• Today is: Tuesday, May 21, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ်လူမျိုပေါင်းစုံသတင်း

(No. 52, June 30, 2023)

၁။   တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်လို့ ရေတံခွန်တွေကို မသွားလာကြဖို့ လောင်းလုံး PDF တောင်းဆို
      June 29, 2023

စစ်ရေးတင်းမာမှုတွေနဲ့ အချိန်မရွေးဖြစ်ပွားနိုင်တဲ့ တိုက်ပွဲတွေကြောင့် လောင်းလုံးမြို့နယ်အတွင်းက ရေတံခွန်တွေကို မသွားလာကြဖို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြည်သူတွေကို တောင်းဆိုလိုက်ပါတယ်။ ရေတံခွန်တွေကို လည်ပတ်သွားလာနေကြတဲ့ ပြည်သူတွေနဲ့ အတူ စစ်ကောင်စီတပ်သား၊ ပျူစောထီးနဲ့ ထောက်လှမ်းရေးသမားတွေ ရောနှောသွား လာတာတွေကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒါကြောင့် နှစ်ဖက်ထိပ်တိုက်ပစ်ခတ်မှု တွေဖြစ်လာရင် ပြည်သူတွေထိခိုက်မှာစိုးရိမ်လို့  အခုလို မေတ္တာရပ်ခံရတာဖြစ်တယ်လို့ လောင်းလုံး PDFရဲ့ ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။ “အခုအချိန် တိုက်ပွဲတွေက အချိန်မရွေး၊ နေရာမရွေးတိုက်ပွဲတွေ​ဖြစ်လာနိုင်တယ်။ ပြည်သူတွေထိခိုက်မှာစိုးရိမ်လို့ မေတ္တာရပ်ခံ တာပါ” လို့ လောင်းလုံး PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအုန်းအုန်းကပြောပါတယ်။ ထုတ်ပြန်ချက်မှာတော့ ပြည်သူတွေ မွန်းကျပ်မှုတွေနဲ့ ခက်ခက်ခဲခဲဖြတ်သန်း နေထိုင်ကြရတာကို နားလည်ပြီး အဲဒီမွန်းကျပ်မှုတွေကိုပြေပျောက်စေဖို့ သွားရောက် အပန်းဖြေအနားယူတာကို သိရှိနားလည်ပါတယ်ဆိုတဲ့အကြောင်းကိုလည်း ရေးသားထားပါတယ်။

လောင်းလုံးမြို့နယ်မှာ တောကျဲ၊ မောင်မယ်နဲ့ သဗျာရေတံခွန်တွေအပြင် တခြားရေတံခွန်နဲ့ တောင်ကျရေစီးဆင်းနေတဲ့ ချောင်းတွေ အများအပြားရှိပါတယ်။ လက်ရှိမှာတော့ အဲဒီရေတံခွန်နဲ့ တောင်ကျချောင်းတွေမှာ လာရောက်လည်ပတ်သူ တချို့ရှိ နေတယ်လို့ ဒေသခံကဆိုပါတယ်။ “တောကျဲရေတံခွန်ကိုလည်းတချို့သွားနေကြတယ်။ တခြားနေရာတွေမှာလည်း စည်နေ တယ်လို့ကြားရပါတယ်” လို့လောင်းလုံးဒေသခံတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့နှစ် မိုးရာသီကလည်း ရေတံခွန်တွေမှာ လူစည် ကားနေချိန် စစ်ကောင်စီကအကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လာနိုင်တာကြောင့် မသွားလာကြဖို့ လောင်းလုံး PDF က ထုတ်ပြန်တောင်းဆိုဖူးပါတယ်။ https://www.facebook.com/photo?fbid=295 496016201488&set=a.196212679463156

၂။  ကြူကုတ် (ပန်ဆိုင်း) တွင် စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့်တပ် တိုက်ပွဲပြန်ဖြစ်
    June 30, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်၊ မုံးပေါ်ဘက်ရှိ စီစီဝမ်တာဘန် တောင်ကြော ဘက်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့ ဇွန် ၂၉ ရက် ညနေ ၃ နာရီလောက်က တိုက်ပွဲပြန်ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံတဦးက “ကိုးကန့်နဲ့လို့ သိရတယ်။ မနေ့က ၂ နာရီကျော် ၃ နာရီလောက်ကနေ စ ပစ်ခတ်သံကြား တာ၊ မနေ့ည မိုးချုပ်ထိပဲ။ မိုးချုပ်တော့ ငြိမ်သွားပြီလို့ ထင်နေတာ၊ ည ၁၁ နာရီ ၁၂ လောက်မှာ လက်နက်ကြီးတွေ ပြန်ပစ် နေတာ”လို့ ပြောပါတယ်။ နမ့်တောင်းနဲ့ မုံးပေါ်ကြားက ဗြုန်းတောင်၊ နွားလဘို့တောင်နဲ့ စီစီဝမ်တာဘန် တောင်ကြောတ လျှောက်မှာ တိုက်ပွဲပြင်းထန်နေပြီး မိုင်ဖန်ရွာနဲ့ ၁၀၅ မိုင်တို့ကနေ လက်နက်ကြီးတွေ ပစ်ကူတယ်လို့ သူကပြောပါတယ်။ နောက် ထပ် ဒေသခံအမျိုးသမီးတဦးကတော့ “သေနတ်သံတွေလည်း ကြားရော လူတွေလည်း အသွားအလာ ပြတ်သွားတယ်။ လမ်းတွေ မှာလည်း လူတွေမရှိတော့ဘူး။ ကျောင်းသူ၊ ကျောင်းသားတွေလည်း တဖက်ရွာကို မပြန်ရဲလို့ ဒီမှာလာနားနေကြတာ။ ဈေးရောင်း တဲ့ အဒေါ်တယောက်လည်း မပြန်ရဲလို့ ဒီမှာပဲစောင့်နေတာ” လို့ ပြောပါတယ်။

အဲဒီဒေသမှာ တိုက်ပွဲမဖြစ်တာ ၆ လခန့်ကြာပြီဖြစ်ပြီး ခုလို ရုတ်တရက် တိုက်ပွဲဖြစ်လာတာကြောင့် လက်ရှိ ဒေသခံတွေ အနေနဲ့ စပါးပျိုးနှုတ် ကောက်စိုက်နေဆဲ ဖြစ်ကာ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်နေတယ်လို့ သူက ပြောပါတယ်။ မနေ့ညက တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီမနက် အစောပိုင်းကနေ Mytel ဖုန်းလိုင်းတွေ ပြတ်တောက်သွားပြီလို့ ဆိုပါတယ်။ တိုက်ပွဲကြောင့် အဲဒီဒေသမှာ တခြားဒေသတွေလောက် လူသူထိခိုက်တာမျိုး မရှိပေမဲ့ စစ်လက်နက်အကြွင်းအကျန်ကြောင့် စိုက်ပျိုးခြံမြေ အများ အပြား သွားလာလို့ မရတော့တာကြောင့် စွန့်လွှတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဒေသမှာ စစ်ကောင်စီ တပ်မ ၉၉ အဓိက စခန်းထိုင်ရာနေရာဖြစ်ပြီး ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ ကိုးကန့် MNDAA, TNLA, KIA အပြင် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတို့ သွားလာလှုပ်ရှားရာ နေရာဒေသဖြစ်ပါတယ်။ https://burmese.dvb.no/ar chives/601642

၃။ ALP ကို နယ်ခြားစောင့်တပ် BGF ကဲ့သို့ ထားရှိရန် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးမည်ဟု သတင်းထွက်ပေါ်
    June 29, 2023

ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) ကို Boder Guard Force (BGF) နယ်ခြားစောင့်တပ်ကဲ့သို့ ထားရှိရန် စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးမည်ဟု ရခိုင်လူထုကြားတွင် သတင် းထွက်ပေါ်နေ သည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နှင့် စစ်ကောင်စီ မြန်မာစစ်တပ်တို့သည် ယခုလပိုင်းအတွင်း ပိုမိုအလွန်းသင့်လာပြီး ALP ၏ ယူနီဖောင်းမှာ မြန်မာစစ်တပ်ယူနီအဖြစ် အသွင်းဖြစ်လာကြောင်း ALP ကို စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။  “ALP ရဲ့ ယူနီဖောင်း အပြောင်းအလဲက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ပြောင်း လဲလာတာကို တွေ့ရတယ်။ လက်ရှိ လည်း ALP နဲ့ မြန်မာစစ်တပ်တို့ဟာ ပိုမိုအလွန်းသင့်လာတယ်။ ALP ရဲ့ ယူနီဖောင်းက မြန်မာစစ်တပ်ရဲ့ ယူနီဖောင်းနဲ့ ကွက်တိတူ တာကိုတွေ့ရတယ်။ ဘတ်တံဆိပ်တော့ မပြောင်းသေးဘူးပေါ့။ တချို့ရဲဘော်တွေ တွေ့ရတာက ဘတ်တံဆိပ်မပါတဲ့ မြန်မာစစ် တပ် ယူနီဖောင်းဝတ်ထားတာကို တွေ့လာရတယ်။ “ဟု ပြောသည်။  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကို မြန်မာစစ်တပ်က စစ်တွေမြို့တွင် အခြေစိုက်ခွင့်ပေးထားပြီး လုပ်ပိုင်ခွင့်အာဏာလည်း ပေးထားကြောင်း အဆိုပါ စောင့်ကြည့်သူက ဆက်ပြော သည်။ “ALP ကနေ စစ်တွေမြို့မှာ အရပ်သားတွေကို လက်နက်အားကိုးနဲ့ ဖမ်းဆီးတာ၊ ရိုက်နှက်တာတွေ များလာတယ်။ ကျနော် ရဲ့ အချက်အလက်အရ ALP ကနေ အရပ်သားတွေကို ဖမ်းဆီးတာဟာ ၅၀ ဦးထက်မနည်းရှိပြီး ရိုက်နှက်ခံရတာဟာ ၂၀ ဦးထက်မ နည်းရှိပါတယ်။ တချို့က အမှုဖြစ်လို့ အဖမ်းခံရတာရှိတယ်။ တချို့က ဘာအမှုမှမရှိဘဲ ဒီအတိုင်း အာဏာပြချင်လို့ ဖမ်းဆီးတာ တွေရှိနေတယ်” ဟု ပြောသည်။

ALP ကို မြန်မာစစ်တပ်မှ စစ်တွေမြို့ စက်ရုံစုရပ်ကွက် (၂) တွင် ဗဟိုဌာနချုပ်အဖြစ် ရုံးစိုက်ခွင့်ပေးထားပြီး ထပ်ပြီးလည်း စစ်တွေမြို့အနောက်ဘက်၊ ဘုမေမွတ်ဆလင်ကျေးရွာ အကွက် (၁၅) တွင် ၁၀ ဧကကျော် ကျယ်ဝန်းသော မြေကွက်ကို ပေးထား ကြောင်း အနီးအနားနေထိုင်သည့် မွတ်ဆလင်များက ပြောဆိုကြသည်။ မေလ ၂၉ ရက်နေ့ကလည်း ALP မှ အဆိုပါမြေနေရာတွင် ခြံစည်းရိုးခတ်လာပြီး အနီးအနားက မွတ်ဆလင်များကို နောက်နောင် ၎င်းတို့မြေကွက်၌ သွားလာခြင်း၊ ကျွဲ၊ နွားများ သွားလာ ခြင်းနှင့် နေအိမ်များတည်ဆောက်ခြင်း၊ လယ်ယာလုပ်ကိုင်ခြင်းတို့ မပြုရန်လည်း တားမြစ်ခဲ့သည်ဟု သိရသည်။ ခိုင်လုံသော သတင်းရပ်ကွက်မှ ပြောသူတစ်ဦးက ” အခုလည်း တရားဝင်ဆိုသလို သေနတ်ကိုင်ပြီးတော့ စစ်တွေမြို့ပေါ်မှာ ဖမ်းချင်းသလို ဖမ်းနေတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်ကဆိုရင် အရပ်သားနှစ်ယောက်ကို ကယ်ဆယ်ရေးအကြောင်းပြီးတော့ ရိုက်နှက် ဖမ်းဆီးသွားခဲ့တယ်။ အိမ်ပေါ်တပ်ပြီးတော့ အုပ်စုလိုက် ရိုက်နှက်ဖမ်းဆီးသွားတာဗျ။ သေနတ်တွေကိုင်ပြီးတော့ သွားလာနေ တာ။ ပစ္စသေနတ်တွေ၊ အရပ်ဝတ်တွေနဲ့၊ ဒါကို စစ်ကောင်စီကလည်း သိတယ်။ ဘာမှလည်း အရေးယူတာမရှိဘူး။ ကြိုက်သလို ဗိုလ်ကျနေပြီးအနိုင်ကျင့်နေတယ်။ ဒါက မြို့ပေါ်မှာ ပေါ်တင်လုပ်လာနေတာနော်”ဟု ပြောသည်။ ထို့အပြင် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP အတွက် တပ်နေရာ မြန်မာစစ်တပ်မှ မြေဧရိယာပေးထားခြင်း၊ တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင်လည်း ဒေါ်စောမြရာဇာလင်းအား မြန်မာစစ်တပ်မှ ပိုမိုနေရာပေးလာခြင်း စသဖြင့် အခြေအနေများသည် နယ်ခြား စောင့်တပ် BGF အဖြစ် အသွင်းပြောင်းလဲရေးအတွက် ပြည်သူလူထုကြားတွင် အပြောများလာခြင်းဖြစ်သည်။ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP/ALA) ကို ၁၉၆၇ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် ရခိုင်ပြည်သူလွတ်မြောက်ရေးနှင့် တိုင်းရင်းသားအခွင့် အရေး အပြည့်အဝရရှိရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေးအတွက် လွတ်လပ်ရေးအထိ တိုက်ပွဲဝင်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့သည်။  https://www.facebook.com/photo?fbid=695907809215315&set =pcb.695908379215258

၄။  ထိုင်း-ကရင်နီနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်
     June 30, 2023

ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ မနေ့က (ဇွန်လ ၂၉ ရက်နေ့) က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တိုက်လေယာဉ် နဲ့ ဗုံးကြဲခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် က ‌ပြောပါတယ်။ “ကျနော်တို့က လမ်းမှာတိုး ပြီးတော့ တိုက်ပွဲဖြစ်တဲ့ ကိစ္စအဲဒီလိုမျိုးပြောရမှာပေါ့။ လမ်းမှာ နေရင်းထိုင်ရင်းနဲ့ လမ်းမှာတိုးပြီးတော့ တိုက်ပွဲဖြစ်တဲ့ ကိစ္စဖြစ် တယ်။ တိုက်ပွဲကျ ကျနော်ကြားတာက မနက် ၈ နာရီကနေ ၁၂ နာရီအထိဖြစ်တယ်လို့ ကျနော်တို့ ကြားတယ်ပေါ့နော။ အဲဒီအချိန် မှာက တိုက်လေယာဥ်တစ်စီးလာတယ်ပေါ့နော။ စစ်ကောင်စီရဲ့ တိုက်လေယာဥ်တစ်စီးလာပြီးတော့မှ ဗုံးကြဲတာ ရှိတယ်လေ နော။”လို့ ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက် ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းပစ်ကူတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ တိုက်လေယာဥ်ဟာ နယ်စပ်မှာ ရှိတဲ့ စစ်ရှောင် စခန်းအထိ ပျံသန်းလာပြီး စစ်ဘေးရှောင်တွေဟာ စိုးရိမ်ထိတ်လန့်ကာ ဗုံးခိုကျင်းထဲ ပုန်းခဲ့ရတယ်လို့ စစ်ဘေးရှောင်နေသူတစ်ဦး က ပြောပါတယ်။

“မနေ့က မနက်ပိုင်း ၁၀ ခွဲလောက်မှာ လေယာဥ်နဲ့ လာဝဲတယ်။ နီးနီးလေးပဲ။ တိုက်လေယာဥ်နဲ့။ အဲဒီလိုလာဝဲတော့ စစ်ရှောင်စခန်းမှာနေတဲ့လူတွေ အကုန်လုံး သူတို့ တူးထားကြတဲ့ ဗုံးခိုကျင်းထဲ ဝင်ပုန်းနေကြတယ်။” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများနိုင်ပေမယ့် အတိအကျကိုတော့ မသိရသေးပဲ ကရင်နီတပ် မတော် (KA) ဘက်က ရဲဘော်တစ်ဦးကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်ဒေသတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားတာရှိနေပေမယ့် လူထုတွေအနေနဲ့ စိုးရိမ်မလွန်ကြဖို့နဲ့ သတိနဲ့ နေထိုင်ပေးကြဖို့ကို ဗိုလ်မှူးကြီး ဘုန်းနိုင်က တိုက်တွန်းပြောကြားထားပါတယ်။ https://www.kantarawaddyti mes.org/%e1%80%91%e1%80 %ad%e1%80%af%e1%80%84%e1%80%ba%e1%80

၅။  စစ်ကောင်စီဘက်မှ ရုံးချိန်းပျက်ကွက်မှု ၄၅ ကြိမ်ထိရှိနေ၍ ကျောက်ဖြူမှ ဖမ်းဆီးခံလူငယ် ၂ ဦး အလွန်တရာ           နစ်နာမှုရှိနေ
     June 30, 2023

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာမှ ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီး တရားစွဲခံ လူငယ် ၂ ဦး၏အမှုတွင် ၁ နှစ်ကျော်ကြာမြင့်လာသည်အထိ တရားစွဲဆိုထားသည့် စစ်ကောင်စီဘက်မှ ရုံးချိန်း ၄၅ ကြိမ်တိတိ ပျက်ကွက်နေ၍ ဖမ်းဆီးခံ ထားရသူများအတွက် အထူးနစ်နာမှုရှိနေသည်ဟု မိသားစုဝင်များက ပြောသည်။ ၎င်းတို့နှစ်ဦးအမှုတွင် စစ်ဆေးရန်ကျန်နေသေး သည့် စစ်ကောင်စီဘက်မှ တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေးရန် ယနေ့ ဇွန်လ ၃၀ ရက်ကလည်း ကျောက်ဖြူခရိုင် တရားရုံး တွင် ရုံးချိန်းချိန်းဆိုခဲ့သော်လည်း တရားလိုပြ သက်သေနှစ်ဦးမှာ ရုံးချိန်းသို့ရောက်ရှိလာခြင်း မရှိသဖြင့် လာမည့် ဇူလိုင်လ ၁၄ ရက်သို့ ထပ်မံ ရုံးချိန်းလိုက်ကြောင်း သိရသည်။ ယနေ့ပျက်ကွက်သည့် လိုပြသက်သေနှစ်ဦးမှာ မည်သူမည်ဝါ ဖြစ်သည်ဆိုသည် ကိုလည်း မသိရှိဟု တရားစွဲခံထားရသူများ၏ မိသားစုဝင်များက ပြောသည်။ အဆိုပါအမှုတွင် ယခုထိ စစ်ကောင်စီဘက်မှ တရားလိုနှင့်လိုပြသက်သေ စုစုပေါင်း ၄ ဦးကိုသာ စစ်ဆေးပြီးစီးသေးပြီး ဆက်လက်စစ်ဆေးရန် စစ်တပ်အရာရှိနှစ်ဦးအပါအဝင် လိုပြသက်သေ ၅ ဦးကျန်ရှိနေသေးကြောင်း သိရသည်။

ထိုသို့ဆက်လက်စစ်ဆေးရန်ကျန်ရှိနေသေးသည့် လိုပြသက်သေများ ရုံးချိန်းပျက်ကွက်နေသည်မှာ အကြိမ်ရေ ၄၅ ကြိမ် ထိရှိနေပြီဖြစ်သဖြင့်  စွပ်စွဲဖမ်းဆီး ခံထားရသူများအနေဖြင့် အထူးနစ်နာမှုရှိနေကြောင်း ၎င်းတို့၏မိသားစုဝင် တစ်ဦးက ပြော သည်။ “ကျနော်တို့က ရုံးချိန်းကို ကုန်ကျစရိတ်ပေါင်းများစွာနဲ့ အသက် အန္တရာယ်တွေကြားထဲကနေ လာရတယ်။ သူတို့ကတော့ ခပ်ပေါ့ပေါ့တွေးပြီး ရုံးချိန်းကိုဖျက်ပစ်တယ်။ သက်သေလည်း လာမထွက်ဆိုဘူး။ အလလ အကြိမ်ကြိမ် နှစ်နဲ့ချီနေပြီ။ နစ်နာမှု တွေကတော့ ပြောမတတ်အောင်ကို ပါပဲ။ ငွေရေးကြေးရေးဆုံးရှုံးနစ်နာမှု၊ လူ့အခွင့်အရေး ဆုံးရှုံး နစ်နာမှုတွေကတော့ အများ ကြီးပါပဲ။ စွပ်စွဲခံရတဲ့လူငယ်တွေကလည်း အများကြီးနစ်နာရတယ်။ သူတို့ဘဝတွေ အပြစ်မရှိဘဲနဲ့ ဒီအတိုင်းကို စွပ်စွဲပြီး နှိပ်စက် ထားသလို မြင်နေရတယ်။ လူ့အခွင့်အရေးတွေချိုးဖောက်ခံနေရတယ်။ ကျနော်တို့ အမြင်ကတော့ ဥပဒေနဲ့လည်း မညီဘူးလို့မြင် တယ်”ဟုပြောသည်။ ဖမ်းဆီးခံထားရသည့်လူငယ်နှစ်ဦးမှာ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာနေ ပန်းရံလုပ်ကိုင်သူ ကိုစိုင်းဝဏ္ဏ ကျော် (၂၈)နှစ်နှင့် အဝေးသင်တက္ကသိုလ်ပထမနှစ်တက်ရောက်မည့် ကိုထွန်းထွန်းဇော်(၂၀)နှစ်တို့ ဖြစ်ကြသည်။  ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်က ကျောက်ဖြူမြို့နယ် ဇင်ချောင်း ကျေးရွာသို့ လုပ်ငန်းသုံးပစ္စည်းဝယ်ရန်လာစဉ်တွင် ဇင်ချောင်းရဲစခန်းရှေ့ရှိ လုပ်ငန်းသုံးပစ္စည်း ရောင်းသည့်ဆိုင်မှဝယ်အပြီး ယင်းအနီး ကွမ်းယာဆိုင်၌ ကွမ်းဝယ်စားနေစဉ် ရဲသား ၅ ဦးခန့်က မသင်္ကာ၍စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဇင်ချောင်းရဲစခန်းသို့ ခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ရခိုင်တွင် ပြီးခဲ့သည့်တိုက်ပွဲကာလက စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေး ပြင်းထန်ခဲ့ ချိန်အတွင်း အပြစ်မဲ့ရခိုင်ပြည်သူအများအပြားကို စစ်ကောင်စီက အေအေနှင့် ဆက်စပ်သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခဲ့ပြီး တရားရုံးတွင် တရားလိုစစ်ကောင်စီဘက်မှ ရုံးချိန်းပျက်ကွက်မှု အကြိမ်ကြိမ်ရှိနေ၍ တရားစွဲဆိုခံရသူများဘက်က အထူးနစ်နာမှု ရှိနေကြောင်း ဒေသခံများက ပြောသည်။ https://burmese.narinjara.com/…/649e9795e326a640ecfab7bd

၆။  ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား‌တွေဒရုန်းနဲ့တိုက်ခိုက်ခံရ
     June 29, 2023

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ဗုံးကြဲတိုက် ခိုက်ခံခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ မနေ့ကညနေ ၄ နာရီခွဲလောက်မှာ ဒေသအခြေ စိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဗုံးသီးလေးလုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတော့ မဖြစ်ခဲ့ ဘူးလို့ သိရပါတယ်။ “ဗုံးသီးသွားချတာ။ သူတို့ဘက်က ပြန်မပစ်ဘူး။ ထိခိုက်မှုကတော့ရှိနိုင်တယ်။” လို့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကပြောပါတယ်။ ဒီတိုက်ခိုက်မှုကို တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကနဦးသိရပြီး ပါဝင်ခဲ့တဲ့အဖွဲ့အရေအတွက်အတိအကျနဲ့  ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေဟာ လယ်တောင်ယာရွာရဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ အထိုင်ချ တပ်စွဲထားတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ လေးရက်ခန့်ကလည်း လယ်တောင်ယာရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါသေးတယ်။  လယ်တောင်ယာရွာဟာ စစ်ကောင်စီတပ်က တော်လှန်ရေး အင်အားစုတွေရှိတယ်လို့ ယူဆထားတဲ့ ပဝကျေးရွာအုပ်စုနဲ့ လယ်သစ်ရွာဘက်ကို သွားလာလို့ရတဲ့ လမ်းကြောင်းမှာရှိတဲ့အတွက် စစ်ကောင်စီတပ်က မကြာခဏနယ်မြေရှင်းလင်းရေးလုပ်ဆောင်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလတတိယ အပတ်ထဲမှာပဲ တနင်္သာရီမြို့နယ်က တကူကျေးရွာအုပ်စုနဲ့ သမီးလှအရှေ့ကမ်းကျေးရွာတွေဘက်မှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ၅ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဆေးဗိုလ်အပါ အဝင် ၅ ဦးသေဆုံးခဲ့ပါတယ်။ https://www.facebook.com/photo?fbid=295519872865769&set=a.196212682796489

၇။   ကော့သောင်းမှာစစ်ကောင်စီတပ်က ကုန်းလမ်းရောရေလမ်းပါ လုံခြုံရေးတင်းကြပ်
      June 29, 2023

ကော့သောင်းမြို့ကို စစ်ကောင်စီတပ်က ကုန်းလမ်းရော ရေလမ်းကပါလုံခြုံရေးတင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အခုလ ၂၄ ရက်နေ့ညကစလို့  ကော့သောင်းမြို့က လူငယ်တွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာ ပြီးနောက် ၇ မိုင်၊ ၉ မိုင်နဲ့ ၁၀ မိုင်မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကိုဖြတ်တဲ့ အရပ်သားတိုင်းကို စစ်ကောင်စီတပ်က ဖုန်းစစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ကော့သောင်းမြို့ ခံတွေက ပြောပါတယ်။  မြို့ရဲ့အဝိုင်းပတ်နေရာတွေမှာ ရဲတွေရှိနေ သလို ကင်းလှည့်တာကိုလည်း နေ့ရောညပါ လုပ်ဆောင်လာတယ်လို့ မြို့ခံတွေဆီက ဆိုပါတယ်။ ပစ်ခတ်မှု၊ တိုက်ခိုက်မှုဖြစ်တဲ့ အချိန်ကျမှသာ ကွက်ကျားစစ်ဆေးမှုတွေ လုပ်ဆောင်လေ့ရှိတဲ့ ၇ မိုင်၊ ၉ မိုင်နဲ့ ၁၀ မိုင်စစ်ဆေးရေးဂိတ်တွေဟာ အခုလ ၂၄ ရက်နေ့ကစပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးလာတယ်လို့ သိရပါတယ်။

“၁၀ မိုင်က မြို့ထွက်ပေါက်မှာရှိတယ်ဆိုတော့ ပိုစစ်တယ်။ ဖုန်းတွေကိုပဲအဓိကစစ်တာ။ ဆိုင်ကယ်ဦးထုပ်တို့ လိုင်စင် တို့ကျတော့ မော်တော်ပီကယ်ရှိမှစစ်တာ။” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ညဘက်ကင်းလှည့်တာတွေကိုလည်း ပုံမှန်ဆိုင်ကယ် ၅ စီး၊ ဗီဂိုး ကားငယ်နှစ်စီးနဲ့မြို့ထဲပတ်မောင်းတာလောက်သာရှိပေမဲ့ အခုရက်ပိုင်းအတွင်းမှာတော့ စစ်ကောင်စီ တပ်သားတွေဟာ နံပါတ်ပြားမပါတဲ့ စလွန်းကား ၃ စီးလောက်ပါအသုံးပြုလာပြီး  လမ်းကြားတွေထဲထိပါ ဝင်ရောက်ပြီး ကင်းလှည့်တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ ဆက်ပြောပါတယ်။ ကုန်းလမ်းကြောင်းကို အခုလိုနည်းလမ်းနဲ့ပိတ်တာအပြင် ရေလမ်းကိုပါ လေလုံးတိုးလှေ ၄ စီး၊ ပုံမှန် speed boat ကင်းလှည့်ယာဥ် ၂ စီးနဲ့ ကော့သောင်းမြို့ကနေ ရေလမ်းထွက်ပေါက် တွေဘက်ကို နေ့ရောညပါ ကင်းလှည့်စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “၂၄ ရက်နေ့က ၄ စီးပဲရှိသေး တယ်ဗျ။ ဒီနေ့ဆို ၆ စီးရှိနေတယ်။ လှေငယ်တွေကို ပိုစစ်တယ်ဗျ။” လို့ပြောပါတယ်။ https://www.facebook.com/photo ?fbid=295492152868541&set=a.196212679463156

၈။  ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်စခန်း မိုးကာ နှင့် ဘထ္ထရီ မီး လိုအပ်နေ
     June 29, 2023

သျှမ်း – ကရင်နီ (ကယား) ပြည်နယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် အဆောက်အဦး အတွက် မိုးကာ နှင့် ညဖက်ပြေးလွှားရန် ဓာတ်မီးများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိ မိုးရာသီ အချိန်ကာလတွင် မကြာခဏ မိုးသည်းထန်ရွာသွန်းပြီး မိုးသီးကြွေကျခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းကြောင့် အဆောက်အဦး၏ အမိုးအကာများ ပျက်စီးသွားခဲ့ရာ လဲလှယ်ရန်အတွက် မိုးကာအသစ်လိုအပ်နေပြီး ညဖက် ပြေးလွှားစဉ် ဓာတ်မီးနှင့် ဖုန်းအားသွင်းရန် ဘထ္ထရီ၊ ဆိုလာများလည်း လိုအပ်နေကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ “အခု မိုးကာက လုံးဝ မရှိတော့တာ မဟုတ်ပါ ဘူး။ ရှိတော့ရှိတယ်။ ဒါပေမယ့် မလုံလောက်ဘူးလေ။ အပေါက်တွေ၊ အပြဲတွေနဲ့ ဆွေးကုန်နေလို့ပါ။ သိပ်ပြီး မိုးဖို့အတွက် အဆင်မပြေတော့ဘူး။ အသစ်လဲဖို့ လိုတာပေါ့။ ဘထ္ထရီတွေ၊ ဆိုလာတွေ မရှိခါကျတော့ ဖယောင်းတိုင်နဲ့ပဲ ထွန်းရတယ်၊ ဖုန်းအား လည်း မသွင်းရဘူး။ ကြာလာတော့ မဝယ်နိုင်တော့ဘူး။ တချို့လူတွေဆို တောမှာ ထင်းရှူးရှာပြီး မီးထွန်းဖို့ လုပ်နေရတယ် “ ဟု ၎င်း စစ်ရှောင်အမျိုးသမီးက ပြောသည်။

စစ်ရှောင်များသည် တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် အလုပ်မရှိ၊ ဝင်ငွေမရှိကာ မိုးကာ၊ ဘထ္ထရီ၊ ဆိုလာပြား ဝယ်နိုင်ရန်အတွက် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲဖြစ်ပွားသည့် နယ်မြေဒေသကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နေရာမှ ယခင် ခေါင်းစွပ်လက်နှိပ် တစ်လုံးကို ကျပ်ငွေ ၁ သောင်းခွဲကနေ လက်ရှိမှာ ကျပ်ငွေ ၃ သောင်းအထိ ဈေးနှုန်း မြင့်တက်လာနေကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။ “ဈေးတက်တာတော့ အမှန်ပဲဗျ။ အခုခေါင်းစွပ် လက်နှိပ်ဓာတ်မီး မူရင်းဈေး ၁ သောင်းခွဲဆိုရင် လက်ရှိ ၃ သောင်း ပေးပြီး ဝယ်နေရပြီ။ ဒါတောင် ဒီးမော့ဆိုဘက် ဝယ်မရဘူး။ ဈေးကြီးတော့ လိုအပ်နေတော့လည်း ဝယ်ရတာပါပဲ။ မီးကတော့ မထွန်းရတာ များတယ်။ ဆိုလာရယ်၊ ဘထ္ထရီရယ် အဓိကပေါ့။ ဖုန်းအားသွင်းဖို့ လိုအပ်တယ်။ ဓာတ်မီးကတော့ ညဘက် အရေးပေါ် ပြေးလွှားချိန်ဆို လိုတာပါပဲ “ ဟု ၎င်း စစ်ရှောင် အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။ https://burmese.s hannews.org/archives/35572

၉။  တံတားပျက်စီးမှုစစ်ဆေးစဥ် ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခံရ၍ အင်ဂျင်နီယာ တစ်ဦးသေဆုံး၊ တပ်နယ်မှူးနှင့်တပ်ရင်းမှူး          အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းအများအပြား ထိခိုက်ဒဏ်ရာရ
      June 29, 2023

KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)ထိန်းနယ်မြေ သထုံခရိုင်တွင် ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွား သော ဘီးလင်းနှင့်သထုံမြို့အကြားရှိ ရွှေရောင်ပြတံတားအား သထုံခရိုင်မှ တာဝန်ရှိသူများလာရောက် စစ်ဆေးစဥ် ဒရုန်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရသဖြင့် အင်ဂျင်နီယာတစ်ဦးသေဆုံး၍ ဌာနဆိုင်ရာ ဝန်ထမ်းအများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့ဘက်ကပြောသည်။ တံတားပျက်စီးမှုအခြေအနေ လာရောက်ကြည့်ရှုနေသော စစ်ဘက်၊ ရဲဘက်နှင့် ဌာနဆိုင် ရာမှ အရာရှိများ ဝန်ထမ်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၂)နှင့် ပူးပေါင်းတပ်များက ဒရုန်းဖြင့်ဗုံး(၁၀)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အင်ဂျင်နီယာတစ်ဦးသေဆုံးသည့်အပြင် စစ်ကောင်စီဘက်မှ တပ်နယ်မှူးနှင့် တပ်ရင်း မှူး အပါအဝင် အရာရှိ(၆)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမှတ်-၉ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီး နေဇော်ထွန်းဆိုသူမှာ စိုးရိမ်ဒဏ်ရာရှိခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။

“စစ်အခြေခံလေ့ကျင့်ရေးတပ်က ဗိုလ်ကြီး နေဇော်ထွန်း ပါးစပ်ကနေသွေးတွေ ဆက်တိုက်ထွက်နေပြီး အသက် အန္တရာယ်စိုးရိမ်ရတဲ့အကြောင်း သတင်းရတယ်။ တချို့ဒဏ်ရာ ပြင်းထန်တဲ့သူတွေလည်း ဆေးရုံရောက်ရင် သေနိုင်တယ်။ ခုက တော့ ကျနော်တို့လည်းဒီလောက်ပဲသတင်းအတိအကျရသေးတယ်”ဟု ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။ ထို့အပြင် သထုံ ခရိုင်မှ ရဲဘက်ဆိုင်ရာ အရာရှိနှင့်တပ်ဖွဲ့ဝင်များဖြစ်သော ခရိုင်ရဲမှူးကြီး ဒုရဲမှူးကြီး စိုးပိုင်၊ သိမ်ဆိပ်နယ်မြေရဲစခန်းမှူး ရဲအုပ် ယဉ်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ရဲမင်းခန့်၊ ရဲအုပ် လွင်လွင်ထွန်း၊ ရဲတပ်ကြပ် ကျော်ကျော်လင်း၊ ရဲတပ်ကြပ်ကြီး ထွန်းထွန်းဦး၊ ရဲတပ်သား သန်းတိုးအောင်၊ ရဲတပ်ကြပ် သက်မင်းအောင်နှင့် ရဲတပ်သား သန်းထွေးအောင် တို့ လည်း အသီးသီးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ထွေ/အုပ်ဝန်ထမ်းများ၊ မီးသတ်များ အပါအဝင် စုစုပေါင်း (၂၆)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်ရေးသတင်းအရင်း အမြစ်များမှ သိရသည်။ KNLA တပ်ရင်း(၂)နှင့် ပူးပေါင်းတပ်များသည် ရန်ကုန်-မော်လမြိုင်-မြဝတီ ကားလမ်းမကြီးပေါ်ရှိ စစ်ကောင်စီထောက်ပို့လမ်းကြောင်းအတွက် အသုံးပြုနေသော ရွှေရောင်ပြတံတားအား ဖောက်ခွဲဖျက်ဆီးမှုလုပ်ဆောင်ခဲ့ရာ တံတားတစ်ခြမ်း ကျိုးကျပျက်စီး သွားခဲ့ပြီး လိုင်စင်မဲ့ကား သုံးစီးထိခိုက်ပျက်ဆီးကာ ဌာနဆိုင်ရာဝန်ထမ်းအမျိုးသား တစ်ဦးသေ ဆုံး၍ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအဲန်ယူက ပြောဆိုထားသည်။ https://kicnews.org/2023/ 06/%e1%80%90%e1% 80%b6%e1%80%90%e1%80%ac%e1%80%b8%e1%80%95%e1

၁၀။  ထန်တလန်မြို့ကို စကစက ‌တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အိမ် ၂လုံး မီးလောင်
       June 29, 2023

ဇွန်လ ၂၈ ရက်၊ နေ့လယ်ပိုင်း ၁၂ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ ထန်တလန်မြို့ကို တိုက်လေ ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ “နေ့လယ်ပိုင်း ၁၂ နာရီ ၀န်းကျင်မှာ စကတိုက်လေယာဉ်တစ်စင်းက နှစ်ကြီမ်လာပစ်သွားတယ်။ ပထမတစ်ကြီမ်မှာ ဗုံးတစ်လုံးချသွားတယ်။ ဒုတိယအကြိမ်မှာတော့ ဗုံး ၂လုံးချပြီး စကသေနက်နဲ့ပါ ပစ်သွားတယ်” လို့ ထန်တလန်ရှေ့တန်းတွင် တာ၀န်ထမ်းဆောင်နေသော ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော်တစ်ဦးက ပြောပါတယ်။ အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် ထန်တလန်ဆေးရုံကြီးနားက ‌လူနေအိမ် ၂ လုံး မီးလောင်သွားခဲ့ပြီး မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့၀င်တွေတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။ မနေ့ မနက်ပိုင်း ၁၁ နာရီ၀န်းကျင်တွင်လည်း မင်းတပ်မြို့နယ်၊ လုပ်ခေးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲချခဲ့ကြောင်းသိရပါတယ်။ https://www.facebook.com/photo/?fbid=782580747207881&set=a.716654970467126

၁၁။  တရုတ်ကောင်စစ်ဝန် ယာဉ်တန်းကို KIA ပစ်ခတ်ကြောင်း စစ်ကောင်စီစွပ်စွဲ
       June 30, 2023

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တရုတ်ကောင်စစ်ဝင် တစ်ဦးပါဝင်တဲ့ ယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ်မ တော် KIA က ဇွန် ၂၇ ရက်နေ့က ပစ်ခတ်တယ်လို့ စစ်တပ်က စွပ်စွဲပါတယ်။ ဒါက မမှန်ကန်ကြောင်း KIA/ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက က ပြောပါတယ်။ ကန်ပိုင်တီကနေ မြစ်ကြီးနားမြို့ကို ယာဉ်တန်းထွက်ခွာလာပြီး ဆဒုံးအလွန်မှာ ပစ်ခတ်ခံရတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ သူက ပြောပါတယ်။ “ကျွန်တော်တို့ KIO နဲ့တော့ မဖြစ်လောက်ပါဘူး၊ ကျွန်တော်ကတော့ မကြားဘူး။ ပြည်သူ့စစ်အဖွဲ့နဲ့ ပစ်ခတ်တယ်ဆိုတဲ့ သတင်းတွေတော့ ထွက်နေပါတယ်။ ကျွန်တော်တို့ KIO အနေနဲ့ ပစ်ခတ်ဆိုတာတော့ မကြားမိပါဘူး၊ ကျွန်တော်တို့ကတော့ ပစ်စရာအကြောင်းလည်း မရှိပါဘူး” ဒေသတွင်းသတင်း မီဒီယာတွေမှာ တရုတ်ကောင်စစ်ဝင်ဟာ ကချင်ပြည်နယ်က သက်ဆိုင် ရာ စစ်ကောင်စီအဖွဲ့တွေနဲ့ နန်ကျင်စီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လာတာလို့ ဖော်ပြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒါဟာ ကောင်စစ်ဝင်မဟုတ်ဘဲ တရုတ်တပ်မတော်ကိုယ်စားလှယ်အဖွဲ့လာရောက်တာဖြစ်ပြီး ယာဉ်တန်းကို KIA က ပစ်ခတ်တာလို့ စွပ်စွဲပါတယ်။ ဒါကို စစ်ကောင်စီ အာဘော် သတင်းမီဒီယာတွေမှာ ဇွန်လ ၂၉ ရက်နေ့က ဖော်ပြပါတယ်။ “တရုတ်နိုင်ငံက ကောင်စစ်ဝန်လည်း မဟုတ်ပါဘူး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တည်ဆောက်မယ့် နန်ကျင် စီးပွားရေးဇုန်ကိစ္စလည်း မဟုတ်ပါဘူး။ နယ်စပ် ဒေသလုံခြုံရေးနဲ့ ပတ်သက်ပြီး ပုံမှန်ပြုလုပ်တဲ့ ဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက တပ်မတော်ကိုယ်စား လှယ်အဖွဲ့လည်း ပြည်ပသို့ ပြန်လည်ထွက်ခွာဖို့ ဖြစ်ပါတယ်။ ပစ်ခတ်တဲ့အဖွဲ့တွေကတော့ KIA အဖွဲ့ဆိုတာ ကျွန်တော်တို့ အတည်ပြုလို့ရပါတယ်” ဒေသတွင်း သတင်းတွေမှာ စစ်ကောင်စီ လက်အောက်ခံ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)က ဦးရွှေမင်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က ယာဉ်တန်းကို ပစ်ခတ်တာလို့ ဖော်ပြပေမဲ့ ဦးရွှေမင်းက ဒါကို ငြင်းဆိုပါတယ်။ ဗိုလ်မှူးကြီး နော်ဘူ ကတော့ စစ်ကောင်စီတပ်တွေနဲ့ ဒူးလေးပါတီ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ KIA ရှိတဲ့ ဒေသတစ်ဝိုက်ကို ထိုးစစ်ဆင် နေပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က KIA တပ်စခန်းတည်ရှိတဲ့နေရာကို ဇွန် ၂၆ ရက်နေ့က ဂျက်တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကြဲခဲ့တယ်လို့ ပြောပါတယ်။ https://www.rfa.org/b urmese/news/kia-china-attack-06292023171824.html

၁၂။  လေယာဉ်ဗုံးကြဲမှုကြောင့် ဖားဆောင်းမြို့နယ် ဝမ်အောင်း(ယင်းတလဲ)ရွာက အမျိုးသားတစ်ဦးသေဆုံး
      June 30, 2023

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ ည(၁၁)နာရီဝန်းကျင်‌မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ ဖားဆာင်းမြို့နယ် ဝမ်အောင်း (ယင်းတ လဲ) ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲခဲ့သလို လက်နက်ကြီးပစ်ခတ်မှုလည်း လုပ်ဆောင်ခဲ့ပြီး အသက် ၅၆ နှစ် အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါဗုံးကြဲမှုကြောင့် ဒေသခံ တစ်ဦး သေဆုံးခဲ့ရသလို နေအိမ် (၈)လုံး ထိမှန်ပျက်စီးပြီး (၁) လုံး မီးလောင်ခဲ့တယ်လို့ အဆိုပါ ဒေသခံက ပြောပါတယ်။ “သူတို့ (စစ်ကောင်စီ) ဗုံးနဲ့ကြဲချတော့ အိမ်ကိုမီးလောင်သွားတယ်ပေါ့။ အဲ့အိမ်က ဦးလေးတစ်ယောက်ရှိတယ်။ သူက လက်နက်ကြီးထိ မှန်လို့ အသက်ဆုံးရှုံးသွားတာ။ မီးမလောင်ပဲ လက်နက်ကြီးထိပြီး ပျက်စီးယိုယွင်းသွားတဲ့အိမ်က (၈)လုံးလောက်ပေါ့။ မီးလောင် သွားတဲ့အိမ်နဲ့ပါရင် အားလုံးပေါင်း(၉)လုံး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဝမ်းအောင်(ယင်းတလဲ)ကျေးရွာထဲကိုလည်း လက်နက်ကြီးကျရောက်မှုရှိခဲ့တာကြောင့် ကျေးရွာသား ဒေသခံအများ စုက ဘေးကင်းရာလို့ ယူဆရတဲ့ နေရာတွေကို တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ လူဦးရေ ၄၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ သိရပါတယ်။ ဖားဆောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်နေ့က ကျေးရွာ တစ်ရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၄ဦး သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားရှိရာ နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲနေတာကြောင့် စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ပိတ်ဆို့အရေးယူမှုတွေ အမြန်ဆုံးဆောင်ရွက်သင့်နေပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။ ဖားဆောင်းမြို့နယ် ဝမ်အောင်း‌(ယင်းတလဲကျေးရွှာ) မှာ စုစုပေါင်း လူဦးရေ (၇၀၀)ကျော်ရှိပြီး အိမ်ခြေ (၁၂၀)ကျော်ရှိတယ်လို့လဲသိရပါတယ်။ https://www.kantarawaddytimes.org/%e1%80%9c% e1%80%b1%e1%80%9a%e1%80%ac%e1%80%89%e1%80

၁၃။  ရွှေအောင်သာကျေးရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ ဦးထက်မနည်း သေဆုံး
      June 29, 2023

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နယ် ရွှေအောင်သာကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်း သေဆုံးကာ အများပြား ဒဏ်ရာရှိပြီး CDF-Mindat က ထုတ်ပြန်သည်။ ရွှေအောင်သာကျေးရွာရှိ နှော်စေတီကုန်းအနီး တစ်ဝိုက်တွင် ဇွန်လ ၂၆ ရက်နေ့ နံနက် ၇ နာရီမိနစ် ၂၀ မှ ၈ နာရီခွဲအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ် (CDF-Mindat) တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့ကြသည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးကာ အများပြား ဒဏ်ရာရရှိပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ် အဖွဲ့ဖက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိတယ်လို့ CDF-Mindat က ဆိုသည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်မှ Jet-Fighter ယဉ်အမျိုးစား နှစ်စီးဖြင့်  လေကြောင်းတိုက်ခိုက်မှု ၇ နှစ်ကြိမ် လုပ်ဆောင်သော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဖက်မှ အထိခိုက်အကျဆုံးမရှိကြောင်း သိရသည်။ ထို့အပြင် မင်းတပ်မြို့ပေါ် တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat တို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်သေဆုံးအခြေအနေ အတည် မပြုနိင်သေးကြောင်း သိရသည်။ https://www.facebook.com/photo?fbid=737422 761720113&set=a.723151876480535

၁၄။  ကော့ကရိတ်မြို့ပေါ် လက်နက်ကြီးကျည်ကျ၍ အရပ်သား ၁ ဦး‌သေဆုံးပြီး ၃ ဦးဒဏ်ရာရ
      June 29, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း-ခလရ ၉၇ စခန်းရှေ့၌ ယမန်နေ့ ညနေ(၅) နာရီအချိန် ခန့်တွင် လက်နက်ကြီးကျရောက်၍ အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ထိုလက်နက် ကြီးကျရောက်ပေါက်ကွဲမှုတွင် မိန်းကလေး ၂ နှစ်ဦးနှင့်ယောကျ်ားလေး ၂ ဦး ထိမှန် ဒဏ်ရာရရှိပြီး အသက် ၅၂ နှစ်အရွယ် ဦးစိုးမြင့် ဆိုသူမှာ ပွဲချင်းပြီးသေဆုံးကာ ကားတစ်စီးနှင့် ဆိုင်ကယ်နှစ်စီးပျက်စီးသွားခဲ့ကြောင်း အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြော သည်။ ၎င်းက “အိမ်ရှေ့ပလက်ဖောင်းမှာကျတာ ကျား၂ ယောက်၊ မ ၂ ယောက်ထိတယ်။ ‌အသက် ၅၂ နှစ် ဦးစိုးမြင့်က ပွဲချင်းပြီး‌ သေဆုံးတယ်။ မိန်းမတစ်ယောက်က ဗိုက်ပေါက်ပွင့်သွားတာ၊ ဖားအံဆေး ရုံပို့လိုက်ပြီ။ ကျန်တဲ့ကျားတစ်ယောက်နဲ့ မိန်းမ တစ်ယောက်က ဒဏ်ရာဆိုးဆိုးဝါးဝါးမရှိဘူး။ ဆိုင်ကယ် နှစ်စီးမီးလောင်သွားတယ်။ လိုင်စင်ကားတစ်စီးမှန်ကွဲသွားတယ်”ဟု ပြောသည်။ ၎င်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွင် တော်လှန်ရေးအင်အားစုဘက်က ပစ်ခတ်ခြင်းဖြစ်နိုင်သလို လှိုင်ဝ စစ်‌ကောင်စီ အမြှောက်ကုန်းမှ လှမ်းပစ်ခတ်ခြင်းလည်း ဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်ပြောဆို ကြသည်။

“တစ်ချို့ကလည်း လှိုင်ဝကပစ်တယ်။ တစ်ချို့ကလည်း ဒရုန်းနဲ့လာပစ်တယ်ပြောတယ်။ မနေ့က ဒရုန်း လာတာမတွေ့ ဘူး။ စစ်ကောင်စီကလက်နက်ကြီးပစ်တာ တစ်ခါတစ်လေမြို့ဘက်ကျတယ်။ နည်းနည်း ဖြစ်ရင် မြို့ထဲကျတာ သူတို့ (စစ်ကောင် စီ)ဟာတွေဆိုတော့ သူတို့ပဲ သူများသိပ်မယုံသလိုဖြစ်တယ်”ဟု အခြားမြို့ခံတစ်ဦးကပြောသည်။ အဆိုပါ မြို့ တွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်းမရှိသေးပေ။ ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များသည် ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အလျင်းသင့် သလို ဝင်ရောက်ပစ်ခတ်လေ့ရှိပြီး စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးများ အမြဲလိုလိုပစ်ခတ်လေ့ရှိသည့်အတွက် မြို့တွင်းသို့ မကြာခဏဆိုသလို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။ https://kic news.org/2023/06/%e1%80%80%e1%80%b1%e1%80 %ac%e1%80%b7%e1%80%80%e1%80%9b%e1

၁၅။  မီဇိုရမ်တွင် ကုလအေဂျင်စီများကို ရုံးဖွင့်ပေးပြီး စစ်ဘေးရှောင်များကို ကူညီရန် ချင်းအရပ်ဘက်အဖွဲ့ များ               တောင်းဆို
      June 29, 2023

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်မှာ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကို အိန္ဒိယ အစိုးရက ရုံးဖွင့်ခွင့်ပေးပြီး စစ်ဘေးသင့်ပြည်သူတွေကို အကူအညီပေးစေချင်တယ်လို့ ချင်းအရပ်ဘက်အဖွဲ့တွေက တောင်းဆို လိုက်ပါတယ်။ ချင်း၊ စစ်ကိုင်း၊ မကွေး ဒေသ ၃ ခုမှာ စုစုပေါင်းစစ်ဘေးသင့်ပြည်သူ ၁ သန်းဝန်းကျင်ရှိလာပြီး အိန္ဒိယနယ်စပ်ကို စုပြုံရောက်ရှိသွားနိုင်တာကြောင့် အခုလို တောင်းဆိုတာဖြစ်တယ်လို့ Chin Association of Maryland တာဝန်ရှိသူက ပြောပါ တယ်။ ချင်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခဲ့တဲ့ ချင်းတိုင်းရင်းသား ၄၀၀၀၀ ကျော်၊ မီနီပူးလ်နဲ့ နယူးဒေလီကို ရောက်ရှိနေတာက ၁၀၀၀၀ ဝန်းကျင်၊ စုစုပေါင်း အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ စစ်ဘေးသင့် ချင်းတိုင်းရင်းသား ၅၀၀၀၀ ကျော်အထိ ရှိနေတယ်လို့ Chin Association of Maryland တာဝန်ရှိသူက ပြောပါ တယ်။ ဇွန်လ ၂၇ ရက်နေ့မှာ Chin Association of Maryland က ၄ ကြိမ်မြောက် သူတို့ရဲ့အစီအရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်က ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံတာကနေ ရရှိလာတဲ့ အချက်အလက်တွေကို အမေရိကန်အစိုးရနဲ့ ဒီမိုကရက်အဖွဲ့အစည်းတွေသိအောင် ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Chin Association of Maryland အဖွဲ့ရဲ့ ဒါရိုက်တာ ဇိုသုန်းမှုန်က “မီဇိုရမ်ကိုသွားပြီးတော့ ဒုက္ခသည်တွေကို တွေ့တယ်၊ စာစောင်ကို ကောင်းကောင်းလေးပြုစုပြီးတော့ ရေးတယ်၊ ပြီးတော့ US အစိုးရက ကူညီထောက်ပံ့ဖို့ပေါ့ အဲ့လိုပဲ ကျနော်တို့ ကြိုးစားပါတယ်။ UN Agencies တွေ၊ ပြီးတော့ North east India မှာ ရှိနေတဲ့ UNICEF လိုမျိုး WFP လို အစုအဖွဲ့မျိုးတွေကိုလည်း မီဇိုရမ်ကိုသွားပြီးတော့ နေစေချင်တယ်။ အဲ့လို မီဇိုရမ်မှာ သူတို့ အလုပ်သွားလုပ်မယ်ဆိုရင် ဒုက္ခသည်တွေအတွက် ထိထိရောက် ရောက်ကူညီနိုင်မယ်၊ အဲ့ဒီအပြင် ချင်းညီအကိုတွေကို ကူညီနေတဲ့ ဒေသတွင်း မီဇိုးလူ့အဖွဲ့အစည်းအတွက်လည်း တော်တော် လေးအကျိုးရှိမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲ့ဒီလို ကူညီတဲ့အဖွဲ့အစည်းတွေ မီဇိုရမ်ကို သွားဖို့ဆိုရင် အိန္ဒိယက နေခွင့်ပြုဖို့ လိုတယ်၊ အခုအထိ သူတို့က သွားလို့မရသေးဘူး၊ ထိုင်းမှာဆိုရင် UNHCR ရုံးက ဗန်ကောက်မှာ ရှိတယ်၊ အခုနယ်စပ် မဲဆောက်တို့ မယ်ဟောင်ဆောင်တို့မှာလည်း ရှိပါတယ်၊ အခု UNHCR ရုံးက နယူးဒေလီမှာ ရှိပါတယ်၊ ဒါပေမဲ့ မီဇိုရမ်မှာ မရှိဘူး၊ မီနီပူးလ်မှာ လည်း မရှိဘူး၊ ထိုင်းမှာလိုပဲ ရှိစေချင်တယ်”လို့ ပြောပါတယ်။ ချင်းပြည်နယ်ထဲမှာ ပိတ်မိကျန်ရစ်နေတဲ့ စစ်ဘေးသင့်ပြည်သူ ၅၀,၀၀၀ ကျော်၊ စစ်ကိုင်းတိုင်းမှာ စစ်ဘေးသင့်ပြည်သူ ၇၆၀,၀၀၀ ကျော်၊ မကွေးတိုင်းမှာ စစ်ဘေးသင့်ပြည်သူ ၂ သိန်းနီးပါး၊ စုစုပေါင်း စစ်ဘေးသင့်ပြည်သူ ၁ သန်းဝန်းကျင်ဟာ စားဝတ်နေရေး ကျပ်တည်းလာတဲ့ နောက်ဆုံး အခြေအနေမှာ အိန္ဒိယနိုင်ငံ ဘက်ကို ရွှေ့ပြောင်းသွားလာဖို့ အလားအလာရှိနေတာပါ။ အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ ဇွန်လ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စုကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး အာရှဒေသတွင်း စိန်ခေါ်မှုတွေအတွက် သမ္မတဂျိုးဘိုင်ဒင်နဲ့ ဆွေးနွေးခဲ့ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီက မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ သမ္မတ ဘိုင်ဒင်နဲ့ ဝန်ကြီးချုပ် မိုဒီတို့ ပူးတွဲတောင်းဆိုခဲ့ပါတယ်။ https://burmese.dvb.no/archives/601552

၁၆။   မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးကြိုးပမ်းမည်ဟု စစ်ကောင်စီနှင့်တွေ့ပြီးနောက်  အပစ်ရပ် ၅ ဖွဲ့              ကြေညာ
       June 29, 2023

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်း ကျော်လွှားနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့  အန်စီအေ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့က ကြေညာပါတယ်။ အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့  PPST အဖွဲ့ဝင်  ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ PNLO တို့ပါဝင်တဲ့အဖွဲ့ ၅ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ တာဝန်ရှိသူတွေ နေပြည်တော်မှာ ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလို ကြေညာလိုက်တာပါ။ အပစ်ရပ် ၅ ဖွဲ့ဟာ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းကျော်လွှားနိုင်ရေးဆိုတဲ့ ထိပ်သီးဆွေးနွေးပွဲရဲ့ မူကိုသော်လည်းကောင်း၊ လက်နက်မဲ့၊ အပြစ်မဲ့ အရပ် သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ အန်စီအေ ပြဋ္ဌာန်းချက်ကိုသော်လည်း၊ လူသားချင်းစာနာ ထောက် ထား မှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့သော်လည်းကောင်းအစဉ်တစိုက် ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။

ဇွန်လ ၂၈ ရက် တတိယနေ့ နောက်ဆုံးနေ့ဆွေးနွေးပွဲမှာ တဖွဲ့ချင်းစီ သီးသန့်တင်ပြဖို့ရှိတဲ့ ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး နှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စတွေကို မနက်ပိုင်းမှာ စစ်ကောင်စီထံ တင်ပြကြခဲ့ကြပြီး  မွန်းလွဲပိုင်းမှာတော့ ၃ ရက်တာဆွေးနွေးချက် အရ အသေးစိတ် အချက်အလက်တွေအပါအဝင် မူပိုင်းဆိုင်ရာ သဘောတူညီချက် ၄ ချက်ကို လက်မှတ်ရေးထိုးခဲ့သလို လုပ်ငန်း ပိုင်းဆိုင်ရာသဘောတူညီချက် ၅ ချက်ကို မှတ်တမ်းတင်ခြင်း ကဏ္ဍမှာ စစ်ကောင်စီနဲ့ သဘောတူ လက်မှတ်ထိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားလက်နက်အဖွဲ့ ၅ ဖွဲ့နဲ့  စစ်ကောင်စီတို့ ဇွန်လ ၂၇ ရက် ဒုတိယနေ့ ဆွေးနွေးပွဲမှာတော့ ဖက်ဒရယ် အခြေခံမူတွေကိစ္စ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စ၊ UWSP ၊ NDAA ၊ SSPP အဖွဲ့တွေ ၊ နိုင်ငံရေးပါတီ တွေနဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ရေးအပေါ် NCA-S EAO တွေရဲ့ သဘောထားတွေနဲ့   အပါအဝင်  ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြ တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ကော်မတီ အတွင်းရေးမှူး ဒုဗိုလ်ချုပ် ကြီး ဝင်းဗိုလ်ရှိန်၊ စစ်ကောင်စီဝင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်တွေ တက်ရောက်တယ်လို့ဆိုပါတယ်။ အပစ်ရပ် ၅ ဖွဲ့ဘက်ကတော့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)  ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ ကေအန်ယူခွဲထွက်အဖွဲ့တဖွဲ့ဖြစ်တဲ့  KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန် ခွန်ဥက္ကာ တို့ တက်ရောက်ပါတယ်။ https://burmese.dvb.no/archives/601548

၁၇။   တနိုင်းမှာ စစ်တပ်စခန်းဆောက်လုပ်ဖို့ အရပ်သားတွေရဲ့ မြေတွေသိမ်းခံရ
       June 29, 2023

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဖျတ်ယန်ရွာက ဒေသခံပြည်သူတွေ ပိုင်ဆိုင်တဲ့ မြေ ၁၀ ဧကကျော်ကို တပ်စခန်း ဆောက်လုပ်ဖို့အတွက် စစ်ကောင်စီတပ်က သိမ်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သိမ်းဆည်းခံရတဲ့အထဲမှာ လူနေ ထိုင်နေတဲ့ နေအိမ်တွေလည်း ပါဝင်နေသလို တောင်ယာမြေတွေလည်း ပါဝင်နေတယ်လို့ အမည်မဖော်လိုတဲ့ တနိုင်းဒေသခံ တစ်ဦးကပြောပါတယ်။ “အဓိကကတော့ လုပ်ကိုင်စားသောက်နေတဲ့ တောင်ယာတွေရော၊ အိမ်တွေကိုရော ပါနေတာပေါ့။ တချို့ တွေက တောင်ယာတွေ မပါဘူးဆိုပေမယ့် တောင်ယာသွားတဲ့ လမ်းတစ်ခုလုံးကို ဖြတ်သန်းသွားလာခွင့် မရှိဘူးဆိုပြီး စာချိတ်ဆွဲ ထားတာ။ သိမ်းမယ်ဆည်းမယ်လည်း ဘာတစ်ခုမှ ဒေသခံတွေကို အသိပေးတာ မရှိဘူး။ မေလတုန်းကမှ တပ်စခန်း ဆောက်ဖို့ အုတ်တွေ သဲတွေလာပုံမှပဲသိရတာ” ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့မှာ အခြေစိုက်တဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ အဲဒီမြေဧကတွေကို သိမ်းဆည်းခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

သိမ်းဆည်းခံရတဲ့ မြေယာတွေထဲမှာ စိုက်ပျိုးရေးအတွက် အသုံးပြုတဲ့ တောင်ယာတွေ လည်း ပါဝင်နေတာကြောင့် လုပ်ကိုင်စားသောက်ဖို့ အတွက်အခက်အခဲ ရှိလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ နမ်ဖျတ်ယန်ရွာမှာ အိမ်ထောင်စု ၅၀နီးပါးနဲ့ လူဦးရေ ၃၀၀ကျော် နေထိုင်ပြီး အများစုဟာ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်တာနဲ့ တောင်ယာလုပ်ငန်း လုပ်ကိုင်ကြပါ တယ်။ https://www.rfa.org/burmese/news/army-land-danai-06292023052040.html

၁၈။  ခလယ်-တံခွန်တိုင်ဘက် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ၃,ဝဝဝ ကျော် စစ်ဘေးရှောင်နေရ
       June 29, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု တောင်ညို တောင်ခြေ များတွင် စစ်ကောင်စီ စစ်ကြောင်းထိုးလာနေသည့်အပြင် နေ့ရောညပါ အမြှောက် လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ လှမ်းပစ်ခတ်သည့်အတွက် ဌာနေလူထု ၃,ဝဝဝ ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီသည် ဇွန်လ ၂၆ ရက်နေ့မှစ၍ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာမှတစ်ဆင့် ကရင် ပြည်နယ် ကျိုက်ကမော့ တောင်ခြေအနီးဝန်းကျင်ရှိ ဒေသခံလူထုများ၏ ဥယျာဉ်ခြံများတွင် စစ်ကြောင်းထိုးဝင်ရောက်လာနေပြီး တံခွန်တိုင်ရွာ ရဲစခန်းဝင်းတွင် ခြေကုပ်ယူတပ်စွဲ ထားသည့် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့များထံသို့ ဦးတည်နေသည့်အတွက် ဒေသခံ ထောင်ချီအိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာအသီးသီးသို့ စတင်တိမ်းရှောင်နေကြပြီဟု စစ်ရှောင်ကူညီသူများက ပြောသည်။ ၎င်းက “ လယ်လုပ်ငန်းလုပ်နေတဲ့အချိန်မှာ စိုက်လို့ပျိုးလို့တောင်မပြီးသေးဘူး။ စစ်ကြောင်း တက် လာတယ်ဆိုတော့ ဒီအတိုင်း ပစ်ထားပြီး ထွက်ပြေးနေရတယ်။ ရွာထဲမှာရော လယ်ကွင်းထဲမှာရော လက်နက်ကြီးနေ့တိုင်းကျတော့ မနေရဲကြတော့ဘူးလေ။ တောင်ပေါ်က နှစ်ရှည် ဥယျာဉ်ခြံ သမားတွေလည်း ပြေးကုန်ကြပြီ။ ပေါ်တာဖမ်းမှာလည်း ကြောက်ရတယ်လေ” ဟု စစ်ဘေး တိမ်းရှောင်လာသူရွာသားတစ်ဦးက ပြောသည်။

ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုသည် KNU ဝင်းရေးမြို့နယ်၏ အုပ်ချုပ်မှုနယ်မြေတွင်ပါဝင်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှ အမြှောက် လက်နက်ကြီးများနှင့် ကျေးရွာအတွင်းသို့ ညတိုင်းလိုလိုလှမ်းပစ်ခတ်သည့် အတွက် လူနေအိမ်များ မကြာခဏထိမှန်ပျက်စီးခဲ့သလို ဒေသခံလူထုများလည်း ကျည်စထိမှန်ဒဏ်ရာရလျက်ရှိသည်ဟု ရွာသား များထံမှ သိရသည်။ ခလယ်၊ တံခွန်တိုင်၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ ဘုရားငါးဆူ၊ ပူးလိန်၊ နန်းသိုင်းထွန်ရွာရှိ ဒေသခံလူထု စုစုပေါင်း ၃,ဝဝဝ ကျော်သည် ဇွန်လ ၂၈ ရက်နေ့မှစ၍ ဘေးလွတ်ရာသို့ စတင်စစ်ဘေး တိမ်းရှောင်နေကြပြီး နီးစပ်ရာ ဆွေမျိုး များတွင် ယာယီစားသောက်နေထိုင်နိုင်ရန် ဖြေရှင်းနေကြရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။ တံခွန်တိုင်ကျေးရွာ ရဲစခန်းဝင်းတွင် ခြေကုပ်ရယူထားသည့် စစ်ကောင်စီတပ်နှင့် BGF အမှတ် ၁၀၂၁ တပ်ဖွဲ့တို့သည် ၎င်းတို့စခန်းလုံခြုံရေးအတွက် မွန်ပြည်နယ် အဘစ်ကျေးရွာအခြေစိုက် အမြှောက်တပ်ရင်းမှ ၁၂၂ မမ နှစ်လက်နှင့် ၁၂ဝ မမ လက်နက်ကြီးနှစ်လက်တို့ဖြင့် စခန်း အနီးဝန်းကျင်နှင့် ကျေးရွာများသို့ ပစ်မှတ်ချိန်ရွယ်ထားကာ နေ့စဉ် လှမ်းပစ်ခတ်လျက်ရှိသည်ဟု ရွာသားများထံမှ သိရသည်။ https://kicnews.org/2023/06/%e1%80%81% e1%80%9c%e1%80%9a%e1%80%ba%e1%80%90%e1%80%b6%e1

၁၉။  နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ ကရင်နီကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းသွားကြောင်း စစ်ကောင်စီဝန်ခံ
       June 29, 2023

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကယားပြည်နယ်အတွင်းက ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီလက် အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားခဲ့တယ်လို့ ဇွန်လ ၂၉ ရက်နေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။ မယ်စဲ့မြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်လက် အောက်ခံ တောင်လှစခန်း၊ မယ်တနွယ် စခန်း၊ BP 14 စခန်း၊ မယ်စဲ့စခန်းနဲ့ နမ့်ပေါင်စခန်းတွေကို ကရင်နီတပ်မ တော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် KNDF ပူးပေါင်းတပ်ဖွဲ့တွေက အခုလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဝင် ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လ ၁၆ ရက်နေ့မှာတော့ ပန်တိမ်ဒေသမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အမှတ် (၁၀၀၄) နယ်ခြာစောင့်စခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး အဲဒီနယ်ခြားစောင့် စခန်းတပ်ဖွဲ့ဝင်တွေဟာ KNPP၊ KNDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားခဲ့တယ်လို့ စစ်ကောင်စီဘက်က ဖော်ပြလာတာပါ။ အဲဒီစခန်းကို လေကြောင်းနဲ့ ကြည်း ကြောင်းတပ်ဖွဲ့တွေကို အသုံးပြုပြီး ပြန်လည် သိမ်းပိုက်ခဲ့နိုင်ခဲ့သလို ရုံးအဆောက်အအုံတွေမှာ အကျယ်ချုပ်ပုံစံနဲ့ ထိန်းသိမ်းခံ ထားရတဲ့ တပ်ရင်းတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကို ကယ်တင်နိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

စွတ်ပိုင်ဒေသမှာရှိတဲ့ အမှတ် (၁၀၀၅) နယ်ခြားစောင့်စခန်းကိုလည်း ဇွန်လ ၂၇ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ ပေမယ့် တပ်ရင်းတပ်ဖွဲ့ဝင်အချို့ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ မယ်စဲ့စခန်းသိမ်းတိုက်ပွဲအတွင်းမှာ ၁၉၉၄မှာ စစ်ကောင်စီ တပ်နဲ့ ငြိမ်းချမ်းရေးယူထားပြီး ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့တဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်တွေက ကရင်နီကာကွယ်ရေး တပ်ဖွဲ့တွေဘက်ကနေ ပြန်လည်တိုက်ခိုက်ပေးခဲ့တယ် လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ကရင်နီတော်လှန်ရေး အင်အားစုတွေဘက်ကတော့ ဒီအပေါ်မှာ သီးခြားအတည်ပြု ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ နယ်ခြားစောင့်တပ်စခန်းတွေကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အရာရှိနဲ့ တပ်သားအချို့ သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်သလို ကရင်နီ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်အချို့ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားပါ တယ်။ မယ်စဲ့တိုက်ပွဲကြောင့် ဒေသခံ ၇၀၀၀ ဝန်းကျင် ထိုင်းနိုင်ငံထဲနဲ့ နီးစပ်ရာဒေသတွေကို ထွက်ပြေးနေရပြီး ထိုင်နိုင်ငံအတွင်း ခိုလှုံနေရသူ ၄၀၀၀ ဝန်းကျင်ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။ https://www.rf a.org/burmese/news/bgf-joined-kndf-06292023034317.html

၂၀။   ရွာသစ်မြို့က ထပ်မံထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင် ၅၀၀ အတွက် မိုးကာနဲ့ ရိက္ခာလိုအပ်နေ
      June 30, 2023

ကရင်နီပြည် ဘောလခဲမြို့နယ် ရွာသစ်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်း (ဇွန်လ ၂၆၊၂၇ ရက်နေ့) တွေကဖြစ်ပွားတဲ့ တိုက်ပွဲတွေ ကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီး ထပ်မံတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်လူထု (၅၀၀) ဝန်းကျင်ရှိနေတယ်လို့ ရွာသစ်ဒေသခံ တစ်ဦးကပြောပါတယ်။ လက်ရှိမှာ မိုးရာသီဖြစ်တဲ့အတွက် အဆိုပါ စစ်ရှောင်တွေအတွက် မိုးကာတွေ နဲ့ စားနပ်ရိက္ခာတွေ လိုအပ်ချက်ရှိနေတယ်လို့ လည်းသူကပြောပါတယ်။ “ အဓိက လိုအပ်ချက်ကတော့ အားလုံးလိုလိုဖြစ်နိုင်တာပေါ့။ ရိက္ခာတွေ လည်း သူတို့ မယူအားဘူး။ အိုးခွက် ပန်းကန်တွေလည်း မသယ်အားဘူး။ ဘာမှမယူအားတော့ဘူးလေ။ ရှိတဲ့ဟာနဲ့ ဝေစားမျှ စားကြတာပေါ့။ လောလောဆယ်မိုးကာတွေလည်း လိုမယ်။ စားဝတ်နေရေး အစစအရာရာလိုမယ်။ ဆေးဝါးတွေလည်း လိုမှာပဲ။ အခုတော့ မိုးတွင်းဆိုတော့ အခက်အခဲအမျိုးမျိုးရှိတယ်လေ။ ” လို့ ရွာသစ် ဒေသခံတစ်ဦးက ပြောပြပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် အသက်လု ပြေးခဲ့ရတဲ့အတွက် ရေရှည်စားနပ်ရိက္ခာအတွက် ယူဆောင်သွားနိုင်ခြင်းမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

ရွာသစ်မြို့အနီးနားဝန်းကျင်မှာ ကနဦး စစ်ရှောင်နေတဲ့ ဒေသခံတွေအပြင် ထပ်မံစစ်ရှောင်လာတဲ့ စစ်ရှောင်အသစ်တွေ အားလုံးပေါင်း  ၂ ထောင်ဝန်းကျင်လောက်ရှိနိုင်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) အဖွဲ့ဝင်တစ်ဦး က ဆိုပါတယ်။ “ ရွာသစ် စစ်ရှောင်ကတော့ ကျနော်တို့ ပိုပြီးတော့ ခက်ခဲတယ်။ လွန်ခဲ့တဲ့ တစ်ရက် နှစ်ရက်ကနေ စရှောင်လိုက် တာ အခုဆိုလည်း ထောင်ကဏန်းကျော်သွားပြီပေါ့နော။ တော်တော်များများ ပြန့်ကျဲသွားတာရှိတယ်။ သူတို့ စားဝတ်နေရေးက တော့ ပိုကျပ်တည်းတယ်။အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းက ပိုခက်ခဲတဲ့အတွက်ကြောင့်မလို့ ထိုင်းနိုင်ငံထဲကို မရောက်တော့ဘူးပေါနော။ ပြည်တွင်းထဲမှာပဲ သွားလာလှုပ်ရှား ပုန်းအောင်းနေတဲ့အတွက်ကြောင့်မလို့ ကျပ်တည်းတယ်ဆိုတာ ကျနော်တို့ ပြောလို့ရတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့လည်း ဒီချိတ်ဆက်ပြီးတော့မှ ရှိနေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် humanitarian လုပ်နေတဲ့ အဖွဲ့စည်းနဲ့ ချိတ်ဆက်ပြီးတော့မှ နိုင်တဲ့ဝန်ကိုတော့ ထမ်းဆောင်လျက်ရှိနေပါတယ်။ “ လို့ KSCC မှ လူသားချင်းစာနာထောက်ထားမှု ကော်မတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဗညားက ဆိုပါတယ်။ ကျေးရွာထဲကနေ ထွက်ဖို့ ကြိုးစားတဲ့လူတွေကိုလည်း စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်တာတွေလည်း ရှိနေတာကြောင့် ပြည်သူ (၄) ဦး သေဆုံးခဲ့ရ တယ်လို့ သိရပါတယ်။ https://www.kantarawaddytim es.org/%e1%80%9b%e1%80%bd%e1%80%ac%e1%80%9e% e1%80%85%e1%80

၂၁။  တနှစ်ခွဲအတွင်း တိုက်ပွဲပေါင်း ၄၄ ကြိမ် ဖြစ်ပွားခဲ့ဟု BPLA ထုတ်ပြန်
      June 30, 2023

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တနှစ်ခွဲအတွင်း တိုက်ပွဲပေါင်း ၄၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း BPLA က ယနေ့ သတင်းထုတ်ပြန်သည်။ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ဧပြီ ၁၇ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ကာ ၂၀၂၁ ဒီဇင်ဘာ၌ ရှေ့တန်းစစ်မြေပြင်သို့ စတင်ရောက်ရှိခဲ့ပြီးနောက် ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအနေများ နှင့် ပတ်သက်၍ BPLA က အသိပေးထုတ်ပြန်လာခြင်း ဖြစ်သည်။ BPLA သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် အခြားသော မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာ မှ ၂၀၂၃ ဇွန်လအတွင်းထိ တိုက်ပွဲအကြိမ်ရေ ၄၄ ကြိမ် ဖြစ်ပွားခဲ့ကာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၁ ဦး သေဆုံး ခဲ့ကြောင်း၊ ခလရ-၉၇ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီဘက်က လက်နက်သိမ်းဆည်းရမိမှုအနေဖြင့် ၆၀ မမ ၄ လက်၊ ၄၀ မမ ၂ လက်၊ RPG ၂ လက်နှင့် အခြားလက်နက်ငယ်များ အပါအဝင် ၆၈ လက်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ဖော်ပြပါအချက်အလက်များတွင် အတိအကျ မှန်းဆရန်ခက်ခဲသော စစ်ကောင်စီဘက်မှ ဒဏ်ရာရသူများစာရင်းကို ချန်လှပ်ထားခဲ့ကြောင်း၊ BPLA ဘက်မှလည်း တိုက်ပွဲများ အတွင်း ၄ ဦး သေဆုံးခဲ့ပြီး ကျန်းမာရေးကြောင့် သေဆုံးသူ ၃ ဦး ရှိကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  BPLA သည် ကရင်ပြည်နယ် KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းနှင့် ရှမ်းမြောက်ကိုးကန့်စစ်ဒေသများ၌ စစ်ရေးလှုပ်ရှားမှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီး KNLA အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force for Federal Democracy (FFD) နှင့် အခြားသောတော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းတိုက်ခိုက်လျက်ရှိကြောင်း ဆိုထားသည်။ https://www.fa cebook.com/photo/?fbid=655455893294 268&set=a.600722605434264

၂၂။   လောင်းလုံးမြိုနယ် ပန္ဒလဲရွာသား အသက်ကြီးပိုင်းအမျိုးသားတစ်ဦး ပစ်သတ်ခံရ
      June 30, 2023

လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာက အသက်ကြီးပိုင်းအမျိုးသားတစ်ဦး မနေ့က မွန်းလွှဲပိုင်းမှာ ပစ်သတ်ခံလိုက်ရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်သတ်ခံရသူဟာ အသက် ၆၀ ကျော်အရွယ် ပန္ဒလဲရွာသား ဦးကံစိန်ဆိုသူဖြစ်ပါတယ်။  ပစ်သတ်ခံရကြောင်းကိုတော့ မနေ့ကမွန်းလွှဲ ၃ နာရီလောက်မှာ ကြားရကြောင်းဒေသခံတစ်ဦးက ပြောပါတယ်။  “သေနတ် ဒဏ်ရာတွေနဲ့ ခြံထဲမှာတွေ့တာတဲ့။ သူက အရင်ပျူစောထီးတွေအလုပ်လုပ်ဖူးတယ်လို့လည်းကြားတယ်” လို့ လောင်းလုံးဒေသခံ တစ်ဦးက ပြောပါတယ်။  နောက်ထပ်ဒေသခံတစ်ဦးကတော့ “သူကလက်ရှိမှာ ဥယာဥ်ခြံတွေ လုပ်နေတာ။ သာမန်အရပ်သား ပါပဲ” လို့ တုန့်ပြန်ပါတယ်။ တနင်္သာရီတိုင်းမ်အနေနဲ့လည်း အသတ်ခံရသူဟာ ပျူစောထီးလုပ်ခဲ့ဖူးခြင်း ရှိ၊ မရှိ သီးခြားအတည် ပြုနိုင် တာမျိုး မရှိသေးပါဘူး။ သူ့ရဲ့အလောင်းကိုတော့ မနေ့ကညနေပိုင်းမှာ အရေးပေါ်ကားနဲ့ ထားဝယ်ကို သယ်ဆောင်သွား တယ်လို့ သိရပါတယ်။ ဦးကံစိန်ကို ဘယ်သူတွေကပစ်သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ https://www.face book.com/photo?fbid=295993796151710&set=a.1962126 8276489

၂၃။   စစ်တပ်ယာဉ် ဝင်တိုက်မှုကြောင့် တန်ခိုးဆရာတော်ကြီးနှင့် တုတ်တုတ် မောင်းသူ  ပြင်းထန် ဒဏ်ရာ ရ
       June 30, 2023

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်သားများ အရှိန်ပြင်းစွာ မောင်းနှင်လာ သည့် ယာဉ်များထဲမှ ယာဉ်တစ်စီးသည် လမ်းဘေးတွင် ရပ်ထားသည့် သုံးဘီးယာဉ် တစ်စီးအား ဝင်တိုက်မှုကြောင့် တန်ခိုး ကျောင်းထိုင် ဆရာတော်ကြီးတစ်ပါးနှင့် တုတ်တုတ်မောင်းနှင်သူတို့ ဒဏ်ရရှိခဲ့သည်။ ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ် ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် တန်ခိုးဆရာတော်ကြီးသည် ပုဏ္ဏားကျွန်းမှ သီတင်းသုံးရာ တန်းခိုးသို့အပြန် တောင်‌ပေါက် ကျေးရွာ အနီး၌ စစ်ကောင်စီယာဉ်များလာ၍ လမ်းဘေးသို့ ချရပ်နားထားစဉ် စစ်ကောင်စီက ယာဉ်က ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်များက ပြောသည်။ ယင်းသို့ ဝင်‌တိုက်မှုကြောင့် သက်တော် ၆၄ နှစ်ရှိသည့် တန်ခိုးကျောင်းထိုင်ဆရာတော်ကြီးမှာ ဦးခေါင်း၊ လက်၊ ခြေထောက်တို့တွင် ပွန်းပဲ့ဒဏ်ရာအပြင် ဘယ်ဖက်တင်ပဆုံရိုး ကျိုးအက်သွားခဲ့ပြီး သုံးဘီးမောင်းနှင်သူ စစ်တွေ မြို့ ကုန်တန်းရပ်ကွက်မှ အသက် ၄၀ အရွယ်ရှိ ဦးထွန်းအောင်မှာလည်း  ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ဆရာတော်ကြီးမှာ ဒဏ်ရာ ပြင်းထန်မှုကြောင့် ယမန်နေ့က စစ်တွေသို့ သွားရောက်ကာ ထွန်းဆေးရုံတွင် ဒဏ်မှန်ရိုက်ခဲ့ရပြီး တင်ပဆုံရိုးကျိုးအက် သွား၍ အရိုးအစားထိုး ခွဲစိတ်ကုသရမည်ဖြစ်သည်ဟု တန်ခိုးဆရာတော်ကြီး၏ တပည့်ဖြစ်သူ ဦးဇင်းတစ်ပါးမှ မိန့်ကြားသည်။

“သုံးဘီးတုတ်တုတ်က ညာဖက်လမ်းကဘဲ လမ်းမှန်ကနေ ရပ်နားထားတာပါ။ အဲ့လို ရပ်ထားတာကို အနောက်ကနေ ၁၂ စီးမြောက် စစ်ကားက ဝင်တိုက်ခဲ့တာပါ။ အဲ့လိုဝင်‌တိုက်‌တော့ တုတ်တုတ်ဟာ တိုက်ခံရတဲ့အချိန်နဲ့ မှောက်သွားတော့ ဆရာတော် ကြီးရဲ့ ကိုယ်တစ်ပိုင်းဟာ တုတ်တုတ်အောက်ကို ဖိသွားတော့ တင်ပဆုံရိုးကျိုးသွားခဲ့တာပါ။ မောင်းသူလည်း ပွန်းပဲ့ဒဏ်ရာတွေ ရပြီး ဆရာတော်ကြီးဟာလည်း စစ်တွေကိုလာပြီး မနေ့က ဓါတ်မှန်ရိုက်ခဲ့ရပါတယ်”ဟုမိန့်သည်။ စစ်ကောင်စီက ဝင်တိုက်ခဲ့ပြီး ရပ်တန့်ခဲ့ခြင်းမရှိဘဲ တရစပ် ပါမောင်းနှင်သွားခဲ့သလို ယင်းကားနောက်မှ နောက်ထပ် စစ်ကောင်စီကားများကလည်း ရပ်တန့်ခဲ့ ခြင်းမရှိဘဲ မောင်းနှင်သွားခဲ့ကြကြောင်း ဦးဇင်းက ဆက်မိန့်ကြားသည်။ “ဝင်တိုက်ပြီး ထိခိုက်သွားတာတွေကို တန့်ပြီးတော့ ကြည့်ခဲ့သင့်တာ။ အခုက မကြည့်ခဲ့တဲ့အပြင် တရစပ်မောင်းနှင်သွားကြတာ။ နောက်မှာလာတဲ့ ကား တွေလည်း အဲ့လိုပဲ အကုန် ကျော်သွားကြတယ်။ တကယ့်လူသားဆန်တဲ့စိတ်ရှိရင် ကားရပ်ပြီး အခြေအနေကိုမေးကြည့်ခဲ့သင့်ပါတယ်။ ခုလို လုပ်ရပ်ဟာ လုံးဝ လူသားမဆန်ပါဘူး”ဟုမိန့်သည်။ လက်ရှိဆရာတော်ကြီးမှာ တင်ပဆုံရိုး အစားထိုးခွဲ စိတ်ကုသပါက သိန်း ၅၀ ခန့်မှာ အနည်းဆုံး ကုန်ကျနိုင်ပြီး တုတ်တုတ်မောင်းမောင်းနှင် သူမှာလည်း ဒဏ်ရရသည့်အပြင် တုတ်တုတ်ယာဉ်ပါ ထိခိုက်ပျက်စီးမှုရှိခဲ့ သည်ဟု သိရသည်။ https://www.facebo ok.com/photo/?fbid=696493792490050&set=pcb.696494055823357

၂၄။  ဟားခါးမြို့ Passport ရုံးတွင် ပစ်ခတ်မှုဖြစ်ပွါးပြီး ခရိုင်တိုင်းရင်ဆေး ကွာတာဗုံးထိမှန်ပျက်စီး
      June 29, 2023

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် Passport ရုံးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့ CDF-Hakha အကြား ပစ်ခတ်မှုဖြစ်ပွါးပြီး ဟားခါးမြို့ ပါတ်လမ်းအနီးရှိ ခရိုင် တိုင်းရင်းဆေးရုံ ကွာတာအား ဗုံးထိ မှန်ကာ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၇ ရက်ည ၈ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့ Passport ရုံးတွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များအား ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ သွားရောက်ပစ်ခတ်ခဲ့ကာ နှစ်ဖက်တိုက်ပွဲ ၅ မိနစ်ခန့် သာကြာမြင့်ခဲ့ကြောင်း သိရသည်။ CDF-Hakha မှ တာဝန်ရှိသူတစ်ဦးက “Passport ရုံးမှာ ရဲတွေရော စစ်သားတွေရော ပုံမှန်အားဖြင့် ၁၀ ယောက်က ကင်းစောင့်လေ့ရှိတယ်လို့ ကျွန်တော်တို့ သိရတယ်ပေါ့နော်။ ပြီးတော့ passport ရုံးက အကြီးအကဲတေက ပစ္စတောလ်ကိုယ်စီကိုင်ကြတယ် လို့လဲ ကြားတာပေါ့။ ဒါကြောင့် မနေ့ညက အကြာကြီးမဟုတ်ဘူး ၅ မိနစ်လောက်ရှိမယ် ကျွန်တော်တို့ လက်နက်ငယ်တွေနဲ့ သွားပစ်ကြတာပေါ့” ဟု ပြောသည်။

ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုရှိမရှိ မသိရသော်လည်း CDF-Hakha တပ်ဖွဲ့ဘက် အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ကာကွယ်ရေးတပ်ဖွဲ့များ ရှိနိုင်မည်ဟု ထင်သည့် နေရာများသို့ လက်နက်ကြီး ၃ လုံးနှင့် လက်နက်ငယ်များဖြင့်ရမ်းသမ်း ပစ်ခတ်ခဲ့ရာ မြို့ပါတ်လမ်းရှိ ခရိုင်တိုင်းရင်းဆေးကွာတာအား လက်နက် ကြီးကျည်ထိမှန်ကာ အမိုး၊ ပြတင်ပေါက်များ ပျက်ဆီးပြီး အိုးအိမ်ရုံး အကျော်ရှိ ဆောက်လက်စအိမ်တစ်လုံးလည်း သေနတ်ကျည် အများအပြားထိမှန်ကြောင်း သိရသည်။ ယခုတလော ဟားခါးမြို့ Passport ရုံးရှိ တာဝန်ရှိသူများသည် ရုံးသို့လာရောက်သူများ အား ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံနေကြကြောင်းလည်း ဒေသခံများထံမှ သိရသည်။ https://www.facebook.com/phot o?fbid=73672711512301 1&set=a.723151869813869

၂၅။  နမ့်ဖတ်ကာကျေးရွာတွင် မိုင်းပေါက်ကွဲမှုဖြစ်၊ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်
     June 30, 2023

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စုအတွင်းတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင် အချိန် တွင် နမ့်ဖတ်ကာကျေးရွာအုပ်စုတွင်း နေထိုင်သည့် အသက် (၉) နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မိုင်းပေါက် ကွဲမှု နှင့် ကြုံရပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ “လယ်တောမှာ ပေါက်ကွဲမှုဖြစ်တာပါ၊ သူ့အဖိုးနဲ့ လယ်သွား တဲ့အချိန် မိုင်းပေါက်ကွဲမှု နဲ့ ကြုံရတာ။ အဖိုးဖြစ်သူက လယ်ထဲ အမှိုက်တွေ ရှင်းနေတုန်း၊ သူလေးက အထုပ်တစ်ခုကို သွားကိုင် မိတဲ့အချိန် မိုင်းပေါက်ကွဲတာ၊ ဒဏ်ရာကတော့ တော်တော်ပြင်းထန်တယ်”ဟု နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။ လယ်တောတွင် အဖိုးဖြစ်သူ နှင့် အတူ လယ်ရှင်းနေစဥ် မိုင်းပေါက်ကွဲမှု ကြုံရခြင်းဖြစ်ပြီး ဝမ်းဗိုက်၊ ခြေထောက် နှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်းလည်း သိရသည်။ လက်ရှိတွင် အဆိုပါ ဒဏ်ရာရသည့် ကလေးငယ်ကို လားရှိုး ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသထားကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာနှင့် အနီးပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လက်နက်ကိုင် တပ်ဖွဲ့များသွားလာ လှုပ်ရှားခြင်း ရှိသည့်နေရာဖြစ်ကြောင်းလည်း သိရသည်။ “စစ်ကျန် လက် နက်တွေ ဖြစ်ရင်ဖြစ်မယ်၊ မဟုတ်လည်း လက်နက်ကိုင် တပ်ဖွဲ့တွေ သွားရင်းလာရင်း ကျန်ခဲ့တာ လားတော့ မပြောတတ်ဘူး၊ အခုလို ပေါက်ကွဲတာတော့ မကောင်းဘူးပေါ့။ ထိခိုက်သူတွေက နစ်နာသူဖြစ်သွားတယ်၊ ပြီးတော့ အသက်အန္တရာယ်လည်း ဖြစ်နိုင်တယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်ကျန်လက်နက်တွေ မိုင်းတွေ၊ ဗုံးတွေကို ရှင်းပေးစေချင်တယ်”ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။ အဆိုပါ ဒေသအတွင်း သွားလာလှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့ အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA ၊ ကချင်တပ်မတော် KIA ၊ တအာင်း (ပလောင်) တပ်မတော် TNLA နှင့် ကိုးကန့်တပ်မတော် MNDAA တို့က သွားလာ လှုပ်ရှားနေကြသည်။ https://www.fa cebook.com/photo/?fbid=594533806119668&set =pcb.594533892786326

၂၆။  လိုင်ဇာတွင် ၁၀ တန်း ကျောင်းသား ၁ ဦး ကြိုးဆွဲချ သေဆုံး
      June 30, 2023

ကချင်ပြည်နယ်၊ လိုင်ဇာဘက်က စစ်ရှောင် အထက်တန်းကျောင်း ၁ ကျောင်းမှာ ၁၀ တန်း ကျောင်းသား တယောက်  ဇွန်လ ၂၉ ရက်နေ့ မနက် ၂ နာရီ ဝန်းကျင်ခန့်က လွယ်အိတ်ကြိုးနဲ့ ဆွဲကြိုးချ သေဆုံးဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါ တယ်။  “Alen Bum ကျောင်း ခန်းမ အနီးက အိမ်သာနားမှာ ကျောင်းလွယ်အိတ်ကြိုးနဲ့ လည်ပင်းမှာ ချည်ပြီး သူ့ဘာသာ ဆွဲကြိုးချ သေဆုံးနေတာ။” လို့ ဒေသခံက  ပြောပါတယ်။ အဆိုပါကျောင်းသားဟာ ကျောင်းတက်တဲ့အချိန်တွေမှာ သူငယ်ချင်းတွေနဲ့ ဘာ ပြဿနာ မှ မဖြစ်ဖူးကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲတာ မရှိကြောင်း၊ သူငယ်ချင်း၊ ပတ်ဝန်း ကျင် အပေါင်းအသင်းတွေနဲ့ စိတ် ထိခိုက်စရာမရှိခဲ့ကြောင်းနဲ့  ချစ်သူ ရည်းစားထားတာလည်း မရှိကြောင်း အဲဒီ ကျောင်း သား နဲ့ နီးစပ်သူက ပြောပါတယ်။ “ည ၁၂ လောက်က  ထွက်သွားတာ လို့ပြောတယ်။ ဘယ်လို ဘာကို စိတ်ကုန်တာလဲမသိဘူး။ ဘယ်လို ဖြစ်တာလဲမသိဘူး။ အဖေအမေ တွေ မိသားစုဝင်တွေ စုံလားဆိုတော့ အဖေအမေတွေလည်း အကုန်စုံတယ်။ တခြားဘာမှမလိုဘူးလို့တော့ပြောတယ်။ အရင်ရက် တွေကလည်း ကျောင်းမတက်ချင်တော့ဘူး။ အိမ်ပြန်ချင်တယ် ဆိုပြီးတော့ ပြောတာတော့ရှိတယ်။” လို့ သူက ပြောပါတယ်။

သူ့ရဲ့ ပစ္စည်းတွေ အားလုံးကိုလည်း သိမ်းထားပြီးတော့ အရင်နေ့တွေမှာလည်း အမြဲတမ်း ဘယ်ချိန်ဖြစ်ဖြစ်သေရမှာပဲ ဆိုပြီးပြောပြောနေတယ်လို့ ဆိုပါတယ်။ “ငှက်ဖျားဖြစ်လို့ ငှက်ဖျားဆေးလည်း သောက်တယ်။ တနေ့ညကစ ငှက်ဖျားဆေးလည်း သောက်တော့ ဘယ်လို ဦးနှောက်ဘက် ရှော့ခ် ဖြစ်လာသလဲ။ ဘယ်လို သတိလက်လွှတ်ဖြစ်ပြီးတော့ ဖြစ်သွားလဲ ဆိုပြီး ကျောင်း က ဆရာမတွေက ပြောနေကြတယ်။” လို့ သူက ရှင်းပြပါတယ်။ သေဆုံးသွားတဲ့ ကျောင်းသားက အသက် ၁၇ အရွယ်ရှိ မောင်ဖော်ရွှေဒေးအောင် ဖြစ်ပြီး ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာအုပ်စု၊ မိုင်းခေါင်ရွာက ဦးဖော်ရွှေခါးလာ နဲ့ ဒေါ်လဘန်ဘောက်မိုင် တို့ရဲ့သား ဖြစ်ပါတယ်။ မနေ့ ဇွန်လ ၂၉ ရက်နေ့မှာတော့ ကျောင်းသူ၊ ကျောင်းသားတွေ အားလုံးကို ကျောင်းမလာကြဖို့ပြောပြီး ကျောင်းပိတ်ထားပါတယ်။  https://burmese.dvb.no/ archives/601636

၂၇။   မိုခါမုန်တိုင်းသင့် ရခိုင်လယ်သမားများ မျိုးစပါးနှင့် ဓာတ်မြေသြဇာ အကူအညီလိုအပ်နေ
       June 30, 2023

မိုခါဆိုင်ကလုန်းမုန်တိုင်း​သင့် ရခိုင်ပြည်နယ်က လယ်သမားတွေ မျိုးစပါးနဲ့ ဓာတ်မြေသြဇာ အကူအညီ လိုအပ်နေလို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။ ရခိုင်ဒေသခံ လယ်သမားတဦးက “ကျနော်တို့ အခု လယ်ထွန်နေရတာက လယ်ထွန် စက်နဲ့ ထွန်နေရတော့ ဆီးစျေးတက်တာ ရှိတယ်။ ပြီးတော့ စက်ပစ္စည်းတွေပြုပြင်ဖို့ စရိတ်စကတွေ ကြီးလာတာတွေရှိတယ်။ အဲ့ဒီလို အခက်အခဲတွေကြောင့် တနေ့မှာ ၁၀ ဧက ထွန်ယက်နိုင်ပေမဲ့ ၅ ဧကသာ ထွန်ယက်နေရတယ်။ အဓိကလိုအပ်တာက မျိုးစပါးနဲ့ မြေသြဇာ လိုအပ်လာတယ်။ မျိုးစပါးက ဝမ်းစာမလုံလောက်တဲ့အတွက် မျိုးစပါးအပြည့်အဝ မထားနိုင်ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ စားဝတ်နေရေး အဆင်မပြေတာကြောင့်ပါ။ လယ်သမားတွေကို စာနာထောက်ထားမှုတွေ ပေးစေချင်ပါ တယ်။ မျိုးစပါးဖြစ်ဖြစ် ဓာတ်မြေသြဇာဖြစ်ဖြစ် ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။ ရခိုင်ဒေသအတွက် မျိုးစပါးတွေ ကို စစ်ကောင်စီက ဇွန် ၂၄ ရက်က စတင်ကာ စရိတ်မျှပေးစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ထုတ်ဖော်ပြောဆိုထားပါတယ်။

လက်ရှိမှာ မိုခါမုန်တိုင်း အဓိက ပြင်းပြင်းထန်ထန် ဝင်ရောက်ခဲ့ကြတဲ့ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စတဲ့မြို့နယ်တွေက လယ်သမားတွေကို ထွေအုပ်နဲ့ မြေစာရင်းရဲ့ စာရင်းတွေအရ မျိုးစပါးတွေ ဖြန့်ဝေပေးနေကြောင်း ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။ ဒါပေမဲ့ ထွေအုပ်နဲ့ မြေစာရင်းဌာနက စာရင်းတွေမှာ မပါဝင်တဲ့ဒေသက လယ်သမား တွေ မျိုးစပါးမရှိကြတဲ့ အတွက် အခက်တွေ့နေတယ်လို့ လယ်သမားတွေက ပြောဆိုပါတယ်။ လက်ရှိမှာ ရခိုင်ဒေသကို စပါးမျိုး ကားအစီး ၇၀ ကျော် ဆင်းလာနေပြီး စိုက်ပျိုးရေးက တဧက မျိုးသန့်မျိုးစပါး တတင်းခွဲနဲ့ ဒုတိယမျိုးသန့် တဧက တတင်း ဖြန့်ဝေ နေပေမဲ့ အထွေထွေအုပ်ချုပ်ရေးနဲ့ မြေစာရင်းဦးစီးဌာနမှာ စာရင်းမပါတဲ့ တောင်သူတွေမှာ မျိုးစပါး လုံးဝမရရှိဘဲ ဖြစ်နေပါတယ်။ https://burmese.dvb.no/archives/601639

၂၈။  အမည်မသိ လက်နက်ကိုင်မှ လာဖမ်းသည့် မူဆယ်ဒေသခံ ၂ ဦး ယနေ့အထိ အဆက်အသွယ်မရသေး
      June 29, 2023

သျှမ်းပြည် မူဆယ်မြို့နယ် တိန်းလုံကျေးရွာတွင် နေထိုင်သည့် ဒေသခံ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး တို့သည် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံရပြီး ၁၀ ရက် ကျော်ကြာလာသည် အထိ အဆက်အသွယ် မရသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်တွင် တိန်းလုံကျေးရွာအတွင်းသို့ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်သည့် လူတစ်စု ဝင်ရောက်လာပြီး အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ “အခုဆို သူတို့ ဖမ်းခေါ်သွားခံရတာ ၁၀ ရက်ကျော် ရက် ၂၀ နီးပါး ရှိလာပြီ။ ဘယ်မှာဖမ်းထားလဲ၊ ဘယ်သူက လာဖမ်းလဲဆိုတာတောင် မသိလိုက်ရဘူး၊ လာဖမ်းတဲ့သူတွေက သေနတ်ကိုယ်စီ နဲ့ အရပ်ဝတ်နဲ့ပဲ လာကြတာ၊ Mask တွေ တပ်ထားတော့ ဘယ်သူဘယ်ဝါ မှန်း မသိလိုက်ဘူး” ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူ အမျိုးသားသည် အသက် ၅၀ ကျော်ရှိ လုံးထွန်းလှ ဖြစ်ပြီး အမျိုးသမီးသည်လည်း ၅၀ ဝန်းကျင်ရှိ သည့် ပါနန်းခမ်းကျန် ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ ဖမ်းဆီးခံရမှု နှင့် ပတ်သက်ပြီး အကြောင်းရင်း သေသေချာချာ မသိရဘဲ ယနေ့ အချိန်အထိ အဆက်အသွယ်မရရှိခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။ ယင်းကဲ့သို့ တိန်းလုံကျေးရွာ ဒေသခံ ၂ ဦး ဖမ်းဆီးခံရခြင်း နှင့် ပတ်သက်ပြီး ဒေသခံ နှင့် နီးစပ်သည့် ဆွေမျိုးများက ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံမေးမြန်းရာ ၎င်းတို့တပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းမဟုတ်ဟု အကြောင်းပြန်ကြောင်း လည်း နီးစပ်သည့် အမျိုးသား တစ်ဦးက ပြောသည်။ SSPP/SSA တပ်ဖွဲ့သည် မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်တွင်းရှိ ကျေးရွာများ ထဲတွင် ၁၀ အိမ်ကို တပ်သား ၂ ယောက်ပေးဆောင်ရမည်ဟု ညွှန်ကြားထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ အလားတူ နမ့်ခမ်းမြို့ပေါ်တွင်လည်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တပ်သားလိုက်လံ စုဆောင်းနေသည့်အပြင် အခွန်တွေကိုလည်း လိုက်ကောက်နေသည်။ https://burmese.shannews.org/ archives/35576

၂၉။   လက်ပစ်ဗုံးကစားရင်း ကလေးငယ်တစ်ဦးသေဆုံး
       June 29, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာတစ်ရွာက ၁၁နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ လက်ပစ် ဗုံးကို ဆော့ကစားရင် မတော်တဆ ပေါက်ကွဲကာသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ (ဇွန်လ ၂၈ ရက်) ညနေ ၄ နာရီ အချိန်မှာ အစ်ကိုဖြစ်သူ (တော်လှန်ရေးရဲဘော်) ရဲ့ နေအိမ်မှာ သိမ်းထားတဲ့ လက်ပစ်ဗုံးတစ်လုံးကို ယူပြီး ဆော့ကစားရာမှ မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ “အိမ်ထဲမှာထားတယ်လေ၊ ကြွတ်ကြွတ်အိတ်နဲ့ ထုတ်ထားသေးတယ်။ သံကြိုသံကြား ဟိုအနောက်ဘက်မှာထားတယ်။ သူဘယ်လိုမျိုး လိုက်ရှာလဲမသိဘူး။ ကိုင်လို့မရဘူးသူ့ကိုပြောသေးတယ်။ အရင်တုန်းကလဲမ ကိုင်ဘူးလေ။ ဒီရက်ခါကြတော့ ဘယ်လိုဖြစ်သွားလဲမသိဘူး” လို့ မိခင်ဖြစ်သူကပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားနေတဲ့ အချိန်မှာ မိဘဖြစ်သူတွေက တောင်ယာသွားနေပြီး အကိုငယ် (၁၃)နှစ် ဖြစ်သူနဲ့ အတူ အိမ်တွင် ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။ “ကျွန်မနဲ့သူ့အဖေတောင်ယာသွားတယ် ဒါလေးနည်းနည်းကျန်သေးတယ်။ ပြီးအောင်လုပ်ပြီး ပြန်မ လားဆိုတော့ မပြီးသေးဘူး။ သူများပြန်လာခေါ်တယ်။ နင်သားပြန်ကြည့်တဲ့ ဘာဖြစ်လဲမသိဘူး အူတောင်မှထွက်တယ်တဲ့ အပေါက်ကဒီလောက်ရှိတယ်။ ကျွန်မပြန်ကြည့်တဲ့ချိန် ဆရာမတွေ ပတ်တီးတွေအကုန်လုံးပတ်ကုန်ပြီ သူစကားပြောနိုင် သေးလားဆိုတော့ မပြောနိုင်တော့ဘူးတဲ့ ချက်ချင်းသေတယ်တဲ့” လို့ မိခင်ဖြစ်သူကပြောပါတယ်။ သေဆုံးသူမှာ ၁၁ နှစ်အရွယ် အာရီဘိန်းတို မောင်သောင်း ဖြစ်ပြီး ၄ တန်း တက်ရောက်တော့မယ့် ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ https://www .kantarawaddytimes.org/%e1%80%9c%e1%80%80%e1%80%ba %e1%80%95%e1%80%85%e1%80

၃၀။  မချမ်းဘော့တွင် မြေပြိုသဖြင့်လမ်းပိတ်နေပြီး စားနပ်ရိက္ခာပြတ်လပ်သွားနိုင်သဖြင့် အမြန်ပြုပြင်ပေးရန်ဒေသခံ          များလိုလား
      June 30, 2023

မြေပြိုမှုကြောင့် ၁၀ ရက်ကျော်ကြာ လမ်းပိတ်နေသည့် မချမ်းဘော့မြို့နယ် ဒိန်ချက်ကျေးရွာလမ်း အမြန်ပြုပြင်ခြင်းမရှိ ပါက ဒေသခံများ စားနပ်ရိက္ခာပြတ်လပ်သွားနိုင်ကြောင်း သိရသည်။ မချမ်းဘော့ – ဒိန်ချက်လမ်းမှာ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ မှစတင်ကာ မြေပြိုကာ လမ်းပိတ်နေခြင်းဖြစ်ပြီး အမြန်ဆုံးပြုပြင်ခြင်းမပြုလုပ်နိုင်ပါက မိုးတွင်းကာလအတွင်း ရိက္ခာပြတ် တောက်သွားနိုင်သည်ဟု အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ “ဆိုင်ကယ်တွေသွားလို့မရအောင်ပြိုတာ လူတောင်အရမ်းသွားရခက်တယ် အရင်နှစ်တွေက အဲ့လောက်မပြိုဘူး။ အခုတောင်အဲ့လောက်ပြိုနေရင် နောက်မိုးအရမ်းရွာတဲ့ လတွေဆို အဲ့ထက်ဆိုးသွားမှာ။ ရွာမှာကရိက္ခာစပြတ်နေပြီး နောက်ထပ်တစ်လလောက်သာ လမ်းပြန်မကောင်းရင်တော့ စားဝတ်နေရေးအတွက် အရမ်းဒုက္ခရောက်မှာ အဲ့ဒါကြောင့် အခုချိန်မြန်မြန်ပြင်ရမှာ” ဟုပြောသည်။ ဒေသခံအများစုက ရွှေ့ပြောင်းတောင်ယာလုပ်ငန်းသာ လုပ်ကိုင်ကြပြီး ၂၀၂၂ ခုနှစ်ကလည်း မိုးများသောကြောင့် တောင်ယာ စပါးစိုက်ပျိုးနိုင်ခြင်း မရှိခဲ့သဖြင့် အခြားဒေသများမှ ဝယ်ယူစားသုံးနေရကြောင်း သူကပြောသည်။

ဒိန်ချက်ကျေးရွာဒေသခံများက တစ်လလျှင်နှစ်ကြိမ် မချမ်းဘော့မြို့မှ ကုန်ပစ္စည်းနှင့် စားသောက်ကုန်များ သွားရောက် ဝယ်ယူ့လေ့ရှိပြီး မိုးရာသီအတွက် ရိက္ခာစုဆောင်းထားနိုင်ခြင်းမရှိသေးသောကြောင့် လမ်းကိုသာ အမြန်ဆုံးပြုပြင်ပေးစေလို ကြောင်း အသက် ၂၆ နှစ်ခန့်အရွယ်ရှိ ဒေသခံလူငယ်တစ်ဦးက ပြောသည်။ “အရင်နှစ်တွေတုန်းကတော့ အခုချိန်ကစပြီး မိုးတွင်း အတွက် ရိက္ခာတွေစုကြတာ ဒီနှစ်တော့ မစုလိုက်ရဘူး။ ရာသီဥတုကလည်းပြောင်းလဲလာတယ် နေပူတဲ့အချိန်လည်း အရမ်းပူ တော့ မြေကြီးတောင်ကွဲတယ်။ အဲ့လိုကြောင့်လို့ထင်တယ် မိုးရာတာနဲ့ မြေပြိုတော့တာ” ဟုပြော သည်။ နှစ်စဉ်မိုးရာသီတွင် သစ်ပင်များလဲခြင်း၊ ကမ်းပါးပြိုခြင်း၊ တောင်ပြိုခြင်းနှင့် လမ်းပျက်စီးခြင်းတို့ကြောင့် ခြေလျင်ခရီးပင်သွားရန် ခက်ခဲသဖြင့် လက်ရှိအချိန်တွင် အမြန်ဆုံးပြုပြင်ရန်လိုအပ်နေပြီး ကိုယ်ထူကိုယ်ထပြုပြင်နိုင်ရန်လည်း ကြိုးစားနေကြောင်း သူကဆက်ပြော သည်။ “အစိုးရအနေနဲ့ ပြန်ပြင်ပေးမယ်လို့တော့မထင်ဘူး။ လမ်းပြိုနေတာလည်းကြာပြီဆိုတော့ ငါတို့ဒေသခံတွေနဲ့ ဒိန်ချက် ဘက်မှာ ရှောင်ကောခြံလုပ်တဲ့သူတွေစီကနေ အလှူခံပြီးပြန်ပြင်ဖို့စီစဉ်ထားတယ်။ ရွာမှာက ကျန်းမာရေးဝန်ထမ်းတွေလည်း မရှိဘူး နေမကောင်းတဲ့သူတွေရှိရင်လည်း မချမ်းဘော့ဘက်ပဲသွားရတာ အဲ့ဒါကြောင့်အဲ့လမ်းကို အမြန်ပြင်မှရမှာ” ဟုပြောသည်။ ဒိန်ချက်ကျေးရွာပါဝင်သော အင်ဂါဒိန်ချက်ကျေးရွာအုပ်စုသည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၃၀၀ ခန့်နေထိုင်သည်။ https://www.facebook.com/photo/?fbid=58 5067857154220&set=pcb.585068867154119

၃၁။  ကြာအင်းဆိပ်ကြီးတွင် စစ်တပ်က ပစ်ခတ်သဖြင့် ပြည်သူ ၃,၀၀၀ ကျော် ထွက်ပြေး
      June 30, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်၊ တံခွန်တိုင်ကျေးရွာအနီးက တောင်ညိုတောင်ခြေတဝိုက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေ့ည လက်နက်ကြီးနဲ့ ကျေးရွာတွေအတွင်းကို ပစ်ခတ်နေတဲ့အတွက် ရွာသား ၃,ဝဝဝ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇွန် ၂၆ ရက်က မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ တောင်ကလေးကျေးရွာကနေ ကရင်ပြည်နယ်၊ ကျိုက်ကမော့တောင်ခြေ အနီးတဝိုက်ကို စစ်ကြောင်းထိုး ဝင်ရောက် လာတဲ့ အတွက် ဇွန် ၂၈ ရက်ကစတင်ပြီး တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ခလယ်၊ တံခွန်တိုင်၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ ဘုရား ငါးဆူ၊ ပူးလိန်၊ နန်းသိုင်းထွန်ကျေးရွာက ဒေသခံ ၃,ဝဝဝ ကျော် ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဒေသခံတဦးက “စစ်ကြောင်း ထိုးလာတော့ ဘယ်သူမှ မနေရဲတော့ဘူး။ လုပ်နေတဲ့အလုပ်တွေ ပစ်ထားခဲ့ရတယ်။ အခုက လယ်နဲ့ ခြံတွေထဲ ဆင်းနေရတဲ့ အချိန်။ လက်နက်ကြီးကလည်း နေ့ရောညရော ပစ်ခတ်နေတော့ နေလို့ ဘယ်လိုမှမဖြစ်တော့ဘူး။ စစ်ကြောင်းဝင်လာရင်လည်း အကြမ်းဖက်တာတွေက အနည်းနဲ့အများ ဖြစ်လာမှာကို စိုးရိမ်ပြီး ပြေးနေရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်လာဖို့ရှိပြီး အခြေအနေက အကောင်းဘက်ကို ဦးတည်မှာမဟုတ်သလို တိုက်ပွဲဖြစ်တိုင်း ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ပြေလည်မှု တွေရှိမှာတော့ မဟုတ်ဘူးလို့ KNLA တပ်မဟာ ၆ တပ်မှူးတဦးက ပြောပါတယ်။ အဆိုပါစစ်ကြောင်းဟာ တံခွန်တိုင်ကျေးရွာ ရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်၊ အမှတ် ၁၀၂၁ နယ်ခြားစောင့် (BGF) ပူးပေါင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စခန်းလုံခြုံရေး အပြင် နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးလာတာဖြစ်ပြီး စစ်ကြောင်းထိုးရာ လမ်းတလျှောက် မွန်ပြည်နယ် အဘစ် ကျေးရွာအခြေစိုက် အ‌ေမြာက်တပ်ရင်းက လက်နက်ကြီး ပစ်ကူပေး ပစ်ခတ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါ တယ်။ https://burmese.dvb.no/archives/601659

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။