• Today is: Thursday, May 16, 2024

RCSS/SSA ဗိုလ်မှူးစိုင်းခမ်းစံနဲ့ လက်ရှိ အခြေအနေ အပေါ် မေးမြန်းခန်း

RCSS/SSA  ဗိုလ်မှူးစိုင်းခမ်းစံ(ပြောရေးဆိုခွင့်ရှိသူ)နဲ့ လက်ရှိ အခြေအနေအပေါ် မေးမြန်းခန်း

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၅၊ ၂၀၂၁

ရှမ်းပြည်မှာ RCSS/SSA နဲ့ SSPP / TNLA တို့အကြား တိုက်ခိုက်မှုတွေ အတော်ကြာ ဖြစ်ပွားနေပါတယ်။

ဒီလို အခြေအနေမှာ တပ်မတော်က SSPP နဲ့ TNLA တို့ကို မြို့ရွာတွေမှာ လွတ်လပ်စွာ ဖြတ်သန်းခွင့်ပြုထား ပြီး RCSS/SSA ကို တိုက်ခိုက်လို့ရအောင် ဆောင်ရွက်ပေး နေတယ်လို့ RCSS/SSA က အောက်တိုဘာ ၁ ရက်နေ့မှာ သတင်းထုတ်ပြန် ထားပါတယ်။

ဒီအခြေအနေ အသေးစိတ်နဲ့ ပတ်သက်ပြီး RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံ ကို မေးမြန်းထားတာ ဖြစ်ပါတယ်။

———————————————-

မေး – အခု လက်ရှိ အခြေအနေကို ရှင်းပြပါ..

ဖြေ – ကျွန်တော်တို့ RCSS/SSA ရှိတဲ့နေရာကတော့ ရှမ်းပြည်တောင်ပိုင်း ကျေးသီး မြို့နယ် နောက်မှာ စစ်တပ်ရှိတယ်… အဲမှာ တိုက်ပွဲဖြစ်တယ်… နောက် ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင် မြို့နယ် အထဲမှာ တိုက်ပွဲဖြစ်တာ ရှိတယ်… နောက်တခါကျ သီပေါ မြို့နယ် နဲ့ နမ့်လန် မြို့ကြားထဲမှာ စစ်ရေးတင်းမာမှုရှိတယ် တနေရာ… နောက်တခါ သီပေါ နဲ့ ကျောက်မဲ ကြားမှာ ရှိတဲ့… ကျေးရွာအုပ်စု ကြားထဲမှာ… စစ်ပွဲတွေ ဖြစ်တယ် တနေရာ… နောက် ကျောက်မဲရဲ့ အနောက် မြောက်ဘက်မှာ… ကျေးရွာအုပ်စုမှာ… တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတယ်…

တိုက်ပွဲတွေ ဖြစ်တဲ့ နေရာမှာ ကျွန်တော်တို့… သီပေါ နမ့်လန် ကို ဖြတ်ကျော်ပြီးတော့မှ… SSPP က စစ်ယာဥ်တန်းတွေနဲ့ စစ်ဝတ်စုံ အပြည့်အစုံနဲ့ လက်နက် အပြည့်အစုံနဲ့ ကျွန်တော်တို့ ရှိတဲ့နေရာကို… ထောက်ပံ့ရေး ယာဥ်တွေနဲ့ လာတိုက်တာ ပေါ့နော်…

နမ့်လန်မြို့ ဆိုတာက ခမရ ၅၀၅ ရယ်… ၅၀၆ ရယ် နောက် ခလရ ၁၄၃… တပ်ရင်း ၃ ရင်းရှိတယ်… အဲဒါ မြို့ရဲ့ တောင်ဘက် အစပ်မှာပေါ့… အဲဒီ မြို့နယ်ကို ဖြတ်ပြီးတော့မှ… လာတာပေါ့ နော်… ကျွန်တော်တို့ စွပ်စွဲတာတော့ မဟုတ်ဘူး… ဒါသက်သေ ရှိတယ်…

——————————–

မေး – ဘာကြောင့် အခုအချိန်မှာ အချင်းချင်း ညှိနှိုင်းလို့ မရသေး တာလဲ

ဖြေ – SSPP နဲ့ RCSS က… အရင် သုံးလေး နှစ်ကတည်းက… SSPP

ကိုယ်စားလှယ်ရယ်… RCSS ကိုယ်စားလှယ်ရယ် လွှတ်ပြီးတော့မှာ… တိုက်ရိုက် ဆွေးနွေးတဲ့… လမ်းကြောင်း ရှိတယ်… နောက်တဆင့်ကျတော့… CSSU ရှမ်းပြည်ညီညွတ်ရေး ကော်မတီ… အဲဒီအထဲမှာ SSPP ပါတယ် RCSS ပါတယ်… တခြား နိုင်ငံရေးပါတီတွေပါတယ်… နောက် အန်ဂျီအိုတွေပါတယ်…

အဲထဲမှာတွေ့ဆုံ ပြီးတော့မှ… ဖြေရှင်းလာတဲ့ လမ်းကြောင်း တကြောင်းရှိတယ်… နောက်ပိုင်းတခုကျတော့… နိုင်ငံရေး ပါတီတခုက ကြားခံပြီးတော့မှ… ညှိနှိုင်းပေးတာတွေ ရှိတယ်… နောက်ပိုင်းကျတော့… ပြည်တွင်းပြည်ပ မေတ္တာရပ်ခံချက်နဲ့ ကြားဝင်ပြီးတော့… ဖျန်ဖြေ ပေးတာတွေ ရှိတယ်…

ဒါပေမယ့် ဆွေးနွေးမှုက အထ မမြောက်ဘူး… တိုက်ပွဲက ဆက်ဖြစ်ပြီး… ထိုးစစ်ဆင်လာတယ်… ထိုးစစ်ဆင်လာတဲ့ အချိန်မှာတော့… တိုက်ပွဲကတော့… ကြာလာတဲ့ အချိန်မှာ… တိုက်ပွဲဖြစ်ရင်… ကျေးရွာ ပြည်သူလူထုတွေက… စစ်ဘေးရှောင်ရမယ်… အခု အခြေအနေမှာက တအား ဆိုးလာတာက… စစ်ပွဲဖြစ်လို့ရှိရင်… ရွာတွေလည်း မီးရှို့ခံရတယ်… လက်နက်ကြီးတွေလည်း ကျတယ်… ရွာပြန်သွားရင်လည်း အဖမ်းခံရတယ်… နှိပ်စက်ခံရတယ်… ရွာသားတွေက မပြန်ရဲဘူး…

မေးခွန်းထုတ်စရာ တခုရှိတာက… တိုင်းရင်းသား လက်နက်ကိုင် တခုက… ပြည်သူလူထုကို အလုပ်အကျွေးပြုမယ်… ဒါဆိုရင်…. ပြည်သူလူထုကို အလုပ်အကျွေးပြုတာ ဟုတ်ရဲ့လားလို့… မေးခွန်းထုတ်ဖို့ရှိပါတယ်…

ဒါကြောင့် ကျွန်တော်တို့ RCSS အနေနဲ့က အရင်ကတည်းက… တွေ့ဆုံ ဆွေးနွေးရေးကိုပဲ… ဦးတည်တယ်… ယုံကြည်တယ်… ထပ်တလဲလဲ ပြောတယ်… ထုတ်ပြန်ချက်တိုင်းမှာ ထည့်ပြောတယ်… ဒါပေမယ့်… တဘက်ကတော့ ထိုးစစ် ဆင်လာ တာပေါ့နော်…

————————————

မေး – အဓိက ဖြစ်နေတာက နယ်မြေပိုင်ဆိုင်မှု ပြဿနာ ကြောင့်လား…

ဖြေ – ဟုတ်ကဲ့ ဟုတ်ကဲ့… ကျွန်တော်တို့ RCSS က ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲ မဖြစ်လိုဘူး… စုပေါင်းပြီးတော့မှာ ရန်သူကို တိုက်လို့ရှိရင်… ဒါ… အောင်မြင်နိုင်မှာပေါ့နော်… အချင်းချင်း… မပူးပေါင်းနိုင်ဘူး ဆိုရင်… နားလည်မှုယူရမယ်… ပြောရမယ်ဆိုရင်တော့ ပေါင်းရမယ်… ပေါင်းလို့ရှိရင် ပြဿနာတွေ အချင်းချင်း ဖြေရှင်းလို့ ရပြီပေါ့…

နောက်တဘက်က ကျတော့… သူတို့က ဘာလဲဆိုတော့… တောင်ပိုင်းအရင်ဆုတ် တောင်ပိုင်းဆုတ်ပြီး မှ ဆွေးနွေးမယ်… ကျွန်တော်တို့ ကျတော့ ပြည်သူအတွက် နှစ်ဘက်စလုံးက… ပြည်သူအတွက် အလုပ်လုပ်တာပဲလေ… ပူးပေါင်းပြီးမှ… တာဝန်ခွဲဝေမယ်… အရင်ပူးပေါင်းမယ်… ပူးပေါင်းပြီးမှ ညီညွတ်ပြီးမှ… တာဝန်ခွဲမယ်…

ရှမ်းပြည်မှာ… ဘယ်သူက ဘယ်သူက တာဝန်ယူ… အဲဒီလိုမျိုးသွားချင်တာ… သူ့ရဲ့ protocol က အဲလိုမျိုး သွားချင် တာ…

ဒါပေမယ့် သူတို့က ကျတော့… တောင်ပိုင်း အရင်ရွှေ့ပြီး… ရွှေ့ပြီးပြီ ဆိုမှ ဆွေးနွေးမှာ…

—————————————-

မေး – စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဆရာတို့ ဒေသတွေမှာ… တပ်မတော်နဲ့ တိုက်ပွဲဆိုတာ မရှိဘူးပေါ့… ကိုယ့်အချင်းချင်း အခုလို ဖြစ်နေတဲ့ အခြေအနေပဲလား… ဘယ်လို ပြောလို့ ရနိုင်လဲ…

ဖြေ – အဓိက ကတော့ အဲလိုမျိုး ဖြစ်နေတာပဲလေ… ဘာလို့လဲ ဆိုတော့ စစ်တပ်ဘက်ကို သွားတိုက်ဖို့ ဆိုတာ… ကျွန်တော်တို့က စစ်ရေး သဘောတရား အရ… စစ်မျက်နှာ သုံးလေး ခု မဖွင့်ရဘူး လေ… ဖွင့်လို့ ရှိရင် ကျွန်တော်တို့… တော်လှန်‌ရေး ဆိုတော့ လူအင်အား ချွေတာရမယ်…

နောက် လက်နက်အင်အား… အရင်းအမြစ်တွေ ချွေတာရမယ်လေ… ဒါကြောင့် ကျွန်တော်တို့က စစ်ရေး သဘောတရား အရ… စစ်မျက်နှာကို သုံးလေး ခုလောက် ဖွင့်လို့ မရဘူးပေါ့… ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့က ဒါ… ရှမ်းပြည်တောင်ပိုင်းမှာ ၂ မြို့နယ်… မြောက်ပိုင်းမှာ ၂ မြို့နယ် ၃ မြို့နယ် ဆိုတော့… ၅ မြို့နယ် အတွင်းမှာ တိုက်ပွဲဖြစ်နေတယ် ဆိုတော့… နယ်မြေ ကျယ်ပြန့်တာပေါ့နော်…

တောင်ပိုင်းကနေ မြောက်ပိုင်း အထိဆိုရင်… မိုင်ပေါင်း ၁၀၀ ကျော်…အတွင်း လောက်မှာ ရှိတာပေါ့… စစ်မျက်နှာက…

—————————————

မေး – စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး ဖြစ်စဥ်တွေမှာ… NUCC NUG PDF တွေပေါ်လာပြီ… သူတို့နဲ့ ပူးပေါင်းဖို့ရှိလား… နဂို ကိုယ့် ရပ်တည်ချက် အတိုင်းသွားမလား…

ဖြေ – အခုလောလောဆယ်…NCA ရဲ့ သဘောတူညီချက် ပေါ်မှာ ရပ်တည်နေတုန်း ပဲလေ… NCA အပေါ်မှာ ရပ်တည်တယ်ဆိုတာ… အခုက အာဏာသိမ်းပြီးပြီလေ… ဆက်သွားဖို့ ရပ်သွားပြီပေါ့…

ဆက်သွားလို့ ရတာ မရတာက တပိုင်း… ကျွန်တော်တို့ ရှိနေတာက… သဘောတူညီမှု ရှိနေတာက တပိုင်းလေ… အဲဒါ ရှင်းရှင်းလင်းလင်း သိဖို့တော့ လိုတာပေါ့နော်… NCA ကျတော့ သူက ၃ ပွင့်ဆိုင်… အစိုးရရယ်… လွှတ်တော်ရယ်… နောက် EAO ရယ်… ပါမှ ရမှာလေ… သူ့ဟာသူ အာဏာသိမ်းတယ်ဆိုတော့… စစ်တပ် တဘက်တည်းနဲ့ ဖြစ်မလားဆိုတာကတော့… ရှိရင် ရှိကောင်းရှိမှာပေါ့…

သူက ၂ ပိုင်းခွဲရမယ်.. ရှေ့ဆက်လို့ ရလား မရလားဆိုတာက တပိုင်း… NCA ကို ကာကွယ်ရမလား ဆိုတာက တပိုင်း… ကျွန်တော်တို့ ရပ်တည်မှာ ဆိုတာက… ကျွန်တော်တို့ ဖက်ဒရယ်ကို သွားမယ်ဆိုတာကို ရပ်တည်တာ ဖြစ်တယ်…