• Today is: Friday, March 29, 2024

နေ့စဉ်သတင်းအကျဉ်း

မတ်လ – ၂၉ – ၂၀၂၂

စစ်အာဏာရှင်ဆန့်ကျင် လူလှုပ်ရှားမှုပြုလုပ်တဲ့ ပြည်သူများကို စစ်ကောင်တပ်က အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ မတ်လ (၂၉)ရက်နေ့အထိ အသက်သေဆုံးသူ ဦးရေ( ၁၇၁၉ )အထိရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် မတရားဖမ်းဆီးခံရသူ ဦးရေ( ၁၃၀၂၄ )အထိ ရှိခဲ့ပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် ထွက်ပြေးသိမ်းရှောင် နေရသူဦးရေ( ၁၉၇၃ )အထိ ရှိကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရပါတယ်။

  • မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ၄၁ စီးပါ စစ်ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ တပ်ဖွဲ့များက ယနေ့ မတ်လ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် ပြောက်ကျားဝင်ရောက် တိုက်ခိုက်၍ စစ်သား အနည်းဆုံး ၁ ဦး ကျည်ထိမှန် ဒဏ်ရာရကြောင်းသိရှိရသည်။

 

  • အင်တာနက် ဖြတ်တောက်ခံရမှု ခုနှစ်လကျော် ရှိပြီဖြစ်သည့် ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး တပ် (PDF) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့ကို ထောက်ခံခြင်းနှင့် စစ်အာဏာရှင် စနစ် အမြစ်ဖြတ် ချေမှုန်းရေး ပြည်သူ ၃၀၀ ကျော် ယနေ့ မတ်လ ၂၉ ရက်တွင် ချီတက် ဆန္ဒပြ သပိတ်မှောက် ကြသည်။ ဆန္ဒပြ ပြည်သူများက “ KIA ၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ” ၊ “တိုင်းရင်းသားတပ်တွေ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ” ၊ “NUG အစိုးရ ဒို့အစိုးရ” ၊ “အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့် မရစေရ” ၊ “အားတင်းထားပါ စစ်ကိုင်းရေ မင်းတို့နောက်မှာ ငါတို့ရှိတယ်”၊ “အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုးနဲ့ သေပါစေ’’၊ “စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ဒို့အရေး” ၊ “ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး” ၊ “ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး” ၊ “နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည်” စသည့် ကြွေးကြော်သံ များဖြင့် ချီတက်ခဲ့ကြသည်။

 

  • ချင်းပြည်နယ်၊ဟားခါးမြို့မှာ ဒီကနေ့မနက်ပိုင်းက ရဟတ်ယာဥ်ပျက်ကျခဲ့တာ မှန်ကန်တယ်လို့ စစ် ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၄င်းတို့စစ်ကောင်စီနဲ့နီးစပ်တဲ့ NP News ဌာနကို အတည်ပြုဖြေကြားထားပါတယ်။ ဒီကနေ့မနက် ၈ နာရီ ၅၀ မိနစ်မှာ ကလေးမြို့ကထွက်ခွာလာတဲ့ အဲ့ဒီစစ်ကောင်စီရဟတ်ယာဥ်ဟာ ဟားခါးမြို့ကို ဆယ်တန်းမေးခွန်းလာပို့တာဖြစ်ပြီး ဟာခါး လေယာဥ်ကွင်းအနီးဆင်းသက်ဖို့ပြင်ဆင်နေတုန်း တောင်အောက် ကလေက ပင့်တိုက်လိုက်လို့ လေအရှိန်နဲ့ ပျက်ကျခဲ့တာလို့ဆိုပါတယ်။

 

  • ယနေ့ မတ်လ (၂၉)ရက်နေ့တွင် မင်းတပ် – မတူပီလမ်းမကြီးတစ်နေရာတွင် CDF-Mindat အဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်နေကြောင်းသိရသည်။ မင်းတပ်မြို့နယ်အတွင်း ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း CDF-Mindat အဖွဲ့၏ ဖေ့ဘုတ်လူမှုကွန်ရက်တွင်ဖော်ပြထားသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန် ကျောင်းသားပြည်သူများသည် မတ်လ ၂၉ ရက်နေ့တွင် ၄၁၅ ရက်မြောက် သပိတ်စစ်ကြောင်း ဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

 

  • ရန်ကုန် မြောက်ဥက္ကလာမြို့နယ်တွင် yangon northokkalapa revolution (Rgnnoprv) အဖွဲ့က တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ မတ်လ ၂၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် အလံ ခြေဖြင့် နင်းကာ အကြမ်းဖက် စစ်ျကာင်စီ အမြတ်ပြတ် ချေမှုန်းရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများ၊ Progressive Muslim Youth Association – PMYA၊ North Dagon Oppressed People’s Strike Colition-NDOPSC နှင့် ရွှေပြည်သာ မြို့နယ် သပိတ်ကော်မတီတို့ ပူးပေါင်း၍ မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ “ဖက်ဆစ်ဝါဒ တိုက်ဖျက်ကြ ပြည်သူ့ဒီမိုကရေစီတည်ဆောက်ကြ” စာသားပါဘန်နာအား ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၂၉ ရက်နေ့ တွင် “​ဒီအချိန်မှာ တော်လှန်စိတ်ရှိသူများသာ သမိုင်းနဲ့အမှန်တရားကပေးတဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာရှိသူပါ။ သံဃသမဂ္ဂ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ် ၂၉ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၌ မတ်လ ၂၉ ရက်‌နေ့တွင် အရာတော်မြို့နယ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးရွာလူထုပါဝင်သော ကျောင်းသား-လူထု သပိတ်စစ်ကြောင်း သည် ❝‌သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ❞ စာသားပါဘန်နာအား ကိုင်​ဆောင်ပြီး ဗကသခွပ်ဒေါင်းအောင်လံအား လွှင့်ထူကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး လှုပ်ရှား မှုတရပ် ပြုလုပ်ခဲ့ပါသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး လက်ပံတောင်းဒေသ ဖောင်းကားသပိတ် စစ်ကြောင်း သည် မတ်လ ၂၉ ရက်တွင် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ယနေ့ မတ်လ ၂၉ ရက်နံနက်တွင် ဆားလင်းကြီးမြို့နယ်ရှိ တော်လှန်ပြည်သူများသည် ၃၈၄ ရက်မြောက် ရွာပေါင်းစုံသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြကြ သည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၉ ရက်နေ့တွင်တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ်စစ်ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ မတ် ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဒါ့အပြင် ယင်းမာပင်မြို့နယ်ရှိ အခြား ကျေးရွာ ၃ ရွာက ပြည်သူများဦးကာ သပိတ် စစ်ကြောင်း ယနေ့ မတ်လ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ်စစ်ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ မတ် ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မတ်လ (၂၈) ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က အမျိုးသား စည်းလုံးညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC) နဲ့ NCA လက်မှတ်ထိုး ထားတဲ့ အဖွဲ့ (၅) ဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) (PC) တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

  • ရှမ်းမြောက် မူဆယ်ခရိုင် မုံးပေါ်ဒေသ မန်နောင်ကောင်ရွာအနီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်ကို ကချင်တပ်မတော် (KIA)က မနေ့တစ်ရက်ထဲ ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ရွာတွေထဲ စစ်တပ်က တစ်ဖက်သတ် လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။ KIA တပ်ဖွဲ့က ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ တစ်ဖက်သတ် ပစ်ခတ်ခဲ့တာဖြစ်ပြီး နှစ်ဖက်တပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတော့ မရှိဘူးလို့ ရွာခံတစ်ဦးက ပြောပါတယ်။

 

  • တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ စတုတ္တအကြိမ် ထိပ်သီးခေါင်းဆောင်များ ညီလာခံ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ညီလာခံသည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ မှာ ယနေ့ မတ် (၂၉) ရက်မှ ဧပြီ (၂) ရက်နေ့ထိ ၅ ရက် သာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

  • မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမ်းမြို့ပေါ်သို့ ထွက်ပြေးခိုလှုံ နေကြသည့် စစ်ဘေးရှောင် တစ်ထောင်ကျော်မှာ ယနေ့(မတ်လ ၂၉ ရက်)တွင် ပြည်နယ်စစ်ကောင်စီ ၏ အစီအစဉ်ဖြင့် ၄င်းတို့၏နေရပ်များသို့ ပြန်သွားကြပြီဖြစ်ကြောင်းသိရသည်။

 

  • PDF အဖွဲ့အား ငွေကြေးထောက်ပံသည်ဟုစွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးအမှုကို နောက် တစ်ပတ်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ကြားနာရန် ချိန်းဆိုထားကြောင်း ရှေ့နေထံမှသိရ သည်။ ကိုမင်းကိုဦးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ၎င်း၏ နေအိမ်မှလာရောက် ဖမ်းဆီး ခဲ့ပြီး တောင်ကုတ်မြို့နယ်ရဲစခန်းမှ ဒုရဲမှူး ဇော်လတ်က တရားလိုပြုလုပ်၍ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(ည)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

 

  • ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ကန်ပက်လက်နှင့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force (Saw-Kyaukhtu) တို့ မဟာမိတ်ဖွဲ့စည်းထားကြောင်းကို ယနေ့ မတ်လ ၂၉ ရက်နေ့တွင Chin Defense Force – Kanpetlet page တွင် ကြေညာသည်။

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection