• Today is: Friday, May 17, 2024

နိုင်ငံတစ်ဝန်း သတင်းမီဒီယာသမား ၁၆ ဦး လွတ်မြောက်ခဲ့ပြီး ၃၅ ဦး ဖမ်းဆီးခံ ထားရဆဲ

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၂၀၊ ၂၀၂၁

မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၁၉ ရက်နေ့အောက်တိုဘာလ ၂၀ ရက်နေ့တွင် သတင်းသမား စုစုပေါင်း ၁၆ ဦးလွတ်မြောက်လာပြီး ၃၅ ဦး ဆက် လက် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း MPFI-D ၏ အချက်အလက်အရ သိရှိရကြောင်း Myanmar Press Freedom In-Depth က ထုတ်ပြန်ထားသည်။

ပြန်လည် လွတ်မြောက်လာသော သတင်းမီဒီယာသမားများမှာ

၁။ ကိုမင်းညို၊ DVB (ပြည်မြို့)

၂။ ကိုအောင်ကျော်၊ DVB (မြိတ်မြို့)

၃။ ကိုဇော်ဇော်၊ အလွတ်တန်းသတင်းထောက် Mizzima (မြိတ်မြို့)

၄။ ကိုသက်နိုင်ဝင်း၊ CJ ၊ DVB (မင်းလှ)

၅။ မသင်းသင်းအောင်၊ တည်ထောင်သူ ၊ Mizzima (ရန်ကုန်၊ အင်းစိန်)

၆။ မမျိုးမြတ်မြတ်ပန်၊ မြစ်ကြီးနားဂျာနယ်( မြစ်ကြီးနား)

၇။ အဂျဲ၊ မြစ်ကြီးနားဂျာနယ်(မြစ်ကြီးနား)

၈။ ခရစ္စတိုဖာ၊ မြစ်ကြီးနားဂျာနယ်(မြစ်ကြီးနား)

၉။ မချန်ဘူ၊ 74 Media(မြစ်ကြီးနား)

၁၀။ ကိုလရော်၊ Kachin Wave(မြစ်ကြီးနား)

၁၁။ ထက်မြက်သူ၊ The Voice of Tanbuzayat (မွန်ပြည်နယ်)

၁၂။ မတူးတူးသာ၊ The Thanlyin Post (ရန်ကုန်၊ အင်းစိန်)

၁၃။ ကိုနိုင်လင်းထွန်း၊ Dakhina Insight Media

၁၄။ ကိုအောင်ကျော်ဦး၊ Tomorrow

၁၅။ ဂျိမ်းပူထောင်း၊ Mizzima

၁၆။ ကိုကျော်ဇင်ဟိန်း တာချီလိတ်သတင်းအေဂျင်စီ တို့ဖြစ်သည်။

MPFI-D ၏ ပြုစုထားသော စာရင်းများအရ စစ်ကောင်စီက မတရားဖမ်းဆီးထား သော သတင်းသမား ၅၁ ဦးရှိပြီး ၁၆ ဦးလွတ်မြောက်လာရာ သတင်းသ မား စုစုပေါင်း ၃၅ ဦး ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်သည်။

ဖမ်းဆီးခံရသော သတင်းသမားများမှာ-

၁။ ဒန်နီဖန်စတာ အယ်ဒီတာ Frontier Myanmar

၂။ ဝိုင်းမော် အယ်ဒီတာဟောင်း မြန်မာသံတော်ဆင့်

၃။ မင်းမင်းအောင် သတင်းထောက် The Voice

၄။ ဟံသာညိမ်း တွဲဖက်တည်ထောင်သူ ကမာရွတ်မီဒီယာ

၅။ သက်ထွန်းအောင် ဓာတ်ပုံသတင်းထောက် ၊ ထောင်၃နှစ်အမိန့်ချပြီး

၆။ စည်သူအောင်မြင့် သတင်းစာဆရာ ဆောင်းပါးရှင်

၇။ ထက်ထက်ခိုင် သတင်းထောက် BBC Media Action

၈။ သူဇာ သတင်းထောက် အလွတ်တန်း

၉။ ထက်ထက် သတင်းထောက် သင်္ဃန်းကျွန်းပိုစ့်

၁၀။ ဝေလင်း သတင်းထောက် သင်္ဃန်းကျွန်းပိုစ့်

၁၁။ သန်းထိုက်အောင်(နေပြည်တော်) သတင်းထောက် Mizzima

၁၂။ ဝင်းနိုင်ဦး သတင်းထောက်ချုပ် Channel Mandalay

၁၃။ ထွန်းလင်း(တောင်သာ) သတင်းထောက် မြန်မာ့အလင်း

၁၄။ ငြိမ်းချမ်းဝေ သတင်းထောက် Bago Weekly

၁၅။ လပြည့်(ပြည်) သတင်းထောက် Bago Weekly

၁၆။ ဒီမြတ်ငြိမ်း(စစ်ကိုင်း) သတင်းထောက် Zeyar Time

၁၇။ အောင်မျိုးထက်(ကန့်ဘလူ) အယ်ဒီတာဟောင်း –

၁၈။ အောင်ကျော်ဦး-ရေနံချောင်း သတင်းထောက် Tomorrow

၁၉။ တင်ရွှေ(မင်းဘူး) သတင်းထောက် မကွေးပိုစ့်

၂၀။ အောင်မြသန်း(မအူပင်) သတင်းထောက် ဧရာဝတီတိုင်းမ် –

၂၁။ စန်မြင့်(ပုသိမ်) ဓာတ်ပုံသတင်းထောက် အလွတ်တန်း –

၂၂။ ရဲရင့်ထွန်း(ပုသိမ်) သတင်းထောက် သံတော်ဆင့် –

၂၃။ မျိုးစံစိုး(ဖျာပုံ) သတင်းထောက် Delta News –

၂၄။ နန်းနန်းတိုင်း(ဟိုပုံး) တာဝန်ခံအယ်ဒီတာ ကမ္ဘောဇတိုင်းမ်

၂၅။ နန်းဝင်းရီ(ဟိုပုံး) သတင်းထောက် ကမ္ဘောဇတိုင်းမ် –

၂၆။ တင်အောင်ကျော်(ဟိုပုံး) ထုတ်ဝေသူ ကမ္ဘောဇတိုင်းမ်

၂၇။ မြဝန်းရံ(တောင်ကြီး) အယ်ဒီတာချုပ် သံလွင်သွေးချင်း –

၂၈။ နောင်ရိုး(ဖားကန့်) သတင်းထောက် အလွတ်တန်း –

၂၉။ ဘဘဂျိုးဖြူ သတင်းထောက် အလွတ်တန်း –

၃၀။ ဇော်ဝင်းမောင်(ဖားကန့်) သတင်းထောက် အလွတ်တန်း

၃၁။ ဆလိုင်းပန်(ရန်ကုန်) အယ်ဒီတာချုပ် CEO Chin World

၃၂။ ရဲထွန်းဦး(ပြည်) သတင်းထောက် အကုန်သိ

၃၃။ ဖြိုးလေးချမ်းကို(မအူပင်) အယ်ဒီတာ မအူပင်ဟစ်တိုင်

၃၄။ လွေးအမ်ဖောင် သတင်းထောက် ရွှေဖီမြေ

၃၅။ စိုင်းစည်သူ ဝန်ထမ်း ကမ္ဘောဇတိုင်းမ် တို့ဖြစ်သည်။