• Today is: Friday, April 26, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 26, March 31, 2023)

၁။     အပစ်ရပ် ၇ ဖွဲ့နှင့် အလွတ်သဘောဆွေးနွေးပွဲတွင် စစ်ကောင်စီက ဖွဲ့စည်းပြင်ဆင်ရေးတင်ပြ
        March 30, 2023

အပစ်ရပ် ခုနစ်ဖွဲ့နှင့် စစ်ကောင်စီတို့ ပထမကြိမ် အလွတ်သဘောဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် တင်ပြခဲ့ကြောင်း သိရသည်။ မတ်လ၂၈ ရက်နှင့် ၂၉ ရက်နေ့က နေပြည်တော်၌ပြု လုပ် ခဲ့သည့် စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီနှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့တို့ အလွတ်သဘောဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တင် ပြခဲ့ခြင်းဖြစ်ကြောင်း အပစ်ရပ်ခုနစ်ဖွဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့် က ပြောသည်။ “၂၀၀၈ အခြေခံဥပဒေနဲ့ပတ်သက်ပြီး တစ်ဖက်က(စစ်ကောင်စီဘက်က)တင်ပြဆွေးနွေးမှုတွေ ရှိတယ်။ အခုနက ကျနော်ပြောတဲ့အတိုင်းပဲ အပြန်အလှန်ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ဆိုတာကတော့ ပထမဆုံးကြိမ်မှာတော့ ကျနော်တို့လုပ် ဆောင်နိုင်ခြင်းမရှိသေးဘူး။ နှစ်ဖက်စလုံး တင်ပြချက်တွေအပေါ်မှာ သက်ဆိုင်ရာခေါင်းဆောင်တွေဆီကို သယ်ဆောင်သွားပြီး တော့ နောက်လာမယ့်အစည်းအဝေးပွဲမှ အဲဒီအချက်တွေအပေါ်မှာ အပြန်အလှန်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နိုင်မယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင်စစ်ကောင်စီဘက်က ဒေသတွင်းတည်ငြိမ်းရေး၊ ရွေးကောက်ပွဲကျင်းပရေး၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးတို့ ကို တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။ တွေ့ဆုံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့မှာ ရှမ်းပြည်ပြန်လည် ထူထောင်‌ရေး ကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/ KNLA-PC)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ဖြစ်သည်။ အပစ်ရပ်ခုနစ်ဖွဲ့အနေဖြင့် သက်ဆိုင်သူများအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းဖြစ်ပေါ်လာရေး၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ၊ ဖက်ဒရယ်အခြေခံမူကိစ္စရပ်များ၊ အရပ်သား များကို အကာအကွယ်ပေးရေး၊ လူသားချင်းဆိုင်ရာ အကူအညီများပေးရေး၊ အပစ်ရပ်ခုနစ်ဖွဲ့၏ ဘုံသဘောတူညီချက်များ ဆွေး နွေးရရှိရေးတို့ကို တင်ပြခဲ့သည်ဟု သိရသည်။ စစ်ကောင်စီနှင့် အဆိုပါတိုင်းရင်းသားအဖွဲ့များသည် တဖွဲ့ချင်းစီတွေ့ဆုံခဲ့ရာမှ အဖွဲ့များစုပေါင်း၍ အလွတ်သဘောတွေ့ဆုံမှုများပြုလုပ်လာခြင်းဖြစ်သည်။ ယခုဆွေးနွေးပွဲသည် စစ်ကောင်စီက စီစဉ်ထားသည့် အစီစဉ်များအတိုင်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ နှစ်ဖက်တင်ပြဆွေးနွေးမှုများ လုပ်နိုင်လာကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့် ကပြောသည်။ တိုက်ပွဲများဖြစ်ပွားနေမှုအပေါ်တွင်  စောကျော်ညွန့် က “ကျနော်တို့ ဆွေးနွေးပွဲတွေလုပ်တဲ့အချိန်မှာ ကိုယ့်ဒေသ အတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေမဖြစ်အောင်ကလည်း အဓိကလိုအပ်ချက်တစ်ချက်ဖြစ်ပါတယ်”ဟု မှတ်ချက်ပြုသည်။ https: //www.fac ebook.com/MizzimaDaily/photos/a.320351647999747/6555328061168710/

၂။     ZRA ထိန်းချုပ်နယ်မြေအတွင်းမှာတိုက်ပွဲဖြစ်ပွား
       March 30, 2023

ချင်းပြည်နယ် တီးတ်ိန်မြို့နယ်က Zomi Revolutionary Army (ZRA) ထိန်းချုပ်နယ်မြေအတွင်းမှာ မတ်လ (၃၀) ရက် နေ့ နေ့လည် ပိုင်းလောက်မှာ ပစ်ခတ်တိုက်ခိုက်သံတွေကို ကြားနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဆိုပါ တိုက်ပွဲ မှာ  ZRA နဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) အကြားက တိုက်ပွဲဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောဆို ကြပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။ ဒေသခံတစ်ဦးပြောတာက “ဒီကနေ့ နေ့လည် ၁ နာရီလောက်ကနေ ၃ နာရီခွဲလောက်အထိ ပစ်ခတ် တိုက်ပွဲသံတွေကြားနေရတယ်။ အဲဒီဖြစ်တဲ့နေရာက ZRA တွေစခန်းချတဲ့ နေရာတွေဖြစ်တယ် CNA နဲ့ ဖြစ်တာဖြစ်ဖို့များပါ တယ်။” လို့ ပြောပါတယ်။ ZRA စခန်းရှိတဲ့ တီးတိန်မြို့နယ် Mualnuam ကျေးရွာတွေဘက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ZRA ဘက်က တပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေသိရပါတယ်။ https://ww w.facebook.com/photo?fbid=607931008035901&set=a.273500801 478925

၃။    PPST အဖွဲ့ဝင် ဖြစ်သည့် RCSS နှင့် PNLA က မောက်မယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်
      March 30, 2023

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ အဖွဲ့ဝင်ဖြစ်သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ ကြောင်းစုံစမ်းသိရသည်။ မတ်လ ၃၀ ရက် နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသ အတွင်း၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးကင်းလှည့်သည့် တပ်သားများမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း နှင့် ပတ်သက်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ ကို ဆက်သွယ်မေးမြန်းရာ ထိတွေ့ပစ်ခတ်မှုဖြစ်သည်ဟုသာသိရပြီး အသေးစိတ်ကို မသိရသေးကြောင်းပြောသည်။ “လုံခြုံရေး ကင်းလှည့်တဲ့ တပ်သားအချင်းချင်း ထိတွေ့မှုဖြစ်တာလို့ပဲ သိရတယ်၊ ကျနော်တို့ဘက်က သွားပြီး စပစ်တာတော့မဟုတ်ဘူး၊ ခုလည်း သူတို့ဘက်ကပဲ လာပစ်တာလို့ သိရတယ်၊ ဒီနေရာက ကျနော်တို့ အရင် ကတည်း သွားလာလှုပ်ရှားတဲ့ နေရာလေ၊ ဒီနေ့ ပစ်ခတ်မှု အသေးစိတ်ကိုတော့ ကျနော်မသိရသေးဘူး” ဟု ဗိုလ်မှူးခမ်းစံက ပြောသည်။

ယင်းထိတွေ့တိုက်ပွဲနှင့် ပတ်သက်ပြီး  (PNLO) ၏ ဒုဥက္ကဌ (၁) ခွန်ထွန်းတင် ကို ဆက်သွယ်မေးမြန်းရာ သတင်းသာ ကြားရကြောင်းနှင့် အတည်မပြုနိုင်သေးကြောင်း ပြောသည်။ “ခုနကတော့ အသိတစ်ယောက်က ကဒူးကြီးဘက် ထိတွေ့တိုက်ပွဲ ဖြစ်လား ဆိုပြီးတော့ လာမေးတယ်၊ ကျနော့် ဆီတော့ သတင်းအချက်အလက် မရောက်လာသေးဘူး၊ အဲ့ဘက်က ဆက်သွယ်ရေး တာဝန်ခံတွေဆီ မေးကြည့် လည်း ဖုန်းက မရဘူးဖြစ်နေတယ်၊ အဲ့တော့ ကျနော်ကလည်း အတည်လည်း မပြုနိုင်သေးဘူး” ဟု (PNLO) ၏ ဒုဥက္ကဌ (၁) ခွန်ထွန်းတင်က ပြောသည်။ RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသော်လည်း တပ်ဖွဲ့နှစ်ခုကြား ထိတွေ့ပစ်ခတ်မှုများကရှိနေကြသည်။ မောက်မယ်မြို့နယ် ကဒူးကြီး ဒေသအတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ ခုနစ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ သေးသည်။ https://burmese.shannews.org/archives/33874

၄။     သံတံတားကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများအား KIA မှ                    တိုက်ခိုက်
        March 30, 2023

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ သံတံတားကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ကချင်လွတ် လပ်ရေးတပ်မတော် (KIA) ဘက်ကနေ ချောင်ပိတ်တိုက်ခိုက်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ (၂) ရက်လောက် ကနေ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေကို KIA ရဲ့ တပ်ရင်း (၁) နဲ့ တပ်ရင်း (၁၂) ကနေ ဝိုင်းထားပြီး ဒီကနေ့ မတ်လ (၃၀) ရက်နေ့ မနက်ပိုင်း (၆) နာရီလောက်ကနေ လက်ရှိအချိန်ထိ တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါ တယ်။ “ သံတံတားမှာ တိုက်ပွဲဖြစ်နေတယ်။ မနေ့ကတည်းက ဘုန်းကြီးကျောင်းက စစ်သားတွေကို ဝိုင်းထားတာတဲ့။” လို့ ဒေသခံက ဆိုပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီရဲ့ တပ်ရင်းကိုတော့ မသိရှိရဘဲ စစ်ကြောင်းတစ်ခါထွက်ရင် အနည်းဆုံး အင်အား ၅၀ ကျော်ခန့်ရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

သံတံတားကျေးရွာအနီးမှာရှိတဲ့ မြလယ်ကျေးရွာဒေသခံတစ်ဦးကလည်း သံတံတားကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားနေ ပြီး စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ “ဒီကကြားတာက လက်နက်ကြီးသံတွေပဲ လက်နက်သေးသံတွေက ဒီကမကြားဘူး။ ဆက်တိုက်ပဲ မြည်တယ်။ မိုးကြိုးပစ်သလိုပဲ။”လို့ ပြောပါတယ်။ လက်ရှိ အချိန်မှာတော့ စာဝတီကျေးရွာ နဲ့ ဆူးပုတ်ကုန်းကျေးရွာမှာ စစ်ကောင်စီတပ်သားတွေကနေ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမှုတွေပြုလုပ်နေပြီး ဖြတ်သန်းခွင့်မပေးဘူးလို့လည်း သိရပါတယ်။ အဲဒီဒေသဘက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကပဲ စစ်ရေးတင်းမာနေတာကြောင့် စစ်ကောင်စီတပ်ဘက်ကနေ ဖုန်းလိုင်းဖြတ်တောက်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ https://w ww.facebook.com/myitkyinanewsjournal.mm/photos/a.18 2072622159000/1868544403511805/

၅။    နိုင်ငံရေးပါတီတွေကိုဖျက်သိမ်းမှု ဖွဲ့စည်းပုံနဲ့မညီကြောင်း ဥပဒေပညာရှင်တွေ ထောက်ပြ
       March 30, 2023

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ လက်ရှိရွေးကောက်ပွဲ ကော်မရှင်ဟာ အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းပေး ထားတဲ့ ကော်မရှင်ဖြစ်တာကြောင့် ဒီကော်မရှင်ရဲ့ အမိန့်ကြေညာချက်တွေဟာ တရားမဝင်ဘူးလို့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမတ်နေရာ ၉၂၀ နဲ့ မဲအများဆုံး အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေး က ပြောပါတယ်။ “ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်အပ်ရေးလုပ်ငန်းစဉ်မှာ ဘာမှ အကျိုးသက်ရောက်မှု ရှိလာမှာ မဟုတ်ပါဘူး။ လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေနဲ့ပဲ လုပ်ဆောင်နေမှာ ဖြစ်ပါတယ်။ NLD ဟာ ပြည်သူထဲက ပေါက်ဖွားလာပြီးတော့ ပြည်သူ့ အတွက်ပဲ အလုပ်လုပ်နေတာမို့လို့ ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမှာ ဖြစ်ပါတယ်။ ပြည်သူလူထုသာ အက္ခရာ ကျပါတယ်” အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ တရားဝင် ဖွဲ့စည်းထားတဲ့ နိုင်ငံရေး ပါတီတွေကို ဖျက်သိမ်းခွင့်မရှိကြောင်း လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟို အလုပ်ကော်မတီက မတ်လ ၂၉ ရက် မနေ့က ကြေညာချက်ထုတ်ပြီး တုံ့ပြန် ထားပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှစ်နေရာ အနိုင်ရခဲ့တဲ့ လားဟူအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီက ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့် ကလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ဖျက်သိမ်းမှုဟာတရားမျှတမှုမရှိဘူးလို့ ပြောပါ တယ်။ ပါတီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် နိုင်ငံရေးပါတီ တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအခြေအနေနဲ့ မကိုက် ညီတာကြောင့် မှတ်ပုံပြန်မတင်တော့တာလို့ သူကပြောပါတယ်။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီဟာ စစ်တပ်အာဏာ သိမ်းတာကို လက်မခံဘဲ ကန့်ကွက်ထားပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ ပုဒ်မ-၂၀ (က) အရ ပါတီတစ်ခုဟာ မိမိဆန္ဒအလျောက် ဖျက်သိမ်း လျှင်ဖြစ်စေ၊ ဥပဒေအရ ဖျက်သိမ်းခံရလျှင်ဖြစ်စေ ပါတီပိုင်ပစ္စည်းတွေကို နိုင်ငံတော်ထံ ပြန်လည်အပ်နှံရမယ်လို့ ဖော်ပြထားပါ တယ်။ မှတ်ပုံမတင်လို့ ပါတီပိုင်ပစ္စည်းတွေကို သိမ်းယူမယ်ဆိုရင်လည်း လက်ရှိ နိုင်ငံရေးအခြေ အနေအရ လိုက်နာရုံက လွဲပြီး တခြားနည်းလမ်း မရှိပါဘူးလို့ မှတ်ပုံပြန်မတင်ထားတဲ့ တအာင်း (ပလောင်) အမျိုးသား ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်အောင် ကပြောပါတယ်။ တအာင်း(ပလောင်) အမျိုးသားပါတီဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၁၂ နေရာနဲ့ တစ်နိုင်ငံလုံးမှာ ပဉ္စမမြောက် မဲအများဆုံး အနိုင်ရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ NLD ပါတီ ဗဟို အလုပ်ကော်မတီဝင် ဦးကျော်ထွေး ကတော့ သူတို့ပါတီ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေဟာ ပြည်သူတွေရဲ့ ထည့်ဝင်ငွေနဲ့ တည်ဆောက် ထားတာကြောင့် စစ်ကောင်စီက မတရား သိမ်းယူရင် တစ်နေ့မှာ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို ခံရလိမ့်မယ်လို့ သတိပေးပါတယ်။ စစ်ကောင်စီက NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တာဟာ ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို နောက်ပြန်ဆုတ်သွားစေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Burma Campaign UK က မနေ့က ထုတ်ပြန်ပါတယ်။ မြန်မာပြည်သူတွေဟာ စစ်တပ် မပါဝင်တဲ့ နိုင်ငံအနာဂတ်ကို လိုချင်နေကြတာကြောင့် နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ အဲဒီအခြေအနေမျိုး ရောက်အောင် ကူညီပေးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။ ၂၀၂၃ မတ်လ ၂၈ ရက် မတိုင်ခင်အထိ နိုင်ငံရေးပါတီ ၉၀ ရှိရာကနေ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ လာမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ပါတီ ၅၀ ဆက်လက်မှတ်ပုံတင် ထားပြီး နောက်ထပ် နိုင်ငံရေးပါတီသစ် ၁၃ ခုလည်း မှတ်ပုံ တင်ထားကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။ https://ww w.rfa.org/b urmese/program_2/political-party-unconstitutional-03302023060255.html

၆။    မယ်ခါးထာ့စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံး၊ ၇ ဦးဒဏ်ရာရရှိ
       March 30, 2023

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကေအန်ယူ တပ်မဟာ ၅ နယ်မြေ သံလွင်မြစ်ကမ်းပေါ်ရှိ မယ်တရိထာ (ခေါ်) မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁၆ ဦး သေဆုံးကာ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ KNU မူတြော်က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ မယ်ခါးထာ့စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က မတ် ၂၈ ရက် မနက်က  ၄၅ မိနစ်ကြာတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သား ၇ ဦးထဲက ၅ ဦးဟာ ထိုင်းနိုင်ငံ ဘက်ခြမ်းကို ကူးခတ်လွတ်မြောက်သွားပြီး ထိုင်းတော်ဝင်တပ်မတော်က နီးစပ်ရာထိုင်းပြည်သူ့ဆေးရုံမှာ ဆေးကုသပေးနေ တယ်လို့ ထုတ်ပြန်ထားပါတယ်။

စခန်းသိမ်းပိုက်မှုအတွင်း စစ်ကောင်စီရဲ့ လက်နက်မျိုးစုံဖြစ်တဲ့ MA-1, MA-2, MA-4, RPG-7, ၆၀ မမ စိန်ပြောင်း၊ စက်လတ်နဲ့ စနိုက်ပါ စုစုပေါင်း ၂၃ လက်နဲ့ ကျည် ၃၃၆၀ တောင့်အပြင် ဆက်သွယ်ရေးစက် ၂ လုံး၊ စကားပြောစက် ၂ လုံး၊ ဖုန်း ၂ လုံး၊ ဓာတ်ခဲဘူး ၄ ဘူးနဲ့ စစ်ဘောင်းဘီ ၂ ထည် သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲအတွင်း KNLA နဲ့  FFD ပူးပေါင်းတပ်ဘက်က ၁ ဦး ကျဆုံးပြီး ၈ ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ဖော်ပြပါတယ်။ မယ်တရိထာ(ခေါ်) မယ်ခါးထာ့စခန်း ဟာ ယခင် KNLA၊ တပ်ရင်း ၂၀ အခြေစိုက်ရာဒေသဖြစ်ကာ ၁၉၉၅ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ်-မာနယ်ပလောကျဆုံးအပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်သိမ်းယူထားတာလို့ ဆိုပါတယ်။ သော်လဲထကျေးရွာနဲ့ မျက်နှာချင်းဆိုင် သံလွင်မြစ်ဘက်ကမ်းက စစ်ကောင်စီတပ်စခန်းအပါအဝင် ဒါးကွင်၊ မယ်ခါးထာ့စခန်းတွေ ဟာ ၁၉၉၅ ခု ဒီကေဘီအေ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း အဆိုပါဒေသတွေထဲကို စစ်တပ်တွေက ဝင်ရောက် နေရာယူခဲ့တာဖြစ် ပါတယ်။ https://burmese.dvb.no/archiv es/586032

၇။    ရခိုင်က လူမှုအဖွဲ့အစည်းတွေ လက်နက်ကိုင်အဖွဲ့တွေနဲ့ မပတ်သက်ဖို့ စစ်ကောင်စီ သတိပေး
       March 30, 2023

ရခိုင်ပြည်နယ်မှာ အသင်းအဖွဲ့မှတ်ပုံတင်ပြီး လုပ်ကိုင်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့ကို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် နေ့က စစ်ကောင်စီက ခေါ်ယူတွေ့ဆုံပြီးတော့ မတရားအသင်းတွေ၊ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ မပတ်သတ်ဖို့နဲ့ ငွေကြေး ထောက်ပံ့တာတွေမလုပ်ဖို့ စစ်ကောင်စီက ခေါ်ယူသတိပေးထားတယ်လို့ သတိပေးခံရတဲ့ အရပ်ဖက်အဖွဲ့အသည်း တာဝန်ရှိသူ တဦးက ပြောပါတယ်။  အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ မတရားအသင်းတွေ အကြမ်းဖက်အဖွဲ့တွေဆီကို ငွေကြေး စီးဆင်းမှု တွေ ရှိနေတာကြောင့် ခေါ်ယူ သတိပေးရတာဖြစ်သလို အထူးသဖြင့်တော့ NUG- PDF တွေနဲ့ မပတ်သတ်ဖို့ ငွေကြေး ထောက်ပံ့ တာတွေ မလုပ်ဖို့ စစ်ကောင်စီက သတိပေးတာဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတာဝန်ရှိသူတဦးကပြောပါတယ်။  “အဲတော့ မတရားအသင်းအဖွဲ့တွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ် ပတ်သတ်တာတွေမလုပ်ဖို့၊ ရံပုံငွေတွေ စီးဆင်းမှုတွေ မလုပ် ဖို့ သတိပေးလိုတယ်ပေါ့လေ။ ဒါက မတရားအသင်း အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သတ်လို့ရှိရင် အကြမ်းဖက် ဥပဒေအရ အရေးယူမယ့်အပြင် အသင်းအဖွဲ့ဥပဒေနဲ့အရေးယူလို့ရတယ်ပေါ့။ အဲတာကြောင့် ဒါကိုသတိပေးတာ အဲလိုမျိုးပြောပါတယ်။ အဲဒီ မှာ အကြမ်းဖက်အသင်း၊ မတရားအသင်းတွေနဲ့ ပတ်သတ်ပြီး အဓိက ပြောသွားတာကတော့ NUG ၊ PDF တို့ကို အဓိကထားပြီး ပြောသွားတယ်။” လက်ရှိရခိုင်ပြည်နယ် အနေအထားအရ ကျေးလက်ဒေသ တော်တော်များများမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေသလို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေလည်း ရှိနေတာပါ။ ဒီလိုအနေအထားမျိုး ရခိုင်လူမှုအရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီပြောသလို လက်နက် ကိုင်အဖွဲ့ အစည်းတွေနဲ့ မပတ်သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ရခိုင်တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ဦးထွန်းကြည် ကပြောပါတယ်။ 

“မဆက်ဆံနဲ့လို့ပြောတဲ့ဖက်ကို ချဉ်းကပ်ဖို့အရမ်းခက်သွားတာပေါ့ဗျာ။ ရခိုင်မှာအစိုးရနှစ်ရပ်ရှိတယ်။ အခုဆိုရင်အာရက္ခ ပြည်သူ့အစိုးရ ရှိနေမယ်။ တစ်ဖက်မှာ နစကအစိုးရရှိနေမယ်။ ဒီနှစ်ခုစလုံးက ရခိုင်ပြည်နယ်မှာ သူ့နေရာနဲ့သူအာဏာသက် ရောက်မှုတွေ ရှိနေတယ်ဆိုတော့ ဒီ CSO အရပ်ဖက်လူမှုအဖွဲ့အစည်းဆိုတာကလည်း လူထုဖက်က လူထုအရေးကို လှုပ်ရှားတာ ဖြစ်တဲ့အတွက် လိုအပ်ရင်စစ်ကောင်စီနဲ့လည်း တန်ပြန် ဆွေးနွေးရမှာဖြစ်သလို ULA/AA နဲ့လည်း တွေ့ဆုံဆွေးနွေးရမှာတွေရှိနေ တယ်။ ဆိုတော့ စစ်ကောင်စီဆီမှာပဲ မှတ်ပုံတင်ပါ၊ ULA/AA နဲ့ မဆက်ဆံပါနဲ့ အဲလိုမျိုးရည်ရွယ်တယ်ဆိုလို့ရှိရင် ဒါကအာဏာ ရှင်စနစ်ကိုကျင့်သုံးတာပဲ။ အရပ်ဖက်အဖွဲ့တွေရဲ့ တန်းဖိုးကိုသေအောင် သတ်လိုက်တာပဲ။ ဒါက တရားမျှတမှုမရှိဘူး။ အရပ်ဖက် အဖွဲ့အစည်းဆိုတာ တရားမျှတမှုကို ရှာဖွေရမယ်။ အဖွဲ့အစည်းက တရားမျှတမှုမရှိတဲ့ စနစ်အောက်မှာ မှတ်ပုံတင်ပြီး သွားရင် တော့ အဲဒီ အဖွဲ့အစည်းရဲ့ တန်ဖိုးကလည်း ပြောင်းပြန် ဖြစ်သွားလိမ့်မယ်။”  အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ကတည်းက ရေးဆွဲ ပြဌာန်းခဲ့တဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေကိုပြင်ဆင်ပြီး တော့ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ အသစ်ပြန်လည် ပြဌာန်းလိုက်တာလည်း ဖြစ်ပါတယ်။  အဲဒီဥပဒေသစ်မှာ မှတ်ပုံတင် ထားတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတော်အားလက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သမား တွေလို့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သတ်ဆက်သွယ်တာတွေ၊ အားပေးတာတွေ မလုပ်ရဘူးလို့ ဖော်ပြထားပါတယ်။  https://burmese.voanews.com/a/sac-warn-cso-not-to-have-contact-armedgroup

၈။    ဗန်းမောက်တွင် စစ်တပ်နှင့် SNA ပူးပေါင်းထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေ
       March 31, 2023

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ အခုရက်ပိုင်း စစ်ကောင်စီတပ်နဲ့ ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့ (SNA) တွေ ပူးပေါင်း ထိုးစစ်ဆင်နေတာကြောင့်  တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်၊ ပင်လည်ဘူး၊ ဟုမ္မလင်း လမ်းဆုံနေရာနဲ့ ကြောင်လည်ရွာပတ်ဝန်း ကျင် ဒေသကို စစ်ကောင်စီနဲ့ SNA တပ်ဖွဲ့တွေ ပူးပေါင်းပြီး နယ်မြေပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ SNA နဲ့ ဗန်းမောက်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွား နေသလို မတ်လ ဒုတိယ ပတ်လောက်က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေပါ အင်အားဖြည့်တင်းကာ နေ့တိုင်းထိတွေ့တိုက်ပွဲဖြစ်နေကာ လေကြောင်း ပစ်ကူတွေပါ ပါဝင်လာတယ်လို့ ဆိုပါတယ်။ PDF နဲ့ နီးစပ်သူတဦးက “SNA နဲ့ ဖြစ်တာကတော့ တလလောက်ရှိလာပြီ။ ကိုယ်က နောက်ဆုတ်လိုက်၊ သူက နေရာယူလိုက်၊ ကိုယ်ကပြန်တိုက်လိုက်နဲ့ ဖြစ်နေတာ။ အခု လွန်ခဲ့တဲ့တပတ်လောက်က စတင်ပြီးတော့ စကစတွေနဲ့ပေါင်းပြီး သူတို့ဆုံးရှုံးလိုက်တဲ့ နေရာတွေကို အင်အားအများအပြားနဲ့ တိုက်ခိုက်နေတယ်။ လေကြောင်းနဲ့ကော ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာကိုကော၊ တိုက်ပွဲမရှိတဲ့နေရာတွေကိုကော ဗုံးကြဲတာ သုံးကြိမ်ရှိသွားပြီ” လို့ ပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ကြောင်လည်ဒေသဟာ အရင်က SNA ထိန်းချုပ်နယ်မြေတွေ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ဝက်ခန့် ကစတင်ပြီး ဗန်းမောက်မြို့နယ်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ထိန်ချုပ်ခဲ့တာကြောင့် SNA နဲ့ စစ်ကောင် စီတပ်တွေအတွက် နယ်မြေစိုးမိုးရေးနဲ့ ရိက္ခာထောက်ပံ့ရေး အခက်အခဲဖြစ်တာကြောင့် အခုလို ပြန်လည်တိုက်ခိုက်လာတာဖြစ် တယ်လို့ ဗန်းမောက်မြို့နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ “နှစ်ဝက်လောက်ရှိပြီ၊ အဲဒီဘက်တ ကြောကို အရင်ကတော့ SNA စိုးမိုးတာပေါ့။ အဲဒါကို ပြန်သိမ်းပိုက်ထားတာ။ ကျနော်တို့ ထိန်းချုပ်ထားတာ ကြာလာတော့သူတို့ နယ်မြေစိုးမိုးဖို့ ခက်တာ၊ ရိက္ခာလမ်းကြောင်းတွေ ပြတ်ကုန်တော့ အခုက စကစနဲ့ပေါင်းပြီး ပြန်တိုက်လာတာပါ။” SNA နဲ့လာ ရောက်ပူးပေါင်းတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင်ရှိပြီး ဗန်းမောက်မြို့နယ် တောင်ပိုင်းကို အယောင်ပြပြီး အနောက်ခြမ်းကို တိုက်ခိုက်လာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ https://burmese.dvb.no/archives/586117

၉။      ကျောက်မဲမြိုန့ယ်အတွင်း TNLA တပ်ဖွဲ့ ပြည်သူပိုင် နေအိမ်သိမ်းယူပြီး စခန်းချ နေထိုင်
        March 30, 2023

သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့က ပြည်သူပိုင်အိမ်ကို သိမ်းယူပြီး စခန်းချ နေထိုင်နေကြောင်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၆ ရက် ညနေပိုင်း အချိန်တွင် ကျောက်မဲမြို့နယ် မန်စံကျေးရွာအုပ်စု အုံးငန်းကျေးရွာရှိ ပြည်သူပိုင် နှစ်ထပ်အိမ် တစ်လုံးကို TNLA တပ်ဖွဲ့က သိမ်းယူပြီး ၎င်းတို့ အလံစိုက်ထူကာ စခန်းချ နေထိုင်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။ “စစ်သား အယောက် ၆၀ လောက်ကာ ရွာထဲ ဝင်လာပြီးတော့ သူတို့က ဒီရွာထဲမှာ စခန်းချတဲ့ နေရာလုပ်မယ်၊ ပြီးတော့ ရွာထဲမှာ ရှိတဲ့ အဲ့အိမ်ဆီကို သွားပြီးတော့ ဒီမှာတည်း မှာပေါ့၊ ပစ္စည်းတွေချပြီးတော့ သူတို့ အလံပါ ထောင်ထားလိုက်တယ်၊ အိမ်ရှင်ကိုတောင် ခွင့်မတောင်းဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။ လက်ရှိတွင် TNLA စစ်သားများက အဆိုပါ အိမ်တွင် စခန်းချနေထိုင် လျက်ရှိပြီး အိမ်ရှင်ဖြစ်သူများ က အတူမနေရဲသည့် အတွက် ရသလောက် ပစ္စည်းများကို သိမ်းယူကာ ကျောက်မဲမြို့ပေါ်သို့ ညတွင်းချင်း ထွက်ပြေးလာခဲ့ရ ကြောင်း သိရသည်။ ထို့အပြင် တခြားသော ဒေသခံရွာသားများ တချို့ကလည်း ရွာထဲ ဝင်နေသည့် TNLA စစ်သားများကို ကြောက်လန့်သည့် အတွက် နီးစပ်ရာ ဆွေးမျိုးများ ရှိရာ နှင့် မြို့ပေါ်သို့ ထွက်ပြေးလာသူလည်း ရှိနေကြောင်း သိရသည်။

ထို့အပြင် ကျောက်မဲမြို့ နှင့် ကပ်လျက်ရှိ မန်ကျောင်းကျေးရွာအုပ်စု ၊ ကျွဲကုန်းကျေးရွာ အုပ်စု နှင့် ခိုမုန်း ကျေးရွာ အုပ်စု အထိ TNLA စစ်သားများက လူဝင်ရောက် ဖမ်းဆီးမှု ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။ ထို့အပြင် ကျောက်မဲမြို့ အခြေစိုက် စရဖ၊ စကစ တို့၏ ခွင့်ပြုချက်ဖြင့် မြိုပေါ် KTV များအထိ လူဝင်ဖမ်းခြင်း ရှိကြောင်းလည်း သိရသည်။ “TNLA တွေက ရွာတွေဘက်မှာရော၊ မြို့ပေါ်မှာရော ဝင်ပြီးတော့ လူလိုက်ဖမ်းတာရှိတယ်၊ တပ်သား သစ် စုဆောင်း ဖို့အတွက်တဲ့၊ လူငယ်တွေ လည်း မနေရဲတော့ဘူး၊ ထိုင်းသွားတယ်၊ တရုတ်သွားကြတယ်၊ ပြီးတော့ အိမ်ရှင် အဖိုးအဖွား အဖေအမေတွေက သူများခြံ၊ ငှက်ပျောတော၊ ဝါးရုံတောတွေမကျန် သွားအိမ်ရတာ” ဟု ကျောက်မဲမြို့ပေါ်က ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ TNLA တပ်ဖွဲ့သည် ဒေသခံများကို စစ်သားသစ် စုဆောင်းရေးအတွက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရပြီး တအာင်း(ပလောင်) လူမျိုးများ အပြင် သျှမ်းလူမျိုးများကိုလည်း ဖမ်းဆီးခေါ်ဆောင်မှု ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။ https://burmese.sha nnews.org/archives/33867

၁၀။     စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ရွာငံက ဒေသခံ ၉ ဦးထဲမှာ တစ်ဦး သေဆုံးသွား
         March 30, 2023

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့တုန်းက စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ရွာငံမြို့နယ် ကျောက်ကူပြင် ရွာခံ ၉ ဦးထဲမှာ တစ်ဦး သေဆုံးသွားပြီးလို့ နီးစပ်တဲ့သူတွေက ပြောပါတယ်။ သေဆုံးသွားတဲ့သူဟာ ကိုသိန်းထွန်းဖြစ်ပြီး စစ်ကောင်စီဖမ်းဆီးသွားတဲ့ အချိန်မှာ ရိုက်နှက်ခံရပြီး ဆေးရုံတင်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ စစ်ဆေးရိုက်နှက်မှုကြမ်းတမ်းတာကြောင့် ကိုသိန်းထွန်း ဟာ ရွာငံမြို့ ပြည်သူ့ဆေးရုံးမှာ မနေ့ မတ်လ ၂၈ ရက် ညနေမှာ သေဆုံးသွားတာပဲ ဖြစ်ပါတယ်။

နီးစပ်သူ တစ်ဦးက “ရိုက်နှက်ခံရတဲ့ ဒဏ်ပြင်းထန်တော့ မကုသနိုင်ဘူး။ ကိုသိန်းထွန်းမှာလည်း အရင်ကတည်းက ဆီချို ရောဂါ အခံရှိထားတဲ့သူဖြစ်တယ်။ သူရဲမျက်နှာမှာ ဆိုရင် ညှိုပြီးတော့ ယောင်ကိုင်းကိုင်းနေတယ်။ လည်ပင်းမှာရော၊ လက်တွေ မှာရော ယောင်တယ်။  စစ်ဆေးတာ အရမ်းကြမ်းတယ်”လို့ ပြောပါတယ်။ ကျန်တဲ့ ၈ ဦးကိုတော့ စစ်ကောင်စီက တောင်ကြီးမြို့ စစ်ခုံရုံးမှာ ပို့ဆောင်ထားပြီး မိသားစုနဲ့ အတွေ့မခံဘူးလို့ ၎င်းက ပြောပါတယ်။ ကိုသိန်းထွန်း ရဲ့ ရုပ်အလောင်းကို မတ်လ ၃၀ ရက်နေ့ နေ့လည်မှာ မီးသဂြိုလ်လိုက်ပြီးဖြစ်သလို စစ်ကောင်စီဘက်က လုံခြုံရေးအတင်းကြပ်ချထားနေတယ်လို့ ပြောပါတယ်။  လက်ရှိ စစ်ခုံရုံးကို ပို့ဆောင်ခံရတဲ့သူတွေဟာ ကိုမြင့်ကျော်၊ ကိုမောင်မောင်လွင်၊ ကိုကျော်၊ ကိုညီညီအောင်၊ ကိုဘိုးဘိုးဆန်၊ ကိုင်စိုးနိုင်၊ ကိုဖိုးသား နဲ့ ကိုဝမ်းဂန် တို့ဖြစ်ပါတယ်။ https://www.facebook .com/photo/?fbid=540576564916279&set=a.4 04503215190282

၁၁။     အင်းတော်ကြီးတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် သုံးဦးသေဆုံးဟုဆို
         March 30, 2023

ကချင်လွတ်မြောက်ရေးတပ် KIA ပူပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် အင်းတော်ကြီးဒေသ နန့်မွန်းတောင် တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ နန့်မွန်းတောင် ဒေသအခေါ် ၁၄ မိုင်တောင် ခြေတွင် တောင်ထိပ်မှ ခြေလျင်ဖြင့် ဆင်းလာသည့် စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ – ၄၂)ကို ယနေ့ မွန်းလွှဲ တစ်နာရီခန့်က ပဒေသာမိုင်းနှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ကျွန်တော်တို့အဖွဲ့က သွားပြီးမိုင်းဆွဲတာဟုတ်တယ်။ အဲ့အဖွဲ့က(စစ်ကောင်စီတပ်)မနေ့ကမှ နန့်မွန်းတောင်ထိပ်မှာရှိတဲ့ ဂိတ်ကို ရောက်ခဲ့တာ။ ပြောတာတော့ ဖားကန့်ဘက်ကို တက်မယ့်အဖွဲ့လို့ကြားတယ်။ အဲ့အချိန်မှာ သူတို့ (စစ်ကောင်စီတပ်) ဆင်းလာ တာကို စောင့်ပြီးဆွဲခဲ့တာ။ သုံးဦးကတော့ ပွဲချင်းပြီးသေဆုံးသွားတယ် ကျွန်တော်တို့ ကိုယ်တိုင်မြင်ခဲ့တာ” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က နန့်မွန်းတောင်ထိပ်မှ အိမ်စီးကား လေးစီးဖြင့် ဖားကန့် ဘက်သို့ လိုက်ပါသွားကြောင်း နန့်မွန်းဒေသခံ အသက် ၃၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ “မိုင်းဆွဲတိုက်ခိုက်ခံရပြီး သုံးယောက်ကတော့ ပွဲချင်းပြီးသေသွားတာ။ ခုနှစ်ယောက်တော့ဒဏ်ရာရသွားတယ်။ အဲ့လိုဖြစ်ပြီးတာနဲ့ နန့်မွန်းတောင်ထိပ်ကို ကားနဲ့သယ်သွားတာ။ ပြီးမှ ကျန်တဲ့ အယောက်နှစ်ဆယ်ကတော့ အင်းတော်ကြီးဘက်ကို လာတဲ့ အိမ်စီးကားလေးစီးပေါ်တက် ပြီး ဖားကန့်ဘက်ကို သွားလိုက်တာ” ဟု ပြောသည်။ ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က အင်းတော်ကြီးဒေသ၊ နန့်မွန်းတောင်ခြေရှိ ဒေသအခေါ် ၁၄ မိုင်တောင်ခြေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် အိမ်စီးကားကို ကချင်လွတ်မြောက်ရေး တပ် (KIA) နှင့် KPDF ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် လေဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ https://www. Facebook.com/The74Media/photos/a.1163719832 15665/771684617684395/

၁၂။     ပင်လောင်းနှင့်ဖယ်ခုံအစပ် တစ်လတာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂၀၀ ကျော်သေဆုံးပြီး ၁၀၀ ထက်             မနည်း ဒဏ်ရာရ
         March 30, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အစပ် တစ်လတာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂၀၀ ကျော်သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း 1007 Mobye PDF ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် 1007 Mobye PDF၊ Phekhon Zone(KNDF)၊  1001 Mobye PDF၊  1002 PK PDF ၊ PNDF(KK)၊  DMO PDF ၊ DMO Local PDF ၊ 1009 IPDF ၊ 1008 SSRY နှင့် မဟာမိတ်တပ်ပေါင်းစုများအကြား တိုက်ပွဲပြင်း ထန်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးကာ ၁၀၀ ဦးထက်မနည်းဒဏ်ရာရရှိခဲခြင်းဖြစ်ကြောင်းသိရ သည်။ အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁၀ ဦးကျဆုံးကာ ၁၅ ဦးအထက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

မတ်လ ပထမပတ်အတွင်း အထိနာသော အကြမ်းဖက်စစ်တပ်မှ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်း အတွင်းရှိ ရဟန်းသံဃာ ၃ ပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၂၂ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့်အပြင် ကျေးရွာကိုလည်းမီး ရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းဒေသတွင် ယနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်မှ တိုက်လေ ယာဉ်ဖြင့် တိုက်ခိုက်မှု ၂၆ ကြိမ်ရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော စစ်ဘေးရှောင်များ ခိုလှုံရာနေရာများကိုလည်း အကြမ်းဖက်စစ်တပ်မှ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ပင်လောင်းမြို့နယ်နှင့်ဖယ်ခုံမြို့နယ်အစပ်တွင် အကြမ်းဖက်စစ်တပ်က ယနေ့အထိ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် လှုပ်ရှား နေကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ခုခံတိုက်ခိုက်နေသော တော်လှန်ရေးအင်အားစုများထံသို့ လက်နက်ခဲယမ်းဖိုး များ ကူညီထောက်ပံ့ပေးကြပါရန် တိုက်တွန်းကြောင်း 1007 Mobye PDF က ထုတ်ပြန်ထားသည်။ https://www.facebook.c om/khitthitnews/photos/pcb .1758244534612885/1758244367946235/

၁၃။     ဘီးလင်းမှာ စစ်ကောင်စီလက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား (၅) ဦးထိမှန်ခဲ့
          March 30, 2023

ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်( ၄) နှစ်အရွယ် ကလေး (၂)ဦးနှင့် အသက် (၈၀)အရွယ် အဖွားအိုတို့အပါအဝင် ၅ ဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်း ဒေသခံကပြောပါတယ်။ မတ်လ ၂၉ ရက်နေ့ နေ့လည် ၁၁ နာရီခွဲ အချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါက်ရပ်ကျေးရွာက နေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၄) နှစ်ဝန်းကျင် ကလေးငယ် (၂)ဦး ၊ အသက်(၈၀) အရွယ်အဖွားအို (၁)ဦး၊ အသက် (၁၃) နှစ်အရွယ်ကလေးငယ် (၁)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ လက်နက် ကြီးစထိမှန်ခဲ့ကြကြောင်း ဒေသခံကပြောပါတယ်။

လက်နက်ကြီး ထိခိုက်မှုကြောင့် နေအိမ်မှာ ထိခိုက်ပျက်စီးခဲ့ရပြီး ၁၃ နှစ်အရွယ် ကလေးငယ်ကိုလည်း သထုံဆေးရုံကြီး သို့ ပို့ဆောင်ထားရကြောင်း ဒေသခံက ပြောပြပါတယ်။ ” ထိတာက အားလုံး (၅)ယောက်၊ အသက် (၁၃) နှစ်ကောင်လေးကတော့ ခြေမျက်စိမှာထိသွားလို့ သထုံဆေးရုံမှာ သွားကုရမယ်။ ထိသွားတဲ့အိမ်က အဖွားကတော့ နည်းနည်းပါးပါးပါပဲ။ အခုထက်ထိ လည်းကျကွဲသံတွေ ကြားနေရတုန်းပဲ “လို့ ဒေသခံတဦးက ပြောပါတယ်။ မတ်လ ၂၄ ရက်နေ့ကလည်း လုံခြုံရေးလာယူတဲ့ စစ်ကောင်စီတပ်တွေဟာ ဒေါက်ရပ်ရွာသား လူငယ် (၂) ဦးကို မိုင်းလာထောင်တဲ့ PDF ဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့ပါသေးတယ်။ ဒေါက်ရပ်ကျေးရွာဟာ ဘီးလင်းမြို့ အရှေ့ဘက် ရန်ကုန်- မော်လမြိုင် ကားလမ်းအနီးမှာ တည်ရှိပြီး ကရင်လူမျိုး အများစု နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။ https://www.faceboo k.com/lagoneainbulletinmon/photos/a.10768203810 9836/523478459863523/

၁၄။    နမ့်ခမ်းမြို့အနီး TNLA တပ်သားများ အင်အားဖြည့်တင်းလာပြီး ဒေသခံနေအိမ်များထဲ ဝင်ရောက်နေထိုင်
         March 30, 2023

သျှမ်းပြည် နမ့်ခမ်းမြို့ပြင်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားတို့က စစ်အင်အားဖြည့်တင်းလာပြီး ဒေသခံပြည်သူများ နေအိမ်များထဲလာရောက်နေထိုင်ကြောင်းသိရသည်။ ယခု မတ်လတတိယ ပတ်က စတင်ပြီး TNLA တပ်သားများသည် နမ့်ခမ်းမြို့ပြင်တွင် စတင်ဝင်ရောက်လာပြီး မတ်လ ၃၀ တွင် မြို့တွင်းနှင့် နီးစပ်လာ ကာ ပြည်သူများ၏ နေအိမ်ထဲသို့ ဝင်ရောက်နေထိုင် စားသောက်နေလျက်ရှိသည်။ “သူတို့ နမ့်ခမ်းဘက် ကိုလာနေတာတော့ ၁၀ ရက်ကျော်လောက်ရှိနေပြီ။ အခုက နမ့်ခမ်းမြို့နဲ့ပိုနီးလာတယ်။ အင်အား ၁၀၀ လောက်ရှိတယ်။ သူတို့ ပြည်သူတွေအိမ်မှာနေ တယ်။ အဲအိမ်တွေမှာပဲ စားကြတယ်။ စာသင်ကျောင်းတွေထဲမှာလည်း သွားနေတယ်။ သွားစားတယ်”ဟု နမ့်ခမ်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ထိုသို့ TNLA တပ်သည် စစ်ကောင်စီတပ်စခန်းနှင့် နီးစပ်လာသည့်အတွက် ကြောင့် စစ်ကောင်စီ က မြို့ဝင်မြို့ထွက်ဂိတ်ကို ပိတ်ထားလိုက်ပြီး ပြည်သူများကို မြို့ထွက်ခွင့် ယာယီပိတ်လိုက်ကြောင်း ဒေသခံများကပြောသည်။

“ TNLA ရောက်လာတဲ့နေရာက စစ်ကောင်စီ တပ်စခန်းနဲ့ နီးတယ်။ မနက်ပိုင်းတုန်းကတော့ မုဉ်ဦးတွေကို စစ်ကောင်စီ က ပိတ်လိုက်တာ။ အခုလည်းမုဉ်ဦးတံခါးဖွင့်လိုက်ပြီး။ ပြည်သူတွေကိုလည်း မြို့ပြင်မပေးသွားဘူး”ဟု နမ့်ခမ်းမြို့ ဒေသခံတစ်ဦး က ပြောသည်။ TNLA တပ်သားများသည် နမ့်ခမ်းမြို့ အနီး စယ်ဟိုင်းသို့ရောက်ရှိလာသည့်အတွက်ကြောင့် ပြည်သူများက တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်နေကြသည်။ “ TNLA တပ်သားတွေက ရွာသားအိမ်တွေမှာလည်း နေချင်သလိုနေတယ်။ စားချင်တာစား တယ်။ သူတို့ ဒီလိုမြို့ထဲဝင်လာတော့ ပြည်သူတွေကတော့ တိုက်ပွဲဖြစ်ပွားမှု စိုးရိမ်ကြတယ်။ ဖြစ်နိုင်ရင်တော့ တိုက်ပွဲမဖြစ် စေချင်ဘူး”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ နမ့်ခမ်းမြို့နယ်အတွင်းတို့ စစ်ကောင်စီတပ်အပြင် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့လည်း သွားလာလှုပ်ရှားသည်။ https://burmese.shannews.org/ar hives/33857

၁၅။     ကရင်နီလူငယ်တွေရဲ့ နိုင်ငံရေးအသိအမြင်တွေကို အဓိကသင်ကြားပေးနေတဲ့ KSDC ကျောင်း (၂၁) နှစ်အထိ           ဖွင့်လှစ်ပြီး
         March 30, 2023

ကရင်နီ အမှတ် (၁) ဒုက္ခသည်စခန်းမှာ ဖွင့်လှစ်ထားတဲ့ KSDC ( Karenni Social Development Center)ကျောင်းဟာ ကရင်နီလူငယ်တွေကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို အဓိက သင်ကြားပေးနေပြီး ယခုနှစ်ဆိုရင် (၂၁) နှစ်အထိ ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်ပါတယ်။ (၂၁)နှစ်အတွင်းမှာ Basic Course အပတ်စဉ် (၂၁) နဲ့ Advanced Course အပတ်စဉ် (၁၃) ဖွင့်လှစ်ခဲ့ပြီး နောက် ကျောင်းဆင်းပွဲကို မတ်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ Basic Course ကျောင်းသား/ သူ ၅၁ ယောက်နဲ့ Advanced Course က ကျောင်းသား/သူ ၂၈ ယောက်ကို သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ကျောင်းပြီးသွားတဲ့ အချိန်မှာ မိမိတို့ သိရှိလိုတဲ့နိုင်ငံရေးဆိုင်ရာ အသိအမြင်တွေပိုပြီး ကျယ်ပြန့်လာတယ်လို့ Advanced courseကို အောင်မြင်စွာ တက်ရောက် ပြီးစီးခဲ့တဲ့ ခူးတူးရယ်က ပြောပါတယ်။ လူ့အခွင့်အရေးဆိုင်ရာအကြောင်းကို သိရှိနားလည်ခဲ့သလို နိုင်ငံတကာသုံး အင်္ဂလိပ် ဘာသာရပ်၊ အတွေးအခေါ်ဆိုင်ရာတွေမှာ တိုးတက်လာတဲ့အတွက် ကရင်နီလူမှုအဖွဲ့အစည်းမှာ ပြန်လည် အလုပ်အကျွေးပြုဖို့ရှိ မယ်လို့ သူကဆက်ပြောပါတယ်။

“ကျတော်တို့ ဒီ ကျောင်း ရဲ့ Policy အရ သူ့ရဲ့ Vision၊ Mission နဲ့ အတူကျတော်တို့ဒီ အဖွဲ့အစည်း ကရင်နီ လူ့အဖွဲ့ အစည်း မှာ ပြန်ကူဖို့အတွက် ကျတော် ပြန်လုပ်မှာ ဖြစ်ပါတယ်။” လို့ ခူးတူးရယ် က ပြောပါတယ်။ KSDC ကျောင်းပြီးစီးသွားတဲ့ သူတွေအနေနဲ့ နိုင်ငံတကာ ဥပဒေကျောင်း၊ အခြားသော နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတွေကို သင်ကြားပေးတဲ့ ကျောင်းတွေမှာ ပညာဆက်လက်သင်ယူလို့ရတဲ့ အခွင့်အလမ်းတွေ ရှိနေတယ်လို့လည်း သိရှိရပါတယ်။ လူ့အခွင့်အရေးကို ပိုပြီး သိရှိနားလည် လာဖို့၊ ချိုးဖောက်ခံရမှုတွေကို လျော့ချလာနိုင်ဖို့၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမြတ်နိုး တန်ဖိုးထားတတ်တဲ့ လူ့အဖွဲ့ အစည်းတစ်ရပ် ထူထောင်ဖို့ စတဲ့ရည်ရွယ်ချက်နဲ့ စတင်တည်ထောင်ခဲ့တာဖြစ်သလို ရေရှည်မှာ တရားဥပဒေစိုးမိုးမှုအတွက်ပါ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ ကျောင်းအုပ်ကြီး ခူးမြာရယ် ကပြောကြားခဲ့ပါတယ်။ အဲ့ဒီကျောင်းဟာ နှစ်စဉ် ၂၅ ယောက်ခေါ်လေ့ရှိပေမယ့် Basic Course အယောက် ၄၀ နဲ့ Advance course ၂၅ယောက် တိုးချဲ့ ခေါ်ယူမှုတွေ ပြုလုပ် နေတယ်လို့ သိရပါတယ်။ လူငယ်တွေအနေနဲ့ လေလွင့်မှုမရှိအောင် ကျောင်းသား တိုးပြီး ခေါ်ယူနေတာဖြစ်တယ်လို့ ကျောင်း အုပ်ကြီး ခူးမြာရယ် က ပြောပါတယ်။ https://www.kantarawaddyti mes.org/%e1%80%80%e1%80%9b%e1%80%84 %e1%80%ba%e1%80%94%e1%80

၁၆။    မြန်မာ-ထိုင်းနယ်စပ်က  မယ်ခါးထာ့တပ်စခန်း လွယ်လွယ်ပြန်သိမ်းပိုက်နိုင်မှာ မဟုတ်ဟု KNLA ပြော
         March 30, 2023

မြန်မာ-ထိုင်းနယ်စပ်အနီးက စစ်ကောင်စီရဲ့ မယ်ခါးထာ့တပ်စခန်းကို ပြန်လည်တိုက်ခိုက်လာရင် လွယ်လွယ်နဲ့သိမ်းပိုက် နိုင်မှာ မဟုတ်သလို စစ်ကောင်စီဘက်က အကျအဆုံးအများကြီးရှိလာမယ်လို့  KNLA တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ မတ်လ ၂၈ ရက် မနက် ၆ နာရီလောက်က ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်(မူတြော်) ခရိုင်၊ သံလွင်မြစ် ကမ်းနံဘေးက စစ်ကောင်စီရဲ့တပ်စခန်းဖြစ်တဲ့ မယ်ခါးထာ့စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က  ဝင်ရောက်တိုက် ခိုက်ခဲ့ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်း ဆည်းရမိခဲ့သလို တပ်စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စခန်းသိမ်းနိုင်ဖို့အတွက် လက်နက်ကြီး ပစ်ကူမပေးနိုင်အောင် စစ်ကောင်စီရဲ့ လယ်တိုစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရသလို စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီ ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့အရေးပါတဲ့ စခန်းဖြစ်လို့ ပြန်လည်တိုက်ခိုက်လာရင် စစ်ကောင်စီ ဘက်က အကျအဆုံးအများကြီးရှိလာမယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် အနီးအနားကျေးရွာကဒေသခံပြည်သူတွေဟာ ထိုင်းနနယ်စပ် သီသူထစစ်ဘေးရှောင် စခန်း ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ဒေသခံတွေဟာ ဒေသတွင်းသွားလာရာမှာ သံလွင်မြစ်ကိုအားထားပြီး စက်လှေ ကိုအသုံးပြုသွားလာနေရာတာဖြစ်ပြီး စစ်ကောင်စီရဲ့ မယ်ခါးထာ့တပ်စခန်းကနေ မကြာခဏဆိုသလို ဒေသခံစက်လှေတွေကို သေနတ်နဲ့ပစ်ခတ်တာ၊ ခရီးသွားလာတာတွေကို တားမြစ်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ လွတ်လပ်စွာခရီးသွားလာခွင့် မရတဲ့အပြင် စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီရဲ့မယ်ခါးထာ့တပ်စခန်းဟာ မြန်မာ-ထိုင်းနယ်စပ်အနီး သံလွင်မြစ်ကမ်းနံဘေးမှာ အခိုင်အမာတည်ဆောက်ထားတဲ့ နှစ်ဆင့်ခံတပ်စခန်းဖြစ်သလို ထိုင်းနိုင်ငံဘက် ခြမ်းကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းဖြည့်တင်းထောက်ပို့နေတဲ့ အဓိကအရေးပါတဲ့တပ်စခန်းတစ်ခုဖြစ်သလို ဒါအပြင် ကျန်တပ် စခန်းတွေအတွက် ရိက္ခာနဲ့လက်နက်ခဲယမ်းတွေကိုပါ ဖြန့်ဝေထောက်ပို့ပေးနေတဲ့စခန်းလည်းဖြစ်တယ်ပါတယ်။ မယ်ခါးထာ့ စခန်းအနီးအနား ကျေးရွာကဒေသခံပြည်သူတွေနဲ့ သီသူထစစ်ဘေးရှောင်စခန်းက စစ်ရှောင်ပြည်သူ ၄၀၀၀ ကျော်ဟာ စစ်ကောင်စီက စခန်းပြန်လည်ရရှိဖို့အတွက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့  စစ်ဘေးရှောင်ပြည်သူ တွေဆီက သိရပါတယ်။ https://www.facebook.com/photo/?fbid=548319364075736&set=pcb.548319634075709

၁၇။     မတူပီမြို့နယ်အတွင်း စစ်ဘေးရှောင် ၁၀၀၀ကျော်အတွက် အရေးပေါ်ဆေးဝါးများလိုအပ်
         March 31, 2023

ချင်းပြည်နယ်၊မတူပီမြို့နယ်တွင် စစ်အင်အားတိုးချဲ့လာသည့်  စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးမဟာမိတ် တပ်ဖွဲ့ များအကြား စစ်ရေးတင်းမာနေပြီး ‌ဒေသခံစစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ်ဆေးဝါးများလိုအပ်နေသည်ဟု မတူပီ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။ မတူပီ-ပလက်ဝလမ်းမအတိုင်း အင်အားတိုးချဲ့လာသည့် စစ်ကောင်စီ တပ်နှင့် ချင်းကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များသည် မတ်လလယ်ခန့်မှစတင်ပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ် သည်။ မတူပီ-ပလက်ဝလမ်းပေါ်ရှိ ရွာခုနှစ်ရွာမှ ဒေသခံ ၁၀၀၀ ကျော်သည် တောတောင်ထဲတွင်တိမ်းရှောင်နေရပြီးကျန်းမာရေးဆိုင်ရာ ပြဿနာများ ရင်ဆိုင်နေရသည်ဟု မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတင်းနှင့် ပြန်ကြားရေးမှူး ဆလိုင်းပါထောင်း က ပြောသည်။  “သူတို့(ဒေသခံစစ်ဘေးရှောင်များ) အခုနေရတဲ့ နေရာက လယ်ကွက်တွေ၊ တောတွေတောင်ထဲမှာ ပုန်းရှောင်နေရ တော့၊ အဲဒီနေရာတွေက ငှက်ဖျားပိုးရှိတဲ့နေရာတွေဆိုတော့ ငှက်ဖျားရောဂါရတဲ့ သူတွေလည်းရှိတယ်။ ဝမ်းပျက်၊ ဝမ်း‌လျှော လည်းများတယ်။ကျနော်တို့မှာ အရေးပေါ် ဆေးဝါးများလိုအပ်နေပါတယ်” ဟု ဆလိုင်းပါထောင်းက ပြောသည်။

စစ်ဘေးရှောင်များအနက် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များတွင် ဝမ်းပျက်၊ ဝမ်းလျှောနှင့်ငှက်ဖျားရောဂါများ အဖြစ်များသဖြင့် ကုသရန်ဆေးဝါးများအပြင် မိုးကာနှင့်ခြင်ထောင်များ အရေးပေါ်လိုအပ်နေကြောင်း ၎င်းကပြောသည်။ လတ်တလောတွင် ရောဂါဖြစ်ပွားကူးစက်နေသူများကို ကုသရန် ဆရာဝန်မရှိဘဲ CDM ကျန်းမာရေးဝန်ထမ်းအချို့က လက်ကျန်ရှိ သော ဆေးဝါးများဖြင့်သာ ကုသပေးနေရကြောင်း သတင်းရရှိသည်။ စစ်ဘေးရှောင်များကို  ကူညီလိုသူများအနေနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွင် ငွေကြေးအားဖြင့်ဖြစ်စေ၊လိုအပ်သည့် ဆေးဝါးပစ္စည်းအားဖြင့်ဖြစ်စေ Matupi Health Team နှင့် ၎င်းထံသို့ ပူးပေါင်းပါဝင်ပေးကြပါရန် ဆလိုင်းပါထောင်း က မေတ္တာရပ်ခံထားသည်။ လက်ရှိတွင် စစ်ကောင်စီတပ်သည် မတူပီဒေသ၌  အင်အားဖြည့်တင်းမှုများ ဆက်လက် လုပ်ဆောင်နေ၍  တိုက်ပွဲများဆက်လက် ဖြစ်ပွားနိုင်ချေရှိကြောင်း CDF-Matupi က အသိပေးထားသည်။ https://www.facebook.com/ MizzimaDaily/photos/pcb.6557802310921285/6557801 464254703/

၁၈။   ရွှေကူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များ မောင်းထုတ်ခံရပြီး ပြည်သူ ၄၀ ကျော်ဖမ်းဆီးသွား
       March 30, 2023

ကချင်ပြည်နယ် ရွှေကူမြို့၏ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်ရေးတင်းမာနေမှုကြောင့် ရွှေကူမြို့ပေါ်ဘက်သို့ တိမ်းရှောင်လာသည့် ကျေးရွာနေပြည်သူများအား စစ်ကောင်စီအဖွဲ့က နေရပ်ပြန်ကြရန် မောင်းထုတ်နေပြီး ၄၀ ဦးထက်မနည်း လည်း ဖမ်းဆီးသွားကြောင်းသိရသည်။ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား တိုက်ပွဲဖြစ်ပွား ခဲ့သည့် ရေလဲ၊ စီမူလေး၊ စီမူကြီး၊ ငှက်တံတား၊ စီသောင်းစသည့် ကျေးရွာနေပြည်သူများသည် လက်ရှိ ရွှေကူမြို့ပေါ် ဘုန်းကြီး ကျောင်းနေရာများတွင် တိမ်းရှောင်နေကြရပြီး စစ်ကောင်စီ စစ်သားနှင့် ရဲတပ်ဖွဲ့တို့က နေရပ်ပြန်ကြရန် လာရောက်ပြောဆိုသွား သည်ဟု ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။ “မနေ့က ညနေပိုင်းမှာ လာမောင်းထုတ်နေတာ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြတဲ့ လူတွေအားလုံး ကိုယ့်အိမ်ကို ကိုယ်ပြန်ကြဖို့ လာပြောသွာားတယ်။ အိမ်စီးကားတွေနဲ့ ရဲကော စစ်သားတွေ ကော ၂၀ လောက်ရှိတယ်။ အဲ့ကြောင့် အဲ့မှာတိမ်းရှောင်နေကြတဲ့ သူတွေက တစ်ချို့က ပြန်ကြသလို တစ်ချို့က မပြန်သေးဘူးလို့ သိရတယ်”ဟုပြောသည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် ရွှေကူမြို့ပေါ်ရှိ ရေဝန်းဘုန်းကြီးကျောင်း၊ ဇေလီဘုန်းကြီးကျောင်း စရှိသည့် ဘုန်းကြီးကျောင်း ၄ နေရာတွင် တိမ်းရှောင်နေကြစဉ် မောင်းထုတ်ခံရသဖြင့် ယနေ့နံနက်ပိုင်းတွင် တိမ်းရှောင်နေသည့် ဘုန်းကြီးကျောင်းများမှ စွန့်ခွာသွားကြပြီးနေရပ်ပြန်ကြသလို  ငွေကြေးတတ်နိုင်သည့် မိသားစုများက မြို့တွင်းနေရာများတွင် ရွှေ့ပြောင်း နေထိုကြသည်ဟုသိရသည်။ စစ်သားနှင့်ရဲတပ်ဖွဲ့တို့သည် တိမ်းရှောင်နေသည့် စစ်ရှောင်များကို လာရောက်မောင်းထုတ်စဉ် ပြည်သူ ၄၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွတ်လာခြင်းမရှိသည့်အပြင် မည်သည့်နေရာတွင် ဖမ်းဆီး ထိန်းသိမ်းထားသည်ကို မသိရကြောင်း အမျိုးသမီးက ဆက်ဆိုသည်။ “အမျိုးသမီးတွေကာ အမျိုးသားတွေကော ဖမ်းသွားတာ သူတို့ခေါ်သွားတဲ့ သူတွေက လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေပဲ ဒီကနေ့အထိတော့ မလွတ်လာသေးဘူး။ ပြီးရင် ဘယ်နေရာမှာ ဖမ်းခေါ်ထားမှန်းလည်း မသိဘူး။ စစ်တပ်ထဲမှာလား ရဲစခန်းထဲမှာ ဘယ်သူမှမသိရဘူး”ဆိုသည်။ ဘုန်းကြီးကျောင်းဝင်းအတွင်းမှ  ပြည်သူ ၄၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အထဲတွင် စီသောင်းကျေးရွာမှ ၂၀ ဦး၊ ငှက်တံတားကျေးရွာ ၃ ဦး၊ စီမူလေး ကျေးရွာမှ ၃ ဦးနှင့် ရေလေး၊ စီမူကြီး ကျေးရွာ ၂ ခုမှ ၂၀ ဦး စုစုပေါင်း ၄၀ ကျော် အထိရှိကြောင်း သိရသည်။ https://burmese .kachinnews.com/2023/03/30/az1-1

၁၉။    ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ
         March 30, 2023

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ လေကြောင်း အသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆ မိနစ်မှာ တိုက် လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈ မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ် ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်အရှေ့ဖက်ခြမ်းရွာတစ်လျှောက်ကို လက်နက်ကြီးတွေနဲ့လည်းပစ်တယ်အကုန်လုံးပစ်တယ်။ လေယာဉ်နဲ့နှစ်ခါတောင်ပစ်တာ။”လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှ ဒေသခံတစ်ဦးကပြောပါတယ်။ လေကြောင်းတိုက် ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးထိမှန်သေဆုံးခဲ့သလို ဒဏ်ရာရရှိသူ လည်းရှိခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်အခြေစိုက် ခလရ (၁၀၂) တပ်ကနေ လက်နက်ကြီးအချက်ရေ မြောက်မြားစွာ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတစ်နေရာကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတစ်ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ https:// www.kantarawaddytimes.org/%e1%80%92%e1%80%ae%e1%80%b8%e1% 80%99 %e1%80%b1%e1%80

၂၀။     မူဆယ်မှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူစစ်အဖွဲ့ ပစ်ခတ်ခံရပြီး ၂ ဦး ပွဲချင်းပြီးသေဆုံး ၃ ဦးဒဏ်ရာရ
         March 31, 2023

ရှမ်းမြောက် မူဆယ်မြို့ သိန်းသန်းချီကားအဝင်းဂိတ်မှာ ဒီနေ့ မတ်လ ၃၁ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဟာ လာရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ မြို့မပြည်သူစစ်တပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိပါတယ်။ အဆိုပါ ဒဏ်ရာရရှိသူ‌တွေဟာ ကားကွင်းအဝင်ဂိတ် ပိုက်ဆံကောက်တဲ့ အရပ်သား ၂ ဦးနဲ့ ပြည်သူစစ်တပ်သားတစ်ဦး ဒဏ်ရာရရှိတာလို့ မူဆယ်ဒေသခံတစ်ကပြောပါတယ်။ မူဆယ်မြို့ခံတစ်ဦးက ” ကားအဝင်နားက ပိုက်ဆံ ၂၀၀ ဆိုပြီးကောက်တဲ့ဂိတ်နေရာမှာ ကားတစ်စီးက ဂိတ်အနားမှာလာပြီး ပစ်‌ခတ်လိုက်တယ်။ ဒဏ်ရာရတဲ့သူတစ် ယောက်တော့ လားရှိုးဆေးရုံကိုပို့ထားတယ်။ ဒဏ်ရာရတဲ့ အရပ်သားက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး”လို့ ပြောပါ တယ်။ လာရောက်ပစ်ခတ်လိုက်တဲ့အဖွဲ့လည်း ဘယ်တပ်ဖွဲ့မှန်း မသိဘူးလို့လည်း ၎င်းကဆိုပါတယ်။

မူဆယ်မြို့မှာ ပြည်သူ့စစ် အဖွဲ့ပေါင်းစုံ ဦးဆောင်ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းနဲ့ပတ်သက်ပြီး ပြည်သူ့စစ်အချင်း ချင်း ပစ်ခတ်မှုတွေလည်း မကြာခဏဖြစ်ပွါးနေတာပါ။ မြို့တွင်းထဲမှာလည်း စစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့ဆွေ ပူရပေါင်းပြီး နေ့စဉ်လိုလိုရပ်ကွက်တွေထဲ ကင်ရလှည့်နေကြပေမယ့် အခုလိုပစ်ခတ်မှုမျိုး မကြာခဏဖြစ်ပွါးနေပါတယ်။ မူဆယ်မြို့တစ်ဝိုက် မှာ စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့၊ တအာင်းအမျိုးသားရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကချင်တပ်မတော် KIA တပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ သွားလာလှုပ်ရှားနေပါတယ်။ https://w ww.facebook.com /photo/?fbid=541017954872140&set=pcb.541018098205459

၂၁။   နမ့်ခမ်းမှာ အရက်မူးသမားတစ်ဦးက (၈) ကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်၊ ကျူးလွန်သူကို TNLA က             ဖမ်းဆီးထား
       March 30, 2023

ရှမ်းမြောက် နမ့်ခမ်းမြို့နယ်က ကျေးရွာတစ်ခုမှာ အသက် (၆၀) အရွယ် ဦးအိုက်ကောင်း ဆိုသူက အသက် ၈ နှစ်အရွယ် ကလေးငယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ပြီးနောက် ကျူးလွန်သူအမျိုးသားကို တအာင်းတပ်မတော် TNLA ရဲ့ အမှတ် (၄) တိုက်နယ်က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီကျော်အချိန်မှာ ဖြစ်ပွား ခဲ့တာဖြစ်ပြီး ကျူးလွန်ခံရသူ ကလေးမရဲ့နေအိမ်ကို အရက်မူးလာသူ ဦးအိုက်ကောင်းက ကလေးမလေးကို ခေါ်ယူပြီး လူသူမရှိတဲ့ အိမ်‌နောက်ဖေးတစ်ခုမှာ အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောပါတယ်။ “သူတို့က အရမ်းခင်ကြတဲ့ အိမ်နီး ချင်းအသိတွေဖြစ်တယ်။ အဲနေ့က အဲလူက အဲကလေးမအိမ်မှာ လွယ်အိတ်မေ့ကျန်ခဲ့တာတဲ့။ လွယ်အိတ်သွားယူမယ်ပေါ့။ သူသွားတဲ့အချိန်က အိမ်မှာက အဲကလေးမပဲ ကျန်တာ။ သူ့အမေလည်း မရှိဘူး။ အဲနေ့ သူအရက်မူးတယ်လည်း ပြောတယ်။ အဲကလေးမက သူနဲ့ကပ်ပြီးဆော့တော့ ကလေးမရဲ့ လိင်အင်္ဂါကို သူ့လက်နဲ့ လုပ်လိုက်တာတဲ့။ သူကတော့ အဲလိုထွက်ဆိုတာပေါ့ နော်”လို့ ဆိုပါတယ်။

နောက်ထပ်ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးကလည်း “အဲဒီဖြစ်စဉ်မှာတော့ ကလေးမရဲ့အမေက ရေချောင်းမှာ အဝတ် သွားလျှော်တာတဲ့။ ကျူးလွန်တဲ့ အဲဒီယောကျ်ားက သူ့သမီးကို လာခေါ်တဲ့အချိန် ပတ်ဝန်းကျင်က ဦးလေးတစ်ယောက်တွေ့သွား တယ်။ တွေ့တော့ သူလည်း ဘာမှဝင်မပြောချင်လို့‌ အဲကလေးမအမေကို သွားပြောတာ။ ကလေးမအမေက ချက်ချင်းပဲ လာရှာ ကြည့်တော့ အဲလိုဖြစ်နေတာတွေ့သွားတယ်ပေါ့နော်။ ရောက်ရောက်ချင်း ကလေးမအမေက အဲလူကို ပါး‌သုံးလေးချက် ချပေး လိုက်တာ။ ကျူးလွန်သူက မိန်းမမရှိတော့ဘူး။”လို့ ပြောပါတယ်။ ဖြစ်ဖြစ်ချင်းမှာပဲ ကလေးမိခင်က နီးနားရှိ TNLA တိုက်နယ် အဖွဲ့တွေဆီ သွားရောက်တိုင်တန်းပြီး  ဦးအိုက်ကောင်းကို တိုက်နယ်အဖွဲ့တွေက လယ်တဲတစ်ခုမှာ ပြီးခဲ့တဲ့ မတ်လ(၂၈) ရက်ည (၁၀) နာရီအချိန်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ကလေးမိခင်တွေဘက်က ဆေးစစ်ချက်တွေရယူနေပြီး ကျူးလွန် သူအမျိုးအသားကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက် ပြင်ဆင်လုပ် ဆောင်ပြီလို့ သိရပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးငယ် ကို ကျူးလွန်တဲ့ အဆိုပါအမျိုးသားဟာ အရင်ကလည်း မုဒိမ်းမှုကျူးလွန်ခဲ့ဖူးသူဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ အရင်တစ်ခါမှာတော့ အပြန် အလှန်နားလည်မှုနဲ့သာကျေအေးပြီး ဖြေရှင်းခဲ့ဖူးတယ်လို့ ရွာခံတွေကပြောပြပါတယ်။ https://www.facebook.com/photo/? fbid=54053813825345 5&set=a.404503215190282

၂၂။     ပုလောက ရွာ ၄ ရွာကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်၊ သားအမိနှစ်ဦး ဒဏ်ရာရ
        March 30, 2023

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ် လို့  သားအမိနှစ်ဦး လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။  စစ်ကောင်စီတပ်တွေဟာ သင်္ကန်းတောရွာ၊ တပိုရွာ၊ မင်းထိန်ရွာနဲ့ ခမောင်းတောရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေခဲ့တာပါ။  “ခုက ရွာနဲ့စပ်နေတဲ့ လယ်ကွင်းထဲကျတာ။ ပစ်ချင်သလိုပစ်နေတာ။ အေးအေးဆေးဆေးသွားလာချင်ပြီ။ အမြန်အေးချင်နေပြီ။ ဒီခြေနေ မှာ နေရတာ ဘယ်လိုမှ အဆင်မပြေဘူး။ အမြဲပူပန်နေရတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်နက်ကြီးကျည်စထိမှန်တဲ့ သားအမိ နှစ်ယောက်ဟာ မင်းထိန်ကျေးရွာက ဖြစ်ပြီး နှစ်ဦးစလုံးရဲ့ ခြေထောက်မှာ ကျည်စထိမှန်ခဲ့ကာ မစိုးရိမ်ရ ဒဏ်ရာအသီးသီးရခဲ့ကြ တယ်လို့ ဆိုပါတယ်။  ဒီကနေ့ မွန်းလွဲနှစ်နာရီခန့်က အိမ်နဲ့ အနီးအနားမှာရှိတဲ့ လယ်ကွင်းထဲ  လက်နက်ကြီးကျရောက်ပေါက်ကွဲ ခဲ့တာဖြစ်ပြီး ကျည်စလာစင်တာဖြစ်တယ်လို့ သိရပါတယ်။

ကလေးငယ်ဟာ အသက် ၆ နှစ်အရွယ်ရှိပြီး အမေဖြစ်သူကတော့ အသက် ၄၀ ဝန်းကျင်ရွယ်ဖြစ်တယ်လို့သိရပါတယ်။  “မနက်ပိုင်းက သင်္ကန်းတောဘက်၊ မွန်းတည့်ပိုင်းက တပိုဘက်ကျတယ်။ ရွာထဲတော့မဟုတ်ဘူး ရာဘာတောတွေထဲကျတာ။ ပြီးမှမင်းထိန် ဘက်ကျတယ်။ မင်းထိန်ကျပီးတာနဲ့ခမောင်းတောရွာအပြင်တောထဲကျတယ်” လို့ လက်နက်ကြီးကျရောက်ပေါက် ကွဲတဲ့အခြေအနေတွေကို‌ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောပြပါတယ်။ စစ်ကောင်စီတပ်ဘက်က လက်နက် ကြီးပစ်တာရပ်ပြီး သိပ်မကြာခင်မှာပဲ ကျောင်းနိမ့်ရွာနဲ့ ကဒဲရွာပြင်ဘက်နေရာတွေ မိုင်းပေါက်ကွဲခဲ့တယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ “ကျောင်းနိမ့်ဘက်ကိုတော့ စစ်တပ်ကစစ်ကြောင်းထိုးတာမျိုးမရှိဘူး။ မိုင်းကွဲ တာက ရာသီဥတု ဒါမှမဟုတ် ပတ်ဝန်းကျင်၊ တောကောင် တိရစ္ဆာန်တို့တစ်ခုခုကြောင့်ကွဲတာထင်တယ်။ ကဒဲဘက်မှာတော့ သေချာမသိရသေးဘူးဗျ ”လို့ နောက်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ပုလောမြို့နယ်ဟာ တနင်္သာရီတိုင်း ထဲမှာ တိုက်ပွဲအများဆုံးဖြစ်တဲ့ မြို့နယ်ဖြစ်သလို စစ်ဘေးရှောင်ပြည်သူဦးရေ သုံးသောင်းနီးပါးရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=246585294425894&set=a.196212682796489

၂၃။    အပစ်ရပ်ထားသည့် ရခိုင်ဒေသတွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့နေ
        March 30, 2023

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နားလည်မှုဖြင့် အပစ်ရပ်ထားသော်လည်း ရခိုင်ပြည်ရှိမြို့နယ်အနှံ့တွင် စစ်ကောင်စီတပ်က တပ်အပြောင်းအရွှေ့များ လုပ်ဆောင်နေပြီး စစ်အင်အားတိုးချဲ့မှုများလည်း ရှိနေကြောင်း မျက်မြင်ဒေသခံ များထံမှသိရသည်။ စစ်အင်အားတိုးချဲ့မှုများမှာ ယခင်ကတည်းက ခပ်စိပ်စိပ်ရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် ပိုမိုလုပ်ဆောင် လာသည်ကို တွေ့ရသည်။ စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းမှတစ်ဆင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဘက်သို့ စစ်ကောင်စီတပ်ရေယာဉ်ဖြင့် စစ်အင်အားတိုးချဲ့မှုများ မကြာခဏရှိကြောင်း မျက်မြင်များကပြောဆိုသည်။ “အခုရက်ပိုင်း အတွင်းမှာ ရေချမ်းပြင်ဆိပ်ကမ်းကနေ အငူမော်ကတဆင့် ဘူးသီးတောင်၊ မောင်တောသို့ နေ့တိုင်းလိုလို စစ်အင်အားတိုးချဲ့နေ တာတွေကို မြင်ရတယ်။ အဓိကတော့ စားနပ်ရိက္ခာ၊ လက်နက်အင်အားတွေ ပါတယ်။ ဒီနေ့ မနက်ပိုင်းက စစ်သား ၈၀ လောက် စားနပ်ရိက္ခာတွေနဲ့ ရေချမ်းပြင်ကနေ ဘူးသီးတောင်ဖက်ကို တက်သွားတာတွေ့တယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ရေချမ်းပြင်ဆိပ်ကမ်းမှ ဒေသခံတစ်ဦးက ဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းကလည်း စစ်သင်္ဘောတစ်စီးမှာ စစ်ကောင်စီတပ် မိသားစုဝင် ၈၀၀ ခန့်တင်ဆောင်ပြီး အငူမောင်ဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်း စက်လှေသမားတစ်ဦးက ပြောသည်။ “မနေ့ကဆိုရင်လည်း အငူမော်ဆိပ်ကမ်းက နေ ကျောက်ဖြူဖက်ကို လက်နက်အင်အားအပြည့်နဲ့ စစ်သင်္ဘောတစ်စီးထွက်သွားတာ ရှိတယ်။ ထွက်သွားတဲ့ သင်္ဘောမှာတော့ စစ်တပ်မိသားစုတွေလည်း ပါတယ်။ ခန့်မှန်းရသလောက် လူဦးရေ ၈၀၀ ကျော်လောက်ပါမယ်။ အဲဒီဖက်ကလာတဲ့ သင်္ဘောတွေ မှာလည်း မိသားစုတွေပါတယ်။ အဓိကတော့ အပြောင်းအရွှေ့လုပ်နေတာဖြစ်နိုင်တယ်”ဟု ၎င်းကဆို သည်။ ယင်းအပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တွင် ပြီးခဲ့သည့် တပ်မတော်နေ့က လက်နက်ပစ်ခတ်မှုများရှိပြီး လက်ရှိမှာ လည်း တောင်ကုတ်ဘက်မှ လက်နက်အင်အားရွေ့ပြောင်းမှုများရှိကြောင်း အမ်းဒေသခံတစ်ဦးက ပြောသည်။ “အခုရက်ပိုင်းမှာ တော့ ပြည်မကလာတဲ့ စစ်ကားတွေတော့ မတွေ့ရဘူး။ ဒါပေမယ့် တောင်ကုတ်နဲ့ အမ်းကို စစ်အင်အားတွေ အပြောင်းအရွှေ့လုပ် နေတာတော့ နေတိုင်းတိုင်းလိုလိုရှိတယ်။ တပ်မတော်နေ့ကဆိုရင် လက်နက်စမ်းသပ်ပစ်ခတ်မှုတွေရှိခဲ့တယ်”ဟု အမ်းမြို့ခံ တစ်ဦးကဆိုသည်။ စစ်ကောင်စီက လက်နက်အင်အားတိုးချဲ့ခြင်း၊ မိသားစုဝင်များကို အပြောင်းအရွှေ့ လုပ်ဆောင်နေမှုများမှာ  တိုက်ပွဲအတွက် ခံစစ်ကို အဓိက ပြင်ဆင်နေခြင်းဖြစ်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။  https://w ww.facebook.com/dmgnewsagency/photo s/a.466679383484478/2555955517890177/

၂၄။    နွေဦးတော်လှန်ရေးသည် အုပ်စုအကျိုးစီးပွားအတွက်မဟုတ်ဘဲ လူထုလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေခြင်းဟု          နားလည်ထားရန် ယာယီသမ္မတပြော
        March 31, 2023

နွေဦးတော်လှန်ရေးသည် လူထု၏လွတ်လပ်ခွင့်နှင့် အကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက်လာသည့် လူထုတော်လှန်ရေး ကြီးဖြစ်ပြီး အုပ်စုအကျိုးစီးပွားများနှင့် ဖြစ်ပေါ်လာသည့် တော်လှန်ရေးမဟုတ်ကြောင်း ပြတ်သားစွာနားလည်ထားကြရန်လိုအပ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားသည်။ ယနေ့ ကျရောက်သည့် ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားတွင် ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့ရာအထက်ပါအတိုင်းပြော ဆိုခဲ့ခြင်းဖြစ်သည်။ “အုပ်စုအသီးသီးရဲ့ အကျိုးစီးပွားအတွက်မဟုတ်ဘဲ လူထုရဲ့လွတ်လပ်ခွင့်အတွက်သာ ကျွန်တော်တို့ဟာ တိုက်ပွဲဝင်နေခြင်းဖြစ်ပါတယ်။ လူထုရဲ့အကျိုးစီးပွားအတွက်သာ တော်လှန်နေခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အင်မတန် ကျယ်ပြန့်သော၊ အင်မတန် အင်အားကြီးသော လူထုလှုပ်ရှားမှုပုံစံကို အလျင်အမြန် ရောက်ရှိလာခြင်းဖြစ်ပါတယ်”ဟု ယာယီ သမ္မတက ပြောသည်။ အားလုံးပါဝင်ရေးမူကို ကိုင်စွဲသကဲ့သို့ စုပေါင်းခေါင်းဆောင်မှုစံနှုန်းကိုလည်း အခြေပြုထားကြောင်း ၎င်းက ဆိုသည်။ “ဒီနေရာမှာ လက်တွေ့ကျကျ မလုပ်နိုင်တာတွေနဲ့ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာလည်း သတိချပ်ဖို့ လိုပါတယ်။ ဒါပေမယ့် ဘယ်လိုပဲအကန့်အသတ်တွေရှိနေပါစေ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ စုဖွဲ့မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို စနစ်တကျဆွေးနွေးအတည်ပြု ပြဋ္ဌာန်းနိုင်ခြင်းဟာ အောင်မြင်မှုတစ်ရပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်”ဟု ယာယီ သမ္မတက ပြောသည်။

နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုကြီးကို ဦးဆောင်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အခြေခံမူတွေကို ဗဟိုပြု ပြီး ခေါင်းဆောင်မှု ပြုကြရန်လည်း တိုက်တွန်းလိုက်သည်။ “ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်ချေမှုန်းရေး အတွက် မူကိုအခြေခံသော တော်လှန်ရေးတိုက်ပွဲကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက်မိစ္ဆာနှင်တဲ့ ကမ္မဝါစာအဖြစ်အသုံးချတိုက်ပွဲဝင်ရပါလိမ့်မယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ဟာ တော်လှန်ရေးအင်အားစုအားလုံး သဘောညီထားတဲ့ နိုင်ငံရေးသဘောတူညီချက်တစ်ခုဖြစ်သလို၊ အနာဂတ်နိုင်ငံတော်သစ် ရဲ့ လမ်းစဉ်မူဝါဒတွေဖြစ်ကြောင်း အတည်ပြုပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်”ဟု ယာယီသမ္မတက မိန့်ခွန်း၌ ထည့်သွင်းပြော ကြားသည်။ ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်သည် နွေဦးတော်လှန်ရေးကာလအတွင်းမှာ ပေါ်ထွန်းလာခဲ့သည့် နိုင်ငံရေး ပဋိညာဉ်တစ်ရပ်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီကို ဦးတည်လျှောက်လှမ်းရာ၌ နိုင်ငံရေးလမ်းပြမြေပုံအဖြစ် တည်ရှိနေ ကြောင်း၊ ထိုနည်းတူစွာ လွတ်လပ်ပွင့်လင်း၍ တရားမျှတသော၊ တန်းတူညီမျှသော လူ့ဘောင်အဖွဲ့အစည်းကို စနစ်တကျတည် ထောင်ရန် ရည်ညွှန်းထားသည့် အခြေခံမူအပေါင်းအစုလည်း ဖြစ်ကြောင်း ယာယီသမ္မတက ရှင်းပြသည်။ https://www.fac ebook.com/LuduNwayOo/ph otos/a.103619935160801/603945888461534/

၂၅။    ရိုဟင်ဂျာများထွက်ပြေးနေရချိန် ၎င်းတို့ရွာအတွင်း အမည်မသိသူများဝင်ရောက်နေထိုင်ကာ ရွာအမည်ပါပြောင်း
        March 30, 2023

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာတစ်ရွာအတွင်း အမည်မသိသူများ ဝင်ရောက် နေထိုင်နေသည့်အပြင် ရွာအမည်ကိုပါပြောင်းလိုက်ကြောင်း ရိုဟင်ဂျာအရေးဆောင်ရွက်နေသူများထံမှ သိရသည်။ ၂၀၁၇ ခုနှစ် က စစ်တပ်၏ လူမျိူးသုဉ်းသတ်ဖြတ်မှုဖြစ်စဥ်အတွင်း ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း၊ သင်္ဂနာကျေးရွာအုပ်စု၊ သင်္ဂနာကျေးရွာ မှ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာများ၏ရွာတွင် အခြားသူများဝင်ရောက်နေထိုင်နေခြင်းဖြစ်ကြောင်း သိရသည် “ရွာရဲ့ သက်တမ်း က နှစ်ပေါင်းရာချီရှိတယ်။ အိမ်ခြေ (၂၀၀) ကျော်အခုဝင်နေနေတယ် အခု စကစ(စစ်ကောင်စီ)က ပြန်လာမယ့်  ရိုဟင်ဂျာတွေကို  မူရင်းနေရာကို ပြန်သွားမရအောင် လုပ်တာဖြစ်တယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ လူအခွင့်ရေးဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုး က ပြောသည်။

လက်ရှိအချိန်၌ သင်္ဂနာကျေးရွာသို့ ဝင်ရောက်နေထိုင်သူများက ရွာအမည်ကို  ဘုရားပြင် ရေချမ်းအောင်ဟု ပြောင်းထား ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။ ပြောင်းရွှေ့လာသူများသည်  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ပထမအကြိမ်အဖြစ်  မိသားစု (၅) စု၊ ဒုတိအကြိမ်အဖြစ် (၇) စုနှင့် ထို့နောက်တဖြည်းဖြည်းဝင်ရောက်လာပြီး လက်ရှိအချိန်၌အိမ်ခြေပေါင်း (၂၀၀) ဝန်း ကျင်ရှိလာကြောင်းသိရသည်။ အဆိုပါဝင်ရောက်နေထိုင်သူများကို မည်သည့်အဖွဲ့က နေရာချထားပေး သည်ကို မသိရသေး ကြောင်းနှင့် တစ်ပတ်ထက်တစ်ပတ် အိမ်ခြေများတိုးလျက်ရှိနေကြောင်း ဒေသခံများကဆိုသည်။ အဆိုပါရွာအနီး၌ စစ်ကောင်စီ၏ အမှတ် (၅၅၂)  ခြေမြန်တပ်ရင်းရှိကြောင်းလည်းသိရသည်။ https://www.fa cebook.com/photo/?fbid=2386 313186751 99&set=a.142028781668787

၂၆။    မိုးညှင်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း ကို ထောင်ဒဏ် ၁၁ နှစ် ထပ်ချ
        March 31, 2023

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဒေါ်သက်ထားနှောင်း ကို စစ်ကောင်စီ လက်အောက်ခံတရားရုံးက မတ် ၃၀ ရက်က  ထောင်ဒဏ် ၁၁ နှစ်  ချမှတ်လိုက်ပါတယ်။ ကချင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက စွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) အမှုနဲ့ မြစ်ကြီးနားခရိုင်တရားရုံးကနေ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်ခဲ့တာလို့  တရားရုံးနဲ့ နီးစပ်သူထံကသိရပါတယ်။ မြစ်ကြီးနားခရိုင် တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက”ဒေါ်သက်ထားနှောင်းကို မြစ်ကြီးနား ခရိုင်တရားရုံး က ပုဒ်မ  ၅၀ (ည)အမှုနဲ့ ထောင် ၁၁ နှစ် ထပ်ချတယ်။ ၅၀၅ (ခ)နဲ့ ထောင်ဒဏ် ၁နှစ်က ၂၀၂၂ ခုနှစ် အောက်တိုဘာမှာ ပြန်လွှတ်ရမှာ။  အဲ့ဒါကို ပြန်မလွတ်ပဲ ၅၀(ည)နဲ့ ထပ်ဆွဲပြီး ၁၁ နှစ်ထပ်ချတာ” လို့ ပြောပါတယ်။

ဒေါ်သက်ထားနှောင်းဟာ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRKH) ဖွဲ့စည်းရာမှာ ပါဝင်အသိအမှတ် ပြု လက်မှတ်ရေးထိုးခဲ့တဲ့ စွတ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် သြဂုတ် ၄ ရက်နေ့က နန်းမားမြို့ အောင်မင်္ဂလာ ရပ်ကွက်က နေအိမ်မှာ ရိုက်နှက် ဖမ်းဆီးသွားခဲ့တာပါ။ ဒေါ်သက်ထားနှောင်း ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)နဲ့ ၂၀၂၂ခုနှစ် မေလ ၂၆ ရက်နေ့က ထောင်ဒဏ်  ၁ နှစ် ချထားပြီးဖြစ်ပါတယ်။ ဒေါ်သက်ထားနှောင်း ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မိုးညှင်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကနေ ပြည်နယ်လွှတ်တော်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ https://burmese.dvb.no/archiv es/586055

၂၇။   လားရှိုး-သိန္နီကြားက ရေပူဂိတ်မှာ ယာဥ်ထိန်းရဲက ၁၂ ဘီးခါလီ ကားတွေကို ငွေကျပ် ၂ သောင်းစီတောင်းယူနေ
       March 30, 2023

လားရှိုး-သန္နီကြား ရေပူဂိတ်မှာ ယာဥ်ထိန်းရဲက ၁၂ ဘီး ခါလီကားတွေကို ငွေကျပ် ၂ သောင်း တောင်းယူတာတွေ လုပ် ဆောင်နေတယ်လို့ ကားသမားတွေက ပြောပါတယ်။ မတ်လ ၃၀ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာ ရေပူဂိတ်မှာစောင့်တဲ့ ယာဥ်ထိန်းရဲတွေက ခါလီကားတွေကို တားပြီးတော့ လိုင်စင်နဲ့ ကားသော့တွေယူပြီး ငွေ ၂ သောင်းနဲ့ ပြန်ရွေးခိုင်းခဲ့တာ ဖြစ်ပါ တယ်။ ကြုံတွေ့ရတဲ့ကားသမားတစ်ဦးက ” အဲဂိတ်မှာ ကုန်ကားတွေကိုစစ်နေတာကြာတော့ ကျွန်တော်တို့ ခါလီက သပ်သပ် တန်းတာ။ အရင်ကဆို မတားဘူး။ ကနေ့မှ ဝါးတားဂိတ်ကို စစ်သားကဖွင့်ပြီး ယာဥ်ထိန်းတွေက လိုင်စင်နဲ့သော့ကို သိမ်းတာ။ ကျွန်တော့် ကားတစ်စီးက လွှတ်တယ်။ နောက်သူငယ်ချင်းကားတစ်စီးက မလွှတ်ဘူး” လို့ ပြောပါတယ်။

စုစုပေါင်း ငွေ ၂ သောင်းပေးရတဲ့ ကားအစီးရေ ၁၀ ကျော်ရှိပြီး စစ်ဆေးမေးမြန်းတာလည်း ရှိခဲ့ပါတယ်။ ဆက်လက်ပြီး သူက “အရင်ကမကြုံဖူးပေမယ့် ဒီနေ့လိုမျိုး ခဏခဏကြုံနေရရင်တော့ ကျနော်တို့အတွက် ဘာကျန်တော့မလဲ။ ရတဲ့မောင်း ကြေးနဲ့ဆိုမကိုက်ဘူး။ ကျန်တော်တို့အတွက် နစ်နာတယ်”လို့ပြောပါတယ်။ ရေပူဂိတ်မှာ ကားအမျိုးအစားပေါ်မူတည်ပြီး ယာဥ် ထိန်းရဲ တွေဟာမကြာခဏ ငွေတောင်းနေတာတွေရှိပြီး ဖြတ်သန်းသွားလာတဲ့ ခရီးသည်တွေကိုလည်း ငွေညစ်တောင်းခံတာနဲ့ စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့ပါတယ်။ အလားတူ မတ်လ ၁၂ ရက်ကလည်း လားရှိုးအထွက် အိုရီယမ်တယ်တိုးဂိတ်မှာ ယာဥ် ထိန်းရဲက ခရီးသည်တစ်ဦးစီကို တရုတ်ငွေ ၆၀၀ ယွမ် ညစ်ယူခဲ့ပါတယ်။ https://www .facebook.com/photo/?fbid=540567 348250534&set=a.404503215190282

၂၈။    ပုဏ္ဏားကျွန်း – ရသေ့တောင် ကားလမ်း စစ်ကောင်စီက ဆက်လက်ကန့်သတ်ထားဆဲ
        March 31, 2023

ပုဏ္ဏားကျွန်း – ရသေ့တောင် ကားလမ်းကို စစ်ကောင်စီက ကန့်သတ်ထားသည်မှာ ၁၀ လခန့်ကြာမြင့်လာခဲ့ပြီဖြစ်သော် လည်း လွတ်လွပ်စွာသွားလာခွင့် မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ရသေ့တောင်- ပုဏ္ဏားကျွန်း ကားလမ်းမှာ ကုန်စည်စီးဆင်းမှုအပြင် လမ်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၅၀ ကျော်မှ ဒေသခံများ၏ လူမှုစီးပွားရေးတို့အတွက် အရေးပါ သောလမ်းလည်းဖြစ်သည်။ လမ်းပိတ်ထားသဖြင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး နစ်နာနေကြရပြီး ကားလမ်းကိုအမှီပြု လုပ်ကိုင်စားသောက်နေသူများမှာလည်း စားဝတ်နေရေးထိခိုက်မှုများ ရှိနေကြသည်။ “ကျနော်တို့ ကား သမားတွေ အလုပ်မလုပ်ရဘဲ အလုပ်လပ်မဲ့ ဖြစ်နေတာ ၁၀ လလောက် ရှိနေပြီ။ တချို့ဆိုရင် ကားကို ရောင်းလိုက်ကြပြီ။ တချို့ ဆိုရင် နိုင်ငံခြားကို ထွက်သွားကြတယ်။ အလုပ်မလုပ်ရတော့ သားသမီး ပညာရေး၊ စားဝတ်နေရေးကို ပြည့်ပြည့်စုံစုံ မလုပ်ပေးနိုင် တော့ဘူး” ပုဏ္ဏားကျွန်း – ရသေ့တောင် ခရီးသည်တင်ယာဉ်ပြေးဆွဲသူ ကိုဇော်လေး က ပြောသည်။ ရခိုင်ပြည်အတွင်း မြန်မာ စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်း တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ပုဏ္ဏားကျွန်း – ရသေ့တောင် ကားလမ်းကို စစ်ကောင်စီက ကန့်သတ်လိုက်သည်။ ထို့နောက် ၂၀၂၀ ခုနှစ် နိုင်ဝင်ဘာလတွင် တိုက်ပွဲ ယာယီ ရပ်တန့်ပြီးနောက် ခရီးသွားလာခွင့် ပြန်လည်ရရှိလာခဲ့သည်။

၂၀၂၂ ခုနှစ်၊  ဇွန်လ ၁၆ ရက်နေ့တွင် ပုဏ္ဏားကျွန်းမှ စစ်ကောင်စီတပ်သားတစ်ဦးကို AA က ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း အဆို ပါကားလမ်းကို စစ်ကောင်စီက ပြန်လည်ပိတ်ပင်လိုက်ပြန်သည်။ လက်ရှိမှာ ဆိုင်ကယ်၊ တုတ်တုတ်များသာ သွားလာခွင့်ရ ရှိပြီးခရီးသည်တင်ယာဉ်များနှင့်ကုန်တင်ကားများ သွားလာခွင့်မရရှိကြောင်းဒေသခံများထံမှသိရသည်။  စစ်ကောင်စီသည် ဒေသ နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်နေခြင်းကြောင့် ရလဒ်အနေဖြင့် ပြည်သူလူထု၏ အမုန်းတရားသာရှိလာ နိုင်သည်ဟု လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်ပြောဆိုသည်။“အုပ်ချုပ်သူကိုယ်တိုင်က ပြည်သူတွေကို မငဲ့ကွက်မညှာ မတာကိုင်တွယ်မှုတွေကြောင့် ပြည်သူတွေဟာ နာကျည်းကြတယ်၊ ငါတို့ကို မစာမနာဘူးလို့ ရှုမြင်ကြတယ်။ ဆိုတော့ ပြည်သူနဲ့ အုပ်ချုပ်သူကြားမှာ အမုန်းတရားတွေ အများကြီး ဖြစ်လာတယ်။ ဒါတွေကိုလျော့ချဖို့အတွက် အုပ်ချုပ်သူတွေဟာ ပြည်သူတွေကို စာနာငဲ့ညှာပြီး ဖြေရှင်းပေးဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောသည်။ ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ လူသားချင်းစာနာထောက်ထားမှုကို အခြေခံပြီး နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲပြီးနောက် လမ်းတချို့ကို စစ်ကောင်စီ က ပြန်ဖွင့်ပေးခဲ့သော်လည်း ရသေ့တောင်- ပုဏ္ဏားကျွန်းကားလမ်းကို ယနေ့အချိန်ထိ ပိတ်ပင်ထားဆဲဖြစ်သည်။  https://ww w.facebook.com/dmgnews agency/photos/a.466679383484478/2556275491191513/

၂၉။    ဖားကန့် ကာမိုင်းစစ်ကောင်စီတပ်ဂိတ်မှာ ကားသမားတစ်ဦးပစ်သတ်ခံရ
        March 31, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နားက စစ်ကောင်စီတပ်ဂိတ်မှာ မတ်လ ၃၀ ရက် မနေ့က ကားသမား လူငယ်တစ်ဦး ပစ်သတ်ခံရပြီး အလောင်းကိုလည်း အခုထိ မရသေးဘူးလို့ ပစ်ခတ်ခံရသူနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ ပစ်သတ်ခံရသူဟာ ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်က အသက် ၃၀ အရွယ် ကိုမိုက်မိုက် ဆိုသူဖြစ်ပြီး ဆန်နဲ့ စက်သုံးဆီ ဆီသယ်ပြီး မိုးကောင်းမြို့ကနေ ဖားကန့်ကို ကားနဲ့လာချိန် ကာမိုင်းဂိတ်မှာ ပစ်သတ်ခံလိုက်ရတာလို့ သူက ပြောပါတယ်။ “မနေ့က တစ်နာရီ ကျော်ချိန်လောက်မှာ ဖြစ်သွားတာ။ ဆန်နဲ့ ဆီသယ်ပြီးလာတာ ကာမိုင်းဂိတ်ကိုရောက်တော့ စစ်ဆေးတယ်ပေါ့။ စစ်ဆေးပြီး ကားပေါ်တက်ခါနီး ကားတံခါးနားမှာ ပစ်သတ်ခံလိုက်ရတာ။ သူ့နဲ့အတူလိုက်ပါတဲ့ သူငယ်ချင်းကိုလည်း ဖမ်းသွားတယ်။ သူ့အလောင်းကိုလည်း ကာမိုင်းဗျူဟာကုန်းက စစ်ကောင်စီတပ်တွေက ယူသွားတယ်” အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံ တစ်ဦးကတော့ ကိုမိုက်မိုက် ကို PDF လို့ စွပ်စွဲပြီး ပစ်သတ်လိုက်တာလို့ သိရကြောင်း ပြောပါတယ်။

“ကားပေါ်မှာ PDF တွေရဲ့ပစ္စည်းတွေ ပါတယ်ဆိုပြီး ပစ်သတ်လိုက်တယ်လို့ သိရတယ်။ အလောင်းကတော့ ကာမိုင်း စစ်တပ် ဗျူဟာကုန်းမှာပဲ မိသားစုဝင်တွေက သွားတောင်းတာ မပေးဘူးလို့ပြောတယ်” ဖားကန့်မြို့နယ်မှာ ၂၀၂၃ ခုနှစ် နှစ်ဆန်း ပိုင်းက စတင်ပြီး ကချင်လွတ်မြောက်အဖွဲ့ (KIO) ဝန်ထမ်းတွေအပါအဝင် ပြည်သူတွေ ဖမ်းဆီးခံရတာတွေနဲ့ သတ်ဖြတ်ခံရတာ တွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၂၇ ရက်နေ့ ညနေကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ မှာ ဒုရဲအုပ် တစ်ယောက် ပစ်သတ်ခံရသလို KIA တပ်ဖွဲ့ဝင် တစ်ဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ htt ps://www.rfa.org/burmese/news/hpakant-junta-shoot-dead-03312023051823.html

၃၀။    မြ၀တီ၊ ကော့ကရိတ်၊ ကျုံဒိုးဒေသ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုဆက်ရှိနေ၍ နေရပ်စွန့်ခွာ စစ်ဘေး           ရှောင်သူ များ နေအိမ်မပြန်ရဲသေး
        March 30, 2023

ကော့ကရိတ်၊ ကျုံဒိုးဒေသတစ်လျှောက် ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများဆက် လက်လုပ်ဆောင်နေဆဲဖြစ်သောကြောင့် ယာယီစစ်ဘေးရှောင်သူ ဒေသခံများ နေရပ်ပြန်ရန်ခက်ခဲနေကြောင်း ကျုံဒိုး စစ်ဘေး ရှောင်နေထိုင်နေရသူများက ပြောသည်။ မတ်လ ၂၅ ရက်မှ မတ်လ ၂၈ ရက်နေ့အထိ မြ၀တီ-ကော့ကရိတ်-ကျုံဒိုး ဒေသလမ်းပိုင်း တစ်လျှောက် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် -BGF များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ကော့ကရိတ်၊ ကျုံဒိုး၊ မြ၀တီ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရခြင်းဖြစ်သည်။ “ကျုံဒိုးကလူတွေ ဂျိုင်းတစ်ဘက်ကမ်း ရွှေဖြူ၊ မနီကုန်း၊ ဂျိုင်းရွာကြီးဘက်မှာရော နောင်ထက်ပံ၊ နဘူး ဘက်ရော ပေါ့၊ ပြောမယ်ဆိုရင် တစ်နယ်လုံးနီးပါး ပြေးနေရှောင်နေရတဲ့သဘောပေါ့။ သူတို့စစ်တပ်တွေ BGF တွေကို ဒရုန်းနဲ့ ပစ်ချမှာ၊ လာဝိုင်းပစ်မှာ စိုးလို့အလုံးကြီးတွေ နာရီခြားလိုက် ပစ်ထုတ်လိုက် လုပ်နေတယ်၊ မြေပြင်ကတော့ ပစ်တာ မရှိတော့ဘူး။ ”ဟု ကျုံဒိုး စစ်ဘေးရှောင် ရပ်ကွက် သားတစ်ဦးက ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့ ကောင်းမှု၊ ကြောင်လျှာကုန်း၊ ဆင်ကုန်း၊ စော်ဟဲ၊ တတန်ကူး၊ ရွာသစ်ကျေးရွာများမှ ဒေသခံ များအပြင် မြ၀တီမြို့ ကုန်သွယ်ရေး ဇုန်အနီးရှိ ရွှေမြစန္ဒီကွက်သစ်၊ တုံးတံတား၊ မဲကနယ်၊ ကွင်းကလေး ကျေးရွာများမှ ဒေသခံ များလည်း စစ်ကောင်စီတပ် လက်နက်ကြီးကျည်များ ကျေးရွာများဘက် ကျပေါက်မှုများ ရှိနေခြင်းကြောင့် နေရပ်စွန့်ခွာ စစ်ဘေး ရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။ ၄ ရက်တာတိုက်ပွဲတွင် မြဝတီ-ကော့ကရိတ်၊ ကျုံဒိုးဒေသအတွင်း တိုက်ပွဲလွတ်ရာ စစ် ဘေးရှောင်နေကြရသည့် ဒေသခံစစ်ဘေးရှောင်သူ ယာယီ စာရင်းများအရ ၁၀,၀၀၀ ကျော်စစ်ဘေးရှောင်နေရသည့်အတွက် အစားအသောက်နေရာထိုင်ခင်းနှင့် ကျန်းမာရေးအခက်အခဲများရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူများပြောစကားအရ သိရ သည်။ ၎င်းလမ်းပိုင်းတစ်လျှောက် BGF၊ ကရင်အပစ်ရပ်အဖွဲ့ KNLA/PC (ငြိမ်းချမ်းရေးကောင်စီ)တပ်ဖွဲ့တို့ဂိတ်များက ငွေတောင်း ဖြတ်သန်းခွင့်ဖြင့် ကုန်စည်နှင့် ခရီးသည်များ ဖြတ်သန်းခွင့်ပေးသည့် အခြေအနေဖြင့် သွားလာနေရကြောင်းသိရသည်။ https:// kicnews.org/2023/03/%e1%80%99 %e1%80%bc%e1%81%80%e1%80%90%e1%80%ae%e1%81%8a

၃၁။    နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့
         March 31, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်ဖက်ကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦး သေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ခလရ (၂၈၇) တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၂၉ရက်၊ ၃၀ ရက် နှစ်ရက် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ထံကနေ MA-1 သေနတ် (၃) လက် ၊ MA-2 သေနတ် (၂)လက် ၊ MA-3 သေနတ် (၁)လက်၊ ခဲယမ်းမီးကျောက်များ ၊ အသုံးဆောင်များအား သိမ်းဆည်ရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။ အထိနာတဲ့ စစ်ကောင်စီတပ်မှ မတ်လ ၃၀ ရက်နေ့ နေ့လည်ပိုင်းမှာ တိုက်လေယာဉ်နှစ်စီးနဲ့ ဒေါလျားခူ ကျေးရွာ တောင်ပေါ်တစ်ဝိုက်ကို ၁၀ကြိမ်နီးပါး ပစ်ခတ်ခဲ့သလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတစ်ရွာရဲ့ စာသင်ကျောင်းကို နှစ်ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူလည်းရှိခဲ့ တယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။ ဒါ့အပြင် မတ်လ ၃၀ ရက်နေ့ ညပိုင်းမှာလည်း ဒေါတမကြီးကျေးရွာ တောင် ပေါ်ဖက်တစ်ဝိုက်ကို တိုက်လေယာဥ် (၂) စီးဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်အရ သိရပါတယ်။ ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ မတ်လကစ ကရင်နီပြည်ဒီးမော့ဆိုမြို့နယ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ဒီကနေ့အချိန်ထိဖြစ်ပါတယ်။ ခုခံတိုက်ခိုက်နေကြတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ပြည်တွင်း၊ပြည်ပ မိဘပြည်သူအနေနဲ့ ပံ့ပိုးကူညီပေးကြဖို့ KNDF က တောင်းဆိုထားပါတယ်။ https:// www.kantarawaddytimes.org/%e1%80%94%e1%80%be %e1%80%85%e1%80%ba%e1%80%9b%e1%80

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။