြေးညီ တိကျပြတ်သားစွာဖြင့် အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ကြောင်း၊

(ဆ) အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်တပ်မှ အတိတ်ကာလ၌ ကျူးလွန် ခဲ့သည့် ပြစ်မှုများအပြင် လက်ရှိပစ္စုပ္ပန်၌ ကျူးလွန်လျက်ရှိသည့် ပြစ်မှုများအတွက်ပါ တာဝန်ခံမှုနှင့် တရားမျှတမှုရရှိရေး အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိ ကြောင်း၊ စစ်တပ်သည် ရိုဟင်ဂျာများအပါအဝင် တိုင်းရင်းသားနှင့် ဘာသာရေး ဆိုင်ရာ လူနည်းစုလူမျိုးများအပေါ် ပြစ်မှုများ ကျူးလွန်ခဲ့ကြောင်း၊

(ဇ) အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးယန္တရားအပါအဝင် အခြားအပြည်ပြည် ဆိုင်ရာ တရားဥပဒေနှင့် တာဝန်ခံမှု ဆိုင်ရာ ယန္တရားများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် မည်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ ပြစ်ဒဏ် ခတ်ခြင်းမခံရသည့် ဆိုးဝါးသည့် အစဉ်အလာကို ရပ်တန့်ရာ၌ နိုင်ငံတကာအသိုက် အဝန်းနှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနှင့် ကူညီဆောင်ရွက်ပေးရန် ထပ်မံတိုက်တွန်းကြောင်း၊

(ဈ) မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် အခြားဆိုးဝါးသည့် ပြစ်မှုကျူးလွန်မှုများ ကာကွယ်တားဆီးရေးနှင့် ပြစ်မှု ကျူးလွန် သူများအား တာဝန်ခံမှု ရှိရေး တို့အတွက် နိုင်ငံတကာ အသိုက်အဝန်း၏ ထောက်ခံ အားပေးမှုသည် အထူးအရေးကြီးကြောင်း ဆိုသော အချက်များ ပါဝင်ကြောင်း သိရှိရသည်။