• Today is: Friday, March 29, 2024

NCA မပျက်မယွင်းတည်ရှိသေးကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင် ဥက္ကဌပြော

NCA မပျက်မယွင်းတည်ရှိသေးကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင် ဥက္ကဌပြော

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၄ ရက်၊ ၂၀၂၁

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် ယနေ့အထိ မပျက်မယွင်း တည်ရှိသေးပြီး မည်သည့်အဖွဲ့အစည်းမှ ၎င်းစာချုပ်ကို ပယ်ဖျက်ခြင်းမပြုသေးကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပ လာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက ပြောသည်။

ယခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၆ နှစ်ပြည့် နှစ်ပတ်လည် နေ့အတွက် ယနေ့ အောက်တိုဘာလ ၄ ရက်တွင် ထုတ်ပြန်သည့် KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ၏ ရဲဘော်ရဲဘက် လုပ်ဖော်ကိုင်ဖက်များအား တိုက်တွန်းနှိုး ဆော်ချက်စာထဲတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

NCA စာချုပ် လက်မှတ်ရေးထိုးခဲ့သော အဖွဲ့အစည်းများသည် တစ်ဖက်နှင့်တစ် ဖက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ သစ္စာရှိရှိ ကတိ ကဝတ် ပြုထားကြသည့်အတိုင်း တည်ကြည်စွာဖြင့် ရှေ့ဆက် ရပ်တည်ဆောင်ရွက်သွားကြရန် အထူးလိုအပ်ကြောင်းနှင့် (NCA)ပါ လုပ်ငန်း လမ်းညွှန်ချက်နှင့်အ ညီ ဆက်လက်ဆောင်ရွက်ကြပါရန် KNU-ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း က တိုက်တွန်းနှိုးဆော်ထား သည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အရပ်သားအစိုးရထံမှ အ တင်း အဓမ္မအာဏာသိမ်းမှုနှင့် အာဏာသိမ်း ပြီးနောက် စစ်ကောင်စီတပ်မှ အပစ်ရပ် တိုင်းရင်းသားနယ်မြေအတွင်းသို့ ကျူးကျော်တိုက် ခိုက်မှုများ လုပ်ဆောင်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတို့အကြား ရေးထိုးထားသည့် NCA စာချုပ်သည် ပျက်ပြယ်သွားပြီဟု ပြောဆိုသုံးသပ်မှုများ ရှိနေသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် အခြားသော တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၇ ဖွဲ့နှင့်အတူ NCA စာချုပ်ကို လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့လက်ထက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှသာ လျှင် အမိနိုင်ငံတော်ကြီး ငြိမ်းချမ်းမည်ဟု ယုံကြည်ကြသည်ဖြစ် ၍ NCA လက်မှတ်ရေးထိုးခဲ့စဉ်အခါ၌ တန်းတူရေးနှင့် ကိုယ်ပြဋ္ဌာန်းခွင့် အာမခံချက်ပါရှိသော ဖက်ဒရယ် ပြည်ထောင်စု ကြီးကို အတူတကွ တည်ဆောက်မည်ဟု ကတိပြု လက်မှတ် ထိုးခဲ့ကြပြီး နိုင်ငံတကာကလည်း အသိသက်သေများအ ဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ပဒိုရွှေမောင်း၏ နှိုးဆော်ချက်တွင် ဖော်ပြပါရှိသည်။ ကေအိုင်စီ ဒေသ သတင်းရင်းမြစ်ကို ကိုးကား​တင်ဆက်သည်။

Photo – KIC