• Today is: Monday, May 13, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

လူမျိုးပေါင်းစုံသတင်း

(No. 61, August 1, 2023)

၁။ လွိုင်ကော်မြို့အနီးနှစ်ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က နှစ်ဆယ်ထက်မနည်းသေဆုံးတယ်လို့ KNDF ပြော
    July 31, 2023

ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အနီး အခုလ နောက်ဆုံးပတ်အတွင်း ဖြစ်ခဲ့တဲ့ နှစ်ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီ ဘက်က နှစ်ဆယ်ထက်မနည်းသေဆုံးပြီး သေနတ်မျိုးစုံ ရှစ်လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ “နှစ်ဆယ်လောက် သေတယ်ဆိုတာက တိုက်ပွဲအတွင်း ကျွန်တော်တို့ ကိုယ်တိုင်မြင်တွေ့လာခဲ့တာတွေပါ” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။ လွိုင်ကော်မြို့အထွက်က မော်ချီးစုစည်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ မိုးဗြဲကနေ လွိုင်ကော် ဘက်ကိုလာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကို အခု ၂၄ ရက်နဲ့  ၂၅ ရက်တွေမှာ KNDF၊ ကရင်နီပြည်တပ်မတော် KA နဲ့ လွိုင်ကော် PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေရဲ့ ချေမှုန်းရေး ရိုင်ဖယ်သေနတ် ခုနစ်လက်နဲ့ MA 2 စက်ကလေးတလက် အပါအဝင် ခဲယမ်းနဲ့အသုံးအဆောင်တချို့ကို ကာကွယ်ရေးတပ်တွေဘက်က သိမ်းဆည်းရမိခဲ့တဲ့အပြင် စစ်ကောင်စီ တပ်ရဲ့ ကားအကြီးတစီးကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

“သူတို့အင်အား ဘယ်လောက်ရှိလဲတော့ မခန့်မှန်းတတ်ဘူး၊ သူတို့ ကားနှစ်စီး၊ သုံးစီလောက်နဲ့လာလိုက် ကျွန်တော်တို့ က တိုက်လိုက်၊ နောက်ထပ် ထပ်လာလိုက်ကျွန်တော်တို့တိုက်လိုက်၊ အဲလိုဖြစ်နေတာ၊သူတို့ထဲက တချို့ ကတော့ လွိုင်ကော် ဘက် ပြန်ဆုတ်သွားတယ်” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကတော့ ကြီးကြီးမားမား အထိအခိုက်အကျအဆုံးမရှိဘဲ စစ်ဆင်ရေးဖော်ဆောင်နိုင်ခဲ့တယ် လို့လည်း သူကပြောပါတယ်။ KNDF က သိမ်းဆည်းရမိကြောင်းထုတ်ပြန်ထားတဲ့ ပစ္စည်းတွေထဲမှာတော့ စစ်ကောင်စီတပ် တပ်မ ၅၅ က တပ်ဖွဲ့ဝင်တွေရဲ့ ဝတ်စုံတွေပါဝင်နေပြီး ဗိုလ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးရဲ့ ပြန်တမ်းဝင်အရာရှိ သက်သေခံ ကဒ်ပြားနဲ့ ပခုံးကြယ်ပွင့်တွေကိုလည်းတွေ့ရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကရင်နီပြည်နယ်ထဲကို ဇူလိုင်လ ၂၀ ရက် လောက်ကစပြီး ရှမ်းပြည်နယ်၊ ဖယ်ခုံဘက်ကနေတဆင့် အင်အားအလုံးအရင်း နဲ့ အင်အားဖြည့်တင်းလာနေပြီး ပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ နေတိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က တော့ လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းမကြီးတလျှောက် စစ်ရေးလှုပ် ရှားမှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တာကြောင့် ခရီးသွားပြည်သူတွေ သတိထားသွားလာကြဖို့ တိုက်တွန်းထားပါတယ်။ https://www.facebook.com/photo/?fbid=67958996088075 1&set=pcb.679590580880689

၂။ ကွတ်ခိုင်မြို့ စစ်ကောင်စီရဲ့  ၂၄၂ တပ်ရင်းက ဒေသခံ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ဦးကို သေနတ်နဲ့ပစ်ခတ်
    July 31, 2023

ရှမ်းမြောက် ကွတ်ခိုင်မြို့ စစ်ကောင်စီရဲ့ ၂၄၂ တပ်ရင်းက ဒေသခံ ၂ ဦးကို ဖမ်းဆီးခံရပြီး တစ်ဦးကတောါ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင် ၂၉ ရက်နေ့ ညနေပိုင်းမှာ မန်နောင်ရွာဘုန်းကြီးကျောင်း အနောက် တောထဲကနေ ဒေသခံ ၂ ဦးကိုဖမ်းလာပြီး ဖုန်းကိုစစ်ဆေး ကြည့်ရာမှာ စစ်သားပုံတွေ့တာကြောင့်  မန်နောင်ဘုန်းကြီးကျောင်းမှာ ဖမ်းဆီး စစ်ဆေးမေးမြန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ် သိရှိသူ ကွတ်ခိုင်မြို့ခံ တစ်ဦးက “ ၂ ယောက်ဖမ်းခံရတာတော့ သေချာတယ်။ ဖမ်းခံ တောထဲမှာ ဖမ်းတာဆိုတော့ ဘယ်သူဘယ်ဝါမှန်းမသိဘူး။ သူတို့က ဘုန်းကြီးကျောင်းမှာဖမ်းပြီး စစ်‌ဆေး တော့ ရွာကလူတော့ ဘယ်သူမှ သူတို့ကို သွားမကြည့်ရဲကြဘူး။ သူတို့စစ်ဆေးမေးမြန်းတဲ့အချိန်လဲ ကိုရင်တွေက ကြည့်လို့မရ ဘူး။ ၂ ယောက်ထဲက တစ်ယောက်က ထွက်ပြေးဖို့လုပ်တဲ့အချိန်မှာ သူတို့က သေနတ်နဲ့ပစ်တာ။ အဲဒါ သေလားမသေဘူးလား မသိဘူး။ မနေ့ညက ည ၁၂ နာရီ ညတွင်းချင်းမှာပဲ အဲဒီ နှစ်ယောက်ကို သူတို့ တပ်စီကို ဖမ်း‌ခေါ်သွားတယ် ” လို့ ပြောပါတယ်။

၂၄၂ တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံ အမျိုးသား ၂ ဦးဟာ ဘယ်သူဘယ်ဝါ ဘယ်ရွာကဒေသခံ ဖြစ်မှန်း အတိ အကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကလည်း မန်နောင်ကျေးရွာရဲ့ သူကြီးလက်ထောက်ကို စစ်ကောက်စီ ၂၄၂ တပ်ရင်းက ဖမ်းဆီးမေးမြန်တဲ့ ဖြစ်စဉ်တွေလဲရှိခဲ့ဖူးပါတယ်။ https://www.face book.com/photo/?fbid= 609586264681975&set=a.404503215190282

၃။  ဖယ်ခုံမှာ ၈ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိအပါ ၁၃ ဦးသေဆုံး
     July 31, 2023

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံတွင် ဇူလိုင် ၂၁ ရက်ကနေ ၂၈ ရက်နေ့အထိ ၈ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီတပ် အရာရှိအပါ ၁၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာများစွာနဲ့ ဆုတ်ခွာထွက်ပြေး သွားတယ်လို့ ဖယ်ခုံ PDF ကသတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ် အင်အား (၅၀) ဝန်းကျင်က စက်တော်ရွာက ခေါင်းအိစေတီကုန်းကို စစ်ကြောင်း ထိုးစစ် ဆင် လာခဲ့တာဖြစ်ပြီး ဇူလိုင် ၂၈ ရက် မနက်၁နာရီအချိန်မှာ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ “အကြမ်း ဖက် စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာများစွာနဲ့ ဆုတ်ပြေးခဲ့ရတယ်။ ကျွန်တော် တို့ PDF တပ်ဖွဲ့တွေလည်းအချို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်” လို့ ဖယ်ခုံ PDF ကပြောပါတယ်။ စစ်ကောင်စီထိုးစစ်ကို ဖယ်ခုံPDF (1002)တပ်ရင်းနဲ့အတူ KRU ၊ အမှတ် 1009( IPDF) ၊ 1008 ၊ 1005 ၊ 1003၊DMO 1106 နဲ့ရှမ်းတောင် Drone တပ်ဖွဲ့SSDF စတဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ https://www.facebook.com/photo?fbid=313700 047683113&set=pcb.31324 6644395120

၄။  မင်းတပ်တိုက်ပွဲ စစ်ကောင်စီ တပ်ဖွဲ့၀င် ၇ ဦး သေဆုံး
    July 31, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ကို CDF-Mindat တပ်ဖွဲ့၀င်များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် ၇ ဦး သေဆုံးခဲ့ကြောင်း CDF-Mindat သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ထုတ်ပြန်ပါတယ်။  ညနေ ပိုင်း ၃:၄၀ အချိန်တွင် မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ရှိ သစ်​တောဝိုင်းအနီး၌ ကင်းလှည့်လာသည့် စစ်ကောင်စီ စစ်သား၊ ရဲသား များ တင်ဆောင်လာသော ကားတစ်စီးကို CDF-Mindat တပ်ဖွဲ့၀င်များက တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။  တိုက်ပွဲအ တွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၇ သေဆုံးခဲ့ပြီး အခြေနေအရ စစ်ကောင်စီစစ်သားတွေရဲ့ လက်နက်များကို မသိမ်းဆည်းနိုင်သော် လည်း ဒဏ်ရာရစစ်သားများနဲ့ အလောင်းများကို စစ်ကောင်စီတပ်ဖွဲ့က ကားဖြင့်ပြန်လည်သယ်သွားကြတယ်လို့ ဖော်ပြပါတယ်။ https://www.facebook.com/photo/?fbid=805504104915545 &set=a.716654970467126

၅။ လဲချားမှာ ဝမ်ပန်-နားပွဲ ပြည်သူ့စစ် ခေါင်းဆောင်ရဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ပြည်သူ့စစ် ၂ ဦးသေဆုံး
    July 31, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချားမြို့နယ်အခြေစိုက် တပ်မဟာ (၇၅၈) ဝမ်ပန်-နားပွဲ ပြည်သူ့စစ် ယာဉ်တန်း မိုင်းဆွဲ ခံရလို့ ပြည်သူ့စစ် ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့၊ ညနေခင်း ၄ နာရီခန့်မှာ တပ်မဟာ (၇၅၈) ဝမ်ပန်-နားပွဲ ပြည်သူ့စစ် အဖွဲ့ ခေါင်းဆောင် ဦးစိုင်းတ ဦးဆောင်တဲ့ ယာဉ် တန်းဟာ လဲချားမြို့နယ် အရှေ့ဘက်မှာရှိတဲ့ တင်းလီကျေးရွာ အနီး မိုင်းဆွဲခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။“RCSS က မိုင်းဆွဲပြီး တိုက်တယ်လို့ ပြောပေမယ့် ဘယ်သူက မိုင်းဆွဲတာလဲတော့ မျက်စိနဲ့ မမြင်ရတော့ သေချာ မသိရဘူး ပေါ့နော်။ ကားတစ်စီး ထိတာ တပ်သား ၂ ယောက်က ပွဲချင်းပြီး သေသွားတယ်။ ဒဏ်ရာရတဲ့ လူလည်း ရှိတယ်။ ခေါင်းဆောင် ဦးစိုင်းတ တော့ မထိဘူး” လို့ ဖြစ်စဉ်ကို သိရှိတဲ့ အမျိုးသား တစ်ဦးက ပြောပါတယ်။ မိုင်းဆွဲသူတွေဟာ ဦးစိုင်းတ ကို ရည်ရွည် လုပ်ကြံတာလို့ ယူဆပေမယ့် အဲ့ဒီနေရာတွေဟာ လက်နက်ကိုင် တပ်ဖွဲ့ပေါင်းစုံ သွားလာလှုပ်ရှားတဲ့နေရာ ဖြစ်တဲ့အတွက် ဘယ် အဖွဲ့က တိုက်ခိုက်တယ် ဆိုတာကိုတော့ တိတိကျကျ သိရဖို့ ခက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဗမာစစ်တပ်ကော၊ အစိမ်း (SSPP) တပ်ကော၊ ပြောက်ကျား (RCSS) တပ်ကော၊ ပြည်သူ့စစ်တပ်ကော ဒီမှာက အစုံ ရှိတဲ့ အခါကျတော့ ဘယ်သူလုပ်လည်း သိရဖို့ခက်တာပေါ့နော်။ လုပ်ကြံတဲ့သူကတော့ ခေါင်းဆောင်ဖြစ်တဲ့ ဦးစိုင်းတ ကို လုပ်ကြံ တယ်လို့ ယူဆရပေမယ့် ခေါင်းဆောင်ကို မထိပဲ နောက်လိုက်တွေကို ထိသွားတာပေါ့နော်။ ပေးစရာ ယူစရာတွေရှိလို့ လုပ်တာ လားတော့လည်း မပြောတတ်ဘူး” လို့ လဲချား ဒေသခံ တစ်ဦးက ပြောပါတယ်။ တပ်မဟာ (၇၅၈) ဟာ အရင်က RCSS အဖွဲ့ရဲ့ လက်အောက်ခံ တပ်မဟာတစ်ခု ဖြစ်ပေမယ့် ၂၀၀၆ ခုနှစ်မှာ RCSS ရဲ့ ဒုတိယ စစ်ဦးစီးချုပ် အဆင့်ရှိ ဦးမိန်းစင် ဦးဆောင်ပြီး RCSS ကနေ ခွဲထွက်ကာ စစ်အစိုးရဆီမှာ လက်နက်ချခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၀၈ ဖွဲ့စည်းပုံ ပေါ်ပေါက်လာတဲ့ ကာလမှာတော့ ပြည်သူ့စစ်အဖွဲ့ အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ ပါတယ်။ RCSS အဖွဲ့မှ ခွဲထွက်ပြီးတဲ့နောက် တပ်မဟာ (၇၅၈) ရဲ့ ခေါင်းဆောင် ဦးမိန်းစင် ဟာ ၂၀၀၉ ခုနှစ်၊ မေလ ၂၄ ရက်မှာ RCSS ရဲ့ ခြုံခိုတိုက်ခိုက်မှု ခံရလို့ သေဆုံးသွားခဲ့ပါတယ်။ https://www.facebook.com/photo?fbid=313763907676 727&set=pcb.313763971010054

၆။  ဘားအံမြို့ရှိ သံလွင်တံတားဂိတ်တွင် ပေါက်ကွဲမှုတွင် သေဆုံးသူ ရှိပြီး  လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရဟုဆို
     July 31, 2023

ကရင်ပြည်နယ် ဘာအံမြို့ရှိ အစစ်ဆေးကြမ်းသည့် သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်း က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးများရှိကာ ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သည့် သံလွင်တံတားပေါက်ကွဲမှုကြောင့် ဘာအံမြို့ဘက်သို့ သွားလာသည့် လမ်းများကို စစ်ကောင်စီက  ပိတ်ပင်ထားပြီး  အဆောက်အဦးအချို့ နှင့် ဂိတ်ဘေးရှိ ကားများ၊ ဆိုင်ကယ်များပါ  ထိခိုက်ပျက်စီး ခဲ့ကြောင်းသိရသည်။  “ဒီမနက် ပေါက်ကွဲတာဟုတ်တယ်။ တရုတ်လှဘက်အခြမ်းမှာဖြစ်တာ။ ပေါက်ကွဲတဲ့အသံကအတော်လေး ကျယ်တယ်။   သံလွင်တံတားက အဖွဲ့စုံစစ်ဆေးရေးဂိတ်ပါ။  စစ်ဆေးရေးဂိတ်မှာ စစ်သားတွေ ရဲတွေ ထွေအုပ်က ရှာဖွေရေးလုပ် နေတဲ့သူတွေစုနေတဲ့ အချိန်မှာပေါက်ကွဲသွားတာပါ။ လူမပြောနဲ့ အဆောက်အဦးတွေတောင် ရစရာမရှိအောင် ပျက်စီးသွားတာ ဆိုတော့ အသေအပျောက်များနိုင်တယ်။  သွားကြည့်လို့မရဘူး”ဟု ဒေသခံ အသက် ၄၀ ခန့်ရှိ အမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် စစ်ဆေးမှုကြမ်းတမ်းပြီး စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံရှိကာ ပေါက်ကွဲတဲ့ချိန်သည် လူစုချိန်ဖြစ်၍ ထိခိုက်သေဆုံးမှု များနိုင်ကြောင်း ဒေသခံများထံက သိရသည်။ အဆိုပါ ပေါက်ကွဲမှု့အား မည်သည့်အဖွဲစည်းက ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း မသိရှိရသေးသလို ပေါက်ကွဲမှုကြောင့် လမ်းပိုင်းအချို့လည်းပျက်စီးခဲ့ကြောင်းသိရသည်။ https://www.facebook.com/photo/?fbid=614317964170560&set=pcb.61431813 4170543

၇။  စစ်အုပ်စုကို ချေမှုန်းမည့် မည်သည်အဖွဲ့နှင့်မဆို ပူးပေါင်းမည်ဟု ဓနုတပ်ဦးပြော
     July 31, 2023

စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အာဏာသိမ်း စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းမယ့် ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းသွားမယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front)က ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ပါတယ်။ ဓနု လူငယ်တွေနဲ့ ဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ် တွေစုပေါင်းလို့ ညီနောင်တိုင်းရင်းသား လက်နက်ကိုင်ဒေသမှာသွားရောက် စစ်ပညာသင်ကြားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ် ၇ ရက် နေ့မှာ ဓနုပြည်သူလွတ်မြောက်ရေးတပ်ဦး (DPLF) ကို စတင်တည်ထောင်ခဲ့တာလို့ ဆိုပါတယ်။ DPLF ဟာ ဓနု တမျိုးသားလုံးနဲ့ ဒေသတွင်း အတူနေညီနောင်တိုင်းရင်းသားအားလုံး အဖိနှိပ်ခံဘဝကနေ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူအခွင့်ရေးကို အာမခံ တဲ့ ဓနု ပြည်နယ်တည်ဆောင်ရေး၊ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည် ဆောက်ရေးအတွက် ဦးတည်ပြီး တည်ထောင်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

အခုလက်ရှိ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)ဟာ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF)နဲ့ ပူးတွဲ ပြီး သပြေညိုစစ်ဆင်ရေးမှာ တိုက်ပွဲဝင်ခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှု တွေ များပြား ခဲ့သလို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)ဘက်ကလည်း ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ တာဝန်ရှိ သူတယောက်က ဆိုပါတယ်။ ဓနုတိုင်းရင်းသားတွေဟာ ရှမ်းပြည်နယ်၊ နောင်ချို၊ ရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ ကလောနဲ့ တောင်ကြီးမြို့နယ်တို့မှာ အဓိကနေထိုင်ပြီး မိုးကုတ်၊ ပြင်ဦးလွင်၊ သာစည်၊ ကျောက်ဆည်၊ ညောင်ရွှေ၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ လည်း ပျံ့နှံ့နေထိုင်ကြပါတယ်။ https://burmese.dvb.no/post/607030

၈။ လွိုင်ကော်ကို အင်အားဖြည့်တဲ့ စစ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်မှု စစ်ကား ၂ စီး ပျက်စီးပြီး စစ်သား အသေများ
    July 31, 2023

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို စစ်အင်အားဖြည့်တဲ့ စစ်ကောင်စီယာဥ်တန်းကို ရှမ်း-ကရင်နီ နယ်စပ်၊ တောင်ခမ်း ကျေးရွာ အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ မနေ့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီး ပျက်စီးပြီး စစ်သား အသေများ တယ်လို့ BPDF လွိုင်ကော် တာ၀န်ခံက ဇူလိုင်လ ၃၁ ရက်မှာ ပြောပါတယ်။ စစ်ကောင်စီက စစ်ကား ၆ စီးကျော်နဲ့ လွိုင်ကော်မြို့ ကို ဦးတည် အင်အားဖြည့်တာဖြစ်ပြီး PDF တွေက ဇူလိုင်လ ၃၀ ရက်၊ ညနေ ၄ နာရီခန့်က ကြားဖြတ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။“ညနေ ၄ နာရီလောက်က ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ ၂ ဖက် ပစ်ခတ်မှု ဖြစ်တာပေါ့။ DC ကား ၂ စီးကတော့ မီးလောင်ပျက်စီးသွားတယ်။ အသေလည်း တော်တော်များမယ်” လို့ သူကရှင်းပြပါတယ်။

ပြည်ထောင်စု လမ်းမကြီး အတိုင်း စစ်ကား ၆ စီးထက်မနည်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကြားမှာ သတင်းချိတ်ဆက်မှု အားနည်းချက်တွေကြောင့် ဘယ်ကလာတဲ့ စစ်ယာဥ်တန်း ဆိုတာ မသိရသေးသလို စစ်ကောင်စီတပ် အင်အား ဘယ် လောက်ပါ တယ် ဆိုတာ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အဆိုပါ စစ်ယာဥ်တန်းဟာ လွိုင်ကော်မြို့ ထဲကို စစ်ကောင်စီတပ်သား ၁၀၀ ၀န်းကျင်ခန့်နဲ့ ၀င်သွားတယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်သား ၂ ဦး ခြေထောက် ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရတဲ့ ဒဏ်ရာ ဖြစ်တယ်လို့ BPDF တာ၀န်ခံက ဆိုပါတယ်။ တောင်ခမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှု အတိအကျကိုတော့ စိစစ်နေဆဲဖြစ်ပြီး တိုက်ခိုက်ခဲ့တဲ့ သက်ဆိုင်ရာ အဖွဲ့ တွေက အတည်ပြုထုတ်ပြန်မယ်လို့ သိရပါတယ်။ https://www.facebook .com/photo?fbid=313759331010518&set=a.28 5900490463069

၉။ အာဏာသိမ်း ၂ နှစ်ခွဲအတွင်း စစ်တပ်က  အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၄၄ ကြိမ် ကျူးလွန်
    August 1, 2023

အာဏာသိမ်းကာလ ၂ နှစ်ခွဲနီးပါးကာလတွေ အတွင်းမှာ စစ်တပ်က လူ ၅ ယောက်နဲ့အထက် အစုလိုက် အပြုံလိုက်သတ် ဖြတ်မှု အနည်းဆုံး ၁၄၄ မှု ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၁,၅၉၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုး ရ (NUG) လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက် ယူ ရရှိထားတဲ့ အချက်အလက်တွေအရ ခုလိုထုတ်ပြန်လိုက်တာဖြစ်ပြီး နှစ်အလိုက်ကြည့်မယ်ဆိုရင်တော့ စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၁၁ ကြိမ်၊ ၂၀၂၂ ခုနှစ်မှာ ၈၅ ကြိမ်နဲ့ အခု ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ ၄၈ ကြိမ်အထိ ကျူးလွန်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ကောက်ယူရရှိထားတဲ့ မှတ်တမ်းတွေအရ နောက်ဆုံးကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်း ချောင်းကျေးရွာမှာ ကျူးလွန် ခဲ့တာဖြစ်ပြီး အဆိုပါသတ်ဖြတ်မှုမှာတော့ အသက် ၁၈ နှစ်အောက် ၄ ယောက်အပါအဝင် အပြစ်မဲ့ပြည်သူ ၁၄ ယောက် အစုလိုက် အပြုံလိုက် သတ် ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ဒေသခံ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့အပေါ် ကုလသမဂ္ဂနဲ့ G-7 စက်မှု ထိပ်သီးနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင် ရှုတ်ချခဲ့ကြပြီး စစ်အုပ်စုဘက်ကတော့ အဲဒီ ဒေသမှာ PDF အဖွဲ့တွေ ရှိနေတယ်ဆိုတာ သတင်းရတဲ့အတွက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားခဲ့ပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ သူတို့ရဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ပြည်သူတွေက ဆက်လက်တွန်းလှန်နေကြတဲ့အတွက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို စနစ်တကျ ကျင့်သုံးနေပြီး ပိုမိုပြင်းထန်စွာနဲ့ ကျယ်ပြန့်စွာ အသုံးပြုလာနေတာကို ဒီအချက်အလက်တွေက ဖော်ပြနေတယ်လို့လည်း NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး အတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါ တယ်။ https://burmese.dvb.no /post/607257

၁၀။  ၁၀ ရက်ကျော် တိုက်ပွဲပြင်းထန်ခဲ့တဲ့ ယာဒိုဒေသက စစ်ကောင်စီတပ်တွေ ပြန်ဆုတ်သွား
      July 31, 2023

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုဒေသမှာ ၁၀ ရက်ကျော်ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ ပြန်လည် ဆုတ်ခွာနေတယ်လို့ တိုက်ပွဲ၀င်နေတဲ့ BPDF တပ်ရင်းမှူးက ဇူလိုင်လ ၃၁ ရက်မှာ ပြောဆိုလိုက် ပါတယ်။ ကရင်နီပြည်နဲ့ ဆက်စပ်နေတဲ့ ယာဒိုဒေသမှာ ဇူလိုင်လ ၂၉ ရက်ကစပြီး တိုက်ပွဲတွေ ခေတ္တပြန်ငြိမ်သွားကာ မနေ့ကနဲ့ ဒီနေ့မှာတော့ စစ်ကောင်စီတပ်တွေ တပ်ဖျောက် ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။“တိုက်ပွဲကတော့ ပြန်ငြိမ်သွားပါပြီ။ တော်လှန်ရေးအဖွဲ့တွေက နေရာယူသင့်တဲ့ နေရာမှာ ယူထားပါတယ်။ သူတို့ ( စစ်ကောင်စီ) ဘက်ကတော့ တပ်ပြန်ဆုတ်သွား ပါပြီ။ အရင်ဆုံး သံတောင်ဘက်ကနေ စစ်ကူလာတဲ့ စစ်ကြောင်းတွေက ပြန်ဆုတ်သွားတာ”လို့  သူကရှင်းပြပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့ ကတည်းက ယာဒိုဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က တပ်ဖြန့် တိုက်ခိုက်နေတာဖြစ်လို့ အင်အား အတိအကျကို‌တော့ ခန့်မှန်းနိုင်ဖို့ ခက်တယ်လို့ ဆိုပါတယ်။ ဇူလိုင်လ ၂၉ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီး ၁၂၀ မမနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပေမဲ့ လက်ရှိ စစ်ကောင်စီက တပ်‌ဖျောက်ထားပြီး ပြန်ဆုတ် နေတယ်လို့ BPDF တပ်ရင်းမှူးက ပြောပါတယ်။ တော်လှန်ရေး အင်အားစုတွေဘက်က ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပေမဲ့ စစ်ကောင်စီက တပ်ဖျောက်ထားတာကြောင့် နယ်ကျွံသွားမှာ စိုးရိမ်ရလို့ ပြင်ဆင်နေဆဲ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။ ယာဒိုဒေသမှာ ဇူလိုင်လ ၁၁ ရက်က စစ်သား ၃၀ ခန့် တပ်စွဲထားတဲ့ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းနိုင်ခါနီးအထိ အသာစီးရခဲ့ပေမဲ့ ကျည်မလုံလောက်မှုကြောင့် ပြန် လည် ဆုတ်ခွာခဲ့ရတာ ဖြစ်ပါတယ်။ https://www.facebook.com/photo?fbid=313752967677821& set=a.285900490463069

၁၁။ မလိယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA သွားရောက်တိုက်ခိုက်
     July 31, 2023

မြစ်ကြီးနား – ဗန်းမော်လမ်း ဝိုင်းမော်မြို့နယ် မလိယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA က ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်း ၉ နာရီကျော်အချိန်တွင် သွားရောက်တိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။ ညနေ ၄ နာရီနောက် ပိုင်း တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ကေအိုင်အေ သတင်းရင်းမြစ်အရ သိရသည်။ မလိယန်ကျေးရွာနှင့် နီးစပ်သည့် ဒေသခံတစ်ဦးကလည်း မြစ်ကြီးနားမြို့ဘက်မှ စစ်ကောင်စီစစ်ကြောင်းများ ထပ်မံရောက်ရှိလာသည်ဟု ပြောသည်။

မြစ်ကြီးနား – ဗန်းမော် ကားလမ်းတစ်လျှောက်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လပြည့်လာပြီဖြစ်ပြီး စစ်ကောင်စီ တပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုလည်း ၄ ကြိမ်ထက်မနည်း ရှိလာပြီဖြစ်သည်။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး မှု အခြေအနေကိုတော့ နှစ်ဖက်စစ်တပ်က ထုတ်ပြန်ပြောကြားသည်ကို မတွေ့ရသေးပေ။ KIO ဌာနချုပ်ရုံးစိုက်ရာ လိုင်ဇာမြို့အနီးဝန်း ကျင် စစ်မြေပြင်များသို့ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လှုပ်ရှားလာမှုကြောင့် မြစ်ကြီးနား – ဗန်းမော်လမ်း နမ်ဆန်ယန်ကျေးရွာ အနီးတွင် ဇူလိုင်လ ၃ ရက်နေ့မှစပြီး တိုက်ပွဲဖြစ်ပွားလာရာမှ ထိတွေ့တိုက်ပွဲများ၊ ကြားဖြတ်တိုက် ခိုက်မှု တိုက်ပွဲများ၊ လက်နက် ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် ဖြစ်ပွားလာခြင်းဖြစ် သည်။ https://www.facebook.com /photo?fbid=674972464666647&set=a.60589606490762 

၁၂။ စစ်ကောင်စီလက်နက်ကြီးထိလို့ မူဆယ်ဒေသခံတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
     July 31, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် လွယ်ကုန်ရွာမှာ ဇူလိုင် ၂၉ ရက်နေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ် လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ မူဆယ်မြို့နယ် မန်ကန်၊ နမ့်ကတ် ကျေးရွာ တွေအနီးမှာ TNLA တပ်တွေနဲ့ စစ်ကောင်စီတပ်ကြား ဇူလိုင် ၂၉ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အရပ်သား တွေရှိတဲ့ နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာထဲ ကျရောက်ပြီး ထိမှန်သေ ဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဇူလိုင်လ ၂၉ ရက် ညကိုးနာရီလောက်မှာ နမ့်ဖက်ကာ ခလရ (၁၂၃) တပ်စခန်းကုန်းကနေ လက်နက်ကြီး တွေနဲ့ ပစ်တာကြောင့် ပန်ကိုင်အုပ်စု နမ့်ခုမ့်ရွာနဲ့ လွယ်ကုန်ရွာထဲကို လက်နက်ကြီး သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးတစ်လုံးဟာ လွယ်ကုန်ရွာထဲကျခဲ့ပြီး အသက် ၆၅ နှစ်အရွယ် ယာအေးအိုင်ရဲ့ ရင်အုံနဲ့ဦးခေါင်း ကျည်စ ထိမှန် သေဆုံးခဲ့တဲ့အပြင် သူ သမီးနဲ့မြေးလည်း မျက်နှာ၊ ပေါင်၊ လက်တွေ ထိမှန်ခဲ့ပြီး ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံမှာ ကုသနေရ တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ မိုင်ဆက်၊ နမ့်ကတ်၊ မန်ကန်ကျေးရွာတွေက ဒေသခံတွေလည်း စစ်ကောင်စီက လက်နက် ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကို စိုးရိမ်ပြီး မူဆယ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ဇူလိုင် ၃၀ ရက် နေ့ မနက်ကလည်း TNLA နဲ့ စစ်ကောင်စီတပ်တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မန်ကန်နဲ့ နမ့်ကတ်ရွာအနီးက TNLA တပ်စခန်းကို စစ်ကောင်စီ တပ်နဲ့ နမ့်ခမ်း မြို့မပြည်သူစစ်အဖွဲ့တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့နေတာလို့လည်း TNLA တာဝန်ရှိသူတွေက ပြော ပါတယ်။ https://www.facebook.com/photo?fbid=67490 2711337801&set=a.583637430464330

၁၃။ မြစ်ကြီးနား – ဗန်းမော်လမ်းရှိ ကျေးရွာများမှ တကျော့ပြန် စစ်ရှောင်ပြည်သူများအတွက် အကူအညီလိုအပ်နေ
      July 31, 2023

စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်တွင် ယခုလအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်ရာကျော်အကူအညီလိုအပ်နေကြောင်း သိရသည်။ အစား အသောက်နှင့် ကျန်းမားရေးအကူအညီ အဓိကလိုအပ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။ ၎င်းစစ်ရှောင်ပြည်သူများသည် မိုးမောက်မြို့နယ် နားလုံ၊ လွယ်မောက်ယန်၊ တုန်ဟုန်းယန်၊ ဒိန်ဂါယန်၊ အူထန်ယန် စသည့်ကျေးရွာ ၅ ရွာမှ လူဦးရေ ၁၂၀ ကျော် သည့် ပြည်သူများဖြစ်ပြီး ဗန်းမော်နှင့် မိုးမောက်မြို့သို့ တိမ်းရှောင်ခိုလှုံနေရသည်ဟု ဒေသသတင်းရင်းမြစ်အရ သိရသည်။

အဆိုပါကျေးရွာ ပြည်သူများသည် ၂၀၁၁ ခုနှစ်တွင် တကျော့ပြန်ဖြစ်ပွားလာသော ကချင်ဒေသ တိုက်ပွဲများကြောင့် ထွက် ပြေးတိမ်းရှောင်ခဲ့ကြရာမှ ၂၀၁၉ ခုနှစ်တွင် နေရပ်ပြန်ပြီး စားဝတ်နေရေးအတွက် တောင်ယာ၊ လယ်ယာနှင့် စိုက်ခင်းများ လုပ်ကိုင်လျက် မူလကျေးရွာ၌ ပြန်လည်အခြေချနေထိုင်နိုင်ရန် ကြိုးစားနေသူများဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် KIO ဌာနချုပ် လိုင်ဇာမြို့နှင့် နီးစပ်သည့် မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်တွင် ဇူလိုင်လ ၃ ရက်မှစ၍တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေခြင်းဖြစ်သည်။ https://www.facebo ok.com/photo?fbid=674148708082356 &set=pcb.674148884749005

၁၄။ ကရင်နီမှာ ကာလရှည် စစ်ဘေးရှောင်တွေအတွက် အလှူရှင် လျော့နည်းလာ
     July 31, 2023

ကရင်နီပြည်နယ်တွင်းက ကာလရှည်ကြာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအတွက် အလှူရှင်တွေလျော့နည်းလာ တယ်လို့ ဒေသတွင်း စစ်ဘေးရှောင် ကူညီစောင့်ရှောက် နေသူတွေကပြောပါတယ်။ ၂၀၂၁ ခုနှစ်၊ အစောပိုင်း တော်လှန်ရေးစတင် တဲ့ကာလ စစ်ရှောင် ပြည်သူတွေကို ထောက်ပံ့ဖို့ အလှူငွေရှာတဲ့ ကမ်ပိန်းတွေ သိန်းရာနဲ့ချီပြီး အောင်မြင်ခဲ့ပေမယ့် အခုကာလမှာ တော့ ကမ်ပိန်း အောင်မြင်ဖို့ ရုန်းကန်နေရတယ်လို့ စစ်ရှောင် ကူညီသူတွေက ပြောပြပါတယ်။“၂၀၂၃ ထဲမှာ ရန်ပုံငွေ ရှာဖွေရေး ပိုင်းတွေမှာ တော်တော်လေး အားနည်းလာတာကို တွေ့ရတယ်။ ပြည်သူတွေ ပန်းတာတွေရော၊ အဓိက ကတော့ စီးပွားရေး ကြပ်တည်းတာတွေရောကြောင့် နည်းနည်းလေးခက်ခဲလာတာတော့တွေ့တယ်။ ပရောဂျက်တွေရှာတာအရင်ကလိုတော့ မသွက် တော့ဘူး။ သိပ်ပြီး အဆင်မပြေတော့ဘူးဗျ”လို့ ကရင်နီပြည်နယ်အတွက် ရန်ပုံငွေရှာဖွေ‌ပေးနေသူ တစ်ဦးကပြောပါတယ်။ လက် ရှိ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းမှုက ပြည်သူတွေ အတွက် အခက်အခဲ ဖြစ်စေပြီး အလှူငွေ လျော့နည်းလာစေတယ်လို့ စစ်ရှောင် ကူညီသူ တစ်ဦးက သုံးသပ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ တဝှမ်းလုံးမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တော်လှန်ရေးမှာ ပါဝင်တဲ့ ပြည်သူတွေ အနေနဲ့ တိုက်ခိုက်ရေး ကမ်ပိန်းတွေကို လှူဒါန်းနေရတာကြောင့် စစ်ရှောင်တွေ ကူညီတဲ့ဘက်မှာ လျော့နည်းလာတယ်လို့ သုံးသပ်သူတွေ လည်း ရှိနေပါတယ်။“တနိုင်ငံလုံးမှာ တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ အချိန်မှာ ကာကွယ်ရေး အသုံးစရိတ်တွေ ပိုပြီး လိုအပ်လာ တော့ ကာကွယ်ရေးဘက်မှာ ပိုပြီးအားဖြည့်နေတော့ စစ်ရှောင်တွေကို အားဖြည့်တဲ့ဘက်မှာ နည်းနည်းလေး လျော့နည်းသွားတာ ပေါ့နော်” လို့ စစ်ရှောင် ကူညီသူ နောက်တစ်ဦးက ဆိုပါတယ်။ ၂၀၂၁ ခုနှစ်၊ မေလကစပြီး စစ်ကောင်စီရဲ့ တပ်မ (၅) ခုနဲ့ စစ်ကြောင်းထိုးခံနေရတဲ့ ကရင်နီမှာ လက်ရှိအချိန်ထိ နေရာအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတာကြောင့် ဒေသခံ ၃ သိန်းဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတာပါ။ အဆိုပါ ဒေသခံတွေအတွက် ပြည်နယ်တွင်းက လူမှုကူညီရေး အဖွဲ့အစည်းတွေ အပါအဝင် ပြည်နယ်တွင်းက လူ့အခွင့်အရေးဆိုင်ရာဌာနတွေ၊ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့တွေ၊ ပုဂ္ဂလိက စစ်ရှောင် ကူညီသူတွေက ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေဆီကနေတဆင့် ကောက်ခံပြီး ထောက်ပံ့ကူညီနေတာဖြစ်ပါ တယ်။ https://www.facebook.com/photo?fbid=313836887669429&set=a.285900490463069

၁၅။ ကွတ်ခိုင်မြို့နယ် ကျေးရွာတစ်ရွာမှ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်သား ၂ ဦး မုဒိမ်းမှုကျူးလွန်
      July 31, 2023

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စုရှိ ဆွမ်လုံကျေးရွာအတွင်း နေထိုင်သည့် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ တပ်သား ၂ ဦးက မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း သတင်း သိရသည်။ ဖြစ်စဉ်မှာ (ဇူလိုင်လ ၃၀) ရက် ညပိုင်း ၁၀ နာရီ ဝန်းကျင်တွင် နမ့်ဖတ်ကာ ကျေးရွာအုပ်စုရှိ ဆွမ်လုံကျေးရွာ ဒေသခံ အမျိုးသမီး ၂ ဦးကို ကျေးရွာအနီး ကြံစိုက်ခင်း နှင့် ဘုန်းကြီး ကျောင်းအတွင်းနေထိုင်သည့် စစ်ကောင်စီ တပ်သား ၂ ဦးက အိမ်တွင်းထဲသို့ ရောက်ရှိလာပြီး မုဒိမ်းကျင့်ရန် ကြံရွယ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီတပ်သား ၂ ဦးသည် ပထမ နေအိမ်တစ်လုံးထဲရှိ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးကို အတင်း အဓမ္မ မဖွယ်မရာ ပြုလုပ်ခဲ့ပြီးနောက် ဒုတိယ နေအိမ်တစ်လုံးထဲရှိ ကလေးမိခင်တစ်ဦးကို မုဒိမ်းကျင့်ကာ ၎င်း၏ အမျိုးသားကိုပါ ရိုက်နှိက်ခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။“မနေ့ ည ၁၀ နာရီလောက်ရှိပြီ အိမ်ထဲဝင်တယ်။ အိမ် ထဲက ကိုယ်ဝန်သည်တစ်ဦး မဖွယ်မရာတွေလုပ်ပြီး သူ့ယောကျာ်းကို အိမ်ပြင်ခေါ်ထုတ်တယ်။ အဲ့လိုလုပ်ပြီး နောက်ထပ် တစ်အိမ် သွားပြီးတော့ အိပ်နေတဲ့ လင်မယားနှစ်ယောက်ကို တံခါးဖွင့် ခိုင်းတယ်။ သူ့ယောင်္ကျားဖြစ်သူကို သေနတ်နဲ့ချိန်ပြီး သူ့မိန်းမကို မုဒိမ်းကျင့်ခဲ့တယ်။ သူ့ယောကျာ်းက သေနတ်လုတော့ ရိုက်နှိပ်တယ်” ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

မုဒိမ်းမှု ကျုးလွန်ခံရသည့် အမျိုးသမီးတစ်ဦးသည် အသက် ၃၀ နှစ်ကျော်အရွယ် ကလေး ၂ ဦးရှိသည့် မိခင်တစ်ဦးနှင့် နောက်တစ်ဦးသည် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရသည်။ ထိုအမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့ပြီးနောက် သတင်းပေါက်ကြားပါက သေနတ်ဖြင့်ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရသည်။ အမျိုးသမီးများအပေါ် စစ်ကောင်စီတပ်သားများမှ မုဒိမ်းမှု ကျူးလွန်ခြင်းနှင့် ပတ်သက်၍ ကျုးလွန်သူ တပ်သားများကို စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းမှ ထိရောက်စွာ အရေးယူရန် နှင့် လက်ရှိ ဖြစ်ပျက်နေသည့် ပဋိပက္ခများကြောင့် အမျိုးသမီးများ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြောင်း အမျိုးသမီးအဖွဲ့အစည်းမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။“အခုဖြစ်နေတဲ့ ခေတ်အခြေအနေအရတော့ ဘယ်သူမှ စကားမဟရဲတဲ့ အခြေအနေဖြစ်နေတယ်။ လွန်ခဲ့တဲ့ ၁ နှစ်မတိုင်ခင် တုန်းကတော့ အရေးယူပေးတာ၊ တရားစွဲပေးတာရှိတယ်။ စစ်ဖက်ကနေ သူတို့လူကို သူတို့ တရားစွဲတာရှိတယ်။ အခု ဖြစ်ပျက်နေတဲ့ အထိအတွေ့ တွေကြောင့် အမျိုးသမီးထုကြီးက စိတ်ဒဏ်ရာတွေ ရနေကြပြီ။ ကိုယ်ဆိုလည်း ဘယ်ကိုမှ မသွားရဲ၊ မဆိုရဲ၊ မပြောရဲ ဖြစ်နေတဲ့ အခြေနေ ဖြစ်ကုန်ပြီ “ ဟု ၎င်း ပြော သည်။ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ်ဖတ်ကာမှ ဒေသခံ အမျိုးသမီး ၁ ဦး၊ လူငယ် (၁) ဦး သေဆုံးခဲ့သလို နမ့်အွမ်ကျေးရွာအုပ်စု ဆိုင်းခေါင် (ဝ်) မှ အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့ပြီး ကွက်ခိုင်မြို့ နယ် မန်နောင်ကျေးရွာမှ အရပ်သား ၁ ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ https://burmese.shannews.org/archiv es/36032

၁၆။  နာဂဒေသ၊ နန်းယွန်းမြို့မှာ ဆန်တပြည် ၉၀၀၀ အထိ မြှင့်တတ်နေ
     July 31, 2023

နန်းယွန်း-ရှင်ဗွေယန်လမ်းပိုင်း မြေပြိုကျမှုနဲ့ လမ်းပြတ်ကျမှုကြောင့် ယခုအချိနိအထိ ဒေသခံပြည်သူများ သွားလာရေး ခက်ခဲနေတဲ့ အပြင် နန်းယွန်းမြို့တွင်းက ကုန်ဆိုင်တွေမှာ နေ့တိုင်းနီးပါး ကုန်စျေးနှုန်းတွေ မြင့်တတ်နေတယ် လို့ သိရပါတယ်။ ဆန် ၁ ပြည်ကို ၉၀၀၀ ကျပ်၊ ဆန် တစ်အိတ် ၁၇၀၀၀၀ ကျပ်အထိ မြင့်တက်နေတယ် လို့ ဒေသခံသတင်းရင်းမြစ်များမှ တဆင့် သိရပါတယ်။ နန်းယွန်းမြို့ပေါ်က မိသားစု တစုကလည်း လက်ရှိ သူတို့မိသားစုရဲ့ စားရေးသောက်ရေး အခက်အခဲ ဖြေရှင်းနေ ရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။ “ဆန်စျေးကအရမ်းတတ်နေတယ်။ ဒါပေမယ့် ထမင်းမစားလို့က နေလို့မှမရတာ။ အဲ့ကြောင့် ကျနော်တို့မိသားစုကတော့ တနပ်စားရဖို့အတွက် ထင်းရောင်းတယ်။ ပြီးတော့ တောထဲက ဝါးမျှစ်တွေ ငှက်ပျောဖူး တွေ ချဉ်ပေါင်ရွက်တွေ အာ့လို ဟင်းသီးဟင်းရွက်တွေကို စျေးထဲသွားရောင်းပြီး ရတဲ့ငွေနဲ့ ဆန်၁ ပြည် ဖြစ်ဖြစ် ရနိုင်သလောက် လေး ဝယ်ပြီးစားနေရတယ်။ အခု တလလောက်ဘဲ နေရတော့မယ်။ တောင်ယာစပါးလည်း ရတော့မယ်ဆိုတော့ မျော်လင့်ချက် လေးနဲ့ နေပြီး စားသောက်နေရပါတယ်။” လို့ ပြောပါတယ်။

ဇူလိုင်လ အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း၊ တောင်ကျချောင်းရေစီးအားကြီးခြင်းတို့ကြောင့် ဖြစ်ပွါးခဲ့တဲ့ နန်းယွန်း-ရှင်ဗွေယန်လမ်းပိုင်း မြေပြိုကျမှုနဲ့ လမ်းပြတ်ကျမှုဟာ ဒေသခံတွေအတွက် သွားလာရေး အဟန့်အတားဖြစ်စေခဲ့တဲ့ အပြင် ကုန်စည်သယ်ယူပို့ဆောင်ရေး ပိုမို ခက်ခဲကြန့်ကြာ စေတာကြောင့် ကုန်စျေးနှုန်း အဆမတန် မြှင့်တက်လာရတာ ဖြစ်ပါ တယ်။ ပြန်လည် ပြုပြင်ရေး အစောတလျင် လုပ်ဆောင်ရန် လိုအပ်နေပေမယ့် ယနေ့အချိန်အထိတော့ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ရန် ပျက်ကွက်နေဆဲ ဖြစ်ပါတယ်။ https://www.facebook.com/photo?fbid=21727 4107975204&set=a.11771 0467931569

၁၇။  မြောက်ဦးဆရာတော်ကြီး၏ဘွဲ့အမည်ကို အသုံးပြု၍ အကောင့်အတုများဖြင့် ငွေလိမ်လည်မှုများပေါ်ပေါက်နေ
      July 31, 2023

ရခိုင်ပြည်နယ်မှ မြောက်ဦးဆရာတော်ဟုလူသိများထင်ရှားသည့် ဆရာတော်ကြီး အရှင်ဝါယာမိန္ဒ၏ ဘွဲ့အမည်ကိုအသုံး ပြုကာ အကောင့်အတုများဖြင့် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်နေ၍ တကာ၊ တကာမ များ အနေဖြင့် အထူးသတိထားကြရန် ဆရာတော်ကြီးက အသိပေးလိုက်သည်ဟု သိရသည်။ ဆရာတော်ကြီး အရှင်ဝါယာမိန္ဒ၏ ဘွဲ့အမည်ကိုအသုံးပြုကာ Viber မှတဆင့် ဆရာတော်ကြီး၏ တပည့်တကာ၊ တကာမအချို့ထံ အလှူငွေများ တောင်းခံနေသည် များကို ဆရာတော်ကြီး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇူလိုင်လ ၃၁ ရက်၊ နံနက်က ထုတ်ပြန်အသိပေးလိုက်ခြင်းဖြစ်သည်။ “ဆရာတော်ကြီး၏ အားလုံးသော တပည့် ဒကာ၊ ဒကာမများအား အသိပေးအပ်ပါတယ်။ Viber မှာ မြောက်ဦးဆရာတော် အကောင့်တုတွေနှင့် အလှူခံနေကြလို့၊ အောက်ဖေါ်ပြပါ အကောင့်တွေက အတုတွေပါလို့ သတိပေးပါတယ်”ဟု ရေးသားထုတ် ပြန်ထားသည်။ အကောင့်တစ်ခုဖြင့် လိမ်လည်ရာတွင် “ဒကာမကြီး ဘုန်းဘုန်းပို့ခိုင်းထားစရာရှိတယ်။ ဘုန်းဘုန်းတပည့် ဦးဇင်းလေးသို့ Wavemoney အကောင့်ပို့ပေးထားပါမယ်။ 5 သိန်းထည့်ပေးလိုက်ပါ ဦးဇင်းလေးအကောင့်ကို။ 09650052690  ကျောင်းသားလေးနာမည်က အောင်ကျော်ဇင်” ဟု ရေးသားထားသည်။

 “မြောက်ဦးဆရာတော်ကြီးအနေနဲ့လည်း အဲလို Viber တို့၊ မတ်ဆင်ဂျာတို့က အဲလိုနေရာတွေမှာ တစ်ခါမှ အလှူမခံ ဘူး။ အလှူခံတာနဲ့ လှူတဲ့သူ ကိစ္စနှစ်ခုရှိတာမှာ လှူဒါန်းတဲ့သူတွေ ဆက်သွယ်ရင်တောင်မှ ဆရာတော်က ပြန်မပြောဘူး။ သေချာကတော့ ဆရာတော် မည်သည့်အခါမျှ ပြန်မပြောဘူး။ ကျနော်တို့လို တကာရင်းတွေကိုတောင်မှ တစ်ခါတလေ တစ်ရက် နှစ်ရက်ကြာပြီးမှ အကြောင်းပြန်တာမျိုးတွေရှိပါတယ်။ ဆရာတော်က သူ့လုပ်ငန်းစဉ်တွေကိုပဲ တစိုက်မတ်မတ် လုပ်နေတော့ အချိန်ကလည်း အဲလို အများကြီးမပေးနိုင်ဘူး။ အဲလို တစ်ယောက်ချင်းလည်း စာပြန်လေ့မရှိဘူး။ အလှူရှင်တွေကိုပြောတာပေါ့ နော်။ ကိုယ့်တကာရင်းတွေလောက်ပဲ ဆရာတော်က ပြန်ပြောတာရှိပါတယ်။ အခုလို အလှူရှင်တွေနဲ့ တစ်ခါမှ မပြောဘူး”ဟု ပြောသည်။ ဆရာတော်ကြီး၏ဘွဲ့အမည်ကို အသုံးပြုပြီး ယခင်ကလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ယခုကဲ့သို့ မမှန်မကန် အကောင့်တုများဖြင့် အလှူခံခြင်းမျိုးရှိခဲ့ဖူးသည်ဟုလည်း ဆက်ပြောသည်။ ဆရာတော်ကြီး၏ တပည့်တကာရင်းတစ်ဦးဖြစ်သူ ဦးတင်ငြိမ်းဦးက “ဒီလိုဟာမျိုးက အထူးသဖြင့် အလှူအတန်းကိစ္စတွေ အများကြီးတင်ထားတဲ့ Page တွေကို သက်သက် ကြည့် ပြီးမှ သူတို့ ဒီဟာတွေကို အသုံးချပြီးတော့ ဒီလိုမျိုး လိမ်လည်တာတွေ ကျနော်တို့ကြားဖူးပါတယ်အများကြီး။ ဒီငွေကြေးလိမ် လည်တယ်ဆိုတာက ကျနော်သိရသလောက်က သီလ၊ သမာဓိ၊ ပညာ၊ အထူးသဖြင့် ဒီ သီလပိုရှိတဲ့ ပုဂ္ဂိုလ်ကိုလိမ်ရင် ပိုပြီးတော့ အပြစ်ကြီးတယ်ဆိုတာကိုတော့ ကျနော်က မှတ်သားဖူးပါတယ်”ဟု ပြောသည်။ https://www.facebook.com/photo/?fbid =679544037546 062&set=pcb.679547327545733

၁၈။  ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်က စစ်ကောင်စီစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့
      July 31, 2023

မွန်-တနင်္သာရီ မှတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကရင်ပြည်နယ် ဘုရားသုံးဆူမြို့အခြေစိုက် ထိုင်း-မြန်မာ နယ်စပ်မျဉ်ပေါ်က မူဂျာ ထိပ်စခန်းကို ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှာ SF-Z လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါ တယ်။ စစ်ကောင်စီ မူဂျာထိပ်စခန်းကို မွန်ပြည်တော်လှန်ရေးတပ်-MSRF ၊ Ye Air Force – YAF ၊ ထားဝယ်ခရိုင် အမှတ် (၂)တပ်ရင်း ၊ ကံဘောက် ပြည်သူ့ကာကွယ်ရေးတပ် -KB PDF ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ -TPLF ၊ ဒေါနစစ်ကြောင်းနှင့် ABSDF တပ်ရင်း(၁)တို့မှ ပူးပေါင်းပြီး ဗုံး(၆) လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။  အဆိုပါစစ်ဆင်ရေးမှာ ပူးပေါင်းတပ်တို့မှ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ စစ်ကောင်စီထိခိုက်သေဆုံးမှုများကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

အဆိုပါစစ်ဆင်ရေးကို ပူးပေါင်းတပ်တို့က မိုးကြိုးစစ်ဆင်ရေးဟု အမည်ပေးထားပြီး တောင်ပိုင်းစစ်ဒေသခွဲ- (၃) မဟာဗျူဟာလုပ်ငန်းစဉ် စစ်ရေးရည်မှန်းချက်အားဖော်ဆောင်တာဖြစ်ကြောင်း  မွန်-တနင်္သာရီ ပူးပေါင်းတပ်တို့ကဆိုပါတယ်။  ပူးပေါင်းတပ်တို့ဟာ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် စစ်ကောင်စီတပ်တွေကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် မိဘပြည်သူများရဲ့ ငွေအား၊လူအား အကူအညီတွေ လိုအပ်နေကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး ကဆိုပါတယ်။ မွန်-တနင်္သာရီပူးပေါင်းတပ်တို့ဟာ ဇူလိုင်လ ၁၄ ရက်နေ့တုန်းကလည်း ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီ စစ်ဆင်ကွပ်ကဲရေးဌာနချုပ် – စကခ ၁၉ အပါအဝင် ခလရ- ၆၁ နှင့် အမတ- ၃၁၆ တို့ကိုလည်း မောင်းသူ မဲ့လေယာဉ်အသုံးပြုပြီး တပြိုင်တည်း ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=634692618765892&set=pcb.6346926 92099218

၁၉။ ရှမ်းပြည်နယ်၊ ရွာငံမြိုနယ် ပဲရင်းတောင်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး လူငယ် ၂ ဦးကို ဖမ်းဆီး
     August 1, 2023

ရှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်ရှိ ပဲရင်းတောင်ကျေးရွာကို အကြမ်းဖက် စစ် တပ်နှင့် ပျူစောထီးများ ဇူလိုင် ၃၁ ရက် ည ပိုင်းတွင် ဝင်ရောက်၍ ပြည်သူ ၂ ဦး နှင့် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရ သည်။ “ မနေ့ညက ရှမ်းပြည်တောင်‌ပိုင်း ရွာငံမြို့နယ် ပဲရင်းတောင် ကျေးရွာ နေအိမ် မီးရှို့ဖျက်ဆီးတာ တွေကို စစ်ကောင်စီနဲ့ ပျူစောထီး တွေက လာရောက် လုပ်သွားပါတယ်။လူငယ် ၂ ယောက်လည်း ဖမ်းသွားပါသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက  ပြောကြား သည်။  အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ကား ၃ စီး ၊ ဆိုင်ကယ် ၁ စီးနှင့် ရုတ်တရက် ရောက်လာသည့်အတွက် ပြည်သူများ ထွက်ပြေးချိန် မရှိဘဲ ပြည်သူများကို လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူများမှာ ကိုရဲလင်းထွန်းနှင့် ကိုသန်းစိုးတို့ ၂ ဦးဖြစ်ပြီး ၎င်းတို့၏ အိမ်တံခါးများကို ကန်ဖွင့်၍ ဝင်ဆွဲသွားခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများမှာ တောင်ယာ သီးနှံလုပ်ကိုင်နေသူများ ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။ “ရိုက်နှက်လား ဘာလားတော့ သေချာ မသိဘူး။ တံခါးတွေ ကန်ဖွင့်ပြီး ဝင်ဆွဲ သွားကြတာဗျ။ သူတို့ ဝရမ်းထဲ ပါတဲ့ လူတွေဆိုတော့ တန်းဆွဲတာပဲဗျ။ ရွာမှာ တောင်ယာ သီးနှံတွေပဲ လုပ်ကြတာပဲ။ ယောက်ျားလူငယ်ပိုင်းတွေကတော့ ရှောင်တိမ်းနေရတာ ကြာပါ ပြီ ဖမ်းခံရတဲ့ လူလည်း မနည်းတော့ပါဘူး။ ငြိမ် သွားလို့ ပြန်နေလိုက်ရင် အဲဒီလို ခဏခဏ လာလာတယ်ဗျ”  ဟု ဒေသခံ ပြည်သူ က ပြောပြသည်။ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် နေအိမ်များကို မီးရှို့၍ ပြည်သူ ၂ ဦးကို ဖမ်းဆီးပြီးနောက် ညတွင်း ချင်းပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။ https://www.facebook.com/photo/?fbid=640955554798721&set=a.5 68142278746716

၂၀။  ဇူလိုင်လ အတွင်း ပြည်သူ ၉ ဦးသေဆုံးပြီး ၁၆ ဦးအထက် ထိခိုက်ဒဏ်ရာရရှိ
     July 31, 2023

ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ ဇူလိုင်လ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ တစ်လအတွင်း ပြည်သူ (၉) ဦးအထိ သေဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၁၆) ဦးအထက် ရှိနေပါတယ်။ ထိခိုက်သေဆုံးမှုတွေရဲ့ အကြောင်းရင်းတွေကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာတွေ၊ ရိက္ခာပြန်ယူရင်း စစ်ကောင်စီတပ်သားတွေ ရဲ့ ပစ်ခတ်ခံရမှုတွေ၊ စစ်ကြောင်းထိုးရင်း လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေ ဖြစ်ပါ တယ်။ သေဆုံးသူ (၉)ဦးထဲမှာ အသက် (၁၈)နှစ်အောက် ကလေးငယ် သုံးဦး ၊ သက်ကြီးပိုင်း အမျိုးသား (၂)ဦး နဲ့ အမျိုးသမီး(၃)ဦး တို့ ဖြစ်ပါတယ်။ သေဆုံးသူ ကလေးငယ်သုံးဦးထဲ တစ်ဦးကတော့ ဘောလခဲမြို့ပေါ်ကဖြစ်ပြီး အချိန်မီ ဆေးဝါးကုသခွင့်မရတာ ကြောင့် အသက်ဆုံးရှုံးလိုက်ရပါတယ်။

ထိခိုက်ဒဏ်ရာရသူကတော့ အနည်းဆုံး(၁၆)ဦးထိ ရှိတယ်လို့ သိရှိရပေမယ့် ဒီထက်ပိုပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ များ နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာတော့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အများစုဖြစ် တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၊ (၁၈)နှစ်အောက် ကလေးငယ် (၄)ဦး လည်းပါဝင်နေ တာဖြစ်ပါတယ်။ တိုးတက်သော ကရင်နီပြည်သူအင်အားစု (PKPF) ရဲ့ ဇူလိုင်လ(၁)ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာ သိမ်းကာလ အတွင်း စစ်ရှောင်အပါအဝင် ပြည်သူ ၅၀၀ အထိ သေဆုံးမှုတွေရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့အထိ အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံးမှာ သေဆုံးခဲ့ရတဲ့ ပြည်သူ (၃၈၅၀) ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားတာရှိပါတယ်။ https://www.kantaraw addytimes.org/%e1%80%87%e1%80%b0%e1%80%9c %e1%80%ad%e1%80%af%e1%80

၂၁။  နန်းယွန်းမြို့နယ်မှာ ဝန်ထမ်းလစ်လပ်နေရာအစားထိုးအတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ အများ          အပြားရှိ
     July 31, 2023

နာဂဒေသ၊ နန်းယွန်း မြို့နယ် ပညာရေးမူးရုံးအပါအဝင် အ.ထ.က ကျောင်းနဲ့ အ.ထ.က ကျောင်းခွဲများမှာ လစ်လပ် လျှက်ရှိတဲ့ စာရေး – ၁၊ ငွေကိုင်၊ ရုံးအကူ၊ သန့်ရှင်းရေး၊ ညစောင့် စတဲ့နေရာများအတွက် ဝန်ထမ်းသစ်များခေါ်ယူနေပါတယ်။ လျှောက်ထားလိုသူများအနေနဲ့ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမှာဖြစ်ပြီး အလုပ်လျှောက်ထားသူဦးရေ စုစုပေါင်း ၁၉၄ ယောက်ထဲမှ ဖြေဆိုခွင့်ရသူ ၁၄၃ ဦးရှိတယ်လို့ မြို့နယ်ပညာရေးမူးရုံးမှာ ဝန်ထမ်းတစ်ဦးက အခုလိုပြောပါတယ်။“တချို့ကအသက် ၃၀ ​ကျော် နေတာ၊ တချို့က လေဘာကဒ်မရှိ၊ တချို့ကအသက်မပြည့်တာ အဲလိုပယ်လိုက်တယ်”လို့ ပြောပါတယ်။ အလုပ်လာ လျှောက်ကြ တဲ့ သူတွေထဲက တစ်ဦးကလည်း အခုလို ပြောပြထားပါတယ်။ “လစ်လပ်နေရာ ၄၀ ကျော်အတွက် ခန့်ဖို့ရှိတယ်ကြားလို့ လာ လျှောက်ကြတာ။ ၈ တန်းအောင်ကနေ ဆယ်တန်းကျ အထိက ညစောင့်နဲ့ သန့်ရှင်းရေးအတွက် ခန့်မယ်လို့ သိပြီး တော့ ဆယ်တန်းအောင်ကိုတော့ ရုံးအကူရာထူး၊ ဘွဲ့ရကိုတော့ စာရေး-၁ နဲ့ ငွေကိုင် ခန့်မယ်လို့ အလုပ်ခေါ်လာလို့ လာလျှောက်တာပါ။ စားမေးပွဲကတော့စာတွေ့က အဂ်လိပ်နဲ့အထွေထွေဗဟုသုတ ဖြေရမယ်ပြောတယ်။ လူတွေ့စစ်ဆေးမေးမြန်းမှုလည်းရှိတယ်။ ဖြေနိုင်တဲ့သူ အလုပ်ခန့်ပေးမယ်၊ permanent တခါတည်းရမယ် ပြောလို့လာလျှောက်တယ်။” လို့ ပြောပါတယ်။

အလုပ်လျှောက်ဖို့အတွက် လိုအပ်တဲ့ အလုပ်သမားကဒ်ကို မြို့နယ်ပညာရေးမူးရုံးက တာဝန်ခံ လုပ်ပေးမယ်ဆိုပြီး ကဒ် တကဒ်ကို ၃၀၀၀၀ ကျပ် နှုန်းကို ဒု- ဦးစီးရာထူးရှိသူက ကောက်ခံနေတယ်လို့ ပြောပါတယ်။ အဲဒီ အလုပ်ဝင်ခွင့်စာမေးပွဲ အတွက် မေးခွန်းပုံစံကိုလည်း တစုံကို ၁၀၀၀၀ ကျပ်နှုန်းနဲ့ ပညာရေးမှူးရုံးမှာ ရောင်းချပေးနေတယ် လို့လည်း အလုပ်လာလျှောက်သူတွေ နဲ့ နီးစပ်သူတွေက အခုလို ပြောပါတယ်။ “ကျွန်တော်တို့ဒေသမှာ အလုပ်သမားရုံးမရှိတော့ မုံရွာ နဲ့ ဟုမ္မလင်းတို့မှာ လုပ်ရတယ်။ ကျွန်တော်လည်းအလုပ်သမားရုံးမှာ လေဘာကဒ်ကို ကိုယ်တိုင်သွားထုတ်ခဲ့ဖူးပါတယ်။ အဲ့တုန်းက မတောင်းဘူး။ အခုကတောင်း တာအရမ်းလွန်တယ်။”လို့ ပြောပါတယ်။ အလုပ်အကိုင်ရှားပါးနေချိန်မှာ အခွင့်အလမ်းသဖွယ် ဖန်တီးပြီး အခုလို လုပ်ဆောင်နေ တာကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားလည်ပတ်နေသယောင်ဖြစ်အောင် ကြိုးစားအားထုတ်မှု သက်သက်သာဖြစ် တယ်လို့ နာဂဒေသက တော်လှန်လူငယ် တစ်ဦးကလည်း ပြောဆိုထားပါတယ်။  စစ်တပ်အာဏာသိမ်းမှုကို အကြမ်းမဖက်တဲ့ နည်းနဲ့ အာဏာဖီဆန်ခဲ့ကြတဲ့ နာဂဒေသက ပြည်သူ့ဝန်ထမ်းများထဲမှာ အများစုဟာ ပညာရေးဌာနနဲ့ ကျန်းမာရေးဌာနက ဖြစ်ကြ ပါတယ်။ အဲဒီထဲမှာ မြန်မာပြည်ရဲ့ အခြားသောတိုင်းနဲ့ ပြည်နယ်များကနေ လာရောက်တာဝန်ထမ်းဆောင်ကြတဲ့ ပြည်သူ့ ဝန်ထမ်းများပါဝင်သလို ဒေသခံနာဂတိုင်ရင်းသားများလည်းပါဝင်ပါတယ်။ https://www.facebook.com/photo?fbid=217276124641669&set=a.11 7710467931569

၂၂။  စစ်ဘေးရှောင်နေရသူများ အိမ်ငှားခဈေးကြီးလာ၍ နေစရာရှားပါးမှု အခက်အခဲများ ကြုံတွေ့နေ
      July 31, 2023

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ ညောင်လေးပင်နှင့်တောင်ငူခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှုများကြောင့် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ဘေးလွတ်ရာ နေရာများသို့ ရှောင်တိမ်းနေထိုင်ရသူများ အိမ်ငှား ရမ်းခဈေးနှုန်းကြီး၍ နေစရာ ရှားပါးမှုများတွေ့ကြုံနေရကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှသိရသည်။ အာဏာသိမ်းစစ်ကောင်စီနှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်စဉ်ကြောင့် သံတောင်ကြီးမြို့နယ်နှင့် ကျောက်ကြီး၊ ရွှေကျင်မြို့နယ်များရှိ ဒေသခံများသည် လတ်တလော ဘေးကင်းရာနေရာဖြစ်သည့် တောင်ငူမြို့အပိုင် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းသို့ ထွက်ပြေးတိမ်း ရှောင်ကြရာ တွင် လူနေထူထပ်ပြီး နေစရာအိမ် ရှားပါးခြင်း၊ အိမ်ငှားခဈေးနှုန်းများ ကြီးမြင့်ခြင်းတို့ တွေ့ကြုံနေရသည်ဟု စစ်ရှောင်များကို အကူအညီပေးသည့် ဒေသခံတစ်ဦးက ပြောသည်။ ၎င်းက “စစ်ဖြစ်တော့ တော်တော်များများက တောင်ငူဘက်က အမျိုးအဆွေ တွေဆီပြန်နေကြတယ်။ အလ ကားပေးနေတဲ့အိမ်ဆိုတာလည်း အကုန်လူပြည့်ကုန်တော့ အချို့ကအိမ်တွေပြန်ငှားလာကြ တယ်။ နေစရာ မရှိလို့ငှားတဲ့သူများတော့ ဈေးကပါလိုက်တက်လာတာပေါ့၊ တချို့တန်းလျားလေးတွေဆို ဈေးက သောင်း ဂဏန်း ပဲဆိုပေမယ့် အိမ်ကြီးတွေကျတော့ ၂ သိန်း ၃ သိန်းဖြစ်လာတယ်” ဟု ပြောသည်။

တောင်ငူဘက်သို့ ရှောင်တိမ်းလာသော စစ်ဘေးရှောင်အများစုသည် ဘုရားရှိခိုးကျောင်းများနှင့် ဆွေမျိုးနီး စပ်သည့် နေရာများတွင် ခိုလှုံနေထိုင်ကြသလို လတ်တလောတွင် လူနေထူထပ်လာ၍ ငွေကြေး တတ်နိုင်သဖြင့် အိမ်ငှားနေလိုသည့် အချို့ သောစစ်ဘေးရှောင်များအတွက်လည်း နေစရာအိမ်ရှာ ဖွေရအခက် အခဲများရှိနေကြောင်း ထိုစစ်ရှောင်ကူညီရေး လုပ်ဆောင် သည့် ဒေသခံက ဆက်လက်ပြောဆိုသည်။ “အိမ်ငှားခတွေဈေးကြီးလို့ ဈေးနည်းနည်းသက်သာတဲ့ဟာ လိုက်ရှာတာရှာမတွေ့ တာနဲ့ လောလောဆယ် အမျိုးအိမ်မှာ ခဏကပ်နေရတယ်” ဟု ယာဒိုဘက်မှ စစ်ဘေးတိမ်းရှောင်လာသူတစ်ဦးကလည်း ပြော သည်။ ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေ၊ တောင်ငူခရိုင်အတွင်းရှိ သံတောင်ကြီးမြို့မြောက်ပိုင်း ယာဒိုကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ(၁၁)ရက်နေ့က နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား ပြီးနောက် စစ်ကောင်စီမှ လေကြောင်းသုံးတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သဖြင့် အဆောက် အဦး များစွာ ထိခိုက်ပျက်စီး၍ ဒေသခံပြည်သူ နှစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။ https://kicnews .org/2023/07/%e1%80%85%e1%80%85%e1%80%ba%e1%80%98%e1%80%b1%e1 

၂၃။ ရေဖြူမှာ လူသားဒိုင်းအဖြစ် အဖမ်းခံရသူအများစုပြန်လွတ်
     July 31, 2023

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုက လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတဲ့ ဒေသခံအများစု မနေ့ကညနေပိုင်းမှာ ပြန် လွတ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အခုလ ၂၇ ရက်နေ့ကစလို့ စစ်ကောင်စီ စစ်ကြောင်းထိုး သွားလာခဲ့တဲ့ ခေါင်​​​​​ပြန်ရွာ၊ ဒိုက်တကော်ရွာ၊ ခရင်းချောင်းရွာ၊ ထွက်ဝရွာနဲ့ ဘဝါရွာတွေ ဒေသခံ အမျိုသား၊ အမျိုးသမီး ၄၀ နီးပါး လောက်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့တာပါ။ ဖမ်းဆီးခေါ်ဆောင်ပြီး ၄ ရက်မြောက်အကြာ မနေ့က အများစုကို ပြန်လွှတ်ပေးလိုက်တာလို့သိရပါတယ်။ “မနေ့ကညနေပိုင်းမှာ မိသားစုတွေနဲ့ အဆက်အသွယ်ပြန်ရကြတာပါ။ သူတို့နဘုလယ် က ဘုန်းကြီးကျောင်းကို ရောက်နေကြောင်းဖုန်းဆက်လာတာ”လို့ပြန်လွတ်လာသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေ သူတို့ရွာတွေကို ပြန်ရောက်လာကြတယ်လို့ ဒေသခံတွေကဆို ပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ သူတို့ကိုဖမ်းဆီးသွားချိန်ရိုက်နှက်တာတွေမရှိပေမယ့် ယူနီဖောင်းတွေဝတ်ဆင်ခိုင်းတာနဲ့ လက်နက်သယ်ဆောင်ခိုင်းတာမျိုးကိုတော့ပြုလုပ်ခဲ့တယ်လို့ ပြန်လွတ်လာသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသခံတွေက ပြောပါတယ်။ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူတွေထဲက ခေါင်ပြန်ရွာက အမျိုးသား ၂ ဦးက​တော့လွတ်မြောက်လာတာ မရှိသေး ဘဲ စစ်ကောင်စီကဆက်လက်ဖမ်းဆီးထားတယ်လို့စိရပါတယ်။ ဒါ့အပြင် နဘုလယ်ဒေသ၊ လဲရှောင်ရွာကို ဝင်ရောက်ချိန်ကလည်း ဒေသခံ ၄ ဦးခန့်ကို ထပ်မံဖမ်းဆီးသွားတယ်လို့သိရပါတယ်။ မနေ့ကညနေပိုင်း ဖမ်းဆီးခေါ်ဆောင်လာသူ အများစုကိုလွှတ်ပေး ပြီးနောက်မှာတော့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ဟာ ရေနက်ဆိပ်ကမ်းမှာ အခြေစိုက်တဲ့ တပ်စခန်းကို သွားရောက် ခဲ့တယ်လို့သိရပြီး စစ်ကောင်စီတပ်သားတချို့ကလည်း သင်္ဘောနဲ့ထွက်ခွာသွားတယ်လို့သိရပါတယ်။ https://www.Facebook.com/photo?fbid=312202404530 849&set=a.196212679463156

၂၄။  တောင်ကုတ်တက္ကသိုလ်အနီး လူသတ်ပြီး ဖုန်းနှင့် ပိုက်ဆံယူသွား
      July 31, 2023

ရခိုင်ပြည်၊ တောင်ကုတ်တက္ကသိုလ်နှင့် ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်ကြားတွင် လူသတ်ကို ပြီး ဖုန်းနှင့် ပိုက်ဆံယူသွား ကြောင်း သေဆုံးသူ မိသားစုဝင်များနှင့် တောင်ကုတ်မြို့မ ရဲစခန်းထံမှ သိရသည်။  အသတ်ခံရသူမှာ တောင်ကုတ်မြို့ ကိုင်းရှည် ရပ်ကွက်ဒေသခံ အသက် ၄၅ နှစ်အရွယ် ဦးစံသိန်းအောင်ဖြစ်ပြီး ညအချိန်တွင် သူလုပ်ကိုင်နေသည့် မီးချောင်းထိုးကျေးရွာအနီး မွေးမြူရေးခြံသို့ သွားရောက်စဉ် လမ်းတွင် အသတ်ခံရခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှူးက ပြောသည်။ “ဟုတ်တယ် ဗျာ။ ကိုင်းရှည်ရပ်ကွက်က ကိုစံသိန်းအောင်ပါ။ သူက မီးချောင်းထိုးမှာ ဥစာကြက် မွေးမြူရေးခြံလုပ်တယ်။ သူသွားတဲ့အချိန်က လည်း သတ်မှတ်ချက်မရှိဘူး။ မနေ့က ညက သွားတော့ တောင်ကုတ်တက္ကသိုလ်ဂိတ် (၃) ရှေ့မှာ အသတ်ခံရတာပါ။ ည ၁၂ နာရီ လောက်ဖြစ်တယ်။ နို့အုံ၊ နောက်စေ့တွေမှာ ထိုးသွင်းဒဏ်ရာ ၄ ချက်နဲ့ သေနေတာကို တွေ့ရပါတယ်။ အခု ကျနော်တို့ တရားခံကို ရှာနေပါတယ် ” ဟု ပြောသည်။  ဦးစံသိန်းအောင် ကို မည်သူမည်ဝါ သတ်ဖြတ်သွားသည်ကို သိရှိနိုင်ရန် ၎င်းလုပ်ငန်းနှင့် ဆက်စပ် သူများ၊ ရန်ငြိုးရှိသူများအား ကွင်းဆက်ကို လိုက်လံစုံစမ်းစစ်ဆေးနေကြောင်း စခန်းမှူးက ဆက်လက် ပြောသည်။

ဦးစံသိန်းအောင်မှာ ညနက်နေသော်လည်း အိမ်ပြန်မရောက်သောကြောင့် မိန်းမဖြစ်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့ကို ခေါ်ယူပြီး ရှာဖွေစုံစမ်းရာ တောင်ကုတ်တက္ကသိုလ်အနီးတွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ “သူစီးနေတဲ့ ဆိုင်ကယ်၊ ပိုက်ဆံအနည်းငယ်နဲ့ ဖုန်းတွေ အလုခံရပါတယ်။ လူလည်း အသတ်ခံရပါတယ်။ အလောင်းဘေးမှာ ဖိနပ်နှစ်ဖက်တွေ့ပါတယ်။ အကြီးတစ်ဖက်၊ အငယ်တစ်ဖက်ပါ။ အဲဒီဖိနပ်တွေက ဦးစံသိန်းအောင် ဖိနပ်မဟုတ်ဘူးဗျာ။ ကြည့်ရတာက သတ်သွားသူ နှစ်ဦးဖြစ်နိုင်တယ်။ အခု ပြည်သူ့ဆေးရုံ ရင်ခွဲရုံမှာ ထားထား ပါတယ်။ သူ့မှာ ရန်ငြိုးရှိတယ်လို့ မကြားဖူးဘူး။ ဘာကြောင့် အသတ်ခံရတာလဲဆိုတာ ကျနော်တို့လည်းမသိဘူး။ ရဲစခန်းမှာ တော့ အမှုဖွင့်လှစ်ထားပါတယ်။ အခု တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်”ဟု ပြောသည်။ မြန်မာစစ်တပ်က အာဏာ သိမ်း‌ပြီးနောက်ပိုင်း ရခိုင်ပြည်အတွင်း မြို့နယ်အသီးသီးတွင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှုများ နေ့စဉ်ရက်ဆက်ဖြစ်ပွားလေ့ရှိပြီး အဆိုပါမြို့နယ်များထဲမှ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်များတွင် လူသတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိနေသည်။ ရခိုင်တွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့က လုပ်ဆောင်လျက်ရှိနေပြီး ခိုးမှုလုယက်မှု များမှာမူ ထိထိရောက်ကိုင်တွယ်မှု အားနည်လျက်ရှိပြီး ဖမ်းဆီးအရေးယူမှာလည်း နည်းပါးလာ၍ ယင်းကဲ့သို့ ကျူးလွန်လာသူ များပြားလာခြင်းဖြစ်သည်။ https://www.fac ebook.com/photo/?fbid=716545307151565&set=a.682731967199566

၂၅။  ဒီးမော့ဆိုမြို့နယ်အတွင်း တစ်နေရာမှာ ဒုတိယအကြိမ် ကယားစာပေ သင်တန်းဆင်းပွဲ ပြုလုပ်
      July 31, 2023

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း တစ်နေရာမှာ ကယားလီဖုမှ ဦးဆောင်ဖွင့်လှစ်တဲ့ ဒုတိယအကြိမ် ကယား စာပေ သင်တန်းဆင်းပွဲ၊ ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း နဲ့ ဆုပေးပွဲ အခမ်းအနားကို ဇူလိုင်လ (၂၉ )ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။ သင်တန်းဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်က ကယားစာပေကို ရုံးသုံးအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုအသုံးပြုနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ ကယားစာပေသင်တန်းတွေကို ဆက်လက်ပို့ချသွားမယ်လို့ ဦးဆောင်ဖွင့်လှစ်သူ ကယား လီဖု လူငယ်တစ်ဦးဖြစ်တဲ့ ခူးဦးရယ် က ပြောပါတယ်။ “ဒီလိုဖွင့်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က နောက်ပိုင်းကျရင် ရုံးသုံး ဘာသာစကားအနေနဲ့ အသုံးပြုသွားမယ်။ အဲလို ရည်ရွယ်ချက်ရှိတယ်။ တကယ်လို့ ဖက်ဒရယ် ရခဲ့ရင်လည်း ကျနော်တို့ ရုံးသုံး အနေနဲ့ သုံးမယ်။ပြီးရင် ပြောဆိုတဲ့ အခါတွေမှာလည်း အဓိကထား အသုံးပြုသွားမယ်။ ပစ္စည်းအသုံးအနှုန်းတွေကအစပေါ့နော်။ အဲလိုရည်ရွယ်ချက်နဲ့ ဖွင့်လှစ်တယ်။ အခုလိုဖွင့်တာလည်း တစ်ခါပဲ ဖွင့်မှာ မဟုတ်ဘူး။နောက်ပိုင်းကျရင် အခြေအနေပေါ် မူတည်ပြီး ဆက်လက်ဖွင့်သွားဖို့ ရှိမယ် “လို့ ဦးဆောင်ဖွင့်လှစ်သူ ကယားလီဖု လူငယ်တစ်ဦး ဖြစ်တဲ့ ခူးဦးရယ်က ပြောပါတယ်။

ဇူလိုင်လ (၉ ) ရက်နေ့မှာ စတင်ဖွင့်လှစ်တာ ဖြစ်ပြီး သင်တန်းကာလ သုံးပတ်ကြာ သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ သင်တန်းသူ၊ သင်တန်းသား(၂၉)ယောက်ကို သင်တန်းဆင်းလက်မှတ် ပေးအပ်နိုင်ခဲ့ပြီး သင်တန်းတက်ရောက်ကြတဲ့ သူအားလုံး ဟာ စစ်ဘေးရှောင်တွေ ဖြစ်တယ်လို့ သိရပါတယ်။ ကိုယ့်စာပေ ကိုယ့်ယဥ်ကျေးမှု မပပျောက်စေဖို့ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ကိုယ့်စာပေ ကိုယ့်ယဥ်ကျေးမှုကို ဝိုင်းဝန်းထိန်းသိမ်းပြီး ယခုထက်ပိုပြီး ပူးပေါင်းပါဝင်စေချင်တယ်လို့ ခူးဦးရယ်က ဆက်ပြောသွား ပါတယ်။ အခမ်းအနားမှာတော့ ကယားလီဖုဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကလေးငယ်များမှ အကများဖြင့် သီဆို ဖျော်ဖြေခြင်း နဲ့ သင်တန်းသူ သင်တန်းသား များကို သင်တန်းဆင်း လက်မှတ် ပေးအပ်ခြင်းများ ပြုလုပ်သွားခဲ့ပါတယ်။  https:// www.kantarawaddytimes.org/%e1%80 %92%e1%80%ae%e1%80%b8%e1%80%99%e1%80%b1%e1%80

၂၆။  ညောင်ရွှေမှာ‌ ဒေသခံတစ်ဦးကို ၅ သောင်းကျပ်တောင်းပြီး မှတ်ပုံတင်လုပ်ပေးနေ
      July 31, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ခေါင်တိုင်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက)က လူတစ်ဦးကို ငွေကျပ် ၅၀,၀၀၀ ယူပြီး နိုင်ငံသား စီစစ်ရေးကတ်ပြား (မှတ်ပုံ တင်) လုပ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခေါင်တိုင်ကျေးရွာ၊ မြောက်ဘုန်းကြီးကျောင်းမှာ ညောင်ရွှေမြို့နယ် လ.ဝ.က ရုံးဝန်ထမ်းတွေက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ နဲ့ ၂၇ ရက် ၂ ရက်တာထဲမှာ ပြုလုပ်ပေးခဲ့တာ ဖြစ်ပြီး ခေါင်တိုင်ကျေးရွာအပြင် နီးစပ်ရာ ကျေးရွာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ခေါင်တိုင်ကျေးရွာမှာ နေထိုင်သူ တစ်ဦးက “ပုံသေ ၅၀,၀၀၀ ကျပ်တော့ မဟုတ် ဘူး။ ပျောက်တာ ဘာညာ ဆိုရင်တော့ ၄၅,၀၀၀ ကျပ် ပေါ့နော်။ အများစုကတော့ ၅၀,၀၀၀ ကျပ် ပေါ့။ သူတို့ လာဘ်စားတယ်ဆို ပေမယ့် ဒီခေတ် ကုန်ဈေးနှုန်းနဲ့ ၅၀,၀၀၀ ကျပ် ဆိုတာလည်း ဘာမှသုံးလို့ မရပါဘူး။ ကျနော်တို့ ညောင်ရွှေ သွားလုပ်ရင်လည်း အဲလောက်ကုန်မှာပဲလေ” လို့ ပြောပါတယ်။

စစ်ကောင်စီ အစိုးရဟာ ညောင်ရွှေမြို့နယ်ထဲက ကျေးရွာတွေကို ပန်းခင်းစီမံချက်နဲ့ ကွင်းဆင်း မှတ်ပုံတင် ပြုလုပ်ပေး နေတာဖြစ်ပြီး မြို့နယ် ထွေအုပ်၊ လ.ဝ.က ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့တွေ ပါဝင် တယ်လို့ သိရပါတယ်။ ပန်းခင်းစီမံချက်ဟာ စစ်ကောင်စီလက်အောက်ခံ လ.ဝ.က ဝန်ကြီး ဦးခင်ရီက နိုင်ငံသား စီစစ်ရေးကတ် (မှတ်ပုံတင်) မရသေးတဲ့ လူတွေကို ပြုလုပ်ပေးတဲ့ ဝန်ဆောင်မှု ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုလို ပြုလုပ်ပေးတဲ့ ရက်မှာပဲ လ.ဝ.က ဝန်ထမ်းတွေဟာ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းတာကြောင့် စစ်အာဏာသိမ်းရတာလို့ ပြောဆိုခဲ့ပြီး လာမယ့် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မဲစာရင်းမှန်ကန်စေဖို့ ပြုလုပ်ပေးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကျေးရွာနေ ပြည်သူတွေဟာ မှတ်ပုံတင် ကိုယ်တိုင်လုပ်ဆောင်ပါက ညောင်ရွှေကို ကိုယ်တိုင် သွားရတဲ့အတွက် စရိတ်ကြီးခြင်း၊ အလုပ်ပျက် ခြင်း၊ တစ်ရက်ထက်မက အချိန်ပိုကုန်ခြင်း စတဲ့ အကြောင်းအရာတွေကြောင့် လ.ဝ.က အနေနဲ့ အခုလို ၅၀,၀၀၀ ကျပ် ကောက်ခံ တာဟာ ဈေးနှုန်း ပိုသက်သာတယ်လို့ ပြောဆိုနေကြပါတယ်။ https://www.facebook.com/photo?fbid=60997114131015 4&set=a.404503215190282

၂၇။  လယ်မစိုက်နိုင်တော့တဲ့ တနင်္သာရီက လယ်သမားအများစု စားဝတ်နေရေး အခက်အခဲရှိလာ
      July 31, 2023

စစ်အုပ်ချုပ်ရေး သတ်မှတ်ခံထားရတဲ့ တနင်္သာရီမြို့နယ်မှာ နယ်မြေမငြိမ်သက်မှုတွေကြောင့် လယ်အများစု မစိုက်နိုင် တော့လို့ စားဝတ်နေရေး ခက်ခဲတာတွေ ကြုံနေရတယ်လို့ ဒေသခံလယ်ပိုင်ရှင်တွေက ပြောပါတယ်။ မကြာခဏ တိုက်ပွဲတွေဖြစ် တတ်တဲ့ တနင်္သာရီမြို့နယ်ထဲက ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ အရှေ့မော်တုံးကျေးရွာအုပ်စု၊ အနောက်မော်တုံးကျေးရွာအုပ်စု၊ ပဝကျေးရွာအုပ်စု စတဲ့ကျေးရွာအုပ်စုတွေက ရွာတွေမှာ စစ်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းကနေ အခုနှစ်ထိ နယ်မြေ မအေးချမ်းတာတွေကြောင့် လယ်မလုပ်နိုင်တဲ့သူတွေ အများအပြားရှိနေတယ်လို့ ဆိုပါတယ်။  လယ်ပိုင်ရှင်အမျိုးသမီးတစ်ဦးက “ကျမတို့မှာလယ် ၁၂ ဧကရှိတယ်။ တစ်နှစ်ကို စပါးတင်းနှစ်ရာကျော် သုံးရာနီးပါးရတာဆိုတော့ တစ်ရာလောက်ထားပြီး တစ်ရာ ကျော်လောက်ကရောင်းပြီး ဆင်ပြေခဲ့တယ်ပေါ့။ အခုဆို တိုက်ပွဲတွေ ခဏခဏဖြစ် ခဏခဏပြေးလွှားနေရတော့ လယ်တွေ လည်း မလုပ်စားဖြစ်။”လို့ ပြောပါတယ်။ မိသားစု ၅ ယောက်ရှိတဲ့အိမ်ထောင်တစ်ခုအတွက် တစ်ရက်ကို အိမ်တစ်ဆောင်ရဲ့ ကုန်ကျစရိတ်ကလည်း အခုခေတ်ငွေတန်ဖိုးအရ ကျပ်တစ်သောင်းကျော်၊ နှစ်သောင်းက အနည်းဆုံးဖြစ်နေပြီး နေ့စားလိုက်လုပ် တာလည်း တစ်ရက် လုပ် တစ်ရက်စားဖို့တောင်မရဘူးလို့ အဆိုပါအမျိုးသမီးက ဆက်ပြောပါတယ်။

တနင်္သာရီမြို့နယ်မှာ အလုပ်လက်မဲ့ဖြစ်နေတဲဒေသခံတွေက ဥယျာဥ်ခြံတွေမှာ နေ့စားလိုက်လုပ်ကြတာများလာပြီး အမျိုးသမီးတစ်ယောက်ရဲ့ နေ့စားလုပ်အားခဟာ ခုနှစ်ထောင်၊ အမျိုးသားတစ်ယောက်ရဲ့ လုပ်အားခဟာ ကျပ်တစ်သောင်းရ တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီနှစ်ထဲမှာ ရာသီဥတုမမှန်တာကြောင့် လယ်မစိုက်ရတာ၊ စိုက်ပြီးသားလယ်တွေဆုံးရှုံးရတာ၊ တောင်ကျချောင်းရေတွေ ပြည့်လျှံနေတာကြောင့် စပါးစိုက်ပျိုးရာသီကုန်ခါနီးဖြစ်တဲ့ အခုလကုန်ချိန်ထိ စပါးမစိုက်ရတဲ့ လယ် တွေ ရှိနေပါသေးတယ်။ ရေကြီးပြီး စိုက်ပျိုးထားတဲ့စပါးတွေဆုံးရှုံးသွားရင် ပြန်အစားထိုးစိုက်တဲ့ စပါးခင်းက ပြာသို၊ တပို့တွဲလ လောက်မှ ရိတ်လို့ ရတယ်လို့ သိရပါတယ်။  ဒေသခံလယ်ရှင်အမျိုးသားတစ်ဦးက “မနှစ်က စစ်ကြောင့် နှစ်နေရာမှာ တစ်နေရာပဲ လုပ်ရတော့ စပါးထွက်နှုန်းနည်းသွားတယ်။ မိသားစု ၉ ယောက်ရှိတယ်ဆို‌တော့ ဆင်မပြေဘူးပေါ့။ ဆန်အိတ်ထပ်ဝယ်စားရ တယ်။ ဒီနှစ်တော့ရှိတဲ့လယ် အကုန်စိုက်ထားတယ်” လို့ ပြောပါတယ်။ လယ်မစိုက်နိုင်လို့ စားဝတ်နေရေး အခက်အခဲတွေကြုံ နေရတဲ့ တနင်္သာရီမြို့နယ်က လယ်ပိုင်ရှင်တွေဟာ ဒီနှစ်မှာ နယ်မြေမတည်ငြိမ်မှုတွေကြားကပဲ လယ်ပြန်စိုက်ဖို့ကြိုးစားလာကြ ပါတယ်။  https://www.facebook.com/photo/?fbid=312127061205050&set=a.196212682796489

၂၈။ ရှမ်း-ကရင်နီဆက်သွယ်ထားသည့်ကားလမ်းမကြီး ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း KNDF(B-02) ထုတ်ပြန်
     July 31, 2023

သွားလာခွင့်ယာယီပိတ်ပင်ထားသည့် ရှမ်း-ကရင်နီပြည် သွားကားလမ်းမကြီးကို ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ် KNDFတပ်ရင်းအမှတ်(၂)က ဇူလိုင် ၂၈ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားပါသည်။ ရှမ်း – ကရင်နီပြည်ကို ဆက်သွယ်ထားသည့် လွိုင်ကော်-ဆီဆိုင်လမ်းမကြီးနှင့် လွိုင်ကော် -မိုးဗြဲလမ်းမကြီးတစ်လျှောက် နှစ်ဖက် အကြား စစ်ရေးအခြေအနေ တင်းမာမှုများကြောင့် ဇူလိုင် ၁၈ ရက်မှ ၂၈ ရက်နေ့အထိ ယာယီသွားလာခြင်းမပြုရန် အသိပေး ထား ခြင်း ဖြစ်ပါသည်။ ယာယီသွားလာခွင့်ပိတ်ပင်ခဲ့ခြင်းသည် စစ်ရေးအခြေအနေတင်းမာမှုကြောင့် ပြည်သူများ၏ လုံခြုံရေးထိခိုက်မှု မရှိစေရန် ထုတ်ပြန်ရခြင်းဖြစ်ပြီး ဇူလိုင် ၂၈ ရက်နေ့မှစ၍ ပြည်သူများအနေဖြင့် ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ဖော်ပြထား သည်။ သွားလာခွင့်ပိတ်ပင်ထားစဥ်အတောအတွင်း စစ်ကောင်စီ၏ အကြောင်းမဲ့လေကြောင်းနှင့် လက်နက်ကြီး များပစ်ခတ်မှု ကြောင့် ဒေသခံပြည်သူများ၏နေအိမ်နှင့် အသက်ဆုံးရှုံးမှုများရှိခဲ့ပါသည်။ https://www.facebook.com/photo/?fbid=668334488663068&set=pcb. 668334538663063

၂၉။  ကော်ဘရာစစ်ဆင်ရေးအတွက်ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်း ယနေ့ကစ၍ တစ်လကြာပြုလုပ်မည်
      August 1, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၌တိုက်ပွဲဝင်နေသည့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်(KNLA) ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ကော်ဘရာ စစ်ကြောင်း၏ စစ်ဆင်ရေးအတွက် ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်းကို ယနေ့ (ဩဂုတ် ၁ရက်)မှ စတင်မည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။ စစ်ကြောင်း၏ လိုအပ်ချက်များ ဖြည့်တင်းနိုင် ရေးအတွက် ရန်ပုံငွေရှာဖွေရေး အစီအစဉ် Fundraising Campaignများ အခါအားလျှော်စွာပြုလုပ်ရန် စစ်ကြောင်းထောက်ပံ့ရေး ကဏ္ဍတစ်ခုအဖြစ် အသုံးပြုမည့်Cobra Column Fundraising Team (CCFRT) Facebook စာမျက်နှာအား ကော်ဘရာစစ် ကြောင်းက မိတ်ဆက်ရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။“CCFRT ရဲ့ ပထမဆုံး ခြေလှမ်းဖြစ်တဲ့ “လူထု အားလုံး ပါဝင်ပေး Cobra စစ်ဆင်ရေး Campaignကို အခုလာမယ့် ၈ လပိုင်း ၁ ရက်နေ့မှာ စတင်ပြုလုပ်သွားမှာဖြစ်လို့ မြွေဟောက်တွေ ရဲ့အစွမ်းပြဖို့ ပြည်သူများရဲ့အားနဲ့ ဝိုင်းဝန်းပံ့ပိုးကူညီကြပါဦးလို့ တိုက်တွန်းပါရစေ”ဟု ကော်ဘရာစစ်ကြောင်းကထုတ်ပြန်သည်။

လူထုအားလုံးပါဝင်ပေး Cobra စစ်ဆင်ရေး ကမ်ပိန်းကို ဩဂုတ် ၁ ရက်မှ စက်တင်ဘာ ၁ရက်အထိ တစ်လသတ်မှတ် ထားပြီး ပါဝင်ထောက်ပံ့ငွေ ကျပ်သိန်း ၅,၀၀၀ ရရှိရန် မျှော်မှန်းထားကြောင်း ဖော်ပြသည်။“ပြည်သူ့အတွက် အသက်ကိုရင်းပြီး ပြည်သူ့၊အောင်ပွဲတွေကို ဆက်တိုက်ရယူနေကြတဲ့ ရဲဘော်တွေအတွက် ခဲယမ်းဖြည့်တင်း၊ တပ်ဆင်နိုင်ရန် စီစဉ်ထားတဲ့ Campaign ဖြစ်တာမို့ ပြည်သူအားလုံး တတ်နိုင်သမျှ ဝိုင်းဝန်းပါဝင်ကြပါလို့ တိုက်တွန်းပါရစေ”ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် Cobra Column Page ကို like/follow ထားကြသလို Cobra Column Fundraising Team (CCFRT) page ကိုလည်း like/follow/share လုပ်ပေးကြဖို့ ပန်ကြားထားသည်။ https://www.facebook.com/photo/?fbid=624051826460280&set=a.5 59396186259178

၃၀။ ရွေးကောက်ပွဲကို နိုင်ငံတည်ငြိမ်မှ ကျင်းပမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြောပြန်
     August 1, 2023

ရွေးကောက်ပွဲကို နိုင်ငံတည်ငြိမ်ပြီး အေးချမ်းမှ ပြန်လည်ကျင်းပပြီး အရပ်သားအစိုးရကို အာဏာလွှဲပေးမယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်နေ့ မနက် နေပြည်တော်မှာကျင်းပတဲ့ ကာလုံအစည်း အဝေးမှာ ပြောပါတယ်။ နေပြည်တော်မှာကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်း အဝေး (၂/၂၀၂၃) ကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် အပါအဝင် စစ်ဗိုလ်ချုပ် ကြီးတွေ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “အခုချိန်က နိုင်ငံကမတည်ငြိမ်ဘူး၊ PDF ကလည်း တပ်မတော်ကို တိုက်နေတယ်။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံတည်ငြိမ်အောင် စောင့်ရမယ်။ ရွေးကောက်ပွဲ ကျင်းပရင် နှစ်မျိုးရှိတယ်။ တမျိုးက ကရင်၊ ကယား၊ ချင်း၊ တနင်္သာရီ၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးက မြို့နယ်တချို့ ချန်ပြီး ကျင်းပရမယ်။ နောက် တနည်းက တနိုင်ငံလုံး လွှမ်းခြုံပြီး ကျင်းပရမယ်။ လုံခြုံရေးတော့ ယူရမယ်။ အဲလိုလည်း မဖြစ်ချင်ဘူး။ အဲဒါကြောင့် တည်ငြိမ်မှ ကျင်းပမယ်လို့ ဆုံးဖြတ်ထားတယ်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာစသိမ်းတဲ့ အချိန်တုန်းကလည်း  ၁ နှစ်အတွင်း ရွေးကောက်ပွဲကျင်းပပြီး ပြည်သူထံ အာဏာလွှဲပေးမယ်လို့ ပြောခဲ့ဖူးပေမဲ့ အခုအချိန်ထိ အာဏာသိမ်းသက်တမ်းကို အကြောင်းအမျိုးမျိုးပြပြီး တရားမဝင် ထပ်တိုးနေတာ ဖြစ်ပါတယ်။ လတ်တလော နိုင်ငံအတွင်းရှိနေတဲ့ နိုင်ငံရေးပါတီတွေထဲမှာ ပါတီ ၅၀ က မှတ်ပုံတင်ထားပြီး ထပ်မံ လျှောက်ထားတဲ့ပါတီ ၁၃ ပါတီ ရှိတယ်လို့ ရှင်းပြပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကလည်း နိုင်ငံမတည်ငြိမ် သေးတဲ့အတွက် တပ်မတော်က အာဏာသိမ်းသက်တမ်းကို နောက်ထပ် ၆ လ ထပ်တိုးဖို့ ထောက်ခံ ဆွေးနွေးခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အလားအလာမရှိတာကြောင့် နိုင်ငံရေးထွက်ပေါက် ပိတ်နေချိန်မှာ သူတို့ အာဏာ ကို ဒီလိုနည်းနဲ့ပဲ ဆက်တိုးသွားဖို့ရှိတယ်လို့ ဝါရင့်ရခိုင်နိုင်ငံရေးသမားကြီး ဦးဖေသန်း က ဝေဖန်ပါတယ်။ အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အသက်ပြည့်လို့ ပင်စင်ယူရမယ့်အချိန် ရောက်နေပေမဲ့ တပ်မတော်ရဲ့ ဥပဒေကို ချိုးဖောက်ပြီး ရာထူး ဆက်ယူထားသလို ၂၀၀၈ ဖွဲ့စည်းပုံကို ဖောက်ဖျက်ပြီး ဥပဒေနဲ့မညီ အာဏာသိမ်းထားတာ ဖြစ်တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကလည်း ပြောထားပါတယ်။ https://burmese.dvb.no/post/607221

၃၁။  တီးမားကျေးရွာအသင်းတော်မှ ဖမ်းဆီးခံရသည့် လူငယ်၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး စစ်ယူနီဖောင်း        လဲဝတ်ပေးကာ မြေမြုပ်ထား
     August 1, 2023

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် တီးမားကျေးရွာ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ လူငယ် ၂ ဦးအား နှိပ်စက်သတ်ဖြတ်ပြီး မြေမြုပ်ထားသည့် အလောင်းကို ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့ ၌ ဒေသခံများက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ၎င်းဖမ်းဆီးခံရသည့် ကိုဘရန်အောင်နှင့် ကိုတူးဂျာတို့နှစ်ဦးသည် အားကစား ပစည်းများဝယ်ယူပြီး မူဆယ်မြို့မှ ကျေးရွာသို့ပြန်လာစဉ် ဇူလိုင်လ ၂၅ ရက်နေ့၌ တီးမားရွာသို့ပြန်လာရန် နမ့်အွန်ကျေးရွာမှ အထွက် သစ်တော်အနီးတွင် ၎င်းတို့နှစ်ဦးစီးနင်းမောင်းနှင်လာသည့် အသင်းတော်ကားနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်က အဆိုပါ လူငယ် ၂ ဦးကို သတ်ဖြတ်ပြီးနောက် TNLA စစ်ယူနီဖေါင်း လဲဝတ်ပေးကာ နမ့်အွန်ကျေးရွာ အနီး သစ်တောတစ်နေရာ၌ မြေမြုပ်ထားသည်ကို ဒေသခံများက ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။ ၎င်းလူငယ် ၂ ဦးဖမ်း ဆီးခံရသည့်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပစ်ခတ်ခဲ့၍ လက်နက်ထိမှန်သေဆုံးခဲ့သည့် နမ့်အွန်ကျေးရွာမှ ဦးအိုက်လော့ ၏ အလောင်းကိုလည်း စစ်ကောင်စီတပ်က လုယူသွားပြီး TNLA စစ်ယူနီဖေါင်း ဝတ်ပေးကာ တောထဲ၌ပစ်ထားခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့သည် မူဆယ်မြို့နယ် နမ့်အွန်ကျေးရွာအထက် ဆီဆိုင်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုကြောင့် နမ့်အွန်ကျေးရွာအတွင်းသို့ လက်နက်ကျရောက်ကာ ဦးအိုက်လော့နှင့် နောက် ထပ်ရွာသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ https://www.facebo ok.com/watch?v=264336679646132

၃၂။  မြိတ်မြို့၊ ခရိုနီလုပ်ငန်းရှင် ၆ ဦးကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေ
      July 31, 2023

တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ထိပ်တန်းအရာရှိသုံးဦးကို ဖမ်းဆီးစစ်ဆေးပြီးတဲ့နောက် မြိတ်မြို့ရှိ ခရိုနီလုပ်ငန်း ရှင် ၆ ဦးကိုလည်း စစ်ကောင်စီက ထပ်မံစစ်ဆေးနေတယ်လို့ သိရပါတယ်။ စစ်ဆေးခံနေရတဲ့ ခရိုနီလုပ်ငန်းရှင် ၆ ဦးထဲမှာ မြိတ်အများပိုင်မှ အကြီးအကဲ ဦးလှသန်း၊ အိုကေ ဆန်ရောင်းဝယ်ရေး ဦးမောင်ထွေး၊ ဦးမင်းသူရ၊ မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးသက်စိုး၊ ဦးဝင်းထိန်နဲ့ ဦးဖိုးစိန် (ဖိုးလမင်းကုမ္ပဏီ) တို့ ပါဝင်တယ်လို့ သိရပါတယ်။ ခရိုနီလုပ်ငန်းရှင်တွေဟာ စစ်ကောင်စီ ဖမ်းဆီးအရေးယူခဲ့တဲ့ လုံနယ်ဝန်ကြီးကို လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး ထားဝယ်မြို့မှာ တဦးချင်း သွားရောက် စစ်ဆေးခံ နေရတာလို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

“လုံနယ်ဝန်ကြီး မြိတ်လာတုန်းက ဦးဖိုးစိန် ဂိုဒေါင်ထဲမှာ ခဲသတ္တုဖမ်းမိတယ်။ ဦးဖိုးစိန်က အဖမ်းမခံရအောင် နယ်လုံ ဝန်ကြီးကို သိန်းသောင်းချီ လာဘ်ထိုးထားတယ်။ နောက်တခုက နေပြည်တော်ပြပွဲမှာ လုံနယ်ဝန်ကြီးက ဦးမောင်ထွေး ကို ဆန်စက်ပစ္စည်းဝယ်ခိုင်းတယ်။ လုံနယ်ဝန်ကြီးက အစိုးရကို ဆန်စက်ပစ္စည်းနဲ့ ပတ်သက်ပြီး ကျသင့်တဲ့ တန်ဖိုးထက် စာရင်းပို တင်ထားတာ။ ဒါတွေလည်း ဆက်စပ်မှုရှိနေတယ်။” အခု ဇူလိုင်လ နောက်ဆုံးပတ်မှာ စစ်ကောင်စီတပ်ရဲ့ ထိပ်တန်းအရာရှိ သုံးဦး ကို နေပြည်တော်က လာရောက်ဖမ်းဆီးခဲ့ပြီး ဒုတိုင်းမှူး ဗိုလ်ချုပ် သစ်လွင်ထူးဟာ ရာထူးကနေ ဖယ်ရှားခံရနိုင်သလို လုံနယ်ဝန် ကြီး ဗိုလ်မှူးကြီး သိန်းလင်းကတော့ ထောင်ကျနိုင်တဲ့ အခြေအနေ ရှိတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါ တယ်။ https://burmese.dvb.no/post/607153

၃၃။  KNU တပ်မဟာ (၁)တွင် ဇူလိုင်လအတွင်း CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား ၃ ဦးရှိ
      July 31, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ တပ်မဟာ ၁ နယ်မြေတွင် ယခုဇူလိုင်လ တစ်လအတွင်း CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား ၃ ဦး ရှိကြောင်း သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင် က ပြောသည်။ အဆိုပါ CDM ပြုလုပ်လာသူများမှာ စစ်ကောင်စီတပ်၏ အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် (စကခ-၈)၏ ရှေ့တန်း ဗျူဟာ ပိန္နဲတောစခန်းမှ တပ်သား ၃ ဦးဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး-KNLA တပ်ဖွဲ့ထံသို့ လက်နက် ၂ လက်နှင့်အတူ ဘက်ပြောင်းအလင်းဝင်လာခဲ့ခြင်းဖြစ်သည်ဟု ပဒိုစောအေးနိုင်က ယခုလို ပြောသည်။“အခုဇူလိုင်လအတွင်းမှာ တပ်မဟာ ၁ ထဲမှာ အလင်းဝင်လာတာ စကစ ၃ ယောက်ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ရာထူး အဆင့်တွေကိုတော့ သေချာစိစစ်နေ တုန်းပဲ။ သေနတ်ပါလာတာက ၂ ယောက်ရှိတယ်။ တစ်ယောက်ကတော့ သေချာစစ်ဆေးပြီး တိကျအောင်လုပ်နေတယ်။ ဝင်လာ တဲ့သူတွေက စကခ (၈) က လူတွေပေါ့နော်”ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ဘက်မှ လက်နက်နှင့်အတူ CDM ပြုလုပ်လာမှုသည် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ကရင်ပြည် နယ်၊ မွန်ပြည်နယ် ၊ ကယားပြည်နယ် စသည့်နေရာများတွင်သာ အများဆုံးဝင်ရောက်လာ လျက်ရှိသည်။ ယခုလို စစ်ကောင်စီ တပ်ဘက်မှ CDM ဝင်ရောက်လာခြင်းသည် တပ်အတွင်းအပြင်နှင့် အခြားသောနေရာများတွင် ဖိနှိပ်ချုပ်ချယ်မှုများနှင့် စိတ်ဓာတ် ပျက်ပြားမှုများကြောင့်ဖြစ်သည်ဟု ရေတပ်မှ CDM ပြုလုပ်လာသည့် တပ်သား ဇော်ရဲချစ်က သုံးသပ်ပြောဆိုသည်။ ၎င်းက “တစ်ချို့တွေကျတော့ သေချာမှုရှိသလို တစ်ချို့တွေ ကျတော့လည်း စရဖ ပုံစံမျိုးအခြေအနေတွေကို ဝင်ပြီးလေ့လာပြီးတော့ ထောက်လှမ်းရေးလုပ်တဲ့လူတွေလည်း ရှိတယ်။ အခုမှ အလင်းဝင်တာက သူတို့ စိတ်ဓာတ် ပိုင်းကျဆင်းနေလို့ ကျနော်ထင်တယ်။ သူတို့မှာက ပြည်သူတွေကလည်း အမြင်မကြည်ဘူး။ အခုဆိုရင် တပ်တွင်း ဖိနှိပ်ချုပ်ချယ်မှုတွေ အပြင်ထွက်ခွင့်မရ မိသားစုနဲ့ တွေ့ခွင့်ပိတ်ပင်တာမျိုးတွေလည်း လုပ်နေတော့ အစစ အရာရာစိတ်ဓာတ်ရော ပျက်ပြားပြီး အလင်းဝင်လာတာလို့ သုံးသပ်မိ တယ်”ဟု ပြောသည်။ https://kicnews.org/2023/07/knu-%e1%80%90%e1%80%95%e1%80%ba%e1%80%99%e1% 80%9f%e1%80%ac

၃၄။  အင်းလေးဒေသမှာ PNO ပြည်သူ့စစ်နဲ့ ပျူစောထီးတွေ ပြည်သူလူထုကို အနိုင်ကျင့် သောင်းကျန်းနေ
      July 31, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်‌ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်နဲ့ အင်းလေး ပျူစောထီးတွေ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အင်းလေး ဒေသခံများကို ဖမ်းဆီးကာ မတရား ငွေညှစ်တာတွေ ပြုလုပ်နေ တယ်လို့ Justice Movement for Community-InnLay (JMC-Innlay ) အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အင်းလေး ပျူစောထီးနဲ့ PNO ပြည်သူ့စစ်တွေက လမ်းပြပြီး စစ်ကောင်စီနဲ့အတူ ကျေးရွာတွေထဲကို စစ်ကြောင်းထိုး ဝင်လာကာ တွေ့သမျှ ဒေသခံတွေကို PDF နဲ့ CDM တွေကို ထောက်ပံ့သူတွေလို့ စွပ်စွဲပြီး မတရား ဖမ်းဆီး နှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့ ဇူလိုင်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲ့လို အဖမ်းခံရတဲ့သူတွေကို မတရားတဲ့ ပုဒ်မမျိုးစုံတပ်ပြီး နှစ်ရှည် ထောင်ချတာတွေအပြင် လူထုရဲ ပစ္စည်းတွေ ခိုးယူတာ၊ ဖုန်းတွေသိမ်းတာနဲ့ မတရားငွေညှစ်တာစတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို ပျူစောထီးနဲ့ PNO တွေက ကျူးလွန်နေတယ်လို့ ဆိုပါတယ်။“အဲ့ဒီ ပျူစောထီးနဲ့ PNO ပြည်သူ့စစ်တွေက စစ်ကောင်စီကို လမ်းပြပြီးခေါ်လာလို့ စစ်ကောင်စီတွေက အင်းထဲမှာသောင်းကျန်းနိုင်တာ။ သူတို့အဖွဲ့တွေကလည်း စစ်ကောင်စီ အားကိုးနဲ့ အင်းထဲမှာ လူပြန်ပေးဆွဲပြီး ငွေတွေ တောင်းစားနေတာ အခုထိပဲ။ လူတစ်ယောက်ကို သိန်းဆယ်ချီပြီး ပေးရတယ်” လို့ အင်းလေး ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် အင်းလေးဒေသခံ ပြည်သူလူထုဟာ အေးချမ်းလုံခြုံစွာ သွားလာလို့ မရတော့တာတွေ့ ရပြီး ဒေသခံ ၉၂ ရာခိုင်နှုန်းဟာ သူတို့နေထိုင်တဲ့ နေရာဒေသမှာ လုံခြုံမှု မရှိတော့ဘူးလို့ ပြောဆိုထားတယ်လို့ စစ်တမ်းမှာ ဖော်ပြ ပါတယ်။“အကြောင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် သွားလာရေးတိုင်းမှာ စစ်အာဏာရှင်များမှ မှတ်ပုံတင် စစ်ဆေးခြင်း၊ ဖုန်းများတွင် နိုင်ငံရေးနှင့်ပတ်သက်သည့်အကြောင်းအရာ ရှိမရှိသိချင်သောကြောင့် စစ်ဆေးကြည့်ခြင်းစသည့်အကြောင်းပြချက် မျိုးစုံတွေ့ကြုံနေရသောကြောင့် အထူးသဖြင့်ညအချိန်၌ အပြင်သွားခြင်းကို အတတ်နိုင်ဆုံးရှောင် ရှားနေကြရသည်”လို့အဲ့ဒီအစီ အရင်ခံစာမှာ ပြောဆိုထားပါတယ်။ “အရင်က သွားချင်တဲ့အချိန် သွားလို့ရတယ်။ အခုက ဘယ်သွားသွား ကြောက်နေရတယ်။ လုံခြုံမှု လုံးဝ မရှိတော့ဘူး” လို့ အင်းတိုင်းရင်းသား လူငယ်တစ်ဦးက ပြောပါတယ်။ အဲ့ဒီလို စစ်ကောင်စီရဲ့ သတင်းပေးအဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ အိမ်ထဲကို အတင်းအဓမ္မ ဝင်ရောက်ပြီး ကြမ်းတမ်းစွာပြောဆို စစ်ဆေးမှု၊ ရန်ပြုမှုနဲ့ ရိုက်နှက်မှု တွေကို မခံနိုင်တော့တဲ့ အင်းလေး ဒေသခံတွေဟာ မိမိတို့ နေအိမ်မှာ ညမအိပ်ရဲတော့လို့ မြို့ပေါ် ပြောင်းရွှေ့ရတာတွေ ဖြစ်နေ တယ်လို့  JMC-Innlay အဖွဲ့ကပြောပါတယ်။ အာဏာသိမ်းပြီးနောက် အင်းလေး ဒေသခံလူထုအပေါ် ထိခိုက်လာတဲ့ အကျိုးဆက် တွေကို သိရှိနိုင်ဖို့အတွက် JMC-Innlay အဖွဲ့ဟာ အင်းလေးဒေသ တခုလုံးကို လွှမ်းခြုံနိုင်မယ့် စစ်တမ်းမေးမြန်းကာ အစီရင်ခံစာကို ထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။ https://www. facebook.com/photo?fbid=313860314333753&set=pcb.313860644333720

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။