• Today is: Sunday, May 19, 2024

ဟွန်ဆန်ရဲ့ မြန်မာ ခရီးစဥ်အပေါ် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ စိုးရိမ်

ဖက်ဒရယ်ဂျာနယ်

ဇန္နဝါရီ ၁၄၊ ၂၀၂၂

ပြီးခဲ့တဲ့သီတင်းပတ်က ကမ္ဘောဒီးယား ခေါင်းဆောင် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံ ခရီးစဥ် နဲ့ ပတ်သက်ပြီး ဒါဟာ စစ်ကောင်စီကို ဒေသတွင်းက အသိအမှတ်ပြု တဲ့ အမြင်မျိုးဖြစ်နိုင်တဲ့ အပေါ် အာဆီယံ နိုင်ငံတွေက သံသယ ဖြစ်နေ ကြတယ်လို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah က ဒီကနေ့ ပြောကြားလိုက် ပါတယ်။

မစ္စတာဟွန်ဆန် ခရီးစဥ်နဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံတွေအကြား အမြင်အမျိုးမျိုး ရှိနေကြတယ်လို့ လည်း မစ္စတာ Saifuddin Abdullah က သတင်းထောက်တွေကို ပြောကြားပါတယ်။

‘’ မစ္စတာဟွန်ဆန် မသွားသင့်ဘူး ဘာကြောင့်လဲဆိုတော့ ဒီခရီးစဥ် ဟာ မြန်မာစစ်တပ်ကို အသိအမှတ်ပြုရာ ရောက်တယ်လို့ ယူဆချက်တွေ ရှိနေတယ်…’’ လို့ သူက ပြောပါတယ်။

‘’… မလေးရှားနိုင်ငံရဲ့ အမြင်သဘောထား ကတော့ သူဟာ ကမ္ဘောဒီးယား အစိုးရ ခေါင်းဆောင် အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ခွင့်ရှိပါတယ်.. ဒါပေမယ့် အခုသူက အာဆီယံ ဥက္ကဌ တာဝန်ယူထားပြီဆိုတော့… တခြား အာဆီယံ ခေါင်းဆောင်တွေကို တိုင်ပင်ညှိနှိုင်းလို့ရတာပဲ… မြန်မာပြည် သွားရင် ဘာလုပ်သင့်တယ် ဆိုတာ ကျွန်တော်တို့ အမြင်တွေကို ယူလို့ရတာပဲ…’’ လို့ မလေးရှားနို င်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မစ္စတာဟွန်ဆန် ခရီးစဥ်ဟာ တစုံတရာ အောင်မြင်မှု ရှိပါလား ဆိုတဲ့ အမေးကိုတော့ မစ္စတာ Saifuddin Abdullah က မရှိပါဘူးလို့ ပြန်ဖြေပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး Prak Sokhonn စနေနေ့က ပြောတာ ကတော့ အာဆီယံဥက္ကဌ တာဝန်ယူထားတဲ့ သူ့နိုင်ငံအနေနဲ့ မြန်မာ အကျပ် အတည်း နဲ့ ပတ်သက်ပြီး ပုံစံတမျိုး ချဥ်းကပ် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုးကား – ရိုက်တာ