• Today is: Saturday, May 18, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ်လူမျိုပေါင်းစုံသတင်း

(No. 43, May 30, 2023)

၁။   မေ ၂၇ ရက် တိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေး ရဲဘော် ၈ ဦးနဲ့ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံး
      May 29, 2023

စစ်ကောင်စီနဲ့ ကရင်နီပြည် တော်လှန်ရေး တပ်တွေအကြား မေလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်တွေ ၈ ဦးအထိ ကျဆုံးခဲ့ရတယ်လို တပ်ဖွဲ့အသီးသီးတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ အဲ့ဒါအပြင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း သေဆုံးခဲ့ရပြီး အရပ်သား ပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မေလ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်ဟာ ရှမ်း-ကရင်နီနယ်စပ်နဲ့ ကရင်နီပြည် အ တွင်း လေကြောင်းတွေနဲ့ အကြိမ်ကြိမ်တိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ အဆက် မပြတ်ပစ်ခတ်တာတွေကြောင့် တော်လှန်ရေး ရဲဘော်တွေ၊ အရပ်သားတွေ သေဆုံးခဲ့ရတဲ့အပြင် ဘုန်ကြီးကျောင်းအပါအဝင် ပြည်သူလူထုနေအိမ်တွေလည်း ပျက်စီးခဲ့ရပါ တယ်။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် မေလ ၂၇ ရက်နေ့မှာ ကယား(ကရင်နီ‌) တော်လှန်ရေး တပ်ပေါင်းစု KRU ရဲ့ Medic Unit (Demoso) ဆေးတပ်ဖွဲ့ မှ ဆေးတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးနဲ့ ရဲမေ ၂ ဦးဟာ ရှေ့တန်းတစ်နေရာမှာ တာဝန်ထမ်းဆောင်နေစဉ် ကျဆုံးခဲ့ရတယ်လို့ အဲ့ဒီအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

“ကျွန်တော်တို့ ထိခိုက်ဒဏ်ရာရတိုင်း ဆရာ၊ ဆရာမတွေက ကျွန်တော်တို့ကို အစွမ်းကုန် ကုသပေး နှစ်သိမ့်ပေးကြ တယ်။ အခု သူတို့ထိတော့ ကျွန်တော်တို့ နှစ်သိမ့်ပေးခွင့်တောင်မရှိလိုက်ဘူးဗျာ။ တော်လှန်ရေးက ပေးဆပ်ရမှုကြီးမားပါတယ်။ အာဇာနည် ဆရာ ဆရာမတွေကို အလေးပြုပါတယ်” လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ ဒါ့အပြင် အဲ့ဒီမေလ ၂၇ ရက်နေ့မှာပဲ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ – KNDF တပ်ရင်း ၂ မှ ရဲဘော် ၃ ဦးဟာလည်း လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာဖက်မှာ တိုက်ပွဲဝင်နေစဉ် ကျဆုံးခဲ့ရတယ်လို့ အဲ့ဒီတပ်ရင်းက မနေ့ညမှာ ထုတ်ပြန်ပါတယ်။ မေလ ၂၇ ရက် ကုန်းသာ တိုက်ပွဲအတွင်း KNDF တပ်ရင်း ၂ မှ ရဲဘော်ပီတယ်၊ ရဲဘော် မာတီးနို နဲ့ ရဲဘော် ဖရန်စ္စကိုတို့ဟာ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းက ထုတ်ပြန်ပါတယ်။ “အဲ့ဒီလို ကျဆုံးရတဲ့ အများစုက စစ်ကောင်စီရဲ့ လေကြောင်းရန်တွေကြောင့်ဖြစ်တယ်။ ဒါကြောင့် အံကိုကျိတ်ပြီး လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ ရဲဘော်တွေ ကျဆုံးရတာ အနည်းဆုံးဖြစ်စေဖို့အတွက် ပွိုင့် ၅ ကမ်ပိန်းကို အင်တိုက် အားတိုက်ပါဝင်ကူညီပေးကြဖို့ ပြောချင်တယ်ဗျာ” လို့ တော်လှန်ရေးရဲဘော်တစ်ဦးက တိုက်တွန်းပါတယ်။ ဒါ့အပြင် ရှမ်း-ကရင်နီနယ်စပ် လွယ်လုံကျေးရွာမှာ မေလ ၂၇ ရက်နေ့က ဖြစ် ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲအတွင်း KNDF တပ်ရင်း ၁၁ မှ ရဲဘော် ရဲဘော် မောင်ရဲမြင့် ဟာလည်း ကျဆုံးခဲ့ရပါတယ်။ ရှမ်း-ကရင်နီနယ်စပ်မှာ သုံးလဆက်တိုက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း KNDF တပ်ရင်း ၁၁ ဟာ တပ်ရင်းမှူးအပါအဝင် ၁၂ ဦးအထိ ကျဆုံးခဲ့ရပြီဖြစ်ပါတယ်။ တိုက်ပွဲကာလ ကြာမြင့်လာတာနဲ့ အမျှ ခဲယမ်းများ၊ စားနပ်ရိက္ခာများ၊ ဆေးဝါးနဲ့ စက်သုံးဆီ လိုအပ် လျှက်ရှိတာကြောင့် ပြည်သူများနေနဲ့ KNDF ကို အားဖြည့်ကူညီ လှူဒါန်းပေးဖို့ KNDF က မေတ္တာရပ်ခံထားပါတယ်။ https://w ww.facebook.com/MeKongNewsMM/photos/pcb.1233881137271821/1233880543938547/

၂။  မြ၀တီမြို့ရှိ စစ်ကောင်စီ တပ်စခန်း ၃ ခု တစ်ပြိုင်တည်း တိုက်ခိုက်ခံရပြီး တပ်ရင်းမှူး ၁ ဦးအပါအဝင် ၉ ဦးသေဆုံး
    May 29, 2023

ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ စစ်ကောင်စီ တပ်စခန်း ၃ ခုအား KNLA ပူးပေါင်းတပ်ဖွဲ့များမှ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၁ ဦးအပါအဝင် ၉ ဦးသေဆုံးခဲ့ကြောင်း Federal Wings မှ ယနေ့ ထုတ်ပြန်ထားသည်။ မြ၀တီမြို့ တောင်ဘက်ရှိ စစ်ကောင်စီ၏ ဝေါ်လေဗျူဟာကုန်း၊ မော်ခီးစခန်း နှင့် ကနဲလေးစခန်းတို့အား မေ ၂၃ ရက်မှ စတင်ပြီး KNLA တပ်ရင်း ၂၀၁၊ KNDO တပ်ရင်း ၈ နှင့် Federal Wings Drone တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့ သို့ တိုက်ခိုက်မှုကြောင့် ကနဲလေးစခန်းမှ တပ်ရင်းမှူး ၁ ဦးအပါအဝင် ၉ ဦးသေဆုံးခဲ့ပြီး၊ ဝေါ်လေဗျူဟာကုန်း နှင့် မော်ခီးစခန်း တို့တွင် စစ်ကောင်စီဘက်မှ ထိခိုက်မှု စာရင်းအား အတည်ပြုနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

စစ်ကောင်စီစခန်း သုံးခု တပြိုင်နက်တိုက်ခိုက်ခံရမှုကြောင့် မော်ခီးစခန်းအနီးရှိ တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော ပနွယ်ဖိုးကလိုးရွာကို ဗုံးကြဲတိုက်ခိုက်ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပျက်စီးခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲများတွင် ပူးပေါင်းတပ် ဖွဲ့များဖက်မှ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ တွင် ဧပြီနှင့် မေနှစ်လတာ အတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် ၁၁၄ ဦးသေဆုံးကာ တပ်စခန်း သုံးခုအား သိမ်းပိုက်နိုင်ခဲ့ပြီး၊ ၁၁ ဦး အရှင်ဖမ်းမိခဲ့ကာ၊ လက်နက်မျိုးစုံ ၄၀ နီးပါး သိမ်းဆည်းရမိခဲ့ကြောင်းလည်း ကော်ဘရာစစ် ကြောင်းမှ မေ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ https://www.fa cebook.com/photo/?fbid=225038516955192&set=pcb .225038583621852

၃။    မုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ အကူအညီမရတဲ့အပြင် ပိတ်ဆို့ခံနေရ
       May 29, 2023

မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်း၊ စပါးကျီနဲ့ အိမ် အပါအဝင် အဆောက်အအုံ ၃၃၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှုတွေအတွက် ဒီနေ့အချိန်အထိ လိုအပ်တဲ့အကူအညီတွေ မရသလို မြို့အဝင် အထွက်တွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် ပြန်လည်ထူထောင်ရေး အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကပြုစုထားတဲ့ စာရင်းအရ ချင်းပြည်နယ်မှာ တွန်းဇံမြို့ နယ်ကလွဲရင် ကျန်တဲ့ ၈ မြို့နယ်မှာ မုန်တိုင်းကြောင့် ထိခိုက် ပျက်စီးတာတွေ ရှိခဲ့ပါတယ်။ အိမ် ၂၇၇၄ နီးပါး၊ စာသင်ကျောင်း ၁၈၅ ကျောင်း၊ ဘာသာရေး အဆောက်အအုံ ၁၀၂ လုံး၊ ကျန်းမာရေး အဆောက်အအုံ ၁၂ လုံးနဲ့ စပါးကျီ ၂၅၉ လုံး စုစုပေါင်း အဆောက်အအုံ ၃၃၃၂ လုံးပျက်စီးခဲ့ပါတယ်။ အိမ်မွေးတရိစ္ဆာန် အကောင်ရေ ရ၀ နီးပါးလည်း သေဆုံးခဲ့ပါတယ်။ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးတာများခဲ့တဲ့ မတူပီမြို့နယ်မှာ အကူအညီမရသေးလို့ ဒေသခံတွေ စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ မတူပီမြို့ခံတစ်ဦးက ပြောပါတယ်။ “ ကျွန်တော်တို့ မတူပီမြို့ပေါ်က တော်တော်လေးကို ဆိုးပါတယ်။ မုန်းချောင်းရဲ့ တစ်ဖက် ခြမ်းရွာ လေးရွာကတော်တော်လေး ထိခိုက်တယ်၊ မုန်တိုင်းကြောင့်။ အခု ကျွန်တော်တို့ဟာနဲ့ ကျွန်တော်တို့ နီးစပ်ရာ စားသောက် နေထိုင်နေရတယ်။ အကူအညီတွေက လောလောဆယ် မလာသေးဘူးဗျ။ ” မတူပီမြို့နယ်မှာ အိမ် ၁၂၁၁ လုံး၊ စာသင်ကျောင်း ၂၅ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၄၁ လုံးနဲ့ စပါးကျီ ၄၄ လုံး ပျက်စီးခဲ့ပါတယ်။

အလားတူ ကန်ပက်လက်မြို့မှာလည်း အခုချိန်အထိ အကူအညီတွေ ရောက်မလာသေးဘူးလို့ မြို့ခံတစ်ဦးက ပြောပါ တယ်။ “ အခုလက်ရှိ ကျွန်တော်တို့ကို ထောက်ပံ့ ကူညီပေးတာတွေတော့ မရှိသေးပါဘူး။ စစ်ကောင်စီဘက်က လုပ်နိုင်တဲ့ အတိုင်းအတာကတော့မရှိဘူး။ သူတို့ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးတဲ့ မြို့နယ်တွေ ဆိုပြီးတော့ ကြေညာတဲ့ လေးမြို့နယ်မှာ လည်း မပါလာဘူးပေါ့။ တချို့တွေက ကိုယ်ထူကိုယ်ထနဲ့ ပြန်ပြီး ပြင်ဆင်နိုင်ပေမယ့် တော်တော်များများကတော့ မပြင်ဆင်နိုင် သေးဘူးပေါ့” မုန်တိုင်းကြောင့် ကန်ပက်လက်မြို့နယ်မှာ အဆောက်အအုံ ၂၁၁ လုံးပျက်စီးခဲ့ပါတယ်။ ရိက္ခာသိုလှောင်ထားတဲ့ စပါးကျီတွေလည်း ပျက်စီးသွားလို့ စားနပ်ရိက္ခာ နဲ့အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းတပ်မြို့မှာလည်း စစ်ကောင်စီက မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို မကူညီတဲ့အပြင် မြို့ကို ဝင်ထွက် သွားလာခွင့်ကိုပါ ကန့်သတ်ထားတယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောပါတယ်။ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးရတဲ့ ဒေသခံတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အမြန်ဆုံးခွင့်ပြုဖို့ နဲ့ သွားလာခွင့် တွေကို မကန့်သတ်ဖို့ စစ်ကောင်စီကို တိုက်တွန်းတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့၊ စီမံအရာရှိ၊ ဆလိုင်းမာန်ဟင်လျန် က ပြောပါတယ်။ “ အခု ကျွန်တော်တို့က စစ်ဘေးလည်း ဖြစ်သေးတယ်။ သဘာဝဘေးလည်း ဖြစ်သေးတယ်။ အဲဒီလို ဖြစ်တဲ့အခါမှာ စစ်ကောင်စီအနေနဲ့ ပြည်သူလူထု သက်တောင့်သက်သာအဆင်ပြေဖို့၊ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ဘယ်သူမဆို ပြည်တွင်းအဖွဲ့ အစည်းရော၊ ပြည်ပအဖွဲ့အစည်းရော တရားဝင် ကူညီဆောင်ရွက်မှုတွေ လုပ်နိုင်အောင် လမ်းဖွင့်ပေးသင့်ပါ တယ်။ ” ချင်းပြည်နယ်က တီးတိန်၊ ဖလမ်း၊ ဟားခါး၊ မတူပီ၊ မင်းတပ်၊ ထန်တလန်၊ ကန်ပက်လက်နဲ့ ပလက်ဝ စတဲ့ မြို့နယ်ရှစ်မြို့ နယ်မှာ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးတာတွေရှိခဲ့တာပါ။ အဲဒီထဲက တီးတိန်၊ ပလက်ဝ၊ ဟားခါးနဲ့ မတူပီမြို့နယ်တွေ ကိုတော့ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသအဖြစ် စစ်ကောင်စီက သတ်မှတ်ထားပါတယ်။ https://www.facebook .com/watch?v=269052712172264

၄။    လမ်းကင်းယူနေသည့် BGF တပ်အားတိုက်ခိုက်ရာ ၅ ဦးသေဆုံး၍ လက်နက်များသိမ်းဆည်းရမိ
       May 29, 2023

KNLA-အမှတ်(၅)တပ်မဟာစစ်သည်တော်များက BGF တပ်အား လမ်းခုလတ်တွင်ရှောင်တခင်တိုက်ခိုက်စဉ် BGF တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီးလက်နက်မျိုးစုံသိမ်းဆည်းရမိခဲ့သည်ဟု ယနေ့ညတွင် ကေအဲန်ယူ-မူတြော် သတင်းစဉ်က ထုတ်ပြန် သည်။ KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်ထိန်းချုပ်ရာနယ်မြေအတွင်းသို့ နယ်မြေကျုးကျော်လျက် ထင်ရာစိုင်း ဗိုလ်ကျသောင်းကျန်းလာသည့်နယ်ခြားစောင့်တပ်(BGF-Border Guard Force)အား မေလ၂၆ ရက်၊ နံနက် ၆း၁၃ နာရီအချိန်တွင်  KNLA-အမှတ်(၅)တပ်မဟာ၏ ဌာနချုပ်စစ်သည်တော်များနှင့် ၎င်းလက်အောက်ရှိတပ်ရင်း (၁၀၂) စစ်သည်တော်များက တိုက် ခိုက်ခဲ့ကြသည်။

ဝါးဒူးနှင့်လယ်ကွဲကြားရှိဓာတ်ဆီဆိုင်တစ်နေရာတွင် လမ်းကင်းယူနေသည့် BGF-1013 အား KNLA ပူပေါင်းတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGFဘက်မှ ၅ ဦးသေဆုံးခဲ့သည်ဟု မူတြော်သတင်းကဖော်ပြထားသည်။ ထို့ပြင် BGF တပ်ဖွဲ့ဝင်များထံမှ M-16 AR (၄)လက်နှင့် ၎င်းကျည်(၃၂၀)တောင့်၊ M-79လောင်ချာတစ်လက်နှင့် ၎င်းကျည် (၁၇)လုံး၊ 9-MMပစ်စတိုတစ်လက်၊ စစ်ဝတ်တန်ဆာ(၄)စုံ၊ M-16 ARကျည် ဘောက်(၄)ချပ်၊ စကားပြောစက်တစ်လုံး၊ ကျောပိုးအိတ် (၆)လုံး အသီးသီးသိမ်းဆည်းရမိခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း၌ KNLA-အမှတ်(၅) တပ်မဟာဖက်မှာမူ ထိခိုက်ဒဏ်ရာရရှိမှုတစ်စုံ တစ်ရာမရှိခဲ့ကြောင်းလည်း အတည်ပြုသိရှိရသည်ဟု မူတြော်သတင်းက ထုတ်ပြန်ထားသည်။ https://www.facebook.com/ photo?fbid=614956827334949&set=a.583749347122364

၅။    ကျွန်းစုမြို့ ဘန္ဒနဲကျေးရွာ၌ တိုက်ပွဲ ဖြစ်၊ စစ်သင်္ဘောပေါ်မှ လက်နက်ကြီးပစ်ခတ်၍ ဒေသခံ ၂၀၀၀ ကျော်                 တိမ်းရှောင်နေရ
       May 29,2023

စစ်ကောင်စီဘက်က စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု ကျေးရွာ လေးရွာက ဒေသခံ ၂၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းစုမြို့နယ်  ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ဒေသခံများက ပြောသည်။ တနင်္သာရီ ကမ်းရိုးတမ်း ပင်လယ်ပိုင်းဒေသဖြစ်သော မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာ အုပ်စုရှိ ဘန္ဒနဲရွာတွင် မေလ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီ အချိန်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီဘက်က စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။ လက်ရှိတွင် နှစ်ဖက် စစ်ရေး တင်းမားနေမှုကြောင့် ဘန္ဒနှင့် ကျေးရွာ အုပ်စုအတွင်းက ကျေးရွာ လေးရွာက ဒေသခံ ၂၀၀၀ နီးပါးတို့ သည်၊ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကျွန်းစုမြို့ခံ တစ်ဦးက ပြောသည်။ “ကျွန်တော်တို့ဘက်ကတော့ နောက်ဆုတ်ထားရတယ်ဗျ။ ဘဒ္ဒနဲရွာကို ဝင်စီးပြီး ပြည်သူတွေ အိမ်က ပစ္စည်းတွေ ဖောက်ယူ သယ် ဆောင်နေကြတာမျိုးတော့ လုပ်နေတယ်”ဟု ပြောသည်။

ကျွန်းစုမြို့နယ် ဘန္ဒနဲရွာသို့ စစ်ကောင်စီတပ်ဖွဲ့က စစ်သင်္ဘော တစ်စီးနှင့် စက်လှေငယ် ခြောက်စီးတို့ ဝင်ရောက်လာ ချိန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးကပြောသည်။ “တိုက်ပွဲက တစ်နေ့က ဖြစ်တာပါ နှစ်ဖက် အပြန် အလှန် ပစ်ခတ်မှု ရှိပေမယ့် လက်နက်ချင်း အင်အားမမျှတော့ ကျွန်တော်တို့ အဖွဲ့တွေက နောက် ပြန်ဆုတ်ခဲ့ရတယ်”ဟု ပြောသည်။ အဆိုပါ စစ်ကောင်စီ စစ်သင်္ဘောများကို မြိတ်ခရိုင်တပ်ရင်း (၂) ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် တနင်္သာရီ ကာကွယ် ရေး ပြောက်ကျား အဖွဲ့တို့ ပူးပေါင်း၍ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် ယင်းတိုက်ပွဲ အတွင်း နှစ်ဖက်အပြန် အလှန် ပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံးမှုကို မသိရှိ သေးပ။ ကျွန်းစုမြို့နယ်သည် တနင်္သာရီ ရေတပ်စခန်း တည်ရှိသည့် မြို့နယ်လည်း ဖြစ်သလို ကျေးရွာအများစုတွင် စစ်ကောင်စီ လက်အောက်ခံ (ပြည်သူ့စစ်) ပျူစောထီးအဖွဲ့ အင်အား ကောင်းကြောင်း သိရသည်။ ယင်း ဘန္ဒနဲကျေးရွာသည် အခုနှစ် မတ်လ ထဲတွင် ပထမဆုံး တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးပြီး လေးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ https://www.facebook.com/ westernnewsagency/photos/a.119286173211229/770001898139650

၆။   မင်းတပ်တွင် တိုက်ပွဲဖြစ်ပွား၊ အထိနာပြီး တပ်ဆုတ်ခဲ့သော စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်
      May 30, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းတို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အထိနာပြီး တပ်ဆုတ်ခဲ့သည့် စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ခဲ့သည်ဟု CDF များထံမှ သိရ သည်။ မင်းတပ်မှ ဆင်းလာခဲ့သည့် အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် မင်းတပ်CDF၊ ကန်ပက်လက် CDF ၊ ဂန့်ဂေါခရိုင်တပ်ရင်း၁၃၊၈ ပူးပေါင်းတပ်ဖွဲ့တို့ကြား မင်းတပ် -ကျောက်ထုတောလမ်းတစ်နေရာတွင် ယမန်နေ့ နေ့လည်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ” ဖြစ်တာက မြို့အထွက် ယောနယ်ဘက်အဆင်း အခြေအနေက အတိ အကျမသိရသေးဘူး “ဟု မင်းတပ် CDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အဆိုပါ ထိတွေ့တိုက်ပွဲသည် ၄၅ မိနစ်ခန့်ကြာခဲ့ပြီး စစ်ကောင်စီ ဘက်မှ သုံးဦးကျဆုံးကာ မင်းတပ်CDF ရဲဘော်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ်CDF တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရ သည်။ မီတာ၂၀ အကွာမှ ပစ်ခတ်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သော CDF ရဲဘော်၏ စစ်မျက်နှာဘက်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုများနိုင်ကြောင်း ခန့်မှန်ရသည်ဟု မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦးက လူမှုစာမျက်နှာ၌ ဖော်ပြထားသည်။

ထို့ပြင် တိုက်ပွဲတွင် အထိနာပြီး ထင်ချောင်းကျေးရွာဘက် ဆုတ်ခွာသွားသော စစ်တပ်အား CDFs နှင့် TYF ပူးပေါင်းတပ် ဖွဲ့များက ယမန်နေ့ညပိုင်း၌ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ်၂၀​ ခန့်အကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ကျဆုံးမှု ထပ်မံရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ နေ့လည်ပိုင်းတိုက်ပွဲအတွင်း၌ ကျေးရွာများဘက်သို့ လက်နက် ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော  မင်းတပ်မြို့ ခလရ ၂၇၄ အထိုင်တပ်နှင့် လက်နက်ကြီးကုန်းအား CDF -Mindat မှ Rocket များဖြင့် တန်ပြန်ပစ် ခတ်ခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်း မေ ၂၅ ရက်တွင်လည်း ခလရ ၂၇၄ တပ်၊ မင်းတပ် ရဲစခန်းနှင့် ကန်ပလက်လမ်းခွဲရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို မင်းတပ် CDF၊ မတူပီ CDF တပ်ရင်း ၁၊ ဂန့်ဂေါခရိုင် တပ်ရင်း ၃၊ ၁၃ စသည့်တပ်များပူးပေါင်း၍ ရှော့တိုက် ဒုံး၊ Rocket တို့ဖြင့် အလုံး ၃၀ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ထို့ပြင် မေ ၂၆ ရက်နံနကိပိုင်းတွင် ကျောက်ထုမြို့မှတက်လာသည့် အင်အား ၁၈၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ကျောက်ထု-မင်းတပ်လမ်းပိုင်းတစ်နေရာ၌ ပူးပေါင်းမဟာမိတ်တပ်များက ပဒေသာမိုင်းဖြင့် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။ ရှော့တိုက်ဒုံး၊ Rocket တို့ဖြင့်ပစ်ခတ်ခဲ့မှု၊ ပဒေသာမိုင်းဖြင့် မိုင်းဆွဲမှုနှင့် ယမန် နေ့ထိတွေ့တိုက်ပွဲများအတွင်း၌ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများရှိသော်လည်း စာရင်း အတိအကျ အတည်ပြု၍ မရ သေးဟု မင်းတပ်CDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ https://www.facebook.com/photo/?fbid=61 5840107246621&set=a.583749337122365

၇။   လွိုင်လင်လေး နေအိမ်တစ်လုံး ခြံဝင်းအတွင်း လက်နက်ကြီးကျပေါက်ကွဲ၊ ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရ
      May 29, 2023

ကရင်နီ (ကယား) ပြည် လွိုင်လင်လေးမြို့ ကုန်းမှီကိုရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေအိမ် ခြံဝင်းအတွင်း လက်နက် ကြီးတစ်လုံး ကျပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ (မေလ ၂၈) ရက် ည ၈ နာရီ တွင် နေအိမ်ခြံဝင်းအတွင်း လက်နက်ကြီးတစ်လုံး ကျပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ် မောင်ထွန်းလင်း သည် ဦးခေါင်း နှင့် ရင်ဘတ်၌ ယမ်းစထိမှန်သွားခဲ့သလို အသက် ၇ နှစ် အရွယ် မောင်ဟန်ထွန်းသည်လည်း ညာဖက် လက်ကောက်ဝတ်၌ ယမ်းစထိ မှန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် ရွှေလွိုင်ကော် ပရဟိတအသင်းမှ သိရသည်။ “ တိုက်ပွဲကတော့ မဖြစ်ဘူးဗျ။ အဲ့ဖက်မှာက ဝေးဝေးတခါတော့ လက်နက်ကြီးကျတယ်။ သူတို့ မိသားစု ၄ ဦးထဲမှာ ကလေး ၂ ယောက် ထိတယ်။ လက်နက်ကြီးတစ်လုံးက သူတို့ နေအိမ်တည့်တည့်ကို ကျတာတော့ မဟုတ်ဘူး။ ခြံဝင်းထဲကို ကျတာ။ ကလေးတစ်ယောက်က ဦးခေါင်း နဲ့ ရင်ဘတ် ယမ်းစထိတယ်။ နောက်တစ်ယောက်က ညာလက်ကောက်ဝတ်မှာ ယမ်းစထိတယ်။ မစိုးရိမ်ရဘူး“ ဟု ပရဟိတ အသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူ ၂ ဦးကို ၎င်းတို့မှ သွားရောက်ကူညီခဲ့ပြီး လွိုင်ကော်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ပြည်သူနေအိမ် ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးတစ်လုံးသည် မည်သည့်အဖွဲ့အ စည်းမှ ပစ်ခတ်ခဲ့သော လက်နက်ကြီးဖြစ်ကြောင်း အသေးစိတ်ကိုတော့ သီခြားအတည်မပြုနိုင်သေးပေ။ အလား တူ လွိုင်လင် လေးမြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ ခလရ (၅၃၀) တပ်ရင်း တစ်ခုရှိထားကြောင်း သိရသည်။ ထို့အပြင် လွိုင်လင် လေးမြို့ရှိ ကျေးရွာအနီးတဝိုက်တွင် ယခင်က စစ်ကောင်စီ နှင့် ကရင်နီတပ်မတော် (KA) တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသတစ်ခုဖြစ်သလို လက်ရှိအချိန်ထိ စစ်ဆေးတင်းမာနေသည့် ဒေသတစ်ခုလည်း ဖြစ်သည်။ https://www.facebook.com/s hannewsburmese/photos/pcb.6261957127230011 /6261956623896728/

၈။    ကလိန်‌အောင်မြို့အခြေစိုက်တပ်ရင်းနှစ်ခု တိုက်ခိုက်ခံရ
       May 29, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်နေတယ် လို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ ဒီကနေ့မနက် ၅ နာရီခွဲအချိန်က ကလိန်အောင် အခြေစိုက် ခမရ(၄၀၉)နဲ့ ခမရ (၄၁၀)တပ်ရင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ အဆိုပါပစ်ခတ်၊ တိုက်ခိုက်မှု ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပေမဲ့ ဒေသခံတစ်ဦးကတော့ “ဒီမနက် ၅ နာရီလောက်ကတည်းက လက်နက် ကြီးသံတွေရောလက်နက်ငယ်သံတွေရော ကြားနေရတယ်။” လို့ ပြောပါတယ်။ အဲဒီ ပစ်ခတ်မှုအပြီးမှာ ကျောက်ရှပ်ရွာထဲကို စစ်ကောင်စီတပ်သား ၈၀ ထက်မနည်းရောက်လာပြီး စာသင်ကျောင်းမှာ တပ်စွဲတာ၊ လမ်းတလျှောက်မှာ ကင်းပုန်းတွေချ တာ‌တွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့လည် ၁၁ နာရီလောက်မှာတော့ ကျောက်ရှပ်ရွာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသအခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ အခုဖြစ်စဥ်တွေအတွင်း ကျောက်ရှပ်ရွာသား လေးဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းခေါ်ထားပြီး အသက်ကြီးပိုင်းအမျိုးသားတစ်ဦးကိုလည်း ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ ကျောက်ရှပ်ရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေ တယ်လို့ ဆိုပါတယ်။ ခမရ(၄၀၈)၊ ခမရ(၄၀၉)၊ ခမရ(၄၁၀) တပ်ရင်းတွေဟာ ကလိန်အောင်မြို့နဲ့ ကျောက်ရှပ်ရွာကြားမှာ ရှိတာ ဖြစ်ပြီး တိုက်ခိုက်ခံရတဲ့အချိန်တိုင်း စစ်ရေးဗျူဟာအရ နယ်မြေအနေအထားကောင်းတဲ့ ကျောက်ရှပ်ရွာထဲကို စစ်ကြောင်းဝင် လေ့ရှိတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ https://www.facebook.com/photo/?fbid=2 78847617866328&set=a.196212682796489

၉။    အရှိုချင်းတစ်မျိုးသားလုံး၏ အခွင့်အရေးများကို ဖော်ဆောင်နိုင်ရန် အရှိုချင်းအမျိုးသား ဖက်ဒရယ်ကောင်စီ              (ACNFC) ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်
      May 29, 2023

အရှိုချင်းတိုင်းရင်းသားများသည် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် လူဦးရေ (၄) သိန်းခန့် ပြန့်နှံ့စွာ နေထိုင်ကြပြီး၊ အရှိုချင်းတိုင်း ရင်းသားအားလုံး၏ အခွင့်ရေးများကို ဖော်ဆောင်နိုင်ရန်အတွက် အရှိုချင်းအမျိုးသား ဖယ်ဒရယ်ကောင်စီ (ACNFC)ကို ဖွဲ့စည်း ကြောင်း ထုတ်ပြန်ထားသည်။ ထို့သို့ ပြန့်နှံ့နေထိုင်ကြသော အရှိုချင်းတိုင်းရင်းသား လူထုတစ်ရပ်လုံး၏ လူသားအရင်းအမြစ်များ ကို ဖော်ဆောင်လျက် အရှိုချင်းတိုင်းရင်းသားမျိုးနွယ်စု တစ်ရပ်လုံးကိုအခြေခံကာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရရှိရေးနှင့် အခြားသော ကိစ္စရပ်များကို ဦးစီးဦးဆောင်ပြုလုပ်သွားရမည့် အရှိုချင်းတိုင်းရင်း သားများအား ကိုယ်စားပြုသည့် အဖွဲ့အစည်းကြီး တစ်ရပ် ဖွဲ့စည်းရန် လိုအပ်လာသည်ဟု ACNC က ဆိုပါသည်။

မြန်မာနိုင်ငံ၊ စစ်အာဏာသိမ်းပြီး ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ အရှိုချင်းတိုင်းသား အထက်တန်းပြ ကျောင်း ဆရာမ ဒေါ်ချယ်ရီသက်ရှည် သည် CDM ပြုလုပ်ပြီး၊ စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်‌ရေးဥပဒေပုဒ်မ – ၅၀(ည)နဲ့ ၅ လ ကြာ ဖမ်းဆီးထားပြီးမှ သံတွဲတရားရုံးက ၂၀၂၁ ခုနှစ် ဧပြီလ (၂၈)ရက်နေ့တွင် ထောင်ဒဏ် (၁၀) ချမှတ်ခဲ့သည်။ ထို့အပြင် စစ်အာ ဏာရှင်များက ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြတဲ့ ပြည်သူများအား မတရားရက်ရက်စက်စက် နှိမ်နင်းသတ်ဖြတ်ခဲ့ခြင်းများ ကြောင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် တော်လှန်၍မရသည့်အဆုံးတွင် အရှိုချင်းတိုင်းရင်းသားများ သည်လည်း အခြားသော တိုင်းရင်းသားများနှင့်အတူ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ် ခဲ့ကြရသည်ဟု ဆိုသည်။  စစ်အာဏာသိမ်းပြီး နောက်ပိုင်း အရှိုချင်းတိုင်းရင်းသားများသည် အခြားတိုင်းရင်းသားလက်နက်ကိုင် တိုင်းရင်းသားညီအစ်ကိုများနှင့်အတူ အရှိုချင်း ကာကွယ်ရေးတပ်ဖွဲ့(ACDF)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှို(ACDF-Asho) ဟူ၍ လက်နက်ကိုင်နှစ်ဖွဲ့ဖြင့် စစ်အာဏာရှင်အား တော်လှန်ခဲ့ကြသည်။ https://www.facebook.co m/zalen.info/photos/a.1735229460031251/3625116367709208/

၁၀။  ဟားခါးနှင့် ထန်တလန်အကြားတွင် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေပြီး ချင်းတော်လှန်ရေးရဲဘော် ၁၁ ဦး         ကျဆုံး၊ စစ်တပ်ဘက်မှလည်း သေဆုံးမှုများပြား
      May 30, 2023

ချင်းပြည်နယ်၊ ဟားခါးနှင့်ထန်တလန်အကြားတွင် စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင်နေပြီး ချင်းတော်လှန် ရေးရဲဘော် ၁၁ ဦးကျဆုံးကြောင်း CNA ချင်းအမျိုးသားတပ်မတော်သတင်းရင်းမြစ်က ပြောဆိုသည်။ မေလ ၂၅ ရက်နေ့နှင့် မေလ ၂၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်များက ချင်းဒေသကာကွယ်ရေးတပ်များ တပ်စွဲထားသော ဟားခါးနှင့် ထန်တလန် အကြားနေရာများကို လေကြောင်း၊ ကုန်းကြောင်းမှ အပြင်းအထန် ထိုးစစ်ဆင်လာကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း၊ ယမန်နေ့ မေလ ၂၉ ရက်နေ့တွင် ချင်း တော်လှန်ရေးရဲဘော် ၁၁ ဦး ကျဆုံးကြောင်း  သိရှိသည်။

“သီမစ်အနီး လုံခါရ် (Lungkhar) နဲ့ သီမစ်အောက်ပိုင်း‌ဖက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ခြေလျှင်တပ်ဖြင့် အဓိက ထိုးစစ်ဆင်နေတယ်။ ဟားခါး နင့် ထန်တလန် အကြားမှာ အဓိက ဖြစ်နေတာ။ တော်လှန်ရေးရဲဘော်တွေ ၁၁ ဦး ကျတယ်။ ကျဆုံးရဲဘော်တွေက CDF နဲ့ CNA က ရဲဘော်တွေပါ။    ၁၂၀ မမ လက်နက်ကြီးထိပြီး ကျတယ်လို့ သိထားပါတယ်။ စစ်တပ်ဘက် ကလည်း သေဆုံးမှုတွေရှိတယ်။ အတိအကျ မသိရသေးဘူး။ တိုက်ပွဲကတော့ ပြင်းထန်နေတယ်” ဟု CNA သတင်းရင်းမြစ်က ပြောသည်။ လက်ရှိတွင် စစ်တပ်က ချင်းပြည်နယ်သို့ လေကြောင်း၊ ကုန်းကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေပြီး ပြည်သူ များအနေဖြင့် ချင်းဒေသကာကွယ်ရေးတပ်များအတွက် လက်နက်ခဲယမ်းများ ရရှိရေး ပူးပေါင်း ပါဝင် ကူညီကြရန် ချင်းတော် လှန်ရေးရဲဘော်တချို့က မေတ္တာရပ်ခံထားသည်။ https://www.fac ebook.com/photo/?fbid=604300701797540&set=a.56 8142278746716

၁၁။    SSPP မှ နမ့်လန်မြို့ပေါ် တပ်သားသစ်ကောက်ယူ ဒေသခံများ ညအချိန် အပြင်မထွက်ရဲ
        May 30, 2023

သျှမ်းပြည် ကျောက်မဲခရိုင် နမ့်လန်မြို့အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ်ကောက်ယူမှုကြောင့် ဒေသခံများ ညအချိန် အပြင်မထွက်ရဲကြောင်း စုံစမ်းသိရသည်။ ယခုမေလ နောက်ဆုံးပတ် မှစပြီး SSPP/SSA တပ်ဖွဲ့သည် ညအချိန် တပ်သားသစ် ဝင်ရောက်ကောက်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ “ညအချိန်ဆို တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး တပ်သားကောက်နေတာ။ သား ၂ ယောက်ရှိတဲ့ အိမ်ဆို တစ်ယောက်သွားရတာပေါ့။ တစ်ပတ်လောက်ရှိနေပြီ ။ ညဆို ဘယ်သူမှ အပြင်မထွက်ရဲဘူး။ ၆ နာရီဆိုတာနဲ့ အပြင်သွားလာတာ မရှိတော့ဘူး။ ရပ်ကွက်ထဲ အပ်ကျရင်တောင် အသံကြားလောက်တယ်”ဟု နမ့်လန်မြို့ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ အဆိုပါ SSPP/SSA တပ်သား များသည် နမ့်လန်မြို့အတွင်း (၅) ဦးလောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ထိုသို့ လာရောက်ဖမ်းဆီးချိန်တွင်လည်း ကြိုးတုပ်ပြီး ရိုက်နှက်မှုလည်းရှိကြောင်း သိရသည်။

“သူတို့ အိမ်တံခါးခေါက်ပြီးတော့ ဝင်လာတာ။ ဟိုညက စိန်ပန်းရပ်ကွက်ကို ဝင်ခေါ်တာ။ အိမ်နီးချင်းက ပြောပြချက်အရ ဆိုရင် သူတို့က ကြိုးတုပ်တာ၊ ရိုက်တာရှိတယ်တဲ့။ အဲ့ကြောင့် အိမ်ရှင်က ကြိုးမတုပ် နဲ့ မရိုက်နဲ့ဆိုပြီးတော့ ကောင်း ကောင်းလေး ထည့်ပေးသွားလိုက်ရတယ်” ဟု အထက်ပါ နမ့်လန်မြို့ ဒေသခံတစ်ဦးက ပြောသည်။ SSPP/SSA တပ်သားများသည် ညအချိန်မှာ တပ်သားသစ်ဝင်ဆွဲနေသည့်အတွက်ကြောင့် ဒေသခံအမျိုးသားများက ညအချိန်တွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရ သည်။  “ကျနော်တို့ ညညဆိုရင် အိမ်မှာ အိပ်လို့ မရဘူး။ ထွက်ပြေးတိမ်းရှောင်နေကြတာ။ အိမ်မှာ ယောက်ျား ၂ ယောက်ရှိတဲ့ အိမ်ဆိုရင် ညဆို အိမ်မှာမနေရဲဘူး။ ကျ‌နော်တို့တော့ SSPP/SSA အကြီးအကဲတွေကို မေးချင်တယ်။ ဘာကြောင့်မလို့ ခေါ်တာ လဲ။ ဘယ်လိုလူတွေကိုခေါ်တာလဲ။ တစ်ချို့ပြောတာကျတော့ RCSS နဲ့ အဆက်သွယ်ရှိတဲ့ အိမ်ဆိုဝင်ခေါ်တယ်လို့ပြောတာ” ဟု နမ့်လန်မြို့ ဒေသခံတစ်ဦးက ပြောသည်။ အလားတူ သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်တွင်လည်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ကလည်း အခွန်ကောက်ယူမှု နှင့် တပ်သားစုဆောင်းမှုတွေကို ပိုပြီးပြုလုပ်လာခဲ့ကြောင်း သိရသည်။ https://www.facebook.com/watch?v=1242735799720232

၁၂။   ဘောလခဲ-ဖားဆောင်းလမ်းမကြီးပေါ် သွားလာတဲ့ အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံး
      May 30, 2023

ယမန်နေ့ (မေလ ၂၉ရက်) မနက် (၁၀)နာရီဝန်းကျင်အချိန်မှာ ဘောလခဲ- ဖားဆောင်း လမ်းမကြီးပေါ် သွားလာနေတဲ့ အိမ်စီးကားတစ်စီးပစ်ခတ်ခံရပြီး ကားပေါ် လိုက်ပါစီးနှင်းလာတဲ့ အမျိုးသမီး ကျည်ဆံထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ကျည်ထိမှန်ခဲ့ပြီး အသက်(၃၀)ကျော်အရွယ် အမျိုးသမီး တစ်ဦးကတော့ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။ အဆိုပါကားကို အမျိုးသားသုံးဦး နဲ့ အမျိုးသမီးနှစ်ဦး လိုက်ပါစီးနှင်းတာ ဖြစ်ပြီး ဘောလခဲမြို့ဆေးရုံကနေ နေရပ် ဖားဆောင်းမြို့ကို ပြန်တဲ့လမ်းမကြီးမှာပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ ကျည်ထိမှန် သေဆုံးခဲ့တဲ့ အမျိုးသမီးတစ်ဦးက အမျိုးသားဖြစ်သူနဲ့အတူ ဖားဆောင်းပြန်မယ့် အဆိုပါကားနဲ့ လမ်းကြုံလိုက်စီးလာတယ်လို့ သိရပါတယ်။ မည်သည့်အကြောင်းအရင်းကြောင့်ပစ်ခတ်ခံရပြီး မည်သည့်အဖွဲ့အစည်းကပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့အတည် မပြုနိုင်သေးပါဘူး။ https://www.kantarawadd ytimes.org/%e1%80%98%e1%80%b1%e1%80%ac%e1%80%9c%e1 %80%81%e1%80

၁၃။   ရွှေကူဒေသခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီဖမ်းဆီး
       May 29, 2023

ကချင်ပြည် ရွှေကူဒေသခံ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က မေလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ည ၁၂ နာရီခန့်တွင် နေအိမ်မှ လာရောက်ဖမ်းဆီးသွား ခြင်းဖြစ်သည်ဟု ရွှေကူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “နယ်မြေခံတပ်က စစ်ကားအကြီးတစ်စီးနဲ့ မြို့ထဲပတ်မွှေပြီး ဖမ်းသွားတာလို့သိရပါတယ်။ ဘယ်ကိုဖမ်းခေါ်သွားတယ်ဆိုတာတော့ခုထိအတည်ပြုလို့ မရသေးဘူး။ အဖမ်းမခံရခင်အချိန်အထိ အဲ့ဆရာမက သူ့အမျိုးတစ်ယောက်ရဲ့ဆေးဆိုင်မှာ ဆေးရောင်းတဲ့အလုပ် လုပ်နေတာလို့ ပြောတယ်” ဟုပြောသည်။ ဖမ်းဆီးခံခဲ့ရ သည့် အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဒေါ်ခိုင်စိုးဝေ ဆိုသူမှာ ရွှေကူမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် အလယ် တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေလ ၂၇ ရက်နေ့က ရွှေကူမြို့အတွင်း ကားဖြင့်လှည့်ပတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူငယ်အချို့ကိုလည်း ရိုက်နှက်ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ညတုန်းက သားရဲ့သူငယ်ချင်း ကောင်လေးနှစ်ယောက်လုံး ပန့်ဆိုင်(ဆီဆိုင်)မှာ အစစ်ခံလိုက်ရတယ်တဲ့။ သူတို့ကတော့ ဘာမှမဖြစ်သွားဘူး။ ဘေးနားက နှစ်ယောက်၊ သုံးယောက်ကတော့ အရိုက်ခံထားရတယ်လို့ ပြောတယ်။ သွေးတွေကိုထွက်လို့တဲ့” ဟုပြော သည်။ ရွှေကူမြို့နယ် အရှေ့ပိုင်းရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများမှ ရွှေကူမြို့ပေါ်ရပ်ကွက်များသို့ ဆက်သွယ်ထားသော လမ်းများတွင်လည်း အဆိုပါနေ့က စစ်ဆေးမှုတင်းကြပ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ကလည်း အမှတ် (၁) ရပ်ကွက်တွင် နေထိုင် သည့် အသက် ၆၀ ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။ https://www.facebook.com/photo fbid=566827092311630&set=a.53586 7418740931

၁၄။    အင်းဗြောင်ကျေးရွာ အုပ်​ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရလို့ သေဆုံး
        May 29, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါ တယ်။ မေလ ၂၆ ရက်နေ့ည ၈ နာရီခန့်မှာ အင်းဗြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမိသည် တံခွန်တိုင်ကျေးရွာရှိ နေအိမ်မှာ ရှိနေချိန် သေနတ်သမားတွေက လာရောက်ပစ်ခတ်သွားတာဖြစ်ပါတယ်။ “ညဘက်ကြီး သေနတ်သမား ၅ ယောက်လောက် ဆိုင်ကယ်နဲ့ရောက်လာပြီး သူအိမ်ထဲဝင်လာတော့ သူက အိမ်ပေါ်ကနေ ခုန်ချပြီးပြေးတာ။ သေနတ်သမားတွေက လိုက်ပစ်တာ ထိသွားတယ်”လို့ ​ဒေသခံတဦးကပြောပြပါတယ်။ ဦးစိုးမိ ဟာ နေအိမ်ကနေ ထွက်ပြေးပေမယ့် သေနတ်သမားတွေ ပစ်တဲ့ ကျည် ၂ ချက် ဦးခေါင်းထိမှန်ပြီး နေအိမ်ခြံဝင်းအရှေ့မှာ သေဆုံးသွားတာပါ။

အုပ်ချုပ်ရေးမှူး ဦးစိုးမိကို သေနတ်သမားတွေက ဘာကြောင့် ပစ်သတ်သွားတယ်ဆိုတာနဲ့ သေနတ်သမားတွေက ဘယ် အဖွဲ့ကဆိုတာ မသိရပါဘူး။ ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီအဖွဲ့တွေရောက်လာပြီးအလောင်းကို ပေါင်ဆေးရုံကို ယူသွားပါ တယ်။ မေလ ၂၂ ရက်နေ့ညက ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်လမ်းမှာ ဇင်းကျိုက် လောင်းကစားဝိုင်းကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ လင်မယား ၂ ဦးပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ https://www .facebook.com/lagoneainbullet inmon/photos/a.105408675003839/552448430299859/

၁၅။   ကော့ကရိတ်မြို့ ၌ စစ်တပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတကျောင်း ပျက်စီး
        May 29, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ ဝါးကျောင်း ဘုန်းကြီးကျောင်းကို  မေ ၂၈ ရက် ညမှာ စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Justice Soldier PDF ထုတ်ပြန်ထားပါတယ်။ စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းထိခိုက်ပျက်စီးခဲ့ရတာဖြစ်ပါတယ်။ ကော့ကရိတ်မြို့နယ်မှာ မြေပြင် တိုက်ပွဲ မဖြစ်ပွားဘဲ စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးကျည်တွေ နေ့ရောညပါ  ပစ်ခတ်နေသလို လူနေအိမ်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေပါ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။  ကေအန်ယူ တပ်မဟာ ၆ နယ်မြေထဲမှာ က စစ်ကောင်စီတပ်နဲ့ KNU/KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ရှိနေပေမဲ့ စစ်ကောင်စီဘက်က မြေပြင်မှာ အထိနာလာရင် သူတို့ဘက်က လေယာဥ်နဲ့ လက်နက်ကြီးကို အများဆုံးအသုံးပြု ပစ်ခတ်တိုက်ခိုက်နေတာကြောင့် လူနေအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေ အများပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။ https://burmese.dvb.no/archives/596109

၁၆။   ပုလော မကျည်းကုန်းရွာသားတစ်ဦး မိုင်းနင်းမိပြီးသေဆုံး
       May 29, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မကျည်းကုန်းရွာသား အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရ သည်။ မေလ ၂၉ ရက် နံနက် ၇ နာရီဝန်းကျင်က မကျည်းကုန်းရွာနှင့် ကျောင်းနိမ့်ရွာအစပ်တွင် မိုင်းနင်းမိကာ ယင်းနေရာတွင် သေဆုံးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မိုင်းပေါက်ကွဲသည့် အကြောင်းအရင်း သေသေချာချာမသိရသေး ကြောင်း ဒေသခံတို့က ဆိုသည်။

မိုင်းပေါက်ကွဲသည့်နေရာသည် စစ်ကောင်စီတပ်များ ဝင်ထွက်သွားလာကြသည့် နေရာတစ်ခုဖြစ်ပြီး ရွာသားများ သွား လာလေ့မရှိကြောင်း  ဒေသခံများက ပြောဆိုသည်။ “မိုင်းက ဒီနားမှာ စစ်တပ်ထောင်လိုက်၊ PDF ထောင်လိုက်နဲ့ ထပ်တလဲလဲကို ဖြစ်နေပြီ” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် မေလ ၁၇ ရက် နံနက်ကလည်း ပုလောမြို့နယ်၊ တန်းရှင်းရွာသား နှစ်ဦး ကဒဲရွာစေတီကုန်းအနီးတွင် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။ ပုလောမြို့နယ်ရှိ ကျေးရွာအချို့တွင် မိုင်းကြောင့် အရပ်သားသေဆုံး ထိခိုက်ဒဏ်ရာရမှု ယခင်ကလည်း ရှိခဲ့ဖူးကြောင်း ဒေသခံများထံမှ သိရသည်။ https://www.faceboo k.com/photo/?fbid=620765043536181&set=a.59117191 6495494

၁၇။   ဆီဆိုင်မြို့နယ် အောင်ကလာပ်ပေါ်ရွာ စစ်ဘေးတိမ်းရှောင်သူများ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ
        May 29, 2023

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အောင်ကလာပ်ပေါ်ရွာ စစ်ဘေးတိမ်းရှောင်သူများအတွက် စားနပ်ရက္ခာအရေး ပေါ်လိုအပ်နေကြောင်း သိရသည်။ ” လောလောဆယ် ဆန်တွေလဲ ပြတ်နေပြီ  အလုပ်လုပ်ကိုင်ရဖို့နေရာတွေရှားပါးသလို ငွေဝင် လမ်းကလဲ မရှိသလောက်နည်းတယ်  ဒီလူအများနဲ့ဆိုတော့ မလောက်မငှတွေရှိနေတယ်၊ ဒီကြားထဲ အဆင်မပြေမှုတွေကဆက် ဖြစ်လာတော့ ဖြစ်သလိုပဲနေ နေရတယ်”ဟု စစ်ဘေးတိမ်းရှောင်နေရသူ အမျိုးသမီးတစ်ဦးကပြောသည်။ အောင်ကလာပ်ပေါ်ရွာ တွင် စစ်ဘေးရှောင်ပြည်သူ တစ်ရာကျော်ရှိပြီး အလှူရှင်အရောက်နည်းသည့်အတွက် အခက်ခဲဖြစ်လာရကြောင်းသိရသည်။

နေ့စားထွက်ပြီး အလုပ်အကိုင်ရှာဖွေလုပ်ကိုင်ခဲ့သော်လည်း လောက်ငှမှုမရှိနေကြောင်းသိရသည်။ စားနပ်ရိက္ခာ အရေး ပေါ်လိုအပ်သလို ကျန်းမာရေး စောက်ရှောက်မှုနှင့် စစ်ရှောင်ကလေးပညာရေးအတွက် လည်းလိုအပ်​နေကြောင်း သိရသည်။ ယင်းနေရာ၌ ပြီးခဲ့သည် ၂ လပိုင်းတွင် ကလေးငယ်တစ်ဦး ချောက်ကျသေဆုံးခဲ့ပြီး ဧပြီလ ၂၈ရက်နေ့တွင် နွေရာသီရေရှားပါးခြင်း မှ မသန့်ရှင်းသောရေများ အသုံးပြုရသည့်အတွက် ဝမ်းလျော်ဖြစ်မှုကြောင့် ကလေးငယ်တစ်ဦး ထပ်သေဆုံးခဲ့ရ‌ ကြောင်း၊ အခြား သုံးလေးဦးလည်း ဆေးရုံတင်ရကြောင်း၊ အချို့ကလေးများ အရေပြားရောဂါဖြစ်ပွားမှုလည်း ရှိနေကြောင်းသိရသည်။ https:/ /www.facebook.com/KhamSarNgor/photos/a.62526 0164310576/2341935709309671/

၁၈။   တနင်္သာရီတိုင်းအတွင်းရှိ စစ်ရှောင်များအတွက် စားသောက်ကုန်နှင့် ဆေးဝါးအကူညီများလိုအပ်နေ
        May 29, 2023

တနင်္သာရီတိုင်း အတွင်းရှိ စစ်ဘေးရှောင်များသည် မိုးရာသီကာလအတွင်း စားသောက်ကုန်နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများထံက သိရသည်။ တင်္နသာရီတိုင်းတွင်ပြီးခဲ့သည့်  ဧပြီလအတွင်း စစ်ရှောင် ဦးရေ လျော့ကျသွားသော်လည်း အခုလက်ရှိတွင် လူဦးရေတစ်သောင်းခွဲခန့်သည် စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး အများစုမှာ တော ထဲတွင် တဲထိုးနေထိုင်နေကြရကာ အချို့စစ်ရှောင်များသည် နီးစပ်ရာအမျိုးများထံတွင် နေထိုင်နေရသည်။ ထို့အပြင် စစ်ကောင်စီ က စားသောက်ကုန်သယ်ယူခွင့် ကန့်သတ်ခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ကိုလည်း စစ်ရှောင်များခံစားနေရသည် ဟု စစ်ရှောင်များကိုကူညီပေးနေသူများကပြောသည်။ “အခုက မိုးတွင်းရောက်နေပြီဆိုတော့ ဆေးဝါးလိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ ပြီးတော့ကျနော်တို့အဖွဲ့တွေ ကူညီပေးနေတဲ့ စစ်ရှောင်စခန်းမှာဆိုအသက်ကြီးပိုင်းတွေအတွက် ဆီးချို သွေးတိုး ဆေး တွေအပြင် အရေပြားယားယံ လိမ်းဆေး၊ ဒဏ်ကြေလိမ်းဆေးတွေပါ လိုအပ်ပါတယ်။လက်ရှိမှာတော့ ရာသီပေါ် တုတ်ကွေးဖြစ် တာက ပိုများနေတယ်” ဟု စစ်ရှောင်များကိုကူညီပေးနေသူ လောင်းလုံးမြို့တာဝန်ရှိသူတစ်ဦးက ပြောသည်။

တင်္နသာရီတိုင်းအတွင်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား မကြာခဏဆိုသလို တိုက်ပွါးများ ဖြစ်ပွါး နေသောကြောင့် အစစ်အဆေးတင်းကျပ်လာသလို ကန့်သတ်မှု များကိုလည်း ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။ ဒေသတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ အချက်အလက်များ အရ ဧပြီလကုန်အထိ တင်္နသာရီတိုင်းအတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် စစ်ရှောင်စုစုပေါင်း သုံး သောင်းဝန်းကျင်ရှိကြောင်းသိရ ကာ မေလအတွင်း စစ်ရှောင် တစ်သောင်းငါးထောင်ခန့် လျော့ကြသွားခဲ့ကြောင်း သိရသည်။  လက်ရှိတွင် လောင်းလုံးမြို့နယ် တွင် စစ်ရှောင် အိမ်ထောင်စု ၅၀၀ ခန့်ရှိကာ စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ခန့် ရှိနေပြီး တနင်္သာရီ မြိုနယ်တွင် စစ်ရှောင် ၅၀၀၀ ခန့် နှင့် ပုလောမြို့တွင် စစ်ရှောင်  ၂၆၀၀ ဝန်းကျင်အထိရှိနေကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့က ပြောသည်။ “လောင်းလုံးမြို့နယ်ထဲက အောက်ကျောက်ဝပ်နဲ ညောပြင်ကျေးရွာတွေကို ပြီးခဲ့တဲ့ မတ်လ အတွင်း စစ်ကောင်စီ တပ်တွေက စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် ဒေသခံ ငါးထောင်လောက်  စစ်ရှောင်နေရတယ်။ သရက်ချောင်း နဲ့ ကော့ သောင်းမြို့နယ်တွေမှာတော့ ပြီးခဲ့တဲ့လက စစ်ရှောင်ခဲ့ရသူတွေရှိနေပေမဲ့ အခုလမှာ စစ်ရေးငြိမ်သက်နေတာကြောင့် နေရပ်ပြန်သွားကြလို့ စစ်ရှောင်မရှိတော့ဘူး”ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။  https://www.facebook.com/ayeyarwad dytimes/photos/pcb.2487581454733174/2487581361399850/

၁၉။  ကြာအင်းဆိပ်ကြီး တရားရုံးနှင့် ရဲစခန်းကို KNU က ပစ်ခတ်ဟု စစ်တပ်က လိမ်လည် သတင်းထုတ်ပြန် ဝါဒဖြန့်
       May 30, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တရားရုံးနှင့် ရဲစခန်းတို့ကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး KNU က ပစ်ခတ်ဟု စစ်တပ်က လိမ်လည် သတင်းထုတ်ပြန် ဝါဒဖြန့်ကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။ မေလ ၂၉  ရက်နေ့ နံနက် ၆ နာရီ ၁၉  မိနစ် အချိန် အောင်မျိုးထွန်း ဦးဆောင်သော ကြာအင်းဆိပ်ကြီး အခြေစိုက် အမှတ် ၁ ဗျူဟာကုန်းက ၁၂၀ မမ ဖြင့် ကြာအင်းဆိပ်ကြီးမြို့ သို့ ရည်ရွယ်ချက်ရှိရှိ စနစ်တစ်ကျ စီစဥ်ပစ်ခတ်ရာ ကြာအင်းဆိပ်ကြီးမြို့ စစ်ကောင်စီ တရား ရေးဌာနရုံး အနားတွင် ၁ လုံး နှင့် စစ်ကောင်စီ ရဲဌာနရုံး အနားတွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မည်သူမှ ထိခိုက်ဒဏ်ရာ မရှိ ကြောင်း၊ ရုံး၏ အမိုး သွပ်ပြားတချို့ နှင့် စစ်ကောင်စီ ရဲဌာန မိသားစုများနေထိုင်ရာ အဆောက်အဦး တစ်ချို့ လက်နက်ကြီး ကျည် စထိမှန် ပျက်စီးခဲ့ကြောင်း KNU က ပြောသည်။

အာဏာသိမ်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်ခံတပ်များက ပြည်သူများကို ရန်သူသဖွယ် ပစ်မှတ်ထားခဲ့သည်သာမက နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ရန် အဖျက်အမှောင့်ဗျူဟာများအား စနစ်တကျစီစဥ်လုပ်ဆောင်လျက် ရှိကြောင်း၊ လက်နက်ကြီးများကို ပြည်သူနေ မြို့ရွာများအတွင်းသို့ ဦးတည်ပစ်ခတ်၍ တော်လှန်ရေးတပ်ဖွဲ့များမှ သွားရောက် ပစ်ခတ်ခြင်းဖြစ်သည်ဆိုပြီး ကောက်ကျစ်ယုတ်မာသော ဝါဒဖြန့်မှုများကို အထူးလုပ်ဆောင်လျက်ရှိကြောင်း KNU က ဆိုသည်။ စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် ဒရုန်းဗုံးသီး ၂ လုံးအနက်မှ ၁ လုံးသည်   ကြာအင်းဆိပ်ကြီးမြို၊ အမှတ်  ၅ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့မရဲစခန်းအတွင်း ခေါင်မိုးပေါ်သိုကျရောက်ခဲ့ရာ ခေါင်မိုးသွပ်များပျက်စီးခဲ့ကြောင်း၊  ကျန် ၁ လုံးမှာ စခန်းဝန်း အတွင်းရှိ မိသားစုဝင် နေအိမ် ၄ ခန်းတွဲ လိုင်းအမှတ် ၂ ၊ အခန်း ၁  ရဲတပ်ကြပ်သက်အောင်ဇော်၏နေအိမ်ခေါင်မိုးအပေါ်သို့  ကျ ရောက် ပေါက်ကွဲခဲ့ရာ ရဲတက သက်အောင်ဇော်၏သားဖြစ်သူ မောင်ရဲလင်းထက်၊ ၁၉ နှစ်၏ နောက် ကျော ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း လိမ်လည်ဝါဒဖြန့် သတင်းထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=603934338500843&set=p cb.603934435167500

၂၀။   ရှမ်းမြောက် စစ်ရှောင်စခန်း ရုတ်သိမ်းရေးကြောင့် စစ်ရှောင်များ အခက်ကြုံ
       May 30, 2023

ရှမ်းမြောက်၊ ကွတ်ခိုင်နှင့် မုံးကိုးဒေသရှိ စစ်ရှောင်စခန်းများ စစ်ကောင်စီ၏ စစ်ရှောင်စခန်းဖျက်သိမ်းရေး စီမံကိန်း ကြောင့် လုံခြုံရေးအပြင် ရပ်တည် နေထိုင်စားသောက်ရေး နေ့စဉ် ရုန်းကန်နေရသည့် ကာလအချိန်ခါ၌ပင် စခန်းပြောင်းရွှေ့နေ ထိုင်ရန် စီစဉ်နေကြရသည်ဟု စစ်ရှောင်များကပြောသည်။ စစ်ရှောင်စခန်း ဖျက်သိမ်းရေးစီမံကိန်းများကြောင့် နေရပ်ရင်းကျေး ရွာများဆီ ပြန်လည်နေထိုင်ရေးကလည်း အဆင်မပြေသည့်အတွက် ၎င်းတို့အနေဖြင့် တစ်စုံ တစ်ရာ လုံခြုံမှုရှိနိုင်သည်ဟု ယူဆရ သော နေရာများတွင် ရွှေ့ ပြောင်းနေထိုင်ရန် စီစဉ်လုပ်ဆောင်နေကြသည်ဟု မုံးကိုးနှင့် ကွတ်ခိုင်ဒေသရှိ စစ်ရှောင်များက ပြော သည်။ မုံးကိုး စစ်ရှောင်စခန်းတာဝန်ခံ ဦးဘရန်မိုင်က “အဲဒါက လွန်ခဲ့သော နှစ်ကတည်းကနေ ဒီစစ်ကောင်စီ တပ်စခန်း ကနေ စစ်ရှောင်စခန်း ရုတ်သိမ်းရေး စီမံချက် ဖြစ်တဲ့အတွက်ပေါ့ သူတို့က အဲ့ဒါကြောင့်ပေါ့။ အခုကျနော်တို့ နေရာက စစ်ကြောရေး နယ်မြေမှာလည်း ဖြစ်နေတဲ့အတွက် သူတို့ကလည်း ခဏခဏပြောနေတာကြောင့်ဖြစ်တယ်။ နောက်ပြီး အချိန်ကာလတစ်ခု လည်းကြာမြင့်လာပြီဖြစ်တဲ့အတွက် ကိုယ့်နေရပ်ကိုလည်းမပြန်နိုင်သေးဘူးဆိုတော့ တစ်ခြားနည်းလမ်းနဲ့ စဉ်းစားပြီး ပြောင်းရွှေ့ လာကြတာဖြစ်တယ်” ဟု ပြောသည်။

ယ်ထူကိုယ်ထ စနစ်ဖြင့် ပြောင်းရွှေ့နေထိုင်ကြသော စစ်ရှောင်များသည် မြေယာကို အရစ်ကျပေးဝယ်ကာ အိမ် များ ကိုလည်း ဝါးဖြင့်သာ ဆောက်လုပ်နေထိုင်ကြရသည်ဟု ဆိုသည်။ ထိုသို့ လုပ်ဆောင်နေကြခြင်းမှာ မည်သည့် အစိုးရ၊ မည်သည့် အဖွဲ့အစည်း၏ အကူအညီများ မပါဝင်ဘူးဟု ဆိုသည်။ မုံးကိုးက စစ်ရှောင် အိမ်ထောင်စုသည် ၇၀ နီးပါးက ပြောင်းရွှေ့နေထိုင် နေပြီဖြစ်ပြီး မုံးကုံးစစ်ရှောင်စခန်းအတွင်း ၌ အိမ်ခြေ ၁၀၀ ကျော် ကျန်ရှိနေသေးသည်ဟု ဆိုသည်။  ကိုယ်ထူကိုယ်ထနှင့် ဦးစွာ ပြောင်းရွှေ့နေထိုင်ကြသည့် နေရာသည် မုံးကုံးမြို့ အရှေ့ဘက် ရပ်ကွက် (၆) နေရာတွင် ဖြစ်ပြီး တအာင်းလူမျိုးတို့၏ ကြံစိုက်ပျိုး လုပ်ကိုင်စားသောက်ကြသော နေရာဖြစ်ပြီး အရစ်ကျ ပေးဝယ် နေထိုင် ကြခြင်းဖြစ်သည်။ ကွတ်ခိုင် KBC စစ်ရှောင်စခန်း ၁ မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက “ပြောင်းရွှေ့ဖို့ စခန်းဖျက်သိမ်းဖို့လည်း သူတို့မှာ မဟာဗျူဟာ စီမံကိန်းလည်း ချပြီးသားဖြစ်တဲ့ အတွက် ဆိုတော့ ကျမတို့အတွက် တကယ်ပဲ မပြောင်းလို့ လည်း မရဘူး။ ပြောင်းလည်း ပြောင်းရမယ်ဆိုတဲ့ဟာလည်း တစ်ဖက် မှာ ပါတယ်ပေါ့နော်။ အဲတော့ ကျမတို့ ဒီ ကျမတို့ရဲ့ ဒေသကိုပြန်ဖို့လည်း အခုအချိန်မှာဆို လက်နက်ကိုင်တွေ အများကြီး ရှိနေ တာဖြစ်တဲ့အတွက် နယ်မြေဒေသအတွက်ကော ကျမတို့အတွက်ကော လုံခြုံမှုမရှိတဲ့အတွက် ရွာကို ပြန်ဖို့အဆင်မပြေဘူး။ အဲ့ကြောင့် ဒီမြို့ နဲ့နီးတဲ့နေရာ လုံခြုံတဲ့နေရာကို ရွေးပြီး ပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်” ဟု ပြောသည်။ ကွတ်ခိုင်မြို့ရှိ လူဦးရေ စုစုပေါင်း ၂၄၃ ဦးရှိသည့် ကွတ်ခိုင် KBC စစ်ရှောင်စခန်း ၁ မှ စစ်ရှောင်များသည် နေရပ် ပြန်ရေးခက်ခဲနေသည့်အပြင် ယခုသွား ရောက်နေထိုင်ကြမည့် နေရာတွင်လည်း အိမ်များပြန်လည်ဆောက်လုပ်ရေး မဖြစ်နိုင်သေးဘူးဟု ဆိုကြသည်။ https://www.fa cebook.com/photo/?fbid=726562476141017&set=pcb.726562982807633

၂၁။   နိုင်ငံ၏ ၄၅ ရာခိုင်နှုန်းအောက်ကိုသာ စစ်ကောင်စီ ထိန်းချုပ်နိုင်ဟု NUG ဆို
       May 30, 2023

အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် နိုင်ငံဧရိယာ၏ ၄၅ ရာခိုင်နှုန်းအောက်ကိုသာ ထိန်းချုပ် စိုးမိုးနိုင်တော့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုသည်။ အဆိုပါ ဧရိယာကိုပင် စစ်ကောင်စီသည် ၎င်းတို့အင်အားဖြင့် စိုးမိုးထိန်းချုပ်ထားနိုင်ခြင်း မဟုတ်ဘဲ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် များ၏ အကူအညီကို ရယူထားရသည့် အခြေအနေ ဖြစ်နေကြောင်း  NUG ၏ ပြည်သူ့ကာကွယ်ရေး ကဏ္ဍ အခြေပြစာတမ်းတွင် ဖော်ပြထားသည်။  စစ်ကောင်စီသည် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေး၊ ရန်ကုန်၊ မကွေးတိုင်း အောက်ပိုင်း၊ ပဲခူးတိုင်း အနောက်ပိုင်းနှင့် ဧရာဝတီတိုင်းတို့ကိုသာ ကောင်းစွာထိန်းချုပ်စိုးမိုးထားနိုင်ပြီး ထိုဒေသများမှ တော်လှန်ရေးအင်အားစုများက အခါအားလျော်စွာ ပြောက်ကျားတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း NUG က ဆိုသည်။ နေပြည်တော် နှင့်နီးကပ်သော ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်တွင် ခုခံတွန်းလှန်စစ် ပြင်းထန်နေသလို မန္တလေးမြို့ နှင့် ၂၅ မိုင်သာဝေးသော မတ္တရာမြို့နယ် တောင်ကြောများပေါ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား နေ့စဉ်ဆိုသလိုတိုက်ပွဲများ ဖြစ်ပွား နေကြောင်း NUG က ပြောသည်။

စစ်ကိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့သည် NUG ၏ နယ်မြေစိုးမိုးမှု အား အကောင်းဆုံး နယ်မြေများဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ ဧရိယာသည် နိုင်ငံ၏ ၂၁ ရာခိုင်နှုန်းအထိရှိပြီး လူဦးရေ  ၉ ဒသမ ၆ သန်းကျော် နေထိုင်လျက်ရှိ သည်။ စစ်ကောင်စီတပ်အင်အားကို ယခင်က ပြည်တွင်း၊ ပြည်ပ လေ့လာသူများက စစ်သည် ၃ သိန်း မှ ၅ သိန်းအထိ ရှိနိုင် ကြောင်း ခန့်မှန်းခဲ့ကြသော်လည်း ယခုအခါ စစ်ကောင်စီတပ်တွင် တိုက်ခိုက်ရေးတပ်များနှင့် လက်ရုံးတပ်များပေါင်းမှ စစ်သည် အင်အား ၂ သိန်းခွဲဝန်းကျင်သာရှိတော့ကြောင်း မေလ ၂၈ ရက်နေ့ ထုတ်ပြန်သော အဆိုပါစာတမ်းအရ သိရသည်။ အာဏာသိမ်း မှုကို လက်မခံဘဲ CDM  ပြုလုပ်လာသော စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်ပေါင်း တသောင်းသုံးထောင်ကျော်အထိ ရှိကြောင်း ထိုစစ်တမ်း တွင် ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီတပ်များ၏ တပ်ရင်း၊ တပ်မ ဖွဲ့စည်းပုံများသည် ယိုယွင်းပျက်စီးလာပြီး ယခင်က တပ်ရင်းတရင်းကို စစ်သည်အင်အား ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းနိုင်ခဲ့သော်လည်း ယခုတွင် အင်အား ၂၀၀ ခန့်သာ ရှိကြောင်း၊ တပ်သားသစ် စုဆောင်ရေးတွင်လည်း အခက်အခဲများစွာရှိနေပြီး ၂၀၂၃ ခုနှစ် အစပိုင်းတွင် စစ်ကောင်စီတပ်၏ စစ်အခြေခံ လေ့ကျင့်ရေး တပ် ၁၀ ခုမှ တပ်သားသစ်ဦးရေမှာ ၄၀၀ မှ ၅၀၀ ဝန်းကျင်သာရှိကြောင်း NUG က ခန့်မှန်းထားသည်။ https://ww w.facebook.com/photo/?fbid=6354648 08626710&set=a.600722605434264

၂၂။    ကာမိုင်းမြို့တွင် စစ်ကောင်စီတပ်သားများမှ လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးရေးတင်းကြပ်နေ
        May 30, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့မှာ စစ်ကိုင်းဘက်ကနေ တပ်ပြောင်းလာတဲ့ စစ်ကောင်စီတပ်သားတွေက နေ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အခုပြောင်းလာသူ တွေဟာ စစ်ကိုင်းတိုင်းဘက်က တပ်မ (၃၃) တပ်သားတွေ ဖြစ်ပြီး လက်ရှိ ကာမိုင်းမြို့တွင်းနဲ့ မြို့ပြင်ဘက် လမ်းဆုံတွေမှာ လမ်းသွားလမ်းလာ ပြည်သူတွေကို တားဆီးစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ စစ်ဆေးတဲ့နေရာတွေမှာ အင်အား(၂၀)လောက် စောင့်ကြပ်ကြပြီး ကားတွေကို စစ်ဆေးတာအပြင် သေနတ်ပါ/မပါနဲ့ ဖုန်း စတာ တွေကို စစ်ဆေးနေကြတယ်လို့လည်း ဒေသခံပြည်သူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီတပ်သားတွေဟာ ကာမိုင်းဘက် အခုမှရောက်ရှိလာတဲ့ လူသစ်တွေ ဖြစ်တဲ့အတွက် ခရီးသွားတွေကိုသာမက ကာမိုင်းမြို့ခံပြည်သူတွေကိုပါ စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။  “လူသစ်တွေ ဆိုတော့ ရွာခံတွေကိုရော အကုန်စစ်တယ်။ ခုထိဖမ်းတာတာ့ မကြားသေးဘူး။ ခုဝင်လာတာက(၁၀၀)လောက်တော့ ရောက်မယ်”လို့ ကာမိုင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အထက်ပါ တပ်သားတွေဟာ ကာမိုင်းမြို့တွင်း ရောက်ရှိနေတာ ၁၀ ရက်ကျော်လောက် ရှိနေပြီ ဖြစ်ပြီး စစ်ဆေးမှု တွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကာမိုင်းမြို့အတွင်း စစ်ကောင်စီတပ်တွေကနေ လမ်းသွားပြည်သူတွေကို ရှောင်တခင် စစ်ဆေးတာတွေ မကြာခဏ ပြုလုပ်လေ့ရှိနေတာလည်း ဖြစ်ပါတယ်။ https://www.facebook.com/myitkyina newsjournal.mm/photos/a.182072622159000/19 04515173248061/

၂၃။    မုန်တိုင်းကြောင့် နေအိမ် ပျက်စီးသွားသူတွေကို TNLA က ထောက်ပံ့ငွေပေးပြီး စာသင်ကျောင်းတွေပြင်ပေး
        May 30, 2023

မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ထိန်းချုပ်နယ်မြေအတွင်း နေအိမ်တွေ ပျက်စီးသွားတဲ့ မိသားစုဝင်တွေအတွက် ပြန်ပြု ပြင်နိုင်ဖို့ PSLF/ TNLA အုပ်ချုပ်ရးဌာနက ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ မနေ့က မေ ၂၉ ရက်မှာ TNLA သတင်းနဲ့ပြန်ကြား ရေးက ထုတ်ပြန်ခဲ့ပါတယ်။ PSLF/ TNLA က ပျက်စီးသွားတဲ့ ပုံစံအပေါ်မူတည်ပြီး ထောက်ပံ့ငွေပေးအပ်ခဲ့ကာ တပ်မဟာ (၅) စစ်ဒေသ မုံးဟွမ်မြို့နယ်၊ နောင်ဟွယ်ကျေးရွာက ပျက်စီးခဲ့တဲ့ စာသင်ကျောင်းကို အသစ်ပြန်လည်ဆောက်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ မုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့အိမ်တွေထဲအတွက် မေလ ၂၆ ရက်နေ့က တအာင်းတပ်မဟာ (၃) တပ်မဟာမှူး ဦးဆောင်တဲ့အဖွဲ့က မန်တုံမြို့နယ်၊ မိုလုံ(မိုးလိုင်) ကျေးရွာ ပြည်သူလူထုနဲ့တွေ့ဆုံပြီး နေအိမ် (၃) လုံးအတွက် ထောက်ပံ့ငွေ (၁၇) သိန်း ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နမ့်ဆန်မြို့နယ် အုပ်ချုပ်ရေးဌာနအဖွဲ့က တပ်မဟာ (၂) စစ်ဒေသထဲက မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ပန်အုလုကျေးရွာအတွင်းက နေအိမ် (၃) လုံးအတွက် အလှူငွေ (၁၀) သိန်းနဲ့ ဇယန်းမိုင်မိုင်ကျေးရွာက (၁၂) လုံးအတွက် (၂၆) သိန်းကျော် ထောက်ပံ့ပေးခဲ့ပြီး မိုင်းငေါ့မြို့နယ်၊ ပန်နင်းကျေးရွာအတွက် အလှူငွေ ကျပ်သိန်း (၁၂၀) သွားရောက်ထောက် ပံ့ခဲ့ တယ်လို့ TNLA က ဆိုပါတယ်။ အခုလ ၁၄ ရက်နဲ့ ၁၅ ရက်တွေက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် TNLA ထိန်းချုပ် နယ်မြေအတွင်းရှိ ကျေးရွာ ၂၂ ရွာက စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းအပါအဝင် လူနေအိမ် (၁၀၀) ကျော်ထိခိုက်ပျက်စီး ခဲ့တယ်လို့ PSLF/ TNLA သတင်းနဲ့ပြန်ကြားရေးဌာန ထံက သိရပါတယ်။ https://w ww.facebook.com/MeKongNewsM M/photos/pcb.1234319537227981/1234319280561340/

၂၄။    ဖားကန့်တွင် ရေမဆေးကျောက်ရှာဖွေနေသူ ၂၀ ထက်မနည်းကို စစ်ကောင်စီတပ်ဖမ်းဆီး
       May 29, 2023

စစ်ကောင်စီစစ်ကြောင်းထိုးနေသည့် ဖားကန့်မြို့ မော်မောင်းလယန်အုပ်စုရှိ ကျောက်စိမ်းလုပ်ကွက်များမှ ရေမဆေး ကျောက်ရှာဖွေနေသူ ၂၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ မော်မောင်းလယန်ကျေးရွာအုပ်စု ဘလခရပ်ကွက်တွင်  ယမန်နေ့ည ၉ နာရီခန့်က သေနတ်များပစ်ဖောက်ကာ စစ်ကြောင်းနှစ်ကြောင်းဖြင့် ဝင်ရောက်လာခြင်းဖြစ်သည်ဟု အသက် ၅၃ နှစ်ခန့်အရွယ်ရှိ ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦးက ပြောသည်။ “ကျည်ဆံတွေ အကတ်လိုက်ကိုဆွဲတာ အစကတော့ စစ် ကြောင်းဝင်မယ်ဆိုပြီးပြောသံတွေကြားတယ်။ ကျွန်တော့်အထင်က လုပ်ကွက်လည်းလုပ်နေတာဆိုတော့ မလာလောက်ဘူး ထင် ပြီးသွားတာ အခုတော့ သေနတ်တွေနဲ့ပါ ပစ်လို့ပြေးခဲ့ရတယ်။ ဖမ်းခံရတဲ့သူတွေလည်းရှိတယ်” ဟုသူကပြောသည်။ မှော်စီစာ ကျေးရွာတွင်လည်း ယမန်နေ့ညက စစ်ကြောင်းဝင်ရောက်လာသောကြောင့် ကျောက်စိမ်းလုပ်ကွက်များ နားခဲ့ရသည်ဟု အသက် ၅၆ နှစ်ခန့်အရွယ်ရှိ လုပ်ကွက်ဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့(စစ်ကောင်စီစစ်ကြောင်း) လာနေပြီဆိုပြီး ဖုန်းဆက်ခဲ့တယ်တဲ့ လုပ်ကွက်ရဲ့ တာဝန်ရှိသူတွေကိုလေ အောက်မှော် တွေကတော့ သေနတ်နဲ့ပါလိုက်ပစ်နေတယ်လို့ ကြားတယ်။ သူတို့လာတယ်ဆိုတော့ အလုပ်တော့ နားထားပေးရတာပေါ့” ဟုပြောသည်။ ဖမ်းဆီးခံခဲ့ရသူများကို စစ်ကောင်စီစစ်ကြောင်းက မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရကြောင်း ဒေသခံများက ပြောသည်။ အင်အား ၃၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့က လုံးခင်းကျေးရွာရှိ ဥရုဆိုင်းတည်းခိုခန်းကို မေလ ၂၅ ရက်နေ့နံနက်က ဝင်ရောက်စီးနင်းပြီး အမျိုးသားငါးဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်တွင်လည်း မေလ ၂၄ ရက်နေ့က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လက်အောက် ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ အုပ်ချုပ်ရေးအရာရှိတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် ဝင်ရောက်စီးနင်းပြီး မိသားစုဝင်များနှင့်အတူ ဖမ်းဆီး သွားခဲ့သည်။ https://www.facebook.com/photo?fbid=56643033 2351306&set=a.535867405407599

၂၅။  မြစ်ကြီးနားမှ အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ကက်သလစ် ဘုန်းတော်ကြီးကို ဖမ်းဆီးအရေးယူဖို့ လိုအပ်           တယ်လို့ ကူညီပေးနေသူတွေပြော၊ မဖမ်းဆီးနိုင်ရင် ထပ်မံ ကျူးလွန်နိုင်တယ်လို့ဆို
       May 29, 2023

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ အသက်(၂၀)အရွယ် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်မှုကျူးလွန်ခဲ့တဲ့ ကက်သ လစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Father John Nhpum Mung Mai ကို အမြန်ဆုံးဖမ်းဆီးပြီး အပြစ်ပေးအရေးယူဖို့လို အပ်တယ် လို့ကူညီပေးနေသူတွေကပြောပါတယ်။ ကျူးလွန်သူဟာ လွတ်မြောက်နေမယ်ဆိုရင် အရေးယူခံရမှုကနေကင်းလွတ် နေတာဖြစ် တဲ့အတွက် ဒီလိုဖြစ်ရပ်မျိုးကို ထပ်မံကျူးလွန်နိုင်ပြီး နောက်ထပ်တခြားသော ကျူးလွန်သူတွေလည်း အခုလိုပဲလွတ် သွားနိုင်ချေ ရှိတယ်လို့ ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်ကို ကူညီပေးနေတဲ့ တက်ကြွလှုပ်ရှားသူ Khon Ja က အခုလို ပြောပါ တယ်။ “သူကျူး လွန်ခဲ့တဲ့အမှုကို ကြည့်မယ်ဆိုရင် တော်တော်လေး စိတ္တဇ ဆန်တာကို တွေ့ရတယ်။ သူ့ကို လက်ခံထားရှိတဲ့ အိမ် မှာ သမီးပျိုတွေ ရှိရင်လည်း အန္တရာယ်ရှိပါတယ်။ အရေးယူခြင်းလည်းမရှိ ဒီအတိုင်းပဲ လွှတ်ထားမယ်ဆိုရင် နောက်ထပ် သားပျိုသမီးပျိုတွေကို လည်း ဖျက်ဆီးနိုင်ချေရှိတယ်လို့ ကျမတို့ခန့်မှန်းမိပါတယ်။ ဒါကြောင့်မို့ ဒီကာယကံရှင် အမျိုးသမီးသာမက တခြားသော အမျိုး သမီးများကိုလည်း ကာကွယ်တဲ့ အနေနဲ့ ဒီမုန်မိုင် (ကျူးလွန်သူ)ကို ဖမ်းဆီးပေးဖို့ အရေးကြီးပါတယ်” Father John Nhpum Mung Mai ဟာ အမျိုးသမီးငယ်ကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလမှာကတည်းက ကျူးလွန်ခဲ့တာဖြစ်ပြီး အဓမ္မပြုကျင့်ပြီး ဗီဒီယိုဖိုင် ရိုက်ထားကာ အမျိုးသမီးငယ်ကို အကြိမ်ကြိမ်ခြိမ်းခြောက်ပြီး နည်းအမျိုးမျိုးနဲ့ ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ဆိုပါ တယ်။

ကျူးလွန်တဲ့ Father John Nhpum Mung Mai ကို ပြီးခဲ့တဲ့ မေလ ၆ ရက်မှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ပုဒ်မ ၃၇၇ (ဓမ္မတာနဲ့ ဆန့်ကျင်သည့် လိင်ဆက်ဆံမှု)တို့နဲ့ မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှာ တရားစွဲဆိုထားပြီး ကျူးလွန်သူက တော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ “ကျူးလွန်သူဟာ ရဟန်းဘုန်းကြီး ဖြစ်တယ်ဆိုပြီးတော့ ရဲတပ်ဖွဲ့ကနေလည်း တော်ရုံတန်ရုံနဲ့ မလုပ်ရဲတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ အဲနေ့ သူဘယ်မှာရှိတယ်ဆိုတာ သိရဲ့သားနဲ့ မဖမ်းမိနိုင်တာ။ ကျူးလွန်သူကို ပြစ်မှုကျူးလွန်သူအနေနဲ့သာ ကြည့်ရမှာဖြစ်တယ်။ ဝတ်ရုံဝတ်တယ် မဝတ်ဘူးဆိုတာ မကြည့်သင့်ဘူးလို့ ယူဆတယ်။ ကျောသား ရင်သား မခွဲခြားပဲနဲ့ တိတိကျကျ ဖမ်းဆီးပေးဖို့ လိုအပ်တာဖြစ်တယ်” ဆိုပြီး ကူညီပေးနေတဲ့ အထက်ပါ အမျိုးသမီးက ဆက်ပြော ပါတယ်။ နစ်နာနေသူကို အပြစ်ဖို့ပြီး အပြစ်တင်နေတဲ့ ဓလေ့ထုံးတမ်းတွေကို အမြစ်ဖြတ်သင့်သလို ပြစ်မှု ကျူးလွန်နေသူတွေကို အပြစ်ကနေကင်းလွတ်ခွင့်ပေးနေတဲ့ ဓလေ့တွေလည်း မရှိသင့်တော့ကြောင်း ပြောပါတယ်။ Father John Nhpum Mung Mai ကို ကက်သလစ် အသင်းတော်က ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်မှာ ဘုန်းတော်အဖြစ်ကနေ ထုတ်ပယ်ပြီး ၎င်းရဲ့အဆောင်အယောင်နဲ့ လုပ်ငန်းဆောင်တာ အားလုံးကိုပါ ရပ်စဲလိုက်တယ်လို့ ဆိုပါတယ်။ https://www.facebook.com/photo/?fbid=574833684 823900&set=pcb.574834031490532

၂၆။   တအာင်းရုံးသုံးစာ ၁ လကြာသင်တန်းကို နမ္မတူမှာ ဖွင့်လှစ်သင်ကြားခဲ့
       May 29, 2023

ရှမ်းမြောက် နမ္မတူမြို့နယ် နမ့်တောင်ကုန်းကျေးရွာအုပ်စု ပန်သပြေရွာမှာ နမ္မတူ တအာင်းသံဃာတော်အဖွဲ့၊ တအာင်း စာပေနဲ့ ယဥ်ကျေးမှုအဖွဲ့၊ တအာင်းပြည်နယ်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး တအာင်းရုံးသုံးစာ ၁ လကြာသင်တန်းကို အောင် မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ တအာင်းစာပေသင်ကြားရေးအဖွဲ့ (TLTA)က ပြောပါတယ်။ အဆိုပါသင်တန်းကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကနေ မေလ ၂၃ ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး နမ္မတူမြို့နယ်ထဲက တအာင်းရွာပေါင်း ၂၄ ရွာမှ ကိုရင် ၁၄ ပါး၊ အမျိုး သား ၂၄ ဦးနဲ့ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၅၄ ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ တအာင်းဒေသအနှံ့မှာ တအာင်းရုံးသုံးစာ ပြန့်ပွားနိုင်ဖို့ မြို့နယ်တိုင်းက တအာင်းသံဃာတော်အဖွဲ့နဲ့ စာပေယဥ်ကျေးမှုကော်မတီတွေ ပူးပေါင်းပြီး ဖွင့်လှစ်နေတာဖြစ်တယ် လို့ သင်တန်းမှူးဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်ဝိမလက မိန့်ပါတယ်။

“တအာင်းဒေသ အနှံ့အပြား တအာင်းစာ ပြန့်ပွားအောင်လို့ သူ့စာကိုယ့်စာလို့ မရှိတော့ဘဲနဲ့ တအာင်းစာတစ်မျိုးတည်း ဖြစ်အောင်လို့ အခုလို သင်ကြားပေးနေတာပါ” တအာင်းရုံးသုံးစာသင်တန်းကို TLTA အဖွဲ့က တအာင်းဒေသရှိ ကျေးရွာအသီးသီး က  တအာင်းလူငယ်အားလုံးထံ တအာင်းစာပေ လွှမ်းမိုးပြန့်နှံ့စေဖို့၊ တအာင်းလူငယ် ဖတ်နိုင်ဖို့အတွက် တအာင်းစာအုပ်တွေ ထုတ်ဝေနိုင်ဖို့၊ တအာင်းပြည်နယ်အတွင်းရှိ တအာင်းကျေးရွာတိုင်းမှာ တအာင်းစာပေသင်ကြားပို့ချနိုင်ဖို့နဲ့ တအာင်းလူငယ်တိုင်း တအာင်းစာပေ၊ တအာင်းဘာသာစကား ရေးသားပြောဆိုနိုင်ဖို့အတွက် ဖွင့်လှစ်သင်ကြားနေတာဖြစ်တယ်လို့ TLTA ရဲ့ ဒုတာဝန်ခံ မိုင်းအိုက်နွေးက ပြောပါတယ်။ ဒီ ၂၀၂၃ ခုနှစ် ၅ လအတွင်း မန်တုံ၊ နမ္မတူ၊ တန့်ယန်း၊ သီပေါ၊ ကျောက်မဲ၊ နမ့်ဆန် စတဲ့မြို့နယ် ၆ မြို့နယ်မှာ တအာင်းရုံးသုံးစာ ၁ လကြာ သင်တန်းကို ၂၆ ကြိမ် ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ https://www.facebook.com/photo/?fbid=574805138160088&set= pcb.574805198160082

၂၇။   ကျောက်ကြီး-နတ်သံကွင်း ရှိ ဒေသခံ(၁၇)ဦးကို အကာအကွယ်အဖြစ် စစ်ကောင်စီ ဖမ်းဆီးထား
       May 30, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေး ပင်ခရိုင်၊ ကျောက်ကြီး-နတ်သံ ကွင်းလမ်းကြားရှိ ပြိုကျနေသော လမ်းမီးတိုင်များအား ပြန်ထူရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံအမျိုးသား (၁၇) ဦး အား ယနေ့ နံနက်ပိုင်းက ဖမ်းဆီးပြီး အကာအကွယ်အဖြစ်အသုံးပြုနေကြောင်း မြို့ခံများ၏ ပြောဆိုမှုအရ သိရသည်။ ပြီးခဲ့သည့် လပိုင်းများက စစ်ကောင်စီနှင့်နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များ၏ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများကြောင့် ပြိုကျပျက်စီးနေသော လမ်းမီးတိုင်များအား ပြန်ထူ၍ပြုပြင်ရာတွင် အဆိုပါလမ်းပိုင်းအားဖြတ်သန်းသွားလာရမည်ဖြစ်သောကြောင့် စစ်ကောင်စီအနေ ဖြင့် ၎င်းတို့လုံခြုံရေးစိတ်ချမှုရှိစေရန် ထိုဒေသခံများအား ဖမ်းဆီးခေါ်ဆောင်ထားခြင်းဖြစ်သည်ဟု ကျောက်ကြီးမြို့ ခံအမျိုးသား တစ်ဦးက ပြောသည်။ “ပထမအဖမ်းခံရတဲ့အထဲမှာ နတ်သံကွင်းမြို့ထဲက မိန်းကလေးတချို့လည်းပါတယ်။ နောက်မိန်းကလေး တွေကို ပြန်လွှတ်ပေးလိုက်ပြီးတော့ သန်သန်မာမာယောကျ်ား လေးတွေပဲ ခေါ်ထားတာ၊ တိုင်တွေဘာတွေထူတော့ ရှေ့ကနေ သွားခိုင်းတယ်။ ပြင်နေ တာပြီးသလောက်တောင်ရှိတော့မယ်။ ပြင်ပြီးရင် ပြန်လွှတ်ပေးမပေးတော့ ကျနော်တို့ ဆက်စောင့်ကြည့် ရအုံးမယ်။” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်လပိုင်းများကလည်း ကျောက်ကြီးမြို့အတွင်းရှိ ကျေးရွာနေဒေသခံများအား စစ်ကောင်စီက မဲနှိုက်ခိုင်း၍ အဆိုပါလမ်းပိုင်းဆိုင်ရာ ပြုပြင်ရေးတွင် ပါဝင်စေ သော်လည်း တိုက်ပွဲမကြာခဏဖြစ်ပွားသည့်နေရာဖြစ်သည့်အတွက် သွားလာရဲ သူမရှိသောကြောင့် ယခုလိုအတင်းအကြပ်ဖမ်းဆီးကာ စေခိုင်းခြင်းဖြစ်လာသည်ဟု ဒေသခံများကပြောသည်။ ၎င်းအပြင် ယမန်နေ့နံနက်ပိုင်းကလည်း နတ်သံကွင်းစစ်ဆေးရေးဂိတ်တွင် ဖြတ်သန်း သွားသမျှ လူနှင့်မော်တော်ယာဥ်များအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ဆေးရေး ပိုမိုတင်းကြပ်လုပ်ဆောင်ခဲ့သေးကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။ ယခုရက် ပိုင်းအတွင်း နတ်သံကွင်းတွင် စစ်ကောင်စီတပ်များ အင်အားတိုးချဲ့ခြင်း များရှိ နေပြီး စစ်ကြောင်းထိုးလာခြင်းများရှိမည်စိုးသဖြင့် ဒေသခံအများစုမှာ ညဘက်နေအိမ် ပြန်မအိပ်ရဲဘဲ သတိဖြင့်နေထိုင်နေရသလို ယခုနှစ်ဧပြီလနှင့် မေလအတွင်း ညောင်လေးပင် ခရိုင်တွင် စစ်ဘေးရှောင်ဦးရေ သိန်းချီရှိလာ၍ စားနပ်ရိက္ခာနှင့် ဆေးဝါးလုံလောက်မှု ဆက်လက်မြင့်မားနေဆဲဖြစ်ကြောင်း ကရင် လူမှုရေးရာကော်မတီထံမှ သိရသည်။ https://ki news.org/2023/05/%e1%80%80%e1%80%bb%e1%80%b1%e1%8 0%ac%e1%80% 80%e1%80%ba%e1

၂၈။   မိုင်းကိုင်မြို့နယ် အမျိုးသားတစ်ဦးကို SSPP/SSA တပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး လျော်ကြေးငွေပေး
       May 30, 2023

သျှမ်းပြည် မိုင်းကိုင်မြို့နယ် လွယ်ယန်းကျေးရွာ ဒေသခံအမျိုးသားတစ်ဦးကို SSPP/SSA က သတ်ဖြတ်ခဲ့ပြီး လျော် ကြေးငွေ ပေးဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် လွယ်ယန်းကျေးရွာ နေထိုင်သည့် အသက် (၅၀) အရွယ် ဦးပေါ်ထွေး တောထဲ ကျွဲသွားကျောင်းစဥ် SSPP/SSA တပ်သားများနှင့် တွေ့ဆုံခဲ့ပြီး ထွက်ပြေးသွားသည့်အတွက်ကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကျည်ထိမှန် သေဆုံးသွားခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာ က  ပြောသည်။ “ဖြစ်စဉ်က သူသွားလာနေတဲ့ နေရာမှာ ဗုံးပေါက်ကွဲတယ်။ ဗုံးပေါက်ကွဲ တော့ ကျနော်တို့ လူတွေလည်း စစ်ဆေးရေးလုပ်တယ်။ ဖြစ်ချင်တော့ သူ့ကို သွားတွေ့တယ်။ သူက သေနတ်ပါတယ်။ ရပ်ခိုင်း တာမရပ်ဘဲ ထွက်ပြေးသွားတော့ ကျနော်တို့လည်း RCSS ကလူတွေ ဗုံးလာထောင်တာဆိုပြီး ပစ်လိုက်တာ။ အဲ့နားမှာပဲ သေသွား တာပါ” ဟု ဗိုလ်ကြီး သီဟရာဇာက ပြောသည်။

အဆိုပါ ပစ်သတ်ခဲ့ပြီးနောက် ကျေးရွာတွင်း မိဘ ပြည်သူများ နှင့် တွေ့ဆုံပြီး လျော်ကြေးငွေ ပြန်ပေးခဲ့ကြောင်း သိရ သည်။ “ကျနော်တို့လည်း မိဘ ပြည်သူတွေနဲ့ ပြန်တွေ့ဆုံတယ်။ ပြီးတော့ လျော်ကြေးငွေတွေ ဘာတွေ ညာတွေ ပြန်ပေးလိုက် တယ်။ ဘယ်လောက်ပေးတယ်။ ဘာတွေ လုပ်လဲတော့ ကျနော်လည်း အတိကျ မသိဘူး။ ကျနော်လည်း အထက်ကို ပြန်မေးမှရ မယ်။ မိဘပြည်သူတွေနဲ့ တွေ့ဆုံတဲ့အချိန် ကျနော်က မရှိနေဘူး” ဟု ဗိုလ်ကြီး သီဟရာဇာက ဆိုသည်။ သို့သော် ‌ရွှေဖီမြေသတင်း ဌာနတွင် SSPP/SSA တပ်ဖွဲ့က ပစ်သတ်ခံခဲ့ရသည့် မိသားစုဝင်ကို ငွေ ၅ သိန်းဖြင့် ကျေအေးပေးခဲ့ကြောင်း ရေးသားထားသည်။ မိုင်းကိုင်မြို့နယ်အတွင်း တစ်ချို့ ကျေးရွာဒေသများမှာ SSPP/SSA တပ်ဖွဲ့ဝင်များကို မာရှယ်လောစနစ်ဖြင့် ထိန်းချုပ်ထား ကြောင်း သိရသည်။ “ကျနော်တို့လည်း မိဘပြည်သူတွေကို မှာကြားထားတာတွေရှိပါတယ်။ လယ်ယာတွေ သွားရင် အစုလိုက် သွားဖို့၊ ကျနော်တို့ စစ်ဆေးရင်လည်း အစစ်ဆေးခံဖို့ ၊ တစ်ယောက်ထဲ မသွားဖို့ ၊ ဘယ်အချိန်တွေမှာ မသွားလာဖို့ဆိုတာ မှာကြား ထားပါတယ်။  ကျနော်တို့ကို တွေ့ရင်မထွက်ပြေးဖို့ ပြောထားတယ်။ တကယ်လို့ ထွက်ပြေးတာတွေရှိရင် ပစ်သင့်ရင် ပစ်ရမှာပဲ။ မာရှယ်လောစနစ်လိုပါပဲ။ မိုင်းကိုင်မြို့နယ် တစ်ခုလုံးတော့ မဟုတ်ဘူး။ တစ်ချို့ဒေသတွေပဲ” ဟု ဗိုလ်ကြီး သီဟရာဇာက ဆက်ပြောသည်။ https://burmese. shannews.org/archives/35027

၂၉။    ဒဘတ်ကျေးရွာတွင် စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်
        May 29,2023

ဆယ်စုနှစ်တစ်ခုအကြာ စစ်ဘေးရှောင်ခဲ့ကြရသည့် ဝိုင်းမော်မြို့နယ် ဒဘတ်ကျေးရွာမှ နေရပ်ပြန် ပြည်သူများ ကျေးရွာ တွင် မူလတန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ဒေသခံများမှ သိရသည်။ မေလ ၂၇ ရက်နေ့မှစပြီး စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်ရန်အတွက် ပျက်စီးနေသည့် ကျောင်းဆောင်များအား ပြန်လည်ပြုပြင်နေပြီဟု ဒဘတ်ကျေးရွာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “သန့်ရှင်းရေးတွေ အကုန်လုပ်ပြီးတော့ ပျက်စီးနေတဲ့ ကျောင်းဆောင်မှာဘဲ ဒီနေ့ကနေစပြီး ပြန်ပြုပြင်ဖို့ လုပ်နေကြပြီ၊ သွပ်တွေလည်းရပြီ၊ ကျောင်းသားတွေလည်း လက်ခံနေပြီ” ဟုပြောသည်။ ဒဘတ်ကျေးရွာတွင် ပညာသင်ကြား တက်ရောက်ကြမည့် ကျောင်းသားစာရင်း ၂၈၂ ဦးရှိပြီး မူလတန်းအဆင့်တွင် ကျောင်းသား ၄၆ ဦး နှင့် ကျောင်းသူ ၃၀ ဦး စုစုပေါင်း ၇၆ ဦးရှိ၍ အစိုးရမှ ချမှတ်ပေးထားသည့် ဆရာမ ၄ ဦးလည်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်တွင် ကချင်ပြည်နယ် ကောင်စီအစိုးရမှ တစ်ဖန်ကွင်းဆင်းလေ့လာပြီး ကျောင်းဆောင်ပြန် လည်ပြုပြင်ရန်အတွက် သိန်း ၁၀၀ ထောက်ပံ့ပေးခဲ့ကြောင်း ဒဘတ်ကျေးရွာတာဝန်ရှိသူက ပြောသည်။ “အရင် တစ်ခေါက် သူတို့ လာတဲ့အချိန် ကျောင်းသားတွေ ကျောင်းပြန်တက်နိုင်ဖို့၊ ယာယီကျောင်းဆောင် ဆောက်ရင် သုံးဖို့ သိန်း ၁၀၀ တင်ပြ တောင်းခဲ့ တယ်၊ သူတို့အနေနဲ့ တကယ်လုပ်ဖြစ်ရင်တော့ ပေးမယ်ပြောလို့ ကျွန်တော်တို့လည်း လုပ်ထုံးလုပ်နည်းအတိုင်း လူမှုဝန်ကြီးရုံး တွေမှာ မြို့နယ်ဝန်ကြီး လက်မှတ်တွေနဲ့ ကျေးရွာ၊ မြို့နယ် အဆင့်ဆင့် အထောက်အထားတွေနဲ့ ပြန်တင်ပြတော့ သိန်း ၁၀၀ ပေး တယ်၊ ဒါပေမဲ့ ငွေသားတော့ မရသေးဘူးပေါ့”ဟုပြောသည်။ https://www.facebook.com /photo/?fbid=633674975460444 &set=a.601270185367590

၃၀။   စစ်ဘေးရှောင်တွေ သက်သာချောင်ချိရေးအတွက် တစ်ဝက်စျေးဆိုင်
        May 29, 2023

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်တစ်နေရာမှာ စစ်ဘေးရှောင်မိသားစုတွေ သက်သာချောင်ချိရေး အတွက် ကုန်စျေးနှုန်းတွေကို ပုံမှန်ထက် တစ်ဝက်လျော့ချပြီး ရောင်းနေတဲ့ တစ်ဝက်စျေးဆိုင်ကို Hope အဖွဲ့အစည်းကနေ ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် ရေရှည်လုံလောက်တဲ့ထောက်ပံ့မှု မရရှိနိုင်တော့တဲ့အနေအထား မှာ အခြေခံစားသောက်ကုန်တွေ လုံလောက်နိုင်ဖို့ အဓိက ရည်ရွယ်ပြီး ရောင်းချပေးနေတာဖြစ်ပါတယ်။ “ကျနော်တို့က အဓိက ဝမ်းရေးပေါ့နော။ ပြဿနာက ခပ်ရိုင်းရိုင်းပြောရမယ်ဆိုရင် ကျနော်တို့ မငတ်ဖို့ လိုတယ်ပေါ့နော။ သူတို့ကို ငါတို့ မငတ်အောင် သူတို့ရဲ့ ဝမ်းရေးပြဿနာကို ရေရှည်မှာ ဘယ်လိုတောင့်ခံထားလို့ ရနိုင်မလဲဆိုတဲ့အဖြေကို ကျနော်တို့ နည်းမျိုးစုံနဲ့ စဉ်းစားတယ် ပေါ့နော။ နည်းမျိုးစုံစဉ်းစားတဲ့အခါမှာ ကျနော်တို့ လုပ်ပေးနေကျ အပတ်စဉ် လစဉ် ရိက္ခာထောက်ပံ့ရေး အစီအစဉ်တွေက အဖြေ မဟုတ်တော့ဘူး။ အဲဒါတွေက အလှူငွေ ထောက်ပံ့မှုတွေသာ မရှိဘူးဆိုရင် ကျနော်တို့ မသွားနိုင်ဘူး။ အဲဒီအခါမှာ ကျနော်တို့ တစ်ဝက်စျေးဆိုင်ဆိုတဲ့ အဖြေပြန်ပြီးတော့ ထွက်လာတယ်။” လို့ Hope – The Humantarial Organizatation ရဲ့ စီမံခန့်ခွဲရေး အပိုင်းမှာ ဆောင်ရွက်နေတဲ့ Linn NZ က ပြောပါတယ်။

လက်ရှိမှာတော့ တစ်ဝက်စျေးဆိုင်ကို တစ်ပတ်မှာ တစ်ကြိမ်ဖွင့်လှစ်ထားပြီး အဲဒီလိုဖွင့်လှစ်တာ ၉ လရှိသွားပြီလို့ သိရပါ တယ်။ လက်ရှိမှာတော့ အဲဒီစစ်ရှောင်စခန်းနေရာမှာ တစ်ဝက်စျေးဆိုင်ကို ၄ ဆိုင်အထိ ဖွင့်လှစ်ပေးထားပြီး တခြားစစ်ရှောင် စခန်းတွေမှာလည်း ပိုမိုတိုးချဲ့ဖွင့်လှစ်ဖို့ ဆက်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့ လက်ရှိအခြေအနေမှာ ဒီလိုတစ်ဝက်စျေးဆိုင်တွေရှိနေတဲ့အတွက်လည်း အပတ်စဉ် အခြေခံစားသောက်ကုန်တွေအတွက် သက်သာရရာတယ်လို့ အဲဒီမှာ နေထိုင်တဲ့ စစ်ရှောင်တွေက ဆိုကြပါတယ်။ “အဓိက ကြက်ဥ၊ ခေါက်ဆွဲ၊ မာမီး၊ ဆီ ကလေး အတွက်ပေါ့နော။ အဓိက၊ ဆား၊ ဆန် အဲဒါတွေပေါ့။ ဘယ်လိုမျိုးလဲဆိုရင် သူများက တစ်မျိုးကို ၅၀၀ ဆိုရင် ဒီမှာက ၂၅၀ ဆိုရင် ၂၅၀ ကွာသွားတာပေါ့နော။ ဘာပဲဖြစ်ဖြစ်ပေါ့နော။ အကုန်လုံးပေါ့နော။ တစ်မျိုးစီက တစ်ဝက်နှုန်းပဲဖြစ်တော့ အကုန်လုံးသက် သာတာပေါ့နော။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ရိုဇားနာ ပြောပါတယ်။ လက်ရှိကရင်နီပြည်မှာ စစ်ရှောင်ဦးရေ ၂ သိန်း ကျော်ရှိနေပြီး ဒေသတွင်းတိုက်ပွဲတွေကြောင့် နေရပ်ပြန်ဖို့လည်းမဖြစ်နိုင်သေးသလို စစ်ရှောင်လူထုတွေအတွက် အထောက် အပံ့ ရရှိမှုဟာလည်း ပိုမိုနည်းပါးနေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေက ပြောဆိုကြပါတယ်။ https://www.kant arawaddytimes.org/%e1%80%85%e 1%80%85%e1%80%ba%e1%80%98%e1%80%b1%e1%80

၃၁။  တောင်ကြီးမှာ လိုင်စင်မဲ့ကားတွေကို ကညန က လိုင်စင်အတုတွေ မှောင်ခိုဈေးကွက်ကနေ ပြုလုပ်ပေးနေ
       May 29, 2023

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အတွင်းမှာ မောင်းနှင်နေကြတဲ့ လိုင်စင်မဲ့ ကားတွေကို စစ်ကောင်စီလက်အောက်ခံ ကုန်း လမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန (ကညန)ကနေ လိုင်စင်အတုနဲ့ ဖောင်းကြွနံပါတ်ပြားတွေ ရောင်းချပေးနေတယ်လို့ ပွဲ စားတွေဆီက သိရပါတယ်။ တောင်ကြီးမြို့ပေါ်မှာ မေလ ၁၉ ရက်နေ့က ဖောင်းကြွပြား မပါတဲ့ လိုင်စင်မဲ့ ကားတွေကို ဖမ်းဆီး ဒဏ်ငွေရိုက်ပြီးတဲ့နောက်မှာ ကညနဟာ ပွဲစားတွေကနေတစ်ဆင့်  မှောင်ခိုဈေးကွက်ကနေ ရောင်းချနေတာပါ။ ပွဲစားနဲ့ နီးစပ်သူ တစ်ဦးက “Without ကားတွေတိုင်း ဖောင်းကြွ တပ်ရမယ်လို့ ပြောတယ်။ Without ပါဆိုမှ ဘယ်လို ဖောင်းကြွ ရှိမလဲ။ နံပါတ်ပြား ရောင်းစားချင်လို့ ဂွင်ဆင်တာပေါ့။ ကိုယ့်ကား မော်ဒယ်လ်အလိုက် ပြောပြီး ဝယ်လို့ရတယ်။ ကညန တိုက်ရိုက်တော့ မဟုတ်ဘူး။ အသိပွဲစားတွေကနေ ချိတ်ဆက်သွားရတာ။ ၃၀,၀၀၀ ကနေ ၈၀,၀၀၀ လောက်အထိ ပေါက်ဈေး ရှိတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် လိုင်စင်မဲ့ကားတွေအတွက် ဝိတက်နဲ့ Owner Book ပါတဲ့ လိုင်စင်တွေလည်း ကညန က မှောင်ခို ပြုလုပ်ပေးနေပြီး ၇၀၀,၀၀၀ ကျပ်ကနေ ၁,၀၀၀,၀၀၀ ကျပ်အထိ ပေါက်ဈေး ရှိတယ်လို့ သူက ဆက်ပြောပြပါတယ်။

လတ်တလော တောင်ကြီးမြို့နယ်ထဲမှာ အေးသာယာ ထုံးဖိုဂိတ်၊ ဟိုပုံးမြို့မှ တောင်ကြီးမြို့အဝင် နေရာတွေနဲ့ တောင်ကြီးမြို့တွင်း နေရာတချို့မှာ ဖောင်းကြွနံပါတ်ပြားနဲ့ လိုင်စင်ကို ယာဉ်ထိန်းရဲတွေက ရှောင်တခင် စစ်ဆေးတာတွေရှိနေပြီး ဒဏ်ငွေ ရိုက်တာတွေ ရှိတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ လိုင်စင်မဲ့ကား မောင်းနှင်သူ တစ်ဦးက ပြောပါတယ်။ “ကားတိုင်းတော့ သူတို့ မစစ်နိုင်ပါဘူး။ အရင် ကြည့်လိုက်တယ်။ ဖောင်းကြွမပါရင် လိုင်စင်တန်း စစ်တာပေါ့။ ပြီးရင် ယာဉ် မောင်း လိုင်စင် စစ်တယ်။  ဖောင်းကြွမပါရင် ၄၀,၀၀၀။ လူပေါ်မူတည်ပြီး ၅၀,၀၀၀ ကျော် ကျရင်လည်း ကျမယ်။ ၃ မျိုးလုံး မပါရင် ၁၅၀,၀၀၀ အနည်းဆုံးပဲ။ တကယ်က ကညနနဲ့ ပေါင်းပြီး လုပ်စားနေတာပေါ့” လို့ သူက ပြောပြပါတယ်။ တောင်ကြီးမြို့အတွင်း ရှောင်တခင် စစ်ဆေးခံရစဉ် ဖမ်းဆီးခံရတဲ့ လိုင်စင်မဲ့ ကားတွေကို ယာဉ်ထိန်းရဲတွေက တိုက်ရိုက် နံပါတ်ပြား ရောင်းချပေးနေတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ တောင်ကြီးမြို့အတွင်းမှာ မောင်းနှင်နေကြတဲ့ ကားတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ လိုင်စင်မဲ့ ကား တွေဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာကားတွေက အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ https://www.facebook .com/MeKongNewsMM/photos/a.n 373965523263391/1234038000589468/

၃၂။   လုံခြုံရေးကြောင့် ဆယ်တခဲ အထက်တန်းကျောင်းမှာ သတ်မှတ်နေရာခွဲပြီး သင်ကြားနေရ
       May 29, 2023

ကရင်နီပြည် ဖရူဆိုမြို့နယ်၊ ဆယ်တခဲ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ အထက်တန်းကျောင်းကို လုံခြုံရေးအခြေအနေ ကြောင့် သတ်မှတ်နေရာတွေမှာ စာမသင်ကြားတော့ပဲ နေရာခွဲပြီးသင်ကြားပေးနေရတယ်လို့ ကျောင်းဆရာမတစ်ဦးက ပြောပါ တယ်။ “အခုကဘယ်လိုလုပ်ရလဲဆိုတော့ ကျောင်းတွေမှာသတ်မှတ်တဲ့နေရာတွေမှာ ကလေးတွေကိုမထားရဲဘူးပေါ့။ လေယာဥ် ကို ကြောက်ရတာပေါ့။ မူလတန်းက ၂ နေရာထိ ခွဲထားရတယ်။ တစ်ခြားတစ်နေရာစီပေါ့။ အလယ်တန်းခါကျတော့ တစ်ခြား ဒေသခံ စစ်ရှောင်တွေလည်း လာတက်တယ်ဆိုတော့ ကြောက်ရတော့ သုံးနေရာအထိ ခွဲထားလိုက်ပြီး စာသင်နေရတာပေါ့။ ကလေးများတယ်။”လို့ ဆရာမတစ်ဦးက ပြောပါတယ်။ လက်ရှိကရင်နီပြည် ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ နေ့စဉ် တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေက ခပ်စိပ်စိပ်ရှိနေတာကြောင့် လက်ရှိမှာ စာသင် ကျောင်းကို တစ်လ ကျော်ပိတ်ထားရတယ်လို့ အဆိုပါ ကျောင်းဆရာမက ဆက်ပြောပါတယ်။

အဆိုပါကျောင်းကို ဇွန်လအတွင်းမှာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပေမယ့် အတန်းအားလုံး သင်ကြားနိုင်ရေးတော့ အခက်အခဲရှိနိုင်တယ်လို့ ပြောပါတယ်။ ဆယ်တခဲ အထက်တန်းစာသင်ကျောင်းကို ၂၀၂၁ ခုနှစ်ကတည်းက ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဆယ်တခဲ အထက်တန်းကျောင်းမှာ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၂၀၀ ကျော်ရှိပြီး၊ ဆရာ ဆရာမ ၁၅ ဦးက နေ သင်ကြားနေတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကျောင်းသားတွေအတွက် ဖတ်စာအုပ် လိုအပ်နေဆဲဖြစ်တယ်လို့ အဆိုပါ ဆရာမက ဆက်ပြောပါတယ်။ “ဖတ်စာအုပ်မရရင်တော့ ကျမတို့ ဖွင့်လို့မရဘူးပေါ့ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက များ တယ်လေးနော။ ကျမတို့အနေနဲ့ လိုင်းကနေကြည့်ပြီး စာသင်လို့ရတယ်။ ကျောင်းသူ ကျောင်းသားတွေအတွက်ကတော့ အဆင် မပြေဘူးပေါ့နော”လို့ ဆရာမက ဆက်ပြောပါတယ်။ လက်ရှိမှာ အလယ်တန်းအဆင့် အတန်းတင်စာမေးပွဲ ဖြေဆိုပြီးထားပြီး လာ မယ့် စာသင်နှစ်အတွက် အလယ်တန်း စနစ်သစ်ကို သင်ကြားပေးနိုင်အောင် ပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။ ဖရူဆိုမြို့နယ် အတွင်း ကြားကာလအခြေပြုကျောင်း အထက်တန်း ၈ ကျောင်းအထိ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ https://www.kantar awaddytimes.org/%e1%80%9 c%e1%80%af%e1%80%b6%e1%80%81%e1%80%bc%e1%80%

၃၃။   ထာဝရ မဟာမိတ်စာချုပ်အား ဆက်လက်အသိအမှတ်ပြု ထိန်းသိမ်းအကောင်အထည်ဖော်ရေး အတွက် KIO            နှင့် PSLF သဘောတူ
       May 28, 2023

KIO နှင့် PSLF တို့ နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြသည့် ထာဝရ မဟာမိတ်စာချုပ်အား ဆက်လက်အသိအမှတ်ပြု ထိန်းသိမ်းအကောင်အထည်ဖော်ပြီး အားဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲဆောင်ရွက်သွားရန် စသည့်အချက်များ ပါဝင်သော ထုတ်ပြန်ချက်ကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ မေ ၁၆ နှင့် ၁၇ ရက်နေ့နှစ်ရက်၊ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့၌ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြသည့် အစည်းအဝေးတွင် သဘောတူညီမှုရရှိခဲ့ကြသည့် အချက်များဖြစ်ကြောင်း သိရသည်။ “အာဏာရှင်ချုပ်ငြိမ်းရေးအတွက် လက်တွဲဆောင်ရွက်သွားကြရန်၊ အမျိုးသားတန်းတူရေးအပေါ်အခြေခံပြီး အပြန် အလှန်လေးစားလျက် ရှေးယခင်အတိုင်း ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားရန်၊ အငြင်းပွားဖွယ်ရာ သမိုင်းကြောင်းများနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကာ ချစ်ခင်ရင်းနှီးမှုတို့ကို အလေးထားဆောင်ရွက်ရန်၊ မမျှော်လင့်သည့် အခက်အခဲများပေါ် ပေါက်လာပါက မှန်ကန်သော ဆုံးဖြတ်ချက်ရရှိရေးအတွက် နှစ်ဖက်တိုင်ပင်ညှိနှိုင်း ဖြေရှင်းသွားကြရန်နှင့် ပဋိပက္ခမပေါ်ပေါက် စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်” ဆိုသည့်အချက်လည်း ထုတ်ပြန်ချက်၌ ပါဝင်သည်။

ထို့အပြင် ဒေသတွင်းရှိ ကချင်၊ တအာင်း(ပလောင်)၊ ရှမ်း လူမျိုးများနှင့် ပြည်သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့်ဝန်ထုပ်ဝန်ပိုးဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားရန်အချက်များလည်း ပါဝင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စများတွင် သတင်းဖလှယ်အသိအမှတ်ပြု အားပေးရန်နှင့် အခြားလိုအပ်သည့် ကိစ္စများကိုလည်း နှစ်ဖက်အဖွဲ့အစည်းမှ လိုအပ် သလို ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပါရှိသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization – KIO) ၏ လက်နက်ကိုင်တပ်ဖွဲ့သည် Kachin Independence Army – KIA ဖြစ်ပြီး ပလောင်ပြည်နယ် လွတ် မြောက်ရေးတပ်ဦး (Palaung State Liberation Front – PSLF) ၏ လက်နက် ကိုင်တပ်ဖွဲ့သည်  Ta’ang National Liberation Army – TNLA ဖြစ်သည်။ https://www.faceboo k.com/photo/?fbid=637041745126386&set=a.605896064907621

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။