• Today is: Tuesday, April 30, 2024

ကလေးမြို့တွင်း စစ်ကောင်စီတပ်ဖွဲ့များရှိတဲ့ အနီးဝန်းကျင် ရှောင်ရှားဖို့ PDF- Kalay အထူးသတိပေး ထုတ်ပြန်

ဓါတ်ပုံ – PDF-Kalay (ပုံဟောင်း)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်း စစ်ကောင်စီ တပ်ဖွဲ့များ၏ အခြေစိုက်နေရာများ၊ ၎င်းတိုသွားလာသည့် လမ်းကြောင်းများနှင့် ၎င်းတို၏ မော်တော်ယာဉ်များနှင့် ဝေးရာမှ ကြိုတင်ရှောင်ရှားထားကြပါရန် ကလေးမြိုနယ်အတွင်းရှိ ပြည်သူများကို PDF- Kalay က အထူးသတိပေးလာပါတယ်။

လက်ရှိစစ်ရေးအခြေအနေများအရ အချိန်မရွေး၊ နေရာမရွေး ဖောက်ခွဲပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်လို့ စစ်ကောင်စီတပ်ဖွဲများကို ပြည်သူများအနေဖြင့် အထူးသတိပြု ကြိုတင်ရှောင်ရှား ထားကြပါရန် မေတ္တာရပ်ခံတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။  

ယမန်နေ့ ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်း ၇ နာရီခန့်က PDF- Kalay ၏ မြို့ပြပျောက်ကြားစစ်ဆင်ရေးအဖွဲ့ (Operation MoMo) အဖွဲ့က ကလေးမြို့တွင်း တာဟန်းရပ်ကွက်၊ ဒိုးဝိုင်းချောင်းလမ်းအနီး လှည့်ကင်း သွားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၃ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါ တယ်။

ဒါ့အပြင် တာဟန်းရပ်ကွက်၊ ဝယ်စလီဆေးရုံလမ်းထောင့်ရှိ ကင်းစခန်းကိုလည်း မြို့ပြပျောက်ကြား စစ်ဆင်ရေးအဖွဲ့ဘက်က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။