• Today is: Friday, May 17, 2024

အတွင်းရေးရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Internal Self-determination)

အတွင်းရေးရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Internal Self-determination)

အထက်တန်းရောက်ရင် ဘယ်ဘာသာတွဲကိုယူရမလဲ ရွေးချယ်ရတာဟာ ထင်သလောက်မလွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်လား။ ဒီနေ့ ဉာဏ်ကျယ်လေးဖော်တို့အတန်းထဲမှာ ဆရာမက အထက်တန်းရောက်ရင် ကိုယ်ယူမယ့် ဘာသာရပ်တွေကို ကိုယ်အနာဂတ်မှာ ဖြစ်ချင်တာနဲ့ပါ ဆက်စပ်ပြီး သေချာရွေးကြဖို့ ကြိုစဉ်းစားခိုင်းထားတယ်။

ဉာဏ်ကျယ်လေးဖော်ကတော့ သူတို့ဖြစ်ချင်တာတွေကို သူငယ်ချင်းအချင်းချင်း ဝိုင်းဖွဲ့ ဆွေးနွေးနေကြပြီ။ လေးယောက်လုံးမှာ မတူညီတဲ့ အနာဂတ်ရည်မှန်းချက် ကိုယ်စီနဲ့ပေါ့။ တစ်ယောက်က ကမ္ဘာ့သမိုင်းဘာသာရပ်ကို အထူးပြုလေ့လာချင်တယ်။ တစ်ယောက်က စိုက်ပျိုးဥယျာဉ်ပညာလိုမျိုးကို ယူလို့ရရင် ယူချင်တယ်။ နောက်တစ်ယောက်ကတော့ အားကစားနဲ့ ကာယပညာကိုပဲ သင်ချင်တယ်။ ပိုပိုကတော့ သူဖြစ်ချင်တဲ့ တရားသူကြီးဖြစ်ဖို့ ဘယ်ဘာသာရပ်ကိုရွေးရင် သင့်တော်မလဲ ဆရာမနဲ့ အရင်တိုင်ပင်ကြည့်ဦးမယ်ပဲ ပြောတယ်။

ကိုယ် အနာဂတ်မှာလုပ်ချင်တာကိုလိုက်ပြီး ဉာဏ်ကျယ်လေးဖော်တို့ ကိုယ့်စိတ်ကြိုက် ဘာသာရပ်တွေ ရွေးချယ်ကြသလိုပဲ နိုင်ငံတစ်နိုင်ငံအတွင်းမှာ မတူကွဲပြားတဲ့အုပ်စုတွေက ကိုယ်ဘယ်လိုလုပ်ကိုင်နေထိုင်ချင်သလဲဆိုတဲ့ ကိုယ့်ကံကြမ္မာ ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ အခွင့်အရေးတွေရှိတာကို အတွင်းရေးရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတယ်လို့ သတ်မှတ်ကြတယ်။

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၂