• Today is: Tuesday, May 21, 2024

ပြည်သူ့စစ်သား

ပြည်သူ့စစ်သား
**********
အမှန်တရား လက်ကိုင်ထားကာ
မားမားမတ်မတ် ပြည်သူ့ဘက်က
ရပ်တည်ပေးကာ ရဲဝံ့ပါသော
ပြည့်အာဇာနည် မောင်စစ်သည်တို့…။

စစ်တက္ကသိုလ်ဂုဏ် တပ်မတော်ဂုဏ်ရယ်
ဂုဏ်အပေါင်းတွေ မညှိုးစေဖို့
တွေဝေမနေဘဲ အံကိုခဲ၍
ရဲရဲဝံ့ဝံ့ အသက်စွန့်ကာ

ကြောက်ရွံ့မရှိ ကိုယ့်အသိဖြင့်
မိမိသမိုင်း စစ်သမိုင်းကို
မရိုင်းရအောင် ထမ်းရွက်ဆောင်ရန်
မင်းအောင်လှိုင်အောက် ဒူးမထောက်ဘဲ
ရွံကြောက်တွန်းလှန် CDM မှာ

မှန်ကန်စွာပင် ခိုလှုံဝင်လို့
ပြည့်ရင်ခွင်မှာ ရဲဝံ့စွာနှင့်
ပါဝင်လာမှု ပူးပေါင်းမှုကို
ဂုဏ်ပြုကြိုဆို လက်ကမ်းကြိုနေ

ဒီမိုကရေစီ ဖက်ဒရယ်ပြည်အား
တည်ဆောက်ကြမည် တွဲလက်ညီစို့
ပြည်သူ့စစ်သား ဇာနည်ဘွား ။

– နွေဦးအာကာ