• Today is: Thursday, May 16, 2024

ထာဝရငြိမ်းချမ်းခွင့်

ထာဝရငြိမ်းချမ်းခွင့်

.

အိမ်ပြန်ချင်ပြီ

ဘယ်ရာသီ ဘယ်အချိန်လဲ

တွေးကြည့်လေ ဝေးလေဝေး

လယ်ကွင်းပြင်လေးတွေ

စိုက်ခင်းတွေတောင်ယာတွေ

ယမ်းငွေ့ပေ (ပေကျံ) နေတဲ့

လေတွေကို ရှူရှိုက်ယင်း

နေသားမကျနိုင်တဲ့

သူ့သခင်ကို လွမ်းနေကြလေရဲ့………….။

.

အိမ်ပြန်ချင်ပြီ

ဘယ်ရာသီ ဘယ်အချိန်လဲ

တွေးကြည့်လေဝေးလေးဝေး

တောင်ပြာတန်းလေးတွေ

မြူခိုးမကွယ်ခင်မှာ

ဝေလာတဲ့ယမ်းငွေ့တွေကြား

မွမ်းကြပ်ခံစားရင်း

မျှစ်ချိုး ထင်းခွေလာမယ့်

ဒေသဖော်တွေကို လွမ်းနေကြလေရဲ့………။

.

အိပ်ပြန်ချင်ပြီ

ဘယ်ရာသီ ဘယ်အချိန်လဲ

တွေ့ကြည့်လေဝေးလေဝေး

ပြန်ပေးအဆွဲခံထားရတဲ့

ဖက်ဒရယ် ရယ်

အနိဌာရုံကြားက

စိုက်ခင်းတောင်ယာတွေ

တောင်တန်းပြာလေးတွေ

နေအိမ်တွေနဲ့

ဒေသပျော်တွေအတွက်

ထာရဝငြိမ်းချမ်းခွင့်ပြုပါတော့လားကွယ်……….။

.

မင်းမြတ်ညို