• Today is: Thursday, April 18, 2024

ချစ်လှစွာသော ကံ့ကော်ရေ

ချစ်လှစွာသော ကံ့ကော်ရေ

*************************

ကံကော်ရေ…. နွေဦးမှာ

ကျွန်တော်က ပွဲကြည့်သူမဖြစ်ခဲ့။

ဟိုနေ့ညည့်နက်နက်တုန်းက တစ်ဖက်ကမ်းက

အလင်းတွေကို အမှောင်ထဲက ငေးခဲ့ဖူးတယ်။

လိုသူ တွေကြား မမှားသော စစ် တရားသော

စစ်လို့ ဘယ်လောက် ဟစ်ဟစ် အိမ်ပစ်ပြေးရတဲ့ တဲ့

မိသားစုလေးတွေကို ငဲ့မိ ညှာမိ စာနာမိ။

စစ်ကို မုန်းရှာမှန်း သိပါတယ်

ငြိမ်းချမ်းရေးကို သိပါတယ်

သေနတ်ကြီးကိုင်ပြီး သိပါတယ်။ ။

ရဲဘော် Scope