• Today is: Thursday, April 18, 2024

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၏ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ကြေညာစာတမ်း

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၏

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ကြေညာစာတမ်း

နိဒါန်း

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီသည် ၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းတည်ထောင် လာသည်မှစ၍ ရှမ်းတိုင်းရင်းသားများအရေး ရှမ်းပြည်နယ်အရေး၊ ပြည်ထောင်စုအရေး ဆောင်ရွက်ရန် ဦးတည်ရည်မှန်း၍ စတင်တည် ထောင်လာခဲ့သည့်ပါတီဖြစ်ပြီး မိမိဦးတည်ရည်မှန်းချက်အတိုင်း မပြောင်းမလဲ အစဉ်တစိုက် ဆောင်ရွက်နေသော ပါတီဖြစ်သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါသည် လူလူချင်း ဖိနှိပ်ချုပ်ချယ်မှုကင်းခြင်း၊ တိုင်းရင်းသား လူမျိုး များအကြား ရင်းနှီးချစ်ကြည်ခြင်း၊ လူမှုအခြေခံအခွင့်အရေးများ တန်းတူညီမျှမှုရရှိခြင်း၊ တရားမျှတခြင်း၊ လွတ်လပ် ခြင်း များနှင့် ပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်မှသာလျှင် စည်းလုံးညီညွှတ်၍ တည်ငြိမ်းအေးချမ်းကာ တည်တံ့ခိုင်မာသည့် ဖက်ဒရယ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကို တည် ဆောက်နိုင်မည်ဟု အလေးအနက်ယုံကြည်သည်။

မိမိပါတီ၏ ယုံကြည်ချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ရေတိုရေရှည်ရည်မှန်းချက်များပါဝင်သည့် အောက်ပါရည်မှန်းချက်များ ရှေ့လုပ်ငန်းစဉ် များ ချမှတ်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် တိုင်းရင်းသား ပြည်သူများလိုလား တောင့်တသော နိုင်ငံရေး ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ကဏ္ဍအသီးသီး တိုးတက်ဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားပြည်သူများနှင့် အတူ စွမ်းအား အပြည့်ဖြင့် အစဉ်တစိုက် ကြိုးပမ်းသွားမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲဝင် ရည်မှန်းချက်များ

၁-           ငြိမ်းချမ်းရေးဖော်ဆောင်မှုမှ စစ်မှန်သောဖက်ဒရယ်ဒီမိုကရက်တစ်နိုင်တော် တည်ဆောက်ရေး

၂-            ဌာနေတိုင်းရင်းသာများကိုယ်စားပြုမှုကို အခြေပြုသည့် ပြည်နယ်အစိုးရဖွဲ့စည်းရေး

၃-           ပြည်သူတစ်ဦးချင်း၏ စီးပွားဖွံ့ဖြိုးမှုမှ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး

၄-           ဒေသန္တရအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးတို့တွင် ဌာနေတိုင်းရင်းသား ပြည်သူများပါဝင်ခွင့်ရရေး

၅-           လူမှုဘဝဖွံ့ဖြိးမှုကို အထောက်အကူပြုသည့် ပညာရေးစံနစ် အကောင်အထည်ဖော်ရေး

 

ရှေ့လုပ်ငန်းစဉ်များ

၁။           ပြည်တွင်းငြိမ်းချမ်းရေး

ပြည်တွင်းငြိမ်းချမ်းရေး အမှန်အကန်နှင့် အလျင်အမြန်ရရှိရေးမှာ အဓိကဦးစားပေး လုပ်ငန်းစဉ် ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးရရန် အဓိကလိုအပ်ချက်မှာ တိုင်းရင်းသားများ လိုလာသည့် နိုင်ငံရေးအရ တန်းတူညီမျှမှု ရရေးနှင့် နယ်ပယ်/ကဏ္ဍအသီးသီးတွင် ဖိနှိပ်မှုခွဲခြားဆက်ဆံမှုမရှိရေး၊ လူမှုစီးပွားဘဝဖူလုံ တိုးတက်မြင့်မားရေးတို့ဖြစ်ည်ဟု ခံယူသည်။ ၎င်းလိုအပ်ချက်များဖြည့်ဆည်းနိုင်မှသာလျှင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း၍ စည်းလုံးညီညွှတ်သော ဖက်ဒရယ်ပြည်ထောင်စုကြီးကို အမှန်အကန် တည်ဆောက် နိုင်မည်ဖြစ်သည်။

၂။            ဖက်ဒရယ်ဒီမိုကရေစီနိုင်ရေးစံနစ်

နိုင်ငံသားတိုင်းရရှိအပ်သည့် ဖက်ဒရယ်နှင့်ဒီမိုကရေစီဆိုင်ရာ နိုင်ငံရေး အခြေခံအခွင့်အရေးများ တန်းတူ တင်းပြည့်ကျပ်ပြည့်ရရှိမှသာလျှင် အချင်းချင်း သံသယကင်းရှင်း၍ ခိုင်မြဲသော တိုင်းရင်းသားသွေးစည်း ညီညွတ်မှုကို ဖော်ဆောင်နိုင်မည်။ ထိုမှတဆင့် တည်ငြိမ်အေးချမ်းသော အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲ သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ကြိုးပမ်းမည်။

 

၃။           နိုင်ငံခြားရေးနှင့် နိုင်ငံတကာဆက်ဆံရေး

(က)       လွတ်လပ်သော နိုင်ငံရေးမူဝါဒကို ကျင့်သုံးရမည်။

(ခ)          နိုင်ငံတကာဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို အခြေခံလျှက် အခြား ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားရန် လိုအပ်သည်။

(ဂ)          အောက်ပါငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် အခြေခံ၍

– နိုင်ငံတစ်နိုင်ငံ၏ နယ်မြေနှင့် အချုပ်အခြာအာဏာကို အခြားနိုင်ငံမှ လေးစားရန်

– တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုရန်

– တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးရာကိစ္စများ ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်

– တစ်နိုင်ငံနှင့်တစ်နိုင်ငံ အဆင့်အတန်းချင်းညီမျှမှုနှင့် အကျိုးဖြစ်ထွန်းမှု ရှိစေရန်

– နိုင်ငံရေးအယူဝါဒ ကွဲလွဲစေကာမူ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူပေါင်းသင်း          ဆက်ဆံရန် ကြိုးပမ်းသွားမည်။

 

၄။           အုပ်ချုပ်ရေး

(က)       ဌာနေတိုင်းရင်းသားများကိုယ်စားပြုမှုကို အခြေပြုသည့် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ငံရေး ကြိုးပမ်းမည်။

(ခ)          ဒေသန္တရအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးတို့တွင် ဌာနေတိုင်းရင်းသား ပြည်သူများ ပါဝင်ခွင့်ရရေး ကြိုးပမ်းမည်။

 

၅။           စီးပွားရေး

နိုင်ငံသားတိုင်း တိုင်းရင်းသားလူမျိုးတိုင်း တစ်ဦးချင်း စားဝတ်နေရေးဖူလုံ၍ လူနေမှုအဆင့်အတန်း မြင့်မားအောင် ဖော်ဆောင်ရွက်ပြီး ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ရန် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမည်။

ငြိမ်းချမ်းရေးနှင့်အပြိုင် ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တပြိုင်နက်တည်း ဖော်ဆောင်ရမည်။ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ရာတွင် ဗဟိုချုပ်ကိုင်မှု၊ လက်ဝါးကြီးအုပ်မှုများ လျော့ချပြီး ဖက်ဒရယ်စနစ်နှင့်အညီ ပိုမိုမျှတ ဟန်ချက်ညီသော ဓနဥစ္စာခွဲဝေခံစားမှုစေရမည်။ လမ်းပန်းဆက်သွယ်ရေး၊ လိုအပ်စွမ်းအင်ပြည့်ဝရေး စသည့်အခြေခံအဆောက်အဦးများ ဖြည့်ဆည်းပေးရန်နှင့်၊ ဈေးကွက်ရှာဖွေ ဖော်ဆောင်ရေး တို့သည် အရေးကြီးသော စီးပွားရေး တည်ဆောက်မှုလုပ်ငန်းစဉ်ဖြစ်သည်။

 

၆။           ပညာရေး

(၁)          အခြေခံပညာရေးကို မသင်မနေရအခဲ့မဲ့ ပညာရေးစနစ်အဖြစ် ဖော်ဆောင်နိုင်ရန် ကြိုးပမ်းသွားမည်။

(၂)          တိုင်းရင်းသားတိုင်းသည် မိမိတို့၏ စာပေကို ထိန်းသိမ်းမြင့်တင်နိုင်ရေးအတွက် မိမိဘာသာ စကား စာပေများကို စာသင်ကျောင်းများတွင် သင်ကြားနိုင်စေရန် ဥပဒေပြဌာန်းနိုင်ရေး ကြိုးပမ်းသွားမည်။

(၃)          အနာဂတ်ဘဝကို အာခံချက်ပေးနိုင်မည့်  လက်တွေ့အသုံးချပညာရေးနှင့် ခေတ်မီအဆင့်မြင့် ပညာရေး ပေါင်းစပ်ပါဝင်သော နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်ဖြစ်ရန် စီမံဆောင်ရွက် သွားမည်။

 

၇။           ကျန်းမာရေး

နိုင်ငံတကာအဆင့်မီ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုအစီအမံများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်မည်။

 

၈။           အထွေထွေ

(၁)          မြေယာနှင့် သဘာဝသယံဇာတဆိုင်ရာ

မြေရာပိုင်ဆိုင်မှု၊ မြေရာအသုံးချရေးဆိုင်ရာ မူဝါဒနှင့် စပ်လျဉ်း၍ တိုင်းရင်းသားပြည်သူများ နစ်နာမှုမရှစေရေး၊ ပြည်သူတစ်ဦးချင်းစီ၏ မြေရာအသုံးချ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် ဖွံ့ဖြိုးရေးနှင့် နိုင်ငံအကျိုးစီးပွား အထောက်အကူပြုသော မြေရာ အမှန်အကန် အသုံးချမှုဖြစ်ထွန်းစေရေး။ သဘာဝ သယံဇာတထိန်းသိမ်းမှုနှင့် ထုတ်လုပ်သုံးစွဲမှု သဟဇာတဖြစ်ရေး စီမံဆောင်ရွက်သွားမည်။

(၂)          တောင်သူလယ်သမားနှင့် အလုပ်သမားဆိုင်ရာ

တောင်သူလယ်သမားအခွင့်အရေး အပြည့်အဝ ကာကွယ်စောင့်ရှောက်မှု မပေးနိုင်ခြင်းကြောင့် လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မှုအားနည်းခြင်းကြောင့် လည်းကောင်း၊ လယ်ယာလုပ်သမားများ ကာယအလုပ်သမားများ များစွာတို့သည် တိုးင်းတပါး သို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ရောက်ရှိသွားခြင်း၊ ပညာရှင်များစွာ တိုင်းတပါးသို့ ဦးနှောက်ယိုစီးမှု ဖြစ်ရခြင်းများ ကုစားနိုင်ရေး ကြိုးပမ်းမည်။

 

နိဂုံး

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီသည် အကောင်းဖက်သို့ ပြောင်းလဲ ဖို့အတွက် မိမိ ယုံကြည်ချက်ကို အရင်းတည်၍ ပြည်ထောင်စု ဘဝသစ်တည် ဆောက်နိုင်ရန် မြဲမြံသော အဓိဌာန်ပြုလျှက် ရှေ့သို့ချီ တက်နေမြဲ ဆက်လက်ချီတက်နေမည်ဖြစ်ပါသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ

Zawgyi

ရွမ္းတုိင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ၏

၂၀၂၀ ျပည့္ႏွစ္ ပါတီစံုအေထြေထြ ေရြးေကာက္ပြဲဆိုင္ရာ ေၾကညာစာတမ္း

 

နိဒါန္း

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီသည္ ၂၀၁၀ ျပည့္ႏွစ္တြင္ စတင္ဖြဲ႔စည္းတည္ေထာင္ လာသည္မွစ၍ ရွမ္းတိုင္းရင္းသားမ်ားအေရး ရွမ္းျပည္နယ္အေရး၊ ျပည္ေထာင္စုအေရး ေဆာင္ရြက္ရန္ ဦးတည္ရည္မွန္း၍ စတင္တည္ေထာင္လာခဲ့သည့္ပါတီျဖစ္ၿပီး မိမိဦးတည္ရည္မွန္းခ်က္အတိုင္း မေျပာင္းမလဲ အစဥ္တစိုက္ ေဆာင္ရြက္ေနေသာ ပါတီျဖစ္သည္။

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါသည္ လူလူခ်င္း ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈကင္းျခင္း၊ တိုင္းရင္းသား လူမ်ိဳး မ်ားအၾကား ရင္းႏွီးခ်စ္ၾကည္ျခင္း၊ လူမႈအေျခခံအခြင့္အေရးမ်ား တန္းတူညီမွ်မႈရရွိျခင္း၊ တရားမွ်တျခင္း၊ လြတ္လပ္ျခင္းမ်ားႏွင့္ ျပည့္ဝေသာ ဒီမိုကေရစီႏိုင္ငံေတာ္ တည္ေဆာက္ႏိုင္မွသာလွ်င္ စည္းလံုးညီညႊတ္၍ တည္ၿငိမ္းေအးခ်မ္းကာ တည္တံ့ခိုင္မာသည့္ ဖက္ဒရယ္ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္ကို တည္ ေဆာက္ႏိုင္မည္ဟု အေလးအနက္ယံုၾကည္သည္။

မိမိပါတီ၏ ယံုၾကည္ခ်က္အတိုင္း အေကာင္အထည္ေဖာ္ေဆာင္ရြက္ႏိုင္ေရးအတြက္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစံုအေထြေထြေရြးေကာက္ပြဲတြင္ ေရတိုေရရွည္ရည္မွန္းခ်က္မ်ားပါဝင္သည့္ ေအာက္ပါရည္မွန္းခ်က္မ်ား ေရွ႕လုပ္ငန္းစဥ္မ်ား ခ်မွတ္ေဖာ္ေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္းႏွင့္ တိုင္းရင္းသား ျပည္သူမ်ားလိုလား ေတာင့္တေသာ ႏိုင္ငံေရးဆိုင္ရာ၊ စီးပြားေရးဆိုင္ရာ၊ လူမႈေရးဆိုင္ရာ က႑အသီးသီး တိုးတက္ဖြံ႔ၿဖိဳးေရးအတြက္ တိုင္းရင္းသားျပည္သူမ်ားႏွင့္အတူ စြမ္းအား အျပည့္ျဖင့္ အစဥ္တစိုက္ ႀကိဳးပမ္းသြားမည္ျဖစ္သည္။

 

 

၂၀၂၀ ျပည့္ႏွစ္ ပါတီစံုအေထြေထြေရြးေကာက္ပြဲဝင္ ရည္မွန္းခ်က္မ်ား

၁-       ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈမွ စစ္မွန္ေသာဖက္ဒရယ္ဒီမိုကရက္တစ္ႏိုင္ေတာ္ တည္ေဆာက္ေရး

၂-       ဌာေနတိုင္းရင္းသာမ်ားကိုယ္စားျပဳမႈကို အေျချပဳသည့္ ျပည္နယ္အစိုးရဖြဲ႔စည္းေရး

၃-       ျပည္သူတစ္ဦးခ်င္း၏ စီးပြားဖြံ႔ၿဖိဳးမႈမွ ႏိုင္ငံစီးပြားေရး ဖြံ႔ၿဖိဳးတိုးတက္ေရး

၄-       ေဒသႏၱရအုပ္ခ်ဳပ္ေရးႏွင့္ စီမံခန္႔ခြဲေရးတို႔တြင္ ဌာေနတိုင္းရင္းသား ျပည္သူမ်ားပါဝင္ခြင့္ရေရး

၅-       လူမႈဘဝဖြံ႔ၿဖိးမႈကို အေထာက္အကူျပဳသည့္ ပညာေရးစံနစ္ အေကာင္အထည္ေဖာ္ေရး

 

ေရွ႕လုပ္ငန္းစဥ္မ်ား

၁။       ျပည္တြင္းၿငိမ္းခ်မ္းေရး

ျပည္တြင္းၿငိမ္းခ်မ္းေရး အမွန္အကန္ႏွင့္ အလ်င္အျမန္ရရွိေရးမွာ အဓိကဦးစားေပး လုပ္ငန္းစဥ္ ျဖစ္သည္။

ျပည္တြင္းၿငိမ္းခ်မ္းေရးရရန္ အဓိကလိုအပ္ခ်က္မွာ တိုင္းရင္းသားမ်ား လိုလာသည့္ ႏိုင္ငံေရးအရ တန္းတူညီမွ်မႈရေရး ႏွင့္ နယ္ပယ္/က႑အသီးသီးတြင္ ဖိႏွိပ္မႈခြဲျခားဆက္ဆံမႈမရိွေရး၊ လူမႈစီးပြားဘဝဖူလံု တုိးတက္ျမင့္မားေရးတို႔ျဖစ္ည္ဟု ခံယူသည္။ ၎လိုအပ္ခ်က္မ်ားျဖည့္ဆည္းႏိုင္မွသာလွ်င္ လက္နက္ကိုင္ ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္း၍ စည္းလံုးညီညႊတ္ေသာ ဖက္ဒရယ္ျပည္ေထာင္စုႀကီးကို အမွန္အကန္ တည္ေဆာက္ ႏုိင္မည္ျဖစ္သည္။

၂။       ဖက္ဒရယ္ဒီမိုကေရစီႏိုင္ေရးစံနစ္

ႏိုင္ငံသားတိုင္းရရွိအပ္သည့္ ဖက္ဒရယ္ႏွင့္ဒီမိုကေရစီဆိုင္ရာ ႏိုင္ငံေရး အေျခခံအခြင့္အေရးမ်ား တန္းတူ တင္းျပည့္က်ပ္ျပည့္ရရွိမွသာလွ်င္ အခ်င္းခ်င္း သံသယကင္းရွင္း၍ ခိုင္ၿမဲေသာ တိုင္းရင္းသားေသြးစည္း ညီညြတ္မႈကို ေဖာ္ေဆာင္ႏိုင္မည္။ ထုိမွတဆင့္ တည္ၿငိမ္ေအးခ်မ္းေသာ အခ်ဳပ္အျခာ အာဏာတည္တံ့ခိုင္ၿမဲ ေသာ ဖက္ဒရယ္ဒီမုိကေရစီ ျပည္ေထာင္စုကို တည္ေဆာက္ႏိုင္ေရး ႀကိဳးပမ္းမည္။

 

၃။       ႏိုင္ငံျခားေရးႏွင့္ ႏိုင္ငံတကာဆက္ဆံေရး

        (က)    လြတ္လပ္ေသာ ႏိုင္ငံေရးမူဝါဒကို က်င့္သံုးရမည္။

(ခ)     ႏိုင္ငံတကာဆက္ဆံေရးတြင္ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးမူကို အေျခခံလွ်က္ အျခား ကမာၻ႔ႏိုင္ငံမ်ားႏွင့္ ခ်စ္ၾကည္ရင္းႏွီးစြာ ဆက္ဆံသြားရန္ လိုအပ္သည္။

(ဂ)     ေအာက္ပါၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရး မူႀကီးငါးရပ္ အေျခခံ၍

– ႏိုင္ငံတစ္ႏိုင္ငံ၏ နယ္ေျမႏွင့္ အခ်ဳပ္အျခာအာဏာကို အျခားႏိုင္ငံမွ ေလးစားရန္

– တစ္ႏိုင္ငံႏွင့္တစ္ႏိုင္ငံ က်ဴးေက်ာ္တိုက္ခုုိက္မႈ မျပဳရန္

– တစ္ႏိုင္ငံႏွင့္တစ္ႏိုင္ငံ ျပည္တြင္းေရးရာကိစၥမ်ား ဝင္ေရာက္စြက္ဖက္ျခင္း မျပဳရန္

– တစ္ႏိုင္ငံႏွင့္တစ္ႏိုင္ငံ အဆင့္အတန္းခ်င္းညီမွ်မႈႏွင့္ အက်ိဳးျဖစ္ထြန္းမႈ ရွိေစရန္

– ႏိုင္ငံေရးအယူဝါဒ ကြဲလြဲေစကာမူ တစ္ႏိုင္ငံႏွင့္တစ္ႏုိင္ငံ ၿငိမ္းခ်မ္းစြာ အတူေပါင္းသင္း          ဆက္ဆံရန္ ႀကိဳးပမ္းသြားမည္။

 

၄။       အုပ္ခ်ဳပ္ေရး

(က)    ဌာေနတိုင္းရင္းသားမ်ားကိုယ္စားျပဳမႈကို အေျချပဳသည့္ ျပည္နယ္အစိုးရအဖြဲ႔ ဖြဲ႔စည္းႏိုင္ငံေရး ႀကိဳးပမ္းမည္။

(ခ)     ေဒသႏၱရအုပ္ခ်ဳပ္ေရးႏွင့္ စီမံခန္႔ခြဲေရးတို႔တြင္ ဌာေနတုိင္းရင္းသား ျပည္သူမ်ား ပါဝင္ခြင့္ရေရး ႀကိဳးပမ္းမည္။

 

၅။       စီးပြားေရး

ႏိုင္ငံသားတိုင္း တိုင္းရင္းသားလူမ်ိဳးတိုင္း တစ္ဦးခ်င္း စားဝတ္ေနေရးဖူလံု၍ လူေနမႈအဆင့္အတန္း ျမင့္မားေအာင္ ေဖာ္ေဆာင္ရြက္ၿပီး ကမာၻႏွင့္ရင္ေဘာင္တန္းႏိုင္ရန္ လြတ္လပ္ေသာ ေဈးကြက္စီးပြားေရးစနစ္ က်င့္သံုးမည္။

ၿငိမ္းခ်မ္းေရးႏွင့္အၿပိဳင္ ျပည္တြင္းစီးပြားေရး ဖြံ႔ၿဖိဳးတိုးတက္ေအာင္ တၿပိဳင္နက္တည္း ေဖာ္ေဆာင္ရမည္။ ျပည္တြင္းစီးပြားေရးဖြံ႔ၿဖိဳးတုိးတက္ေအာင္ ေဖာ္ေဆာင္ရာတြင္ ဗဟိုခ်ဳပ္ကိုင္မႈ၊ လက္ဝါးႀကီးအုပ္မႈမ်ား ေလ်ာ့ခ်ၿပီး ဖက္ဒရယ္စနစ္ႏွင့္အညီ ပိုမိုမွ်တ ဟန္ခ်က္ညီေသာ ဓနဥစၥာခြဲေဝခံစားမႈေစရမည္။ လမ္းပန္းဆက္သြယ္ေရး၊ လိုအပ္စြမ္းအင္ျပည့္ဝေရး စသည့္အေျခခံအေဆာက္အဦးမ်ား ျဖည့္ဆည္းေပးရႏ္ႏွင့္၊ ေဈးကြက္ရွာေဖြ ေဖာ္ေဆာင္ေရး တို႔သည္ အေရးႀကီးေသာ စီးပြားေရး တည္ေဆာက္မႈလုပ္ငန္းစဥ္ျဖစ္သည္။

 

၆။       ပညာေရး

(၁)     အေျခခံပညာေရးကို မသင္မေနရအခဲ့မဲ့ ပညာေရးစနစ္အျဖစ္ ေဖာ္ေဆာင္ႏိုင္ရန္ ႀကိဳးပမ္းသြားမည္။

(၂)     တိုင္းရင္းသားတိုင္းသည္ မိမိတုိ႔၏ စာေပကို ထိန္းသိမ္းျမင့္တင္ႏိုင္ေရးအတြက္ မိမိဘာသာ စကား စာေပမ်ားကို စာသင္ေက်ာင္းမ်ားတြင္ သင္ၾကားႏိုင္ေစရန္ ဥပေဒျပဌာန္းႏိုင္ေရး ႀကိဳးပမ္းသြားမည္။

(၃)     အနာဂတ္ဘဝကို အာခံခ်က္ေပးႏိုင္မည့္  လက္ေတြ႔အသံုးခ်ပညာေရးႏွင့္ ေခတ္မီအဆင့္ျမင့္ ပညာေရး ေပါင္းစပ္ပါဝင္ေသာ ႏိုင္ငံတကာအဆင့္မီ ပညာေရးစနစ္ျဖစ္ရန္ စီမံေဆာင္ရြက္ သြားမည္။

 

၇။       က်န္းမာေရး

ႏိုင္ငံတကာအဆင့္မီ အမ်ိဳးသားက်န္းမာေရး ေစာင့္ေရွာက္မႈအစီအမံမ်ား ေအာင္ျမင္ျဖစ္ထြန္းေအာင္ ေဆာင္ရြက္မည္။

 

၈။       အေထြေထြ

        (၁)     ေျမယာႏွင့္ သဘာဝသယံဇာတဆိုင္ရာ

ေျမရာပိုင္ဆိုင္မႈ၊ ေျမရာအသံုးခ်ေရးဆိုင္ရာ မူဝါဒႏွင့္ စပ္လ်ဥ္း၍ တုိင္းရင္းသားျပည္သူမ်ား နစ္နာမႈမရွေစေရး၊ ျပည္သူတစ္ဦးခ်င္းစီ၏ ေျမရာအသံုးခ် စိုက္ပ်ိဳးထုတ္လုပ္မႈ တိုးတက္ ဖြံ႔ၿဖိဳးေရးႏွင့္ ႏိုင္ငံအက်ိဳးစီးပြား အေထာက္အကူျပဳေသာ ေျမရာ အမွန္အကန္ အသံုးခ်မႈျဖစ္ထြန္းေစေရး။ သဘာဝ သယံဇာတထိန္းသိမ္းမႈႏွင့္ ထုတ္လုပ္သံုးစြဲမႈ သဟဇာတျဖစ္ေရး စီမံေဆာင္ရြက္သြားမည္။

(၂)     ေတာင္သူလယ္သမားႏွင့္ အလုပ္သမားဆိုင္ရာ

ေတာင္သူလယ္သမားအခြင့္အေရး အျပည့္အဝ ကာကြယ္ေစာင့္ေရွာက္မႈ မေပးႏိုင္ျခင္းေၾကာင့္ လည္းေကာင္း၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား ေဖာ္ေဆာင္ေပးႏိုင္မႈအားနည္းချင္းေၾကာင့္ လည္းေကာင္း၊ လယ္ယာလုပ္သမားမ်ား ကာယအလုပ္သမားမ်ား မ်ားစြာတို႔သည္ တိုးင္းတပါး သို႔ ေရႊ႕ေျပာင္းအလုပ္သမားအျဖစ္ ေရာက္ရွိသြားျခင္း၊ ပညာရွင္မ်ားစြာ တိုင္းတပါးသို႔ ဦးေႏွာက္ယိုစီးမႈ ျဖစ္ရျခင္းမ်ား ကုစားႏိုင္ေရး ႀကိဳးပမ္းမည္။

 

နိဂံုး

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီသည္ အေကာင္းဖက္သို႔ ေျပာင္းလဲ ဖို႔အတြက္ မိမိ ယံုၾကည္ခ်က္ကို အရင္းတည္၍ ျပည္ေထာင္စု ဘဝသစ္တည္ ေဆာက္ႏိုင္ရန္ ၿမဲၿမံေသာ အဓိဌာန္ျပဳလွ်က္ ေရွ႕သို႔ခ်ီ တက္ေနၿမဲ ဆက္လက္ခ်ီတက္ေနမည္ျဖစ္ပါသည္။

ရွမ္းတိုင္းရင္းသားမ်ားဒီမုိကရက္တစ္ပါတီ