• Today is: Thursday, April 18, 2024

လူသားချင်း စာနာမှုဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့  ခုခံ တိုင်းရင်းသား ခေါင်းဆောင် နှစ်ဦးချီးမြှင့်ခံရ

လူသားချင်း စာနာမှုဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့  ခုခံ တိုင်းရင်းသား ခေါင်းဆောင် နှစ်ဦးချီးမြှင့်ခံရ

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၇ ရက်၊ ၂၀၂၁ 

၂၀၁၇မှ စတင်၍ နှစ်နှစ်တစ်ကြိမ် မြန်မာနိုင်ငံမှဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေး၊ သြဇာ၊ အာဏာ၊ ပုဂ္ဂိုလ်ရေး တို့ကိုအခြေမခံဘဲ လူအများအကျိုးအတွက် အကျိုးပြု ရန် ခက်ခဲသောလုပ်ရပ်ကို အဆုံးစွန် စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်ခဲ့ သူများအတွက် ဂုဏ်ပြုသည့် IQY St Clements Education မှ St Clements University ၏ လူသားချင်းစာနာမှုဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctor of Humanities) ကို Karen National Defence Organization မှ Major General Nerdah Bo Mya နှင့် Kachin Independence Army မှ Brigadier General Sumlut Gun Maw တို့ကို ကချင်နှင့်ကရင်ပြည်နယ်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ၊ D Day အနာဂါတ်အောင်မြင်မှုကို ရည်သန်၍ ချီးမြှင့်ဂုဏ်ပြုကြောင်း ဖော်ပြထားသည်။ 

St Clements University ၏ လူသားချင်းစာနာမှုဆိုင်ရာဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctor of Humanities)ရရှိခဲ့သူများ

• ဗိုလ်ကြီးဟောင်းနေမျိုးဇင် (2017)
• ဦးကျော်သူ (နာရေးကူညီမှုအသင်း)(2019)
• ဦးထိုက်ဇော်(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကျောက်မဲမြို့နယ်) (2020 December)(လုပ်ကြံခံရပြီး နွေဦးတော်လှန်ရေး အကြိုကာလတွင်ကျဆုံးခဲ့သူ)
• Major General Nerdah Bo Mya Karen National Defence Organization)(2021)
• Brigadier General Sumlut Gun Maw (Kachin Independence Army) (2021)

     Brigadier General Sumlut Gun Maw

လူတစ်ဦးသည် အာဏာ၊ လုပ်ပိုင်ခွင့်အာဏာနှင့်ကျော်ကြားလာသောအခါများစွာသော တက္ကသိုလ် များကဂုဏ်ပြုဘွဲ့ပေးချင်ကြသည်။ တော်လှန်ရေးတစ်ခုတွင်ရုန်းကန်နေမှုကို ဂုဏ်ပြုရန်နာမည်ကြီး တက္ကသိုလ်များက စိတ်မဝင်စားကြပါဟု ရေးသားသည်။ 
Major General Nerdah Bo Mya

IPEM IQY St Clement Education တော်လှန်ရေးပညာရေးအဖွဲ့က စစ်မှန်တဲ့ခေါင်းဆောင်တွေကို၊ လွတ်လပ်ရေး အတွက် ဦးစီးတော်လှန်တဲ့သူတွေကို ဂုဏ်ပြုဘွဲ့ပေးသည်။ လက်ခံခြင်းလက်မခံခြင်းသည်သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သဘောထားဖြစ်သလို တပ်သားများ အသက်စွန့်တိုက်ပွဲဝင်နေစဥ် ဂုဏ်ပြုမှု လက်မခံလိုခြင်းသည်လည်း စစ်ခေါင်းဆောင်တစ်ဦး၏ သဘောထားဖြစ်နိုင်သလို လုပ်သင့်သော လက်ရုံးရည်နှလုံးရည်အလုပ်ကို ပြတ်သားစွာလုပ်ခြင်းသည် တော်လှန်ရေးတာဝန်ဖြစ်သည်ဟု သူက ရေးသားသည်။ 

ဆက်ပြောသည်မှာ စစ်မှန်တဲ့သူတွေကို ဂုဏ်ပြုဘွဲ့  ပြတ်သားစွာပေးခြင်းသည် တော်လှန်ရေးပညာရေးအဖွဲ့၏ တော်လှန်ရေး တာဝန်ဖြစ်သည်။
KIA နှင့် KNU မရှိလျှင် မြန်မာနိုင်ငံသည် ဒုတိယမြောက် မြောက်ကိုရီးယား ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဒေါက်တာ ကျော်နိုင်(IPEM)က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင်  မှတ်ချက်ပေး ဂုဏ်ပြုချီးမြှင့် ပြောဆိုထားသည်။ 

မူရင်းလင့် ဖတ်ရှုရန် – https://m.facebook.com/story.php?story_fbid=132658192429701&id=100070565614277 

Credit – Photos