• Today is: Friday, March 29, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

ဖက်ဒရယ်ဂျာနယ်မြန်မာရဲ့ အပတ်စဉ်လူမျိုးပေါင်းစုံသတင်း

(No. 12, February 10, 2023)

 

၁။ ရှမ်းမြောက်ကွတ်ခိုင်မြို့နယ်၊ မန်ပိန်းကျေးရွာတွင် စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုရှိဟုဆို
February 9, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာမှာ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီ တပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA နဲ့ နီးစပ်သူ တွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ (၉) ရက်နေ့ နေ့လယ် (၂) နာရီအချိန်ခန့်လောက်က ဆင်လီဘက်ကနေ အင်အား (၅၀) ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကား(၂) စီးနဲ့ ဆင်းလာတဲ့အချိန် KIA တပ်ရင်း (၃၉)၊ တပ်ရင်း (၈) အောက် တပ်ခွဲ (၁) ပူးပေါင်း တပ်တွေနဲ့ (၁၅) မိနစ်လောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ KIA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “ နှစ်ဖက်တပ်ကြား တပ်ဆုတ်တာမျိုးတော့ မရှိသေးဘူး။ နှစ်ဦးနှစ်ဖက်က စောင့်ကြည့်နေကြတယ်” လို့ နီးစပ်သူက ဆိုပါတယ်။ စစ်ကောင်စီဘက် က အထိအခိုက်များတာကြောင့် ခရီးသည်တင်ကား (၂) စီးကို လမ်းတစ်ဝက် မှာ ရပ်နားပြီး ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို လားရှိုးမြို့ဘက်ကို ပို့လိုက်တယ်လို့ သိရပြီးတော့ သေဆုံးတဲ့ စာရင်းကိုတော့ အတိအကျမသိရပါဘူး။

နောက်ထပ် KIA တပ်သားတစ်ဦးကလည်း ဒီကနေ့မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်မဟာ (၄)အောက်က တပ်ရင်းတွေ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့တယ်လို့ အတည်ပြုပြောကြားပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ (၈) ရက်နေ့ မနက်ပိုင်း (၈) နာရီ အချိန်မှာ လည်း အင်အား (၇၀) ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ခရီးသည်တင်ကား (၂) စီးနဲ့ မန်ပိန်းတပ်ဘက် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမန်ပိန်းကျေးရွာအတွင်းက စစ်ကောင်စီတပ်ရင်း (၃၈) မှာ ဆင်လီဘက်ကနေ စစ်အင်အား တိုးချဲ့ထားတဲ့ တပ်သားအားလုံးပေါင်း (၂၀၀) လောက် ရှိနေပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဘက်ကနေ အင်အားတွေ ဆက်လက်ဖြည့်တင်း နေတယ်လို့လည်း သိရပါတယ်။ https://www.facebook.com/myitkyinanewsjournal.mm/photos/a.182072622159000 /1837241956642050/

၂။ စစ်ရေး အခြေအနေကြောင့် မိုးဗြဲ – ပီကင်းလမ်းကို ပိတ်ထားရ
February 9, 2023

သျှမ်းပြည် နှင့် ကရင်နီပြည် (ကယားပြည်) နယ်စပ် ဖြစ်သည့် မိုးဗြဲမြို့ရှိ မိုးဗြဲ – ပီကင်းလမ်းကြောင်းကို စစ်ရေး အခြေ အနေများကြောင့် ပိတ်ထားရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MOBYEPDF) ကပြောသည်။ မိုးဗြဲ-ပီကင်း ကို ဆက်သွယ်ထားသည့် လမ်းပိုင်း တစ်လျောက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိကာ ပြည်သူများ ဘေးကင်း လုံခြုံရေးအတွက် လမ်းကြောင်းကို ပိတ်ထားရခြင်းဖြစ် ကြောင်း MOBYEPDF ပြန်ကြားရေး တာဝန်ခံက ပြောသည်။ “ဒီဘက်လမ်းပိုင်းဆိုရင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၉ လပိုင်းကတည်း စစ်ကောင်စီ တွေ တောက်လျောက်စစ်အင်အား ဖြည့်ခဲ့ပြီး၊ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ တွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်တယ်၊ အခုလည်း စစ်ရေးက ပိုမိုတင်းမာလာနိုင်တဲ့ သဘောရှိတယ်၊ ဒါကြောင့် ဒီလမ်းကို ပိတ်ရတာ” ဟု MOBYEPDF ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

ယခုရက်ပိုင်းအတွင်းတွင် မိုးဗြဲမြို့တွင်းသို့ တင့်ကားများ အပါအဝင် စစ်ကောင်စီဘက်မှ စစ်အင်အား ဖြည့်တင်းမှု လုပ်ဆောင်နေကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ စစ်ကောင်စီဘက်မှ စစ်အင်အားဖြည့်တင်းမှုများကြောင့် မိုးဗြဲမြို့ အနောက်ဘက် ကျေးရွာရှိ ပြည်သူများ ကြိုတင်ထွက်ပြေး တိမ်းရှောင်ကြပါရန် မိုးဗြဲ PDF က တိုက်တွန်းပြောဆိုထား သည်။ “အခုတော့ အရှေ့ကမ်းဘက်ကို ထိတွေ့တိုက်ပွဲက ဖြစ်တာတွေ ရှိနေတယ်၊ အနောက်ဘက်ကို မကူးလာဘူး လို့လည်း ပြောလို့ မရဘူးလေ၊ ဒါကြောင့် တိုက်ပွဲတွေကို ရှောင်ရှားနိုင်ဖို့ ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်၊ ကျနော်က မသွားနဲ့လို့ ပြောထားတဲ့ လမ်းဘက်ကို မသွားပါနဲ့” ဟု MOBYEPDF ပြန်ကြားရေး တာဝန်ခံက ပြောသည်။ https://www.facebook.com /shannewsburmese/photos/a.341540565938393/5917349951690732/

၃။ လက်အောက်ခံတပ်တွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ KNU ကို စစ်ကောင်စီ အကြောင်းကြား
February 9, 2023

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ လက်အောက်ခံတပ်ဖွဲ့တွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ပြီး အကြောင်းကြားလိုက်ပါတယ်။ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူစေးဖိုးနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ တို့ထံ လိပ်မူပြီး ပေးပို့ထားတဲ့စာမှာ KNU ကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုအဖြစ် ရှုမြင်ထားပေမယ့် KNU လက်အောက်ခံ တပ်မဟာတွေ KNDO အဖွဲ့တွေက PDF တွေနဲ့ ပူးပေါင်းပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ကို တိုက်ခိုက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို တိုက်ခိုက်လာမှုတွေအပေါ် မှာလည်း ငြိမ်းချမ်းရေး မထိခိုက်စေရေးအတွက် တိုက်ခိုက် လာတဲ့ အဖွဲ့တွေကိုပဲ တုံ့ပြန် တိုက်ခိုက်ပြီးတော့ စိတ်သဘောထားကြီးစွာ ဆောင်ရွက်ခဲ့ပေမယ့် ကျေးရွာတွေထဲကို ဝင်ရောက် ပစ်ခတ်တာ၊ အစိုးရဌာန ရုံးတွေကို မီးရှို့ဖျက်ဆီးတာ၊ လမ်းတံတားတွေကို မိုင်းခွဲတိုက်ခိုက်တာတွေက လက်ခံနိုင်ဖွယ် မရှိကြောင်းနဲ့ အဓိက ထိခိုက် ခံစားရတာဟာ ပြည်သူလူထုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးရုံးကတော့ စစ်ကောင်စီဘက်က ပေးပို့တဲ့ စာကို လက်ခံရရှိထားသလို KNU ဗဟိုကော်မတီအနေနဲ့လည်း စာကိုတုံ့ပြန်ဖို့ အစီအစဉ်ရှိတာကြောင့် လောလောဆယ်မှာ သတင်း မီဒီယာတွေကို သဘောထား မပေးနိုင်သေးဘူးလို့ ပြောပါတယ်။ KNU လက်အောက်ခံ တပ်မဟာတွေနဲ့ PDF တွေ ပူးပေါင်းပြီးတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အများပြည်သူပိုင်ဆိုင်တဲ့ လမ်း၊ တံတား၊ တာဝါတိုင်၊ အဆောက်အအုံတွေကို ဗုံး၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးမှုတွေကို ကရင်ပြည်နယ်မှာ ၁၁၆ ကြိမ်၊ မွန်ပြည်နယ်မှာ ၃၁၇ ကြိမ်၊ ပဲခူးတိုင်းမှာ ၆၆၂ ကြိမ် စုစုပေါင်း ၁၀၉၅ ကြိမ် ဆောင်ရွက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။ အဲဒါကြောင့် KNU ဥက္ကဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်တို့ အပါအဝင် ဗဟိုကော်မတီဝင်တွေအနေနဲ့ စဉ်းစားသုံးသပ်ပြီးတော့ KNU လက်အောက်ခံ တပ်ဖွဲ့ဝင် တွေ KNDO တပ်ဖွဲ့ဝင်တွေကို အဖျက်လုပ်ရပ်လုပ်ဆောင်မှုမပြုရေး၊ ဘယ်လုပ်ရပ်မျိုးမဆို ပြည်သူအတွက် စဉ်းစားပြီးမှ ဆောင်ရွက်ဖို့အတွက် ကြပ်မတ်ထိန်းသိမ်းပေးပါဆိုပြီး စစ်ကောင်စီ ဘက်က တိုက်တွန်းထားပါတယ်။ https://www.facebook.com/rfaburmese/photos/a.10150522560153128/101624232457781

၄။ AA တပ်သားများကျူးလွန်မှု အရေးယူပေးရန် ချင်းကော်မတီ‌တောင်းဆို
February 9, 2023

ရခိုင်င်ပြည်၊ မြေပုံမြို့နယ် တုတ်ချောင်း (ချင်း) ကျေးရွာမှ ဒေသခံ အမျိုးသားနှစ်ဦးကို ရက္ခိုင့်တပ်တော်မှ တပ်သား အချို့က ရိုက်နှက်ခဲ့မှုအပေါ် စုံစမ်းစစ်ဆေးပေးရန်နှင့် ကျူးလွန်ခဲ့သည့် တပ်သားများကိုလည်း အရေးယူဆောင်ရွက် ပေးရန် ရိုက်နှက်ခံရသည့် မိသားစုဝင်များနှင့် ရခိုင်ပြည်အခြေပြု ချင်းနိုင်ငံရေးဦးဆောင်ကော်မတီက တောင်းဆိုသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့ ညနေ ၈ နာရီခန့်တွင် ယင်း ချင်းအမျိုးသားနှစ်ဦး (လုံခြုံရေးအရ အမည်မဖော် လို) ကို ရွာနှင့် မနီးမဝေး သို့ ဖုန်းဖြင့်ခေါ်ယူကာ အကြောင်းပြချက်တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ လက်ပြန်ကြိုးတုတ် ကာ အုပ်စုလိုက်ရိုက်နှက်မှု ရက္ခိုင့် တပ်တော် AA ၏ တပ်သားအချို့ က ကျူးလွန်ခဲ့သည်ဟု ချင်းနိုင်ငံရေးဦးဆောင် ကော်မတီ ယနေ့ဖေဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲ ဖြင့် ထုတ်ပြန်သည်။ ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ – ရခိုင်ပြည်နယ်မှ သတင်းပြန်ကြားရေးတာဝန်ခံ မိုင်ခင်စုသက်မွန်က ” အကြောင်းပြချက် တစ်ခုမရှိဘဲနဲ့ ရိုက်နှက်ပြီး တော့ ထားခဲ့တယ်။ ဒီကိစ္စကို ဖြေရှင်းမလားဆိုပြီး စောင့်နေခဲ့တာ အခု ရက်တော် တော်ကြာမြင့်နေပြီဖြစ်ပါတယ်။ ပြန်လည်ဖြေရှင်းပေးတာမရှိဘူး။ ကျနော်တို့က တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ဘာအကြောင်းကြောင့် ဒီလိုလုပ် ရတယ်ဆိုတာကို ပြန်လည်စုံစမ်းစစ်ဆေး ပေးစေချင်ပါတယ်။ အဲဒါကြောင့် ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆို ရတာဖြစ်ပါတယ်။ အပြစ်မရှိတဲ့ ရွားသားနှစ်ဦးကို ရိုက်ခဲ့တာဟာ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ပြီး အကြောင့်မဲ့ ကျူးလွန်ခဲ့တဲ့ တပ်သားတွေကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်ပေးစေချင်ပါတယ် ” ဟု ပြောသည်။

ရိုက်နှက်ခံခဲ့ရသည့် ရွာသားနှစ်ဦးမှာ တစ်ဦးက ဒဏ်ရာပြင်းထန်စွာရရှိထားပြီး ဆေးရုံ (လုံခြုံရေးအရ အမည်မဖော်လို) တစ်ခုတွင် ကုသမှုခံယူလျက်ရှိနေကြောင်း ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ – ရခိုင်ပြည်နယ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ယင်းချင်းအမျိုးသားနှစ်ဦးမှာ ရိုက်နှက်ခံရမှု ဟုတ်မဟုတ်၊ ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ၏ စွပ်စွဲပြစ်တင်မှုများကို ရက္ခိုင့်တပ်တော်အနေဖြင့် အသေးစိတ်စုံစမ်းစစ်ဆေးနေကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က ပြောသည်။ “ချင်း နိုင်ငံရေးဦးဆောင်ကော်မတီဆိုတဲ့အဖွဲ့က စွပ်စွဲထားတဲ့အတိုင်း မှန်ကန်မှုရှိမရှိ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က လိုအပ် တဲ့ စုံစမ်းစစ်ဆေးမှုတွေကို စနစ်တကျလုပ်ဆောင်နေပါတယ်။ စစ်ဆေးမှုတွေပြီးတော့မှ အမှန်အကန် ကျူးလွန်မှုရှိမရှိဆိုတာကို ကျနော်တို့က ပြောလို့ရပါမယ်။ အမှန်အကန် ကျူးလွန်ကြောင်း ထင်ရှားရင် ကျူးလွန်ကြောင်း တွေ့ရှိရင်တော့ ဘယ်သူ့ကိုမှ ခွင့်လွတ်ဖို့မဟုတ်ပါ။ ကျနော်တို့မှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း၊ ဥပဒေအတိုင်း မှန်မှန်ကန်ကန် အရေးယူဆောင် ရွက်သွားမယ်။ အခုက စုံစမ်းစစ်ဆေးမှုတွေ မပြီးသေးတဲ့အတွက် သူတို့စွပ်စွဲထားတဲ့အတိုင်း ကျူးလွန်မှု ရှိမရှိဆိုတာကို အခု လောလောဆယ် ပြောလို့မရသေးဘူး” ဟု ပြောသည်။ ယခု ဖြစ်ရပ်ကိစ္စအပါအဝင် ချင်းလူမျိုးများအပေါ် အခြားသော လူ့အခွင့်အရေး ဆိုင်ရာ ကျူးလွန်မှုများရှိနေသည့်အတွက် ULA ၏ စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူခြင်းကိစ္စရပ်များ နှောက်နှေးပါက ချင်းလူမျိုးတို့၏ အနာဂတ်လူမှုဘဝ လုံခြုံရေးအပေါ် စိုးရိမ်မိကြောင်း ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ ပြန်ကြားရေး တာဝန်ခံ မိုင်ခင်စုသက်မွန် ကဝေဖန်ထားသည်။ အလားတူကိစ္စရပ်များကို ရက္ခိုင့်တပ်တော်အတွင်းမှာ အောက်ခြေ တပ်သားတွေ ကျူးလွန် နေကြကြောင်း ရခိုင်ပြည်အတွင်း သတင်းများထွက်ပေါ်နေပြီး ရက္ခိုင့်တပ်တော် အနေဖြင့် သေချာမထိန်းကွက်၊ မကိုင်တွယ်နိုင် ပါက ဖြေရှင်းမရသည့်ပြဿနာများ ဖြစ်ပေါ်လာနိုင်ပြီး ယုံကြည်မှုကို ထိခိုက်လာနိုင်ကြောင်း လေ့လာစောင့်ကြည့်သူအချို့က ထောက်ပြထားကြသည်။ https://www.facebook.com/westernnewsagency/photos/a.119286173211229/7095551341

၅။ KNU ထိန်းချုပ်နယ်မြေတွင် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံး
February 9, 2023

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ KNU ထိန်းချုပ်နယ်မြေတွင် အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံးကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။ မြန်မာ စစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၃၈ ကြိမ်ဖြစ်ပွား စစ်တပ်ဘက်မှ ၆၈၇၆ ဦးသေဆုံးကာ ၅၅၁၉ ဦးဒဏ်ရာရရှိကြောင်း၊ KNLA /KNDO ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂၁၉ ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ရပြီး ၆၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ KNU တပ်မဟာ ၁ နယ်မြေ ဒူးသထူခရိုင် အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၈၀၁ ကြမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၅၂၆ ဦးသေဆုံးကာ ၁၃၄၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU တပ်မဟာ ၂ တောအူးခရိုင် အုပ်ချုပ်မှု နယ်မြေတွင် တိုက်ပွဲပါင်း ၂၇၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ ၅၀၅ ဦး သေဆုံး ကာ ၂၀၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU တပ်မဟာ ၃ ခလယ်လွီထူ ခရိုင် အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲ ပေါင်း ၅၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၆၀၆ ဦးသေဆုံး ကာ ၃၉၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ ၄ ဘိတ်−ထာဝယ်ခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း ၁၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၂၅၉ ဦး သေဆုံးကာ ၂၄၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မူတြော်ခရိုင် တပ်မဟာ ၅ အုပ်ချုပ် မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၅၆၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၇၆၀ ဦး သေဆုံးပြီး ၂၃၄၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဒူးပလာယာ တပ်မဟာ ၆ အုပ်ချုပ်မှု နယ်မြေ တွင် တိုက်ပွဲ ပေါင်း ၆၆၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂၂၀ ဦး သေဆုံးကာ ၉၉၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ခုခံတိုက်ပွဲများကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုး သား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ စစ်ရေးဦး ဆောင်မှုအောက်ရှိ စစ်ကြောင်းများ၊ Drone တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ခုခံတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး စစ်အာဏာရှင် စနစ်အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် တော်လှန်ရေး တိုက်ပွဲကိုလည်း ဆက်လက် ဆင်နွှဲသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ https://www.facebook.com/khitthitnews/p hotos/pcb.1724195188017820/1724194514684554/

၆။ တော်လှန်ရေးအင်အားစုများကို ဆက်လက်ကူညီမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ပြော
February 10, 2023

တော်လှန်ရေးတွင် ပါဝင်နေကြသူများကို အတတ်နိုင်ဆုံး ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း မုံရွာလူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီ ၂ နှစ်ပြည့်အခမ်းအနားကို ပေးပို့သောသဝဏ်လွှာတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန် ပြောဆိုလိုက်သည်။ ညီနောင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် AA အပါအဝင် ကိုးကန့်တပ်မတော် MNDAA နှင့် တအာင်း လွတ်မြောက်ရေးတပ်မတော် TNLA တို့က ဖေဖော်ဝါရီ ၉ ရက်နေ့က ပေးပို့သော သဝဏ်လွှာ တွင် အာဏာရှင်စနစ်ကို အပြီးသတ် တိုက်ထုတ်ရန်အတွက် ရရာလက်နက်၊ ရသည့်နည်းလမ်းပေါင်းစုံဖြင့် ခုခံကာကွယ် တော်လှန်စစ်ကို တော်လှန်ရေးအင်အားစုများ က ဆင်နွှဲလျက်ရှိကြောင်း ရေးသားထားသည်။ ထို့အတူ နိုင်ငံရေးနည်းနာ များထဲမှ နည်းလမ်းတစ်ခုဖြစ်သည့်အကြမ်းမဖက် လူထုသပိတ်လှုပ်ရှားမှုများဖြင့် လမ်းမထွက်၍ နေ့စဉ်ရက်ဆက် မပြတ်တမ်း ဆန္ဒထုတ်ဖော်ပြသကာနွေဦးတော်လှန်ရေးတွင် တစ်ဖက်တစ်လမ်းမှ ပြည်သူ့အသိစိတ်ဓာတ်ဖြင့် ပူပေါင်း ဆောင်ရွက်နေသည့်အပေါ် တာဝန်ကျေပွန်ကြောင်း ထည့်သွင်းပြောဆို ထားသည်။

မြန်မာပြည်သား တိုင်းရင်းသားပြည်သူလူထုများ၏ နိုင်ငံရေးဆန္ဒမျှော်မှန်းချက်များကို အမြဲတမ်းလေးစား အသိအမှတ် ပြုပြီး ဘုံရပ်တည်ချက်၊ ဘုံရည်မှန်းချက်တူညီသောသူများနှင့် တစ်သားတည်း ရပ်တည်လျက်ရှိကြောင်း ညီနောင် မဟာမိတ် (၃) ဖွဲ့ ဆက်လက်ပြောဆိုထားသည်။ နွေဦးတော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေး၊ ဘဝ၊ အိုးအိမ်၊ ပိုင်ဆိုင်မှု မြောက်မြား စွာတို့ကို ရင်းနှီးပေးဆပ်တိုက်ပွဲ ဝင်နေကြသော သူများအားလုံးကိုလည်း ကိုယ်ချင်းစာတရား အပြည့်အဝဖြင့် စာနာနားလည်ပြီး ကူညီပံ့ပိုး၍ ရသည့်အရာများကို အတတ်နိုင်ဆုံးဆက်လက် ကူညီပေးသွားမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သဝဏ်လွှာ တွင်ရေးသားထားသည်။ https://www.facebook.com/westernnewsagency/photos/a.119286173211229/7 10040 284135812/

၇။ ထန်တလန်မြို့မရဲစခန်းကို CNA, CDF သိမ်းပိုက်၊ လက်နက် ၄၀ ကျော်သိမ်းပိုက်ရရှိပြီး CNA မှတစ်ဦးကျဆုံး
February 9, 2023

စစ်ကောင်စီတပ် အခိုင်အမာတပ်ချရာ ထန်တလန်မြို့မရဲစခန်းကို ချင်းအမျိုးသားတပ်မတော်နှင့် ချင်းပြည်ကာကွယ် ရေးတပ်များပူးပေါင်း၍ မနေ့ည ၁၀နာရီမှ ပစ်ခတ်တိုက်ခိုက်ရာ ယနေ့နံနက်ပိုင်း ၁:၀၀ နာရီ အချိန်တွင် သိမ်းပိုက်ရ ရှိပြီး ဒရုန်း ပစ်လက်နက်၊ လက်နက်ကြီးအပါအဝင် သေနတ်မျိုးစုံ ၄၀ ကျော်နှင့် ခဲယမ်းများစွာ သိမ်းပိုက်ရရှိနိုင်ခဲ့ ကြောင်းသိရသည်။ ၎င်း တိုက်ပွဲတွင် သေနတ်မျိုးစုံ ၄၀ လက်၊ ၆၀ မမ လက်နက်ကြီးတစ်လက်၊ ဒရုန်းပစ်လက်နက် တစ်လက်၊ ဗုံးသီးများ၊ မော်တော် ဆိုင်ကယ်နှစ်စီး၊ ကျည်ဆံများစွာနှင့် အခြားစစ်အသုံးအဆောင် ပစ္စည်းများရရှိခဲ့ သည်ဟု သိရသည်။ စစ်ကောင်စီတပ်မှ အနည်း ဆုံး ၄ ဦးသေဆုံးသည်ဟု သိရသော်လည်း ချင်းအမျိုးသား တပ်မတော်ထံမှ တရားဝင်ထုတ်ပြန်ချက်မရှိသေးသောကြောင့်အတည် မပြုနိုင်သေးပါ။

ပစ်ခတ်တိုက်ခိုက်မှုစတင်ပြီးနောက်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဒီနေ့ မနက်ပိုင်းတွင် ထန်တလန်မြို့သာမက ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်များသိမ်းပိုက်ခဲ့သော လုံလဲရ်းကျေးရွာ စစ်ကောင်စီတပ်စခန်းဟောင်းနှင့် တလန်ပီးကျေးရွာထိပ်တို့ကိုလည်း စစ်ကောင်စီကဗုံးကြဲခဲ့သည်။ ထိုဗုံးကြဲတိုက် ခိုက်မှုများ ကြောင့်လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုများရှိပြီး လူသေဆုံးမှုမရှိကြောင်းသိရသော်လည်း အတည်ပြု ချက်ရရှိနိုင်ရန် ကြိုးပမ်း နေဆဲဖြစ်သည်။ https://hakhapost.com/cna-cdf-nih-thantlang-palek-sakhan…/

၈။ တံတားလုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ကို KIA ပူးပေါင်းအဖွဲ့တိုက်ခိုက်
February 10, 2023

ဖားကန့်မြို့ နမ္မဖြစ်ကျေးရွာ ပန်းတင်တံတားအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ည ၉ နာရီ ခန့်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် (KPDF) ပူးပေါင်းတပ်ဖွဲ့ တို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့်ကြာ သေနတ်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။ “ရုတ်တရက်ကြီး သေနတ်သံတွေစကြားရတာ၊ အိမ်နဲ့လည်းနီးတော့ အသံတွေက တော်တော်ကျယ်တယ်။ အပြန် အလှန်ကိုတွယ်နေကြတာ” ဟုသူကပြောသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ကူခဲ့ကြောင်း ရပ်ကွက်နေ အခြားဒေသခံတစ်ဦးက ပြောသည်။ “လက်နက်ကြီ းတစ်လုံးက မှော်စီစာဘက်ကလုပ်ကွက်ထဲကို ကျတယ်ပြောတယ်။ အိမ်တောင်တုန်တယ်တဲ့ ပစ်တာတော့ပစ်နေကြတာပဲ ဘယ်ဘက်ကဘယ်လောက်သေတယ်လို့မကြားမိသေးဘူး” ဟုသူကပြော သည်။ ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) နှင့် ဖားကန့်မြို့လုံးခင်းကျေးရွာရှိ စစ်ကောင်စီ တပ်စွဲထားသည့် လယ်ပြင် ဂိတ်အနီးတွင် ဇန်နဝါရီ ၂၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ပစ်ခတ်သံများ ကြားခဲ့ရ ကြောင်းသိရသည်။ https://www.faceb ook.com/The74Media/photos/a.121070006079196/743668883819302/

၉။ မိုးဗြဲမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်နက်ကြီး မှားပစ်ရာမှ စစ်ကောင်စီ တပ်သား (၅) ဦးသေဆုံး
February 9, 2023

ရှမ်းပြည်နယ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ လက်နက်ကြီးမှ နေရာမှားပစ်ခဲ့သည့်အတွက်ကြောင့် စစ်ကောင်စီ (၅) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၄ နာရီကျော်ထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဆွဲထားသည့် ဝါရီဆူးပလိုင်းကျေးရွာ မှ လက်နက် ကြီး (၃) လုံး ပစ်ခတ်ခဲ့ရာ မိုးဗြဲမြို့ စက်တော်ရာတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ပေါ် ကျရောက်ခဲ့ပြီး (၅) ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထိုလက်နက်ကြီး ၃ လုံးကြောင့် စစ်ကောင်စီ (၅) ဦး သေဆုံး သွားသည့်အပြင် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင်လည်း ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြောင်း သိရသည်။ “ သူတို့က ဝါရီဆူးပလိုင်းဘက်ကနေ လက်နက်ကြီးပစ်ခဲ့တာ။ ဖြစ်ချင်တော့ ဒီဘက်က သူတို့အဖွဲ့တပ်စွဲထားတဲ့ စက်တော်ရာ တောင်ပေါ် ပြန်ကျတော့ သူတို့လူပဲ သေသွားတာ။ ၅ ယောက်သေပြီးတော့ ဒဏ်ရာ ရတဲ့သူအများ ပဲရှိတယ်။ ကျနော်တို့ဘက် ကလည်း ဒဏ်ရာရရှိခဲ့သူတွေလည်းပါတယ်” ဟု မိုးဗြဲမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါ ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ ဖယ်ခုံ စစ်ကောင်စီတပ်၊ မိုးဗြဲ ခမရ (၄၂၂) တပ် တို့ နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (MBPDF), KNDFB -03 , လွိုင်ကော် PDF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည်။ ယနေ့ အချိန်ထိ မိုးဗြဲမြို့ထဲတွင် စစ်ရေးတင်းမာနေလျက်ရှိကြောင်း သိရသည်။ စစ်ကောင်စီက မိုးဗြဲမြို့ ကျေးရွာဘက်တွင် စစ်အင်အား တွေ ဖြည့်တင်းလာသည့်အတွက်ကြောင့် ဒေသခံ ကျေးရွာပြည်သူ တစ်ချို့ က ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ https://burmese.shannews.org/archives/32961

၁၀။ လေးကေ့ကော်တွင် ခြုံရှင်းရာမှ မပေါက်ကွဲသည့် လက်နက်ကြီးကျည် ပေါက်ကွဲ၍ ၂ ဦးထိမှန်ပြီး တစ်ဦးစိုးရိမ်ရ
February 9, 2023

မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီး ထီးမယ်ဝါးခီး-ဖလူးကျေးရွာ လမ်းအကြားရှိ ပြောင်းစိုက်ခင်း၌ ဖေဖော်ဝါရီလ (၈) ရက်၊ နံနက်(၁၀) နာရီအချိန်တွင် ပြောင်းခင်းထဲ ခြုံသွားရှင်းသည့် လေးကေ့ကော် ဒေသခံ (၃) ဦး သည် မပေါက် ကွဲသေးသည့် လက်နက်ကြီးကျည်ကို မီးရှို့မိရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ ၂ ဦးထိမှန်ပြီး တစ်ဦးစိုးရိမ်ရ ကြောင်းသိရသည်။ လေးကေ့ကော်မြို့သစ်တွင် ပြီးခဲ့သည့် နှစ်များတွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိ တော့ဘဲ ဒေသခံတချို့ နေရပ်ပြန်လာကြပြီး ၎င်းတို့ ပြောင်းခင်းများကို သွားရောက် ရှင်းလင်းရာတွင် မြေကြီးထဲနစ်ဝင်ထားသည့် လက်နက်ကြီးကျည်ကို ရှို့မိရာမှ ပေါက်ကွဲထိမှန်ခဲ့ခြင်းဖြစ်ကြောင်း လေးကေ့ကော်မြို့သစ် အုပ်ချုပ်ရေးမှူး စောဌေးမြင့်အောင် က ပြောသည်။ ၎င်းက “ဒေသခံ ၆ ယောက်က ပြောင်းခင်း ထဲမှာခြုံတွေသွားရှင်းတယ်။ ခြုံသွားရှင်းတဲ့အချိန်မှာ ခြုံကိုပုံထားပြီး တော့ မီးရှို့တဲ့အချိန်မှာ ကျည်ကပေါက်ပြီး တစ်ယောက်ထိသွားတယ်။ တစ်ယောက်က ဒဏ်ရာနည်းနည်း ပြင်းထန်တယ်ပေါ့ နော်။ ကျန်တဲ့နှစ်ယောက်ကတော့ နည်းနည်းလေးပဲထိတယ်။ စိုးရိမ်စ ရာမရှိဘူး။ ထိသွားတဲ့လူက မေးရိုးမှာထိသွားတယ်။ အရင် ကလည်း သူတို့ ပြောင်းခင်းလုပ်တယ်။ ဘာဖြစ်လို့ထိသွားလဲဆိုတော့ အဲ့ဒီနေရာက တပ်စခန်းနဲ့လည်း မနီးဘူးလေ။ ဘာမှမဖြစ် လောက်ဘူးထင်ပြီး သွားခွင့်ပေးတာ။”ဟု ပြောသည်။

အဆိုပါ ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သူ ဒေသခံ (၂) ဦးတွင် အသက် (၆၀)အရွယ် အမျိုးသားတစ်ဦးနှင့် ထိခိုက် မှုစိုးရိမ်ရသူမှာ အသက် (၅၀)နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း ထိုအမျိုးသမီးကိုလည်း ထိုင်းနိုင်ငံ၊ မဲဆောက် ဆေးရုံသို့ လွှဲပြောင်းထားသည်ဟု တာဝန်ရှိသူများက ပြောသည်။ တိုက်ပွဲများ မရှိတော့သဖြင့် သောင်ရင်းမြစ်ကမ်း နံဘေးများတွင် စစ်ဘေး ရှောင်နေကြရသူများအနေဖြင့် လေးကေ့ကော်မြို့သစ်သို့ ပြန်လာနေထိုင်ရန် စစ်ကောင်စီမှ ပြီးခဲ့သည့်နှစ်က ပြန်လည်ခေါ် ယူမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံစစ်ဘေးရှောင်တချို့ ပြန်လည်ဝင်ရောက် နေထိုင်မှုများ ရှိသော်လည်း လက်ရှိတွင် လေးကေ့ကော်၊ ထီးမယ်ဝါးခီးနှင့် ရသေ့ဂူစသည့် ကျေးရွာများတွင် စစ်ကောင်စီတပ်များက မိုင်းထောင် ထားမှုများရှိနေကြောင်း ဒေသခံများက ဆိုသည်။ ထို့အပြင် ၎င်းဒေသဝန်းကျင်တွင် နှစ်ဖက်စစ်ရေး တင်းမာမှုများ ရှိနေသေးသောကြောင့် လေးကေ့ကော်မြို့သစ်နှင့် ထီးမယ်ဝါးခီးရှိ ဒေသခံပြည်သူအများစုအနေဖြင့် နေရပ်ပြန်နေထိုင်ရန်အတွက် လုံခြုံရေးစိုးရိမ်ချက်များရှိနေသေးကြောင်း စစ်ဘေးရှောင်နေရဆဲ ဒေသခံများက ပြောသည်။ https://kicnews.org/2023/02/%e1%80%9c%e1%80%b1%e1%80%b 8%e1%80%80%e1%80%b1%e1%80%b7%e1

၁၁။ လွိုင်လင်လေးမြို့မှာ လက်နက်ကြီးကျပြီး အမျိုးသမီးငယ်တစ်ဦး နဲ့ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ
February 9, 2023

လွိုင်ကော်မြို့နယ်အတွင်းရှိ လွိုင်လင်လေးမြို့ မှာ ဖေဖော်ဝါရီလ ၉ ရက် မွန်းလွဲ ၁ နာရီအချိန် လက်နက်ကြီး ကျရောက် ခဲ့ပြီး အမျိုးသမီးငယ်တစ်ဦး ဘယ်ဘက်လက်သန်းပြတ်ထွက် ဒဏ်ရာနဲ့ ကလေးငယ်တစ်ဦး ညာဘက်နားရွက်နားမှာ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ လက်ရှိကတော့ ဒီအတိုင်း တိုက်ပွဲတော့ မဖြစ်ဘူး ပေါ့။ ကျနော်တို့ သိရ သလောက်ကတော့ သူတို့ပစ်တဲ့အချိန်မှာတော့ ပထမ တစ်လုံးကတော့ ရွာတော်တော်ဝေးဝေးမှာ ကျတာပေါ့။ ဒုတိယတစ်လုံး ကျတဲ့အချိန်မှာ နီးတယ်ဆိုပြီးတော့ သူတို့က သူ့အမေနဲ့ ကျန်တဲ့မိသားစုဝင်တွေက ဗုံးခိုကျင်းထဲ ဝင်တဲ့အချိန်မှာ ကလေးက ကျင်းထဲရောက်ပြီးတော့မှ လန့်ပြီး အိမ်ပေါ်ပြန်တက်ပြေးတဲ့အချိန်မှာ နောက်တစ်လုံးကျတဲ့အချိန်နဲ့ ကွတ်တိတိုးပြီးတော့ သူတို့ ကို နောက်ကနေစင်သွားတာပေါ့။ ရမ်းသမ်းထုလာတာပေါ့။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အနီးအနားမှာ လက်နက်ကြီးကျသံတွေကြောင့် အိမ်ထဲပြေးပုန်းဖို့လုပ်နေတုန်း နေအိမ်ခြံဝန်းထဲ လက်နက်ကြီးတစ်လုံး ကျပြီး ထိခိုက်ဒဏ်ရာရသွားတာလို့ သူက ပြောပါတယ်။ လွိုင်လင်လေးမြို့ထဲ လက်နက်ကြီး လေးလုံးကျရောက်ပြီး တစ်လုံးမှာ လူအနီးကျရောက်ခဲ့တာကြောင့် ထိခိုက်မှုရှိခဲ့တာဖြစ်ပါတယ်။ လက်နက်ကြီးစ ထိခိုက်ဒဏ်ရာရသူတွေဟာ အသက် ၁၉ နှစ် အရွယ် မဘီဗျားနာနဲ့ အသက် ၁၃ နှစ်အရွယ် မောင်လမင်းမောင်မောင် တို့ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူတွေဟာ လက်ရှိမှာ လွိုင်ကော်ဆေးရုံကြီးမှာ ကုသမှုခံယူနေပြီး အသက်အန္တာရာယ်စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။ https://ww w.kantarawaddytimes.org/%e1%80%9c%e1%80%bd%e1%80%ad%e1%80%af%e1%80%84%e1%80

၁၂။ အရပ်သားကားကို မှားယွင်းမိုင်းဆွဲမိကြောင်း ရေဖြူ PDF ထုတ်ပြန်
February 9, 2023

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ နှမ်းကျဲကျေးရွာအနီးမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ယာဥ် နှစ်စီးကို ပစ်မှတ်ထားတဲ့ မိုင်းဆွဲတိုက်ခိုက်မှုမှာ အဲဒီယာဥ်နှစ်စီးကြား အရပ်သားယာဥ်တစ်စီး ကြားဝင်မောင်းနှင်လာ တာကို မသိခဲ့ဘဲ မိုင်းဆွဲတိုက်ခိုက်ခဲ့မိလို့ အနူးအညွတ်တောင်းပန်ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် YePhyu PDF က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ ဒီဖြစ်စဥ်ကြောင့် YPPDF ရဲဘော်တွေ ကိုယ်စား တစ်ဖွဲလုံးက တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဖြစ်စဥ်မှာပါဝင်သူအားလုံးကိုအနူးအညွတ်တောင်းပန်ကြောင်းနဲ့ နောက်နောင်မှာ ဒီလိုဖြစ်စဥ်မျိုးမဖြစ်ပွားစေရေး ဝန်ခံကတိပြုကြောင်းလည်း ထုတ်ပြန်ချက်က ဆိုပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ ကလိန်အောင်မြို့နယ် အခြေစိုက် တပ်ရင်းကနေ အရပ်ဝတ်နဲ့ စစ်ကောင်စီ တပ်သားတွေ လိုက်ပါလာတဲ့ ဟိုက်ဂျက်ယာဥ်နှစ်စီးဟာ ရေဖြူမြိုန့ယ် အခြေ စိုက်တပ်ရင်းကို ဆင်းလာကြောင်း သတင်းအတိအကျရခဲ့လို့ ခုလို မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမဲ့ အဲဒီကားနှစ်စီးကြားမှာ ပြည်သူတွေ လိုက်ပါလာတဲ့ ဟိုက်ဂျက် တစ်စီး ဖြတ်ဝင်လာတာကိုသတိမပြုမိဘဲရှေ့ထွက်မိုင်းဆွဲခဲ့မိတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးမှ ပြည်သူတွေလိုက်ပါလာတဲ့ကားဖြစ်နေကြောင်းသိခဲ့ရပြီး ကူညီဆောင်ရွက်ပေးချင်ပေမဲ့ အခက် အခဲတွေကြောင့် နီးစပ်ရာဆေးရုံနဲ့ အရေးပေါ်ကယ်ဆယ်ရေးကားတွေကိုသာ ဖုန်းဆက်အကြောင်းကြားခဲ့ရပြီး ပြန်လည်ဆုတ်ခွာ ခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရေဖြူမြို့နယ်၊ ရာဖူးရွာသစ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော်အပါအဝင် ၈ ဦးလိုက်ပါလာတဲ့ အဲဒီယာဥ်ဟာ မိုင်းထိခဲ့ပြီး ကျောင်းထိုင်ဆရာတော်နဲ့ အသက် ၆၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးတို့ နေရာမှာတင်သေဆုံးခဲ့ပြီး ယာဥ်မောင်း အပါအဝင် ကျန် ၆ ဦး ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါ တယ်။ https://www.facebook.com/BBCnewsBurmese/photos/a.266174993438393/6077731202282714/

၁၃။ မတူပီမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး သေနတ် ၂လက် သိမ်းဆည်းရဟု CDF – Zotung ဆို
February 9, 2023

ချင်းပြည်နယ် ၊ မတူပီမြို့နယ် ဇိုတုန်နယ်တွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရရှိ သူများပြားကာ သေနတ် နှစ်လက် သိမ်းဆည်းရရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်) CDF – Zotung က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းတည့် ၁၂နာရီမှ မွန်းလွဲ ၂ နာရီအတွင်း တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အကျ အဆုံးများပြားကာ မောင်းပြန် နှစ်လက် သိမ်းဆည်းရကြောင်း ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ များသည် မတူပီမြို့နယ် ရေဇွာမြို့မှ မိုင် ၂၀ အကွာရှိကျေးရွာတစ်ရွာတွင် တပ်စွဲထားပြီး ဇိုတုန်နယ်ထဲတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပြည်သူများအနေဖြင့် မတူပီ – ရေဇွာ အကြား ခရီးသွား ခြင်းမပြုပါရန် CDF – Zotung မှ အသိပေးထားသည်။

ဖေဖေဝါရီလ ၈ရက်နေ့တွင် တပ်ရင်းမှူးဟောင်းဖြစ်ခဲ့သည့် သိန်းလွင်သည် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ထောင်နိုင်ရေးအတွက် ရှေ့တန်းတစ်နေရာတွင် တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်) မှ ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဇိုတုန်နယ် တိန်းဆီးရွာနှင့် ထော်လှန်ရွာအကြားတွင် ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ အထိနာနေသော စစ်ကောင်စီတပ်သားများသည် တိုက်ပွဲ ဖြစ်ပွားရာ အနီးကျေးရွာမှ ပြည်သူ ရှစ်ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားကြောင်းသိရရှိရသည်။ https://www.facebook.com/MizzimaDaily/photos/a.32035164 7999747/6395820580452793/

၁၄။ လဝါးဒေသခံ အမျိုးသားနှစ်ဦးကို စစ်တပ်က ဖမ်းဆီးထားကြောင်း ဒေသခံများပြော
February 10, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာမှ အမျိုးသားနှစ်ဦး ပျောက်ဆုံးနေပြီး စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဒေသခံများ ပြောဆိုသည်။ လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာမှ အသက် ၄၂ နှစ်အရွယ်ရှိ ဦးအင်ဗွင်ဘရန်နန် နှင့် အသက် ၁၇ နှစ်အရွယ် မောင် ရိန်အောင် နှစ်တို့သည် ဖေဖော်ဝါရီလ ၅ ရက်နေ့က ကာမိုင်း မြို့သို့ နေ့ချင်းပြန်စျေး ဝယ်သွားရာမှ ယနေ့ထိမိသားစုဝင်များနှင့် အဆက်အသွယ်မရ ပျောက်ဆုံးနေပြီး ဒေသခံများ ပြောဆိုချက် အရ စစ်တပ်က ဖမ်းထားသည်ဟု သိရသည်။ “ပျောက်သွားတာက တနဂ်နွေနေ့တုန်းကတည်းကဗျ သူတို့က ဘုရားကျောင်း ပြီးပြီး ကာမိုင်းကို စက်သုံးဆီနဲ့ သုံးဘီးပြင်ဖို့ဆိုပြီး စက်ပစ္စည်း လေး သွားဝယ်မယ်ဆိုပြီးသွားလိုက်ကြတာ မပြန်လာဘူး။ ဖုန်းတွေ လည်းဆက်တာအကုန် စက်ပိတ်ထားတယ် ဆက်မရဘူး နောက်တော့ တဖြေးဖြေးချင်းစုံစမ်းတော့ ကာမိုင်း စစ်တပ်ကုန်းမှာ ဖမ်းထားတယ် ဆိုပြီး စုံစမ်းသိရှိရ တယ်ဗျ”ဟုအဖမ်းခံရသူနှစ်ဦးနှင့် ရင်းနှီးသည့် ဒေသခံတစ်ဦးကပြောသည်။

ပျောက်ဆုံးနေသည့် ဦးအင်ဗွင်ဘရန်နန် သည် တောင်သူဖြစ်ပြီး မောင်ရိန်အောင် သည် ကျောင်းသားဖြစ်ကြောင်း ကိုဗစ် ကြောင့် ကျောင်းပိတ်ထားသည့်အချိန် ကျောင်းနားထား၍ မိဘကို အလုပ်အကိုင်ပြုနေသည့် လူငယ်တစ်ဦး ဖြစ်ကြောင်း သိရ သည်။ “ကာမိုင်းမှာစစ်တပ်ဂိတ်တော့မရှိဘူးဗျ။ တကယ်လို့ဖမ်းခံရတာမှန်ရင်တော့ သူတို့အပြင် ထွက်တဲ့ခါတိုးပြီး မသင်္ကာလို့ ဖမ်းထားတာဖြစ်နိုင်တယ်တကယ်တော့ ရိုးရိုးသားသားတောင်သူတွေပါ။ ဘာကြောင့် ဖမ်းလဲတော့ မသိရသေးဘူး”ဟု ဒေသခံ တစ်ဦးက ပြောသည်။ ကာမိုင်းမြို့အနီး ဖားကန့်–မြစ်ကြီးနားလမ်းပေါ်၌ ထိုင်ထားသည့် စစ်တပ်ဂိတ်ကို KIA နှင့် PDF တို့က ၂၀၂၂ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ ယင်းဂိတ် ရုပ်သိမ်းသွားပြီး ယနေ့ထိ ကာမိုင်းအနီး၌ စစ်တပ်ဂိတ်မရှိ တော့ကြောင်းသိရသည်။ https://burmese.kachinnews.com/2023/02/10/az1-124/

၁၅။ ကော့ကရိတ်၊ ကျောက်ဖျာရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့
February 10, 2023

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးကျေးနယ်ရှိ ကျောက်ဖျာကျေးရွာတွင် ဖော်ဝါရီလ ၈ ရက်နေ့ ညနေအချိန်တွင် စစ်ကောင်စီ တပ် လက်နက်ကြီးပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ကြောင်း ကျုံဒိုးမြို့ ဒေသခံများက ပြောသည်။ ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှု တစ်စုံတရာမရှိဘဲ ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခလရ (၅၄၅)တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် အသက် ၆၀ ဝန်းကျင်အရွယ် နော်တာမုနော်ကို လက်နက်ကြီး ကျည်ထိမှန်၍ သေဆုံးသွားကြောင်း အမည်မဖော်လိုသူ ကျောက်ဖျာရွာသားတစ်ဦးက ပြောသည်။ “သုံးလုံး ‌ပေါက်ကွဲတယ်။ မပေါက်ကွဲတာလည်းရှိတယ်။ ကျောက် ဖျာမှာတော့နှစ်လုံးကျတယ်။ တစ်လုံးက အ‌ရှေ့မှာကျတာ တစ်ခြားသူက ဝပ်တော့မထိ ဘူး။ အဒေါ်တာမုနော်က ဝပ်မခင်တော့ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားတယ်” ဟု ပြောသည်။

ထိုဒေသတွင် ပြီးခဲ့သည့်လက တိုက်ပွဲများပြင်းထန်နေမှုကြောင့် ဒေသခံအချို့ ယခုချိန်ထိ နေအိမ်မ ပြန်နိုင်သေးကြောင်း အချို့မှာ ပြန်ရန်အိမ်မရှိတော့ကြောင်း ကျုံဒိုးမြို့ခံတစ်ဦးက ယခုလို‌ ပြောသည်။ “တစ်ချို့ကနေတော့ရွာမှာပြန်နေပြီး။ တစ်ချို့က ပြန်မ‌နေဘူ။ တစ်ချို့က ပြန်ဖို့အိမ်မရှိတော့ဘူ‌လေ။ မီးလောင်တာပါသွားတယ်ဆိုတော့ သူတို့သားသမီး တွေဆီပဲ သွားနေလိုက် တယ်။ ပြန်လာနေတဲ့သူလည်း ခုလိုဖြစ်တော့ ပြန်ပြေးကြမှာပေါ့”ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ကျုံဒိုး-ကမ်းနီ တိုက်ပွဲဖြစ်စဉ်တွင် ကျုံဒိုးမြို့နယ်ခွဲတစ်ဖက်ကမ်းရှိ ကမ်းနီ၊ ညောင်ရိပ်သာ၊ သရက်တော့၊ ကော့ခိုက်၊‌ ကျောက်ဖျာ‌ကျေးရွာ အစရှိ သည့် ဒေသခံများ ၅၀၀၀ ဝန်းကျင်ခန့် နေရပ်စွန့်ခွာတိမ်းရှောင် နေရသည်။ ထိုတိုက်ပွဲဖြစ်စဉ်ကြောင့် ဒေသခံရွာသား ၂ ဦးထိ သေဆုံးပြီးနေအိမ်များ ၁၉ လုံ မီးလောင်ပျက်စီးခဲ့ရ ကြောင်း ကျုံဒိုးမြို့နယ်ခံများက ပြောသည်။ https://kicnews.org/2023 /02/%e1%80%80%e1%80%b1%e1%80%ac%e1%80%b7%e1%80%80%e1%80%9b%e1

၁၆။ ULA/AA က ဖမ်းဆီးထားသည့် AFP ပါတီမှ ထိပ်ပိုင်းခေါင်ဆောင်များ ပြန်လွှတ်ပေးရန် မိသားစုဝင်များနှင့် ပါတီက တောင်းဆို
February 9, 2023

ရခိုင်ဦးဆောင်ပါတီ AFP ပါတီမှ ထိပ်ပိုင်းခေါင်ဆောင်များ ဖြစ်ကြသည့် ကျောက်ဖြူမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးကျော်လွင်နှင့် ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးတို့ကို ULA/AA မှ ဆက်လက်ဖမ်းဆီး ထားဆဲဖြစ် ကြောင်း မိသားစုဝင်များကပြောသည်။ ဖမ်းဆီးခံရသူ ၂ ဦးထဲမှ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင် မှာ ကျောက်ဖြူမြို့နယ် ဇင်ချောင်းတွင်နေထိုင်သူဖြစ်ပြီး သူ့ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့က သူ၏ ဥယျာဉ်ခြံမှနေ၍ ULA/AA မှ ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဦးကျော်လွင် ဖမ်းဆီးခံရစဉ်တွင် သူနှင့်အတူ ပါတီဗဟိုကော်မတီ ဝင် ဦးမောင်ကောင်း လည်းဖမ်းဆီးခံရမှုရှိခဲ့ပြီး ဖမ်းဆီးခံရပြီး ၂ ရက်အကြာ အောက်တိုဘာ ၆ ရက်ညည့်အချိန်တွင် ပြန်လွတ် လာခဲ့သည်။ ဖမ်းဆီးခံထားရဆဲဖြစ်သည့် ဦးကျော်လွင် နှင့်မူ မိသားစုဝင်များ တစ်ခါတစ်ရံ အဆက်သွယ်ရသော်လည်း တွေ့ခွင့်မရ သေးဟု ဦးကျော်လွင်၏ မိသားစုဝင် တစ်ဦးက ပြောသည်။ “ဖုန်းနဲ့အဆက်သွယ်လုပ်လို့တော့ ရတာရှိတယ်။ အဲ့လိုရတာ ၁ လ လောက်တော့ရှိပြီ။ ဒါပေမဲ့ ဒီဖက်ကဆက်လို့မရဘူး။ သူ့ဖက်ကဆက်သွယ်မှပဲပြောရတာ။ မေးတာမြန်းတာကလည်း နေကောင်းလား ကျန်းမာ လား အဲ့လောက်ပဲ” ဟုပြောသည်။ ဦးကျော်လွင်ဖမ်းဆီးမခံရမီ အောက်တိုဘာ ၂ ရက်နေ့က မောင်တောခရိုင် ပညာရေး မှူး ဒေါက်တာမြင့်မြင့်စန်းအသတ်ခံရမှုနှင့်ဆက်စပ်၍ သူ၏လူမှုကွန်ယက်တွင် ဝေဖန်ရေးသားမှု တစ်ချို့ရှိခဲ့သည်။

ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျောဇောဦး မှာမူ နိုဝင်ဘာ ၂ ရက်နေ့က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး သူ့ကို ULA/AA မှ ဖမ်းဆီးထားခြင်းမှာ ဟုတ်မှန်ကြောင့် ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုမှုရှိခဲ့သည်။ ပါတီဝင် ၂ ဦးဖမ်းဆီးခံထားမှုအခြေနေနှင့်ပတ်သက်၍ ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင် က ပြန်လွှတ်ပေးရန်လိုအပ် ကြောင်းနှင့် လွှတ်မပေးပါက ဖမ်းဆီးထားသူများ၏ တာဝန်သာဖြစ်သည်ဟုပြောသည်။ “လွှတ်ပေးဖို့လိုတယ်။ မလွှတ်ရင် မလွှတ်တဲ့သူတွေရဲ့တာဝန်ပဲဖြစ်တယ်။ နိုင်ငံရေးအားဖြင့် ထွက်လမ်းပိတ်သွားမယ်။ ဘယ်ကိစ္စမဆို အမှားရှိသလို အမှန်လည်း ရှိတယ်။ ထိခနဲဆို ဖမ်းတယ်။ ဆီးတယ်။ အကျဉ်းချတယ်ဆိုတာက အင်အားကို အခြေခံတာဖြစ်နေတယ်။ မှားမှန်းနောက်မှသိ မယ်။ အဲ့အချိန်ပြင်လို့မရတော့ဘူး။ သူတို့နှစ်ယောက် ကလည်း ပြောသင့်လို့ ပြောတယ်ပဲထင်ပါတယ်။ ဘယ်လူပုဂ္ဂိုလ်ကိုမှ စော်ကားပုံမပေါ်ပါဘူး။ အဲ့လောက်တောင် မပြောမခံနိုင်ရင် လူထုကိုဘယ်လိုဆက်ဆံမလဲ”ဟုပြောသည်။ ဖမ်းဆီးခံထားရသည့် ဦးကျော်လွင်နှင့် ဦးကျောဇောဦး တို့အား မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားသည်ဟူသည့် အခြေနေနှင့်ပတ်သက်၍မှု ULA/AA ဖက်မှ တိကျစွာပြောဆိုမှုတို့ မရှိလာသေးပေ။ https://www.facebook.com/westernnewsagency/photos/a.119 286173211229/709473574192483/

၁၇။ တအာင်းဒေသ မန်တုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခကွယ်လွန်
February 9, 2023

တအာင်း(ပလောင်)ဒေသ မန်တုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခ ဖေဖော် ဝါရီလ ၈ ရက်နေ့ နံနက် ၁ နာရီတွင် ကွယ်လွန်သွားကြောင်း တအာင်းဒေသ ကြားကာလ(ပအဖ)မှ ထုတ် ပြန်ထားသည်။အသက် ၄၉ နှစ်အရွယ် ရှိ ဦးအိုက်ခ သည် ၂၀၂၀ ရွေးကောက်ပွဲတွင် တအာင်းအမျိုးသားပါတီ ကိုယ်စားပြုအဖြစ် မန်တုံမဲဆန္ဒနယ်၌ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် တအာင်းဒေသ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တွင် အဖွဲ့ဝင် အဖြစ် ဆောင်ရွက်နေသူဖြစ်သည်ဟု ဆိုသည်။ “၉၆ ပါးရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပါတယ်။ တခြားအကြောင်းကြောင့် မဟုတ်ပါဘူး”ဟု ဦးအိုက်ခ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဦးအိုက်ခကွယ်လွန်သွားမှုအပေါ် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း၊ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေးအတွက် တော်လှန် ရေးအင်အားစုများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြု ကြောင်း တအာင်း(ပလောင်)ဒေသ ကြားကာလပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။ စစ်အာဏာသိမ်းပြီးနောက် လွှတ်တော်အမတ်များ ဖမ်းဆီးခံရခြင်း၊ ဝရမ်းထုတ်ခံရခြင်း၊ ဖမ်းဆီးစဉ် သတ်ဖြတ်ခံရခြင်း၊ နေအိမ်ချိပ်ပိတ်ခံရခြင်း၊ ရှောင်တိမ်းနေစဉ် ဆေးကုသခွင့် မရ၍ ကွယ်လွန်ခဲ့ခြင်းများဖြစ်ပေါ်ခဲ့သည်။ https://www.facebook.com/MizzimaDaily/photos/a.320351647999747/639 5814063786778/

၁၈။ မြစ်ကြီးနားမြို့ လေ့ကျင့်ရေးကျောင်းအနီး လူငယ် ၂ ဦးဖမ်းခံရ
February 10, 2023

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အနီးရှိ လေ့ကျင့်ရေးကျောင်းအနီးတွင် ယမန်နေ့ ၄ နာရီဝန်းကျင် စစ်ကောင်စီအဖွဲ့က လူငယ် ၂ ဦးကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးသည် ပညာရေးကောလိပ်ကျောင်း လမ်းဆုံးတွင် ဆိုကယ် ၂ စီးဖြင့် စီးနင်းလာသည့်အချိန် အရပ်ဝတ်များဝတ်ဆင် ထားသည့် စစ်ကောင်စီအဖွဲ့ဝင် ၇ ဦးခန့်က စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်သက်သေတစ်ဦး က ပြောသည်။ “ဖမ်းခံရတဲ့ လူငယ် ၂ ယောက်က အသက်အားဖြင့် ၂၀ ဝန်းကျင် လောက်ပဲရှိ နိုင်တယ်။ ဆိုင်ကယ်နဲ့လာတာကို စစ်ဆေးတာတွေလုပ်ပြီး ၂ ယောက်စလုံးကို ဖမ်းခေါ်သွားတယ်”ဟုပြောသည်။ စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို အသေးစိတ်မသိရသေးပါ။ ယနေ့ တွင်လည် မြစ်ကြီးနားမြို့၏ မြို့တွင်း ရပ်ကွက် လမ်းကြား နေများမှာ စစ်ကောင်စီတပ်က နေရာအနှံ့ လုံခြုံရေး တင်းကြပ်ကာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေသည်ဟု သိရသည်။

“အခုချိန် ရပ်ကွက် လမ်းကြားတွေမှာ စစ်သားတွေက အရပ်ဝတ်တွေဝတ်ဆင်ထားပြီးတော့ နေ့တိုင်းလိုလိုစစ်နေတယ်။ တစ်ခါတစ်လေရဲတွေလည်းပါတယ်။ ဆိုင်ကယ်ရော ကားရော အကုန်စစ်တယ်”ဟု မြစ်ကြီးနား ပြည်သူတစ်ဦးက ပြောသည်။ ၂၀၂၃ နှစ်ဆန်းပိုင်းအတွင်း မြစ်ကြီးနားမြို့တွင်း ဖမ်းဆီးခံရသည့် လူငယ် ၄ ဦးအထိရှိလာပြီဖြစ်သည်။ https://burmese.kac hinnews.com/2023/02/10/zm1-43/

၁၉။ အပစ်ရပ်ထားသော်လည်းစစ်ကောင်စီတပ်သည် တောင်ကုတ်မြို့နယ်မှ ကျေးရွာတစ်ချို့သို့ ဝင်ရောက်ပြီး ULA နှင့် ဆက်စပ်သူများကို စုံစမ်းနေ
February 10, 2023

ရက္ခိုင်တပ်တော် (AA) အပစ်ရပ်ပြီး ယာယီငြိမ်းချမ်းရေးယူထားသော်လည်း စစ်ကောင်စီတပ်သည် တောင်ကုတ်မြို့ နယ်မှ ကျေးရွာတစ်ချို့တွင် ဝင်ရောက် နေရာယူပြီး ULA နှင့်ဆက်စပ်သူများကို စုံစမ်းမှုများပြုလုပ်နေကြောင်း ဒေသခံ များက ပြောကြားသည်။ စစ်ကောင်စီတပ် ဝင်ရောက်စခန်းချပြီး စုံစမ်းမှုများပြုလုပ်နေသည့် တောင်ကုတ်မြို့နယ်က ကျေးရွာများမှာ ကုလားရောင်ကျေးရွာ၊ ခရိုင်ကျေးရွာ၊ ပန်းထော်ကျေးရွာတို့ဖြစ်ကြပြီး အဆိုပါကျေးရွာများရှိ ဘုန်းကြီး ကျောင်း အသီးသီးတွင် စစ်ကောင်စီတပ်သား ၂၀ ကျော်ဝန်းကျင်စီ စခန်းချနေရာ ယူထားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များ ကပြောသည်။ အဆို ပါစစ်ကောင်စီတပ်သားများသည် ခရိုင်ရွာသို့ ပြီးခဲ့သည့် ဆယ်ရက်ခန့်က ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ရွာထဲရှိ ဒေသခံများကို ULA တရား စီရင်ရေးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ULA တရားရုံးတွင် အမှုရင်ဆိုင်နေသူများကို စုံစမ်းမှုများပြုလုပ်နေ သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦး က ပြောသည်။ “ဝင်လာပြီး တရားစီရင်ရေးနဲ့ပတ်သက်လို့ ဆိုင်တွေကို ဝင်ပြီးမေးတာရှိတယ်။ အမှုရင်ဆိုင်နေတဲ့ သူတွေကိုလည်း မေးမြန်းတာတွေရှိပါတယ်။ ULA က လူတွေကိုလည်း နည်းနည်း ပါးပါးမေးမြန်းတာတွေရှိပါတယ်။ နာမည်တွေကို လိုက်ပြီးမေးတယ်။ ဖိအားပေးပြီး ပြောခိုင်းတာတော့မရှိဘူး။ သူတို့ လှုပ်ရှားနေ တဲ့ ပုံစံက ဒီအပစ် အခတ်ရပ်စဲနေတဲ့ကာလမှာ လူထုကို စည်းရုံးရေးကို အဓိကထားလာတယ်။ တစ်ဖက်က ULA အဖွဲ့ဝင်တွေကို အန္တရာယ်မလုပ်တောင်မှ သိထားဖို့ စုံစမ်းလုပ်နေတာ တွေ့မြင်ရပါတယ်။ ဒီတစ်ခေါက်တော့ စစ်တပ် ရွာထဲမှာ တာရှည်နေနေပါ တယ်။ အရင်တုန်းကဆိုရင် ရက်ပိုင်းလောက်ပဲနေတာပါ” ဟုပြောသည်။

ဒေသခံတစ်ဦးက”ကုလားရောင်ရွာမှာဆိုရင် ဘုန်းကြီးကျောင်းငယ်မှာနေတာပါ။ ခရိုင်ရွာမှာတော့ ခရိုင်တပ်တောင် ကျောင်းနဲ့ ပန်းထော်မှာဆိုရင် တောင်ရင်း ဘုန်းကြီးကျောင်းမှာ စစ်သားတွေ စခန်းချထားပြီး နေကြပါတယ်” ဟုပြော သည်။ ထို့အပြင် စစ်ကောင်စီတပ်သားများသည် ကုလားရောင်ကျေးရွာရှိ ULA တရားရုံးနှင့် ကပ်လျက် ဘုန်းကြီးကျောင်း အနီးတွင် စခန်းချကာ ULA တရားရုံးသို့ဝင်ရောက်ပြီး မှတ်တမ်း ဓာတ်ပုံရိုက်ယူမှုများလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။ ယခုကဲ့သို့ လုပ်ဆောင်နေမှုများသည် ULA ၏တရားစီရင်ရေးကို နှောင့်နှေးမှု ဖြစ်အောင် လုပ်ဆောင်နေသည်နှင့်တူကြောင်း ဒေသခံများ ကပြောသည်။ စစ်ကောင်စီသည် လက်ရှိ အေအေနှင့်အလွတ်သဘော အပစ်ရပ်ထားချိန်တွင် ရခိုင်ပြည်နယ်အတွင်းရှိ တပ်စခန်း နှင့်တပ်ရင်းအသီးသီးတို့တွင် လက်နက် ခဲယမ်းများနှင့် စားနပ်ရိက္ခာဖြည့်တင်းမှုများကို လုပ်ဆောင်နေသဖြင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် ဒေသခံ ပြည်သူများက သံသယ ရှိနေကြသည်ဟု ၎င်းက ပြောသည်။ https://burmese.narinja ra.com/…/63e5e338265 37d5d34e91424

၂၀။ အာဏာသိမ်း နှစ်နှစ်အတွင်း အမျိုးသမီး ၄၀၀ ကျော်သေဆုံးပြီး ၂၇၀၀ ကျော် အဖမ်းခံရ
February 9, 2023

မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန်နှစ်နှစ်အတွင်း အမျိုးသမီး ၄၁၄ ဦး သေဆုံးခဲ့ရပြီး ၂၇၇၈ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်ပြန်တဲ့ မြန်မာအမျိုးသမီးများသမဂ္ဂရဲ့ အစီရင်ခံစာ မှာ ဖော်ပြ ထားပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ မြေပြင်သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်း တာ၊ စစ်ကြောရေးတွေမှာ နှိပ်စက်ညှဉ်းပန်းတာ စတဲ့ အချက်တွေကြောင့် အမျိုးသမီး ၄၁၄ ဦးထိ သေဆုံးခဲ့ရတာလို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတွေထဲက ၂၀၀၀ ကျော် ဟာ သာမန်ပြည်သူတွေ ဖြစ်ပြီး ပညာရေး ဝန်ထမ်း ၃၆၅ ဦး၊ ပါတီနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၉၂ ဦး၊ ကျန်းမာရေး ဝန်ထမ်း ၅၁ ဦးနဲ့ တခြား ကဏ္ဍအသီးသီးက အမျိုးသမီး ၁၀ ဦးကျော် ပါနေတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေထဲ မှာ ရန်ကုန်တိုင်းအတွင်းမှာ ၇၅၈ ဦးနဲ့ အရေအတွက်အများဆုံး ဖြစ်ပါတယ်။ စစ်ကောင်စီက ရန်ကုန်ကို ပြန်လည် ထိန်းချုပ်နိုင်အောင် အင်အားသုံးနှိမ်နင်းခဲ့တာလို့ ရန်ကုန်မြို့က သပိတ် စစ်ကြောင်းတွေမှာ ပါဝင်ဆန္ဒပြနေတဲ့ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီက ရန်ကုန်ကို လှုပ်မရအောင် ချုပ်ထားတာပေါ့။ ရန်ကုန်ကျသွားရင် သူတို့ ယန္တရားတစ်ခုလုံး ကျဆုံးပြီဆို တာ သိတော့ မြေပြင်သပိတ် ဖော်ဆောင်ဖို့ ကြံရွယ်တာနဲ့ ကားနဲ့ကို အသေတိုက်ဖမ်းတော့တာပဲ။ အခုနောက်ပိုင်းဆိုရင် သပိတ် လုပ်ဖို့ကို အတော်လေးသတိထားပြီး စီစဉ်ရတယ်။ ပြီးခဲ့တဲ့ အခေါက်တွေမှာ ကားနဲ့ တိုက်ဖမ်းပြီး ပါသွားတဲ့ ကျမသူငယ်ချင်း မိန်းကလေးတွေဆို အကြမ်းဖက်မှုတွေ အတပ်ခံထားရတာ” ဒီအချက်အလက်တွေဟာ အာဏာ စသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ကောက်ယူထားတဲ့ စာရင်းတွေ ဖြစ်တယ်လို့ မြန်မာအမျိုးသမီး များသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စစ်ကြောရေးမှာ ဖမ်းဆီးချုပ်နှောင် ထားစဉ် ကာလအတွင်း စစ်ကောင်စီတပ် သားတွေက အုပ်စုဖွဲ့ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုဟာ ၁၅ မှု အထိရှိခဲ့တယ်လို့လည်းဆိုပါတယ်။ https://www.fac ebook.com/rfaburmese/photos/a.10150522560153128/10162423214798128/

၂၁။ စစ်ကိုင်းနဲ့ကချင်အစပ်မှာ ၁ မျဥ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူတွေကို ရှမ်းနီတပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးနေ
February 10, 2023

ကချင်နဲ့ စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းနဲ့ ဟုမ္မလင်းတဝိုက်မှာ ၁ မျဥ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ရှမ်းနီ အမျိုးသားတပ် SNA ကတင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းဒေသအဆုံး စစ်ကိုင်းတိုင်းအစ ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ ရှမ်းနီတပ်တွေ ထိန်းချုပ် ထားတဲ့ ဂိတ်တွေရှိပြီး SNA (ရှမ်းနီအမျိုးသားတပ်) တွေထိုင်တဲ့ မန်စိမ်းချောင်းဂိတ်ဘက်မှာတော့ မှတ်ပုံတင်တွေကို အခုနောက်ပိုင်း တင်းတင်းကျပ်ကျပ် စစ်ဆေးသလို ကချင်ပြည်နယ်ကလာတဲ့ ၁ မျဉ်းစောင်းဆိုရင် ပိုစစ်ဆေးတာတွေရှိ နေတယ်လို့ ခရီးသွားလာနေသူတွေက ဆိုပါ တယ်။ ဖေဖော်ဝါရလ ၈ ရက်နေ့ကလည်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အစပ် ဟုမ္မလင်းမြို့နယ် ပါဟုတ်ကြီး ဘက်ကနေ အပြန် ဖားကန့်ဘက်ကနေလာရောက်သူလေးဦး ဖမ်းဆီးစစ်ဆေး တာတွေ ခံခဲ့ရတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေ ကပြောပါတယ်။ https://www.facebook.com/BBCn ewsBurmese/photos/a.266174993438393/6079910988731402/

၂၂။ တနင်္သာရီတိုင်း ကျေးရွာ ၅ ရွာတွင် စစ်တပ် ထုတ်ကုန် ကင်းစင်ရေး လှုပ်ရှားမှု ပြုလုပ်
February 9, 2023

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အတွင်း ကျေးရွာ ၅ ရွာတွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်း က စစ်ကောင်စီ၏ ထောက်တိုင်များ ဖြစ်သည့် စစ်တပ် ထုတ်ကုန် ပစ္စည်းများ မသုံးစွဲရန် လှုပ်ရှားမှု တစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါ လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီမှ ဦးဆောင်၍ လောင်းလုံးမြို့နယ်ထဲက ကျေးရွာ ၅ ရွာတွင် စစ်တပ်ထုတ်ကုန်ပစ္စည်း စာရင်းများအား ကျေးရွာအတွင်း ဓါတ်တိုင်များနှင့် လူစည် ကားသည့် နေရာများတွင် လိုက်လံကြေညာခြင်းဖြင့် စစ်တပ် ထုတ်ကုန် ကင်းစင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လှုပ်ရှား မှုတွင်ပါဝင်သည့် ဦးဆောင်သူ တစ်ဦးက “ကျွန်တော်တို့ လောင်းလုံးမှာ ပြည်သူအချို့ကတော့ လက်ရှိအချိန်အထိ သုံးစွဲနေသေး တာတွေ့ရတယ်။ ဒါကလည်း တကယ်မသိလို့ သုံးနေတာ ဖြစ်လိမ့်မယ်ထင်တယ်။ ဒါကြောင့် ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိအောင် အခုလို လှုံဆော်တာ ဖြစ်တယ်”ဟု ပြောသည်။

ယင်းလှုပ်ရှားမှုသည် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် စစ်တပ်/စစ်အုပ်စု၏ အခြေခံစီးပွားရေး အရင်းအမြစ်နှင့် ထောက်တိုင်များအား ဖြိုချနိုင်ရေး လှုပ်ရှားမှုသည် အရေးကြီးသည့် တော်လှန်ရေးလှုပ်ရှားမှုတရပ် ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် များထံမှ သိရ သည်။ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီက ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်း ကျေးရွာပေါင်း ၁၇ ရွာနှင့် ဈေးပေါင်း ၁၀ ဈေးသို့ သွားရောက်၍ စစ်တပ်ထုတ်ကုန် ရောင်းချခြင်း/ဝယ်ယူသုံးစွဲခြင်း မပြုကြရန် လူထုစည်းရုံးရေး အသိပညာပေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သေးကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရသိရသည်။ https://www.facebook.com /westernnewsagency/photos/pcb.709485157524658/709484620858045/

၂၃။ စစ်ကောင်စီပစ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးထိခိုက်
February 10, 2023

စစ်ကောင်စီက နမ့်ဖလွန်းရွာ စာသင်ကျောင်းကနေ လက်နက်ကြီးတွေပစ်ခတ်လို့ ရွာအတွင်းရှိ အသက် ၉၁ နှစ်အရွယ် ဦးဖော်ဒါတန်နေအိမ်ကို ကျရောက်ပေါက်ကွဲပြီး ဦးဖော်ဒါတန်ရဲ့ ကျောကုန်းမှာ လက်နက်ကြီးစ ထိမှန် ဒဏ်ရာရှိထား ပါတယ်။ နမ့်ဖလွန်းရွာ အမျိုးသမီးတစ်ဦးက “သူတို့က စာသင်ကျောင်းကနေပစ်တာ အဲဒီအဖိုးအိမ်မှာလာကျတယ်။ သူက အပြင်မှာ ထမင်းထိုင်စားနေတုန်း လက်နက်ကြီးကျရောက်ပေါက်ကွဲတော့ သူ့ကိုထိတယ်။ လက်ပြင်ကျောကုန်း ကိုထိတယ် လက်နက်ကြီး အစတွေကိုတော့ ထုတ်လိုက်ပြီး အခုလည်းသူဆေးရုံမှာပဲရှိသေးတယ်”လို့ ပြောပါတယ်။ ကျေးရွာကနေ ပစ်ခတ် လိုက်တဲ့ လက်နက်ကြီးတွေဟာ ပေါက်ကွဲသွားတဲ့အလုံးရှိသလို မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေလည်းရှိနေတာကြောင့် ဒေသခံတွေ က စိုးရိမ်နေကြပါတယ်။ “သူတို့ ၄ လုံးပစ်တယ် ၂ လုံးတော့ ကွဲတယ် နောက် ၂လုံးက မကွဲဘူး မကွဲတဲ့တစ်လုံးက လမ်းမကြီးဘေး မှာရှိထားတယ် ကျန်တဲ့တစ်လုံးက ဘယ်မှာကျ ထားလဲတော့မသိဘူး”လို့ သူက ဆက်ပြောပါတယ်။ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မှာ ဖေဖော်ဝါရီ ၉ ရက်က ကောင်းခမ်ရွာအနီးမှာလည်း စစ်ကောင်စီနဲ့ KIAတို့ တိုက်ပွဲဖြစ်ပွားခဲ့သလို ၁၀ ရက်နေ့ မနက်ပိုင်း မှာလည်း ဖာခေတ်ကျေးရွာမှာ ထပ်မံဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=511189944 521608&set=a.404503215190282

၂၄။ ဘီးလင်းမြို့နယ်တွင် စစ်တပ်က ကျေးရွာအတွင်းကို လက်နက်ကြီးဖြင့်ပစ်ခတ်နေအိမ် (၉)လုံး ထိမှန်ပျက်စီး
February 9, 2023

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာအုပ်စု၊ မင်းစောကျေးရွာအတွင်းကို ဖေဖော်ဝါရီလ (၇) ရက်နေ့ ညပိုင်း စစ်ကောင်စီရဲ့ ကိုးနဝင်းတပ်စခန်းကနေ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ် (၉)လုံး လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ တီးကွေးလေး၊ မောင်သန်းကျော်၊ ထွန်းသန်းပါး၊ ကျောနကူး၊ မောင်သိန်းဝင်းမိုး၊ တီးချာဘိ၊ ဖီးမုဒေး၊ တီးထို့ကလူနဲ့ ယားမဝိုင်းမို့တို့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တာပါ။ ဒေသခံပြည်သူတစ်ဦးက “စစ်တပ်က ဘယ်သူသေသေ သူတို့နဲ့ မဆိုင်ဘူး။ ပြည်သူကိုပြည်သူလို့ မမြင် တော့ဘူး။ ရန်သူလို့မြင်နေတာ။ စစ်တပ်ကို ကျနော်တို့တင်မကဘူး နိုင်ငံတကာ ကလည်း အကြမ်းဖက်စစ်တပ်လို့ သိထားတယ်။ အဲဒီတော့ လူကိုလူလို့မမြင်တာ မထူးဆန်းဘူး”လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ ကိုးနဝင်တပ်စခန်းဟာ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်(မူတြော်)ခရိုင်အတွင်မှား အခြေချတပ်စွဲထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး အရင်ကလည်း အခုလို မင်းစောကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=520

၂၅။ မြန်မာနိုင်ငံအရှေ့တောင်းပိုင်မှာ စစ်ဘေးဒုက္ခသည် သုံးသိန်းခုနစ်သောင်းနီးပါးရှိလာ
February 9, 2023

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံရဲ့ အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ တနင်္သာရီနဲ့ ပဲခူးတိုင်း အရှေ့ဘက်ခြမ်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အပါ အဝင် ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ဒေသခံ ၃၆၈၄၀၀ ကျော်ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) က ဖေဖော်ဝါရီလ ၉ ရက်နေ့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ကုလသမဂ္ဂ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ စစ်ဘေးဒုက္ခသည် ၃၆၁၀၀၀ ကျော် ရှိရာကနေ အခု ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာ နောက်ထပ် စစ်ဘေးဒုက္ခ သည် ၇၄၀၀ ကျော်တိုးလာပြီး အခုဆိုရင် စစ်ဘေး ဒုက္ခသည်ပေါင်း ၃၆၈၄၀၀ ကျော်အထိရှိလာနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကရင်ပြည် နယ်မှာ ဒုက္ခသည် ၁၀၅၄၀၀ ဦး၊ ကယား (ကရင်နီ) ပြည်နယ်မှာ ဒုက္ခသည် ၈၆၆၀၀ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒုက္ခသည် ၅၄၀၀၀ ဦး၊ မွန်ပြည်နယ်မှာ ဒုက္ခသည် ၂၆၈၀၀ ဦး၊ တနင်္သာရီတိုင်းမှာ ဒုက္ခသည် ၃၈၇၀၀ ဦးနဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ ဒုက္ခသည် ၅၆၉၀၀ ဦး တို့က ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတာပါ။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကစပြီး ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာကြောင့် ကျေးရွာ ပေါင်း ၂၀ က လူဦးရေ ၁၇,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးက တောတောင် တွေထဲမှာ ခုံလှုံနေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ UN OCHA က ပြောပါတယ်။ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်အနှံ့ အပြားက စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတွေ ပိုမိုတင်းကျပ်ထားတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်း တွေအနေနဲ့ ဝေးလံတဲ့ဒေသတွေမှာ နေထိုင်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဆီ အကူအညီပေးနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင် နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁ ဒသမ ၅ သန်းကျော် ရှိလာပြီး အဲဒီအထဲက လူဦးရေ ၁ ဒသမ ၂ သန်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုကြောင့် ဖြစ်ပေါ်လာ တဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေဖြစ်တယ်လို့ UN OCHA က ဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက နိုင်ငံတဝှမ်းက လူဦးရေ ၄ သန်းအတွက် လိုအပ်တဲ့ အကူအညီတွေ ရောက်ရှိပံ့ပိုးနိုင်ခဲ့တယ်လို့ UN OCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.facebook.com/rfaburmese/ photos/a.10150522560153128/10162423332668128/

၂၆။ ရခိုင်မှာ လူမရှိတဲ့ရွာတွေထဲက နေအိမ်တွေကို စစ်သားတွေက ဖျက်ယူ၊ ရောင်းစားနေ
February 9, 2023

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြရလို့ လူမရှိတဲ့ရွာတွေက နေအိမ်တွေကို ဖျက်ယူကာ အသုံးပြုတာ၊ ရောင်းစားတာတွေ လုပ်နေတယ်လို့ အဲဒီရွာသားတွေ ကပြောကြ ပါတယ်။ ရခိုင်မှာစစ်ကောင်စီနဲ့ AA တို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတာအပြင် စစ်ကောင်စီတပ်သား တွေက လူနေကျေးရွာတွေ အနီး စခန်းချနေထိုင်လာကြတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေကြရတဲ့ ကျေးရွာတွေ အများအပြား ရှိနေပြီး အဲဒီရွာတွေထဲက နေအိမ်တွေနဲ့ အိမ်အတွင်း ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ခိုးယူ၊ ရောင်းစားနေကြ တာလို့ ဆိုပါတယ်။ “အိမ်တွေမှာ အမိုးတွေလည်း မရှိတော့ဘူး၊ အရန်အကာတွေ၊ တံခါးတွေ၊ ပျဉ်တွေ ဘာမှမရှိတော့ ဘူး၊ စစ်သား တွေ က အကုန်ဖျက်ယူသွားကြတယ်၊ အိမ် ဆောက်ဖို့ကျန်ခဲ့တဲ့ သစ်တွေကိုလည်း ယူသွားကြတယ်၊ ဟိုးတစ်ရက်က ရွာကို သွားကြည့်တဲ့အခါမှာ တွေ့ခဲ့တာပါ၊ အဲလိုအဖျက် ခံရတဲ့အိမ်တွေ အများကြီးပါ”လို့ ကျောက်တော်မြို့နယ် တင်းမရွာသားတဦးက ပြောပါတယ်။ ဒါ့အပြင် နေအိမ်တွေအတွင်း ကျန်နေခဲ့တဲ့ လယ်ထွန်စက် တွေ၊ ဆန်၊ စပါးတွေကိုလည်း ရွာအနီး စခန်းချနေထိုင်နေ ကြတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက ဝင်ရောက် ခိုးယူသွားခဲ့ကြကြောင်း တင်းမရွာသားတွေက ပြောကြပါ တယ်။ “ထွန်စက် တွေ၊ စပါးတွေ၊ ဆန်တွေကိုလည်း အကုန် စစ်သားတွေ ယူသွားတယ်။ အိုးခွက်၊ ကုလားထိုင်တွေက အစ အကုန်ယူသွားတယ်၊ ကျွန်မ တို့မှာလည်း ထွန်စက်တလုံး၊ ရေတင်စက်တလုံး မရှိတော့ဘူး”လို့ တင်းမရွာခံ အမျိုးသမီးတဦးကလည်း ထပ်ပြောပါ တယ်။

အဲဒီတင်းမရွာအပြင် ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တို့အတွင်းရှိ လူမရှိတဲ့ကျေးရွာတွေက နေအိမ်တွေ၊ နေအိမ် တွေအတွင်း ကျန်ခဲ့တဲ့ ဆန်၊ စပါးနဲ့ တခြားပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်သားတွေက နေ့စဉ်နဲ့အမျှ ခိုးယူနေကြ တယ်လို့ ပြောကြပါတယ်။ “တစ်ရွာလုံးနီးပါးက အိမ်တွေ အကောင်းမကျန်တော့ဘူး၊ သူတို့ (စစ်သားတွေ) လိုတာကို ဖျက်ယူတယ်၊ သစ် ကောင်းတွေဆိုရင် သူတို့နေဖို့ အဆောင်ဆောက်တယ်၊ မကောင်းတော့တဲ့ သစ်တွေ၊ ဝါးတွေကိုဆို ရင် ထင်းလုပ်ပစ်တယ်”လို့ ရသေ့တောင်မြို့နယ် ထီးစွဲရွာသားတဦးက ပြောပါတယ်။ ဒါ့အပြင် ရွာမှာကျန်နေခဲ့တဲ့ ကျွဲ၊ နွားတွေကိုလည်း ပစ်ခတ်၊ သတ်စား တာတွေကိုပါ စစ်ကောင်စီတပ်သား တွေက လုပ်နေကြတယ်လို့ ဒေသခံ‌တွေက ပြောကြပါတယ်။ စစ်သားတွေဟာ ၂၀၁၉၊ ၂၀၂၀ ရခိုင်တိုက်ပွဲ ကာလကတည်း က လူနေကျေးရွာတွေအနီးသို့ ရောက် လာခဲ့ကြတာဖြစ်ပြီး ရွာထဲနဲ့ ရွာအနီးတွေမှာ စခန်းချနေထိုင် လာခဲ့ကြတာ ဖြစ်ပါတယ်။ စစ်တပ်နဲ့ ရခိုင့်တပ်တော် (AA) တို့ကြား အပစ်အခတ်တွေ ရပ်ထားတာ နှစ်ကြိမ်တိုင်ရှိပြီဖြစ်ပေမယ့် အဲဒီစစ်သားတွေကတော့ အခုအချိန်အထိ ရွာအနီးကနေ ဆုတ်ခွာတာ မရှိကြသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ https ://www.facebook.com/deltanewsagency/photos/pcb.1857275537983469/1857274617983561/

၂၇။ ပုလောတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်မီးရှို့သဖြင့် ပြည်သူ့နေအိမ် ၃ လုံး ပျက်စီး
February 9, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဖေဖော်ဝါရီ ၈ ရက်က ၇ နာရီကြာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ တိုကျေးရွာ တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် ပလရဲစခန်းမှ မြဒေါင်ကို စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ် သားတွေကိုလည်း ပြန်ပြီးခုခံတိုက်ခိုက်ရာ မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်တဦးက “တိုရွာကနေပြီး မြဒေါင်အထိ စစ်ကောင်စီတပ်သားတွေ က ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ သူတို့ဘက်က လက်နက် ကြီးတွေနဲ့ပစ်တယ်။ လက်နက်ကြီး အလုံး ၁၀၀ လောက် ရှိမယ်ထင်တယ်။ အဲဒီတိုက်ပွဲမှာ ကျနော်တို့ဘက်က ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာရင် ဘေးလွတ်ရာနေပေးကြဖို့၊ စစ်ကောင်စီရဲ့ ယာဉ်တန်းတွေနဲ့ ဝေးရာကနေ ခရီးသွားလာကြဖို့နဲ့ ဒေသခံပြည်သူတွေ စစ်ရေးသတိရှိကြဖို့ သတိပေး တိုက်တွန်း ထားတာတွေလည်း ရှိပါတယ်။ အခုလို တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တိုကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့လို့ နေအိမ် ၃ လုံး မီးလောင် ပြီး ဒေသခံပြည်သူ ၂ ဦးလည်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ “တိုက်ပွဲက ၇ နာရီလောက်အထိကြာတယ်။ ရွာသား ၂ ဦးမှာ လက်နက်ကြီး ထိမှန်ခဲ့တယ်။ အခုထိခိုက်ဒဏ်ရာရတဲ့ ရွာသား ၂ ဦး ကို လွတ်မြောက်နယ်မြေမှာ ဆေးကုပေးနေပါတယ်။” တိုက်ပွဲပြီး တဲ့နောက် စစ်ကောင်စီတပ်က အရပ်သားပြည်သူတချို့ကို ဖမ်းဆီးစစ်ဆေးတာတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူ တဦးက ဆိုပါတယ်။ http://burmese.dvb.no/archives/578066

၂၈။ ဘုရားပွဲအပြန်အရက်မူးပြီး မိမိကိုယ်ကိုယ်နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား
February 9, 2023

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြိုနယ်၊ ဘော်ရေဦးအုပ်စု တောင်ခေါင်းပွာကျေးရွာ အရှေ့စု မှ ဦးသက်ဝေဆိုသူသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ ဘုရားပွဲမှ အပြန်လာ အရက်မူးပြီးနောက် နေအိမ်အတွင်းတွင် မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ စေတီကြီးဘုရားပွဲတွင် အရက်မူးပြီးပြန်လာသည့် ဦးသက်ဝေ မှာ မိသားစုဝင်များကို သောင်းကျန်းသဖြင့် မိသားစုဝင်များ နေအိမ်တွင်မနေဝံ့ဘဲ ထွက်ပြေးကြကြောင်း ကျေးရွာတွင်းနေထိုင်သူတစ်ဦးကဆိုသည်။ သေဆုံးသူ ဦးသက်ဝေ မှာ ၅၀ နှစ် ခန့်အရွယ်ရှိပြီး မိသားစုဝင် ၅ ဦး ရှိ ကြောင်းသိရသည်။ ” သူကမိသားစုဝင်တွေကို ပြန်သောင်း ကျန်းနေတော့ မိသားစုတွေက ရှောင်ထွက်ပြေးနေရတာ ဒီမနက်ကျမှပဲ နေအိမ်အတွင်း ကြိုးဆွဲချသေနေပြီလို့ သိရတာပါ ” ဟု ကျေးရွာတွင်းနေထိုင်သူ တစ်ဦးကပြောသည်။

သေဆုံးသွားသည့်ရုပ်အလောင်းကို သက်ဆိုင်ရာကျေးရွာလူကြီးများနှင့် ရွာငံမြို့နယ် သက်ဆိုင်ရာ ဌာန ရဲများက လာရောက်သယ်ယူပြီး အလောင်းသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။ ဘော်ရေဦးကျေးရွာ စေတီကြီးဘုရားတွင် လောင်းကစားဝိုင်း အစုံလည်းထားရှိပြီး ဘုရားပွဲကို ၅ ရက် ဆက်တိုက် ကျင်းပခဲ့ကြောင်း လောင်း ကစားပွဲအတွင်း ပွဲလာသူအချင်းချင်း ရန်ဖြစ်ကာ ဓားဖြင့်ထိုးမှုကြောင့် ဒေသခံတစ်ဦးလည်း သေဆုံးခဲ့ရပြီးဖြစ်ကြောင်း သိရသည်။ https://www.faceboo k.com/KhamSar Ngor/photos/a.625260164310576/2267103353459574/

၂၉။ စစ်ဦးစီးချုပ်ခန့်အပ်သွားမည်ဟု NUG ပြော။
February 10, 2023

လက်ရှိအချိန်တွင် စစ်ရုံးချုပ်ရုံးမှ စစ်ရေးဆိုင်ရာကွပ်ကဲမှုအချို့လုပ်ဆောင်လျက်ရှိပြီး အချိန်အတိုင်းအတာတခု အတွင်း စစ်ဦးစီးချုပ်ခန့်အပ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG မှသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော က ပြော သည်။ ၄င်းက ”တော်လှန်ရေးအောင်ဖို့ဆိုရင် အမိန့်နာခံမှုတစ်ခုတည်းအောက်မှာ ညီညီညွတ်ညွတ်နဲ့သွားဖို့ အရေးကြီးတယ်။ ကျွန်တော်တို့လည်း ကြိုးစားနေတယ်။ ပြည့်စုံမှုတော့မရှိသေးဘူး။ အချိန်အတိုင်းအတာတခုအတွင်းမှာ စစ်ဦးစီးချုပ်ခန့်သွားဖို့ ရှိတယ်”ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးဆိုင်ရာဖွဲ့စည်းပုံအရ စစ်ဦးစီးချုပ်နှင့် ဒုတိယ စစ်ဦးစီးချုပ် ခန့်အပ်ရမည်ဟု ထုတ်ပြန်ထားသော်လည်း စစ်ဒေသများကို ကွပ်ကဲရမည့် စစ်ဦးစီးချုပ်များကို မသိရှိရ သေးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးခင်ဇော်ဝင်း က ပြောသည်။ “စစ်တိုင်းတွေရဲ့ စစ်ဦးစီးချုပ်တွေခန့်ထားရင် အမိန့်နာခံမှုတစ်ခု တည်းအောက်မှာ စစ်ရေးဖော်ဆောင်မှုတွေ လွယ်လွယ်ကူကူ လုပ်လို့ရတယ်။ အခုနောက်ကျနေပြီ။ တစ်လ နှစ်လအတွင်း စနစ်တကျ မလုပ်နိုင်ရင် တော်လှန်ရေးအခြေအနေမကောင်းဘူး”ဟု ၎င်းကသုံးသပ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ၏ တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်း စသည့် စစ်ဒေသတိုင်း သုံးခုအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်းပေါင်း ၃၀၀ ကျော်ရှိပြီး မဟာမိတ်တိုင်းရင်းသား တပ်ဖွဲ့များရှိ စစ်ရေးခေါင်းဆောင်းများနှင့်ပူးပေါင်း၍ စစ်ဆင်ရေး များဖော်ဆောင်လျက်ရှိသည်။ https://www.facebook.com/thanlwinkh etnews/photos/a.213591732406733/16636730 64065252/

၃၀။ ICJ တွင် ချေပနိုင်ရေး စစ်ကောင်စီက ရခိုင်မှ လူ ၃၀ ခန့်ကို သက်သေထွက်ဆိုချက် လက်မှတ်ထိုးခိုင်း
February 9, 2023

အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နဲ့ အဖွဲ့ဟာ ၂၀၁၆/၁၇ အကြမ်းဖက်ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မောင်တော၊ ဘူးသီးတောင်ဒေသခံ ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူ ၃၀ လောက်အား ဖေဖော်ဝါရီ ၈ ရက်နေ့က အစိုးရအဖွဲ့ရုံးမှာ သက်သေထွက်ဆိုချက် ကျမ်းကျိန် လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ အစစ်ဆေး ခံဒေသခံတွေက ပြောပါ တယ်။ အစစ်ဆေးခံရမှာ ပါဝင်ခဲ့တဲ့ မောင်တောဒေသခံ ရိုဟင်ဂျာတဦးက “ကျနော်တို့ကို ၂၀၂၀ ခုနှစ်က စစ်တွေ ဟိုတယ်မှာ ၂၀၁၆/၁၇ အကြမ်းဖက်ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ဆေးခဲ့တာတွေရှိခဲ့တယ်။ အဲ့ဒီ စစ်ဆေးချက်တွေကို ICJ တရားရုံးတင်ဖို့ အတွက် ဟုတ်မှန်ကြောင်း သူတို့က ကျမ်းကျိန်ပြီး လက်မှတ်ထိုးခိုင်းတာပါ။ အသစ်စစ်ဆေးတာမရှိပါဘူး။ အဲ့ဒီအကြမ်းဖက် ဖြစ်စဥ်မှာ ကျနော်တို့ကိုယ်တိုင် မျက်မြင်လည်းမရှိခဲ့ပါဘူး။ သေနတ်သံတွေကြားတော့ ထွက်ပြေးခဲ့ကြရတာပါ”လို့ ပြောပါ တယ်။ ဦးကိုကိုလှိုင်ဦးဆောင်တဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ် ကို ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်နေ့အထိ ရောက်ရှိလာခဲ့ကြတာပါ။

စစ်ကောင်စီက အခုလို သက်သေအထောက်အားစုဆောင်းတဲ့အပေါ် ဘူးသီးတောင် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေ က “အဲဒီလိုသက်သေအထောက်အထားစု ဆောင်းတယ်ဆိုတာက ဘယ်လောက်ထိ မှန်ကန်မှု ရှိမလဲအပေါ် မှာ မူတည်တယ်။ တရားစွဲခံရတဲ့သူတွေ အနေနဲ့တော့ သူတို့ဘက်က သူတို့ထွက်ပေါက်ကိုတော့ ရှာလိမ်မယ်။ သူတို့ဘက်က လိုချင်တဲ့အချက်တွေကိုပြောတဲ့ သူတွေကိုခေါ်ယူပြီးတော့ ပြလိမ်မယ်။ သူတို့တင်ပြတဲ့ ချေပလွှာတွေဟာ ဘယ်လောက် မှန်ကန် ပါတယ်လို့ပြောပြော နိုင်ငံတကာတရာရုံးက ကျွမ်းကျင်တဲ့ တရားသူကြီးတွေ က အဆုံးဖြတ်အပေါ်မှာမူတည်တယ်။ နစ်နာသူ တွေနဲ့ တရားစွဲခံရသူတွေကတော့ တဖက်နဲ့တဖက်ကတော့ စွပ်စွဲမူတွေ ချေပမူတွေရှိမယ်။ အဲ့ဒီတော့ စွပ်စွဲချေပမှုတွေကို ဆုံးဖြတ်ရမှာက တရားသူကြီးတွေပဲဖြစ်တယ်။” စွပ်စွဲထားမှု မဟုတ်မှန်ကြောင်းနဲ့ တရားစွဲဆိုထားမှုအပေါ် လက်ခံကြားနာခြင်း မပြုလုပ်ဖို့ အချက် ၄ ချက်ကို မြန်မာအစိုးရဘက်က ICJ မှာ တင်သွင်းချေပခဲ့ပေမဲ့ ICJ က ၂ဝ၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်က ပယ်ချခဲ့ ပါတယ်။ http://burmese.dvb.no/archives/578086

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။