• Today is: Thursday, March 28, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 22, March 17, 2023)

၁။ သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ် ရှေ့တန်းစခန်းကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့ တိုက်ခိုက်သိမ်းဆည်း
March 17, 2023

ကရင်နီပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ်၏ ခလရ(၁၃၅)ရှေ့တန်းတပ်စခန်း တစ်ခုကို ယမန်နေ့ ညနေ ပိုင်းတွင် ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှ်ိသည်။ ဖားဆောင်း မြို့ အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း(၃၁၅) ၏ ရှေ့တန်းစခန်းတစ်ခုအား သိမ်းဆည်းနိုင်ခဲ့သည့်သတင်းကို ကရင်နီစစ်ဖက်ရေးရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့မတ်လ ၁၇ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ စခန်းအတွင်း ခလရ (၁၃၅)၏ စစ်ကောင်စီတပ်သား အလောင်းသုံးလောင်းတွေ့ရှိပြီး လက်နက်မျိုးစုံ ခြောက်လက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေး စက်ကြီးတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ကျန်စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်ကလည်း ကရင်နီ‌ပြည်နယ်အတွင်း သံလွင်အရှေ့ခြမ်း ရှေ့တန်းစခန်း‌တစ်နေရာမှ စစ်ကောင်စီ တပ် ခလရ(၅၄)အထိုင်ချထားသည့် ဟွေအွမ်စခန်းအား ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် ၆၀ မမ တစ်လက်၊စနိုက်ပါ တစ်လက်၊MA-1 တစ်လက်၊ MA-2 နှင့် MA-4 နှစ်လက်စီ၊ စစ်ကောင်စီတပ်သားရုပ်အလောင်း ခြောက်လောင်း ရရှိခဲ့ကြောင်း ကရင်နီစစ်ဖက်ရေးရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ ကရင်နီပြည်နယ်ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိတိုက်ပွဲများ ဖြစ်ပွားနေသည်။ https://www.facebook.com/MizzimaDaily/photos/a.3 20351647999747/651705267 1662916/

၂။ ယမန်နေ့က ပင်လောင်းမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံး
March 17, 2023

စစ်ကောင်စီရဲ့ အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကြောင်းဟာ ယမန်နေ့ (မတ် ၁၆ ရက်) က နမ့်နိန်းရွာ အနောက်ဘက် တောင်ကြောပေါ်ကို စစ်ကြောင်းထိုးလာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KRU ထံက သိရပါ တယ်။ “တိုက်ပွဲက ဖြစ်တာ တော်တော်ကြာတယ်၊ မနက် ၇ နာရီခွဲလောက်က စဖြစ်တာ ၁၀နာရီလောက်ထိ၊ အဲ့ဒါပြီးတော့ ရဲဘော်တယောက် ကျန်ခဲ့တာရှိလို့ နောက်တခါ ထပ်သွားပြန်တိုက်တာ ၁ နာရီလောက်ထိ တိုက်ပွဲထပ်ဖြစ်တယ်၊ ကျတော်တို့ ရဲဘော်တွေ အကျအဆုံးတော့ မရှိခဲ့ပါဘူး၊ စစ်တပ်ဘက်က ၂၀ ကျော်သေတာတော့ အတည်ပြုနိုင်တယ်” လို့ KRU ပြန်ကြားရေး တာဝန်ရှိသူ ကိုလင်းလင်း ကပြောပြပါတယ်။

အဆိုပါတိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ၊ KNDF တပ်ရင်း ၁၁၊ PNDF(KK)၊ အလယ်ပိုင်းတိုင်း တပ်ရင်း(804)၊ တပ်ရင်း(805)၊ တပ်ရင်း(1102)၊စစ်တောင်းပျောက်ကျားအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ပေါင်းစု အဖွဲ့မှ KRU (၂)ဦး ၊ တပ်ရင်း(804)၁ဦး၊တပ်ရင်း(805)၁ဦး၊စစ်တောင်းပျောက်ကျား(၁)ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန် ချက်မှာပါရှိပါတယ်။ စစ်ကောင်စီဟာ အရပ်သားများကိုလည်း ဖမ်းဆီးထားကာ လမ်းပြအဖြစ် အသုံးပြုနေတာ မျက်မြင်တွေ့ခဲ့ ရတယ်လို့လည်း သိရပါတယ်။ “စစ်တပ်က အရပ်သားတွေကိုလည်း ဖမ်းထားသေးတယ်၊ ၅ ယောက်ကနေ ၁၀ ယောက် အနည်း ဆုံးဖမ်းထားတာ၊ မနက်ဘက်တိုက်ပွဲဖြစ်တော့ သူတို့ရေဆင်းခပ်တာ၊ ရွာသား ၄ ယောက်လောက်ကို လမ်းပြခိုင်းနေတာတွေ့ တယ်၊ အမျိုးသားတွေချည်းပဲ၊ အသက် ၂၇ ဝန်းကျင်တွေပါ” လို့ ကိုလင်းလင်းက ထပ်မံပြောပြခဲ့ပါတယ်။ https://www.facebo ok.com/photo/?fbid=2268049 93205434&set=a.169994352219832

၃။ KBC ဥက္ကဌဟောင်းကို စစ်ကောင်စီက တရားရုံးက အကြမ်းဖက်မှုဥပဒေ နဲ့ထပ်မံစွဲချက်တင်
March 16, 2023

ကချင်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန် ကို စစ်ကောင်စီ တရားရုံးကအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ထပ်မံစွဲချက်တင်လိုက်တယ်လို့ KBC နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ” အကြမ်းဖက်မှုအတွက် ရုံးကလက်ခံလိုက်တယိလို့ သိရတယ်။ သူမိသားစုနဲ့လည်းအဲရုံးချိန်းမှာတွေ့ခဲ့ရတယ်။ ကျန်းမာရေးတော့ သိပ်မကောင်းဘူးပြောတယ်။ နောက်ရုံးချိန်းက ၂၁ ရက်နေ့ပါ”လို့ KBC နဲ့ နီးစပ်သူတဦးကပြောပါတယ်။ စစ်ကောင်စီရဲ့ မြစ်ကြီး နားတရားရုံးမှာအမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတအပါအဝင် ဝန်ကြီးနှစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်ဆိုပြီးထောင်ဒဏ် ၃ နှစ်က နေ ၇ နှစ်အထိချနိုင်တဲ့ ပုဒ်မနဲ့ ဒီလ ၁၄ ရက်နေ့က ရုံးထုတ်စစ်ဆေးကာ စွဲချက်တင်လိုက်တဲ့အတွက် အမှုသုံးမှုရှိလာတာပါ။ အဲဒီ အမှုသုံးခုအနက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ-၁၇ (၁)တို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စွဲချက်တင်ခဲ့တာပါ။

ကချင်လူထုကြားမှာ ထင်ရှားတဲ့ ဒေါက်တာခလမ်ဆွန်ဟာ လက်ရှိမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တရားရုံးမှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က) ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) စတဲ့ အမှု သုံး မှုနဲ့တရားရင်ဆိုင်နေရတာပါ။ ပြီးခဲ့တဲ့ ရုံးချိန်းမှာ အစောပိုင်းက စွဲချက်တင်ထားတဲ့အမှုတွေ အတွက် စွပ်စွဲခံရသူဖက်မှာ သက်သေ ၂ ဦးစစ်ဆေးခဲ့ပြီး အဲဒီသက်သေတစ်ဦးမှာ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ ဇနီးပါဝင်ခဲ့တာ ကြောင့် မီးသာစုနဲ့တွေ့ခွင့်ရခဲ့တယ်လို့ ဒေါက်တာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်က စစ်ကောင်စီ က ဖမ်းဆီးခဲ့ပြီးနောက် ရက်ပေါင်း ၁၀၀ အတွင်းမှာ မီးသားစုနဲ့ တွေ့ခွင့်ရခဲ့ခြင်းဖြစ်သလို လက်ရှိမှာ ကျန်းမာရေးအရ ချောင်းဆိုး တဲ့ဝေဒါနာကို ခံစားနေရတယ်လို့ သိရပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌ ဟောင်းဒေါက်တာ ခလမ်ဆမ်ဆွန် ကိုတော့ ထိုင်းနိုင်ငံကိုဆေးကုဖို့အသွားမှာ စစ်ကောင်စီက ဒီဇင်ဘာ (၅)ရက်မှာ မန္တလေးလေဆိပ်မှာ ဖမ်းဆီး လိုက်တာဖြစ်ပါ တယ်။ အဲဒီနောက် စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန် အနေနနဲ့ မတရားအသင်းအဖြစ်ကြေညာထားတဲ့ KIA ဗဟိုဌာနချုပ် လိုင်ဇာကို သွားရောက်ခဲ့ပြီး KIO ဥက္ကဋ္ဌ အင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဗိုလ်ချူပ်ဂွမ်မော် တို့ ပြုလုပ်တဲ့ အစည်းအဝေးတွေ တက်ရောက်ခဲ့ တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ဗိုလ်တစ်ဦးက တရားလိုလုပ်ပြီး တရားစွဲတာတွေ လုပ်ခဲ့တာပါ။ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ ဥက္ကဌဟောင်းတဦးဖြစ်သလို လက်ရှိလည်းအကြံပေး အ ဖြစ်တာဝန်ထမ်းဆောင်နေတာပါ။ ဒါ့အပြင် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) ဥက္ကဌ လည်းဖြစ်သလို ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG)အဖွဲ့ဝင်တဦးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။ https://www.facebook. Com/deltane wsagency/photos/a.697365477307820/1881940082183681/

၄။ ပလက်ဝဒေသတွင် ပေါ်ဆန်းမွှေး တစ်အိတ် ၁ သိန်းကျော်ထိ ဈေးထပ်မြင့်နေ
March 16, 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြို့နယ်အတွင်းကုန်စည်စီးဆင်းရာလမ်းကြောင်းမှာ စစ်ကောင်စီဖက်မှ တင်းကျပ် မှုများဆက်ရှိနေဆဲဖြစ်သည့်အတွက် ကုန်ဈေးများထပ်မံမြင့်ဆက်လာနေမှုရှိနေပြီး ပေါ်ဆန်မွှေးတစ်အိတ်ကို ၁ သိန်းကျော်အထိ ထပ်မြင့်နေပြီဖြစ်သည်ဟု ‌ဒေသတွင်းနေသူများကပြောသည်။ ပလက်ဝမြို့နယ်၏ ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းမှာ ကျောက်တော်ပလက်ဝ ရေလမ်းကြောင်းဖြစ်ပြီး အဆိုပါလမ်းကြောင်းကို စစ်ကောင်စီတပ်မှ စစ်ဆေးရေးအမြဲတင်းကျပ်ထား ခြင်းဖြစ်ပြီး ကုန်စည်ကန့်သတ်ချက်များလည်း ပြုလုပ်ထားသည်။ ထိုအခြေနေကြောင့် ကျောက်တော်မှ အဓိကကုန်သွယ်နေရ သည့် ပလက်ဝဒေသမှာ ဆန်အပါအဝင် ကုန်စည်အချို့ကို တိုက်ရိုက်ဝယ်ယူ၍မရတော့သည့် အခြေနေမျိုးဖြစ်နေပြီး ဒေသတွင်း ပေါက်ဈေးအတိုင်းသာ ဝယ်ယူနေရသည်ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။ “အစစ်ဆေးကတော့ အမြဲတင်းကျပ်ထား တယ်လေ။ ကုန်တွေဆိုလည်းအဲ့အတိုင်းပဲ။ အရင်ဆို ဆန်တစ်အိတ်တတ်နိုင်နိုင် ၂ အိတ်တတ်နိုင်နိုင် ကျောက်တော်က တိုက်ရိုက် သယ်ယူလို့ရတယ်။ ကျောက်တော်ဖက်ပေါက်ဈေးအတိုင်းရတယ်ပေါ့။ အခုက မရဘူး ဘယ်ဈေးပဲဖြစ်နေနေ ပလက်ဝကပဲဝယ်ရ တာပဲ။ သယ်ယူခွင့်ယူထားတဲ့တစ်ချို့ပဲ ကုန်တွေသယ်လို့‌ရတာမျိုးရှိတယ်” ဟုပြောသည်။

ပလက်ဝ၏ လက်ရှိဆန်ပေါက်‌ဈေးမှာ ယခင်က ၃၀၀၀၀ ကျပ်ရှိသည့် ပေါ်ဆန်မွှေးဆန်ကျိုးတစ်အိတ်ကို ယခု ၆၀၀၀၀ ကျပ်၊ ယခင် ၅၀၀၀၀ နီးပါးကျပ်ရှိခဲ့သည့် ဆန်ကြမ်းတစ်အိတ်ကို ယခု ၈၀၀၀၀ ကျပ်နီးပါး၊ ယခင် ၇၀၀၀၀ နီးပါးရှိခဲ့သည့် ပေါ်ဆန်မွှေးတစ်အိတ်ကို ယခု ၁ သိန်းကျော်စသည်ဖြင့် အသီးသီးရှိနေခြင်းဖြစ်သည်။ ထိုသို့အခြေနေများကြောင့် လက်လုပ် လက်စားများ အဓိကအခက်ခဲကြုံနေရပြီး ကုန်စည်‌လမ်းကြောင်းများ ဖြေလျော့ပေးစေလိုကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။ “လက်လုပ်လက်စားတွေကအရင်ဆို ကျောက်တော်ကနေ ၅၀၀၀ သက်သာသည်ဖြစ်စေ ၁၀၀၀၀ သက်သာသည် ဖြစ် စေဝယ်လို့ရတယ်။ အခုကအဲ့လိုမရဘူး။ အစစ်ဆေးတွေအရင်းတင်းကျပ်တယ်။ ဖြစ်နိုင်ရန်ကုန်စည်တွေသယ်ယူတာနဲ့ ပတ်သက် ပြီး ‌ဖြေလျော့ပေးစေချင်တယ်” ဟုပြောသည်။ ပလက်ဝဒေသ၏ အဓိကကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်သည့် ပလက်ဝ ကျောက်တော်ရေလမ်းကြောင်းကို စစ်ကောင်စီတပ်မှ မကြာခဏပိတ်ပင်တတ်ပြီး လမ်းကြောင်းဖွင့်ပေးသော်လည်း ပလက်ဝ ၂၈၉ တပ်ရင်းတို့တွင် ခရီးသည်တစ်ယောက်ချင်း စစ်ဆေးခံရမှုတို့အမြဲရှိနေကြောင်း သွားလာ နေသူများကဆိုသည်။ ပလက် ဝဒေသမှာ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုအများဆုံး ဒေသတစ်ခုဖြစ်ပြီး သွားလာရေးလမ်းကြောင်း များလည်း ဆက်တိုက်ပိတ်ခံရမှုတို့ရှိခဲ့ကာ လက်ရှိတွင်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတက်တို့၏ တိုက်ပွဲ ဧရိယာထဲတွင် ပါဝင်နေဆဲဖြစ်ကာ အင်တာနက်လည်း ဆက်လက်ပိတ်ခံထားရဆဲဖြစ်သည်။ https://www.facebook.com/w esternnewsagency/p hotos/a.119286173211229/730481205425053/

၅။ လူအစုလိုက်အသတ်ခံရတဲ့ နန်းနိန်းရွာမှာ ဒေသခံတဆယ့်တဦးဆက်လက်ပျောက်ဆုံးနေ
March 16, 2023

ရှမ်း ကယားနယ်စပ် ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းကျေးရွာက ဘုန်းကြီးကျောင်းအတွင်းမှာ မတ်လ ၁၁ရက်က သံဃာတော် (၃)ပါးနဲ့အရပ်သား၁၉ဦး အသတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီး ပျောက်ဆုံးနေတဲ့ ရွာသားတွေလည်းရှိတယ်လို့ ဒီကနေ့ မတ်လ ၁၆ ရက်မှာပြုလုပ်တဲ့ နန်းနိန်းရွာဖြစ်စဉ် သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ နေပြည်တော်နဲ့ မိုင် ၅၀ ကျော် တာဝေးတဲ့ ပင်လောင်းက နန်းနိန်းကျေးရွာကို မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်တွေက စီးနင်းဝင်ရောက်လာချိန်မှာ ရွာထဲ မှာ ဘုန်းတော်ကြီးတွေအပါအဝင်၃၃ယောက်ရှိနေခဲ့ပြီး အလောင်းတွေကတော့ ၂၂ လောင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ‘’စာရင်း အရတော့ ၃၃ ယောက်ပေါ့။ Dead Body အလောင်းတွေ့တာတော့ ၂၂ လောင်းပေါ့။ကျန်တဲ့ ၁၁ ယောက်ကတော့ စစ်ကောင်စီ ကအသက်ရှင်နေတာလား၊ စစ်တပ်ကဖမ်းသွားတာလား။ ဝါဒဖြန့်တဲ့သတင်းအမှားတွေထုတ်ပြန်ဖို့ လုပ်ဆောင်ဖို့ လုပ်နေလားဆို တာမသိရသေးဘူး’’ လို့ KNDF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မျက်မှန်ကပြောပါတယ်။ စစ်ကောင်စီဟာ အခုနှစ် ဖေဖော်ဝါရီလ လယ် ကတည်းက ကရင်နီပြည်နယ်ကို စစ်ကြောင်း ၁၂ ကြောင်းနဲ့စစ်ကြောင်းထိုးနေပြီး ပင်လောင်း ကဆောင်းပြောင်းဒေသအနီးမှာ လည်း နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာကြောင့် နန်းနိမ်ကျေးရွာကဒေသခံတွေ စစ်ရှောင်ထွက်ပြေးဖို့ KNDF က အဲဒီဖြစ်ရပ် မတိုင်ခင် ဒေသခံတွေဆီသွားရောက်ညှိနှိုင်းပြောဆိုခဲ့တာလည်းရှိတယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဘုန်းတော်ကြီးတွေနဲ့ ဒေသခံတွေဟာ ရွာကိုစောင့်ရင်းနေလိုကြောင်းနဲ့ တော်လှန်ရေးအဖွဲ့တွေကိုလည်း နှောက်ယှက်မှာမဟုတ်ဘူးလို့ ပြန်လည်ညှိနှိုင်းပြောဆိုခဲ့ပြီးအဲဒီအချိန်မှာ ကျေးရွာအတွင်းမှာ ဒေသခံ ၃၃ ယောက်ရှိနေတာကို သိခဲ့ရတယ်လို့ဆက်ပြောပါတယ်။ ဒါ့အပြင် အလောင်းတွေကိုတွေ့ရှိပြီးတဲ့နောက် KNDF က ရဲဘော်တွေ ဒရုန်းနဲ့ထောက် လှမ်းမှု လုပ်ခဲ့ပြီးချိန်မှာတော့ ရွာအနီးမှာ အလောင်း ၇ လောင်းကိုထပ်မံတွေ့ရှိခဲ့ပေမယ့် သေဆုံးသူရုပ်အလောင်းတွေလို့သာ အတည် ပြုနိုင်ပြီး ဘယ်သူဘယ်ဝါတွေဆိုတာ အတည်မပြုနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ ဒါကြောင့် လက်ရှိအလောင်း ၂၂ လောင်းကို တွေ့ရှိ အတည်ပြုနိုင်ပြီးအရပ်သား ၁၁ ယောက်ဟာ ဒီကနေ့အထိ အခြေအနေမသိရဘဲ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ဆိုကြပါတယ်။ ‘’ ကျွန်တော်တို့သေချာပြောနိုင်တာက မတ်လ ၁၁ ရက်နေ့က ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေ ရွာထဲမှာမရှိနေခဲ့ဘူး။ လူထု ကိုအကြမ်းဖက်သတ်ဖြတ်တဲ့လုပ်ရပ်ကို အရင်ကလည်းမလုပ်ခဲ့ဘူး။အခုလည်းလုပ်မှာမဟုတ်ဘူး။ နောင်လည်းမလုပ်ဘူး’’လို့ KNDF ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ ဒါ့အပြင် နန်းနိန်ရွာမှာအသတ်ခံရတဲ့ ဒေသခံတွေရဲ့အလောင်းတွေကို ကရင်နီပြည်နယ် ကျန်းမာရေးကောင်စီ ဆေးဘက်ဆိုင်ရာ ဆရာဝန်က ဆေးပညာအရစစ်ဆေးမှုတွေလုပ်ရာမှာလည်း ဒေသခံတွေဟာ ညှင်းပန်း နှိပ်စက်ခံရပြီးမှ သေဆုံးခဲ့တာဖြစ်တယ်လို့ ထွက်ပေါ်လာပါတယ်။ နန်းနိန်ရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့အတူစစ်ကောင်စီက လူသားမျိုး နွယ်စုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုအားလုံးကို ပြင်းထန်စွာ ရှုတ်ချပြီး တရားမျှတမှုပြန်လည်ရရှိရေးအတွက် အလေးအနက် ထား ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC)နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ် ကောင်စီ (PNFC) တို့ကပူးတွဲထုတ်ပြန်ထားပါတယ်။ https://www.facebook.com/ deltanewsagency/photos/pcb.1881981835512839/18 81979702179719

၆။ ဒီးမော့ဆိုအရှေ့ခြမ်း စစ်ရှောင်တချို့အတွက် နေရာထိုင်ခင်းရရှိဖို့ တဲဆောက်ပေး
March 16, 2023

ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ အရှေ့ဖက်ခြမ်းကနေ တိုက်ပွဲကြောင့် တိမ်းရှောင်ရောက် ရှိလာတဲ့ စစ်ရှောင်တချို့အတွက် နေစရာတဲဆောက်ပေးနေကြတာဖြစ်ပါတယ်။ အသစ်တိုးလာတဲ့စစ်ရှောင်တွေရဲ့နေရာထိုင် ခင်းအဆင်ပြေဖို့အတွက် တဲဆောက်ပြီး ပြောင်းရွှေ့ထားဖို့ ပြင်ဆင်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။ “ခုအနောက်မှာဆောက်နေတဲ့ ဒီအဆောက်အဦးတွေက ခုကဒီစစ်ရှောင်တွေ တိုးလာတယ်လေ။ တိုးလာတော့ ကျောင်းမှာပဲ ယာယီထားတော့ ကျောင်းလဲပိတ်ထားရတယ်ပေါ့နော်။ ဒါကြောင့်မို့ ကျွန်တော်တို့က ခုလောလောဆယ်ကျောင်းမှာထားပြီး အဆောက်အဦးလေးဆောက်ပေးတယ်။ ပြန်ရွှေ့လာပေးဖို့ပေါ့နော်” လို့ ဆိုပါတယ်။

နေရာထိုင်ခင်းမရရှိသေးတဲ့ စစ်ရှောင်တွေ ထပ်မံရောက်ရှိလာရင် လက်ခံသွားမယ်လို့ ဆိုပါတယ်။ လက်ရှိ တဲ‌ဆောက် တဲ့အချိန်မှာ ဝါးက ဝယ်ချင်တိုင်းဝယ်လို့မရသလို မိုးကာဝယ်ယူဖို့လည်း ငွေကြေးအခက်ခဲရှိတယ်ဆိုတယ်လို့ ဆိုပါတယ်။ “ခုချိန် မှာတော့ ဝါးတွေတအားရှားတယ်ပေါ့နော်။ ကိုယ်ဝယ်ချင်တဲ့အတိုင်းလဲ ဝယ်လို့မရဘူး။ ရှာချင်လဲ ရှာလို့မရဘူး ဒီမျိုးပေါ့နော်။ ပြီးတော့ မိုးကာတို့ ဘာတို့စသဖြင့်ပေါ့နော် အခက်ခဲရှိတာပေါ့” စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။ စစ်ရှောင်ဦးရေ တိုးလာတာနဲ့အမျှ စားနပ်ရိက္ခာ နဲ့ သောက်သုံးရေရရှိဖို့ကလည်း အရေးတကြီး လိုအပ်နေပါတယ်။ လက်ရှိ အဆိုပါစစ်ရှောင် စခန်းမှာ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှ ရောက်လာသော စစ်ရှောင်ဦးရေ (၅၀)ကျော် ရှိနေတယ်လို့ သိရပါတယ်။ ဒီးမော့ဆို အရှေ့ ဘက်ခြမ်းမှာ မတ်လ ၉ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံအပါအဝင် ထပ်ဆင့်စစ်ရှောင်ရတဲ့ စစ်ရှောင် နှစ်သောင်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရပြီး ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို ထောင်နဲ့ချီပြီး တိမ်းရှောင် လာကြတယ်လို့သိရပါတယ်။ https://www.facebook.com/watch?v=573009034769908

၇။ ဘုတလင်မြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်
March 16, 2023

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အတွင်းတာဝန်ဖြင့် ခရီးသွားနေသော ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရပြီး ကျဆုံးခဲ့ရကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ထုတ်ပြန် သည်။ CNDF တပ်ဖွဲ့ဝင်ဆလိုင်းဟာခွီအွမ် (ခ) ဇာနည်အောင်(၂၀နှစ်)နှင့် ဆလိုင်းဒေးဗစ်လာလ်ထန်လျန် (၂၁နှစ်) တို့သည် မတ်လ(၁၅)ရက်နေ့က ဘုတလင်မြို့နယ်အတွင်း အမျိုးသားရေးနှင့်တော်လှန်ရေးအတွက် တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရခြင်းဟု မတ်လ ၁၅ ရက်တွင် CNDF က သတင်းထုတ်ပြန်သည်။ “သူတို့က ဈေး တခုမှာ နားနေချိန် စစ်ကောင်စီတပ်တွေက ဈေးကို ဝိုင်းပြီးမှ တခါထဲ လာပစ်သတ်သွားတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဆလိုင်းဟာခွီအွမ်နှင့် ဆလိုင်းဒေးဗစ်လာလ်ထန်လျန်အပါအဝင် ရဲဘော်သုံးဦးသည် တာဝန်ဖြင့် ခရီးသွားခဲ့ခြင်းဖြစ်ပြီး အခင်းမဖြစ်ပွားမီ ရဲဘော်တဦးမှာ အခြားကိစ္စဖြင့် ထွက်သွားချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရုတ်တရက်ရောက်ရှိလာခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ အမျိုးသားတော်လှန်ရေးအတွက် ၎င်းတို့၏ ပေးဆပ်မှုအပေါ် လေးစားဂါရဝပြုကြောင်းနှင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်သည်ဟု CNDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။ “ရဲဘော်တို့ဟာ မသေခြင်းတရားနဲ့ သေသွားကြတယ်။ ရဲဘော်တို့ဟာ ရင်ဘတ်ခြင်း အနီးဆုံးသူတွေ ဖြစ်တယ်။ ရဲဘော်တို့ ငါတို့ မျက်ရည်စီးတဲ့ အထဲမှာ မင်းတို့ သွေးတွေကို အမှတ်ရနေမယ်။ ရဲဘော်တို့ ခန္ဓာသွေးကြော လည်ပတ်နေသမျှ မင်းတို့ ငါတို့နဲ့ အတူရှိနေပါ။ အာဇာနည်သေရိုးမရှိ”ဟု ကျဆုံးသွားသောရဲဘော်နှစ်ဦးအတွက် ကဗျာတပုဒ်ကို CNDF ၏ လူမှုကွန် ယက်စာမျက်နှာတွင် ရေးသားထားသည်။ ၎င်းတို့၏ ပေးဆပ်မှုများနှင့် ယုံကြည်ချက်များကို ဘယ်သောအခါမှ မမေ့မလျော့ပဲ စစ်အာ ဏာရှင်စနစ်ကို အမြစ်ပြတ်ဆန့်ကျင်တော်လှန်ပြီး အဆုံးထိတိုက်ပွဲဝင်သွားမည်ဟု ကျဆုံးအာဇာနည်ရဲဘော်များ၏ အမည်ကို တိုင်တည်သစ္စာပြုအပ်ကြောင်း CNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://www.facebook.co m/MizzimaDaily /photos/pcb.651344 3785357138/6513440435357473/

၈။ ကရင်နီပြည်နယ်တွင်းရှိ စစ်ဘေးရှောင် ကလေးများ အရေပြားရောဂါ ခံစားနေရ
March 16, 2023

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆို အရှေ့ဘက်ကမ်းရှိ စစ်ဘေးရှောင် ကလေးငယ်များ ရေအခက်ခဲမှုကြောင့် အရေ ပြားရောဂါခံစားနေရကြောင်း စုံစမ်းသိရှိရသည်။ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးအုပ်စုထဲတွင် ရှိနေသည့် စစ်ဘေးရှောင်များသည် ရေအခက်ခဲမှုရှိနေပြီး တောထဲနေရသည့်အတွက်ကြောင့် အရေပြားရောဂါ ၊ ယားနာမှုများ ခံစားနေရကြောင်း Job for Kayah က တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ ဘာရောဂါ ဖြစ်တာလဲတော့ အတိကျတော့ မပြောနိုင်သေးဘူး။ ဆေးစစ်ပြီးမှ အတည်ပြု လို့ရမှာပါ။ ယားနာရောဂါ တစ်မျိုးပါပဲ။ ကျောက်အရေပြား ရောဂါလို့ ယူဆရတယ်။ စစ်ဘေးရှောင်တွေက စစ်စရှောင်တုန်းကနေ အခုထိ ရေမချိုးရဘူး။ သူတို့တွေ ရေမချိုးရတာက ၆ ရက်လောက်တော့ ရှိနေပြီ” ဟု ၎င်းက ပြောသည်။ ကလေးတွေ အပြင် လူကြီးများလည်း ယားနာ ရောဂါများကို ခံစားနေရကြောင်း သိရသည်။

အဆိုပါ ဒီးမော့ဆို အရှေ့ဘက်ခြမ်းတွင် မတ်လ မှစ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ပြည်သူများက တောထဲကို ထွက်ပြေး တိမ်းရှောင်လာရပြီး တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် ရေအခက်ခဲမှု များရှိသည်။ ထိုအပြင် လက်ရှိ စစ်ဘေးရှောင်များသည် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းတို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး တစ်ချို့က ဆွေမျိုးရှိရာ အရပ်သို့ ထွက်ပြေး သွားခဲ့ကြောင်း Job For Kayah က တာဝန်ရှိသူ ကဆိုသည်။ “ စစ်ဘေးရှောင် တစ်ချို့ကတော့ လွိုင်ကော်ဘက်ကို စစ်ဘေးရှောင် သွားတာရှိတယ်။ တစ်ချို့ကတော့ နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့ ကျေးရွာတွေမှာ ရှောင်နေကြတယ်။ အများစုကတော့ ဒီးမော့ဆို တောထဲမှာပဲ စစ်ဘေးရှောင်ကြတယ်။ တောထဲမှာနေတော့ စားစရာတွေကော၊ ရေတွေလည်း ရှားပါးတယ်” ဟု ၎င်းကပြော သည်။ ယခု မတ်လမှ စပြီး ကရင်နီပြည်နယ်အပြင် သျှမ်းပြည် ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်အတွင်းလည်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ https://burmese.shannews.org/archives/33581

၉။ ဗိုလ်ချုပ်ကြီး အင်ဘန်လ KIO ဥက္ကဋ္ဌ တာဝန်ပြန်ထမ်းဆောင်
March 17, 2023

ကျန်းမာရေးကြောင့် အနားယူနေတဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ တာဝန်ကို ပြန်လည်ထမ်းဆောင်နေပြီလို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ အသက် ၈၀ ရှိပြီ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လ အနားယူနေချိန်မှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင် က (KIO) ဥက္ကဋ္ဌနေရာကို အခုနှစ်ဆန်းပိုင်းတုန်းက ယာယီ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ‘’ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ယာယီ တာဝန်ယူခဲ့တာပါ။ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကပဲ ဥက္ကဋ္ဌ ဖြစ်ပါ တယ်’’ လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ၂၀၁၈ မှာ KIO ဥက္ကဋ္ဌ ဦးဇောင်ဟရား အနားယူသွားလို့ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ဆက်ခံခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဝ အထူးဒေသ ပန်ခမ်းမှာ ပြုလုပ်တဲ့ မြောက်ပိုင်းလက်နက်ကိုင်မဟာမိတ်အဖွဲ့ (FPNCC) အစည် အဝေးကို KIO ကိုယ်စားပြုပြီး ဗိုလ်ချုပ်ကြီး အင်ဘန်လ တက်ရောက်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေကဖော်ပြပါတယ်။ စစ်ကိုင်းတိုင်းထဲက နယ်မြေ တချို့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ နဲ့ PDF တွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ https://www.bbc.com/burmese/articles/czdjx9g95z7o

၁၀။ ရခိုင်ရှိ စစ်တပ်တပ်ရင်းများတွင် နှစ်ချီစားသုံးနိုင်သည့် စားနပ်ရိက္ခာများဖြည့်တင်းထားဟုဆို
March 16, 2023

စစ်ကောင်စီသည် ရခိုင်ရှိ စစ်တပ် တပ်ရင်းများတွင် နှစ်ချီစားသုံးနိုင်သည့် စားနပ်ရိက္ခာများ ဖြည့်တင်းထားပြီး စစ်တွေပွဲ တစ်ခုအတွက် ပြင်ဆင် နေပုံရသည်ဟု စစ်ရေးလေ့လာ အကဲခတ်သူများက ပြောသည်။ ထိုသို့ လက်နက်၊ ရိက္ခာ၊ လူအင်အား ဖြည့်တင်းမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်းကို မောင်တောမြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်းတစ်နှင့် နီးစပ်သူ အမည် မဖော်လိုသူတစ်ဦးကပြောသည်။ “အခုအခြေအနေအရ စားနပ်ရိက္ခာတွေကို နေ့တိုင်းတပ်ရင်းတွေကို ပို့ဆောင်နေတာပါပဲ။ နယ်ခြားစောင့်ရဲတပ်ရင်းတွေမှာလည်း အပြည့်ဖြည့်ထားတယ်။ တစ်နှစ်ခွဲစာ၊နှစ်နှစ်လောက် အတွက် စားဖို့သောက်ဖို့ ရိက္ခာတွေ စုဆောင်းထားတယ်လို့ သိရပါတယ်။ ရိက္ခာကတော့ လုံလောက်တဲ့ အဆင့်ကို ရောက်နေပြီလို့ သိရပါတယ်”ဟု ပြောသည်။ ရခိုင် တွင် တကျော့ပြန်ဖြစ်ပွားခဲ့သည့် ၄ လတာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းများကို အေအေ က ဘက်ပေါင်းစုံမှ ပိတ်ဆို့ခဲ့သဖြင့် စစ်ကောင်စီ တပ်အချို့သည် ရိက္ခာ၊ လက်နက်ခဲယမ်း မီးကျောက် ပြတ်တောက်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ယာယီအပစ်အခတ် ရပ်စဲခဲ့ကြ ပြီးနောက် စစ်ကောင်စီတပ်သည် စစ်လက်နက် ပစ္စည်းများနှင့် ရိက္ခာဖြည့်တင်းမှုများကို ယခင်ကကဲ့သို့ မကြုံရအောင် အင်တိုက် အားတိုက် ဆက်တိုက်ပြုလုပ် စုဆောင်းလာခြင်း ဖြစ်ပုံရသည်ဟု ဒေသခံပြည်သူများက ပြောဆိုသည်။

လက်နက်၊ ရိက္ခာတင်ကားများ မပြတ်သွားလာမှုများအပြင် အသံဖမ်းစက်များနှင့် တခြားထောက်လှမ်းရေးစက် ပစ္စည်း များ မောင်တောမြောက်ပိုင်းသို့ စစ်ကောင်စီတပ်သားများက ဒိုင်နာကားနှင့် သယ်ယူသွားသည်ကို မတ်လ ၁၄ ရက် ညနေပိုင်း တွင် တွေ့ရှိခဲ့ရကြောင်း မောင်တောမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ “စစ်ပစ္စည်းတွေမဟုတ်ဘဲ စလောင်းခွက်တွေလို၊ အသံ ဖမ်းစက်ပုံစံမျိုးတွေ တခြားပစ္စည်းတွေရော ဒိုင်နာကားအရှည်၊ အဖြူနဲ့ ကားမှာအပြည့်ပဲ။ ဘာလုပ်ဖို့၊ ဘယ်မှာ တပ်ဆင်ဖို့ ဟာ တွေလဲတော့ မပြောနိုင်ဘူး။ ရွှေဇားတံတားဘက်ကနေ မောင်တောမြောက်ပိုင်းကို တင်ယူသွားပါတယ်”ဟု ပြောသည်။ ယခု တစ်ကြိမ် အပစ်ရပ်စဲရေးကာလတွင် စစ်ကောင်စီသည် စစ်ရေး လှုပ်ရှားပြင်ဆင်မှုများကို ယခင်အချိန်ကထက် ပိုမိုပြုလုပ်လာ သည်ကို တွေ့မြင်နေရသည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်း က ပြောသည်။ စစ်ကောင်စီ၏ လှုပ်ရှားမှုများအပေါ် ULA/AA ကလည်း အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း သတ္တမအကြိမ်မြောက် သတင်း စာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခ ကပြောဆိုထားသည်။ https://burmese.narinjara.com/. ../64129837e5894a4 6abf92a14

၁၁။ စစ်ကောင်စီရွေးကောက်ပွဲအတွက် မှတ်ပုံတင်တဲ့ တိုင်းရင်းသားပါတီ ၁၁ ခု ရှိလာ
March 17, 2023

နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေသစ်အရ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ တိုင်းရင်းသားပါတီ ၁၁ ခုအထိ ရှိလာပြီလို့ စစ်ကောင်စီ၊ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ အဲဒီပါတီ ၁၁ ခုက တော့ ရခိုင်ပြည်နယ်မှာ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်ပြည်နယ်မှာ ဒီမိုကရေစီပါတီသစ်(ကချင်)၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ပြည်နယ်မှာ မွန်ညီညွတ်ရေးပါတီ၊ ရှမ်းပြည်နယ်မှာ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ၊ ကရင်ပြည်နယ်မှာ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ စစ်ကိုင်းတိုင်းမှာ ရှမ်းနီ (တိုင်းလျန်) သွေးစည်း ညီညွတ်ရေးပါတီတို့ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ခမီတိုင်းရင်းသားတွေအနေနဲ့ တခြားသောတိုင်းရင်းသားတွေလို တန်းတူအခွင့်အရေးရဖို့ လိုအပ်တာ ကြောင့် စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်ခဲ့တာလို့ ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးလေသာကျော်က ပြောပါတယ်။ “ကျနော်တို့က လူမျိုးကို အခြေခံပြီးတော့ စုဖွဲ့ထားတဲ့ပါတီပါ။ ကျနော့် တိုင်းရင်းသား တွေ တခြားတိုင်းရင်းသားတွေလို အခွင့်အရေးတန်းတူရဖို့၊ လုပ်နိုင်တာတွေလုပ်ဖို့ ပါတီမှတ်ပုံတင်တာပါ။ ဘယ်နေရာတွေ ရွေးကောက်ပွဲဝင်မလဲဆိုတာ ပါတီမှတ်ပုံတင်ပြီးမှပြောလို့ရမယ်” တိုင်းရင်းသားပါတီတွေအထဲ ကယားပြည် နယ် အခြေစိုက်ပါတီတွေကတော့ မှတ်ပုံတင် လျှောက်ထားတာ မတွေ့ရသေးပါဘူး။ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ မှတ်ပုံပြန်တင်တဲ့ နိုင်ငံရေးပါတီ ၂၇ ပါတီအထိရှိလာပြီး အဲဒီအထဲမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီ ၇ ပါတီနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုတည်းမှာပဲ စည်းရုံးမယ့်ပါတီ ၂၀ ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။ အသစ်ပြဌာန်းထားတဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ နိုင်ငံရေးပါတီတွေ ဟာ ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံပြန်တင်ရမှာဖြစ်ပါတယ်။ https://www.rfa.org/burmese/news/party-registration-03172023053228.html

၁၂။ မြန်မာ့ပြည်တွင်းရေး ကိုယ်ပိုင်အင်အားနဲ့ အစွမ်းအစတွေကိုသာ အားကိုးရမယ်လို့ မြောက်ပိုင်းအဖွဲ့တွေပြော
March 17, 2023

မြန်မာ့ပြည်တွင်းရေးမှာ ဗမာပြည်မနဲ့အလုံးစုံငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် ကို တည်ထောင်ကြရမှာ နည်းလမ်းမျိုးစုံရှိပေမဲ့ လူနည်းစုတိုင်းရင်းသားရဲ့ အင်အားနဲ့ အစွမ်းအစတွေကိုသာ အားကိုးရမယ်လို့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေစုစည်းဖွဲ့ထားတဲ့ FPNCC (ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မ တီ)က ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့ပြည်တွင်းရေး ပြည်တွင်းပဋိပက္ခတွေ ပြေလည်ချုပ်ငြိမ်းရေးတရုတ်နိုင်ငံရဲ့ ကြားဝင် ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံတယ်လို့လည်း ဖော်ပြထားပါတယ်။ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တို့က ဝ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသ ပန်ခမ်းမြို့မှာ ကျင်းပတဲ့ FPNCC လုပ်ငန်းအစည်းအဝေးကို ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UNSP) ကချင် လွတ်လပ်ရေးအဖွဲ့(KIO), ရှမ်းအရှေ့အထူးဒေသ(၄) ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီ(PSC) ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မိုင်းလားအဖွဲ့(MNTJP) ရက္ခိုင့်တပ်တော် အေအေနဲ့ ပလောင်အဖွဲ့ PSLF စတဲ့အဖွဲ့ဝင် ခုနစ်ဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ကိုဗစ်ကာလမှာ နှောင်ကြိုးမဲ့အကူအညီတွေကိုပေးခဲ့တဲ့ တရုတ်အစိုးရကိုကျေးဇူးတင်ပြီး တရုတ်အစိုးရနဲ့ ဆက်လက် လက်တွဲလို့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအပါအဝင် ကျန်းမာရေး လူမှုရေးနဲ့ လူမှုဝင် ကုန်သွယ်ကူးသန်းသွားလာရေး တို့ကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမှာ မြန်မာ့ အရေး တရုတ်အထူးသံအသစ် တိန့်ရွှီကျွင်းနဲ့ မြောက်ပိုင်းအဖွဲ့တွေ ဒီသီတင်းပတ်အတွင်းမှာပဲ တွေ့ဆုံပြီးရှိပြီး ပန်ခမ်းဆွေးနွေးပွဲ က ဒီဆွေးနွေးပွဲမတိုင်ခင် အကြိုဆွေးနွေးပွဲလို့လည်း ယူဆမှုတွေရှိပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက တရုတ်အထူး သံဟာ စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့အပြီး ဝ၊ ကေအိုင်အေနဲ့ မိုင်းလားက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရဲ့ဌာနချုပ်တချို့ကိုလည်းသွားရောက်တွေ့ဆုံခဲ့ပါတယ်။ လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို စစ်ရေး သင်တန်းပေးတာ၊ ပူးတွဲ စစ်ဆင်ရေးတွေပြုလုပ်တာနဲ့ လက်နက်အကူအညီပေးမှုတွေမှာ ဒီမြောက်ပိုင်းအဖွဲ့တွေထဲ KIA က ပါဝင် နေပြီး ကချင်ပြည်နယ်နဲ့ ကချင်စစ်ကိုင်းအစပ် နေရာတချို့၊ စစ်ကိုင်းတိုင်းထဲမှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပါတယ်။ https ://www.bbc.com/burmese/articles/czdjx9g95z7o

၁၃။ ဖားကန့်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ
March 17, 2023

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာတွင် ယနေ့ နံနက် သုံးနာရီခွဲခန့်က ကေအိုင်အေတပ်ဖွဲ့ဝင် အမျိုးသား တစ်ဦး ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။ ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦး စီးနင်းလားသော လန်ခရူဇာကားကို ဆိုင်းတောင်ရပ် ကွက် (၃) ဘုန်းကြီးကျောင်းရှေ့တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သေဆုံးသူစီးတဲ့ ကားက ရှေ့က လမ်းဘေးမှာရပ်နေတဲ့ ကားအဲ့ကားကို ဝင်တိုက်တာ။ ဘီးသုံးဘီးပေါက်တယ်။ ကျည်ဆံ ခုနှစ် ချက်ပစ်ခံထားရတယ်။ ရှေ့က ညာဘီးတစ်ဘီးပဲ မပေါက်တာ။ ကျွန်တော်အမြင်ပြောရရင်က ကားမောင်းတုန်းမှာ နောက်ကနေ ဒိုင်းဒိုင်း ဆိုပြီးပစ်တာ ရှေ့မှာရော နောက်မှာရော ခုနှစ်ချက် မောင်းပြေးရင်းနဲ့ လမ်းဘေးမှာ ထိုးအိပ်နေတဲ့ ကားကို ဝင်တိုက်ပြီး တော့ ရှေနားကျမှ အဲ့လိုပစ်သတ်တာနေမှာ ကားနဲ့ အလောင်းနဲ့ က တော်တော်လေးကွာမယ်” ဟုပြောသည်။

သေဆုံးသွားသူမှာ ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားသည်ကို မသိရှိရကြောင်း ဖားကန့်ဒေသခံ ကေအိုင်အေတပ်ဖွဲ့ဝင်အချို့က အတည်ပြုပြောကြားသည်။ သေဆုံးသွားသူမှာ အသက်၂၈ နှစ်ခန့်အရွယ် ကိုမရန်လအောင် ဖြစ်ပြီး မှော်လကင်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ညအချိန် မတော်သွားတဲ့ အတွက်ကြောင့်ပစ်ခံရတာပေါ့။ ဘယ်သူပစ်သွားတာလဲက မသိရဘူး။ ဘယ်အဖွဲ့မှန်းမသိ။ ဘယ်သူပစ်မှန်းမသိ” ဟုပြောသည်။ ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က ဖားကန့်မြို့နယ်၊ ကြက်တစ်ကောင်ကုန်းရပ်ကွက်တွင် လူဝန်မှုကြီးကြပ်ရေး ဒု-ဦးစီးမှူးတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။ https://www.facebook.com/The 74Media/photos/pcb.76490882169 5308/764907251695465

၁၄။ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ လာရောက်စခန်းချ
March 16, 2023

သျှမ်းပြည် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စုရှိ ကျေးရွာအချို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက် စခန်း ချသဖြင့် ဒေသခံများ စိုးရိမ်ကြောက်လန့် နေကြကြောင်း သတင်းရရှိသည်။ မတ်လ ၁၄ ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဖာပလန်ကျေးရွာ နှင့် လွယ်ငင်းကျေးရွာတို့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူပြီး ရွာအဝင်အထွက်လမ်း များကို ပိတ်ကာ ရွာသားများကို စစ်ရှောင်သွားခွင့် မပြုသည့်အကြောင်း ဒေသခံများက ပြောသည်။ “မနေ့က စစ်သားတွေ ဖာပလန်ရွာထဲကို ရောက်လာတယ်၊ တချို့က လွယ်ငင်းရွာဘက် နေရာသွားယူနေတယ်၊ တိုက်ပွဲက ငြိမ်သွားပေမဲ့ အခုလို စစ်သားတွေ ထပ်ရောက်လာတော့ ကြောက်ကြတာပေါ့၊ အဲ့ကြောင့် ရွာသားတွေ က စစ်ရှောင်သွားချင်တယ်၊ ဒါပေမဲ့ စစ်သား တွေက မသွားခိုင်းဘူး၊ လမ်းတွေလည်း ပိတ်ထားတယ်”ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့ သည့် (မတ် ၁၂) ရက် နံနက် ၆ နာရီခွဲ ဝန်းကျင်မှစတင်ကာ လားရှိုးခရိုင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ အုပ်စု ခုံစုံ (ကုန်းဆုံ) ရွာအနီးတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များနှင့် စစ်ကောင်စီတို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ခုံစုံ (ကုန်းဆုံ) ရွာခံများက စစ်ရှောင်ထွက်ပြေးနေရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ရှောင်များသည် နမ့်ပေါင်ရှိ ဝေဠုဝန်ကျောင်းနှင့် နမ္မဘောဓိတို့ဘက် စစ်ရှောင်ရောက်ရှိနေကြပြီး မွေးကင်း စ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများလည်းရှိကြောင်း နမ့်ပေါင်သို့ ဝေဠုဝန်ကျောင်းသို့ ရောက်လာသည့် စစ်ရှောင် အမျိုးသားတစ်ဦးကပြောသည်။ “ကျနော်တို့ စစ်ရှောင်လာရတာ တချို့ကဘာပစ္စည်းမှမရခဲ့ကြဘူး၊ စစ်ရှောင်လာရတဲ့ မွေးကင်းစ ကလေးငယ် တစ်ဦးကလည်း အန်လာလို့ လားရှိုးဆေးရုံကို ပို့ရတယ်၊ တချို့ သက်ကြီး ရွယ်အိုတွေကလည်း မူးဝေ၊ အော့အန်၊ သွေးတိုးတာ ဖြစ်ကြတယ်၊ တချို့ကလည်း နမ္မ ဘောဓိဘက် စစ်ရှောင်သွားကြတယ်”ဟု အထက်ပါ စစ်ရှောင် အမျိုးသားကဆို သည်။ လက်ရှိတွင် စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးမှုများ ရှိသော်လည်း ကျန်းမာရေး ဆိုင်ရာ ကူညီစောင့်ရှောက်မှု လိုအပ်ကြောင်း စစ်ရှောင်များကပြောဆိုနေကြသည်။ မတ် ၁၂ ရက် နံနက် ၆ နာရီခွဲတွင်လည်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ အုပ်စု ကုန်းဆုံရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ကိုးကန့် တပ်ဖွဲ့ ( MNDAA ) နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင်လည်း လားရှိုးခရိုင်ရှိ မိုင်းရယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ https:/ /burmese.shannews.org/arc hives/33571

၁၅။ ဆီဆိုင် စစ်ရှောင်များ ရေရှားပြဿနာကြုံတွေ့နေရ
March 17, 2023

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း (၅) နေရာခန့်မှ စစ်ရှောင်များသည် ရေရှားပါး ပြဿနာနှင့် ကြုံတွေ့ နေရသဖြင့် အကူညီလိုအပ်နေကြောင်းသိရှိရသည်။ နှစ်စဉ်နှစ်တိုင်း နွေဦးကာလသို့ရောက်ရှိလျှင် ရေရှားပါးသော ပြဿနာအမြဲ ကြုံတွေ့ နေရသည့် ဆီဆိုင်မြို့နယ် ဘုရားဖြူ၊ နောင်ကျော၊ ပန်တိုင်း နှင့် ရေဖြူ စသည့် တောင်ပေါ်ဒေသမှ ကျေးရွာ ဒေသခံများ သည် ရေကို အမြဲဝယ်သုံးနေရကြောင်း ဆီဆိုင်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ ရေရှားပါးသည့် ပြဿနာ နှင့် ကြုံတွေ့နေရသည့် ကျေးရွာများထဲမှ စစ်ရှောင်များသည် ဦးရေစုစုပေါင်း (၂,၀၀၀) ရှိနေပြီး စစ်ရှောင်အများစုဟာရေကို ဝယ်သုံးဖို့ ရန်အတွက် အခက်ခဲရှိနေကြောင်း ပင်တိုင်းစစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ “ သောက်သုံးဖို့အတွက် ရွာထဲမှာ ရေသွား ခပ်ရတယ်။ ရွာက ဝေးတယ်။ တောင်ပေါ်လည်း တက်ရတယ်။ ဆိုင်ကယ်မရှိတဲ့ လူဆိုအဆင်မပြေဘူး။ အဝေးကြီးကို လမ်းလျှော က်သွားရတယ်။ အခုတော့ ပိုက်နဲ့တွယ်လိုက်ပြီ။ ရေက ပုံမှန်လာနိုင်မလား မသိသေဘူး “ ဟု ၎င်းက ပြောသည်။

လက်ရှိ ဆီဆိုင်မြို့ပေါ်တွင် ရေ ( ၈ ပေပါ ) ပြည့် ရေသယ်ကား တစ်စီးကို ကျပ်ငွေ (၁ သောင်း) အထိ ဈေးနှုန်းမြင့်တက် နေပြီး ကျေးလက်ဒေသမှ ရေ (၁ ပေပါ)ကိုတော့ ကျပ်ငွေ (၃,၀၀၀) အထိ ဈေးနှုန်း မြင့်တက်နေကြောင်းလည်း သိရသည်။ ထို့အပြင် ရေရှားပါးသည့် ပြဿနာနှင့် ကြုံတွေ့နေရသောကြောင့် စစ်ရှောင်များသည် ရရာကို အသုံးပြုရခြင်း၊ မသန့်ရှင်းသည့် ရေကို သောက်သုံးရခြင်းကြောင့် ယမန်နှစ်က စစ်ရှောင်ကလေးငယ်များသည် ဝမ်းပျက်၊ ဝမ်းလျော ရောဂါဖြစ်ပွားပြီး ဆေးရုံသို့ ဆေးဝါး ကုသခံမှု ယူရသည့်အဆင့်ထိ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။ “ မနှစ်တုန်းက ရေဝယ်ရတာ မသက်သာဘူး။ မသန့်ရှင်း တဲ့ ရေကိုသောက်ကြရတယ်။ အဓိက ကလေးငယ်တွေပေါ့ ဝမ်းပျက်၊ ဝမ်းလျောပြီး ဆေးရုံအထိ ကုသရတယ်။ ဒီနှစ်တော့ အဲ့လို ဖြစ်တာ သိပ်မတွေ့ရ သေးပေမယ့် စိုးတော့ စိုးရိမ်နေရသေးတယ်”ဟု စစ်ရှောင်ကူညီပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။ https://burmese.shannews.org/archives/33600

၁၆။ တောင်လေးလုံးထောင်က ထွက်ပြေးလွတ်မြောက်သူတွေ လုံခြုံတဲ့နေရာရောက်
March 17, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေထောင် (တောင်လေးလုံးထောင်) ကနေ ထွက်ပြေးခဲ့တဲ့ နိုင်ကျဉ်းတွေ လုံခြုံတဲ့ နေရာ ရောက်ပြီလို့ ဆက်သွယ်လာကြောင်း တော်လှန်ရေးအင်အားစု တွေထံကနေ သိရပါတယ်။ လွတ်သွားတဲ့လူတွေဟာ လုံခြုံ တဲ့နေရာ ရောက်မှသာ ဆက်သွယ်လာတာဖြစ်ပြီး လုံခြုံရေးအရ လက်ရှိအချိန်မှာ အရေအတွက်နဲ့ အချက် အလက်တွေကို ထုတ် ပြောလို့ မရသေးဘူးလို့ တော်လှန်ရေး အင်အားစုနဲ့ နီးစပ်သူက မဲခေါင်သတင်းဌာနကို အတည်ပြု ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ တောင်လေးလုံးထောင်ကနေ အကျဉ်းသားအချို့ လွတ်မြောက်သွားတာသေချာပြီး ညောင်ရွှေမြို့နယ် တဝိုက်မှာ စစ်ကောင်စီဘက်က ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ တောင်လေးလုံး အကျဉ်းထောင်ထဲမှာ စစ်တပ်နဲ့ ရဲတွေ အများကြီး ရောက်နေပြီး လုံခြုံရေး တင်းကြပ်ထားကာ အကျဉ်းသားတွေကို ရေချိုးတာကလွဲပြီး လုံးဝ အခန်းမဖွင့်ပေးဘူးလို့ အကျဉ်းသား တစ်ဦးရဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။ “တစ်ယောက်မှတော့ မလွတ်သွားဘူးလို့တော့ သတင်းလွှင့်ထားတယ်။ လုပ်တာကတော့ ၁၃ ယောက်တဲ့။ အကုန်လုံးကတော့ နိုင်ငံရေးမှုတွေပဲလို့ ပြောတယ်။ အခုကထောင်ထဲမှာ ရဲတွေရော တပ်တွေရောအများကြီးပဲ”လို့ သူက ပြောပါတယ်။ စစ်ကောင်စီ ဘက်က တောင်လေးလုံး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာ ထွက်ပြေးဖို့ကြိုးစားရင်း ထောင်ဆူပူမှု ဖြစ်တယ်ဆိုတာ ကိုသာ ဖော်ပြထားပြီး အကျဉ်းသားတွေ ထွက်ပြေး လွတ်မြောက်ခြင်း ရှိ၊ မရှိကို ဖော်ပြထားခြင်း မရှိပါဘူး။ လွတ်လပ်တဲ့ သတင်း ဌာနတွေက ဖော်ပြခဲ့တဲ့ အကျဉ်းသားတွေ ထွက်ပြေး လွတ်မြောက်သွားတယ်ဆိုတဲ့ သတင်းတွေကို သတင်းမှား ဖြစ်တယ်လို့ တောင်လေးလုံးထောင်နဲ့ ဝန်ထမ်း အသိုင်းအဝိုင်းက တောက် လျှောက် ငြင်းဆိုနေပါတယ်။ https://www.facebook.com/MeK ongNewsMM/photos/a.3739655 23263391/1197227304270538/

၁၇။ မုဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးဗုံးပေါက်ကွဲ၍ အပြစ်မဲ့အရပ်သား ၁၀ဦးခန့်ဖမ်းဆီးခံထားရ
March 17, 2023

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အနီးအနားဝန်းကျင်က အရပ်သား ၁၀ ဦးခန့်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်းကို ဒေသခံတွေထံမှ သိရပါတယ်။ မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ မတ်လ ၁၅ ရက်နေ့ နံနက် ၉နာရီခန့်တွင် အဖွဲ့အစည်းတစ်ခုမှာ လာရောက်၍ ဖောက်ခွဲခဲ့ ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့နောက် နာရီပိုင်းဝန်းကျင်မှာ စစ်ကောင်စီတပ်များက အနီး အနားရှိ နေအိမ်များမှ ဒေသခံတွေ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

” ဗုံးပေါက်တဲ့ နေ့ကတည်းက အနီးနားအိမ်တွေက လူတွေကို လာဖမ်းသွားတာပါ။ ၁၀အိမ်လောက်ရှိမယ်။ ဖမ်းခံရတဲ့သူ တွေက ပြန်မလွတ်သေးသလို ဘယ်မှာဖမ်းထားလဲလည်း မသိပါဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အုပ်ချုပ်ရေးမှူး ဗုံးပေါက်ကွဲမှုကြောင့် သွပ်အမိုးနဲ့ ရုံးအဆောက်အဦပိုင်းတချို့ ပျက်စီးခဲ့တဲ့အပြင် ရုံးရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ် တစီး ထိမှန် ပျက်စီးခဲ့ပြီး အဲဒီပေါက်ကွဲမှုမှာ လူသူထိခိုက်မှုတော့ မရှိကြောင်း သိရပါတယ်။ https://www.facebook. com/photo/?fbid=67 3658088098123&set=a.499003358896931

၁၈။ ထီးလင်းနှင့် မတူပီမြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်းများ တိုက်ခိုက်ခံရ
March 17, 2023

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ မတ် ၁၆ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ စစ်ကောင်စီ ဘက်က ၇ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ယောကာကွယ်ရေးတပ်-YDF က ပြောပါတယ်။ ယောဒေသနဲ့ ချင်းပြည်နယ်ဘက်ကို မတ် ၁၃ ရက်မှာ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း အစီး ၈၀ ထဲက အစီးရေ ၃၈ စီး၊ ရှေ့ပွိုင့်အင်အား ၂၀၀ စုစုပေါင်း အင်အား ၆၀၀ လောက်ရှိတဲ့ စစ်ကြောင်းကို မတ် ၁၆ ရက် ညနေ ၄ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ YDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမင်းမင်း က ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ အင်အား ၆၀၀ လောက်နဲ့ ကျောက်ထုမြို့ဘက်ကနေ ထီးလင်းမြို့ဘက်ကို နယ်မြေရှင်းလင်းဖို့ ထွက်လာတာကြောင့် ခြေလျင်ရှေ့ပြေး စစ်ကြောင်းကို ထီလင်းမြို့ မြောက်ဘက် ထိန်တိုင်းရွာနဲ့ ဆေးမင်းတောရွာကြားက ရေရှင်လမ်းခွဲမှာ စောင့်ကြို တိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။ နှစ်ဖက် ထိတွေ့တိုက်ပွဲ မိနစ် ၄၀ လောက် ဖြစ်ပွားခဲ့ကြကာ စစ်ကောင်စီဘက်က ၇ ယောက်လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာတော့ မတ် ၁၄ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF- မတူပီကနေသိရပါတယ်။ မတူပီမြို့နယ် မတူပီ-ပလက်ဝလမ်းပေါ် ထယ်ဘွေး စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မတ် ၁၄ ရက် ညနေ ၄ နာရီလောက်က ဝလံပီးနဲ့ ကလောင်စိုင်း ကြားမှာ မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်း ကပြော ပါတယ်။ “အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိတယ်။ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူး။” စစ်ကောင်စီစစ်ကြောင်းဟာ မတူပီမြို့နယ် ထယ်ဘွေးစခန်းဘက်ကနေ မတူပီ-ပလက်ဝ လမ်း အတိုင်း ပြန်လည်ဆုတ်ခွာလာပြီဖြစ်လို့ မတူပီ-ပလက်ဝလမ်း၊ မတူပီ-ဘွေရားလမ်းတွေကို CDF-မတူပီရဲ့ ခွင့်ပြုချက်မရှိဘဲ အသုံးမပြုကြဖို့ သတိပေးထားပါတယ်။ https://burmese.dvb.no/archives/583920

၁၉။ မန့်ပန်ပြည်သူ့စစ်တပ်ဖွဲ့သည် ပြည်သူ့ကားကို တိုက်သည့်အပြင် ခေါင်းကွဲအောင်ရိုက်
March 17, 2023

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း မန့်ပန်ပြည်သူ့စစ်တပ်ဖွဲ့ မောင်းနှင်လာသည့် ကားတစ်စီးသည် အရပ်သား အမျိုးသား တစ်ဦး မောင်းနှင်လာသည့်ကားကို ဝင်တိုက်သည့်အပြင် လူကိုပါ ခေါင်းကွဲအောင် ရိုက်နှက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန် နေ့ မတ်လ ၁၆ ရက်နေ့ ညနေပိုင်း ၃ နာရီ ဝန်းကျင်အချိန်တွင် လားရှိုးမြို့ အဝင် မုဒ်ဦးနား၌ ကားမောင်းလာသည့် မန့်ပန်ပြည်သူ့ စစ်တပ်ဖွဲ့သည် အရပ်သားမောင်းနှင်သည့်ကားကို တိုက်မိခဲ့ကြောင်း အရိုက်ခံရသည့် ကားပိုင်ရှင်အမျိုးသားနှင့် နီးစပ်သူ တစ်ဦး က ပြောသည်။ “ကားချင်း အရင်တိုက်မိတာ၊ ကားကို တိုက်မိလို့ တိုက်မိတယ် ပြောတာကို တုတ်ချောင်း နဲ့ ခေါင်းကိုရိုက်တယ်၊ ခေါင်းကွဲသွားတယ်၊ ပြီးတော့ ဘာတာဝန်ယူမှုမှ မရှိဘူး၊ မန့်ပန် ပြည်သူ့စစ် ဆိုတာက စကားအချေအတင် ပြောနေတဲ့အချိန် သူတို့ကိုယ်တိုင်က ပြောခဲ့တာ” ဟု အရိုက်ခံရသည့် ကားပိုင်ရှင် အမျိုးသား နှင့် နီးစပ်သူ က ပြောသည်။

မန့်ပန်ပြည်သူ့စစ် တပ်ဖွဲ့စီးလာသည့် ကားသည် စုစုပေါင်း ၄ ယောက်ထက်မနည်း ရှိနေပြီး ကားကို ဝင်တိုက် မိသည့် အတွက် စကားအချေအတင်ပြောရာ တုတ်ဖြင့် တစ်ဖက် အမျိုးသား၏ ဦးခေါင်းကို ရိုက်နှက်ပြီး ကားမောင်းထွက်ပြေးသွားကြောင်းသိရသည်။ အဆိုပါ ရိုက်နှက်ခံရသည့် ကားပိုင်ရှင် အမျိုးသားသည် ဦးခေါင်းကွဲပြီး ဆေးရုံသို့ ရောက်ရှိရာ ၅ ချက် ထက် မနည်း ချုပ်လိုက်ရကြောင်းလည်း သိရသည်။ “ဆေးရုံကို အားတင်းပြီးတော့ ရောက်ခဲ့တယ်၊ သူက ၅ ချုပ်ထက် မနည်း ချုပ်ရ တယ်၊ အခုမှလည်း ရဲစခန်း နဲ့ တိုင်းမှူးတွေဆီမှာ အမှူတော့ ဖွင့်ထားတယ်၊ ဘယ်လိုလာမလဲတော့ မသိဘူး” ဟု အထက်ပါ နီးစပ်သူက ဆက်ပြောသည်။ https://burmese.shannews.org/archives/33621

၂၀။ စစ်ကောင်စီတပ်များ နယ်မြေရှင်းလင်းရေးလုပ်ဆောင်သည့်အတွက် ကျုံဒိုးဒေသခံများ ညဘက်ရှောင်တိမ်းနေကြရ
March 16, 2023

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အနီး၀န်းကျင် ကျေးရွာများဘက်ကို မတ်လ ၁၅ရက်နေ့ ညက စစ်ကောင်စီ စစ်ကြောင်းများ ၀င်ရောက်လာသည့်အတွက် ဒေသခံကျေးရွာသားများအရေးပေါ် အခြေအနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း သိရသည်။ အမည်မဖော်လိုသူ ရွာသားတစ်ဦးက “ကျုံဒိုးက စစ်တပ်စစ်ကြောင်းတွေ ကော့ဝါလဲရွာ နွားခြံကုန်း ရွာနား မှာရှိတဲ့သင်္ချိုင်းကုန်းဘက်ကနေ ညဘက်ကြီးစစ်ကြောင်းဖြတ်တယ်၊ နောင်တမံရွာဘက်ကိုသွားမလား မိဂလုံ၊ ကော့ကာရွာ ဘက် သွားမလားဆိုတာတော့ ညဘက်ဆိုတော့မသိရဘူး။ တိုက်ပွဲဖြစ်နိုင်ခြေရှိ နေတော့ရွာသားတွေ ညဘက်ကြီအကုန် ရှောင် ပုန်းနေကြရတယ်၊ မနက်တော့ အခြေအနေ ကြည့်နေတုန်းပဲ ပစ်တာခတ်တာတော့ မရှိသေးဘူး။”ဟု ပြောသည်။ ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က ကျုံဒိုးမြို့ထဲကို နယ်ခြားစောင့်တပ်-BGF ကားတစ်စီးနှင့် စစ်ကောင်စီတပ်က ဆိုင်ကယ် ၁၀ စီးလိုက်ပါပြီး သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေကာ ကျုံဒိုးမြို့နားရှိ ကျေးရွာများဘက်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု အခြားကျုံဒိုးမြို့ခံတစ်ဦးက ပြောသည်။

“သူတို့လိုက်ပတ်ပြီးတော့ သေနတ်နဲ့လည်းပစ်တယ်။ မြို့ပြင်ဘက်ကနေလည်း အလုံးကြီးတွေ ပစ်သံတွေကြားနေရ တယ်။ သူတို့လိုက်ပတ်တဲ့အခါကျရင် ပါးစပ်ကနေလည်း အော်ဆဲသွားသေးတယ်။ နောက်ပြီး သေမှာမကြောက်လို့ အပြင်ထွက် တာဆိုပြီး အော်တယ် သေနတ်ဖောက်ပြီး ရပ်ကွက်တွေထဲ ပတ်နေတယ်။”ဟု ၎င်းကျုံဒိုးမြို့ခံတစ်ဦးက ပြောသည်။ ယခုလို စစ်ကောင်စီတပ်က ကျုံဒိုးဒေသတွင်း ကျေးရွာများဘက် လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး မြေပြင်နယ်မြေ ရှင်းလင်းရေး စစ်ကြောင်း ၀င်ရောက်လှည့်ပတ်နေခြင်း၊ မာရှယ်လောအမိန့် ထုတ်ဖမ်းဆီးနေခြင်းကြောင့် ကျုံဒိုးမြို့တွင် ညဘက် ၆ နာရီကျော် လွန်လာပါက အသွားအလာမရှိတော့ဘဲ မြို့အနီးအနား ကျေးရွာများမှ စိုက်ပျိုးသီးနှံရောင်းချသည့် ဈေးသည်များလည်း ဈေးလာ မရောင်းရဲကြကြောင်း သိရသည်။ ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ်၏ ခြေမြန် တပ်ရင်း -ခမရ ၅၄၅၊ ၅၄၆ တပ်ဘက်မှ ကျုံဒိုးမြို့ အနီး အနားရှိ ကျေးရွာများဖြစ်သော ကမ်းနီ၊ ညောင်ရိပ်သာ၊ ကော့ဘိန်းနှင့် ကော့ပေါက်၊ ကော့ကာ ရွာများဘက်ကို လက်နက်ကြီး များဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံတစ်ချို့ နေအိမ်များမှာ မအိပ်ရဲကြဘဲ ဘေးလွတ် ရာနေရာကို ပြောင်းရွှေ့အိပ်စက် နေကြရ သည်ဟု သိရသည်။ ကျုံဒိုးမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လူနေအိမ်မီးရှို့ခံမှုများရှိသည်ဟု ဒေသခံများက ပြောသည်။ https://kicnews.org/2023/03/%e1%80 %85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1

၂၁။ ဝိုင်းမော် ကဇူး ဒေသခံများ နေရပ်ပြန်ပြီ
March 15, 2023

မြစ်ကြီးနား–ဗန်းမော် လမ်းမပေါ် ဝိုင်းမော်မြို့နယ် ကဇူး(Katsu) ကျေးရွာဒေသခံစစ်ရှောင်များ မတ်လ ၁၄ ရက်နေ့ ကိုယ်ထူကိုယ်ထစနစ်ဖြင့်နေရပ်ပြန်ပြီဟုသိရသည်။ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ရှိ စစ်ရှောင်စခန်းများတွင် နေထိုင်ကြသော ကဇူး (Katsu) ကျေးရွာဒေသခံ အိမ်ခြေ ၁၀၀ ကျော်သည် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် နေရပ်ပြန်ခြင်းဖြစ်ကြောင်း နေရပ်ပြန်စစ်ရှောင် တစ်ဦးက ပြောသည်။ “ကျွန်တော်တို့က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ပြန်ဖို့ တိုင်ပင်ခဲ့ကြတယ်။ ၂၀၂၃ ခုနှစ်မှာပြန် နိုင်အောင် ကျွန်တော်တို့အနေနဲ့ ရည်ရွယ်ထားတဲ့ အတိုင်းလုပ်တာပေါ့၊ အစိုးရဘက်ကိုလည်း ပြန်ဖို့ အကြိမ်ကြိမ် ခွင့်တောင်း တယ်၊ KBC အနေနဲ့လည်း ကိုယ်ထူကိုယ်ထနဲ့ ပြန်နိုင်တယ်ဆိုရင်တော့ ပြန်လို့ရတယ်လို့ပြောတဲ့အတွက် ကျွန်တော်တို့အနေနဲ့လည်း ကိုယ့်ဒေသကို ထားခဲ့ရတာ ၁၁ နှစ် ၁၂ နှစ်ရှိလာပြီမို့ မပြန်ရင် မဖြစ်ဘူးဆိုပြီး အခုဒီ ကျေးရွာထဲက KBC ရဲ့ ခွင့်ပြုချက်ယူ ပြီး ပြန်နေတာပါ”ဟုပြောသည်။

နေရပ်ပြန်သူများမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး နေရပ်ပြန်ရောက်သည့် အနေဖြင့် ဆုတောင်းခြင်းအစီအစဉ်များ ပြုလုပ် ပြီးသည့်နောက် ကျန်ရှိသည့် အိမ်ထောင်စုများကို ပြန်လည်းခေါ်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ လုံခြုံသည့်အခြေ အနေကြောင့် နေရပ်ပြန်ခြင်းမဟုတ်ဘဲ မိမိတို့ ဒေသကို ပြန်လည်ထူထောင်နိုင်ရန် ဆုံဖြတ်ချက်ကြောင့် ပြန်ရခြင်းဖြစ်သည်ဟု နေရပ်ပြန် ပြည်သူတစ်ဦးက ပြောသည်။ နေရပ်ပြန်မည့် ပြည်သူအများစုမှာ ပြန်လည်ထူထောင်ရေးအတွက် အခြေခံ သောက် ရေ၊ အစားအသောက်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ အကောင်ထည်ဖော်ရန် အခက်အခဲများ ဆက်လက်ရှိနေသေးကြောင်း သိရ သည်။ ကဇူးကျေးရွာတွင် ယခင်ကတည်းက နေရပ်ပြန်ရန် ပြင်ဆင်ခဲ့ပြီး အများစုမှာ နေအိမ်တည်ဆောက်ရန် လိုအပ်နေခြင်း လည်းဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ကဇူးကျေးရွာနှင့် ကပ်လျက် ဂါးရာယန် ဒေသခံ ၃၀၀ ဝန်းကျင်လည်း နေရပ်ပြန်ပြီ ဖြစ်သည်။ https://burmese.kachinnews.com/2023 /03/15/ld1-21/

၂၂။ ဖရူဆိုအနောက်ဘက်ခြမ်းစစ်ရှောင်တစ်နေရာမှာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ အသိပညာပေးဖို့ လိုအပ်
March 17, 2023

ကရင်နီပြည် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ အိမ်တွင်းအကြမ်းဖက်မှု နဲ့ပတ်သက်တဲ့ အသိပညာ ပို့ချပေးဖို့ လိုအပ်နေတယ်လို့ အဲဒီစစ်ရှောင်စခန်းမှာ စာသင်ကြားပေးနေတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။ အဲဒီ စစ်ရှောင်စခန်းမှာ မိသားစုစား၀တ်နေရေး မပြေလည်မှု နဲ့ အရက်သေစာ သောက်စား၊မူးယစ်ခြင်းကြောင့် အိမ်တွင်းအကြမ်းဖက် မှုတွေများနေတယ်လို့ အဲဒီစစ်ရှောင်နေရာမှာ နေတဲ့သူတွေက ဆိုပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေး ဖောက်ပြန်သူ တချို့ကြောင့် လည်း အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ “ အသိပညာပေးတဲ့အစီအစဥ်ရှိမှသာ ဒီအကြမ်းဖက်မှုက ပပျောက်လိမ့်မယ်။ အသိပညာရှိတယ်ဆိုပေမယ့် သင်တန်းလာတက်နေကျလူ အဲလို အသိပညာလာတက်နေကျလူပဲ ပေးလို့ လည်းမရပြန်ဘူး။ အကုန်လုံးပေါ့နော။ ဒီစစ်ရှောင်တွေရောဒေသခံတွေရော နောက်ပြီးတော့ သင်တန်းမတက်ဖူးတဲ့ လူတွေကို ရအောင်ဆွဲထည့် ခေါ်ထည့်မှပဲ ဒီအကြမ်းဖက်မှုက ပျောက်မယ်လို့ ကျမမြင်တယ်လေ” လို့ ဒေါ်သန်းသန်းဌေးကပြောပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုမှာ အမျိုးသမီးတွေသာ ထိခိုက်နစ်နာနေကြရပြီး ကျေးရွာရှိတာ၀န်ရှိသူတွေက ဖြေရှင်းပေးပေမယ့် မထူးခြားလာဘူးလို့ လည်းဆိုပါတယ်။

အကြမ်းဖက်ခံရသူ အမျိုးသမီး အများစုဟာ မိမိတို့အကြမ်းဖက်ခံရကြောင်းကို ရင်ဖွင့်ဖို့ ရှက်နေတတ်ကြတဲ့အတွက် ကြိတ်မှိတ်ပြီး ခံနေတတ်ကြတယ်လို့လည်း ဆရာမကဆိုပါတယ်။ အဲဒီစစ်ရှောင်နေရာမှာဆိုရင် အိမ်တွင်းအကြမ်းဖက်မှုကို ဖြေရှင်းပေးတဲ့ အဖွဲ့အစည်း မရှိသေးဘူးလို့သိရပါတယ်။ အကြမ်းဖက်ခံရသူတွေက တိုင်ကြားချက်လုပ်လိုပေမယ့် ရန်ငြိုးဖွဲ့ပြီး နောင်တစ်ချိန်မှာ ပြန်လည်တိုက်ခိုက်လာမှာကိုလည်း စိုးရိမ်ကြတဲ့အတွက် တိုင်ကြားမှု မလုပ်ရဲကြဘူးလို့ သိရပါတယ်။ “ရန်ငြိုး တအားကြီးလို့။ ရန်ငြိုးတစ်အားကြီးလို့ဆိုတာထက် သူ့ကိုပြုပြင်ချင်သေးတယ်ပေါ့နော။ ပြုပြင်ချင်တဲ့စိတ်ကတော့တကယ် အခု ထိမပျောက်သေးဘူးပေါ့။ သူက လူငယ်လူလတ်ပိုင်းပဲရှိသေးတာမို့လို့”လို့ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ အကြမ်းဖက်ခံရသူ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာကုစားမှုပြုလုပ်ပေးဖို့လည်း လိုအပ်နေတယ်လို့ မသန်းသန်းဌေးကပြောပါတယ်။ အကြမ်းဖက်ခံရတဲ့ နစ်နာသူတွေဟာ အိမ်တွင်း အကြမ်းဖက်မှု ဆိုင်ရာ အသိပညာ ပေး သင်တန်းတွေကိုလည်း တောင်းဆိုလာတာရှိပါတယ်။ ဖရူဆိုမြို့နယ်မှာတော့ ကေကောအုပ်စုနဲ့ ရော်ဒေါ်ခေါအုပ်စုမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ အဖြစ်များနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ https://www.kantarawaddytimes. org/%e1%80%96%e1%80 %9b%e1%80%b0%e1%80%86%e1%80%ad%e1%80

၂၃။ ကလိတ်တုတ်ရွာကိုယ်ထူကိုယ်ထ အထက်တန်းကျောင်း၏ ကျောင်းဆင်းပွဲကျင်း ပပြီးစီး
March 16, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ရှိ ကလိတ်တုတ်ကျေးရွာ ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်း၏ ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် ကျောင်းဆင်းပွဲကို ယမန်နေ့ မတ်လ ၁၅ရက်နေ့တွင် ပြုလုပ်ကျင်းပပြီး စီးခဲ့သည်ဟု သိရသည်။ ယမန်နေ့ ကျောင်းဆင်းပွဲသို့ ကျောင်းဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသားနှင့် ကျောင်းသား မိဘများ အပါအဝင် စုစုပေါင်း ၂၀၀ ဦးဝန်းကျင် တက်ရောက်ခဲ့ပြီး ထူးချွန်သူကျောင်းသူ/ကျောင်းသားများအား ဆုပေးအပ်ချီးမြှင့်ခဲ့သည်ဟု ကျောင်းတာဝန်ရှိသူများက ပြောသည်။ ကလိတ်တုတ်ကျေးရွာ ကိုယ်ထူကိုယ်ထအထက်တန်းကျောင်း စတင်ဖွင့်လှစ်သည့် ၂ နှစ် အတွင်းတွင် ကျောင်းသား/ကျောင်းသူများ ပိုမိုတိုးလာသဖြင့် နေရာထိုင်ခင်းနှင့် ဆရာ/ဆရာမများ လိုအပ်နေကြောင်း ကလိတ်တုတ် ကျောင်းအုပ်ဆရာမက ပြောသည်။

ကျောင်းအုပ်ဆရာမက “ကျောင်းစတင်ဖွင့်လှစ်တာ ၂ နှစ်ပဲရှိသေးတယ်။ ပထမနှစ် ကျောင်း သူ/ကျောင်း သားက ၁၇၃ ယောက်ပဲရှိတယ်။ ဒီနှစ်တော့အယောက် ၃၀၀ ရှိတယ်။ လာမယ့်နှစ်လည်း ကျောင်းသူ/ကျောင်းသားတွေထပ်တိုးလာဖို့ရှိတယ်။ အဲ့ဒီအတွက် နေရာထိုင်ခင်းတွေ‌စာသင် ကျောင်းအဆောက်အအုံတွေ ဆရာ/ဆရာမတွေ လိုအပ်ချက်ရှိလာတယ်”ဟုပြောသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ပြီး ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD သင်ရိုး ညွှန်းတမ်းကိုသာ အဓိက သင်ကြားပေးသည့် ကလိတ်တုတ် ကိုယ်ထူကိုယ်ထ အထက်ကျောင်းတွင် စကောကရင်၊ အင်္ဂလိပ်၊ သမိုင်း၊ သင်္ချာနှင့် လူမှုရေး စသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့သည်ဟု သိရသည်။ https:// kicnews.org/2023/03/%e1%80%80%e1%80 %9c%e1%80%ad%e1%80%90% e1%80%ba%e1%80%90%e1

၂၄။ ရေးမြို့နယ်တွင် စစ်တပ်သတင်းပေး ပစ်သတ်ခံရ
March 16, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအနီးတွင် စစ်ကောင်စီတပ်သတင်းပေး ဦးလွင်မိုးအေး မောင်းနှင်လာသည့် ကားအား ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ခဲ့ရာ ဦးလွင်မိုးအေးသည် နေရာတွင် သေဆုံးသွားကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ပြောသည်။ အဆိုပါ ပစ်ခတ်သည်မှုသည် မတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်မှုအတွင်း ဦးလွင်မိုးအေးနှင့်အတူ ကားပေါ်တွင်ပါလာသည့် အမျိုးသမီး တစ်ဦးနှင့် ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။ ထိုသို့ သေနတ်ဒဏ်ရာများ ရရှိသွားသော ဦးလွင်မိုးအေး၏ ညီမဖြစ်သူ ဒေါ်ဇင်မိုးအေးနှင့် အသက်လေးနှစ်အရွယ်ရှိ သူမ၏ သားဖြစ်သူတို့သည် ရေးမြို့နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လွင်မိုးအေး သည် စစ်ကောင်စီနှင့် အနီးကပ် ရင်းနှီးပူးပေါင်းကာ မသမာ လုပ်ငန်း လုပ်ဆောင်သူ ချဲဒိုင်တစ်ဦးဖြစ်သည်” ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှုအပြီး တပ်ပြန်အဆုတ် နံနက် ၉ နာရီခွဲခန့်တွင် အာယုတောင်ရွာနှင့် တောင်စွန်းကြား၌ ရေးဘီလူး အဖွဲ့နှင့် စစ်ကောင်စီတပ် ခမရ(၃၄၃)၊ ခမရ (၅၈၃) တို့ကြား နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ရေးဘီလူး အဖွဲ့မှ ရှေ့တန်းသို့ သယ်ဆောင်လာသော ခဲယမ်းများ ကုန်သွားသဖြင့် တပ်ပြန်ဆုတ်ရာတွင် ကားတစ်စီးကို ထားခဲ့ရသော်လည်း အဖွဲ့သားများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ရေးဘီလူးခေါင်းဆောင်က ပြောသည်။ “စစ်ကောင်စီတပ်က (၃၄၃) တပ်နဲ့ (၅၈၃) တပ် နှစ်တပ်ပေါင်းပြီး ပစ်တယ်။ ကျနော်တို့ ဆုတ်လမ်းကို ဖြတ်ပစ်တာ။ အပိုင်ပစ်တာဗျ။ ကျနော်တို့ ကံကောင်း စွာနဲ့ ကျနော်တို့ အရင်မြင်သွားတော့ ကင်းပုန်းရသွားတယ်။ သူတို့က ဆုတ်လမ်းမှာရှိနေတော့ ကျနော်တို့ ကားတစ်စီးကျန်ခဲ့တယ်” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်ကပြောသည်။ ရေးမြို့နယ်အခြေစိုက်လှုပ်ရှားနေသော ရေးဘီလူးအဖွဲ့သည် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ ကို အားပေးထောက်ခံသူများအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။ https://www.facebook.com/Mizzima

၂၅။ မြစ်ကြီးနားမြို့ မြတ်မွန်ဆေးရုံမှ သူနာပြုဆရာမတစ်ဦးနှင့် ချစ်သူကိုစစ်ကောင်စီဖမ်းဆီ
March 17, 2023

မြစ်ကြီးနားမြို့ရှိ ပုဂ္ဂလိကဆေးရုံဖြစ်သော မြတ်မွန်ဆေးရုံမှ သူနာပြုဝန်ထမ်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဖမ်းဆီးသွားကြောင်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်က အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့များ က မြတ်မွန်ဆေးရုံသို့ရောက်ရှိလာကာ သူနာပြုဆရာမတစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဆေးရုံဝန်ထမ်း များနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးကပြောသည်။ “အရပ်ဝတ်နဲ့သုံးယောက်လာတယ်။ သူ့ရည်းစားနေတာက မြို့သစ်ကြီးမှာ တဲ့။ အဲ့နေရာကိုပြခိုင်းပြီး အတူခေါ်သွားတာတဲ့။ သူ့ရည်စားက အင်ဂျင်နီယာဟုတ်တယ်။ အရင်နေ့ကလည်း ဖမ်းဖို့လုပ်သေး တယ်၊ မမိလို့ထင်တယ်။ လာရှာတာက နှစ်ရက်ရှိပြီတဲ့” ဟုပြောသည်။ စစ်ကောင်စီဖမ်းဆီးသွားသည့် သူနာပြုဆရာမသည် အသက် ၂၅ နှစ်အရွယ် မချစ်စုဝေ ဟုခေါ်ဆိုပြီး မြတ်မွန်ဆေးရုံတွင် ညတာဝန်ကျနေချိန် ဖမ်းဆီးသွားကြောင်း အမည်မဖော်လို သည့် သူနာပြုဆရာမတစ်ဦးက ပြောသည်။

“သူတို့(စစ်ကောင်စီ)က ဆေးရုံပိုင်ရှင်ကိုဖုန်းဆက်ပြီး ခဏခေါ်သွားမယ်နော်ဆိုပြီး ခေါ်သွားတာတဲ့။ ဆရာမကိုခေါ်သွား တော့ အဖော်တစ်ယောက်လိုက်သွားတာ။ လိုက်သွားတဲ့အဖော်ကိုက ပြန်လာပို့တယ်။ ဆရာမကိုက ပို့လို့မရတော့ဘူးဆိုပြီး ခေါ်သွားတာတဲ့။ ဆရာမကိုက သူ့ရဲ့ရည်းစားရဲ့နေရာကိုလည်း ပြခိုင်းပြီး သူ့ရည်းစားဖုန်းကိုလည်း စစ်ဆေးတာတဲ့၊ ပြီးရင် သူ့ရည်းစားကိုလည်း ခေါ်သွားတာတဲ့” ဟုပြောသည်။ ဆရာမ မချစ်စုဝေ သည် မြတ်မွန်ဆေးရုံတွင် ငါးလခန့်အလုပ်ဆင်း နေသူဖြစ်ပြီး စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု မော်တောင်းကျေးရွာနှင့် ဆယ်မိုင်ကျေးရွာရှိ နေအိမ်အချို့ကို ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ရိုက်နှက်ကာ ပိုက်ဆံ၊ ကား၊ ဖုန်းနှင့် အိမ်တွင်းပစ္စည်းများကို လုယက်သွားသည်။ https://www.facebook.com/The74Media/photos/pcb.7647680550427 18/764767378376119

၂၆။ လဲချားမြို့ အမျိုးသမီးငယ်တစ်ဦး ပြန်ပေးဆွဲခံရ
March 16, 2023

သျှမ်းပြည် လဲချားမြို့ ရပ်ကွက် (၅) ဟိုရင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦး ပြန်ပေးဆွဲခံနေရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ (မတ်လ ၁၅ ရက်) မနက် ၈ နာရီ အချိန်မှစပြီး ၎င်း အမျိုးသမီးငယ်တစ်ဦး နေထိုင်သည့် ဟိုရွင်ရွာ နေအိမ် အနီးရှိ ဟိုနောင်လုံကန်တွင် အမျိုးသား (၂) ဦး နှင့် အမျိုးသမီး (၁) ဦးတို့သည် သူမကို Surf (ခဲရောင်) ကားအမျိုးအစား ဖြင့်လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း ပြန်ပေးဆွဲခံရသည့် မိန်းကလေး၏ မိသားစုဝင်အမျိုးသမီးတစ်ဦးက ပြောသည်။ “မနေ့ မနက်အစောပိုင်းတုန်းက နေအိမ် အနီးနားမှာ ကားနဲ့လာခေါ်သွားတာ။ ထမင်းစားနေရင်းတန်းလန်းထပြီး သူကလိုက်သွားတယ် လို့ပြောတယ်။ လာခေါ်သွားတာတော့ အမျိုးသား(၂)ယောက်နဲ့ အမျိုးသမီး ၁ ယောက်ပါတယ်။ ကားပေါ်ကိုတက်တက်ချင်း ဖုန်းပိတ်လိုက်တယ်လို့ အဲ့အနီးနားကတွေ့တဲ့သူတွေပြန်ပြောပြတယ်။ သူလည်းဖုန်းနဲ့မှတ်ပုံတင်နှစ်ခုဘဲယူသွားတာ။ ဘာအဝတ် အထည်၊ ပစ္စည်းမှ ယူမသွားဘူး “ ဟု ၎င်းက ပြောသည်။ အဆိုပါ ပြန်ပေးဆွဲခံရသည့် အမျိုးသမီးတစ်ဦးသည် အသက် ၁၈ နှစ်ပြည့် နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံ ဖြစ်ကြောင်းလည်း သိရသည်။

ထို ပြန်ပေးဆွဲ သွားပြီးနောက် ယနေ့ (မတ်လ ၁၆ ရက်) နံနက်အစောပိုင်းမှာ အသက် (၅၀) အရွယ်ခန့် အမျိုးသား တစ်ဦးသည် နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံ ကို ခေါ်ဆောင်ထားကြောင်းသိရသည်။ “ဒီနေ့ အစောပိုင်းက အမျိုးသားတစ် ယောက် ဖုန်းဆက်လာတယ်။ လေသံကတော့ အသက် (၅၀) အရွယ်လောက်ရှိမယ်လို့ ခန့်မှန်းလို့ရတယ်။ “ဒီကလေးမနဲ့ ဘာ တော်လဲ။ ဒီကလေးကို ငါခေါ်ထားတယ်၊ လိုချင်လား”လို့ မေးလာတယ်။ ကျမလည်း ပြန်လိုချင်တာပေါ့ပြောတော့ “ အဲ့ဆိုနေရာ ချိန်းမယ်၊ နင်တို့လာခေါ်လိုက် “ဆိုပြီးပြောတယ်။ အဲ့ဆို ဒီကလေး နဲ့ စကား (တစ်ခွန်း၊ နှစ်ခွန်း) ပြောလို့ရလားဆိုတော့ ကျမတို့ ကို ပြန်ဆဲဆိုပြီး “ငါသတင်းပို့တာတောင်မှ ကျေးဇူးတင်ရအုံးမယ် “ ပြောပြီး ဖုန်းချသွားတယ် “ ဟု ၎င်းက ပြောသည်။ အဆိုပါ ဖုန်းဆက်ပြောဆိုလာသူသည် ရိုင်းစိုင်းစွာသုံးနှုန်းပြီး ပြောဆိုခဲ့သည်။ လက်ရှိမှာ နန်းထက်ထက်ဝင်း(ခ)နန်းယွတ်နွံကို အမျိုးသား တစ်ဦးက ပြန်ပေးဆွဲထားကြောင်း သိရှိရထားပြီး ၎င်း၏ မိသားစုဝင်များကလည်း အသက်အန္တရာယ်အတွက်စိုးရိမ် နေရကြောင်း သိရသည်။ ထို့အပြင် နန်းထက်ထက် (ခ) နန်းယွတ်နွံ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ် ရဲတပ်ဖွဲ့များ အပြင် လက်နက်ကိုင်တပ်ဖွဲ့များကိုလည်း တိုင်ကြားထားကြောင်းသိရသည်။ https://www.facebook.com/shannewsburm ese/photos/pcb.60320245602 23270/6032024003556659/

၂၇။ စစ်တွေမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ရိုက်နှက်ခံရလို့ သေဆုံး
March 17, 2023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှာ နေအိမ်ကပျောက်ဆုံးသွားပြီးနောက် ရိုက်နှက်ခံရလို့ သတိလစ်မေ့မြော နေတဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ မတ်လ ၁၇ ရက်နေ့ နေ့လယ်မှာပဲ စစ်တွေဆေးရုံမှာ သေဆုံးသွားတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ သေဆုံးသွားတဲ့ မိန်းကလေးဟာ မတ်လ ၁၅ ရက်နေ့ ညပိုင်းမှာ နေအိမ်ကနေ ပျောက်ဆုံး သွားခဲ့တာဖြစ်ပြီး နောက်တစ်နေ့ မတ်လ ၁၆ ရက်နေ့ မြို့ပြင်က မီးရထားလမ်းအနီးမှာ အဝတ်မပါဘဲ ရိုက်နှက်ခံ ထားရတဲ့ဒဏ် ရာနဲ့တွေ့ရှိခဲ့တာပါ။ ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ခန္ဓာကိုယ်မှာလည်း ညိုမည်းနေတဲ့ဒဏ်ရာတွေ တွေ့ရသလို အဓမ္မပြုကျင့်ခံရတဲ့လက္ခဏာတွေလည်း တွေ့ရတယ်လို့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောပါ တယ်။

“အဲဒီမိန်းကလေး အခု ၂ နာရီလောက်မှာပဲ စစ်တွေဆေးရုံမှာ သေဆုံးသွားပါပြီ။ ဦးခေါင်းမှာရော၊ ခန္ဓာကိုယ်မှာရော ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာ။ အခု မှုခင်းရဲတွေကလည်း စစ်ဆေးပြီးပါပြီ။ သူတို့ပြောဆိုချက်အရ Rape လုပ်ခံရတာ သေချာတယ်လို့ ပြောတယ်။ ဆေးစစ်ချက်ကတော့ အခုလောလောဆယ် မရသေးဘူး။ သူတို့ အဲဒီမိန်းကလေးကို Rape လုပ်ပြီး ရထားလမ်းနားမှာ သတ်ပစ်ခဲ့တာဖြစ်မယ်” လက်ရှိမှာတော့ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မသင်္ကာတဲ့ လူငယ်နှစ်ဦးကို ရဲစခန်းက တာဝန်ရှိသူတွေက ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ စစ်တွေမြို့ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လက ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အစိုးရရုံးအနီး ကုန်ပစ္စည်း အရောင်းဆိုင်ထဲမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရပါတယ်။ https://www.rfa.org/burmese/news/girl-death-in-sittwe-03172023060535.h

၂၈။ စစ်ကောင်စီအပေါ် ပြည်သူတွေလုံးဝမယုံကြည်ကြောင်း အထူးကိုယ်စားလှယ် ကုလသမဂ္ဂမှာတင်ပြ
March 16, 2023

မြန်မာပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီအပေါ် လုံးဝအယုံအကြည်မရှိဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက မတ်လ ၁၆ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ မြန်မာ့အရေး လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံတကာသံအမတ်တွေကို မနေ့က တင်ပြခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ စစ်အစိုးရတစ်ရပ်အဖြစ် အာဏာရေရှည်တည်တံ့ခိုင်မြဲဖို့ ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောခဲ့ပါတယ်။ “အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ မရှိတဲ့၊ ပြည်သူတွေ နိုင်ငံရေး လွတ်လပ်ခွင့်မရှိတဲ့ အခြေအနေမှာ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုတွေ ပိုဆိုးလာနိုင်ပါတယ်။ အာဏာသိမ်းစစ်တပ်အပေါ် မြန်မာလူထုက လုံးဝ အယုံအကြည် မရှိပါဘူး။ စစ်ကောင်စီဟာ အရေးပေါ်အာဏာထိန်းချုပ်ထား တဲ့ အခြေအနေကနေ ရေရှည်မှာ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့သာ ရည်ရွယ်တာ ဖြစ်ပါ တယ်” အာဏာသိမ်းစစ်ကောင်စီဟာ အရေးပေါ်ကြေညာထားတဲ့ကာလကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထပ်ပြီးသက်တမ်းတိုး လိုက်ကြောင်း၊ အဲဒီနောက် တိုက်ပွဲတွေ အရှိန်မြှင့်လာပြီး၊ ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်တာတွေကို တိုးလုပ်နေတယ်လို့လည်း ပြောခဲ့ပါတယ်။

စစ်ကောင်စီဘက်က ဖိနှိပ်မှုတွေ လုပ်နေပေမယ့် မြန်မာပြည်သူတွေဟာ အကြမ်းမဖက်တဲ့နည်းနဲ့ ဆက်လက်တိုက်ပွဲဝင် နေတယ်လို့လည်း ပြောခဲ့ပါတယ်။ လူငယ်တွေ ဘာကြောင့် လက်နက်ကိုင်တော်လှန်နေရလဲဆိုတာကိုလည်း သူကရှင်းပြခဲ့ပါ တယ်။ “ဖိနှိပ်မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံနေရာအတော်များများမှာ ပြည်သူတွေက စစ်ကောင်စီကို အကြမ်းမဖက်တဲ့နည်းနဲ့ တော်လှန်နေကြဆဲ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပွင့်လင်းစ ကာလတိုလေးတစ်ခုကို ဖြတ်သန်းခဲ့ရတဲ့ မျိုးဆက်တွေ၊ အထူးသဖြင့် လူငယ်တွေဟာ အခက်အခဲတွေ ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရပြီး စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။ ရွေးချယ်စရာ ဘာမှ မရှိတော့တဲ့အတွက် စစ်ကောင်စီကို ဆန့်ကျင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်လို့ ယုံကြည်နေကြပါတယ်” ပြီးခဲ့ တဲ့နှစ်ကုန်ပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ပတ်သက်ပြီး လိုက်နာဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပေမယ့် အဲဒီဆုံးဖြတ်ချက်ထဲမှာပါသလို အကြမ်းဖက်တာတွေ ရပ်မသွားတာ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးခြင်းမရှိတာတွေကိုလည်း မစ္စနိုလင်းဟေဇာက ထောက်ပြပြောဆိုခဲ့ပါတယ်။ နိုလင်းဟေဇာက သူ့ရဲ့ အစီရင်ခံစာထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထည့်ပြောခဲ့ပါတယ်။ မနေ့က ကုလသမဂ္ဂမှာကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးရသူတွေရဲ့ ရုပ်အလောင်းပုံတွေကို ပြသခဲ့သလို၊ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို အကူအညီပေးဖို့ တောင်းဆို ခဲ့ပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေရှိနေပြီး၊ အားလုံးနဲ့ တွေ့ဆုံနိုင်ရေးက သူ့အတွက် အရေးကြီးတယ်လို့လည်း ပြောသွားပါတယ်။ https://www.rfa.org/burmese/program_2/un-noeleen-hayzar-military-03162023151100.html

၂၉။ တနင်္သာရီတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက်ခံရသူ ၁၂ ဦး ပြန်လွတ်
March 17, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ဖေဖော်ဝါရီလတုန်းက PDF ထောက်ပံ့သူတွေလို့ စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးခဲ့တဲ့ဒေသခံပြည်သူ ၂၂ ယောက်ထဲက ၁၂ ယောက် ပြန်လည် လွတ်မြောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ပြည်သူ ၁၂ ‌ယောက်ဟာ ဖမ်း‌ဆီးထိန်းသိမ်းခံရချိန်မှာလည်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် နှိပ်စက်တာကို ခံခဲ့ရတယ်လို့လည်း သူတို့နဲ့ နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။ ဒေသခံ တဦးက “ပြန်လွတ်လာတဲ့ လူတွေမှာဆို နှိပ်စက်ညှင်းပန်းခံထားရတာ တော်တော်ကိုဆိုးဝါးပါတယ်။ နှစ်ရက်ဆက်တိုက်နှိပ်စက်ခံရတာတဲ့။ အဘွားအိုတယောက်ကို PDF တယောက်ရဲ့ အမေ‌ဆိုပြီး ရိုက်နှက်ခံထားရတာ။ အခုစိုးရိမ်ရတဲ့ အ‌ခြေအနေမှာရှိတယ်။ အမျိုးသမီးတယောက်မှာဆို ဒဏ်ရာ ဒဏ်ချက်တွေ များပြီးတော့ သူ့နားတဖက်တောင် မကြားရတော့ဘူးတဲ့။ ပြီးတော့ နှိပ်စက်တုန်းကလည်း အမျိုးသမီးတွေမှာ ကာမ အကြမ်းဖက်ခံရတာတွေလည်း ရှိတယ်။ ဟိုကိုင်ဒီကိုင် လုပ်‌တယ်လို့ ပြောတယ်။ မေးတဲ့အချိန်မှာ PDF တွေကို ထောက်ပံ့ လားဆိုတာကို ဟုတ်၊ မဟုတ်ဘဲ ဖြေရတယ်။ ရိုက်တဲ့သူ ရိုက်ပြီး မေးတဲ့သူက မေးတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်တာကိုခံရသူတွေထဲတွင် အများစုမှာ အမျိုးသမီးတွေဖြစ်ပြီးတော့ ကာမအကြမ်းဖက်ခံရ တာမျိုးတွေရှိခဲ့တယ်လို့လည်း ဒေသခံ တဦးက ပြောပါတယ်။ ဒါအပြင်ပြန်လည်လွတ်မြောက်လာတဲ့အမျိုးသမီးတစ်ဦးမှာလည်း ခန္ဓာကိုယ်အနှံအပြား မီးလောင် ဒဏ်ရာဒဏ်ချက်တွေ အများအပြားရှိနေတယ်လို့လည်း သိရပါတယ်။ ဒေသခံ ၁၂ ယောက်ကို ပြန်လည်လွှတ်ပေးလိုက်ပေမဲ့ ကျန်တဲ့အမျိုးသမီး ၉ ယောက်ကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့တရား စွဲထားပါ တယ်။ တနင်္သာရီမြို့နယ်ဟာ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသ လည်း ဖြစ်ပါတယ်။ https://burmese.dvb.no/archive s/583832

၃၀။ SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းဒေသ လျှပ်စစ်မီးဓာတ်အားဖွင့်ပွဲ စစ်ကောင်စီခန့် သျှမ်းဝန်ကြီးချုပ် တက်ရောက်ဖွင့်ပေး
March 16, 2023

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်ရှိ SSPP/ SSA ဌာနချုပ် ဝမ်ဟိုင်းဒေသတွင် ၆၆/၁၁ ကေဗွီ (၅) အမ်ဗွီအေလျှပ်စစ်ဓာတ်အားဖွင့်ပွဲကို စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည် ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ လျှပ်စစ်ဓာတ်အား ဖွင့်ပွဲအခမ်း အနားကို ပြီးခဲ့သည့် မတ်လ ၁၂ ရက်တွင် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်း ဒေသရှိ ပါခီးကျေးရွာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမည် မဖော်လို သူ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “သျှမ်းပြည်ဝန်ကြီးချုပ် ကိုယ်တိုင် ဖွင့်ပွဲကို တက်ခဲ့ပါတယ်၊ ပြီးတော့ ရလခ တိုင်းမှူး လည်းတက်တယ်၊ ဒေသအတွင်းကလူထုကိုယ်စားလှယ်တစ်ဦးကလည်းစကားပြောပြီး လက်ဆောင်တွေအပြန်အလှန် ပေးကမ်း ပြီးတော့ အဲ့နေ့က ဖွင့်ပွဲအခမ်းအနား ပြီးသွားတယ်” ဟု အမည်မဖော်လိုသည့် အမျိုးသားက ပြောသည်။ ဝမ်ဟိုင်းဒေသ လျှပ်စစ် ဓါတ်အား ဖွင့်ပွဲအခမ်းအနားတွင် စစ်ကောင်စီခန့် သျှမ်းပြည် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းတို့ နှင့်အတူ အစိုးရအဖွဲ့ဝင်များက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

“အရင်ကဆိုရင် ဝမ်ဟိုင်းဒေသက ရေပြာအိုင်ကနေ ထုတ်တဲ့ ရေအားလျှပ်စစ်နဲ့ မီးဖြန့်တယ်လေ၊ ဒါပေမဲ့ အိမ်ခြေတွေ၊ လူဦးရေတွေ များလာတော့ မီးအားက မနိုင်ဘူး၊ အခု ဒီ ကျိုင်းတောင်း မီး ရတာ လည်းကြာပါပြီ၊ ဖွင့်ပွဲကိုတော့ ပြီးခဲ့တဲ့ ၁၂ ရက် (မတ်လ) မှာ လုပ်တာပေ့ါ၊ ဝမ်ဟိုင်းပတ်ပတ်လည်ရွာထိ မီးရတယ်” ဟု ဝမ်ဟိုင်းဒေသ အမည်မဖော်လိုသူ အသက် ၂၀ ကျော် လူငယ်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာလည်း သျှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် မိုင်းကိုင်မြို့သို့ ရောက်ရှိခဲ့ပြီး စေတီပုထိုးများ ပြုပြင်မွမ်းမံရန်အတွက် ကျပ် သိန်း ၁၀၀ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင်လည်း လားရှိုးခရိုင်ရှိ မိုင်းရယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက် ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ https://burmese.shannews.org/archives/33586

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။