• Today is: Tuesday, May 21, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ်လူမျိုပေါင်းစုံသတင်း

(No. 37, May 9, 2023)

၁။    သံအရာရှိများယာဉ်တန်းပစ်ခတ်ခံရမှု တော်လှန်ရေးအင်အားစုများနှင့်မဆိုင်ဟု NUG ဆို
       May 8, 2023

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်က PNLO ဆက်ဆံရေးရုံး၊ စစ်ဘေး ရှောင်ပြည်သူများကို အကူအညီပေးရန် လာသည့် သံအရာရှိများ လိုက်ပါလာ သည့် ယာဉ်တန်းတစ်ခု မေလ ၇ ရက်နေ့ မနက်ပိုင်းတွင် တိုက်ခိုက်ခံရမှုသည် NUG ၏ PDF သာမက အခြားသော တော်လှန်ရေး အင်အားစု များနှင့်ပါ မသက်ဆိုင်ဟု  အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ငြင်းဆိုလိုက်သည်။ NUG ၏ သတင်းထုတ်ပြန်ရေး စာမျက်နှာတစ်ခုဖြစ်သည့် PVTV နှင့် သီးသန့်တွေ့ဆုံမှုတွင် ထိုသို့ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ “အခင်းဖြစ်ပွားတဲ့နေရာဟာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေ တပ်စွဲ ထားတဲ့ နေရာဖြစ်သလို ပြောက်ကျား စစ်တိုက်ခိုက်ဖို့လည်း အဆင်ပြေတဲ့ နေရာမျိုးလည်း မဟုတ်ပါဘူး။ ဒါကြောင့်မို့ NUG ရဲ့ PDF တွေတင်မက အခြားသော တော်လှန်ရေး အင်အားစုတွေကပါ တိုက်ခိုက်တယ်ဆိုတဲ့ ကိစ္စကတော့ ရှိထားတဲ့ ပထဝီအနေ အထား သတင်းအချက်အလက်တွေအရတပ်စွဲထားတဲ့အနေအထားအရကို မဖြစ်နိုင်ဘူးလို့ပြောလို့ရပါတယ်”ဟု ဦးနိုင်ထူးအောင် ကဆိုသည်။

စင်္ကာပူ၊ အင်ဒိုနီးရှား သံအရာရှိများအပါအဝင် လူသားချင်းစာနာမှု အကူအညီ ပေးရေးဆိုင်ရာ အာဆီယံ ညှိနှိုင်းရေး စင်တာ (AHA Centre) မှတာဝန်ရှိသူများ လိုက်ပါလာသည့် ယာဉ်တန်း မေလ ၇ ရက် မနက်ပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆီဆိုင်- ဆိုက်ခေါင် လမ်းပေါ်တွင် ပစ်ခတ် ခံခဲ့ရခြင်း ဖြစ်သည်။ ပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိ သော်လည်း ဒုက္ခသည်များနှင့် တွေ့ဆုံခွင့်မရဘဲ လှည့်ပြန်သွားခဲ့ရကြောင်း ဒေသတွင်းသတင်များအရသိရသည်။ https://www.faceboo k.com/photo/?fbid=622609923219873&set=a.478726160941584

၂။    ကော့ကရိတ် ခလရ ၉၇ ကို PDF တပ်ပေါင်းစု တိုက်ခိုက်မှု စစ်အရာရှိ ၃ ဦး အပါအဝင် စစ်တပ်ဘက်မှ ၅ ဦး            သေဆုံးဟုဆို
     May 9, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခလရ ၉၇ တပ်ကို PDF တပ်ပေါင်းစုများက ယမန်နေ့ ဝင်ရောက်တိုက်ခိုက်ရာ စစ်အရာရှိ ၃ ဦး အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း Southern Eagleမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ရှိ ခြေလျင်တပ်ရင်း ခလရ ၉၇ ကို PDF တပ်များက ၀ိုင်းဝန်းတိုက်ခိုက်ကြကြောင်း၊ ယင်းသို့တိုက်ခိုက်ရာတွင် စစ်တပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးကြောင်း သိရှိရသည်။ “မနက်ပိုင်း ခလရ  ၉၇ ကို PDF တပ်တွေက သွားပစ်တာ။ စစ်တပ်ဘက်က အထိနာပါတယ်။  သူတို့ဘက်ကလက်နက်ကြီးတွေနဲ့ ထုတယ်။ ဒီဘက်က ပစ်ခတ်မှုကြောင့် စစ်အရာရှိ ၃ ဦး အပါအင် ၅ ဦးသေတယ်လို့ သတင်းရပါတယ်။ ဒုဗိုလ်မှူး ကြီးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး အပါဝင် ၅ ဦး ထိပြီး သေဆုံးတယ်လို့ သိရတယ်။ ကျနော်တို့ဘက်ကလည်း ၂ ဦး ဒဏ်ရာရပါတယ်” ဟု Southern Eagleမှ တာဝန်ရှိသူက ဆိုသည်။

ကော့ကရိတ် ခလရ ၉၇ ကို Southern Eagle ၊ Justice Soldier နှင့်  ကျားဖြူတပ်ခွဲ ၄ တို့က ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်ကြောင်းသိရှိရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နယ်တွင် အင်အားများတိုးချဲ့နေပြီး အင်အားများ ဖြန့်ချထားကြောင်းသိရှိရသည်။ ” ကော့ကရိတ်ဘက်ကို စစ်တပ်ဘက်က အင်အားတိုးချဲ့ထားတယ်။   ကြာအင်းဘက် နဲ့မြို့အပြင် ဘက်က၊ တံတားကျိုးဘက်၊ အဲဒီဘက်တွေမှာ စစ်ခွေးတွေ အင်အားတိုးချဲ့စုနေကြတယ်” ဟု ဒေသကာကွယ်ရေး တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။ https://www.facebook.com/photo/?fbid=590655883162022&set=a.568142278746716

၃။    ALP တပ်ဖွဲ့ဝင် ၂၀ ကျော်ကို ရက္ခိုင့်တပ်တော် ဖမ်းဆီးထားဟုဆို
       May 8, 2023

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ တပ်ဖွဲ့ဝင် ၂၀ ကျော်ကို ပြီးခဲ့သည့်လအတွင်း ရက္ခိုင့်တပ်တော် ULA/AA က ဖမ်းဆီးထားကြောင်း ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဇော်မင်းသိန်း က ပြောသည်။  ရက္ခိုင့်တပ်တော် ULA/AA နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့ ရခိုင်လက်နက်ကိုင်နှစ်ဖွဲ့ ပူးပေါင်းရေးနှင့် ပတ်သက်ပြီး မေးမြန်းရာမှာ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ကျနော်တို့ပါတီက ရဲဘော်တွေကို ပြီးခဲ့တဲ့လက ဖမ်းဆီးထားတာ အယောက် ၂၀ ကျော်ရှိပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ၊ ဗဟိုကော်မတီဝင်တွေ၊ ပါတီဝင်တွေပါတယ်။ ဘာဖြစ်လို့ ပြည်သူကိုမချပြလဲ ဆိုတော့ သည်းခံထားလို့ပါ။ ကျနော်တို့ရဲ့ တုန့်ပြန်မှုကို ပြည်သူတွေသိစေချင်တယ်။ ကြောက်လို့ ပြန်မလုပ်တာမဟုတ်ဘူး။ ကျနော်တို့လည်း ပြန်ဖမ်းလို့ရတာပဲ။ ဒါပေမယ့် ကျနော်တို့ မလုပ်ဘူး။ ဘာဖြစ်လို့လဲဆို‌တော့ ရခိုင်အမျိုးသားအကျိုးစီးပွားကို အတူတူကြိုးစားနေကြတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။ ပြန်လွှတ်ပေးမလား သည်းခံပြီးတော့ စောင့်နေတာဖြစ်တယ်။ ပြဿနာ ကြီးထွားတာမလိုဘူး။ လက်နက်ကိုင်အချင်းချင်း ပဋိပက္ခမဖြစ်ချင်ဘူး။ သူတို့ရိုင်းသလို ကျနော်တို့ မရိုင်စိုင်းဘူး ” ဟု ပြောသည်။ ALP ၏ ရဲဘော်များကို ဖမ်းဆီးထားခြင်းနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ULA/AA ကတော့ လက်ရှိအချိန်အထိ ထုတ်ပြန်ထား ခြင်းမရှိသေးသလို အဆိုပါကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား ဆက်သွယ်နေဆဲဖြစ်သည်။

ရက္ခိုင့်တပ်တော် ULA/AA နှင့် လက်နက်ကိုင်တစ်ဖွဲ့တည်းဖြစ်ရန်အတွက် ပူးပေါင်းရေးကိုကြိုဆိုပြီး သို့သော်လည်း ရက္ခိုင့်တပ်တော်၏ တစ်မိန့်တစ်အာဏာစနစ်ကိုတော့ မကြိုက်နှစ်သက်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ပြော သည်။ “ပူးပေါင်းရေးအတွက် အပြန်အလှန် ပြောဆိုကမ်းလှမ်းထားတာတော့ မရှိဘူး။ ပူးပေါင်းရေးအတွက်တော့ အမြဲကြိုဆို လျှက်ပါ။ AA က ကမ်းလှမ်းလာရင်လည်း ကြိုဆိုပါတယ်။ ဒါပေမယ့် ကျနော်တို့မှာက စေတနာ့ဝန်ထမ်းတွေဖြစ်တယ်။ တိုင်းပြည် နဲ့ လူမျိုးအတွက် စေတနာသန့်သန့်နဲ့ တာဝန်ထမ်းဆောင်နေကြတာဖြစ်တယ်။ အမိန့်ကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ် တာမရှိဘူး။ သဘောတရား နားလည်မှုနဲ့ အုပ်ချုပ်တယ်။ AA မှာက တစ်မိန့်တစ်အာဏာစနစ်နဲ့ သွားတယ်။ တစ်ပါတီစနစ်နဲ့သွား တယ်။ အဲဒီတော့ အုပ်ချုပ်ရေးပိုင်းတွေက သဘောတရားတွေမတူဘူး။ ဝါဒချင်းမတူးဘူး”ဟု ပြောသည်။ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ALP နှစ်ဖွဲ့ မကွဲခင်က ALP နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့သည် လက်နက်ကိုင်တစ်ဖွဲ့တည်းရေးအတွက် ညှိနှိုင်းဆွေး နွေးမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်ထိတော့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ မအောင်မြင်သေးကြပေ။ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှာ ပြည်သူကိုငဲ့ညှာ၍ တိုက်ခိုက်ရေးလမ်းစဉ်ကို ဦးမတည်ဘဲ ငြိမ်းချမ်းရေး ကိုဦးတည်ကာ အာဏာသိမ်းစစ်ကောင်စီ၏ NCA လမ်းကြောင်းတွင် လျှောက်လှမ်းနေကြောင်း သိရသည်။ https://ww w.facebook.com/west ernnewsagency/photos/a.119286173211229/758329079306932/

၄။    သာစည်နယ်စပ်မှာ တိုက်ပွဲဖြစ်ပြီးနောက် နေအိမ်(၁၀)လုံး မီးရှို့ခံရပြီး ဒေသခံ (၁၆)ဦးကို စစ်ကောင်စီတပ်             ဖမ်းဆီးသွား
       May 8, 2023

ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ် သာစည်နယ်စပ်မှာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် နေအိမ် ၁၀ လုံး မီးရှို့ခံရပြီးဒေသခံ ၁၆ ဦး ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးဆီက စုံစမ်းသိရှိရပါတယ်။ ဖမ်းဆီခံရတဲ့ ဒေသခံ ၁၆ ဦးဟာ မြက်ခါးအင်းရွာခံ ၁၃ ဦး၊ ကျောက်ကရှုပ်ရွာခံ ၃ ဦးတို့ဖြစ်ပြီး သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရသူတစ်ဦးက “စကစ ကအင်အားထပ်တိုးထားတယ်။ မနေ့ကဒေသခံနေအိမ်တွေ မီးရှို့သွားတယ်။ ဖမ်းဆီးမှုတွေလည်းရှိတော့ ကျနော်တို့အရင်ကလို အစုလိုက်အပြုံလိုက်သတ်ခံရမှာကို စိုးရိမ်ရတယ်”လို့ ပြောပါတယ်။

သာစည်နယ်စပ်မှာ ပြီးခဲ့တဲ့ မေလ ၄ ရက်က စစ်ကောင်စီနဲ့ နယ်ခံ PDF တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၅၀၀ နီးပါး တောထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။လက်ရှိမှာလည်း စစ်ကောင်စီက နန်းခုံ၊ လွှစင်၊ ငှက်ပျောတော ရွာအပြင် ကျေးရွာပေါင်း ၂၀ ဘက် အင်အားတိုးချဲ့ပြီး စစ်ကြောင်း ထိုးနေတယ်လို့ သူကဆိုပါတယ်။ https://www.facebook.co m/photo/?fbid=562889756018293&set=a.404503215190282

၅။    ကယန်းအမျိုးသားပါတီ အတွင်းရေးမှူး ဦးခွန်းကလေးမင်း ကွယ်လွန်
       May 8, 2023

ကရင်နီပြည် အခြေစိုက် ကယန်း အမျိုးသားပါတီ အတွင်းရေးမှူး ဦးခွန်းကလေးမင်း ဟာ မေ ၇ ရက်မှာ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ သူနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ထင်ရှားတဲ့ ကယန်းနိုင်ငံရေးသမားဖြစ်ပေမဲ့ ကရင်နီပြည် တစ်နေ ရာမှာရှိတဲ့ နေအိမ်မှာပဲ ချို့ချို့တဲ့တဲ့ ကွယ်လွန်သွားခဲ့တယ်လို့ ဦးခွန်းကလေးမင်း ရဲ့ မိတ်ဆွေဖြစ်သူက ပြောပြပါတယ်။ “ကယန်း အမျိုးသားပါတီ ဖျက်သိမ်းခံရင် ခံရပါစေ၊ စကစ ‌ရွေးကော်အောက်မှာ ဘယ်တော့မှ ပါတီ မှတ်ပုံ မတင်ဘူး” လို့ ကြွေးကြော်ခဲ့တဲ့ ဦးခွန်းကလေးမင်း ဟာ ၉၆ ပါးရောဂါနဲ့ နေအိမ်မှာပဲ ဆုံးပါးသွားရတယ်” လို့ သူနဲ့နီးစပ်တဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

ကျန်းမာရေး အခြေအနေကြောင့် နေအိမ်မှာ အနားယူနေရာက မနေ့က ကွယ်လွန်သွားတာဖြစ်ပြီး မိသားစုဝင်တွေ ကတော့ ဈာပနအတွက် ပြင်ဆင်နေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ “မဆုံးခင် တစ်ပတ်လောက် အထိတော့ စကား ပြောဖြစ်ကြသေးတယ်။ အဲ့ အချိန် လည်ပင်းမှာ ပတ်တီးနဲ့ဗျ။ သူကတော့ မပြောပြဘူး။ လည်ပင်း အကြိတ်လို့ တော့ ထင်တာပဲ” လို့ ဦးခွန်းကလေးမင်း ရဲ့ မိတ်ဆွေက ပြောပါတယ်။ ကယန်း အမျိုးသားရေး လှုပ်ရှားမှုတွေမှာ အားကြိုးမာန် တက် ကြိုးစားခဲ့မှုတွေ အတွက် ကျေးဇူးတင်ရသလို ဦးခွန်းကလေးမင်း ကို ဆုံးရှုံးခဲ့ရတာဟာ ကယန်းတစ်မျိုးသားလုံးနဲ့ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလို့ သူက ဆိုပါတယ်။ https://ww w.facebook.com/MeKongNewsMM/photos/a.3 73965523263391/1223191601674108/

၆။   ပင်လောင်း – ဖယ်ခုံ စစ်ကောင်စီ လေကြောင်းတိုက်ခိုက် အရပ်သားနေအိမ် ၃၀ ကျော်ထက်မနည်း မီးလောင်            ပျက်စီး

     May 8, 2023

သျှမ်းပြည် ပင်လောင်း–ဖယ်ခုံ နယ်စပ်ဒေသရှိ ကျေးရွာများကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သား နေအိမ် ၃၀ ကျော်ထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၅ ရက်မှ (မေလ ၈) ရက်အထိ ပင်လောင်း–ဖယ်ခုံ နယ်စပ်ဒေသတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက် ပြင်းထန် နေပြီး စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်နေဆဲဖြစ်ကြောင်း မြေပြင်သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံမှ သိရသည်။ အဆိုပါ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အရပ်သား နှင့် နေအိမ်ကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သော ကြောင့် နေအိမ် ၃၀ ကျော်ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း PNDF KK မှ မြေပြင်သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဗွေဟုင်း ကပြောသည်။ “ ဒေသခံနေအိမ်ကတော့ ကျနော်တို့ အတိ အကျ မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ တိုက်ပွဲက ဖြစ်နေသေးတယ်။ ဒါပေမယ့် သေချာတာကတော့ ဒေသခံ နေအိမ် အပျက်စီးတော့ များတယ်။ စစ်ကောင်စီက လေကြောင်းနဲ့ ကော၊ လက်နက်ကြီးကော ပစ်တော့ ဒေသခံ နေအိမ်တော့ ထိမှာပဲ။ သူတို့က ရမ်းပစ်တာကော၊ လေကြောင်းနဲ့တွေ့သမျှ ကြဲချနေတော့ ထိခိုက်ပျက်စီးမှုက နေအိမ် ၃၀ ကျော်မက အဲ့ထက်များတယ် “ ဟု ၎င်း တာဝန်ခံက ပြောသည်။

အလားတူ (မေလ ၆ ရက်) ဖယ်ခုံမြို့နယ် အနောက်ကယန်းဒေသ လန်းကောရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၁၀ နှစ်အရွယ် ကလေးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်းသိရ သည်။ ထို့အပြင် စစ်ကောင်စီသည် သျှမ်း – ကယားနယ်စပ်ဒေသ တလျောက်ရှိ အချက်အခြာကျသည့် ဒေသများကို ပြန်လည် ထိန်းချုပ်ချင်သလိုမြေပြင်စစ်အင်အားနည်းလာသောကြောင့် လေကြောင်းဖြင့်ပိုမိုတိုက်ခိုက်လာနေကြောင်း ၎င်းက ထပ်လောင်း ပြောသည်။ “စစ်ကောင်စီက ဒီနယ်မြေမှာ အင်အားဖြည့်တယ်၊ လေကြောင်းနဲ့ လက်နက်ကြီးတွေကော ပစ်ရတာက ဒီက တော်လှန်ရေးနယ်မြေမှာ ပြန်ဆုတ်ခွာဖို့လုပ်နေတာပဲ။ အချက်အခြာကျတဲ့ ဒေသလည်းဖြစ်တော့ သူတို့က ပြန်လည်ပြီး ခုခံတိုက် နေတာလို့ပဲ မြင်တယ်။ ပြီးတော့ သူတို့က အဲ့လိုလုပ်ရတယ်ဆိုတော့လည်း ဒီဒေသကမဟုတ်ပါဘူး။ အခု ကရင်ပြည်နယ်၊ ချင်းပြည်နယ် တိုက်ပွဲဖြစ်နေတဲ့ ဒေသမြို့နယ်တွေမှာဆို လေယာဉ်တွေနဲ့ လက်နက်ကြီးတွေ သုံးနေတယ်”ဟု ၎င်းက ဖြည့်စွက် ပြောသည်။ လက်ရှိချိန်ထိ သျှမ်း– ကယားနယ်စပ် ဖယ်ခုံ၊ မိုးဗြဲ နှင့် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲ ဖြစ်သလို စစ်ကောင်စီမှ လေကြောင်း အသုံးပြုပြီး တိုက်ခိုက်နေသေးကြောင်း သိရသည်။ https://burmese.shannews.org/archives/34570

၇။    ပင်လုံမြို့ ခြေမြန်တပ်ရင်း (၅၁၃) တပ်ရင်းမှူး လွိုင်ကော်မြို့နယ် ထီးစဲခါးဂိတ်တွင် သတ်ခံရ
       May 8, 2023

သျှမ်းပြည် ပင်လုံမြို့ ခြေမြန်တပ်ရင်း (၅၁၃) တပ်ရင်းမှူးသည် ကရင်နီပြည်နယ် လွိုင်လင်လေးမြို့နယ် ထီးစဲခါးဂိတ် တွင် သတ်ဖြတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၄ ရက်တွင် စစ်ကောင်စီတပ် (၅၁၃) ခြေမြန်တပ်ရင်းသည် လွိုင်ကော်ဘက်သို့ သွားခဲ့ပြီး ထီးစဲခါးစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ တပ်သားတစ်ဦးက ပစ်သတ်ခဲ့ကြောင်း သိရသည်။ “ ပင်လုံဘက်က ခြေမြန်တပ်ရင်း ၅၁၃ က တပ်ရင်းမှူး နဲ့ 2IC တို့ ကယားမှာ ကျသွားတယ်လို့ ကြားတယ်။ ဘယ်နားမှာ ကျသွား တာလဲတော့ အသေးစိတ် မသိရဘူး။ ပင်လုံဘက်က ဌာန ဆိုင်ရာတွေကို မေးကြည့်လိုက်တော့ ဟုတ်တယ်တဲ့” ဟု လွိုင်လင်မြို့ နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။  အဆိုပါ ထီးစဲခါးဂိတ်တွင် သတ်ဖြတ်ခံရသည့် တပ်ရင်းမှူးကို စစ်ကောင်စီ စစ်သား တစ်ဦးက ပစ်သတ်လိုက်ကြောင်း သိရသည်။  ပစ်သတ်လိုက်သည့် စစ်သားသည်လည်း ကိုယ်ကိုယ်ပြန်ပစ်သတ်လိုက်ခဲ့ကြောင်း Job For Karan လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

ထိုအပြင် သေဆုံးသွားသည့် တပ်ရင်းမှူး ကိုလည်း လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ “ပင်လုံ ဘက်ကို ပြန်ယူမလာတာတော့ သေချာတယ်။ ဘယ်နား သင်္ဂြိုဟ်လဲတော့ သေချာမသိဘူး။ ပစ်သတ်ခံရပြီး သူ့ကို လွိုင်ကော် ဆေးရုံကို ယူသွားတယ်လို့ ကြားတယ်”ဟု အထက်ပါ လွိုင်လင်မြို့နယ်တွင်း နေထိုင်သူက ပြောသည်။  သျှမ်းပြည် လွိုင်လင်ခရိုင် အတွင်းရှိ စစ်ကောင်စီ တပ်သားများကို လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် ၊ မိုးဗြဲမြို့ ၊ ကရင်နီပြည် နယ်ဘက်တွင် စစ်အင်အားဖြည့်တင်းပေးနေလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် နှင့် ကရင်နီပြည် နယ်စပ် ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်ထဲတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေလျက်ရှိကြောင်းသိရသည်။ https://www.facebook.com/shannewsburmese/photos/a.341540565938393/619 0698967689161/

၈။    မီးလောင်းကျွမ်းသွားသည့် ပေါက်တော မွတ်ဆလင်ဒုက္ခသည်စခန်းမှ လူဦးရေ ၃၇၀၀ ကျော် ကယ်ဆယ်ရေး             အကူအညီ လိုအပ်နေ
      May 8, 2023

ရခိုင်ပြည်၊ ပေါက်တောမြိုနယ်ရှိ ကြိမ်နီပြင် မွတ်ဆလင်ဒုက္ခသည်စခန်းတွင် မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု ၅၃၀ မှ မီးဘေးဒုက္ခသည် ၃၇၁၀ ဦးမှာ အရေးပေါ် ကူညီကယ်ဆယ်‌ရေးများ လိုအပ်လျှက်ရှိနေဟု ဒုက္ခသည်များကပြောသည်။ မီးလောင်ကျွမ်းမှုကြောင့်နေအိမ်များ ဆုံးရှုံးသွားသည့် ဒုက္ခသည်စခန်းများမှာ မီးမလောင်ဘဲ ကျန်ရှိနေခဲ့သည့် ဆွေမျိုးနေအိမ်များ တွင် ယာယီနေထိုင်နေကြပြီး အခက်အခဲများစွာရှိနေကြသည်ဟု မီးဘေးသင့် ဒုက္ခသည်များက ဆိုသည်။ နေအိမ်မီးလောင်စဉ် အတွင်းတွင် ထောက်ပံ့မှုရရှိထားသည့် စားနပ်ရိက္ခာများအားလုံးမီးထဲပါသွားသည့်အတွက် စားနပ် ရိက္ခာများ လိုအပ်နေသလို ယာယီတဲအိမ်များဆောက်လုပ်ရန် တာလပေါ်များ အရေးပေါ်လိုအပ်နေသည်ဟု ဒုက္ခသည်စခန်းဥက္ကဌ ကျော်ဇော ကပြော သည်။ “မီးလောင်တဲ့အထဲ ရထားတဲ့ ထောက်ပံ့မှုနဲ့ဝယ်ထားတာတွေ အကုန်ပါသွားကြပါတယ်။ အခုလောလောဆယ်တော့ ဆွေမျိုးတွေအိမ်မှာ ကပ်နေကြတာပေါ့။ မြို့နယ်ထွေအုပ်ကတော့ ၂ အိမ်ထောင်စုကို ဆန်တစ်အိတ်ထောက်ပံ့မယ်လို့ ပြောနေပါ တယ်။ လောလောဆယ် ထမင်းတွေဝေငှပေးနေပါတယ်။ အခုလောလော ဆယ်တော့ နေလည်းအရမ်းပူတော့ ယာယီတဲအိမ်တွေ ဆောက်ဖို့ တာလပေါ်တွေ အရမ်းလိုအပ်နေပါတယ်”ဟုပြော သည်။ ယမန်နေ့ ည ၆ နာရီခန့်က ဒုက္ခသည်စခန်းတွင်နေထိုင်သည့် အီလီယာနေအိမ်မှ ထမင်းချက်ရာမှကျန်ရှိခဲ့သည့် မီးအကြွင်းအကျန်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ရာလုံးချင်းအိမ် (၁၅ ပေ၊ ၁၀ ပေပတ်လည် ) ၁၅၀ အိမ်နှင့် ၈ခန်းတွဲ တန်းလျား ၃၅ အိမ် စုစုပေါင်းနေအိမ် ၁၈၅ အိမ်မီးလောင်ကျွမ်းသွားခြင်းဖြစ်သည်။

လက်ရှိတွင် မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားပြီး ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်ဆဲဖြစ်သည်ဟု ပေါက်တောမြို့နယ်မီးသတ်ဦးစီးမှု ဦးစီးအရာရှိ ဦးမျိုးမြင့်ထွန်းက ပြောသည်။ “အီလီယာဆိုတဲ့သူပိုင်တဲ့အိမ်က မီးစလောင်တာ။ ထမင်းပြီး‌တော့မီးကိုသေချာမသတ်ဘူး။ အဲ့မီးဖို နားမှာ ဓါတ်ဆီဗူးရှိနေတယ်။ အဲ့ကနေတစ်ဆင့်မီးလောင် ကူးစက်သွားတာဖြစ်ပါတယ်။ မြို့နယ်စီမံအုပ်ချုပ်ရေးဖက်က ယာယီတဲအိမ်တွေ ဆောက်လုပ်ပေး သွားဖို့ရှိပါတယ်။ လောလောဆယ်တော့ မြို့နယ်က တာဝန်ရှိတဲ့အ‌ဖွဲ့တွေက ဆန်၊ ဆီး၊ ဆားစတာတွေ ၁ ရက်၊ ၂ ရက်စာ ထောက်ပံ့ပေးနေပါတယ်။ မီးစတက်လောင်တဲ့ နေအိမ်ပိုင်ရှင်ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရရေးယူအမှုဖွင့်ထားပါတယ်။ ဆုံးရှုံးမှုတန်ဖိုးက‌တော့ တွက်ချက်နေဆဲပါ မသိရသေးပါဘူး” ဟုပြောသည်။ ကြိမ်နီပြင် ဒုက္ခသည် စခန်းသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပွားပြီးနောက် မွတ်ဆလင်ဒုက္ခသည် အိမ်ထောင်စု ၁၄၈၉ စု လူဦးအားဖြင့် ၇၄၈၉ ဦးရှိသည့် ဒုက္ခသည် စခန်းတစ်ခုပြီး အဆိုပါစခန်းမှာ ပေါက်တောမြို့နှင့် ရေလမ်းမှသာ သွားလာရပြီး ပေါက်တောသို့ရောက်ရန် ရေလမ်းမှ ၃ နာရီ ခန့်ကြာမောင်းနှင်ရသည်ဟု သိရသည်။ https://www.facebook. com/westernnewsagency/photos/pcb.75835346930 4493/758353059304534/

၉။     ကရင်နီပြည်သူ့ကာကွယ်ရေးတပ်က KNDF ရဲ့ တပ်ခွဲတစ်ခုအဖြစ် ပေါင်းစည်း
        May 9, 2023

ကရင်နီပြည်သူ့ကာကွယ်ရေးတပ် KPDF က ၎င်းတို့ရဲ့တပ်ဖွဲ့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၉၊ တပ်ခွဲ ၆ အဖြစ် ရပ်တည်သွားမယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ KPDF အနေနဲ့ အရင်ကတည်းက KNDF နဲ့ ပူးပေါင်းပြီး တပ်ပေါင်းစုအသွင် စစ်ရေးလှုပ်ရှားတာ တိုက်ပွဲဝင်တာတွေပြုလုပ်ခဲ့ပြီး ဒီနေ့အချိန်မှစပြီး တပ်ပေါင်းစုအသွင် မဟုတ် တော့ဘဲ KNDF ရဲ့ တပ်ခွဲတစ်ခုအဖြစ် အပြည့်အဝ ပြောင်းလဲရပ်တည်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မူလ တပ်ဖွဲ့ အမည် ဖြစ်တဲ့ KPDF အဖြစ် အဖွဲ့နာမည်အသုံးပြုမှုကို ရပ်ဆိုင်းပြီး KNDF တပ်ရင်း (၉) တပ်ခွဲ (၆) အဖြစ် ရာနှုန်းပြည့် ဆက်လက်ရပ်တည်သွားမည်လို့ တပ်ဖွဲ့ ၂ နှစ်ပြည့်မှာ ထုတ်ပြန်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ အခုလို ပေါင်းစည်းလာနိုင် တာဟာကောင်းမွန်တဲ့လက္ခဏာဖြစ်ပြီး စစ်ရေးဗျူဟာချမှတ်တာတွေကအစ ပိုအားကောင်းစေတယ်လို့ ယုံကြည်ကြောင်း တော် လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ “အခုလို သူတို့ထုတ်ပြန်ချက်ကိုမြင်ရတာ ဝမ်းသာတယ်ဗျ။ တစ်ဖွဲ့တည်းပေါင်းစည်း လိုက်တော့ စစ်ရေးဗျူဟာချမှတ်တာတွေ တိုက်ပွဲဖော်တာတွေလည်း ပိုထိရောက်လာမယ်လို့မြင်တယ်”လို့ သူကပြောပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်းအမှတ်(၉) ရဲ့ တပ်ခွဲတစ်ခွဲအနေ နဲ့ တရားဝင် စတင်ဝင်ရောက်ချိန်မှစပြီး စစ်ရေးစစ်ရာ လှုပ်ရှားမှုများသာမက အခြားသောလုပ်ငန်းများကိုပါ KNDF အနေနဲ့ ဆက်လက်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။ အာဏာရှင်ဆန့်ကျင်တော်လှန်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက် ရေးရဲ့ အစဖြစ်တဲ့ နွေဦးတော်လှန်ရေးမှသည် အာဏာရှင်စနစ် ဆုံးခန်းတိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်-KPDF အနေနဲ့ စဖွဲ့တဲ့ အချိန်ကနေ လက်ရှိအချိန်ထိ ၂ နှစ်တာကာလ အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၁၅၀ ကျော်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ပွဲတွေ အတွင်း KPDF တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ရပြီး ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို နွေဦးတော်လှန်ရေးရဲ့ အာဇာနည်သူရဲကောင်းများ အဖြစ် မှတ်းတမ်းတင် ဂုဏ်ပြုတယ်လို့လည်း KPDF ကဆိုပါတယ်။ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်-KPDF ကို ၂၀၂၁ ခုနှစ်၊ မေလ (၇) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ https://www.facebook.com/MeKongNewsMM/photos/pcb.12236 56831627585/ 1223656091627659/

၁၀။    ၂ လအတွင်း ချင်းဒေသကို စစ်ကောင်စီ လေကြောင်း ၁၂၁ ကြိမ်ထိ ဗုံးကြဲတိုက်ခိုက်ခဲ့
       May 9, 2023

ချင်းလဲန်ဒေသမှာ ပြီးခဲ့တဲ့ မတ်လမှ ဧပြီလ ၂ လတာအတွင်း စစ်ကောင်စီက လေကြောင်းဖြစ် (၁၂၁) ကြိမ်ထိ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) က ထုတ်ပြန်ပါတယ်။ အဲဒီ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ထဲက ဗုံးအလုံးရေ (၂၂) လုံး ကျော်ဟာ အရပ်သား ချင်းပြည်သူများ နေထိုင်တဲ့ ကျေးရွာ (၄) ရွာထဲအတွင်း တိုက်ရိုက်ကျရောက်ပေါက်ကွဲခဲ့သလို ဗုံးအရေ အတွက် (၉၉) လုံးကတော့ ကျေးရွာအနီးဝန်းကျင် တို့ ကျရောက်ပေါက်ကွဲခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရမှုတို့ကြောင့် အရပ်သား ချင်းပြည်သူ (၂၄) ဦးသေဆုံးခဲ့ရကာ (၃၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တာပါ။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော် ၂ ဦးလည်း ကျဆုံး ခဲ့တယ်လို့ သိရပါတယ်။ အလားတူ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရမှုတို့ကြောင့် ခရစ်ယာန်ဘုရားကျောင်း အဆောက်အဦး (၄) ကျောင်းအပါအဝင် အရပ်သား နေအိမ် (၅၀) လုံးကျော် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.f acebook.com/photo/?fbid=711838957613369&set=pcb. 711841720946426

၁၁။    တောင်ကြာအင်းတံတားကို အကြောင်းပြချက်မရှိဘဲ စစ်ကောင်စီနှင့် BGF တပ်တို့ ပိတ်ထား
        May 8, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် တောင်ကြာ အင်းကျေးရွာ နှင့် မြောက်ကြာအင်းကျေးရွာကြားရှိ ဟောင်သရောချောင်းကူးတံတားကို စစ်ကောင်စီနှင့် နယ်မြေခံ နယ်ခြားစောင့်တပ်-BGF တပ်တို့က မေလ ၆ရက်မှစ၍ တံတားပေါ်သွားလာခွင့်ပိတ်ထားလိုက် သည်ဟု ဒေသခံထံမှ သိရသည်။ အဆိုပါ ကျေးရွာအနီးတွင် လက်ရှိတိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသလို လူထုများကို တစ်စုံတစ်ရာ အသိပေး အကြောင်းကြားခြင်းမရှိဘဲ စစ်ကောင်စီတပ်နှင့် BGF တပ်တို့က တံတားကို ရက်အကန့်အသတ်မရှိ ပိတ် ထားလိုက်ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ၎င်းက “ ဘာလို့ပိတ်တာလဲဆိုတာကိုလည်း ဘာမှမပြောဘူး။ ဆိုင်ကယ် လည်းဖြတ်လို့မရဘူး လူလည်းဖြတ်လို့မရဘူး။ တံတား ပိတ်တာကို ရွာမှာရှိတဲ့လူတွေကိုလည်း ဘာမှမပြောဘူး။ တိုက်ပွဲတွေဖြစ်ရင်တစ်မျိုးပေါ့။ အခုကဘာမှမဖြစ်ဘဲ တံတားပိတ် လိုက်တယ်။ တံတားအောက်မှာ လှေနဲ့လည်းဖြတ်ခွင့်မပေးဘူး”ဟုပြောသည်။ အဆိုပါတံတား၏ တောင်ကြာအင်းကျေးရွာ ဘက်ခြမ်းတွင် စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်များ ချကာပိတ်ထားသလို မြောက်ကြာအင်းကျေးရွာ ဘက်ခြမ်းတွင်လည်း ဖူ့တာခလုံး (ခ)ဗိုလ်သံလုံး ဦးဆောင်သည့် BGF တပ်ဖွဲ့က တပ်ဖွဲ့ဝင်များချပြီး တံတားပိတ်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကော့ကရိတ်- ကြာအင်းဆိပ်ကြီး-မုဒုံမြို့သို့ သွားသည့်လမ်းကြောင်းပေါ်ရှိ အဆိုပါတံတားကို ကြိုတင်အသိပေးခြင်း တစ်စုံတရာမရှိဘဲ ယခုလို ပိတ်ထားလိုက်သည့်အတွက် ခရီးသွားပြည်သူအများအပြား သွားလာရေးပြတ်တောက်သွားသည့် အပြင် ဒေသထွက်သီးနှံများကို ရောင်းဝယ်နေကြသော ဒေသပြည်သူများအတွက်လည်း အခက်ကြုံနေရကြောင်း ဒေသခံများက ပြောသည်။ “အခုအချိန်ကသီးနှံတွေထွက်တဲ့အချိန်ဖြစ်တယ်။ အဲဒီတံတားပေါ်မပေးဖြတ်တော့ ဟိုးကမ်းနီ ရွာဘက်ကို ပတ်လမ်း သွားရတယ်။ ဝေးလည်းဝေးတယ်။ ပြီးတော့ ဒီအချိန်မှာက ရာသီသီးနှံတွေ ထွက်တဲ့အချိန် အရောင်းအဝယ်လုပ်တဲ့ အချိန်ဆို တော့ အခက်တွေ့တာပေါ့။ ဒီလိုလမ်းပိတ်တာ တိုက်ပွဲဖြစ်မလားမသိဘူး သတိတော့နေရတယ်”ဟု ဒေသထွက် သီးနှံရောင်းဝယ် သူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် တောင်ကြာအင်းနှင့် မြောက်ကြာအင်းကျေးရွာအတွင်း နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ကျေးရွာထဲ သို့ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုများလုပ်ဆောင်သည့် အတွက် အရပ်သားနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ရသလို ရွာသားများ ရွာလုံးကျွတ်ထွက်ပြေးတိမ်း ရှောင်ခဲ့ရသေးသည်။ https://kicnews.org/2023/05/%e1%80%90%e1%80%b1% e1%80%ac%e1% 80%84%e1%80%ba%e1%80%80%e1

၁၂။ ဖရူဆိုမြို့နယ် ရှီးဆိုလို စစ်ဘေးဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ (၃)လ ကျော်ကြာ မရရှိသဖြင့် အခက်တွေ့သူများရှိ
     May 7, 2023

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ရှီးဆိုလို စစ်ဘေးဒုက္ခသည်စခန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထီးပေါ်လာ၊ ထီးဆိုး စစ်ဘေးရှောင်စခန်းများကို ထီးဆိုလိုတစ်ခုထဲ အနေဖြင့် တရားဝင် အတည်ပြု သတ်မှတ်ပေးထားပေမယ့် ၃ လကျော် ကြာတဲ့အထိ စစ်ဘေးဒုက္ခသည်လူထုအတွက် ထောက်ပံ့မှု တစ်စုံတစ်ရာ မရရှိသေးကြောင်း စစ်ဘေးရှောင်တွေထံကနေ သိရပါတယ်။ “ဒီ မောသီဒီုဘက်မှာက စခန်းတစ်ခုထဲ ပြန်ဖြစ်အောင်ဆိုပြီး ထီးပရူနူနဲ့ ရှီးဆိုလိုပေါ့ အခုတော့ ရှီးဆိုလို ကိုပြန်လည် သတ်မှတ်ပေးတာပေါ့၊ ၂ လပိုင်းကတည်းက အတည်ပြုထားတယ်၊ အခုချိန်ထိတော့ တစ်စုံတစ်ရာ လာပြီးထောက်ပံ့ပေးတာ တော့ မရှိသေးဘူး။ လတိုင်းတော့ စစ်ဘေးရှောင် လူထုစာရင်းတော့ ပြုစုတင်ပေးတာပဲ၊ စစ်ဘေးရှောင်စခန်းအတွင်း ကော်မတီ အသေးသုံးဆိုတဲ့ဟာတော့ လစဥ်ထောက်ပံ့ပေးတယ်၊ အဲ့တစ်ခုပါပဲ”လို့ စစ်ဘေးရှောင် တစ်ဦးက ဆိုပါတယ်။ ဖရူဆို ရှီးဆိုလို စစ်ဘေးဒုက္ခသည်စခန်းအတွင်းမှာ အလှူရှင်များကိုသာ မှီခိုအားထားနေရတာကြောင့် ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင် တွေကို အခြေခံ စားနပ်ရိက္ခာ၊ လူသုံးကုန်များ ထောက်ပံ့မှုတစ်စုံတစ်ရာ အားနည်းလာမှုကြောင့် စစ်ရှောင်လူထုမှာ အခက်အခဲ နဲ့ ကြုံတွေ့နေရတဲ့သူတွေရှိတယ်လို့ ဆိုပါတယ်။

“အဓိက အခြေခံ စားသောက်ကုန်ပေါ့၊ ဦးစားပေးစေချင်တယ်၊ အခုလည်း မိုးလာတော့မယ်လေး အမိုးအကာလည်း တစ်ချို့လိုနေကြတဲ့ အနေအထားမှာ ရှိနေပါတယ်”လို့ စစ်ရှောင်စခန်းမှာ ကူညီပေးသူ တစ်ဦးက ပြောပါတယ်။ ဖရူဆို ရှီးဆိုလို စစ်ဘေးဒုက္ခသည်စခန်းဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး၊ စစ်ရှောင်လူထု စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော်ရှိနေတဲ့အပြင် မသန်စွမ်း ၈ ဦးအထိရှိကာ၊ လေဖြတ်နဲ့ မသွားလာနိုင်တဲ့ သက်ကြီးရွယ်အို အချို့လည်း ရှိတယ်လို့ ဆိုပါတယ်။ ဖရူဆိုမြို့နယ်အတွင်း နေရပ် စွန့်ခွာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ဖရူဆိုအရှေ့ဘက်ခြမ်းမှ IDP စခန်း ၆ ခုနဲ့ လူဦးရေ ၆၀၀၀ ကျော်ရှိပြီး၊ ဖရူဆို အနောက် ခြမ်းမှာတော့ IDP စခန်း ၈ ခုအထိ ရှိတယ်လို့ သိရပါတယ်။ အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် လူဦးရေ ၂ သိန်းကျော်ရှိနေပါတယ်။ https://www.kantara waddytimes.org/%e1%80%96%e1%80%9b%e1%80%b0%e 

၁၃။   ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာစစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မူကြောင့် CDF – Senthang ရဲဘော်နှစ်ဦး            ကျဆုံးပြီး ပြည်သူသုံးဦးထိခိုက်ဒဏ်ရာရ
       May 9, 2023

ချင်းပြည်နယ်၊ ဟားခါမြို့နယ်၊ ခွါပီးကျေးရွာကို ယမန်မေလ ၈ရက် နေ့တွင် စစ်ကောင်စီလေကြောင်း Jet Fighter နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDF – Senthang ရဲဘော်နှစ်ဦးကျဆုံးပြီး ပြည်သူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်း မြစ်တွေဆီကသိရပါတယ်။ စစ်ကောင်စီက CDF- ဆဲန်းထန်း အလုပ်အမူဆောင်ရုံးကိုလည်း အဆိုပါနေ့ညေနေပိုင်းမှာပဲ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲမူကြောင့်  တွဲဖက်အတွင်းရေးမှူး(၁)ဆလိုင်းရှန်ကျုံးကျဆုံးခဲ့ရပြီး ဒဏ်ရာ ရရှိခဲ့တဲ့ CDF- ဆဲန်းထန်း တပ်ခွဲမှူး ဆလိုင်းဒိုလဲန်မူန်း ဟာလည်း ဒီနေ့မနက်ပိုင်းမှာ ကျဆုံးသွားတယ်လို့ ဟားခါးမြို့နယ် တော်လှန်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

စစ်ကောင်စီဟာ ဟားခါးမြို့နယ်ထဲက ဖိုင်ဖာ(Phaipha)ကျေးရွာနှင့် ဆူရ်းခွါ(Surkhua) ကျေးရွာကိုလည်း မေ ၈ ရက်ည နေ ၆ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့သိရပါတယ်။ အဆိုပါကျေးရွာနှစ်ရွာရဲ့ထိခိုက်မူကိုသိရှိရခြင်းမရှိသေးပါဘူး။ ၂၀၂၃ ခုနှစ်၊ မတ်လ နှင့် ဧပြီလ နှစ်လအတွင်း စစ်ကောင်စီက ချင်းပြည်နယ်ထဲကို  ဗုံးအလုံးပေါင်း(၁၂၁)လုံးကြဲချခဲ့ပြီး ကျေးရွာ(၄) ရွာပေါ်ကို ဗုံးအလုံး(၂၂)လုံး ၊ ကျေးရွာအနီးဝန်းကျင်တွေကို ဗုံး (၉၉) လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ Chin National Front မှ ထုတ်ပြန်ထားပါတယ်။အဆိုပါဗုံးပေါက်ကွဲမူတွေကြောင့် CAN ရဲဘော် ၂ ဦး အပါအဝင် ချင်းပြည်သူ (၂၄)ဦးသေဆုံးပြီး (၃၃) ဦး ဒဏ်ရာရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ https://www.f acebook.com/photo/?fbid=658196239652013& set=pcb.658196289652008

၁၄။   ပန်ဝါက တရုတ်လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံနေရ
        May 8, 2023

ကချင်ပြည်နယ်၊ ကချင်အထူးဒေသ(၁)၊ ပန်ဝါမြို့နယ်အထဲက မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းခွင်တွေမှာ သွား ရောက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအပေါ် တရုတ်လုပ်ငန်းရှင်တွေရဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေ ရှိနေတယ်လို့ Myanmar Resources Watch (MRW) အဖွဲ့က မေလ ၆ ရက်နေ့က ထုတ် ပြန်ထားပါတယ်။ အဲဒီမြို့နယ်မှာ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းအများစုဟာ တရားမဝင် လုပ်ကိုင်နေကြတာဖြစ်ပြီး အမျိုးသား အလုပ်သားတွေ၊ အမျိုးသမီးအလုပ်သမားတွေအပေါ် ပုံစံမျိုးစုံနဲ့ ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား ၃၀ လောက်ကို မေးမြန်းပြီး MRW အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်တာ ဖြစ်ပါတယ်။ တရုတ်လုပ်ငန်းရှင် အများစုဟာ အမျိုးသမီးတွေအပေါ် လုပ်ငန်းခွင်နဲ့ မသက်ဆိုင်တဲ့ ညစ်ညမ်းတဲ့ အသုံးအနှုန်းတွေ ပြောဆိုတာ၊ အမျိုးသားတွေအပေါ် ဆဲဆိုရိုင်းပြတာ၊ အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံတာ တွေ၊ လုပ်အားခခေါင်းပုံဖြတ်တာ တွေ ကြုံနေရတယ်လို့ ပန်ဝါမြို့နယ်မှာ အလုပ်ကြမ်းသွားရောက် လုပ်ကိုင်နေတဲ့ ကချင်လူငယ် တစ်ဦးက ဆိုပါတယ်။

“တရုတ်တွေရဲ့ အိပ်ယာခင်း (အပျော်မယား) ဆိုရင် လစာကောင်းကောင်း နေရာကောင်းကောင်းမှာ လုပ်ရတယ်။ တချို့ ထမင်းချက် လာလုပ်တဲ့ မိန်းကလေးက အဲလိုမလုပ်ချင်ကြဘူး။ ဒါပေမဲ့ သူတို့ကို စိတ်ချမ်းသာအောင် မလုပ်ပေးရင်လည်း အမျိုး မျိုးခြိမ်းခြောက်တယ် တချို့က အလုပ်ထုတ်ခံရမှာကြောက်လို့ အိပ်ယာခင်း လုပ်ဖြစ်တဲ့သူတွေရှိတယ် တချို့ကတော့အလုပ် ထွက်သွားတဲ့သူတွေလည်း ရှိတယ်” လက်ရှိအချိန်မှာ တရုတ်ပြည်မှာ မြေရှားသတ္ထုဈေးကျဆင်းနေတာကြောင့် သတ္ထုတွင်းလုပ် သားရဲ့ လစာတွေကို ‌လျှော့ချထားတယ်လို့ သတ္ထုတွင်း လုပ်သားတွေကဆိုပါတယ်။ မြေရှားသတ္တု လုပ်ငန်းခွင်တွေမှာ ဘေးကျင်း ဖောက်၊ အပေါ်ကျင်းတူး၊ အက်ဆစ်ဖျော်စတဲ့ အလုပ်ကြမ်းတွေကို အမျိုးသားအများစုလုပ်ကိုင်ရပြီး အခြေခံလစာ တရုတ်ငွေ ယွမ် ၃ဝဝဝ ကျော်ကနေ ၄၅ဝဝ အထိ ရရှိပြီး အမျိုးသမီးအလုပ်သမားတွေအတွက် ရေကြည့်၊ ထမင်းချက်၊ အိပ်ယာခင်း စတဲ့ အလုပ်တွေ အများဆုံးလုပ်ရသလို တရုတ်ငွေ ၄ဝဝဝ ကနေ ၁၅ဝဝဝ အထိ ရရှိတယ်လို့ ဆိုပါတယ်။ ကချင်အထူးဒေသ(၁)ဖြစ်တဲ့ ပန်ဝါမြို့နယ်ဟာ၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန်ယိမ်း ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ ကြီးစိုးတဲ့ဒေသဖြစ်ပြီး၊ တရုတ်လုပ်ငန်းရှင်တွေနဲ့ ငွေကြေးအပေး အယူလုပ်ကာ မြေရှားသတ္တုကိုစည်းမဲ့ကမ်းမဲ့အလွန်အကျွံတူးဖော်နေတာလို့ Myanmar Resources Watch (MRW) ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ https://www.rfa.org/burmese/news/china-kachin-women-05082023103829.html

၁၅။    တောင်စလုံးတိုက်ပွဲအတွင်း ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်စုမှူး ချားစ်ဘိုနီဖဲဘူး ကျဆုံး
        May 9, 2023

ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာ တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း ၈ နဲ့ ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်း တပ်စုမှူး ဖြစ်တဲ့ ချားစ်ဘိုနီဖဲဘူး ကျဆုံးသွားခဲ့ရတယ်လို့ KNDF တပ်ရင်း ၈ က ဒီကနေ့ မေလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ သူဟာ မေလ ၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တောင်စလုံးကျေးရွာမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ ရဲဘော်ချားစ်ဘိုနီ ဖဲဘူးဟာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေးတို့အတွက် အစွမ်းကုန်ကြိုးစားရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့အတွက် အာဏာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ပင်လောင်း- ဖယ်ခုံနယ်စပ် မြောက်စလုံးတိုက်ပွဲအတွင်း KNDF တပ်ရင်း(၂)မှ ရဲဘော်တစ်ဦး၊ တပ်ရင်း (၁၁)မှ ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ရသလို ယခုလ တောင်စလုံးတိုက်ပွဲမှာလည်း ရဲဘော် ချားစ်ဘိုနီဖဲဘူး ကျဆုံးခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်အရ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဖေဖော်ဝါရီလနောက်ဆုံးပတ်ကစ ဒီကနေ့အချိန်ထိ စစ်ကောင်စီ တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီကနေ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေပါတယ်။ https://www.facebook.com/KantarawaddyTimes/photo s/pcb.6117656508352808/61176554150

၁၆။   ကျေးရွာ ၁၂ ရွာက ရွှေကူဒေသခံများ  တုပ်ကွေးဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေ
        May 8, 2023

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကျေးရွာ ၁၂ ရွာက စစ်ဘေးရှောင်တွေဟာ တုပ်ကွေးစတင်ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ တိမ်းရှောင်နေသူတွေ ပြောပါတယ်။ ရာသီတုပ်ကွေးဖြစ်ပွားချိန် မရောက်သေးပေမဲ့ အသက် ၁၀ နှစ်အောက်ကလေးတွေကအစ တုပ်ကွေးဖြစ်ပွားနေ ပြီး အဓိက သောက်သုံးရေတွေကြောင့်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။ ခြင်ကိုက်တာမျိုးတွေ မရှိသေးပေမဲ့ ငှက်ဖျားက အစ ဖြစ်ပွားနေတယ်လို့ စီသောင်ကျေးရွာက တောတောင်ထဲတိမ်းရှောင်နေတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ” ကူညီလို့ရတဲ့သူတွေကနေ ဆေးဝါးတွေလာပေး၊ ကူညီပေးတာတွေရှိရင်တော့ ကောင်းတာပေါ့” လို့ ဒေသခံအမျိုးသားက ပြောဆို ခဲ့တာပါ။ တောတောင်တွေထဲတိမ်းရှောင်နေတဲ့ ဒေသခံ တစ်သောင်း (၁၀,၀၀၀) ကျော်ဟာ လက်ရှိမှာတော့ ဆေးဝါးအတွက် တောတွင်းတစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ဆေးပေးခန်းကိုသာ မှီခိုအားထားနေကြရပြီး ဆေးဝါးလုံလောက်မှုတွေ မရှိကြဘူးလို့ လည်း ဆိုပါတယ်။

ဆေးဝါးအကူအညီ မရရှိတဲ့အပြင် သွားရေးလာရေး ခက်ခဲမှုတွေကြောင့် ကုသဖို့ လက်လှမ်းမမီကြဘူးလို့လည်း တိမ်းရှောင်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ” အခြေအနေကောင်းရင်တော့ မြို့ထဲကို လာဝယ်နိုင်တာတို့ လာပြ နိုင်တာတို့တော့ ရတာပေါ့။ ဒါပေမဲ့လည်း လမ်းခရီးလည်း ကြောက်နေရတာဆိုတော့ ဘယ်အချိန်ဘယ်လို ဖြစ်လာမယ်လို့ ပြော လို့က မရတော့လေ” လို့ အထက်ပါအမျိုးသမီးက ဆိုပါတယ်။ တိမ်းရှောင်နေကြတဲ့ ဒေသခံတွေပြောပြချက်အရ ကူညီ ထောက်ပံ့ တဲ့ NGO အဖွဲ့အစည်းတွေ ရောက်ရှိတာမျိုး မရှိသေးတာကြောင့် ရပ်မိရပ်ဖတွေနဲ့ အသင်းတော်တွေဘက်ကနေ စားဝတ်နေရေး ကိုသာ ဦးစားပေးဖြေရှင်းပေးနေရပြီး ဆေးဝါးနဲ့ပတ်သက်လို့ လက်လှမ်းမမီနိုင်သေးဘူးလို့လည်း သိရပါတယ်။ တိမ်းရှောင်နေကြ တဲ့ ဒေသခံတွေအနေနဲ့ ကျေးရွာတွင်း ပြန်လည်ဝင်ရောက်နေထိုင်ဖို့ နေစရာအိမ်တွေ  မရှိတော့တဲ့အတွက် ရွှေကူမြို့ပတ်ပတ် လည်က တောတောင်တွေထဲမှာ အဖွဲ့ခွဲပြီးနေထိုင်နေကြရတာပဲဖြစ်ပါတယ်။ https://www.facebook.com/myitkyinanews journal.mm/photos/pcb.1891269 144572664/1891267521239493/

၁၇။   ရေးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ အမျိုးသမီး ၁ ဦးသေဆုံး
       May 9, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ ဘဲလမုကျေးရွာအုပ်စုရှိ ချောင်းနှစ်ခွရွာ၊ ထဲဝါပသဲရွာကို စစ်ကောင်စီတပ်က မေ ၈ ရက် မနက် ၁၁ နာရီ ၃၅ မိနစ်မှာ လေယာဥ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သား အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး လူနေအိမ် ၁ လုံး မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒေသခံတဦးဖြစ်တဲ့ အသက် ၃၀ အရွယ် မစန္ဒာအေးမှာ ညာဘက် ကျောပြင်၊ ပခုံး လက်နက်ကြီးအစမှန်ပြီး မော်လမြိုင်ဆေးရုံကို အရေးပေါ်လူမှုကယ်ဆယ်ရေးသမားတွေက ပို့ဆောင် ပေးရတယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ ကျန်တဲ့ရွာသားတွေကတော့ ပုန်းခိုကျင်း လွတ်မယ့်နေရာတွေ ဘက်ကို အကုန်လုံး ပြေးပုန်းရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ “စစ်တပ်က ဘာတိုက်ပွဲလည်း မရှိဘဲနဲ့ကို အကြောင်းမဲ့ လာပစ်တာ။ ဒီရွာမှာ ကရင်တိုင်းရင်းသားတွေ အများဆုံးနေပေမဲ့ သာမန် လက်လုပ်လက်စား ခြံသမားတွေသာ အများဆုံးနေကြတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့မှ မနေပါဘူး။ ကေအန်ယူ စိုးမိုးနယ်မြေကလွဲရင် အခုလို လေကြောင်းကနေ ပစ်တာ မကောင်းဘူး” လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၇ ရက် ည ၁၁ နာရီ ၅၀ မိနစ်က ရေးမြောက်ပိုင်း PDF အခြေစိုက်စခန်းတခု လေယာဥ်နဲ့ တိုက်ခိုက်ခံရလို့ PDF ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းဘက်က ပြောပါတယ်။ ရေးမြို့နယ်မှာ အခုရက်အတွင်း စစ်ကောင်စီ တပ်တွေက ညဘက်တွေမှာ ကင်းထောက်လေယာဥ်တွေနဲ့ PDF အခြေစိုက်စခန်းတွေကို စုံစမ်းထောက်လှမ်းတာတွေ ခပ်စိတ် စိတ် လုပ်လာနေတယ်လို့ ဆိုပါတယ်။ https://burmese.dvb.no/archives/592372

၁၈။   KIO တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ၁၄၀၀ ကျော်ရှိ
        May 9, 2023

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပညာရေးကျောင်းများ၏ ၂၀၂၂–၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် ကျောင်းသား ၁၄၀၀ ကျော် ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။ အောင်စာရင်းကို ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် ကြေငြာခဲ့ ပြီး နှစ်တိုင်း အောင်ချက်ရာခိုင်နှုန်းပုံမှန်ရှိကြောင်း KIO အစိုးရဗဟိုပညာရေးဌာန အတွင်းရေးမှူး ဆရာ နော်ထွယ် က ယခုလို ပြောသည်။ “အောင်ချက်ကတော့ ပုံမှန်ဘဲ များလည်းမများဘူး နည်းလည်းမနည်းဘူး၊ ကျောင်းသားက တော့မနှစ်ကထက် ပိုများလာတာပေါ့”ဟုပြောသည်။ တက္ကသိုလ်၀င်တန်း ဖြေဆိုသည့် ကျောင်းသားများမှာ ပြီးခဲ့သည့်နှစ်တွင် လူဦးရေ ၁ ထောင်‌ ကျော်မျှသာရှိခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသား ၃၀၀၀ ဝန်းကျင်ထိရှိခဲ့ကြောင်း သိရသည်။ ယခုအောင်စာရင်းမှာ KIO ထိန်းချုပ်နယ်မြေရှိ အထက်တန်း ၈ ကျောင်းအနက် ၅ ကျောင်းမှ အောင်မြင်လာသူများဖြစ်ပြီး ဂုဏ်ထူးထွက်သည့် ကျောင်းသား စုစုပေါင်း ၂၄၀ ကျော်ရှိကာ ဂုဏ်ထူးအများဆုံးမှာ ၅ ဘာသာအထိ ရှိခဲ့ကြောင်း သိရသည်။

ထိုအနက် အများစုမှာ လိုင်ဇာမြို့နှင့် မိုင်ဂျာယာန်မြို့ရှိ အထက်တန်းကျောင်းများမှ ဖြစ်ကြသည်ဟု သိရသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသားများအနေဖြင့် KIO တက္ကသိုလ်ကျောင်းများတွင် ပညာဆက်လက်သင်ကြား နိုင်ပြီ ဖြစ်ကြောင်း ယခုလို ဆက်ပြောသည်။ “အောင်ပြီဖြစ်တဲ့ ကျောင်းသားတွေကတော့ ကျွန်တော်တို့နယ်မြေမှာ ဖွင့်ထားတဲ့ မိုင်ဂျာယာန် ကောလိပ်၊ ဆရာအတတ်သင် ကျောင်းတွေ၊ ဥပဒေကျောင်း၊ သူနာပြုကျောင်း စတဲ့ကျောင်းတွေမှာ ပညာ ဆက်လက်သင်နိုင်ပြီလို့ “ဟုပြောသည်။ KIO အစိုးရ ထိန်းချုပ်နယ်မြေတွင် ဆယ်တန်းကို တက္ကသိုလ်ဝင်တန်းအဖြစ် ယခုနှစ် ၂၀၂၃–၂၀၂၄ ပညာသင်နှစ်သည် နောက်ဆုံးအကြိမ်ဖြစ်ပြီး လာမည့်နှစ်များတွင် ၁၂ တန်းထိ တိုးသွားမည်ဟု သိရသည်။ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာအစိုးရထိန်းချုပ်နယ်မြေ မြို့ပေါ်စာသင် ကျောင်းများ ပိတ်ထားခဲ့ရပြီးနောက် KIO ထိန်းချုပ်နယ် မြေ စာသင်ကျောင်းများတွင် တက်ရောက်သော ကျောင်းသားဦးရေ များပြားလာခဲ့ခြင်း ဖြစ်သည်။ https://burmese.kachin news.com/2023/05/09/ld1-27/

၁၉။   မိုင်းပျဥ်းဂိတ်၌ စစ်ကောင်စီ စစ်ဆေးမှု တင်းကြပ်သဖြင့် ကားသမားများ အခက်တွေ့နေရ
        May 8, 2023

သျှမ်းပြည် မိုင်းပျဥ်းမြို့ အဝင်/အထွက် ရှိ မိုင်းပျဥ်းမြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်၌ စစ်သားများက စစ်ဆေးမှု တင်းကြပ်နေသည့် အတွက် ကားသမားများက အခက်တွေ့နေရကြောင်း သတင်း သိရသည်။ ကွန်ဟိန်း – မိုင်းပျဥ်း – တာချီလိတ် လမ်းကြောင်းရှိ မိုင်းပျဥ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ စစ်သားများသည် အိမ်စီးကား အပါအဝင် ကုန်တင်ကားများအားလုံးကို စင်းလုံးစစ်ဆေးမှု ပြုလုပ်ရာ အချိန်ကြာသည့်အတွက် ကားသမားများက အခက်တွေ့နေရကြောင်း ကားသမားတစ်ဦးက ပြော သည်။ “ဒီလိုဖြစ်လာတာကတော့ အာဏာသိမ်းပြီးကတည်းကပဲ၊ တဖြည်းဖြည်း နဲ့ စစ်ဆေးမှုတွေက တင်းကြပ်လာတာ၊ အခု ဆိုရင် ကားသမားတွေမှ မဟုတ်ဘူး၊ ခရီးသည်တွေရဲ့  မှတ်ပုံတင်တွေကိုလည်း စစ်ဆေးတယ်၊ ကားတွေ အကုန်လှန်ပြီး စစ်တာ၊ ကားတစ်စီးကို တစ်နာရီ၊ တစ်နာရီခွဲလောက် စစ်ကြတယ်” ဟု ဒေသတွင်း ကားသမား တစ်ဦးက ပြောသည်။ အဆိုပါ စစ်ဆေးမှု တင်းကြပ်သည့် အတွက် ကားသမားများသည် တန်းစီစောင့်ဆိုင်းရပြီး လမ်းခရီးကြန့်ကြာမှု ၊ ကုန်ပစ္စည်း ထိခိုက်မှုများလည်း ရှိလာကြောင်း အထက်ပါ ကားသမားက ဆက်ပြောသည်။

ထို့အပြင် အိမ်စီးကား တစ်စီးကို ပိုက်ဆံ ၃၀၀၀ ကျပ် (သုံးထောင်ကျပ်) တောင်းယူနေပြီး တခြားကုန်တင်ကားများကို လည်း ကုန်အမျိုးအစား နှင့် ပမာဏပေါ်မူတည်ပြီး ပိုက်ဆံ ကောက်ယူ တောင်းခံနေကြောင်းလည်းသိရသည်။ “စစ်ဆေး မှုတွေ တင်းကြပ်တဲ့ အပြင် ပိုက်ဆံတောင်းတာလည်းများတယ်၊ တချို့ ကားသမားတွေကတော့ သူတို့တောင်းတာမပေးနိုင်လို့ ပြန်ငြင်းကြတာလည်း ရှိတယ်၊ အဲ့လိုဆိုရင် အချိန်ပိုကုန်သလို လူကိုလည်း ဆူလား ငေါက်လား လုပ်တယ်၊ တစ်နေ့တစ်နေ့ တန်းစီပြီး စောင့်နေရတဲ့ ကားတွေက ၄၀/၅၀ စီးလောက်ရှိတယ်” ဟု အထက်ပါ ကားသမားက ဆက်ပြောသည်။  မိုင်းပျဥ်း စစ်ဆေးရေးဂိတ်တွင် စစ်သားများ၊ ရဲများ၊ မူးယစ်ဆိုင်ရာ တာဝန်ရှိသူများ နှင့် အချို့ရက်များတွင် လဝက ယူနီဖောင်းဝတ်များ လည်း စောင့်ကြကြောင်း သိရသည်။ “သျှမ်းအရှေ့ဘက်ကို လာတဲ့ အဓိက လမ်းကြောင်း ဖြစ်နေတော့ ကားတွေက များပါတယ်၊ ဒါပေမဲ့ သူတို့ (စစ်သား) တွေက စစ်ဆေးပြီး  ၈ နာရီကျော်တာနဲ့ ပေးမဖြတ်တာတွေကြောင့် အချိန်က မကြာသင့်ပဲ ကြာရတယ်၊ အဲ့လိုတွေ ဆို ကျနော်တို့ ကားသမားတွမှ မဟုတ်ဘူး ခရီးသည်တွေလည်း နစ်နာတယ်၊ ကောင်းကောင်းမွန်မွန် သွားလာနိုင်ရင် တော့ ကောင်းတာပေါ့” ဟု ကားသမားတစ်ဦးက ဆက်ဆိုသည်။  https://burmese.shannews.org/archives/34584

၂၀။    ဘားအံတွင် လိုင်စင်မဲ့ကားနှင့် ဘေးတွဲဆိုင်ကယ်များကို ဖမ်းဆီးနေ
       May 9, 2023

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မေလ ၈ ရက်က လိုင်စင်မဲ့ကားနဲ့ ဘေးတွဲဆိုင်ကယ်တွေကို စတင်ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဘားအံမြို့ပေါ် ရပ်ကွက်တွေထဲမှာ ပြီးခဲ့တဲ့တပတ်တည်းက စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေက လိုင်စင်မဲ့ကားတွေနဲ့ ဘေးတွဲဆိုင်ကယ်တွေကို စီးနင်းရင် ဖမ်းဆီးမယ်လို့ အသံချဲ့စက်နဲ့ လိုက်လံကြေညာပြီးနောက် အခုလို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ ဘားအံမြို့မှာ အသုံးပြုနေတဲ့ မော်တော်ယာဥ်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ လိုင်စင်မဲ့ကားတွေ ဖြစ်ပြီး ၂၀ ရာခိုင်နှုန်းသာ လိုင်စင်ကားတွေကို အသုံးပြုနေကြတာပါ။

အရင်အစိုးရ အဆက်ဆက်တုန်းကလည်း အခုလို ဖမ်းဆီးတာမျိုးမရှိဘဲ စည်းကမ်းမဲ့ မောင်းနှင်တဲ့ လိုင်စင်မဲ့ကား တွေ ကိုသာဒဏ်ရိုက်တာမျိုးပဲရှိခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။ ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေကြတဲ့အချိန်မှာ လိုင်စင်မဲ့ ကားနဲ့ ဘေးတွဲဆိုင်ကယ်တွေကို အရေးယူမယ့်စီမံချက် စတင်လာတဲ့အတွက် မြို့နေလူထုအနေနဲ့ စားဝတ်နေရေး ပိုမိုခက်ခဲလာ နိုင်ကြောင်း ဘားအံစျေးအတွင်းမှ စျေးသည်တဦးက ဆိုပါတယ်။ ဒါ့အပြင် အခုလို ကြေညာချက်ထုတ်ပြီး မဖမ်းဆီးခင်တည်းက ဘားအံမြို့ပေါ်မှာရှိတဲ့ ဘေးတွဲဆိုင်ကယ်တွေကို စစ်ဆေးရေးဂိတ်မှာရှိတဲ့ ရဲနဲ့ စစ်သားတွေက ဖမ်းဆီးနေတာဖြစ်ပြီး အဖမ်းခံရတဲ့ သူတွေအနေနဲ့ ငွေကျပ် ၈ သိန်းခန့် ပေးပြီးမှ ပြန်လွှတ်ပေးတယ်လို့ သိရပါတယ်။ https://burmese.dvb.no/archives/592300

၂၁။   မိုင်းပေါက် ဆံပင်ညှပ်ဆိုင်တွင် ရောင်းစားခံရသည့် အမျိုးသမီးတဦး ထွက်ပြေးလွတ်မြောက်လာ
       May 9, 2023

“ဝ”ဒေသ၊ မိုင်းပေါက်မြို့ရှိ Sin ဆံပင်ညှပ်ဆိုင်မှာ ရောင်းစားခံရတဲ့ အမျိုးသမီးတဦး အုတ်တံတိုင်းကို ကျော်ခွပြီး ထွက်‌ ပြေးလွတ်မြောက်လာတယ်လို့ သိရပါတယ်။  ပွဲစားဖြစ်သူ အစ်မဝမ်းကွဲရဲ့ အဆက်အသွယ်နဲ့ တလသိန်း ၇၀ ဝင်ငွေရတယ် ဆိုတာကြောင့် အလုပ်ကို လုပ်ကိုင်နိုင်ဖို့ မိုင်းပေါက်မြို့ကို ရောက်လာပြီးမှ ရောင်းစားခံရ‌တာကို  သိရပြီး ၅ ရက်အကြာမှာ ထွက် ပြေးလွတ်မြောက်လာတာလို့ ပဲခူးမြို့နေ ရောင်းစားခံရသူ မအေးဝင်း(အမည်လွှဲ) က ပြောပါတယ်။ မအေးဝင်းဟာ လစာ ၁ သိန်း ၂ သောင်းရတဲ့ ရန်ကုန်မြို့က ဆံပင်ညှပ်ဆိုင်မှာ လုပ်ကိုင်ခဲ့ပြီး လစာငွေ နည်းတာကြောင့် ပွဲစားဖြစ်သူ အစ်မဝမ်းကွဲကတဆင့် ဝင်ငွေကောင်းတဲ့ မိုင်းပေါက်မြို့မှာ လာရောက်လုပ်ကိုင်တာလို့ ဆိုပါတယ်။ မအေးဝင်းဆီ က တရုတ်ယွမ်ငွေ ၃၀၀၀ နဲ့ အလုပ် ရှင်ဆီက ၂၀၀၀ စုစုပေါင်း တရုတ်ယွမ်ငွေ ၅၀၀၀ ကို ပွဲစားကရရှိပြီး ရန်ကုန်ကနေ မိုင်းပေါက်ထိ ကားခကိုလည်း တရုတ်ယွမ်ငွေ ၁၀၀၀ ပေးရတယ်လို့ ပြောပါတယ်။

ရောင်းစားခံရပြီး ပထမရက်နဲ့ ဒုတိယရက်ကိုတေ့ာ ဆံပင်ညှပ်ဆိုင်မှာ ဝင်လုပ်ခဲ့ရပြီးနောက် ပြည့်တန်ဆာလုပ်ဖို့ အတင်း စေခိုင်းခံရကြောင်း၊ မလုပ်နိုင်‌ရင် မြန်မာငွေ ၂၅ သိန်းအလျော်ပေးဖို့ ပြောလာတာကြောင့် ပို့‌တဲ့နေရာကို လိုက်သွားခဲ့ရတယ်လို့ မအေးဝင်းက ပြောပါတယ်။ အခန်းထဲမှာ ၃ ရက်လောက် နေခဲ့ရပြီး ဘာအလုပ်မှ မလုပ်ခဲ့ရဘဲ ထွက်ပြေးချိန်မှာ‌တေ့ာ ဖိနပ်မပါဘဲ ဖုန်းတလုံးနဲ့ တရုတ်ယွမ်ငွေ ၁ ထောင်ကိုသာ ယူဆောင်ခဲ့ရပြီး အဝတ်အိတ်နဲ့ ပါလာသမျှ ပစ္စည်းတွေကို ချန်ခဲ့ရတယ်လို့ ဆိုပါ တယ်။ Sin ဆံပင်ညှပ်ဆိုင်ဟာ အမည်ခံသာဖြစ်ပြီး နောက်ကွယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေကို အဓိကလုပ်ကိုင်နေပြီး သူဌေးက တရုတ်လူမျိုး ဖြစ်ပါတယ်။ ပြည့်တန်ဆာနဲ့ ကျားဖြန့်အလုပ်မှန်းသိပြီး ရောက် လာကြတဲ့သူတွေရှိသလို အချို့က ပွဲစား‌တွေ လိမ်လည်ရောင်းစားတာကြောင့် ဘာအလုပ်မှန်း သေချာမသိဘဲ ရောက်လာကြတာ ဖြစ်ပါတယ်။ မိုင်းပေါက်မြို့ကို အလုပ်လာလုပ်ချင်တဲ့ သူတွေကို ရောင်းစားခံရတဲ့ အခြေအနေက‌နေ ထွက်ပြေးလွတ်မြောက် လာတဲ့ မအေးဝင်းက “သေချာမေးမြန်းစုံစမ်းပြီးမှ သွားစေချင်တယ်။ ညီအစ်ကိုမောင်နှမတွေကိုလည်း မယုံရဘူး။ အစ်မဝမ်း ကွဲ က ဒီမှာပိုက်ဆံပိုရတယ်ပြောပြီး ခေါ်တာ။ ဆံပင်ညှပ်ဆိုင်မှာပဲ လုပ်ရမယ် ထင်နေတာ။ သေချာစုံစမ်းပြီးမှ သွားကြပါ”လို့ ပြောပါတယ်။ “ဝ”ဒေသ၊ မိုင်းပေါက်မြို့မှာ ကုန်ဈေးနှုန်း‌တွေ အရမ်းကိုမြင့်မားပြီး ကျားဖြန့်ကုမ္ပဏီတွေ များစွာရှိသလို လူကုန်ကူး မှု အများဆုံးရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။ https://burmese.dvb.no/archives/592303

၂၂။    လုံးခင်းတွင် ကားဝပ်ရှော့ပြင်ဆရာတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
       May 8, 2023

ဖားကန့်မြိုနယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှ ကားဝပ်ရှော့ပြင်ဆရာတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီး သွားကြောင်း ဒေသခံများထံမှ သိရသည်။ ‘ကိုဖိုးသား’ကားဝပ်ရှော့ဆိုင်မှ အသက် ၃၀ နှစ်ရွယ် ကားပြင်သည့် အမျိုးသားကို စစ်ကောင်စီတပ်က မေ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန်တွင် ဝင်ရောက်ဖမ်းဆီးသွားသည်ဟု လုံးခင်းဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။ “ဖမ်းသွားတဲ့လူက နာမည်အရင်းတော့မသိဘူး။ အများကခေါ်တာတော့ ကိုဖိုးသား လို့ပဲခေါ်တော့ ဖိုးသား လို့ပဲ သိရတယ်။ မနေ့က ရုတ်တရက်ဝင်ဖမ်းတာ သေနတ်တွေဘာတွေပစ်ဖောက်ပြီး ဝင်ဖမ်းတာ”ဟုပြောသည်။ ဖမ်းဆီးခံရသည့် အမျိုးသားကို စစ်ကောင်စီတပ်မှ လုံးခင်းယမ်းတိုက်ဘက်သို့ ဖမ်းဆီးခေါ်သွားသည်ဟု သိရသော်လည်း လက်ရှိအချိန်အထိ အဆက်အသွယ်မရှိသေးကြောင်းသိရသည်။

“ကားဝပ်ရှော့မှာက တခါတလေ ဒီဘက်က KIA၊ PDF ဘက်က ကားလေးဘာလေးလာပြင်ကြတာရှိတယ်။ ကားဝပ်ရှော့ ပဲလေး ကားတစ်ခုဖြစ်ရင် ဘယ်သူမဆိုလာပြင်မှာပဲ။ အဲဒါကို KIA၊ PDF နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းတာတဲ့” နောက် ထပ် အမျိုးသားတစ်ဦးက ပြောသည်။ ဖားကန့်တွင် ပြီးခဲ့သောလ ဧပြီလ ၁၀ ရက်နေ့ မှော်ဝမ်းရပ်ကွက်နေ ဦးမင်းအောင် ဖမ်းဆီးခံရမှု၊ ၁၈ ရက်နေ့ ဆိုင်းဖရာရွာသား ၃၀ ကျော်၊ ၂၁ ရက်နေ့ မှော်ဘုံရွာသား ၂၀၀ နီးပါး၊ ၂၆ ရက်နေ့ ဆန်ခါနှင့် မဇွပ်ယန် ရွာသား ၁၀၀ ကျော်ဖမ်းဆီးမှုနှင့် ၂၉ ရက်နေ့တွင် မလန်းယန်ရွာသား ၂၉ ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရမှုရှိခဲ့သည်။ https://burmese.k achinnews.com/2023/05/08/az1-192/

၂၃။   ရွှေကုက္ကိုလ်ဒေသတွင် မဲနှိုက်စနစ်ဖြင့် တပ်သားသစ်စုဆောင်းမှုများထပ်မံပြုလုပ်လျက်ရှိနေ
       May 8, 2023

မြဝတီမြို့မြောက်ဘက်၊ ရွှေကုက္ကိုလ်ဒေသတွင် မေလ ၆ ရက်နေ့မှစ၍ နယ်ခြားစောင့်တပ် (BGF) တပ် များနှင့် ရပ်ကွက် လူကြီးများက ဒေသခံရွာသားများကို မဲနှိုက်စနစ်ဖြင့် BGF အတွက် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုများ ထပ်မံပြုလုပ် လျက်ရှိနေကြောင်း ဒေသခံရွာသားများက ပြောသည်။ အဆိုပါ မဲနှိုက်စနစ်ကို ယခုလရက် ၂၀ အတွင်း သတ်မှတ်ထားပြီး ရွှေကုက္ကိုလ်ကျေးရွာရှိ ရပ်ကွက် တစ်ရပ်ကွက်လျှင် လူဦးရေ ၁၅ ယောက်နှုန်းဖြင့် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုများ ပြုလုပ် နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံရွာသာတစ်ဦးက ယခုလိုပြောသည်။ ၎င်းက “ပြီးခဲ့တဲ့တစ်နေ့က သူတို့ အစည်းအဝေးလုပ်တယ်။ တစ်ရပ်ကွက်ကို ၁၅ ယောက်စီသူတို့ခေါ် တယ်။ မဲနှိုက်လို့ပေါက်ရင် အဲ့ဒီလူသွားရတာပေါ့။ မဲကဗလာ လည်းပါတယ်။ အခုက မဲတော့မနှိုက်ရ သေးဘူး။ ရပ်ကွက်လူကြီးနဲ့ BGF တွေက လိုက်စုနေတယ်။ စစ်သားတွေမှမရှိကြတော့ တာ လိုက်ခေါ်ပြီး ပေါ့။ သူတို့မဲနှိုက်ဖို့ကို ရက် ၂၀ အတွင်း သတ်မှတ်ထားတယ်” ဟု ပြောသည်။ ထိုသို့ မဲနှိုက်ရသည့်စနစ်ဖြင့် တပ်သားသစ်စုဆောင်းရသည်မှာလည်း ဒေသခံရွာသားများအနေဖြင့် BGF တပ်သားလုပ်လိုသည့် စိတ်ဆန္ဒမရှိခြင်းနှင့် မလုပ်ရဲ ကြခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်းဒေသခံရွာသား က ဆက်ပြောသည်။

“ရွာကသူတွေဘယ်သူမှမလုပ်ရဲဘူး။ အခုချိန်မှာ ဘယ်သူမှလုပ်မရဲဘူး။ အဲ့တာသူတို့က အတင်းအဓမ္မခေါ်နေတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။ ထို့အပြင် ရွှေကုက္ကိုလ်ဒေသခံရွာသားများကို မဲနှိုက်စနစ်ဖြင့် တစ်ရပ်ကွက်လျှင် ၁၅ ယောက် စစ်သားစု ဆောင်းနေသလိုအနယ်နယ်အရပ်ရပ်မှ လာရောက်အလုပ်လုပ်ကိုင်သည့်လူများကိုလည်း ဆန်တစ်အိတ်နှင့် ထိုင်း ဘတ်ငွေ ၅၀၀ ဘတ်ပေးဆောင်ရကြောင်း ယာယီအလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ “ကျမယောက်ျားတို့ကို စစ်မှု မထမ်းနိုင်ရင် ဆန်တစ်အိတ်နဲ့ငွေရောပေးရမယ်တဲ့။ ဆန်အိတ်မပါရင် ၁၅၀၀ ဘတ်ပေးရတယ်။ ဆန်အိတ်ပါရင် ၅၀၀ ဘတ်ပဲ။ လက်မခံနိုင်ဘူး၊ ဆန်နဲ့ငွေမပေးနိုင်ဘူးပြောရင် ဖမ်းခေါ်သွားတာ။ မိန်းကလေးမပါဘူး။ ကျမတို့လို ယာယီနေထိုင်ခွင့်သမား တွေက ဆန်တစ်အိတ်နဲ့ ငွေ ၅ ရာပေးရမယ်”ဟု ပြောသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားရာတွင် စစ်ကောင်စီအရာရှိများ၊ တပ်သားများနှင့် BGF တပ်ဖွဲ့၀င်များအကျအဆုံး များနေသည့် အတွက် ယခုလို မဲနှိုက်ခေါ်ယူစုဆောင်းခဲ့ခြင်းဖြစ်ပြီး မလုပ်နိုင်သူအား ထိုင်းဘတ်ငွေ ၁၀,၀၀၀ အထိ ငွေ ပေး၍ လူအစားထိုးရှာဖွေပေးရကြောင်း တိုက်ပွဲဖြစ်နေရာများသို့ BGF တပ်သားအဖြစ် ပို့ဆောင်ခံ ထားရသည့် ဒေသခံ မိသားစုဝင် များက ပြောသည်။ https://kicnews.org/2023/05/% e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%80 %e1%80%af%e1

၂၄။    WFP ကနေ အထောက်အပံ့နဲ့ပတ်သက်ပြီး စံသတ်မှတ်ချက်တွေကို လွိုင်ကော်မြို့တွင်းမှာ လက်ကမ်းစာစောင်          ဖြန့်ဝေ
       May 8, 2023

ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့ (WFP) ကနေ ပေးမယ့် အထောက်အပံ့တွေနဲ့ပတ်သက်ပြီး စံသတ်မှတ်ချက်တွေ ကို လွိုင်ကော်မြို့တွင်းမှာ မေလပထမပတ်အတွင်း လက်ကမ်းစာစောင်ဖြန့်ဝေနေတာရှိတယ်လို့ လွိုင်ကော်မြို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ WFP ဟာ ယခင်က လွိုင်ကော်မြို့ပေါ်တွေမှာ အမည်နဲ့ နေရပ်လိပ်စာ အိမ်ထောင်စု စာရင်းတွေ ကိုသာ အဓိက ကောက်ယူပြီး ရိက္ခာအထောက်အပံ့ကို ထုတ်ဝေပေးခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေလာတဲ့အတွက် ပိုတိကျအောင် ဆောင်ရွက်သွားတဲ့ သဘောမှာရှိနေတယ်လို့ လွိုင်ကော် ဒေသခံတွေက ဆိုကြပါတယ်။ ‘’ဆန်ကတော့ လိုချင်တာပါပဲလူတိုင်း ၊ နောက်ခေတ်က ကြပ်တည်းလာတော့ မလိုအပ် တဲ့သူရယ်လို့လည်းမရှိလောက်ပါဘူး။ ပေးတော့လည်းယူ မပေးတော့လည်းမယူရုံပေ့ါ။‘’လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။ သတ်မှတ်ထားတဲ့ စံသတ်မှတ် ချက် နှစ်ဆင့်ရှိပြီး အဲဒီထဲက တစ်ဆင့်ကိုတစ်ချက် ကိုက်ညီရင် WFP က သတ်မှတ်ထားတဲ့ လျှောက်လွှာကိုလာရောက်ဖြည့်ပြီး ရိက္ခာရရှိနိုင်ဖို့ လျှောက်လွှာတင်နိုင်တယ်လို့ သိရပါတယ်။ စံသတ်မှတ်ချက်တွေထဲက ပထမအဆင့် သတ်မှတ်ချက်တွေကတော့ ပုံမှန်ဝင်ငွေမရှိပဲ ကျပန်းအလုပ်လုပ်ကိုင်နေရတဲ့ အိမ်ထောင်စုနဲ့ ပုံမှန်ဝင်ငွေ တစ်လ တစ်သိန်းနှစ်သောင်းကျပ်အောက်ရရှိပြီး မိသားစုဝင် ၄ ယောက်နဲ့အထက်ကို ထောက်ပံ့နေတဲ့ အိမ်ထောင်စု တို့ ဖြစ်ပါတယ်။

ဒုတိယ အဆင့်သတ်မှတ်ချက်တွေကတော့ မသန်စွမ်းရှိသော အိမ်ထောင်စု၊ ကိုယ်ဝန်ဆောင် (သို့မဟုတ်) ၆ လ အောက် ကလေးနို့တိုက်မိခင်ရှိသော အိမ်ထောင်စု၊ အမျိုးသမီး(သို့မဟုတ်) ကလေးဦးဆောင်ပြီး လုပ်ကိုင်စားသောက်နေရတဲ့ အိမ်ထောင် စု၊ စီးပွားဖြစ် ပစ္စည်းပိုင်ဆိုင်မှုမရှိသူ (သို့မဟုတ်) အနည်းငယ်သာရှိတဲ့ အိမ်ထောင်စု၊ သက်ကြီးရွယ်အို( သို့မဟုတ်) ကလေးများ သာရှိတဲ့ အိမ်ထောင်စု စတဲ့ သတ်မှတ်ချက်တွေဖြစ်ပါတယ်။ စစ်ဘေးရှောင်အိမ်ထောင်စုတွေကို WFP ကနေ ပိုမိုဦးစားပေး ရွေးချယ်ပေးသွားမယ်လို့လည်း လက်ကမ်းစာစောင်မှာ ဖော်ပြထားပါတယ်။ လွိုင်ကော်မြို့ပေါ်မှာ ရောက်ရှိနေကြတဲ့ တစ်နယ် တစ်ခြားမြို့က စစ်ဘေးရှောင်တွေဟာ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ စစ်ရှောင်အဖြစ် သွားရောက်နေထိုင်ကြတာမျိုး ရှိနေပါ တယ်။ WFP ကတော့ လစာဝင်ငွေ တစ်သိန်းနှစ်သောင်းကျပ်နဲ့ အထက်ရှိတဲ့ အိမ်ထောင်စု၊ ကိုယ်ပိုင်လုပ်ငန်းတွေရှိနေတဲ့ အိမ်ထောင်စု၊ လယ်ယာမြေ ၂ ဧကနဲ့အထက်ရှိပြီး လုပ်ကိုင်စားသောက်ခွင့်ရတဲ့အိမ်ထောင်စု၊ စီးပွားဖြစ် လုပ်ကိုင်စားသောက် လို့ရတဲ့ ပစ္စည်းတွေရှိတဲ့ အိမ်ထောင်စု၊ ပုံမှန်ဝင်ငွေမရှိပေမယ့် တခြားအဖွဲ့အစည်းရဲ့ အထောက်အပံ့ကို ရရှိနေတဲ့ အိမ်ထောင်စု၊ ပြည်တွင်း ပြည်ပ ကိုရောက်ရှိနေတဲ့ မိသားစုအထောက်အပံ့တွေနဲ့ စားသောက်နေထိုင်နိုင်တဲ့ အိမ်ထောင်စု တွေကိုတော့ အထောက်အပံ့တွေကို ရရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ‘’တကယ်လိုအပ်တဲ့ သူတွေရသွားရင်တော့ ဝမ်းသာပါတယ်၊ ဒါပေမဲ့ သူတို့သတ်မှတ်ထားတဲ့ အချက်လက်တွေကို သူတို့ ဘယ်လိုဖော်ထုတ်မလဲ၊ အချို့လည်း အရမ်းခက်ခဲနေပေမဲ့ သူတို့ သတ်မှတ် ထားတဲ့ အချက်တွေနဲ့ သွေဖယ်နေတာမျိုးလည်းရှိနိုင်တာပဲ။‘’လို့ ဒေသခံတစ်ဦးမှ သုံးသပ်ထားပါတယ်။ https://www.kantar awaddytimes.org/wfp-%e1%80%80%e1%80%94%e1%80%b1%e1%80%a1%e1%80%91%

၂၅။    ပုဏ္ဏားကျွန်းတွင် ရေခမ်းခြောက်ပြီး သောက်သုံးရေအခက်ကြုံ
        May 9, 2023

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မြောက်ဘက်ကျေးရွာတွေမှာ နှစ်စဥ်ဖြစ်မြဲအတိုင်း ရေကန်နဲ့ ရေအရင်းအမြစ်တွေ ခန်းခြောက်တာကြောင့် ရေအခက်အခဲနဲ့ ကြုံတွေ့နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရခိုင်ပြည်နယ်မှာ အများအားဖြင့် ကျောက်ဖျာခံတတ်တာမို့ ရေတွင်းတူးဖို့ မလွယ်ဘဲ ရေကန်တွေကိုတူးကာ မိုးရာသီမှာ ရေလှောင်ထားရပါတယ်။ ရေတွေက နွေရာသီအထိ လှောင်ထားနိုင်ပေမဲ့ ရာသီဥတုပူပြင်းမှုကြောင့် ကန်ထဲကရေတွေဟာ နွေမလွန်ခင်မှာပဲ ခန်းခြောက်သွားလေ့ရှိ တာမို့ ရခိုင်ပြည်နယ် နေရာအတော်များများက နွေရာသီတိုင်းမှာ ရေအခက်အခဲ ပြဿနာတွေ ရင်ဆိုင်ရကြတာလို့ ဒေသခံတွေ က ပြောပါတယ်။

ရေအခက်အခဲကြုံနေရတဲ့ နေရာတွေကို သွားရောက် ရေလှူဒါန်းတဲ့ မြိုမျိုးဆက်သစ်လူငယ်အဖွဲ့ ဦးဆောင်သူလူငယ် တဦးက “ကိုယ်ထူကိုယ်ထပါပဲ။ အလှူရှင်တွေ ချိတ်ဆက်ရှာဖွေပြီး လှူရတာပါ။ ပုဏ္ဏားကျွန်းမြောက်ဘက်မှာဆို ၁၀ ရွာလောက် ရေခန်းသွားပြီ။ အကြမ်းဖျင်း အိမ်ခြေ ၁,၀၀၀  လောက်ရှိမယ်ထင်ပါတယ်” လို့ ပြောပါတယ်။ ၁ ကြိမ်ကို ရေလီတာ ၃,၀၀၀ လှူဒါန်းနိုင်ဖို့ ရေပုံးငှားခ၊ ဓာတ်ဆီဖိုး၊ ကားငှားခ အပါအဝင် ကျပ်တသိန်းကျော်လောက် ကုန်ကျတယ်လို့ ဆိုပါတယ်။ တချို့ ကျေးရွာတွေက ရွာရှိလူဦးရေနဲ့ ရေကန်မမျှတတာမျိုးရှိပြီး တချို့ကျေးရွာတွေကတော့ စိမ့်ရေတွင်းရှိတတ်တာမို့ စိမ့်ရေတွင်းက ထွက်တဲ့ရေကို မျှဝေသောက်သုံးကြရတဲ့ ရွာတွေလည်း ရှိပါတယ်။ https://burmese.d vb.no/archives/592369

၂၆။   မြိတ်-တနင်္သာရီ လမ်းပိုင်းကို စစ်ကောင်စီက အသုံးပြုခွင့် တစ်ပတ်ပိတ်မည်ဟု သတင်းများ ထွက်ပေါ်နေ
       May 9, 2023

မြိတ်-တနင်္သာရီ သွား လမ်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၇ ရက်နေ့မှ ၁၃ ရက်နေ့ အထိ လမ်းအသုံးပြုခွင့် ပိတ် မည်ဖြစ်ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မြိတ်-တနင်္သာရီ သွား လမ်းပိုင်းတစ်ခုဖြစ် သော တကူ-ဇဝဲလမ်းဆုံတွင် စစ်ကောင်စီ တပ်ဖွဲ့က အမြဲတမ်း ဂိတ်ချ စစ်ဆေးနေသည့် ဂိတ် တစ်ခုလည်း ဖြစ်သည့်အပြင် ခရီး သွား ပြည်သူများထံမှ ငွေကြေး တောင်းကြမ်းသည့် ဂိတ်လည်း ဖြစ်ကြောင်း ဒေသခံများက ပြော သည်။ ဇဝဲကျေးရွာနေ ဒေသခံ တစ်ဦး”မနေ့က လမ်းပိတ်တယ် ဆိုပြီးသတင်းတွေထွက်နေတာကြားရတယ်၊ စစ်တပ်ဘက်ကတော့ ဘယ်လိုပုံစံမျိုး ထုတ်ပြန် ထားလည်းတော့ မသိရဘူး”ဟု ပြောသည်။ အဆိုပါ လမ်းပိုင်း၌ ယင်းနေ့တွင် စစ်ကောင်စီ တပ်ဖွဲ့ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံ ခဲ့ရပြီးနောက် ယခုလို လမ်းအသုံးပြုခွင့် ပိတ်လိုက်ခြင်းဖြစ်ပြီး မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှု အခြေအနေ အား မသိရသေးကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီ ယာဉ်တန်းကို မည်သည့်အဖွဲ့ကပြုလုပ်ခဲ့သည်ကို လက်ရှိအချိန်အထိ သတင်း ထုတ်ပြန်ခြင်း မရှိသေးသလို မိုင်းဆွဲခံရမှုကြောင့် ကြားညှပ်ပါလာသည့် ခရီးသွားယာဉ်တစ်စီးလည်း ထိခိုက်မှုရှိခဲ့၍ ခရီးသွား ပြည်သူ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့‌သည်။ ထိခိုက် ဒဏ်ရာ ရရှိခဲ့‌သူများအား မြိတ်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေရကြောင်း ဒေသတွင်း အခြေစိုက် လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့ဆီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  “မနေ့ကတော့ စစ်တပ်က သူတို့လမ်းပိတ်တယ်ဆိုပြီး သတင်းတွေလွှင့်ထားတာတော့ကြားရတယ် တရားဝင် ထုတ်ပြန်တာမျိုး တော့ မတွေ့ရသေးဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ လက်ရှိ စစ်ကောင်စီတပ်ဖွဲ့က လမ်းအသုံးပြု ခွင့် ပိတ်လိုက်သည့် စစ်ဆေးရေးဂိတ် လမ်းဆုံသည် တကူ-ဇဝဲ လမ်းဆုံဖြစ်ပြီး ယင်းလမ်းပိုင်းသည် မြိတ်-တနင်္သာရီ အသွား/ အပြန် အဓိကအသုံးပြုသွားလာနေရသည့် လမ်းပိုင်းလည်းဖြစ်သည်။ https://www.facebook.com/westernnewsagency /photos/a.119286173211229/75885 4502587723/

၂၇။    ကာမိုင်းမြို့ စစ်ရှောင်များ ရွှေ့ပြောင်းပေးမည့် မြေ (၁၉) ဧက အား ရှင်းလင်းရန် အလှူငွေလိုအပ်နေ
        May 9, 2023

ကချင်ပြည်နယ်၊ ကာမိုင်းမြို့၊ ထွယ်ဆန်ယန်ရပ်ကွက်က ကချင်နှစ်ခြင်းခရစ်ယာန်(KBC)အသင်းတော် ဘုရားကျောင်း ဝင်းမှာနေထိုင်ကြတဲ့ စစ်ရှောင်တွေကို ရွှေ့ပြောင်းပေးမယ့်နေရာက မြေ (၁၉) ဧကကို ရှင်းလင်းဖို့နဲ့ တခြားလိုအပ်တာတွေ လုပ်ဖို့ အတွက် အလှူငွေတွေလိုအပ်နေတယ်လို့ သိရပါတယ်။ အဲဒီမြေပေါ်မှာ  သစ်ငုပ်တွေတူးဖော်ဖို့၊ လမ်းဖောက်လုပ်ဖို့၊ ရေတွင်းတူး ဖို့နဲ့ တံတားနှစ်စင်းလုပ်ဖို့၊ အိမ်ဆောက်လုပ်ဖို့ စတာတွေအတွက် ကုန်ကျငွေတွေလုပ်အပ်နေတယ်လို့  စစ်ရှောင်အမျိုးသား တစ်ဦးက ပြောပါတယ်။ “ဒီလုပ်ငန်းက ပိုက်ဆံမရှိရင် ဘာမှလုပ်လို့မရဘူး။ လုပ်ရမယ့်အဓိက လိုအပ်ချက်တွေက လမ်းတွေ၊ တံတားတွေဟုတ်တယ်။ ပိုက်ဆံပေါ်မူတည်ပြီးလုပ်ရမယ်။ အခုက ဆီဈေးလည်း အရမ်းတက်နေတာဆိုတော့ ဆီဈေးကို ကြည့် ပြီး အကွက်တွေဖော်ယူဖို့ အများကြီးရှိတယ်။”လို့ဆိုပါတယ်။ အခုချိန်ထိ ကူညီပေးမယ့်အလှူရှင်တွေ မရှိသေးတဲ့အတွက် သစ်ပင်ခုတ်တာတွေနဲ့ ခြံရှင်းတဲ့ လုပ်ငန်းတွေကိုပဲ လုပ်နိုင်သေးကြောင်းနဲ့ ပိုက်ဆံမရှိတဲ့အတွက် သစ်ငုပ်တူးဖို့အထိ မတတ်နိုင် သေးဘူးလို့ ဆက်လက်ပြောပါတယ်။

သစ်ငုတ်ရှင်းဖို့ ဓာတ်ဆီ ၂၀ ပေပါ ဝန်းကျင်လောက်လိုအပ်ပြီး အရှည်ပေ ၂၀ လောက်ရှိတဲ့ တံတားနှစ်စင်းဆောက်ဖို့နဲ့ ရေတွင်းတူးဖို့ ကုန်ကျငွေတွေ လိုအပ်နေတဲ့အတွက် ဝိုင်းဝန်းကူညီပေးကြဖို့ စစ်ရှောင်ပြည်သူတွေ တောင်းဆိုနေကြပါတယ်။ ဒီလုပ်ငန်းတွေပြီးစီးရင် နေအိမ် ၂၆ လုံး ဆောက်လုပ်ဖို့ ကုန်ကျငွေပြန်လိုအပ်ဦးမှာ ဖြစ်တယ်လို့လည်း ကောင်ရာ KBC အသင်း တော် မှာရှိတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီစစ်ရှောင်တွေဟာ လွန်ခဲ့တဲ့ ၅ နှစ်က တိုက်ပွဲကြောင့် ဖားကန့်မြို့နယ်၊ လိုင်နောင်းခူး(မန်ဝိုင်)ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံ ၁၂၇ ဦးဖြစ်ပြီး အခုထိ လက်နက်ကိုင်တွေ ရွာအတွင်း စစ်ရေးလုပ်ရှားမှုတွေ ရှိနေသေးတောကြောင့် ကာမိုင်းမြို့၊ ကောင်ရာရပ်ကွက် (၃) မှာ ရွှေ့ပြောင်းနေထိုင်နိုင်အောင် စီစဉ် ဆောင် ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ အိမ်ထောင်စု ၂၆ စုနဲ့  လူဦးရေး ၁၂၇ ဦးရှိပြီး ကျောင်းတက်မယ့် ကလေး အယောက် ၄၀ ဦး ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ https://www.facebook.com/myitkyinanewsjourn al.mm/photos/pcb.1891785774521 

၂၈။    မွန်အမျိုးသားကောလိပ်က သင်တန်းသားသစ်များခေါ်ယူ
        May 9, 2023

မွန်ပြည်သစ်ပါတီ၊ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသ မွန်အမျိုးသားပညာရေးဗဟိုဌာန ညီစားစခန်းမှာဖွင့်လှစ် ထားတဲ့ မွန်အမျိုးသားကောလိပ် (Mon National College)က  ၂၀၂၃-၂၄ ပညာသင်နှစ်အတွက် သင်တန်းသားသစ်တွေ ခေါ်ယူ နေပါတယ်။ သင်တန်းလျှောက်လွှာတွေကို မွန်အမျိုးသားပညာရေးဌာနတွေနဲ့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတွေမှာ သွား ရောက်ထုတ်ယူနိုင်ပြီး မွန်အမျိုးသားကောလိပ်ရဲ့ အင်တာနက် စာမျက်နှာမှာလည်း ဒေါင်းလုပ်ပြုလုပ်ကာ မေ ၁၅ ရက် နောက် ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ Social Science၊ Mass Media and Journalism၊ Leadership and Management၊ Education Teaching၊ Education Management၊ Mon Literature စတဲ့ဘာသာရပ် ၆ ခုကို သင်ကြားခဲ့ပြီး အခုနှစ်မှာ Nursing ဘာသာရပ်ကိုပါ ထည့်သွင်းသင်ကြားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ပညာသင်နှစ်အတွက် ကျောင်းဝင်ကြေး ပထမနှစ် ကျပ် ၁၀ သိန်း၊ ဒုတိယနှစ် ၁၂ သိန်း သတ်မှတ်ထားပေမဲ့ အခုနှစ်မှာ ကုန်စျေးနှုန်းအခြေအနေကြောင့် ပထမနှစ် ၁၅ သိန်း၊ ဒုတိယနှစ် ၂၃ သိန်း ပြောင်းလဲသတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းကတာဝန်ရှိသူက “Language တခုကို Focus လုပ်ထားတယ်။ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာ အဓိကပေါ့၊ သင်တန်းကြေးကလည်း တခါတည်း သွင်းစရာမလိုဘူး။ တတ်နိုင်သလောက် ခွဲသွင်းလို့ ရပါတယ်” လို့ ပြောပါတယ်။ လျှောက်ထားသူ တွေဟာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမှာဖြစ်ပြီး တတ်ရောက်ခွင့်ရသူတွေဟာ ကောလိပ်မှာ ၃ နှစ် ပညာသင်ကြားရပြီး ၂ နှစ် ပြန်လည် တာဝန်ထမ်းဆောင်ရမယ်လို့ သိရပါတယ်။ အခုနှစ်သင်တန်းကို ၂၀၂၃ ခုနှစ် ဇွန်လမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး မွန်အမျိုးသား ကျောင်းအသီးသီးမှ ၁၀ တန်းအောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို နိုင်ငံခြားတက္ကသိုလ်တွေဆီ သွားရောက် ပညာ သင်ကြားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ https://burmese.dvb.n o/archives/592328

၂၉။    မန်တုံမြို့နယ် ပန်ယောင်ရွာမှ အမျိုးသမီးငယ်တစ်ဦး လားရှိုးမှာအလုပ်သွားလုပ်ရင်း အဆက်အသွယ်မရ                   ပျောက်ဆုံးနေ
       May 8, 2023

တအာင်း(ပလောင်)ဒေသ မန်တုံမြို့နယ် နားအော်ကျေးရွာအုပ်စု ပန်ယောင်ရွာခံ လွေးအမ်ကလျာ (၁၇ နှစ်)ဟာ လားရှိုး မှာ အလုပ် သွားလုပ်ရင်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ အစ်ကိုဖြစ်သူက ပြောပါတယ်။ သူမ အလုပ် လုပ်ခဲ့တဲ့ ဆိုင်ဟာ လားရှိုးမြို့ ရပ်ကွက်(၁၂) နယ်မြေ ၇ နွားနို့ဆိုင်တစ်ဆိုင်ဖြစ်ပြီး သူမဟာ ပြီးခဲ့တဲ့ မေလ ၃ ရက်ကတည်းက ဆိုင်ရှင်ကို တစုံတရာ ပြောဆိုတာမရှိဘဲ ဆိုင်ကနေ ထွက်သွားရာကနေ ပျောက်သွားတာလို့ ဆိုပါတယ်။ အစ်ကိုဖြစ်သူက “သူနဲ့လည်း အဆက်အသွယ်မရဘူး။ ကျနော့်အဖေလည်း နေမကောင်းဘူး။ သူပျောက်သွားတာ သိတော့ အရမ်းစိတ်ပူနေတာ။ သူ့ဖုန်းလည်း ဆက်လို့မရဘူး” လို့ ပြောပါတယ်။ မိသားစုဝင်တွေက သူမအတွက် စိတ်ပူနေတာကြောင့် မိသားစုကို ဆက်သွယ်လာပေးဖို့နဲ့ သူမကို တွေ့ရှိသူတွေအနေနဲ့ ဖုန်း 09-251 924 079/09-769 109 182 သို့ ဆက်သွယ်လာပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ http s://www.facebook.com/photo/?fbid=562845196022749&set=a.404503215190282

၃၀။   ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း-၂ ၊ အပတ်စဥ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ             ကျင်းပ
      May 8, 2023

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃) အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း – ၂ ၊ အပတ်စဥ် (၆) သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း မြိတ်ခရိုင်၊ တပ်ရင်း – ၂ ၏ တာဝန်ရှိသူ ထံမှ သိရသည်။ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့တွင်ပြုလုပ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း – ၂၊ အပတ်စဥ် (၆) သင်တန်းဆင်း ရဲဘော်များမှ  စစ်ကြောင်းပုံစံဖြင့် ချီတက်နေရာယူကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အလံတော်အား အလေးပြုခြင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ သစ္စာအဓိဌာန် ၄ ချက်အား ရွတ်ဆိုခြင်း၊ ကတိသစ္စာရေ တိုက်ကျွေးခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း – ၂ ၏ တာဝန်ရှိ ပုဂ္ဂိုလ်များမှ မိန့်ခွန်းစကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားအစီအစဥ် နောက်ဆုံးတွင် မြိတ်ခရိုင်၊ တပ်ရင်း – ၂၊ အပတ်စဥ် ၆ သင်တန်းဆင်း ရဲဘော်များမှ တာဝန်ရှိသူ များကို စစ်ကြောင်းပုံစံဖြင့် အလေးပြုကာ အခမ်းအနားအစီအစဥ်အား အောင်မြင်စွာဖြင့် ပိတ်သိမ်းခဲ့ကြောင်း တပ်ရင်း – ၂ ၏ တာ ဝန်ရှိသူက ပြောသည်။ အဆိုပါ အခြေခံစစ်ပညာ သင်တန်းနှင့်ပတ်သက်၍ ” သင်တန်းသား ဦးရေ ၁၀၀ နီးပါးနဲ့ ရာသီဥတုက အရမ်းပူတော့ သင်တန်းကာလကို အချိန်တစ်လနဲ့ပဲ သင်ကြားခဲ့တယ်”ဟု ၎င်းက ပြောကြားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ မြိတ်ခရိုင်၊ တပ်ရင်း – ၂၊ တနင်္သာရီမြို့နယ် (ပ.က.ဖ)၊ မြိတ်မြို့နယ် (ပ.က.ဖ)၊ ကျွန်းစုမြို့နယ် (ပ.က.ဖ) တို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာအနီးရှိ စစ်ကောင်စီ လက်အောက်ခံ ဂိတ်စခန်းကို ချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ သေနတ် ၁ လက်ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရှိရသည်။ https://ww w.facebook.com/photo/?fbid=796008468555210&set=p cb.796008488555208

၃၁။    Flower Group ကုမ္ပဏီ မင်းထက်လင်း ရှယ်ယာရှင်များနှင့် ငွေကြေးဖြေရှင်းရန်အတွက် ပျောက်ဆုံးနေ
        May 8, 2023

သျှမ်းပြည် လားရှိုးမြို့နယ် အခြေစိုက် Flower Group ကုမ္ပဏီပိုင်ရှင် မင်းထက်လင်းသည် ရှယ်ယာများထံ ကျပ်သိန်း ၄၀ ဘီလီယံ လိမ်လည်ပြီး လက်ရှိပျောက်ကွယ်နေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ Flower Group ကုမ္ပဏီပိုင်ရှင် မင်းထက်လင်း သည် ပြီးခဲ့သည့် မေလ ၄ ရက်မှစ ကျန်းမာရေး အခြေအနေကြောင့်ဟုဆိုကာ ယနေ့အချိန်ထိ လူရှေ့တွင် ပျောက်ကွယ်နေလျက် ရှိကြောင်းသိရသည်။ ထိုသို့ ပျောက်ကွယ်ရခြင်းသည် ပြီးခဲ့သည့် မေ ၄ ရက်တွင် Flower Group ကုမ္ပဏီပိုင်ရှင် မင်းထက်လင်း နှင့် ရှယ်ယာတို့ ရဲစခန်းတွင် တွေ့ဆုံခဲ့ပြီး Flower Group ပိုင်ဆိုင်မှုများကို ရှယ်ယာရှင်များထံ အပ်နှံပေးရန်အတွက် လက်မှတ် ထိုးခိုင်းရာမှ ပျောက်ကွယ်သွားကြောင်း သိရသည်။ “ မေ ၄ ရက်‌နေ့ကတည်းက ပျောက်သွားတာ။ အဲ့နေ့က ရဲစခန်းမှာ တွေ့ကြ ပြီးတော့ သူ့ပိုင်ဆိုင်မှုတွေကို ကျမတို့ ရှယ်ယာတွေလက်ထဲအပ်ဖို့ လက်မှတ်ထိုးခိုင်းတာ။ အဲ့တာကို နေမကောင်းလို့ ဆေးရုံ တက်ရတယ်ပြီးတော့ အခုထိ ပျောက်သွားတာ။ အဲ့နေ့ကစပြီးတော့ လူကို မတွေ့ရတော့ဘူး။ ပြီးတော့ အဲ့နေ့ကလည်း လက်မှတ် မထိုးလိုက်ရဘူး ” ဟု Flower Group ရှယ်ယာပါဝင်ထားသည့် အမျိုးသမီး တစ်ဦး ကပြောသည်။

Flower Group ဒါရိုက်တာ မင်းထက်လင်း သည် ၎င်းပိုင်ဆိုင်မှုအတွက် လက်မှတ်ရေးထိုးပေးရန် ၎င်း၏ နောက်ကြောင်း နှင့် ဘဏ်မှတ်တမ်းများကို မစစ်ဆေးရန်အတွက် ရှယ်ယာများကို ပြောဆိုခဲ့ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။ မင်းထက်လင်းသည် ၎င်းနာမည်ဖြင့် မြေတွေဝယ်ယူထားပြီး ဆိုင်းဘုတ်ကို Flower Group ပိုင်ဆိုင်သည်ဟု တပ်ဆင်ထား ကြောင်း သိရသည်။ “ ကျမတို့ အခု သူ့ပိုင်ဆိုင်မှုကို သိမ်းထားဖို့ မြေပဲရှိတယ်။ မြေကလည်းတန်ဖိုး သိန်း ၈ သောင်းလောက်ပဲရှိ တယ်။ ဒါအခုကာလပေါက်ဈေးနဲ့တွက်ထားတာပါ။ ဒါကိုလည်း အစတော့ထင်ထားတာ Flower Group ကုမ္ပဏီနာမည်နဲ့ ဝယ်မယ်ထင်တာ။ သူ့နာမည် နဲ့ ဝယ်ထားတာ။ ပြီးတော့ ဆိုင်းဘုတ်လာထောင်တော့ Flower Group ဆိုပြီးထောင်ထားတာ။ ဒါကြောင့် ကျမတို့ အခုရှယ်ယာတွေက အဲ့မြေကို သူလက်မှတ်မထိုးပေးရင် သိမ်းလို့မရဘူးဖြစ်နေတာ” ဟု ရှယ်ယာပါဝင်သူက ပြောသည်။ Flower Group ကုမ္ပဏီတွင် ရှယ်ယာပါဝင်ထားသူ ၈ ထောင်ကျော်ရှိထားပြီး ရင်းနှီးမြှုပ်နှံထားမှု ကျပ်သိန်း ၄၀ ဘီလီယံ ရှိကြောင်း ကုမ္ပဏီ၏ အထက်ကြီးပိုင်းထံတွင် သိရှိရသည်။ https://burmese.shannews.org/archives/34591

၃၂။    ဧပြီလ (၂၆) ရက်နေ့က ပျောက်ဆုံးနေတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးရဲ့ သေဆုံးနေတဲ့ ရုပ်လောင်းကို ပြန်လည်          တွေ့ရှိ
        May 8, 2023

ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ဧပြီလ (၂၆) ရက်နေ့ ညက ပျောက်ဆုံးသွားခဲ့တဲ့ အသက် (၄၀) အရွယ် စစ်ရှောင်အမျိုးသား တစ်ဦးရဲ့ ရုပ်အလောင်းကို မေလ (၈)ရက်နေ့ မနက် (၉) နာရီဝန်းကျင်မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ (၃)ရက်လောက်က သူ့လက်ကိုင်ဖုန်းကို တောထဲတစ်နေရာမှာ ရှာတွေ့ခဲ့ပြီး ဒီကနေ့ မနက်ပိုင်း မှာတော့ တောထဲတစ်နေရာမှာ သေဆုံးနေတဲ့ ရုပ်အလောင်းကို အဖေဖြစ်သူက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်အလောင်းကိုတော့ ကောက်ယူလို့ မရတော့တာကြောင့် တွေ့ရှိခဲ့တဲ့ နေရာမှာပဲ မီးရှို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ အမျိုးသားဟာ စစ်ဘေးရှောင်တစ်နေရာကနေ ပျောက်ဆုံးနေသူဖြစ်ပြီး စတင်ပျောက်ဆုံးကတည်းက သူနဲ့အတူ စစ်ဘေးရှောင်နေသူများက (၁၂) ရက်တိတိ လိုက်လံရှာဖွေခဲ့ကြရာ မေလ (၈) ရက်နေ့မှာ ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ ရှိခဲ့ကြတာ ဖြစ်ပါတယ်။ https://www.kantarawaddytimes.org/% e1%80%92%e1%80%ae%e1%80%b8%e1%80%99 %e1%80%b1%e1%80 

၃၃။   ဟွေးတွေရွာခံ ၄ ဦးကို SSPP က ရွာထဲ ဝင်ဖမ်းလို့ ရွာလုံးကျွတ် ထွက်ပြေးနေရ
       May 8, 2023

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ဟွေးတွေကျေးရွာခံ ၄ ဦးကို ရှမ်းပြည် တပ်မတော် (SSPP/SSA)က မေလ ၅ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဒေသခံတွေကို အခုလို ဖမ်းဆီးသွားတာကြောင့် ဟွေးတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ထွက်ပြေးနေသူတစ်ဦးက ပြောပါတယ်။ “အစက SSPP က ရွာမှာ လူသုံးယောက် ခေါ်တာ။ သူတို့စစ်တပ်ထဲ တာဝန်ထမ်းဆောင် ဖို့ သွားရမယ်။ အဲလူ သုံးယောက်ကလည်း ထွက်ပြေးလိုက်တယ်။ ထွက်ပြေးတဲ့နေ့ ညမှာပဲ SSPP တပ်သားတွေ ရွာထဲဝင်ပြီး ဖမ်းသွားကြတယ်။ အကုန်ကြောက်လို့ (မေ ၆ ရက်)နဲ့ ဒီနေ့ (မေ ၇ ရက်)မှာ အကုန်ထွက် ပြေးတယ်” ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၄ ဦးထဲမှာ ကျေးရွာဥက္ကဋ္ဌလည်း ပါဝင်ပြီး ရွာထဲမှာ အသက်ကြီးတဲ့ အဖွားတစ်ဦးသာ ကျန်ရှိနေတယ်လို့ ၎င်းက ဆိုပါတယ်။

ဟွေးတွေရွာဟာ အိမ်ခြေ ၅၀ ဝန်းကျင်ရှိပြီး ထွက်ပြေးနေတဲ့ ဒေသခံတွေလည်း တစ်စုတစ်စည်းတည်း ထွက်ပြေးနေ တာမဟုတ်ပဲ ကြုံရာနေရာသို့ ထွက်ပြေးနေရတယ်လို့ ၎င်းက ဆိုပါတယ်။ “တချို့က ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတယ်။ တချို့ က အမျိုးတွေဆီ သွားနေကြတယ်။ တောတောင်တွေမှာ ထွက်ပြေးနေကြတယ်။ အခုလောလောဆယ် ရွာမှာရှိတဲ့ အဖွားက အသက်ကြီးတော့ သူလည်း မသွားနိုင်ဘူး ထားခဲ့လိုက်ရတယ်။ အဖွားအတွက်လည်း စိတ်ပူနေရတယ်” ဆိုပြီး ၎င်းက ဆက်ပြော ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာလည်း ဟွေးတွေရွာ ခံ ၂ ဦးဟာ SSPP တပ်ဖွဲ့ထဲ တာဝန်ထမ်းဆောင်ဖို့ သွားရောက်ခဲ့ရပါတယ်။ https://www.facebook.com/photo?fbid=562888732685062 &set=a.404503215190282

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။