• Today is: Friday, May 17, 2024

မြန်မာဟာ လူသားချင်းစာနာမှုကပ်ဘေးဆိုက်နေပြီလို့ UNOCHA ထုတ်ပြန်

မြန်မာဟာ လူသားချင်းစာနာမှုကပ်ဘေးဆိုက်နေပြီလို့ UNOCHA ထုတ်ပြန်

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၄၊ ၂၀၂၁

 

ဖေဖော်ဝါရီ ၁ ရက်နေ့၊ စစ်ကောင်စီက အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် လူပေါင်း နှစ်သိမ်း လေးသောင်း နီးပါး နေအိမ်က ထွက်ခွာနေခဲ့ရတယ်လို့  UNOCHA (ကုလသမ္မဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး) က အခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားပါတယ်။

 

မကွေး၊တိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ လူတွေထွက်ပြေးနေရတဲ့အတွက် အကူအညီတွေ ပိုလိုလာနေပြီလို့ ထုတ်ပြန်ထားပါတယ်။ အကူအညီပေးရေးအဖွဲ့တွေဟာ သွားခွင့်မရတာကြောင့် ထွက်ပြေးနေရတဲ့လူ ဘယ်လောက်ရှိတယ်ဆိုတာကို အတိအကျပြောနိုင်ဖို့ ခက်တယ်လို့ဆိုပါတယ်။

အကြမ်းဖက်မှုတွေ ပိုဆိုးဝါးလာတဲ့ မကွေးတိုင်းကမြို့နယ်တွေမှာ ခန့်မှန်းလူပေါင်း ၆၃,၀၀၀နဲ့ စစ်ကိုင်းတိုင်း မှာ ၁၂,၀၀၀ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
 

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ပြည့်သူ့ကာကွယ်ရေးတပ်တွေကို စက်တင်ဘာလ အတွင်းက လေကြောင်းတိုက်ခိုက်မှုအကြီးအကျယ်လုပ်ခဲ့တဲ့အတွက် အရပ်သားတော်တော်များများလည်း သေခဲ့ရကြောင်း ထုတ်ပြန်ချက်မှ ာဖော်ပြထားပါတယ်။
 

စစ်ကိုင်းတိုင်း၁၈မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကနီ၊ မြောင်၊ ဒီပဲယင်း၊ ရွှေဘိုနဲ့ ယင်းမာပင်တို့မှာ ဆိုးဝါးခဲ့ပါတယ်။ မကွေးတိုင်းထဲက ဂန့်ဂေါ၊ မြိုင်၊ ပေါက်နဲ့ ဆောမြို့နယ်တို့မှာလည်း အဆိုးဆုံးတိုက်ပွဲတွေဖြစ်ခဲ့ တယ်လို့လည်းဆိုပါတယ်။
 

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက မြန်မာစစ်တပ်ဟာ ကိုယ့်ပြည် ကိုယ့်ရွာကို ပြန်လည်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့လို့ စက်တင်ဘာ နောက်ဆုံးပတ်အတွင်း ဆွတ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာကျင်းပပြီးတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မှတ်ချက်ပြုခဲ့ပါတယ်။

ချင်းပြည်နယ်က မြို့တွေမှာလည်း အကြမ်းဖက်စစ်အုပ်ုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲတွေ စိပ် လာနေပြီး စက်တင်ဘာ ၁၃ ရက်နေ့ အထိ လူပေါင်း ၁၂၀၀၀ လောက် ထွက်ပြေး နေရတယ်လို့ ဖော်ပြပါတယ်။
 
ကယားပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမြို့တွေမှာလည်း တိုက်ပွဲတွေဖြစ်နေပြီး လူပေါင်း ၁၄၂၀၀၀ကျော် ထွက်ပြေးနေရဆဲပါပဲ။
 

ပြင်းထန်လာတဲ့ တိုက်ပွဲတွေ၊ အလုံးစုံလုံခြုံရေး အခြေအနေနဲ့ ကိုဗစ်-၁၉ နဲ့ဆက်စပ်နေတဲ့ ကန့်သတ်ချက်တွေကြောင့် ထိခိုက်လွယ်မိသားစုတွေထံသို့ လူသားချင်းစာနာမှုအကူအညီနဲ့ အကာအကွယ်ပေးရေးအစီအစဉ်တွေ ရောက်ရှိဖို့ ခက်ခဲလျက်ရှိနေကြောင်း “United Nations OCHA Myanmar” ထုတ်ပြန်ထားပါတယ်။