• Today is: Friday, March 29, 2024

(၇၅)နှစ်ပြည့် ကချင်ပြည်နယ်နေ့၊ KSCM ကချင်အမျိုးသားအလံတော် လွှင့်ထူ

ဓါတ်ပုံ – Kachin State Civilian Movement

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်စွာ ချထားတဲ့ ကြားက အထက ကျောင်း တစ်ကျောင်းမှာ ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်နေ့ ကျရောက်တဲ့ (၇၅)နှစ်ပြည့် ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြု သော အားဖြင့် ကချင်အမျိုးသားအလံတော် လွှင့်ထူတဲ့ လှုပ်ရှားမှုတရပ် KSCM ပြုလုပ်ခဲ့တယ်လို့ သိရပါ တယ်။

“KSCM သပိတ်ကော်မတီမှ ပင်လုံစာချုပ်အရ ဖြစ်ပေါ်လာသော (၇၅)နှစ်ပြည့် ကချင်ပြည်ထောင်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် လုံခြုံရေးတင်းကြပ်စွာချထားသည့် မြစ်ကြီးနားမြို့ပေါ်ရှိ အထကကျောင်း တခုတွင် ကချင်ပြည်အမျိုးသားအလံတော် လွှင့်ထူခြင်း အစီအစဉ်ကို ယနေ့နံနက်တွင် အောင်မြင်စွာ ပြုလုပ် နိုင်ခဲ့တယ်” လို့ အသိပေးထားပါတယ်။

အလားတူ အဲဒီလှုပ်ရှားမှု အစီအစဉ်အတွင်း ကချင်ပြည်၏ အိပ်မက်ဖြစ်သော ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး ခွင့် (Self-Determination) ဆိုတဲ့ စာတမ်းကိုလည်း ချိတ်ဆွဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ မြစ်ကြီးများမြို့ပေါ်တွင်း လုံခြုံရေးတင်းကြပ်စွာ ထားရှိကာ ဒီကနေ့ ကျရောက် ကချင်ပြည်နေ့ကို အစိုးရရုံးတွေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနားအခြေစိုက် သတင်းဌာနများက ဖော်ပြထားကြပါတယ်။