• Today is: Saturday, April 20, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

ဖက်ဒရယ်ဂျာနယ်မြန်မာရဲ့ အပတ်စဉ်လူမျိုးပေါင်းစုံသတင်း

(No. 13, February 14, 2023)

၁။ မွန်ပြည်သစ်ပါတီနှင့် စစ်ကောင်စီတို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေ
February 14, 2023

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (MNSP) နဲ့ စစ်ကောင်စီဩဇာခံ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ဟာ နေပြည်တော်မှာ မနေ့ ဖေဖော်ဝါရီ ၁၃ ရက်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒီဆွေးနွေးပွဲကို စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးခဲ့တာပါ။ ဆွေးနွေးပွဲ ပထမနေ့မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အခြေခံကျတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်ရေးအတွက် နှစ်ဖက်ဆွေးနွေးခဲ့ တယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဒုတိယနေ့အဖြစ် ထပ်မံဆွေးနွေးသွားမယ် လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး တက်ရောက်ဆွေးနွေးရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိဘူး။ မွန်ပြည်သစ်ပါတီကတော့ စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ တက်ရောက်ရတာဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့အတွက် ကြိုးပမ်းတာဖြစ် တယ်လို့ ပြောဆို ထားပါတယ်။ မွန်တော်လှန်ရေးအင်အားစုတွေကတော့ မွန်ပြည်သစ်ပါတီက စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေး နေတာဟာ တိုက်ပွဲရှောင်လွှဲဖို့နဲ့ ကိုယ်ကျိုးစီးပွားအတွက်သာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။ http://burmese.dvb.no/arc hives/578797

၂။ လွိုင်ကော်မှာ ၂ နှစ်အရွယ်ကလေးတဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့
February 13, 2023

ဖေဖော်ဝါရီ ၁၂ ရက် မနက် ၁၁ နာရီခန့်က လွိုင်ကော်၊ ထီးရိကျေးရွာအတွင်း လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ၂ နှစ်ခွဲအရွယ် ယောကျာ်းလေးတဦး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။ “လွိုင်ကော် မြို့အထွက်နားကိုကျတာပေါ့၊ ထီးရိရွာဘက်၊ အဲ့ဒီချိန် ကလေးက ယာခင်းထဲရှိနေတာ၊ လက်နက်ကြီးကျတာ သူ့နေရာနဲ့ နည်းနည်းတော့ဝေးတယ်၊ လက်နက်ကြီးအစ လာရှပ်ထိတာ ပေါ့၊” လို့ ဒဏ်ရာရခဲ့တဲ့ ကလေးငယ်ကို ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်း တာဝန်ရှိသူက ပြောပြပါတယ်။ လက်နက်ကြီးစက မောင်ရွှေသဲရဲ့ ညာခြေထောက်ကို ရှပ်ထိခဲ့တာပါ။ ဒဏ်ရာအခြေ အနေက မစိုးရိမ်ရတော့ပဲ ချက်ချင်း ဆေးရုံ ဆင်းပြီး နေအိမ်ပြန်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ယခု ထိခိုက်တဲ့ ကလေး အပါအဝင် ဖေဖော်ဝါရီလအတွင်း လက်နက်ကြီး ကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦး ရှိနေပြီ ဖြစ်ပါတယ်။ https://www.facebook.com/ph oto?fbid=212828121269788&set=pcb.212828174603116

၃။ ၁၀ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၅ ဦးထက်မနည်းသေဆုံး၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၃ ဦး ကျဆုံး
February 13, 2023

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့အကြားဖြစ်ပွားသော ၁၀ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၅ ဦးထက်မနည်းသေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၃ ဦးကျဆုံးခဲ့သည်ဟု သိရသည်။ Chin National Army (CNA) ဦးဆောင်သော ချင်းပူးပေါင်းကာကွယ် ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ဖေဖော် ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ချင်းပြည်နယ် မတူပီမြို့နယ် ဇိုတုန်ဒေသ နှင့် ထန်တလန်မြို့နယ်တို့တွင် တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားခဲ့ ကြသည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကထုတ်ပြန်သည်။ CNA ၏ တပ်မဟာ ၁ နယ်မြေအတွင်းရှိ မတူပီမြို့နှင့် ရေဇွာမြို့အကြား ဇိုတုန်ဒေသအတွင်း ဖေဖော်ဝါရီလ ၄ ရက်နေ့က အင်အား ၁၃၀-၁၅၀ အကြားဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို CNA နှင့်ပူးပေါင်း တပ်ဖွဲ့များဖြစ်ကြသော CDF-Matupi, CDF-Zotung, CDF-Mara တို့မှ ၆ ရက်တိုင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ ဦး ထက်မနည်း သေဆုံးပြီး ၂၀ ဦးကျော်ဒဏ်ရာရရှိခဲ့သည်ဟု CNF ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

CNA ၏ တပ်မဟာ ၃ နယ်မြေအတွင်းရှိ ထန်တလန်မြို့တွင် CNA နှင့် CDF-Thantlang တပ်ဖွဲ့တို့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီတပ်သားနှင့် ရဲ ၆ ဦးကိုလက်နက်များနှင့်တကွ အရှင်ဖမ်းမိခဲ့သည့်အပြင် ဖေဖော်ဝါရီ ၈ ရက်နေ့ တွင် စစ်ကောင်စီတပ်ဖွဲ့များခြေကုပ်ယူထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက် ဆိုသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း CNA တပ်မဟာ ၄ နယ်မြေအတွင်းရှိ လိုင်သွီးကျေးရွာအနီး၌ ရိက္ခာသယ်ယူနေသော CNA နှင့် CDF-Hualngoram ရဲဘောများကို စစ်ကောင်စီ၏ လက်ပါးစေ ZRA မှ ချုံခိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် မှုဖြစ် ပွားခဲ့ပြီး ZRA ရဲဘော်တစ်ဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု CNF ကဆိုသည်။ ချင်းပြည်နယ်တွင်ဖြစ်ပွားသည့် ယင်း ၁၀ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၎င်းတို့ထံမှ လက်နက်အလက် ၅၀ ကျော်နှင့် ခဲယမ်းအမြောက် အများသိမ်းယူနိုင်ခဲ့သည်ဟုဆိုသည်။ အဆိုပါတိုက်ပွဲ အတွင်း CNA ရဲဘော် ၂ ဦးဒဏ်ရာရရှိခဲ့ပြီး ရဲဘော် ၃ ဦး ချင်းပြည်နှင့် ချင်းအမျိုးသားများကိုယ်ပိုင်ပြဌာန်းရရှိရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့သည်ဟု CNF ကထုတ်ပြန်ထားသည်။ https://www.facebook.com/KhonumthungBurmese/photos/pcb.3364073410527344/3364072600527425/

၄။ ဖယ်ခုံမြို့နယ် ဘာသာရေးကျောင်းများကို စစ်ကောင်စီက ပစ်ခတ်
February 13, 2023

ဖယ်ခုံမြို့နယ် ၊ ရီလုံရီကန်ကျေးရွာအုပ်စု၊ ဝါရီခူကျေးရွာရှိ ကက်သလစ် ခရစ်ယာန် မယ်တော်ဂူကုန်းကို စစ်ကောင်စီက လေကြောင်းလိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ည ၁၁ နာရီဝန်းကျင် တွင် စစ်ကောင်စီက ခရစ်ယာန် မယ်တော်ဂူကုန်းကို လေကြောင်းလိုင်းဖြင့် ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် အဆောက်အအုံ တစ်ချို့ ပျက်စီးခဲ့ကြောင်း သိရသည်။ “သူတို့ လာပစ်သွားတာက ၁၀ ရက်နေ့ ညက လာပစ်သွားတာ။ လေယာဉ်နဲ့ လာပစ်ခဲ့တာ။ အဆောက်အအုံတွေ တစ်ချို့က ပျက်စီးသွားတာရှိတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရှိသွားတာတော့ မရှိဘူး” ဟု ဖယ်ခုံမြို့ ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီ လာပစ်ခတ်ခဲ့သည့် ဝါရီခူကျေးရွာ မယ်တော်ဂူကုန်း အနီးပတ်ဝန်းကျင်တွင် စစ်ဘေး ရှောင်စခန်းများ တည်ရှိထားကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်ဘာသာ ကက်သလစ် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မ ပွဲတော်ကို ကျင်းပသည့် ရက်ဖြစ်သဖြင့် စစ်ကောင်စီက ဖယ်ခုံမြို့နယ် ဝါရီခူကျေးရွာရှိ ကက်လသစ် မယ်တော်ဂူကုန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ “ ၁၁ ရက်နေ့က တစ်ကမ္ဘာလုံးက ဆုတောင်း ပြည့် လုဒ်မယ်တော် သခင်မပွဲတော်ကို လုပ်ကြတယ်။ ကံကောင်းလို့ ဒီနှစ်က မယ်တော်ဂူကုန်းမှာ ပွဲမလုပ်ဘူး။ သူတို့ အဲ့နေ့ အတွက် ရည်ရွယ်ပြီး ပစ်တာလားမသိဘူး။ အဲ့မယ်တော်ဂူ အနီးတစ်ဝိုက်မှာလည်း စစ်ဘေးရှောင်စခန်းတွေ ရှိထားတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။ နိုင်ငံတကာ ဥပဒေအရ ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ပစ်ခတ်ခွင့်မရ ကြောင်း ကရင်နီ လူ့အခွင့်ရေး ကိုဗညားက ပြောသည်။ “ ဘာသာရေး အဆောက်အအုံတွေက နိုင်ငံတကာ ဥပဒေအရ ကြည့်မယ် ဆိုရင် ပစ်ခတ်လို့ မရတဲ့ နယ်မြေတွေဖြစ်တယ်။ စစ်ကောင်စီ ကတော့ ကျနော်တို့ ပြည်နယ်တွေမှာတော့ ဘာသာရေး အဆောက် အအုံတွေ ဦးတည်ပြီး ပစ်ခတ်နေတယ်။ လူ့အခွင့်ရေးကိုလည်း ချိုးဖောက်ပြီး ချိုးဖောက်နေတာပဲ” ဟု ၎င်းက ပြောသည်။ https://www.facebook.com/shannewsburmese/photos/pcb.5930154397076954/5930153547077039/

၅။ နောင်ချိုတိုက်ပွဲ စစ်ကောင်စီ ၂၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
February 13, 2023

သျှမ်းပြည် နောင်ချိုမြို့တွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) PDF တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၂၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများကိုလည်း PDF တို့က သိမ်းဆည်းရ မိကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှု အပါအဝင် လက်နက် ကြီး လက်နက်ငယ် များဖြင့် MDF – PDF ကို ထိုးစစ်ဆင်တိုက်ခိုက်လာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၂၅ ဦး သေဆုံးကြောင်း (MDY-PDF) က ထုတ်ပြန်ခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်ရင်း/တပ်ဖွဲ့များရှိရာ ပြင်ဦးလွင်နှင့် နောင်ချိုဘက်သို့ စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်ရာ MDY- PDF များမှ ခုခံတွန်းလှန်နိုင်ခဲ့ပြီး စစ်ကောင်စီ ထံမှ လက်နက်ခဲယမ်း မြောက်များစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့ ကြောင်း၊ တိုက်ပွဲ အတွင်း MDY PDF ဘက်မှ ရဲဘော် ၂ ဦး ကျဆုံး ခဲ့ရပြီး မျက်မြင် အတည်ပြုချက်များအရ စစ်ကောင်စီဘက်မှ ၂၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နောင်ချိုမြို့မှ ကျေးရွာ ၄ ရွာနေ ပြည်သူ ၁၅၀ ကျော်သည် နေအိမ်စွန့်ခွာ ကာ စစ်ရှောင်ထွက်ပြေးနေရသဖြင့် အစား အသောက် နှင့် အနွေးထည်အတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေ ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ “စစ်ရှောင်လာရတာကတော့ ၁၀ ရက်နေ့ ကတည်းကပေါ့၊ ဒီက ဘုန်းကြီး နဲ့ ရွာလူကြီးတွေကပဲ ကူညီပြီး စီစဥ်ပေးထားတယ်။ ဒါပေမယ့် လူပေါင်း ၁၅၀ ကျော် အတွက်တော့ မလုံလောက်နိုင် သေးဘူးပေါ့၊ အဓိကကတော့ အနွေးထည် နဲ့ အစားအသောက်တွေ ကူညီထောက်ပံ့မှု လိုအပ်တယ်” ဟု စစ်ရှောင်ကို ကူညီပေးနေသည့် ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ အဆိုပါ စစ်ရှောင်ထွက်ပြေးရသူများသည် လုံခန်ရွာ၊ နားခါးရွာ၊ ခေးနင်းရွာ (ဒိုးပင်ရွာ)၊ ပိန်းညို့ရွာ နှင့် ပိန်းအွယ်ဒေသခံရွာသား ၁၅၀ ကျော်တို့က ဟိုခိုရွာရှိ ဘုန်းကြီးကျောင်းသို့ စစ်ရှောင်ခိုလှုံနေပြီး လက်ရှိတွင် အစားအသောက် နှင့် အနွေးထည်များ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် မြေပြင် ထိတွေ့တိုက်ပွဲ ငြိမ်သက်သွားသော်လည်း နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာမှုများ ရှိနေသေးသည့်အတွက် စစ်ရှောင်များက နေရပ်မပြန်နိုင်သေးပေ။ https://www.faceboo k.com/shannewsburmese/photos/a.341540565938393/5930163623742698/

၆။ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အတူ CDF-Kanpetlet ထံ လာရာက်ပူးပေါင်း
February 13, 2023

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ခမရ-၃၀၄ လက်အောက်ခံတပ်သား လင်းထက်အောင် သည် ပြီးခဲ့သည့် ဇန္နဝါရီလ ၃၀ ရက်နေ့က CDF-Kanpetlet ထံ လက်နက်နှင့်အတူ လာရောက်ပူး ပေါင်းခဲ့ ကြောင်းသိရသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားလင်းထက်အောင်သည် MA 1- ၁ လက်၊ MA ကျည်ဆံ – ၃၃၆ တောင့်၊ နင်းမိုင်း- ၁ လုံး၊ လက်ပစ်မိုင်း- ၁ လုံး၊ အီနာဂါ -၂ လုံး၊ စကားပြောစက် – ၁ လုံး၊ ကျည်ကာ အင်္ကျီ – ၁ ထည် တို့နှင့်အတူ လာရောက် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း CDF-Kanpetlet ကသတင်းထုတ်ပြန်သည်။ https://www.facebook.com/KhonumthungBu rmese/photos/a.181143113579 1587/3363448100589875/

၇။ တအာင်းလူမျိုးတွေကို တပ်သားအဖြစ် မစုဆောင်းဖို့ TNLA က SSPP ထံ စာပို့
February 13, 2023

တအာင်းလူမျိုးတွေကို တပ်သားအဖြစ် မစုဆောင်းဖို့ တအာင်းတပ်မတော် (TNLA) က ရှမ်းပြည်တပ်မတော် (SSPP/ SSA) ထံ ပေးပို့တဲ့စာ ထွက်ပေါ်လာပါတယ်။ TNLA ရဲ့ တပ်မဟာ ၆ ဒေသဖြစ်တဲ့ လားရှိုးခရိုင်မှာ SSPP တပ်ဖွဲ့ဟာ တအာင်း လူမျိုးတွေကို စစ်မှုထမ်းစေတာ၊ အခွန်ကောက်ခံတာတွေမလုပ်ဖို့ ဖေဖော်ဝါရီ ၁ ရက် ရက်စွဲနဲ့ ပေးပို့တဲ့စာမှာ ဖော်ပြ ထားပါ တယ်။ SSPP အနေနဲ့ တအာင်းတိုင်းရင်းသားတွေကို စစ်မှုထမ်းစေတာ၊ အခွန်ကောက်ခံတာတွေကို ဆက်လုပ် နေရင် မိမိတို့ရဲ့ တအာင်းလူမျိူးတွေကို အကာအကွယ်ပေးပြီး စောင့်ရှောက်မှုတွေ ပြုလုပ်သွားမယ်လို့ TNLA က ဆိုပါတယ်။ SSPP ထံ TNLA က ပေးပို့တဲ့စာ မှန်ကန်ကြောင်း TNLA ရဲ့ အရာရှိတစ်ဦးက အတည်ပြု ပြောဆိုထားပြီး အခြား လက်နက်ကိုင်တပ်ဖွဲ့တွေ ဆီလည်း ပေးပို့ထားပြီးတော့ ဘယ်အဖွဲ့လဲဆိုတာကို ပြောဆိုတာ မရှိပေ။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။ TNLA နဲ့ SSPP တို့နှစ်ဖွဲ့ဟာ “ဝ” ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ရဲ့ အဖွဲ့ဝင် ဖြစ်ပါတယ်။ https://www.facebook.c om/photo/?fbid=513327 450974524&set=pcb.5

၈။ စစ်တပ်သတင်းပေးနှင့် ဒုတပ်ရင်းမှူးအဖွဲ့ကို KIA ဖမ်းဆီးလိုက်ပြီးနောက်တပြိုင်နက် စစ်ကောင်စီတပ်မှ ဆဒုံးမြို့ အတွင်း မာရှယ်လော ထုတ်ပြန်
February 14, 2023

ကချင်ပြည်နယ် ဆဒုံးမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ စစ်တပ်သတင်းပေးတစ်ဦးကို KIA တပ်ရင်း ၃ မှ ဖမ်းဆီးလိုက် ပြီးနောက် ည ၉ နာရီနောက်ပိုင်းအပြင်မထွက်ရ မာရှယ်လောထုတ်ပြန်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။ ဆဒုံးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးလုပ်ကိုင်‌နေသည့်သူအား ဖမ်းဆီးရမိပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက် နံနက်အစော ပိုင်းတွင် ရွှေမော်လုပ်ကွက်ကြည့်ရန် အိမ်စီးကားဖြင့်ထွက်လာသည့် ခလရ ၃၈၉ ဒုတပ်ရင်းမှူး နှင့်အတူ အဖွဲ့သားများကိုလည်း ဆဒုံးရေတံခွန်နဲ့ ဘွမ်တောင်ရွာကြား လမ်းတစ်နေရာတွင် KIA မှ ထပ်မံဖမ်းဆီး လိုက်ကြောင်း KIA တပ်ရင်း ၃ အရာရှိတစ်ဦးက ယခုလို ပြောသည်။ “ဖြစ်စဉ်က ၁၂ ရက်နေ့ သူတို့သတင်းပေး ထောက်ပို့တစ်ဦးပေါ့ ပြည်သူပဲ၊ သူ့ကို ကျနော်တို့ဘက်က စုံစမ်း ဖမ်းဆီးထား လိုက်တာကနေ စလာတာ။ ဆိုတော့ အဲ့ညမှာပဲ သူတို့က စစ်အင်အားတွေနဲ့လှုပ်ရှားပြီး မြို့တွင်းလုံခြုံရေးတွေယူပြီး ပြည်သူတွေကို ၉ နာရီ နောက်ပိုင်း မထွက်ရဆိုပြီး မာရှယ်လော ထုတ်လိုက်တယ်။ တပြိုင်နက် မနေ့က မနက်က ဒုတပ်ရင်းမှူးနဲ့ သူ့အဖွဲ့ကို ရေတံခွန် အထက်မှာ ပြန်တားဆီး ဖမ်းထားလိုက်တယ်။ အခု မနေ့ညအထိ မြို့တွင်းသူတို့ လုံခြုံရေးတွေ တော်တော် တင်းကြပ်ထားတယ်။” ဟု အမည်မဖော်လိုသူ KIA တပ်ရင်း ၃ အရာရှိတစ်ဦး ပြောသည်။

စစ်တပ် ဒုတပ်ရင်းမှူးအဖွဲ့ ဖမ်းဆီးခံရပြီးနောက် ထိုနေရာတဝိုက်သို့ ယမန်နေ့ နေ့လည်ပိုင်း၌ပင် စစ်ကောင်စီ စစ်ကြောင်း ဆက်လက်ချီတက်လှုပ်ရှားလာရာ KIA မှကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု ဆိုသည်။ ယခုချိန် စစ်ကောင်စီမှ ဆဒုံးဗျူဟာကုန်းပတ်ဝန်းကျင်နဲ့ မြို့တွင်း နေ့၊ ည မပြတ်ဆက်တိုက် လုံခြုံရေးများ တင်းကြပ်ထား ကြောင်း ၉ နာရီ နောက်ပိုင်းထွက်သည့်သူအား ပစ်သတ်ရန် ဆဒုံးမြို့နယ်ဗျူဟာမှူး တင်အောင်ကျော်မှ ပြောဆိုထားကြောင်း သိရသည်။ ဆဒုံး-ကန်ပိုင်တီလမ်း အင်ဝမ်းကောင်နှင့် ဘွမ်တောင်ရွာတလျှောက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် KIA တပ်မဟာ ၅ တပ်ရင်း ၃ တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး KIA မှ ဆဒုံးရေတံခွန်အနီး ပတ်ဝန်းကျင် တွင် နေရာယူထားနိုင်ကြောင်း သိရသည်။ https://burmese.kachinnew s.com/2023/02/14/ld-13/

၉။ လက်နက်ကြီးကြောင့် ဘီးလင်းက သံဃာနှစ်ပါးနဲ့ ကိုရင်တစ်ပါး ဒဏ်ရာရ
February 13, 2023

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် မိချောင်းအိုင်ရွာ ဘုန်းတော်ကြီးကျောင်းထဲကို ဖေဖော်ဝါရီလ ၁၁ ရက် ညပိုင်း က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ သံဃာတော်နှစ်ပါးနဲ့ ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်ဟာ ဘုန်းကြီးကျောင်း သိမ်ကို ထိမှန်ခဲ့တာလို့ ဘီးလင်း ဒေသခံတစ်ဦးက ပြောပါတယ်။ “သူတို့ (စစ်ကောင်စီတပ်) ပစ်လိုက်တာ ဘုန်းကြီးကျောင်းသိမ်ထဲကို လက်နက်ကြီး တစ်လုံးကျ တော့ သိမ်ပျက်စီးသွားတယ်။ ၁၂၀ မမတွေနဲ့ ပစ်တာ။ ထိခိုက်ဒဏ်ရာရတဲ့ သံဃာနှစ်ပါးနဲ့ ကိုရင်တစ်ပါးကတော့ ဆေးကုသမှုခံ ယူနေရတယ်။ လက်နက်ကြီးတွေ ကတော့ အဲဒီလို မကြခဏရွာထဲကို ပစ်တယ်။ တခြားရွာတွေကိုလည်း ပစ်တယ်” လက်နက် ကြီးကျည်ကြောင့် သက်တော် ၁၁ နှစ်အရွယ် ကိုရင် ရှင်တေဝံသ၊ သက်တော် ၅၆ နှစ်အရွယ် ဦးသောမနနဲ့ သက်တော် ၇၁ နှစ် အရွယ် ဦးပဏ္ဍတိတတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ ၂၀၂၂ ခုနှစ် သြဂုတ်လကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သံဃာတော်တွေ အပါအဝင် ဒေသခံ ၂၁၈ ဦးသေဆုံးခဲ့ပြီး ၅၉၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ https://www.rfa.org/burmese/news/mon-weapon-02132023050850.html

၁၀။ တောင်ကုတ်တွင် တက္ကသိုလ်ကျောင်းသား ၃ ဦးကို ရဲတစ်ဦးက ရိုက်နှက်၊ တောင်ကုတ်ရဲစခန်းက မဟုတ်ဟု ငြင်း
February 13, 2023

ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၂ ရက် နေ့က တက္ကသိုလ်ကျောင်းသား ၃ ဦး ရိုက်နှက်ခံရမှုရှိခဲ့ ကြောင်း ရိုက်နှက်ခံရသည့် ကာယကံရှင်များကပြောသည်။ ဖြစ်စဉ်မှာ ည ၉ နာရီဝန်းကျင်ခန့်တွင် တောင်ကုတ်မြို့ ကိုင်းရှည်တံတားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ၃ ဦးအား ရိုက်နှက်ခဲ့သူမှာ ရဲဝန်ထမ်းတစ်ဦးဖြစ်သည်ဟု ကျောင်းသားများကပြောသည်။ ည အချိန် ဆိုင်ကယ်ဖြင့် ပြန်လာစဉ် တံတားအ‌ကျော်တွင် စောင့်ကြပ်နေသည့် ရဲဝန်ထမ်း များထဲမှ တစ်ဦးက စတင်ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု ရိုက်နှက်ခံကျောင်းသားများထဲမှ တစ်ဦးကပြောသည်။”ကျနော်တို့ကနည်းနည်းတော့သောက်ထားတယ်။ ဆိုင်ကယ် က နှစ်ယောက်တစ်စီး တစ်ယောက်တစ်စီး စီးလာကြ တာ။ တက္ကသိုလ်ဖက်က ပြန်လာကြတာပါ။ ကိုင်းရှည်တံတား ဖြတ်ပြီး အပြန်မှာ မီးပွိုင့်မရောက်ခင် ရဲကကျနော့်ကို စထိုးတာ ဆိုင်ကယ်ပေါ်ကဆင်းကျသွားတယ်။ သတိမေ့သလိုဖြစ်သွားတယ်။ ပြီးတော့ တစ်ခြားသူတွေကို ဘာမပြော ညာ‌မပြောနဲ့ ဆက်ထိုးတယ်” ဟုပြောသည်။

ရိုက်နှက်ခံရသူ တက္ကသိုလ်ကျောင်းသား ၃ ဦးမှာ မောင်နိုင်ဝင်းထွန်း၊ မောင်နိုင်ဖြိုး၊ မောင်မျိုးကျော်ဝင်း တို့ဖြစ်ပြီး တောက်ကုတ်တက္ကသိုလ်တွင် သင်္ချာမေဂျာ တတိယနှစ် အဝေးသင်တက်ရောက်နေသူများဖြစ်ကြပြီး ၎င်းတို့က မူလတန်းပြ ကျောင်းဆရာများလည်းဖြစ်ကြသည်။ ရဲဝန်ထမ်းအား ထိုသို့ရိုက်နှက်ခံရမှုနှင့်အတူ လက်အုပ်ချီတောင်းပန် ခဲ့ရကြောင်း၊ အပြစ်ရှိ သည်ဆိုပါက စခန်းသို့ခေါ်သွား၍ စိစစ်၍ရပြီး ယခုကဲ့သို့ ရိုက်နှက်မှုမှာ လူသားမဆန်သော လုပ်ရပ်ဖြစ်သည်ဟု ရိုက်နှက်ခံရသည့်ကျောင်းသားများကဆိုသည်။ “ကျနော်တို့ သောက်လာကြတယ်။ အဲ့ဒါတော့ ကျနော်တို့ဖက်ကအမှားပေါ့။ ဒါပေမယ့် ‌မပြော မဆိုကျနော်တို့ကို ရိုက်စရာမလိုဘူးလို့ထင်တယ်။ အခုက လက်အုပ်ချီ တောင်းပန်ခဲ့ရတယ်။ အပြစ်ရှိတယ်ဆိုရင် စခန်းခေါ်ပြီး အချုပ်ခန်းထဲမှာထားလိုက် ရတယ်။ ခုလိုလုပ်တာကတော့ လူသားမဆန်တဲ့ လုပ်ရပ်မျိုးပဲ” ဟုပြောသည်။ ကိုင်းရှည် တံတား လမ်းကို လက်ရှိတွင်ပြုပြင် လျှက်ရှိနေပြီး ထိုနေရာ တွင် ရဲဝန်ထမ်းများချထားမှုတို့ရှိကြောင်း ဒေသခံများ၏ပြောပြချက်အရသိရ သည်။ ကျောင်းသား ၃ ဦးအား ကိုင်းရှည် တံတားအလွန်တွင် ရဲဝန်ထမ်းတစ်ဦးက ရိုက်နှက်ခဲ့သည်ဟူသည့် ကိစ္စနှင့်ပတ်သက်၍ တောင်ကုတ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးအားမေးမြန်းကြည့်ရာ မဟုတ်မှန်ကြောင်း ပြောသည်။ https://www.facebook.co m/westernne wsagency/photo s/a.119286173211229/712052367267937

၁၁။ စင်းခန်းကျေးရွာရှိ ချောင်းကူးတံတားတွင် ငွေမပေးနိုင်သည့် ဘက်ဟိုးကားများအား စစ်ကောင်စီမှ ဖြတ်သန်း ခွင့်မပြု
February 13, 2023

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာက ချောင်းကူးတံတားမှာ ဂိတ်ထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငွေမပေးနိုင်တဲ့ ဘက်ဟိုးကားတွေကို ဖြတ်သန်းခွင့်မပေးဘူးလို့ သိရပါတယ်။ ဗန်းမော် – မန္တလေးလမ်းမကြီး ပေါ်မှာရှိတဲ့ အဲဒီ စင်းခန်းချောင်းကူးတံတားမှာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဂိတ်ထိုင်ကြပြီး တံတားဖြတ်သန်းဖို့အတွက် ဘက်ဟိုးကားကြီးတစ်စီးကို ငွေငါးသိန်းတောင်းခံလေ့ရှိပြီးတော့ ဖြတ်သန်းခွင့်မပြုဘဲ ရပ်ထားခိုင်းတဲ့ ဘက်ဟိုးကား (၅) စီးဝန်း ကျင်လောက် ရှိနေပါတယ်။ အဲဒီကားတွေကို ဖေဖော်ဝါရီလအစောပိုင်းက ငွေမပေးနိုင်တာကြောင့် ဖြတ်သန်းခွင့်မပြုဘဲ ရပ်ခိုင်း ထားတာ ဆယ်ရက်နီးပါးရှိလာပြီဖြစ်ပြီး ဒီကနေ့အချိန်ထိလည်း ဖြတ်သန်းခွင့်မပေးသေးဘူးလို့ စင်းခန်းဒေသခံ အမျိုးသားတစ်ဦး က ပြောပါတယ်။ “ခါတိုင်းဆိုရင် ဒီလောက်ကြီး မကြာဘူးဗျ။ ပိုက်ဆံမပေးတာလား ဒါမှမဟုတ် ပေးရဲ့သားနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်က လာလို့လား မပြောတတ်ဘူး။ ရပ်ထားတာ ၁၀ ရက်လောက်ရှိပြီ။” လို့ဆိုပါတယ်။

အဲဒီ စင်းခန်းချောင်းကူးတံတား တစ်ခုမှာတင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဂိတ် သုံးခုရှိပြီး တံတားထိပ်နှစ်ဖက်မှာ ခမရ (၃၁၉) ၊ ခလရ (၁၂၁)နဲ့ တံတားရဲ့အလယ်မှာ ခမရ (၃၁၇)တပ်နဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ စုပေါင်းထိုင်ကြပြီး ဖြတ်သန်းသွားလာတဲ့ ကားတိုင်းဆီကလည်း ငွေတောင်းခံလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဘက်က ဝင်ရောက်တဲ့သူတွေကို အဲဒီစင်းခန်းတံတားမှာ စစ်ကောင်စီတပ်သားတွေက တင်းတင်း ကျပ်ကျပ်စစ်ဆေးပြီး မှတ်ပုံတင်နဲ့ ဧည့်စာရင်းစစ်ဆေးတာတွေပါ ပြုလုပ်တယ်လို့လည်း သိရပါတယ်။ https://www.facebook.com/myitkyinanewsjourna l.mm/photos/a.182072622159 000/1839906343042278/

၁၂။ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး ၃ ဦး ကျည်ထိမှန်ဒဏ်ရာရ
February 13, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်) မြို့နယ် ညောင်ပင် ကြီးကျေးရွာ၌ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကရင်အမျိုးသားနေ့တွင် စစ်ကောင်စီတပ်က ပစ်ခတ် လိုက်သော လက်နက် ကြီးကြောင့် အမျိုးသမီး (၃)ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံထံမှ သိရသည်။ ပုဇွန်မြောင်းကျေးရွာတွင် ဝင်ရောက်တပ်စွဲ ထားသည့် စစ်ကောင်စီခြေမြန်တပ်ရင်း-ခမရ-၂၀ တပ်ဖွဲ့သည် ဖေဖော် ဝါရီလ (၁၁)ရက်နေ့၊ နံနက် ၄ နာရီဝန်းကျင်အချိန်တွင် ညောင်ပင်ကြီးကျေးရွာထဲသို့ လက်နက်ကြီး (၃)လုံးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ညောင်ပင်ကြီး ရွာတွင်နေထိုင်သူ အမျိုးသမီး (၃) ဦးကို ကျဉ်ထိမှန်ဒဏ်ရာရရှိ သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ထိုထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီး(၃)ဦးမှာ အသက်(၄၀)အရွယ် ညားဇူလိုင်နှင့် ၎င်း၏သမီး အသက် (၂၀) အရွယ် မဖြူစိုးအေးနှင့် အသက် (၃၆)နှစ်အရွယ် မသန်းသန်းစိုး တို့ဖြစ်ကြပြီး စပါးကျည်တစ်လုံးလည်း လက်နက်ကြီးကျည် ထိမှန်ကာ မီးလောင်ပျက်စီးသွားခဲ့သည်ဟု ကေအဲန်ယူ၏ ဗဟို သတင်းနှင့်ပြန်ကြား ရေးဌာနက ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံအမျိုးသမီး(၃)ဦးအား ညောင်လေးပင်မြို့ ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူစေကာ ထိုအထဲမှ ဒဏ်ရာပြင်းထန်သည့် မသန်းသန်းစိုးမှာ စိုးရိမ်ရသဖြင့် ပဲခူးဆေးရုံသို့ ဆက်လက်ဆေးကုသမှု ခံနေရသည် ဟု ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်အရ သိရသည်။ ယခုတလော ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်ဘက်မှ လက်နက် ကြီးရမ်းသမ်းပစ်ခတ်မှုများ ပိုမိုလုပ် ဆောင်လာသဖြင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလာသည်ဟု ဒေသအတွင်း ကရင်လူမှုရေးရာအဖွဲ့ ဝင်တစ်ဦးက ယခုလို ပြောသည်။ ၎င်းက “ကျနော်တို့ တပ်မဟာ(၃)မှာ အခုနည်းနည်း ပြန်ပြင်းထန်လာတဲ့ အခြေအနေမှာရှိတယ်။ လက်နက်ကြီးတွေလည်း ညတိုင်းပစ်တယ်။ ဆောထိမြို့နယ်ဘက်မှာလည်း လက်နက်ကြီးတွေ ပစ်ခတ် မှုညတိုင်းရှိတယ်။ မုန်းမြို့နယ် ဘက်မှာလည်း အဲဒီလိုပဲ။ ထိခိုက်တဲ့လူလည်းရှိတယ်။ ပြီးတော့ ဒဏ်ရာရရှိတဲ့လူတွေလည်းများ တယ်။ ပြီးတော့ လက်နက်ကြီးကြောင့် စစ်ရှောင်လည်း ပိုပိုပြီးများလာတယ်”ဟု ပြောသည်။ https://kicnews.org/2023/02/% e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1

၁၃။ KIA တပ်ရင်း ၉ နေရာကို စစ်တပ်က ဂျက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေ
February 14, 2023

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး KIA တပ်ရင်း ၉ ကောင်းဆတ်ဘွမ် (Kawng Sak Bum) ဘက်ကသို့ စစ်ကောင်စီတပ်မှ ယနေ့နေ့လည် ၁၁ နာရီဝန်းကျင်မှစကာ ဂျက်လေယာဉ်တစ်စီးဖြင့် ပစ်ခတ်နေပြီး တိုက်ပွဲပြင်း ထန်နေကြောင်း ဒေသခံ များမှ သိရသည်။ KIA တပ်မဟာ ၆ တပ်ရင်း ၉ နေရာ ကွတ်ခိုင်မြို့အနီး ခိုမုန်းရွာအရှေ့ဘက် ကောင်းဆတ်ဘွမ်၌ တိုက်ပွဲ ဖြစ်ပွား နေသည်မှာ ၅ ရက်ဆက်တိုက်ရှိနေပြီဖြစ်ပြီး စစ်ကောင်စီဘက် နမ်ဖတ်ကာဗျူဟာ ကုန်းမှ လက်နက်ကြီးများဆက်တိုက် ပစ်ခတ် နေသည့်အပြင် ယနေ့တွင် ဂျက်လေယာဉ်ဖြင့်ပါ အသုံးပြုပြီးတိုက်ခိုက် နေကြောင်း နမ်ဖတ်ကာဒေသခံတစ်ဦးပြောသည်။ “မနေ့ ညကနေ အခုထိ မရပ်မနားတိုက်ပွဲဖြစ်ပွားနေတာဟုတ်တယ်။ လက်နက်ကြီးနဲ့လည်း ပစ်နေတယ်။ နေ့တိုင်းလိုလိုဖြစ်နေတယ် တိုက်ပွဲက အခုဒီနေ့က လေယာဉ်နဲ့ လည်း ဆက်တိုက် လာပစ်နေပြီ။ အခု ၅ ရက်လောက်ရှိနေပြီ ဒီမှာတိုက်ပွဲ ပြင်းထန်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိထား‌ကြောင်းလည်း သိရသည်။ ဖေဖော်ဝါရီ ၉ ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် KIA တို့ ရှုခင်းသာအနီးမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ လက်ရှိချိန်နားဖိုင် ရွာဘက် ကောင်းဆတ်ဘွမ်အထိ တိုက်ပွဲဆက်တိုက်ဖြစ်ပွား‌နေကြောင်း သိရသည်။ https://burmese.kachinnews.com/20 23/02/14/ld-12/

၁၄။ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း တိုက်ခိုက်ခံရ
February 14, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၅၈၇ တပ်ရင်း ကင်းဂိတ် ကို လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီတပ်ရင်း ကင်းဂိတ်ကို ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၆ နာရီခွဲလောက်မှာ မွန်ပြည်နယ် အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) က လက်နက်ကြီး ၄၀ မမ လောင်ချာနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပစ်ခတ်တိုက်ခိုက်မှုမှာ လက်နက်ကြီးကျည်ဟာ ကင်းဂိတ်အပေါ် တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေတယ်လို့ MSRO ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။ လက်နက် ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် MSRO ရဲဘော်တွေအန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေအဆိုအရ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၈၇ ကင်းဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၈၇ တပ်ရင်း ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရသလို အဲဒီတိုက်ခိုက်မှုတွေ အတွင်း စစ်ကောင်စီဘက် က ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။ မွန်ပြည်နယ်၊ ရေးမြို့နယ်ကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ စစ်ကောင်စီက စစ်အုပ် ချုပ်ရေးကြေညာပြီးနောက် ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း လမ်းပေါ်ထွက်သွားလာနေတဲ့ ပြည်သူတွေကို စစ်ကောင်စီ တပ်ရင်းတွေက ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ https://burmese.dvb.no/archives/578887

၁၅။ ဖရူဆိုမြို့မှာ တောမီးလောင်ရာမှတဆင့် နေအိမ်တချို့မီးလောင်မှုထဲ ပါဝင်
February 14, 2023

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နဲ့ ၈ ရက်နေ့မှာ ကရင်နီပြည် ဖရူဆိုမြို့ပေါ်မှာ တောမီးလောင်ရာကနေ နေအိမ်တချို့ မီးလောင်ခဲ့တယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။ “တောမီးလောင်တာ ၂ ရက်လောက် ဆက်နေတယ်၊ ၇ ရက်နေ့ မှာနဲ့ ၈ ရက်နေ့အထိလောက်မှာ လောင်နေတာ ညအချိန်အထိပေါ့၊ ၂၄ နာရီလောက်ကြာမယ် ထင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖရူဆိုမြို့ပေါ်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးအနီးအနား ရပ်ကွက်က နေအိမ်တချို့ ၁၀ လုံးထက်မနည်း မီးလောင်ရာ မှာ ပါသွားတယ်လို့ ဆိုပါတယ်။ “မနောကုန်းမှာလို့ ပြောတယ်၊ သူများပုံပို့လာလို့ သိရတာ၊ တစ်ချို့ကျတော့ စစ်တပ်က သူ့ဟာသူ ရှို့တယ် ပြောတယ်၊ အဲကနေ လောင်သွားတယ် ပြောတာပဲ သေချာတော့ မသိဘူး၊ အိမ် ဘယ်နှစ်လုံး ပါသွားလည်း ဆိုတာ မသိရ ဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒေသခံတွေဟာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် တောမီး၊ ရှို့မီးတွေကနေတဆင့် ကျန်ခဲ့တဲ့ နေအိမ်တွေ ပိုမို မီးလောင်သွားမှာကို စိုးရိမ်နေကြပါတယ်။ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်အခြေစိုက်ဖြစ်တဲ့ ခမရ (၄၂၈)၊ ခမရ (၅၃၁) အပြင် အမှတ်(၁၄) တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းလည်းရှိပါတယ်။ အာဏာသိမ်းပြီးနောက် ဒေသတွင်းတိုက်ပွဲ တွေကြောင့် ဖရူဆိုဒေသခံ ၆ ထောင်ဝန်းကျင်ဟာ စစ်ဘေးရှောင်နေရပြီး ယနေ့အချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိကြသေးပါဘူး။ https://www.kantarawaddytimes.org/%e1%80%96%e1%80%9b%e1%80%b0%e1%80%86%e1%80%ad%e1%80

၁၆။ အရှေ့တောနယ်ဒေသရှိ စစ်ဘေးရှောင် ပြည်သူများ ရိက္ခာပြတ်လပ်လာနေ
February 12, 2023

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသတွင် စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ထားမှုအချိန်ကာလ ကြာလာသည်နှင့်အမျှ ဒေသတွင်း စစ်ရှောင်နေကြရသော စစ်ဘေးရှောင်ပြည် သူများမှာ လက်ရှိတွင် ရိက္ခာပြတ်လပ်မှုကြုံတွေ့လာရသည်ဟု ဒေသခံများက ပြောသည်။ ထားဝယ်မြို့နယ် အရှေ့တောနယ် ဒေသတွင် ပြီးခဲ့သည့်နှစ် အောက်တိုလာလ ကုန်ပိုင်းမှစတင်၍ ယခုလ ဖေဖော်ဝါရီလအထိ ဆန်နှင့်ရိက္ခာခြောက် သယ်ဆောင်ခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်ထားခြင်းဖြစ်ပြီး အချိန်ကာလအားဖြင့် ငါးလကျော်ကြာမြင့်လာခြင်း ကြောင့် ၎င်းဒေသတွင်ရှိသော စစ်ဘေးရှောင်ပြည်သူ များအနေဖြင့် ရိက္ခာပြတ်လပ်မှု ကြုံတွေ့လာရပြီဟု စစ်ရှောင် ကူညီသူတစ်ဦးက ပြောသည်။ အရှေ့တောနယ်ရှိ စစ်ဘေးရှောင် ကူညီသူက “ အရှေ့တောနယ်မှာက စစ်ဘေးရှောင် အနည်းဆုံး ‘၇,၀၀၀ ကျော်လောက်ရှိတယ်။ စစ်ဘေးရှောင်က တစ်နေ့ထက် တစ်နေ့တိုးလာတယ်။ အဲ့လိုတိုးလာတဲ့ အတွက်ကြောင့် တစ်ဖက်မှာရိက္ခာလမ်းကြောင်းတွေက ပိတ်ထံထိထားတယ်။ ရိက္ခာက လည်းဖြတ်ထားတာ အဲ့ဒီမတိုင်ခင်ကတော့ ကုန်တင်ကားကြီးဆို ဘယ်နှစ်အိတ်သတ်မှတ်ထားတာပေါ့နော်၊ အခုနောက်ပိုင်းကျ တော့ လုံးဝကိုပေးမသယ်တော့တဲ့အနေအထားကြောင့်မို့။ အခုဆိုရင် ရိက္ခာတွေပြတ်လာတဲ့ သဘောမှာရှိတယ်။”ဟု ပြောသည်။

ထို့အပြင် ထားဝယ်-ထီးခီးလမ်းပိုင်းတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အာဏာသိမ်း စစ်ကောင်စီအကြား ပြီးခဲ့သည့် ဇန်နဝါရီလမှ ယခုလအတွင်း တိုက်ပွဲပေါင်းအကြိမ်နှစ်ဆယ်မက ဖြစ်ပေါ်နေခြင်းကြောင့် အာဏာသိမ်း စစ်ကောင်စီ ဘက်မှ မြို့လုံခြုံရေးအတွက်ဟုဆိုကာ ဆန်သယ်ဆောင်ခွင့်ကို တင်းကြပ်စွာ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဘက်က ထိုသို့ တင်းကြပ်စွာလုပ်ဆောင်ခြင်းကြောင့် ၎င်းဒေသရှိ နယ်မြေခံ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဝင် များက သိုလှောင်ထားသော ဆန်များကို ပြည်သူများအတွက် ထောက်ပံ့လိုက်ရ ကြောင်း Dawei East Forest People’s Defense Force ထားဝယ်-ပကဖပြန်ကြားရေးတာဝန်ခံ ရဲဘော်ရောင်နီ က ပြောသည်။ ၎င်းက “အရှေ့တောနယ်က ဝကုန်းကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ရိက္ခာစစ်ကြောင်းဝင်ပြီးတော့ မီးရှို့သွားတဲ့အိမ်တွေကို မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့နေတယ်။ တချို့မီးဘေး သင့်ပြည်သူ တွေဆိုရင် သူတို့ရဲ့ကိုပိုင်ဥယျာဉ်ခြံမှာ သူတို့နေကြရတယ်။ အဲ့ဒီအချိန်အခါမှာ ကျနော်တို့တွေ အနေနဲ့ ကလည်း တစ်ဖတ်တစ်လမ်း ကနေ အထောက်အကူဖြစ်အောင်လို့ ဆန်နဲ့တခြားရိက္ခာတွေကို ထောက်ပံ့ကူညီပေးတာပါ ခင်ဗျ။”ဟု ပြောသည်။ https://kicnews.org/2023/02/%e1%80%a1%e1%80%9b%e1%80%be%e1%80%b1%e1%80% b7%e1%80

၁၇။ မှော်စီစာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်သားများ အမျိုးသမီးတစ်ဦးကိုပစ်သတ်
February 14, 2023

ကချင်ပြည််နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှော်ဆီစာကျေးရွာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီ စစ်သားများမှ အမျိုးသမီးတစ်ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသခံများမှ သိရသည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၁ နာရီဝန်း ကျင်တွင် မှော်စီစာတာဝါကုန်းအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်သားများသည် ညဈေးတန်းမှ မှော်စီစာရပ်ကွက်ရှိ နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာသည့် အမျိုးသမီးတစ်ဦးကို ပစ်သတ်လိုက်ကြောင်း လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ ”အမျိုးသမီးသုံးယောက်က ဆိုင်ကယ်တစ်စီးနဲ့ ညစျေးတန်း ဖက်ကနေ နေအိမ်ကိုပြန်လာတာ ည ၁၁ နာရီအချိန်ပေါ့။ အဲ့တာကို ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက သေနတ်အဒေါင့် လိုက်ဆွဲပြီး ရမ်းပစ်တာ အမျိုးသမီးတစ်ယောက် တင်ပါးကနေ ကျည်ဖောက်ဝင်ပြီး သေသွားတယ်လို့ သိရတယ်။ ကျန်တဲ့ ၂ ယောက်တော့မထိဘူး ဆိုင်ကယ်လှဲလို့ ပွန်းတာလောက်ဘဲ ရှိတယ် ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ https://www.facebook.com/theKachinNews/photo /a.46290187047622

၁၈။ နေရပ်ပြန်လိုသည့် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များကို ပြည်နယ် ထွေ/အုပ်မှ သဘောထားကောက်ယူနေ
February 14, 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ရှောင်စခန်းများ၌ ခိုလှုံနေရသည့် စစ်ဘေးရှောင်များထဲမှ နေရပ်ပြန်လိုသည့် အိမ်ထောင်စုများကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ သဘောထားဆန္ဒကောက်ယူနေကြောင်း စုံစမ်းသိရှိ ရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပလက်ဝမြို့ စစ်ဘေးရှောင်စခန်းများဥက္ကဋ္ဌ ဦးဇာနီထံမှတဆင့် သဘောထားဆန္ဒ ဖြည့် စွက်ရမည့် အချက်အလက်များပါစာရွက်များကို စစ်ဘေးရှောင်စခန်း တာဝန်ခံများအား လာရောက်ယူခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျနော်တို့ကို ၁၀ ရက်နေ့ မနက် ၈ နာရီခွဲလောက်က ဖုန်းခေါ်လို့ စစ်ဘေးရှောင်ဥက္ကဌ ဦးဇာနီဆီက စာရွက်သွားယူ ရတာပါ။ ဒီစာရွက်ထဲမှာပါတဲ့ အချက်လေးချက်ကို ကိုယ်တိုင်ထည့် ပြီး ပေးရမယ်လို့ သူကပြောပါတယ်။ ဒါက မြို့နယ်ထွေအုပ်ကို ပြည်နယ်က အကူအညီတောင်းတာကြောင့်လို့ ပြောပါတယ်။ သူတို့ဘာကြောင့် အခုလို စာရင်းကောက်ယူတာလဲတော့ မသိဘူး။ သူတို့ ကျနော်တို့ကို တကယ်နေရပ် ပြန်ခိုင်းတော့မလို့လားတော့မသိဘူး” ဟု ပလက်ဝမြို့မှ စစ်ဘေးရှောင်စခန်းတာဝန်ခံ တစ်ဦး က ပြောသည်။ သဘောထားဆန္ဒဖြည့်စွက်ခိုင်းသည့် စာရွက်တွင် (၁) မူလနေထိုင်သည့်နေရာသို့ ပြန်လိုသည့် အိမ်ထောင် စု၊ (၂) မိမိစရိတ်ဖြင့် ဝယ်ယူထားသောမြေနေရာသို့ ပြောင်းရွေ့လိုသည့် အိမ်ထောင်စု၊ (၃) အစိုးရစရိတ်ဖြင့် နေထိုင်လိုသော အိမ်ထောင် စု၊ (၄) စခန်းတွင်းနေထိုင်လိုသော အိမ်ထောင်စုဟူ၍ အချက်(၄) ချက်ပါဝင်ပြီး ယင်းအချက်များအပေါ် မူတည်ပြီး စစ်ဘေးရှောင် များ၏ ဆန္ဒသဘောကို ဖြည့်စွက်ရမည်ဖြစ်သည်။

စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်ကို ပြန်ချင်ကြသော်လည်း အစိုးရအနေဖြင့် စားနပ်ရိက္ခာနှင့် လုပ်ကိုင်စား သောက်ရေးအတွက် မည်သို့ဆောင်ရွက်ပေးမည်ကို စစ်ဘေးရှောင်များက မေးခွန်းထုတ်မှုများရှိနေသည်။ ထို့အပြင် ကျေးရွာ တချို့အနီးတွင် မြန်မာစစ်တပ်က စခန်းချထားမှုများရှိနေသောကြောင့် စိုးရိမ်မှုများရှိနေကြကြောင်းလည်း သိရသည်။ “ကျမတို့ ဒီကို စစ်ဘေးလာရှောင်တာ ၅ နှစ်လောက်ရှိပြီ။ ကျမတို့ရွာဆိုရင် အခုလောက်ဆို တောဖြစ်နေ လောက်ပြီ။ ပြီးရင် စစ်တပ်က လည်း စခန်းချထားတာရှိတယ်။ ကျမတို့မှာ နေရပ်ပြန်ရင် ရွာမှာ အိမ်လည်းမရှိဘူး။ လုပ်ကိုင်စားသောက်ဖို့အတွက် တောင်ယာ တွေလည်း မရှိဘူး။ တောင်ယာလုပ်မယ်ဆိုရင်လည်း စစ်တပ်က တားမှာကိုလည်း စိုးရိမ်တယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တော့ တစ်ခုခုဆိုရင် သွားရမယ့်လှေတွေလည်း မရှိတော့ ဘူး။ ဒါတွေကို အစိုးရအနေနဲ့ ပြန်ပြီးထောက်ပံ့ပေးမယ်ဆိုရင် နေရပ်ပြန် ချင်ပါတယ်” ဟု စိုက်ပျိုးရေး စစ်ဘေးရှောင် စခန်းတွင် ခိုလှုံနေရသော နမဒါကျေးရွာမှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြော သည်။ စစ်ဘေးရှောင်များမှာ မိမိနေရပ်သို့ပြန်သွားပါက တောင်ယာလုပ်ငန်းများနှင့် တောင်ပေါ်တွင် ဝါးခုတ်၊ ထင်းများရှာဖွေကာ လုပ်ကိုင် စားသောက်ရမည်ဖြစ်၍ မိုင်းနှင့်စစ်ကျန်လက်နက်များ၏ အန္တရာယ်နှင့်ကြုံတွေရမည်ကို စိုးရိမ်ထိတ်လန့်မှု များ ရှိနေကြသည်။ လက်ရှိမှာ ပလက်ဝမြို့နယ်တွင် ဝိသုဓာရုံဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်း၊ ဘောလုံးကွင်း စစ်ဘေးရှောင် စခန်း၊ စိုက်ပျိုးရေး စစ်ဘေးရှောင်စခန်း အပါအဝင် စခန်းစုစုပေါင်း ၂၁ ခုရှိပြီး နှမဒါ၊ နန်းချောင်းထဲရွာ၊ နန်းချောင်းဝရွာ၊ လယ်လှ ရွာနှင့် သူဌေးကုန်းရွာအပါအဝင် ကျန်ကျေးရွာတချို့မှ ဒေသခံ ၄,၀၀၀ ကျော် ခိုလှုံနေထိုင်လျက်ရှိသည်။ https://www.facebo ok.com/dmgnewsagency/photos/a.466679383484478/2524106114408451/

၁၉။ KBC ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အား ပုဒ်မ ၅၂(က) ဖြင့် ထပ်တိုးတရားစွဲဆို
February 14, 2023

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)နဲ့ ဒီကနေ့ ရုံးချိန်းမှာ ပုဒ်မတိုး တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။ ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်း စစ်ဌာနမှ ဗိုလ်မှူး သူအောင်ဇော်ကနေ တရားလိုပြုလုပ်ပြီး မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)အပြင် နိုင်ငံတော် အကြည် ညိုမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုထားရာကနေ ဒီကနေ့မှာ အမှုတစ်ခု ထပ်တိုးပြီး တရားစွဲလိုက်တာ ဖြစ်ပါတယ်။ ဒီကနေ့ ရုံးချိန်းမှာတော့ ပုဒ်မ၁၇(၁)နဲ့ ၅၀၅-က နှစ်မှုစလုံးအတွက် တရားလိုဘက်က အားလုံးကို စစ်ဆေးမေးမြန်းပြီးပြီ ဖြစ်ပြီး ဆရာကြီးကို နောက်ထပ်အကြမ်းဖက်ဥပဒေပုဒ်မနဲ့ပါ ထပ်တိုးတရားစွဲဆိုလိုက်တာဖြစ်တယ်လို့ ဆရာကြီးနဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။ “ဒီနေ့က ၁၇(၁)နဲ့ ၅၀၅-က နှစ်မှုစလုံးအတွက် IO (အမှုစစ်အရာရှိ) စစ်ပြီး သွားပြီ။ အကြမ်းဖက် ဥပဒေပုဒ်မ ၅၂(က)နဲ့ အမှုတစ်ခု ပြန်တိုးတယ်”လို့ အထက်ပါနီးစပ်သူက ပြောပါတယ်။

ဆရာကြီးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ပညာရေးဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်တို့နဲ့ သွားရောက်တွေ့ဆုံတယ် ဆိုပြီး ၅၂(က) အမှု တစ်ခု ထပ်တိုးစွဲဆိုခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခု ထပ်မံတိုးလိုက်တဲ့ အကြမ်းဖက်ပုဒ်မ ၅၂ (က)ဟာ ထောင်ဒဏ် (၃)နှစ် ကနေ (၇)နှစ်အထိ ချမှတ်လို့ရတဲ့ ပုဒ်မဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန် ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ထဲမှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ နဲ့ ဗိုလ်ချုပ်ဂွမ်မော် တို့ကို သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပုဒ်မ ၁၇(၁)၊ အာရှနိုင်ငံအတွင်းက လူငယ်ဆွေးနွေးပွဲတစ်ခုမှာ ‘ခရစ္စတော်၌ နိုင်ငံတော်ကိုတည်ထောင်ကြပါစို့’ ဆိုတဲ့ ခေါင်းစဉ် နဲ့ ဝေမျှတဲ့အချိန်မှာ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ စကားလုံးအသုံးအနှုန်းတွေ တွေ့ရတယ်ဆိုပြီး ပုဒ်မ ၅၀၅-ကနဲ့ တရား စွဲဆိုထားတာ ဖြစ်ပြီး ဒီကနေ့မှာတော့ ပုဒ်မတစ်ခု ထပ်တိုးစွဲဆိုလိုက်တာ ဖြစ်တယ်လို့ နီးစပ်သူ အသိုင်းအဝိုင်း တွေဆီကနေ သိရပါတယ်။ https://www.facebook.com/myitkyinanewsjournal.mm/photos /a.182072622159000/18407890529

၂၀။ ကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်း ၁၄ ကျောင်းစာရင်း NUG ထုတ်ပြန်
February 14, 2023

ကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်း ၁၄ ကျောင်းကို အသိအမှတ်ပြုလိုက်တယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၃ ရက်စွဲနဲ့ ကြေညာပါတယ်။ ခုလိုအသိအမှတ်ပြုလိုက်တဲ့ ကျောင်းတွေဟာ ပြည်သူ့ ပညာရေးကျောင်း အသိအမှတ်ပြုမူဝါဒ ၁၁ ချက်နဲ့ Information and Technology Security Guideline တွေကို လိုက်နာဆောင် ရွက်မယ်လို့ ဝန်ခံကတိပြုထားတဲ့ အွန်လိုင်းကျောင်းတွေ ဖြစ်ပါတယ်။ စိစစ်ဆဲ အွန်လိုင်းကျောင်း တွေကိုလည်း အသိအမှတ်ပြု ကြောင်း ဆက်လက် ထုတ်ပြန်ပေးသွားမှာဖြစ်ကာ မြေပြင်ပြည်သူ့ ပညာရေးကျောင်း တွေကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေး ရေးကိစ္စတွေကိုလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ NUG အစိုးရ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာသင်ယူခွင့် ဆုံးရှုံးနေ တဲ့ ကျောင်းသားကျောင်းသူတွေအတွက် ကြားကာလ ပြည်သူ့ ပညာရေးကျောင်းတွေ ဖွင့်လှစ်ကာ စဉ် ဆက်မပြတ် ပညာသင် ကြားရေးကို အကောင်အထည်ဖော်ဆောင်ရွက် နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် NUG အစိုးရဟာ အဆင့်မြင့်ပညာကဏ္ဍက ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာရေးအစီအစဉ်တခုဖြစ်တဲ့ မြန်မာ့နွေဦးတက္ကသိုလ်၊ Myanmar Nway-Oo University (MNOU) ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလဆန်းမှာ ဖွင့်လှစ်ထားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကတော့ တိုင်းပြည်အေးချမ်းတည်ငြိမ်နေတာကို ပြသချင်တာကြောင့် ပညာရေး နဲ့ပတ်သက်ပြီး တက္ကသိုလ် မဟာဘွဲ့သင်တန်းတွေကစပြီး ဖွင့်လှစ်ခဲ့ကာ အခုနောက်ပိုင်း တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပပြီးတဲ့ နောက်မှာတော့ တက္ကသိုလ်နဲ့ကောလိပ် သင်တန်းတွေနဲ့ အဝေးသင်သင်တန်းတွေ အားလုံး ကိုဖွင့်လှစ်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး ကတော့ စစ်ကောင်စီဟာ ပညာရေးကို လက်နက်လိုသုံးပြီး မြန်မာ ပြည်သူတွေ ဒုက္ခရောက်အောင် ပြုလုပ်နေတဲ့ နည်းတစ်မျိုးဖြစ်တာကြောင့် စစ်ကောင်စီကကျင်းပတဲ့ စာမေးပွဲတွေမှာ ဝင်ရောက် ဖြေဆိုသူတွေဟာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံပံ့ပိုး တဲ့သူဖြစ်တဲ့အတွက် ပြည်သူ့တော်လှန်ရေးနဲ့ အနာဂတ်နိုင်ငံတော် ကို သစ္စာဖောက်တဲ့သူတွေ ဖြစ်တယ်လို့ပြောပါတယ်။ http://burmese.dvb.no/archives/578791

၂၁။ ဖားကန့်တွင် မြေစာပြိုပြီး ကျောက်ရှာဖွေသူနှစ်ဦးသေဆုံး
February 13, 2023

စွန့်ပစ်မြေစာပုံပြိုကျပြီး ကျောက်ရှာဖွေသူနှစ်ဦးသေဆုံးခဲ့မှု ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအနီးရှိ အဲဗားဝင်းနားကုမ္ပဏီ မြေစာသွန်‌‌သော‌ နေရာတွင် ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေမဆေးရှာဖွေနေသူ ငါးဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု သွားရောက်ကူညီခဲ့သူ တစ်ဦးက ပြောသည်။ “အများကြီးပါတယ်ဆိုတာက ကောလဟလ ဒီလိုပါပဲ။ ညကြီးဆိုတော့ တော်တော်ပါသွားတယ် ဘာညာ ပြောတာပေါ့။ ဘေးနားက ဈေးသည်လည်းပြောတာပေါ့။ ဒါပေမဲ့ ညက ကျွန်တော်တို့ ရှာတာတော့ အလောင်းက နှစ်လောင်းပဲ တွေ့တာ။ မြေစာပြုတ်ကျတာပေါ့” ဟုပြောသည်။ ရှာဖွေမှုကို ယနေ့ နံနက် ၃ နာရီခန့်အထိ ပြုလုပ်ခဲ့ပြီး ဆက်လက်ပြုလုပ်သွား ရန်ရှိသည်ဟု သူကပြောသည်။

သေဆုံးခဲ့သည့် အသက် ၄၂ နှစ်ခန့်အရွယ်ရှိ ကိုစိုးလင်း နှင့် အသက် ၃၈ နှစ်ခန့်အရွယ်ရှိ ကိုမင်းနိုင်ဦး ဆိုသူတို့၏ ရုပ် အလောင်းကို ဖားကန့် ဆေးရုံကြီးသို့ပို့ဆောင်ထားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူငါးဦး၏ အခြေအနေမစိုးရိမ်ရကြောင်း သိရသည်။ “မြေစာအောက်မှာလည်း ရှိနေနိုင်သေးတယ်ပေါ့ကွာ အတိအကျတော့ ဘယ်နှစ်ယောက်ဆိုတာခန့်မှန်းလို့ မရသေးဘူး။ မြေစာ ပြိုတာက စွန့်ပစ်မြေစာပြတ်ကျတာ ဖုံးသွားတယ်လို့ပြောတယ်။ စွန့်ပစ်မြေစာ သွန်တဲ့နေရာ မှာဖြစ်တာ” ဟုပြောသည်။ ဖားကန့် မြို့ နမ့်မှော်ကျေးရွာတွင် ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း မြေစာပြိုကျခဲ့သဖြင့် ကျောက်ရှာဖွေနေသူ လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။ https://www.facebook.com/The74Media/photos/pcb.746036496915874/746036423582548/

၂၂။ မန်ကန်ရွာအကျော် (၁၃)မိုင်မှာ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံး
February 13, 2023

တအာင်း (ပလောင်)ဒေသ နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာအကျော် (၁၃)မိုင်မှာ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၁ ရက်က မိုင်းထွန်းစိန် (၃ဝ ခန့်)ဆိုသူဟာ သူငယ်ချင်း တစ်ဦးနဲ့အတူ နမ့်ဆန်ကနေ ပန်လုံဘက် ကားနဲ့ ထွက်သွားရာကနေ မန်ကန်ရွာအကျော် (၁၃)မိုင်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မန်ကန်ကျေးရွာမှ တာဝန်ရှိသူတစ်ဦးက “သူတို့မှာ သေနတ်ပါ တယ်။ သူတို့အချင်းချင်း လုပ်ကြံတဲ့ သဘောပဲ။ တခြားသူတွေတော့ မဟုတ်လောက်ဘူး။ တစ်ယောက်က သူနဲ့ ကားလိုက်စီးတယ်။ တစ်ယောက်က ဆိုင်ကယ်နဲ့ အနောက်ကနေ လိုက်တယ်။ အဲဒီနှစ်ယောက်က လုံတောက် လမ်းခွဲအကျော်မှာ ကားကို ပါကင်ဂီယာထိုးပြီး ပစ်သတ်သွားတဲ့ သဘောရှိတယ်” လို့ ပြောပါတယ်။ မိုင်းထွန်းစိန် သတ်ဖြတ်ခံရတာဟာ အချင်းချင်းကြား မကျေနပ်မှုတွေကြောင့် လုပ်ကြံတာ ဖြစ်နိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကျူးလွန်သူကို တအာင်းတပ်မတော် (PSLF/TNLA) ရဲ့ အုပ်ချုပ်ရေးဌာနက ရှာဖွေစုံစမ်းနေတယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ နမ့်ဆန်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တို့သာ လှုပ်ရှားကြ တဲ့ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာ ၇ ရက်ကနေ ၁၃ ရက်အထိ နမ့်ဆန်မြို့နယ် ကုန်းသာရွာ တဝိုက်မှာ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြပါတယ်။ https://www.facebook.com/photo/?fbid=513330514 307551&set=pc

၂၃။ စိတ်ကြွမူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေသူများကို မိုးဗြဲ PDF က ဖမ်းဆီးအရေးယူ
February 13, 2023

ဖယ်ခုံမြို့နယ် မိုးဗြဲအနောက်ခြမ်းတနေရာမှာ ဖေဖော်ဝါရီ (၁၁) ရက်က စိတ်ကြွမူးယစ်ဆေး WY အလုံး (၅၀၀) ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မိုးဗြဲPDF တပ်ရင်း (၂) က သတင်းထုတ်ပြန်ထားပါတယ်။ ဒေသခံများရဲ့ သတင်းပေးချက်အရ ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး သုံးစွဲသူများကို ခံဝန်ကတိနဲ့ ပြန်လွတ်ပေးခဲ့ကာ ရောင်းချသူတဦးကို နောက်ဆက်တွဲ ကွင်းဆက်များ ဆက်လက်ဖမ်းဆီးနိုင်ရေးအတွက် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ “ရောင်းချသူများကို သတ်မှတ်ထားသော စည်းကမ်း ချက်အရ ဒဏ်ငွေ ၁ဆ ၃ဆ ပေးလျော်ရန် စီရင်ချက်ချမှတ်ကာ ထိုဒဏ်ငွေများ အားလုံးကိုလည်း ကျွန်တော်တို့ မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ် ၂ မှ တပြားတချပ်မှ မယူပဲ ရပ်ရွှာတွင်းလိုအပ် သော ကျန်းမာရေး၊ ပညာရေးစသော ကိစ္စရပ်များပြန်လည် အသုံးပြုရန် အတွက် ထိုကျေးရွှာ မိဘပြည်သူထံသို့ ပြန်လည် အပ်နှံခဲ့ပါသည်။” လို့ မိုးဗြဲ PDF တပ်ရင်း (၂) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ယခုမူးယစ်ဆေးဝါးဖမ်းဆီးရမှုဟာ မိုးဗြဲPDFက ဖမ်းဆီးခဲ့တဲ့ (၁၀) ကြိမ်မြောက် မူးယစ်ဆေးဝါးမှုခင်းဖြစ်ပါတယ်။ ဖေဖော်ဝါရီ (၈) ရက်တုန်းကလည်း မိုးဗြဲ အရှေ့ဘက်ကမ်းတနေရာမှာ KNDF တပ်ရင်း (၃) က စိတ်ကြွမူးယစ်ဆေးပြား (၁၀၀၀) ခန့်ကို ဖမ်းဆီးရမိခဲ့ ပါသေးတယ်။ https://www.facebook.com/photo/?fbid=212831537936113&set=pcb.21283205 126

၂၄။ ရှမ်းကွန်မြူနတီကောလိပ်မှ Pre-Course Program ဝင်ရောက်မည်သူများ ထပ်မံလက်ခံ
      February 13, 2023

သျှမ်းပြည် ကာလိမြို့တွင်ရှိသည့် ရှမ်းကွန်မြူနတီကောလိပ်မှ Pre-Course Program ဝင်ရောက်မည့်သူများကို ထပ်မံလက်ခံနေကြောင်း သိရှိရသည်။ အဆိုပါ ကောလိပ်တွင် နောက်လ မတ် – ၁၅ ရက်နေ့ထိ ကျောင်းသားသစ် များကို ဆက်လက် လက်ခံသွားမည်ဖြစ်ပြီး ရှမ်းကွန်မြူနတီကောလိပ်သို့ ဝင်ရောက်တက်ချင်သူများကို အင်္ဂလိပ် အရည်ချင်းကို အဓိက စစ်ဆေးသွားမှာဖြစ်ကြောင်း သိရသည်။ “ ဟုတ်ပါတယ်။ ပထမတစ်သုတ်ကတော့ လက်ခံပြီးသွားပြီ။ အခုက အစိုးရကျောင်း ၁၀ တန်းဖြေထားတဲ့သူတွေကလည်း ထပ်လက်ခံပေးဖို့ တောင်းဆိုထားတဲ့ အတွက်ကြောင့် ထပ်ဖွင့်ပေးထားတာ။ ဒီ Pre-Course Program ကို ဝင်ချင်တယ်ဆိုရင်တော့ အဝင်စာမေးပွဲအနေနဲ့ အင်္ဂလိပ် အရည်းအချင်းတွေစစ်မယ်။ ပြီးတော့ ရိုးရာဓလေ့တွေ၊ သျှမ်းစကားတွေကို မေးမြန်းသွားမှာပါ” ဟု ရှမ်းကွန်မြူနတီကောလိပ် ဥက္ကဌ နန်းဟျှိုးဆိုင်က ပြောသည်။

ရှမ်းကွန်မြူနတီကောလိပ်မှ Pre- Course Program ကို မတ်လ ၂ -၃ ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့် အဝင်စာမေးပွဲ ကို မေးမြန်းသွားမှာဖြစ်ပြီး အောင်မြင်သူများကို ၁၅ ရက်တွင် ကျောင်းသို့ ရောက်ရှိရမည်ဖြစ်ကြောင်းသိရသည်။ ထိုအပြင် သျှမ်းစကား မကျွမ်းကျင်သူများလည်း လျောက်ထားနိုင်ပြီး စာမေးပွဲကို အောင်ပါက သျှမ်းဘာသာသင်ကြား ပေးသွားမည်ဖြစ် ကြောင်း နန်းဟျှိုးဆိုင်က ပြောသည်။ လက်ရှိ Pre-Course Program တွင် အင်္ဂလိပ်ဘာသာစကား၊ သျှမ်းဘာသာစကား ၊ မိမိကိုယ်ကိုယ် အရည်ချင်းမြှင့်တင်ရေးသင်တန်း နှင့် ဓလေ့ ရိုးရာတွေကို (၅) လသာ သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ “Pre-Course Program မှာတော့ ပညာသင်ဆုတော့မရှိသေးဘူး။ တကယ်လို့ Pre-Course Program ကိုအောင်မြင်ပြီးရင် ပထမနှစ် စတက်တဲ့ချိန်မှာတော့ ငွေကြေးမတက်နိုင်တဲ့ သူတွေအတွက်တော့ ပညာသင်ဆုရှိတယ်။ ရှမ်းကွန်မြူနတီ ကောလိပ် က တက္ကသိုလ်တော့ ၃ နှစ်တက်ရမှာ” ဟု ၎င်းက ပြောသည်။ အဆိုပါ ရှမ်းကွန်မြူနတီကောလိပ် Pre-Course Program သည် Social Science Major ကို သင်ကြားပေးပြီး ထိုင်းနိုင်ငံ ချင်းရိုင်းတက္ကသိုလ်သို့ B.A English for international Communication ဘွဲ့ရလိုသူများက တက်ရောက်နိုင်ကြောင်း သိရသည်။ https://burmese.shannews.org/archives/33029?fbclid=IwAR3 9K2wg0FHgInuLVaje_zPP1RZ zuzlknFqkAwhkEECdIK

၂၅။ ထန်တလန်မြိုနယ်တွင် အမဲလိုက်နေစဉ် သေနက်မတော်တဆမှု ဖြစ်ပွားလို့ ပါစတာတစ်ဦး သေဆုံး
      February 13, 2023

‌ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ပီး‌ရွာအနီးတွင် ဖေဖော်ဝါရီ ၁၃ ရက်၊ မွန်းလွဲပိုင်း ၂ နာရီခန့်က အမဲလိုက် နေကြစဉ် သေနက်မတော်တဆမှုဖြစ်ပွားလို့ အသက် ၂၆ နှစ်အရွယ် ပါစတာတစ်ဦး သေဆုံးခဲ့ရကြောင်းသိရပါတယ်။ တလန်ပီး ရွာအနီး Cerhrang Kuam ဆိုသည့် တောတွင်း တစ်နေရာတွင် ရွာသားများ အမဲလိုက်နေစဉ် မတော်တဆမှု ဖြစ်ပွားခြင်းဖြစ် ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ “Cerhrang Kuam မှာ အမဲလိုက်နေကြတာ သေနက်မတော် တဆမှု ဖြစ်ပွားတာပါ။ တလန်ပီးရွာက ပါစတာတစ်ဦး ရင်အုံမှာ သေနက်ဒဏ်ရာရရှိတယ်။ ရွာဖက်ကို သယ်ဆောင်နေ ကြစဉ် လမ်းမှာ သေဆုံးသွားပါ တယ်” လို့ ပြောပါတယ်။ သေ‌နက်မတော်တဆမှုကြောင့် သေဆုံးသွားသော ပါစတာဟာ တလန်ပီးရွာ CORT အသင်းတော်၌ အမှုတော် တာ၀န်ထမ်းဆောင်နေသောဆရာ ကျုံးလျန်ထောင်းလို့ သိရပါတယ်။ https://www.facebook.com/thechinjou rnal2017 /photos/a.1979685512255702/4109443442613221/

၂၆။ နမ့်စန်ကျောင်းသား အချင်းချင်း ရန်ဖြစ်သေဆုံးမှုမှ ကျူးလွန်သူ ကျောင်းသား ပြန်လွှတ်ပေး
     February 14, 2023

သျှမ်းပြည် နမ့်စန်မြို့နယ်မှ အထက်တန်းကျောင်းသား အချင်းချင်း ရန်ဖြစ်သေဆုံးမှုမှ ကျူးလွန်သူ ကျောင်းသားကို မြို့နယ် တရားသူကြီးမှ ပြန်လွှတ်ပေးလိုက်ကြောင်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်တွင် နမ့်စန် အမှတ် (၁) အထက်တန်းကျောင်းမှ အထက်တန်း ကျောင်းသား အချင်းချင်း ခိုက်ရန် ဖြစ်ပွားပြီး မောင်အောင်မော်ဟိန်း သည် ရရှိသည့် ဒဏ်ရာဖြင့် နိုဝင်ဘာလ ၅ ရက်တွင် သေဆုံးသွားခဲ့ရသည်။ ထိုသေဆုံးမှုကြောင့် မောင်အောင်မော်ဟိန်း ၏ မိဘများက ကျူးလွန် သူကို အမှုဖွင့်ထားရာ ၃ လကျော် ကြာလာသည့် အချိန်တွင် တရားသူကြီးမှ ကျူးလွန်သူကို ကလေးသူငယ် အခွင့်အရေးဖြင့် တရားသေလွတ်ခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း မောင်အောင်မော်ဟိန်း မိသားစုဝင် နှင့် နီးစပ်သူ တစ်ဦးကပြောသည်။ “ကလေးသူငယ် အခွင့်အရေးနဲ့ ခုခံပိုင်ခွင့်ကြောင့် တရားသေ လွတ်ပေးလိုက်တယ်လို့ တရားသူကြီးက ပြောတယ်၊ ဒါပေမယ့် ကျမတို့ အမြင်မှာတော့ စစ်တပ်အသိုင်းအဝိုင်းက လူတွေမို့လို့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရ တာလို့ မြင်တယ်၊ စိတ်မကောင်း ပေမယ့် ဘာမှ ထပ်မလုပ်နိုင်တော့လေ” ဟု မောင်အောင်မော်ဟိန်း မိသားစုဝင် နှင့် နီးစပ်သူ အမျိုးသမီး တစ်ဦးကပြောသည်။

မောင်အောင်မော်ဟိန်းကို သေစေသည့် ရိုက်နှက်မှု ကျူးလွန်သူ ကျောင်းသားကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ မှ စတင်ကာ စွဲချက်တင် အမှုစစ် ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်တွင် တရားသေအဖြစ် ပြစ်ဒဏ်ကင်းလွတ်ခွင့် အမိန့်ချခဲ့ကြောင်း စုံစမ်းသိရသည်။ အမိန့်ချခြင်း မပြုလုပ်မှီ အချိန်တွင်လည်း နမ့်စန်မြို့မ ရဲစခန်းမှ အမှုကို ပိုက်ဆံဖြင့် ကျေအေးပေးသင့်ကြောင်း မောင်အောင်မော်ဟိန်း ၏ မိဘကို ပြောဆိုမှု ရှိခဲ့ကြောင်း သိရသည်။ “သေတဲ့ ကလေးက သေသွားပြီ၊ ပိုက်ဆံသိန်း ၂၀ ဖြစ်ဖြစ် ၃၀ ဖြစ်ဖြစ် ယူပြီး ကျေအေးပေးလိုက်ပေါ့တဲ့၊ သေတဲ့ ကလေးက သေသွားပြီဆို ပေမဲ့ ကျူးလွန်သူကိုသာ ဒီအတိုင်းလွှတ်လိုက် ရင်လည်း စစ်ကောင်စီ အသိုင်းအဝိုင်းက ဒီလိုလုပ်လို့ရလားဆိုပြီး ပြောစရာတွေ ဖြစ်မှာကို မလိုလားဘူး၊ ဒါကြောင့် ကြောက်တဲ့ ကြားကနေ မိဘတွေ အမှုကို ဆက်ဖွင့်ထားတာ၊ နောက်ဆုံးတော့လည်း တရားသေနဲ့ လွတ်တယ်” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။ https://burmese.shannews.org/archives/33033

၂၇။ ချစ်သူများနေ့ ဝါရှောင်အပန်းဖြေစခန်းလာရောက်သူ လူငယ်တချို့ကို KIA က ခေါ်ဆောင်သွား
     February 14, 2023

ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာမှာရှိတဲ့ ဝါရှောင်အပန်းဖြေ စခန်း ကို လာရောက်သူ လူငယ် ၂၀ ဦးကို ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အေက လူသစ်စုဆောင်းရန် ခေါ်ဆောင်သွားပြီး အဲဒီထဲ က လူငယ် ၁၃ ဦးကို ဒီညနေပိုင်းမှာ ပြန်လွှတ်ပေးဖို့ဆွေးနွေးထားတယ်လို့ လူငယ်တွေ ပြန်လွတ်ရေး အကူအညီပေးနေတဲ့ ဝါရှောင်ဆရာတော်က မိန့်ပါတယ်။ “သူတို့ (KIA) အဖွဲ့က စုဆောင်းရေးလုပ်တဲ့ အချိန်နဲ့တိုးပြီး လူငယ်တချို့ ဖမ်းခံရတာပါ။ ဆရာတော်တို့ ဒီဒေသမှာက ရှမ်းရောကချင်ရောရှိပါတယ်။ သူတို့အဖွဲ့က လည်း လူမျိုးမတူရင် ၊ အရွယ်မရောက်ရင် မခေါ်ပါဘူး။ အခုက ရှမ်းကလေးတွေ ပါသွားတော့ ဆရာတော့်ဆီ ဆက်သွယ်ပြီးအကူအညီတောင်းလို့ ဆရာတော်က ဆက်သွယ်ပြီးပြန်လွှတ် ပေးဖို့ပြောလို့ ရှမ်းကလေး ၁၃ ယောက် လုံးကို သူတို့ပြန်လွှတ်ပေးလိုက်ပြီလို့ သိရတယ်။ တခြား လူငယ် ၇ ဦး အကြောင်းတော့ ဆရာတော်လည်းသေချာ မသိရသေးပါဘူး” လို့ ဝါရှောင်ဆရာတော်က မိန့်ပါတယ်။

လက်ရှိမှာ KIA တပ်ရင်း ၃ က တာဝန်ရှိသူတွေနဲ့ လူငယ်တွေပြန်လွှတ်ပေးရေး ညှိနှိုင်းနေတာဖြစ်ပြီး ရှမ်းလူငယ် ၁၃ ဦး ကို ပြန်လွှတ်ပေးမယ်လို့ ကတိကဝတ်ရရှိထားကာ စခန်းမှာ လူငယ်တွေကို သြဝါဒပေးနေတယ်လို့လည်း ဆရာတော်ထံက တစ်ဆင့်သိရပါတယ်။ https://www.facebook.com/BBCnews Burmese/photos/ a.266174 93438393/60940170839874

၂၈။ ရခိုင်မှ ခမီလူမျိုးပါတီ စစ်ကောင်စီထံ ပြန်လည်မှတ်ပုံတင် သွားမည်
     February 14, 2023

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုပါတီတစ်ခုဖြစ်သည့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပါတီဆက်လက်ရပ်တည်နိုင်ရေး ပြန်လည်မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများမှ ပြောသည်။ ပါတီတွင်းမှာ CEC အစည်းအဝေးပြုလုပ်ခဲ့ပြီးအစည်းအဝေးဆုံးဖြတ်ချက်အရ ခမီလူမျိုးကိုယ်စားပြုသည့် ပါတီတစ်ခု အနေနှင့် ဆက်လက်မှတ်ပုံတင်သွားမည်ဟု ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ အတွင်းရေးမှူး ဦးသန်းဌေး ကပြောသည်။ “နိုင်ငံရေးပါတီ အနေနဲ့ ဆက်လက်ပြီးရပ်တည်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ခမီလူမျိုးကို ကိုယ်စားပြုတဲ့ ပါတီ တစ်ခုဖြစ်တယ်။ နိုင်ငံရေးအရရော ကိုယ့်လူမျိုးတွေရဲ့ identity အရရော ဆက်လက်ပြီး ရပ်တည်သွားဖို့ ဆန္ဒရှိတဲ့အတွက် ပြန်ပြီး မှတ်ပုံတင်ဖြစ်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြည်နယ်တွင်းစည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်သွားမှာ ဖြစ်သည့်အတွက် ပါတီအနေနှင့် ဥပဒေသစ်အရ ရက်ပေါင်း (၉၀) အတွင်း ပါတီဝင်အင်အား (၁) ထောင်နှင့် (၆) လအတွင်း မြို့နယ် (၅) မြို့နယ်တွင်ပါတီရုံးခန်းများဖွင့်လှစ်ရမည်ဖြစ်သည်။ ထို့အပြင် ပါတီရန်ပုံငွေ ကျပ်သိန်း (၁၀၀) ကို လည်း မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားရမှာဖြစ်သည်။ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှာ လူနည်းစုပါတီဖြစ်သည့် အတွက် ပါတီမှတ်ပုံပြန်တင်နိုင်ရေး ငွေကြေးအခက်အခဲရှိနေ၍ လက်ရှိမှာ ငွေကြေးလိုက်လံ စုဆောင်းနေရသည်ဟု ဦးသန်းဌေး မှ ဆက်ပြောသည်။

စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်ကို ထုတ်ပြန်ကြေငြာပြီးသည့်နောက် ပါတီဆက်လက် မှတ်ပုံတင်၊ မတင်ဆိုသည်ကို ပါတီအတွင်း အစည်းအဝေးလုပ်ပြီးနောက် ဆုံးဖြတ်သွားရန်ရှိကြောင်း ရခိုင်က ပါတီ တစ်ချို့ဆို ထားသည်။ ရခိုင်ပြည်နယ်တွင်အင်အားကြီးပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီဖွဲ့ချုပ် (ALD)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) အပါအဝင်ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် မြို၊ ခမီ၊ ဒိုင်းနက်၊ ကမန်စသည့် မျိုးနွယ်စုများ၏ ပါတီများလည်းရှိကြသည်။ စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေသစ်မှာ ကန့်သတ် တင်းကျပ်မှု များရှိနေသည့်အတွက် ရခိုင်ပါတီများမှာ ဆက်လက်မှတ်ပုံတင်နိုင်ရေး အခက်အခဲအများရှိနေကြသည်ဆိုသည်။ https://www.facebook.com/westernne wsagency/ph otos/a.119286173211229/712865297186644/

၂၉။ တနင်္သာရီတွင် တိုက်ပွဲဖြစ်၊ လေကြောင်းရန်ကာကွယ်ရေး ဒေသခံများအား PDF ပညာပေး
      February 14, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ရေဖြူကျေးရွာနဲ့ ထုံခါးကျေးရွာကြား မောတောင်နဲ့ ကော့သောင်းလမ်း ဆုံ မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကော်သူလေးအာမီ ကျားကြီး ကွန်မန်ဒို တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့ညနေပိုင်းက ကြိမ်ချောင်းကျေးရွာကနေ တနင်္သာရီမြို့နယ် ဘက်ကို စစ်ကြောင်းချီ ဦးတည်လာတဲ့ စစ်ကောင်စီတပ်သား ၄၀ ပါ ယာဉ်တန်း ၅ စီးနဲ့ ဒေသတွင်း ကော်သူလေးအာမီ ကျားကြီး ကွန်မန်ဒိုတပ်ဖွဲ့တို့ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ် ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။ “တိုက်ပွဲက ဖြစ်တာ သိပ်မကြာဘူး။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် သူတို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ PDF တွေရှိတဲ့နေရာကို ပစ်သေးတယ်၊ အထိအခိုက်တော့ မရှိပါဘူး။” နှစ်ဖက် အပြန်အလှန်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိအခိုက် ကျဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ဒေသခံပြည်သူတွေကို လေကြောင်းရန်အန္တရာယ် သတိ‌ ရှိစေဖို့အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပညာပေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။ စစ်ကောင်စီဘက်က စစ်ရေးအရ ပစ်မှတ်ထားလာနိုင်တဲ့ တနင်္သာရီမြို့နယ် ထဲက NUG ထိန်းချုပ်နယ်မြေတွေမှာ လေကြောင်းအန္တရာယ် ကာကွယ်နိုင်ဖို့အတွက် ဗုံးခိုကျင်းတွေ ပြုလုပ်‌ကြဖို့ အခုလို အသိပညာပေး ဟောပြောပွဲတွေ လုပ်ဆောင်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။ “ခုက ကျေးရွာတွေမှာ လေကြောင်း အန္တရာယ် သတိပြုဖို့ ကြေညာထားတဲ့အတွက်‌ ဒီဒေသတွေမှာရှိတဲ့ မိဘပြည်သူ တွေအနေနဲ့လည်း လေကြောင်းကနေ အန္တရာယ် ပြုလာမယ်ဆိုရင် ကြိုတင်ပြင်ဆင်ပြီးတော့ လုပ်ထားရအောင်လို့ပါ။” အဆိုပါ တနင်္သာရီမြို့နယ်ဟာ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ် ရေးအဖြစ် သတ်မှတ်ခံထားရတဲ့ မြို့နယ်ဖြစ်ပြီး တိုက်ပွဲတွေ မကြာခန ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။ http://burmese.dvb.no/archives/578894

၃၀။ မိုးကောင်းမြို့နယ်မှ စာသင်ကျောင်းတစ်ကျောင်း ဆရာမလခအတွက် ကျောင်းသားများထံမှ ငွေအတင်းအကြပ် ကောက်ခံနေ
      February 13, 2023

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ထုံးရေပေါက်ကျေးရွာ အလယ်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးသည် ကျောင်း သား၊ ကျောင်းသူများထံမှ ငွေကြေး အတင်းအကြပ်ကောက်ခံနေကြောင်း သိရသည်။ ပထမတန်းနှင့်ဒုတိယတန်းတွင် စာသင် ပေးနေသည့် ဆရာမအတွက် ကျောင်းလခပေးရန်ဟုဆိုကာ ကျောင်းသား၊ ကျောင်းသူများထံမှ ငွေကျပ် တစ်သောင်း ကောက်ခံ နေကြောင်းကို အမည်မဖော်လိုသူ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ “အခုက ပထမတန်းက B အခန်းနဲ့ ဒုတိယတန်းက B အခန်းကိုစာသင်ပေးတဲ့ ကျောင်းဆရာမက အစိုးရလစာမရလို့ဆိုပြီး ကလေး တစ်ယောက်ကို တစ်သောင်းစီထည့်ရမယ်ဆိုပြီး အစည်းအဝေးခေါ်ပြီးထည့်ခိုင်းတာ” ဟုပြောသည်။ ဆရာမအတွက် ကျောင်းလခပေးရသည့်အပြင် မေးခွန်းစာရွက်ကြေး၊ တံမြက်စည်းကြေး၊ ဆွမ်းကပ်ကြေးတို့ကိုလည်း ပေးဆောင်နေရကြောင်းသူကပြောသည်။

၎င်းတို့ ကောက်ခံနေသော ငွေကြေးများ ထည့်ဝင်ခြင်းမရှိသော မိဘများကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) များဖြင့် အဆက်အသွယ်ရှိနေသည်ဟုဆိုကာ ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်နေကြောင်းကို အခြားကျောင်းသား မိဘတစ်ဦး က ပြော သည်။ “အခုက ရွာမှာက ဘာမှလုပ်စားလို့ မရဘူးလေ၊ ဟိုတစ်လောက တိုက်ပွဲဖြစ်ပြီးကတည်းကနေ တောထဲလည်းသွားလို့ မရတော့ဘူးလေ၊ လယ်ကလည်း ဒီနှစ်မှာ စပါးလုံးဝမကောင်းဘူး အရင်းတောင်မရဘူး။ ပိုက်ဆံမရှိလို့ မထည့်ပဲနေရင်လည်း ဆရာမကြီးက PDFတွေနဲ့အချိတ်အဆက်ရှိနေလို့ မထည့်တာဆိုပြီး ခြိမ်းခြောက် တော့ မရှိတဲ့ကြားက ထည့်ရတယ် အချိန်တောင် တစ်ပတ်အတွင်းထည့် ရမှာပြောတာ”ဟုပြောသည်။ ကျောင်းသား ကျောင်းသူများထံမှ ငွေကောက်ခံနေသည့် ကျောင်းအုပ် ဆရာမကြီးမှာ ဒေါ်ခိုင်မေထွန်း ဆိုသူဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဩဂုတ်လက မြစ်ကြီးနားမြို့မှ ပြောင်းရွှေ့ခဲ့သည့် ဆရာမကြီးဖြစ် ကြောင်း ကျောင်းသားမိဘများထံမှသိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့် အချိန်ကာလအတွင်း ငွေကြေးကောက်ခံ မှုများ၊ ခြိမ်းခြောက်မှုများ မပြုလုပ်စေလိုကြောင်းကို ကျောင်းသားမိဘများက တောင်း ဆိုနေကြသည်။ https://www.facebook.com/The74Media/photos/a.116371983215665/745550696964454/

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။