• Today is: Thursday, April 25, 2024

ကွန်ဟိန်းမြို့နယ်တွင် RCSS နှင့် SSPP တို့တိုက်ပွဲဖြစ်ပွား

Photo-SSPP Info/Tai Freedom

ဖက်ဒရယ်ဂျာနယ်မြန်မာ (မတ်လ – ၂)

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်တွင် ရှမ်းတပ်နှစ်တပ်ဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ မတ်လ ၂ ရက်နေ့ ၁၁:၀၀ နာရီခန့်မှစ၍ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ အင်အား ၁၀၀ ခန့်မှ နမ့်တွတ်ဖက်ရှိ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း RCSS/SSA ၏ Facebook Page (Tai Freedom) မှာ ထုတ်ပြန်ထားသည်။

ထိတွေ့တိုက်ပွဲမှာ မွန်းလွဲ ၂ နာရီအချိန်ထိ ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ယင်းထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဖက်မှ တစုံတရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။