• Today is: Wednesday, May 15, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

လူမျိုးပေါင်းစုံသတင်း

(No. 66, August 18, 2023)

၁။ ဒီးမော့ဆို အမှတ် (၁၁၀၆) တပ်ရင်း ဒုတပ်ခွဲမှူး ကျဆုံး
    August 18, 2023

ကရင်နီပြည်နယ်၊ NUG အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဒီးမော့ဆို အမှတ် (၁၁၀၆) တပ်ရင်းရဲ့ ဒုတပ်ခွဲမှူးဟာ သြဂုတ်လ ၁၄ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတယ်လို့ ရဲဘော် တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်စဥ် ကျဆုံးခဲ့ရတဲ့ ဒုခွဲမှူးကို သူယုံကြည်ကိုးကွယ်ရာ ဘာသာတရားနဲ့ အညီ သြဂုတ်လ ၁၆ ရက်နေ့မှာ ဂူသွင်း သင်္ဂြိုဟ် ပေးခဲ့တယ်လို့ သိရပါတယ်။ “နောက်မှာနေရင်း ဘယ်နားက လာမှန်းမသိတဲ့ ဗုံးက သူတို့ဘေးနား ကျတယ်။ သူကျတော့ ကံဆိုး တော့  နှလုံးကိုထိပြီး နာရီပိုင်းအတွင်းမှာ ကျသွားတာပါ။ ကောင်းမွန်ရာ ဘုံဘဝကို ရောက်ပါစေ”လို့ အတူ တိုက်ပွဲ၀င်ခဲ့တဲ့ ရဲဘော် တစ်ဦးက ပြောပါတယ်။

တိုင်းပြည်အတွက် အသက်ပေး ကျဆုံးခဲ့ရတဲ့ ဒုတပ်ခွဲမှူး ရဲဘော်ကို အာဇာနည် သူရဲကောင်း အဖြစ် အသိအမှတ်ပြု အလေးနီ ပြုပါတယ်လို့ ပြောပါတယ်။ ဒီးမော့ဆို အမှတ် (၁၁၀၆) တပ်ရင်းဟာ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအနီးမှာ စစ်ကောင်စီတပ်ကိုတွန်းလှန် တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ https://www. facebook.com/p hoto/?fbid=322745516778566&set=pcb.322745733445211

၂။  ထန်တလန်မြိုနယ် သီလိမ်စစ်‌ဆင်ရေးမှာ စကစတပ်သား ၁၅ ဦး သေဆုံးပြီး CDF ရဲဘော် ၄ ဦး ကျဆုံး
    August 17, 2023

CDF-Thantlang၊ CDF-Zohpei နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းဆင်နွဲခဲ့တဲ့ ထန်တလန်မြို့နယ်အတွင်း သီလိမ်စစ်ဆင်ရေး (Tilim Operation) မှာ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးခဲ့ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်တွင် ၄ ဦး ကျဆုံးခဲ့ကြောင်း CDF-Thantlang က အသိပေးထုတ်ပြန်ပါတယ်။ သီလိမ်စစ်‌ဆင်ရေးကို ဇူလိုင်လတွင် စတင်ခဲပြီး ယင်း စစ်ဆင်းရေးအတွင်း ထန်တလန်မြို့နယ်ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ အော်တိုတောင် စခန်း၊ ဟောင်ကာဘုံးစခန်း (Haukabung) နဲ့ ထန်တလန်မြို့ထဲရှိ စစ်ကောင်စီတပ်ခြေကုတ်ယူထားသည့် TCB၊ TABC နေရာတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါ တယ်။  ဩဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင်ဖြစ်ပွားခဲ့တဲ့ ဟောင်ကာဘုံး တိုက်ပွဲတွင် အဆိုပါစခန်းကို ချင်းကာကွယ်‌ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီစစ်သား ၂ဦးကိုလည်း အရှင်ဖမ်းမိခဲ့ပါတယ်။

ရက်ပေါင်း ၃၇ ကြာမြင့်ပြီဖြစ်တဲ့ သီလိမ်စစ်ဆင်ရေးတွင် စစ်ကောင်စီဖက်က စစ်သား ၁၅ ဦး သေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ၊ ၂ဦး အရှင်ဖမ်းမိပြီး နောက်ထပ်စစ်ကောင်စီတပ်သားတစ်ဦး အလင်း၀င်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ် ၃ လက်နဲ့ RPG ၂ လက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ CDF-Thantlang ကဆိုပါတယ်။ ဟောင်ကာဘုံးစခန်းသိမ်းတိုက်ပွဲတွင် အထိနာသော စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်နဲ့ ချင်းပူးပေါင်းတပ်ကို တိုက်ခိုက်သည့်အပြင် တိုက်ပွဲနဲ့မဆိုင်တဲ့ ခွာဖို ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခွါဖိုရွာတွင် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် ၇လုံး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်မြို့နယ်တွင် တပ်အင်အား ဖြည့်တင်းနေတာကြောင့် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ပြီး မိဘပြည်သူများ အသွားအလာသတိထားကြရန် CDF-Thantlang က အသိပေးထုတ်ပြန် လိုက်ပါတယ်။ https://www.facebook.com/photo/?fbid=818241016975187&set=a.716654970467126

၃။   မိုးဗြဲမြို့ကို စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေ တစ်ခြမ်းစီ ထိန်းချုပ်ထားပြီး စစ်ရေးတင်းမာနေ
      August 17, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေ မြို့ တစ်ဖက်စီမှာ နေရာယူ တပ်စွဲထားပြီး စစ်ရေး တင်းမာနေဆဲ ဖြစ်တယ်လို့ မိုးဗြဲ PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ကစပြီး မိုးဗြဲမြို့ကို အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု တို့ ညောင်ဝိုင်းရပ်ကွက်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိဖြစ်ပါတယ်။ မိုးဗြဲမြို့ပေါ်မှာ ဇူလိုင်လလယ်က စပြီး တိုက်ပွဲကြီးတွေ မဖြစ်တော့ပေမဲ့ အပြန်အလှန် ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲ အသေးစားတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။“အခြေ အနေကတော့ ထူးခြားမှုသိပ်မရှိပါဘူး။ ကျွန်တော်တို့ ဘက်ကလည်း စစ်ဆင်ရေး အသေးလေးတွေ ဖော်ဆောင်ပြီး စစ်ကောင်စီ ကို တိုက်ခိုက်နေတာမျိုးတော့ ရှိပါတယ်” လို့ မိုးဗြဲ PDF နဲ့ နီးစပ်သူက ရှင်းပြပါတယ်။

အခုလို တိုက်ပွဲတွေ ငြိမ်သွားတာကြောင့် တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရပ်ကွက်တွေမှာ ပြည်သူတွေ ပြန်လည်နေထိုင်တာ ရှိသလို စစ်ကောင်စီဘက်ကလည်း ပြန်လည် နေထိုင်ခွင့် ပြုထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ ထိန်းချုပ် တပ်စွဲထားတဲ့ နယ်မြေတွေမှာ ကတုတ်ကျင်းတွေ အခိုင်အမာ တည်ဆောက်ဖို့ ပြည်သူပိုင် နေအိမ်တွေ ဖြိုချတာ၊ ဖယ်ခုံ ခမရ (၃၃၆) နဲ့ လွိုင်ကော် ခလရ (၄၂၂) တပ်တွေက ပစ်တဲ့ လက်နက်ကြီး ဒဏ်ကြောင့် နေအိမ်တွေ ပျက်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။ လက်ရှိ စစ်ရေး အခြေအနေနဲ့ လုံခြုံ‌ရေး အခြေအနေအရ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေနဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို အသိပေးဖို့ PDF နဲ့ နီးစပ်သူက ငြင်းဆန်ပါတယ်။ ပြီးခဲ့တဲ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီက မိုးဗြဲမြို့တွင်း လူနေ ရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ စစ်ကြောင်းထိုးရာ တစ်လျှောက်က ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေကြောင့် ပြည်သူ ၃၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြောင့် ရပ်ကွက် ၁၄ ခုမှာ ပြည်သူ ၂၅,၀၀၀ ၀န်းကျင် နေထိုင်တဲ့ မိုးဗြဲမြို့က ပြည်သူ သုံးပုံ နှစ်ပုံခန့်ဟာ ဘေးလွတ်ရာကို စစ်ဘေး တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။ https://www.fac ebook.com/photo?fbid=322211100165341&set=a.285900490463069

၄။   ကွတ်ခိုင်မှာ စစ်တပ်နဲ့ TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်၊ နမ့်ခိုင်ရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲ
     August 17, 2023

ရှမ်းမြောက် မူဆယ်ဘက် တက်သွားတဲ့ စစ်ကောင်စီတပ်ကို တအာင်းတပ်မတော် (TNLA) က ကွတ်ခိုင်မြို့နယ် မိုင်းယုလေးလမ်းခွဲမှာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ် ၁၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ မူဆယ် ဘက် တက်သွားတဲ့ စစ်ကောင်စီ တပ်သားနဲ့ TNLA တို့ ထိပ်တိုက်တွေ့​​ပြီး နှစ်ဖက်အပြန်အလှန် လက်နက်ကြီးလက်နက် ငယ်နဲ့ ပစ်ခတ်ခဲ့တာ​လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “ကားတော့ မတွေ့မိပါဘူး။ သူတို့ကင်းလှည့်ရင်းနဲ့ တွေ့ကြလို့ထင် တယ်။ ဟိုဘက်တောင်နဲ့ ဒီဘက်တောင် ပစ်ကြတာ။ အခုတော့ ငြိမ်သွားပြီ။ စစ်ကောင်စီဘက်ကတော့ အခုထိလက်နက်ကြီးတွေ ပစ်နေတုန်းဘဲ” တိုက်ပွဲအတွင်း နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီ တပ်စခန်းကနေလည်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာရှိ ပြီး ၎င်းတို့ ပစ်လိုက်တဲ့ လက်နက်ကြီး ၂ လုံး နမ့်ခိုင်ရွာထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ ၎င်းကဆက်ပြော ပါတယ်။

တိုက်ပွဲ​ကြောင့် အနီးအနားမှ ကျေးရွာခံတွေ စိုးရိမ်ထိတ်လန့်နေကြပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု ရှိမရှိဆိုတာကို တော့ အတိအကျ မသိရဘူးလို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ရှမ်းမြောက် မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲနဲ့ လားရှိုး စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပြီးတော့ အရပ်သား ထိခိုက်သေဆုံးမှု၊ နေအိမ် ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။ နမ့်ဖတ်ကာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းဟာ မကြာခဏလက်နက်ကြီးတွေတစ် ဖက် သတ်ပစ်ခတ်တာတွေကြောင့် ကျေးရွာထဲလက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုနဲ့ နေအိမ်ထိခိုက်ပျက်စီးတာ တွေလည်း ရှိနေပါတယ်။ https://www.facebook.com/photo?fbid=618966373743964&set=a.404503215190282

၅။ ဖရူဆိုတိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာပြီး တပ်ပြန်ဆုတ်သွား
    August 17, 2023

ကယားပြည်နယ်၊ ဖရူဆိုမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အထိအခိုက်အကျဆုံးများပြားပြီးနောက် တပ် ပြန်ဆုတ်သွားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်ကစပြီး စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုကနေ ဖရူဆိုဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ထီးသော်ကူကျေးရွာအနီးမှာ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေဟာ ဩဂုတ် ၁၅  ရက်နေ့အထိ နှစ်ဖက်ထိ တွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင် စီတပ်ဟာ ထီးသော်ကူကျေးရွာကနေ ကဒါးလားကျေးရွာကို တပ်ပြန်ဆုတ်ခွာသွား ပြီး အင်အားပြန် လည်ဖြည့်တင်းနေတယ်လို့ KNDF ရဲဘော်တစ်ဦးက ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီ အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ် ပူးပေါင်းစစ်ကြောင်းက တပ်ရင်းမှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး တခြားအဆင့်တွေ အများအပြား သေဆုံးတာတွေရှိသလို ရှိပေမယ့် အရေအတွက် အတိအကျကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဖရူဆိုထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် ခဲယမ်းအများအပြား သိမ်းဆည်ရမိထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထံကနေ သိရပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ်တွေမှာလည်း ဖရူဆိုတိုက်ပွဲအတွင်း တပ်အရာရှိတချို့ သေဆုံးခဲ့တယ်ဆိုတဲ့ ဖော်ပြထားတာတွေလည်း ရှိနေပါ တယ်။ လက်ရှိမှာတော့ အထိနာခဲ့တဲ့စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်း မြေမြှုပ်မိုင်းတွေထောင်ထားခဲ့သလို ပတ်ဝန်းကျင် တွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းကို စစ်ကောင်စီ ဘက်က ထိန်းချုပ်ဖို့ကြိုးစားနေတာဟာ ထိုင်း-ကယားနယ်စပ်က ဆုံးရှုံးထားရတဲ့ မယ်စဲ့စခန်းကုန်းတွေကို ပြန်လည်သိမ်းပိုက် နိုင်ဖို့ဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ https://www.facebook.c om/photo/?fbid=310304558227553&se t=pcb.310304794894196

၆။  လဲချားမြို့အဝင်မှာ စစ်ကောင်စီဂိတ်က ဒေသခံ ၂ ဦးကို ပစ်ခတ်လို့ တစ်ဦးသေဆုံး
     August 17, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချားမြို့ အဝင် မက်လန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဂိတ်က သေနတ်နဲ့ ပစ်ခတ် တာကြောင့် ဆိုင်ကယ် စီးနင်းလာတဲ့ ဒေသခံ ၂ ဦးနက် တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ်လ ၁၆ ရက်၊ မနက်ပိုင်းက လဲချား-မိုင်းနောင် လမ်းမကြီးပေါ်၊ လဲချားမြို့ဘက်ကနေ မက်လန်းကျေးရွာဘက်ကိုလာတဲ့ ဆိုင်ကယ်တစ်စီး ကို တားဆီးရာမှာ မရပ်ပေးလို့ဆိုပြီး စစ်ကောင်စီဂိတ်ကပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။“တစ်ချို့က တစ်ယောက် သေတယ်။ တစ်ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်။ တစ်ချို့က ၂ ယောက်စလုံး သေသွားတယ်လို့လည်း ပြောကြတယ်။ တစ်ယောက် အနည်းဆုံး သေတာကတော့ သေချာတယ်ပေါ့နော်။ အပစ်ခံရလို့ သေသွားတော့ စစ်ကောင်စီတွေက ဆေးရုံကို သယ်သွားလို့ ပြောတယ်ဗျ။ သေသွားတဲ့ လူတွေက ဘယ်ကလဲ ဆိုတာတော့ အခုအချိန်ထိ မသိရသေးဘူး” လို့ လဲချား ဒေသခံ တစ်ဦးက ပြောပါတယ်။ ဆိုင်ယ်စီးလာသူတွေဟာ မက်လန်းရွာ အဝင် တံတားအကျော်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ပစ်ခတ်ခံရတဲ့ သူတွေဟာ အရပ်ဝတ်နဲ့ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ရက်မှာတော့ အပစ်ခံရတဲ့ သူတွေဆီက စကားပြော စက် တွေ့တယ်လို့ ရေးသားထားပြီး လဲချားမြို့နယ် ရဲစခန်းမှာ သေမှုသေခင်းဖွင့်ပြီး အရေးယူထားတယ်လို့ ဖော်ပြထားပါတယ်။ အခုလို စစ်ကောင်စီရဲ့ ရေးသားမှုဟာ လိမ်ညာမှုတွေသာဖြစ်ပြီး စကားပြောစက်ပါတဲ့ အရပ်သားတွေ အနေနဲ့ စစ်ကောင်စီဂိတ် ကို ဘာအကြောင်းနဲ့မှ ဖြတ်သွားစရာ အကြောင်းမရှိဘူးလို့ လဲချားမြို့ခံတစ်ဦးကပြောပါတယ်။“စစ်ကောင်စီလော်ဘီအကောင့် မှာ ရေးထားတာက ယုတ္တိမှ မရှိတာ။ သူတို့ အပြစ်ကိုဖုံးဖို့ လုပ်ကြံထားတဲ့ဟာပဲ။ စကားပြောစက်ပါရင် ဘယ်သူက စစ်တပ်ဂိတ် ကို ဖြတ်သွားမလဲ” လို့ သူကပြောပါတယ်။ မက်လန်းကျေးရွာဟာ စစ်ကောင်စီတပ်ရှိတဲ့ နေရာဖြစ်ပြီး SSPP နဲ့ တိုက်ပွဲ ဖြစ်ပွား ပြီးနောက် ပြည်သူ့စစ်တွေနဲ့ပါ အင်အားဖြည့်တင်းပြီး ကျေးရွာထဲမှာ တပ်စွဲထားတဲ့ နေရာ ဖြစ်ပါတယ်။  လက်ရှိ စစ်ကောင်စီနဲ့ SSPP ဟာ လဲချားမြို့နယ် အတွင်းမှာ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ https://www.facebook.com/photo?fbid=3223606 23483722&set=a.285900490 463069

၇။ KNU တပ်မဟာ ၃ နယ်မြေတွင် စစ်ကောင်စီတပ်လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် သုံးရက်အတွင်း အရပ်သား ၆      ဦး သေဆုံး
    August 17, 2023

ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ မုန်းမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင်  ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၃)ရက်နေ့မှ ဩဂုတ် လ (၁၆)ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ကျောင်းသား(၂)ဦးအပါအဝင် အရပ်သား (၆)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ဩဂုတ်လ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန် သည်။ စစ်ကောင်စီတပ်က (၁၀၅)မမ၊ (၁၂၂)မမများ၊ မော်တာအမျိုးအစား (၈၁)မမနှင့် (၆၀)မမ တို့ဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ် ခဲ့ခြင်းကြောင့် ကျောင်းသား (၂)ဦးအပါအဝင် အရပ်သား(၆)ဦး သေဆုံးခဲ့ရပြီး ကျောင်းသူ၊ ကျောင်းသား(၄)ဦး၊ ကျောင်းဆရာမ (၁)ဦးအပါအဝင် (၇)ဦး ဒဏ်ရရှိခဲ့ကြောင်း သိရသည်။ ကျောက်ကြီးမြို့နယ်တွင် ဩဂုတ်လ (၁၃)ရက်နေ့ ညနေပိုင်းမှ စတင်ပြီး ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၆၄)တပ်ရင်းမှ ကျေးရွာများတွင်းသို့ (၁၂၂)မမ လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်ခဲ့ရာ ဒိုးတန်းကျေးရွာသို့ (၁)လုံး၊ ပဲသောင်ကျေးရွာသို့ (၃)လုံးနှင့် အင်ကုန်းကျေးရွာသို့ (၃)လုံး ကျ‌ရောက်ပေါက်ကွဲခဲ့ ကြောင်း သိရသည်။

ပဲသောင်ကျေးရွာသို့ ကျရောက်ပေါက်ကွဲမှုတွင် ကျောင်းသူ၊ ကျောင်းသား (၄)ဦး ထိခိုက်ဒဏ်ရာရပြီး ၎င်းတို့အနက်မှ အသက်(၁၃)နှစ်အရွယ် စောအယ်ကလူထူးနှင့် အသက်(၁၆)နှစ်အရွယ် စောဘိုလိုသီးတို့နှစ်ဦး သေဆုံးခဲ့ရကာ အသက်(၁၁)နှစ် အရွယ် စောခွားစိနှင့် အသက်(၁၅)နှစ်အရွယ် နော်ဗြဲဗြဲတို့ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျောက်တံခါး မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က (၁၀၅)မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လှေတန်းကျေးရွာသို့ ကျည်(၂)လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး သူဌေးကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်း (၈၁)မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒိုးတန်းကျေးရွာတွင်းသို့ ကျည်(၈)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ရွှေကျင်မြို့နယ်တွင် ဩဂုတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် တန်ပြန်တံတားမှနေ၍ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ရာ ဂွေးကုန်းကျေးရွာသို့ (၅)လုံး၊ ဂွမ်းဒလကြီးကျေးရွာသို့ (၃)လုံး ကျရောက်ခဲ့ကြောင်း သိရသည်။ နေ့လယ်ပိုင်းတွင် ရွှေကျင်မှ ကား(၁)စီးနှင့် ဆိုင်ကယ်(၃)စီးဖြင့် လာရောက်ပြီး (၆၀)မမ လက်နက်ကြီး အထိုင်ချကာ ပစ်ခတ်ခဲ့သောကြောင့် အင်းကပ်ပလိပ်ကျေးရွာသို့ (၃)လုံး ကျရောက် ပေါက်ကွဲပြီး တစ်လုံးမှာ စာသင်ကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲသောကြောင့် ဆရာမတစ်ဦးနှင့် ကျောင်းသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဩဂုတ်လ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် မုန်းမြို့နယ် သစ်ခြောက်ခင်ကျေးရွာတွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်က (၈၁)မမ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဇလုပ်ကြီးကျေးရွာတွင် (၃)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၆၀)နှစ်ရှိ ကိုမောင်ထွေး(ခ)ကျော်ဇေယျနှင့် အသက်(၃၅)နှစ်ရှိ ကိုသန့်ဇော်တို့ ကျည်စထိမှန် သေဆုံးခဲ့ကြောင်း သိရ သည်။ https://www.facebook.com/photo?fbid=683690240470963&set=pcb.683690433804277

၈။  ဗန်းမော်နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ဗုံးကျဲ
     August 18, 2023

ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူ မြို့နယ်အစပ် ဗန်းမော်နယ်ထဲက ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာ တွေကို စစ်ကောင်စီတပ်က တိုက်ပွဲ မဖြစ်ပဲ ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်က ဒီကနေ့ သြဂုတ် ၁၈ ရက်နေ့ မနက် ၄ နာရီ မိနစ် ၃၀ ကနေစပြီး ရွှေကူနယ်နဲ့ ဗန်းမော်နယ် အစပ်ရှိ ဗန်းမော်နယ်ထဲက မြလယ်ကျေးရွာ၊ ငှက်ပျောတောရွာနှင့် ကောင်းတုံကျေးရွာထဲနှင့်ရွာအနီးဝန်းကျင်ပတ်လည်တွေကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားခဲ့တယ်လို့ မြလယ်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။“လေး နာရီခွဲက တစ်ခါကျဲတယ် ကိုးလုံးတိတိ ကျဲတယ် နောက်ပြီးတော့အခုနောက်ကျဲတာက ရည်တောင်မရည်တွက်နိုင်တော့ဘူး။ လေယာဥ်ကသုံးစီးလေး ပထမကျဲတာက ရွာထဲကိုမကျဲဘူး ကောင်းတုံနဲ့ မြလယ် သချိုင်းကုန်းတွေ ကျဲတာနောက်ထပ်လာကျဲ တော့ ရွာထဲဘောလုံးကွင်းတွေကျတယ် အခုအားလုံးကပြေးနေရတော့ ကောင်းကောင်းမသိရဘူး”လို့ အမျိုးသားကပြောပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၃ စီးဟာ မနက် ၄ နာရီ ၃၀ ကနေ ၄နာရီ မိနစ် ၅၀ ဝန်းကျင်ခန့်အထိ ၉ ကြိမ်ထက်မနည်း ဗုံးကျဲခဲ့တယ်တာဖြစ်ပြီး ဒေသခံတွေကြိုတိမ်းရှောင်နေရတဲ့အတွက်လူထိခိုက်တာမပေမယ့် အဆောက်အဦး၊ အိမ်မွေးတိရိစ္ဆာရန် တွေနဲ့အခြားထိခိုက်မှုတွေတော့ရှိနိုင်တယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ဒေသခံတွေကဆိုပါတယ်။ စစ်ကောင်စီဟာတိုက်ပွဲ ဖြစ်ပွားတာမရှိပဲအခုလိုဗုံးကျဲတာနဲ့ပတ်ပြီး ရွှေကူ PDF နဲ့နီးစပ်တဲ့တက်ကြွလှုပ်ရှားသူအမျိုးသားတစ်ဦးက အခုလိုသုံးသပ်ပြော ဆိုပါတယ်။ “ဘာလို့ကျဲသလဲဆိုတော့ သူတို့လမ်းကြောင်းရှင်းတာပါ့အေး ဆင်းခန်းမှာကပ်ထားတဲ့စစ်သဘော်တွေက ဒီနေ့ မနက်အစောကြီးထွက်ဖို့ပြင်နေတာ စက်တွေဘာတွေနိုးနေပြီ ဆိုတော့ မြလယ်တို့၊ကောင်းတုံတို့ဆိုတာက ဆင်းခန်းနဲ့ ၇မိုင် ၈မိုင်ဝေးတယ် သဘော်မထွက်မီရှေ့ကိုကြိုပြီးလမ်းရှင်းတဲ့သဘောပါပဲ”လို့ သူကပြောပါတယ်။ စစ်ကောင်စီဟာ စစ်သဘော်၉ စီးထွက်မယ့်လမ်းကြောင်းကိုကြိုရှင်းတဲ့ပုံစံနဲ့ လမ်းကြောင်းတစ်လျှောက်က ကျေးရွာတွေကိုဗုံးကျဲခဲ့သလို ဗန်းမော်အမြောက် တပ်နှင့် အခြား စစ်တပ်ကုန်းတွေကနေလည်း မြလယ်၊ကောင်းတုံ၊ဘက်တွေကိုလက်နက်ကြီးတွေနဲ့ မနက် ၈ နာရီခွဲအထိလှမ်း ပစ်နေတာဖြစ်ပြီး ကာကွယ်ရေးတပ်တွေတော့ထိခိုက်တာမရှိဘူးလို့ ဗန်းမော် PDF ကတာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။ “ကျွန်တော်တို့ဘက်ကလည်းလောလောဆယ်အနေအထားမှာ ပြန်ဆုတ်ခဲ့ရတဲ့အနေအထားပါ လောလောဆယ် တော့သူတို့ ဗုံးကျဲလို့ ကျွန်တော်တို့ဘက်ရ ထိခိုက်တာတော့မရှိဘူးဗျ”လို့သူကပြောပါတယ်။ https://burmese.kachinnews.com/2023 /08/18/wl1-18/

၉။ KNPP မှတဆင့် BGF တပ်ဖွဲ့ဝင်အပါအဝင် မိသားစုဝင် ၁၅ ဦးကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်း
    August 18, 2023

ပြီးခဲ့တဲ့ ဇူလှိုင်လ တတိယပတ်မှာ ဘောလခဲမြို့နယ် ရွာသစ်မြို့မှာရှိတဲ့ နယ်ခြားစောင့်တပ်ဖြစ်တဲ့ တပ်ရင်း ၁၀၀၅ က တပ်ရင်းမှူးဟာ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး (KNPLF) နဲ့ ပြန်လည် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ နယ်ခြားစောင့်တပ် ၁၀၀၅ တပ်ရင်းမှာရှိနေတဲ့ စစ်ကောင်စီကနေ တိုက်ရိုက်ခန့်အပ်ထားတဲ့ ဗိုလ်ကြီး၊ တပ်ကြပ်ကြီး၊ ဒု- အရာခံဗိုလ်၊ တပ်ကြပ်ကြီးစာရေး၊ စားရင်းကိုင်၊ ရုံးအုပ် နဲ့ ၎င်းတို့ရဲ့ မိသားစု ဝင် စုစုပေါင်း ၄၈ ဦးဟာ တပ်ရင်းမှူးရဲ့ အမိန့်ကို နာခံခဲ့ပြီး စီစဉ်ဆောင်ရွက်မှုကို လိုက်နာခဲ့တယ်လို့ လုပ်သက် (၁၃)နှစ်ရှိပြီ ဖြစ် တဲ့ အသက် (၃၃)နှစ်အရွယ်ရှိ စစ်ကောင်စီခန့်တဲ့ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက ပြောပါတယ်။ “နယ်ခြားစောင့်တပ်ကနေ ပါလာတဲ့သုံ့ပန်းပဲ ခေါ်ရမလား သူ့ဘာသာဘက်ပြောင်းလာတာတော့မဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒီအစီအစဉ် နယ်ခြားစောင့်တပ် မှာ ဖြစ်သွားတဲ့အခါ အသာတကြည်လိုက်ပါလာတယ်လေ။ အဲ့ဒါကို စီစစ်ပြီးတော့ သူတို့ပြန်ချင်ရင် အကုန်ပြန်လွှတ်မယ်ဆိုတဲ့ ဟာမျိုးကို ကျနော်တို့က အဆုံးအဖြတ်ပေးတဲ့သူရှိတယ် ကျနော်တို့ကာကွယ်ရေးဖက်က အဆုံးအဖြတ်ပေးတယ်ပေါ့။ ဆန္ဒမေး ကြည့်လိုက် ပြန်ချင်လား နေချင်လားဆိုတော့ မေးကြည့်တဲ့အခါမှာ ပြန်ချင်တယ်ဆိုတဲ့ တချို့ရှိတယ်။ ကျန်တဲ့ဟာတော့ အများ ပြည်သူ အရပ်သားလိုပဲ နေချင်ပါတယ် မပြန်ချင်ပါဘူးဆိုတဲ့ဟာမျိုးရှိတော့ ပြန်ချင်ပါတယ်ဆိုတဲ့သူကို ကျနော်တို့ အချိတ် အဆက်လုပ်ပြီးတော့မှ လွဲပြောင်းပေးနိုင်ရေး၊ ပြန်ပို့ပေးနိုင်ရေး အစီအစဉ် စတယ်ပေါ့။” လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ ဘက်ပြောင်းခိုလှုံသူများ နဲ့ CDM ကြီးကြပ်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ခူးတော်ရယ် (အက်စ်) က ပြောပါတယ်။

စစ်ကောင်စီက ၎င်းတို့ တပ်သားတွေကို ပြန်ခေါ်တဲ့အတွက် KNPP ရဲ့ ဘက်ပြောင်းခိုလှုံသူများ နဲ့ CDM ကြီးကြပ်ရေး ကော်မတီကနေ KA ထိန်းချုပ်နယ်မြေကနေတဆင့် ထိုင်းအာဏာပိုင်တွေဆီကို လွှဲပြောင်းခဲ့ပါတယ်။ အဲဒီကနေတဆင့် ထိုင်း အာဏာပိုင်တွေက အဲဒီသုံ့ပန်းတွေကို နယ်စပ်ကနေတဆင့် စစ်ကောင်စီထံကို လွှဲပြောင်းပေးခဲ့ပါတယ်။ စစ်ကောင်စီက ပြန်ခေါ် တဲ့ လွှဲပြောင်းရေးအစီအစဉ်အရ ကော်မတီလက်အောက်မှာ ခိုလှုံတဲ့ အဲ့ဒီ သုံ့ပန်းမိသားစုတွေရဲ့ ဆန္ဒကို မေးမြန်းခဲ့တယ်လို့ ဆိုပါ တယ်။ မိမိတို့ ဆန္ဒအလျောက် နေရပ်ပြန်ဖို့အတွက် ထိုင်းစစ်တပ်ကနေ စနစ်တကျလွှဲပြောင်းပေးတဲ့ အစီအစဉ်ကို ဩဂုတ်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ ထိုနည်းတူ မတူတဲ့ပုံစံအမျိုးမျိုးနဲ့ ဒီလို သုံ့ပန်းပြန်လည်လွှဲပြောင်းတဲ့အစီအစဉ် ယခင်ကလည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။ လက်ရှိ စစ်ကောင်စီက ခေါ်ယူတဲ့ နေရပ်ပြန်တဲ့အစီအစဉ်မှာ ဗိုလ်ကြီး၊ တပ်ကြပ်ကြီးအပါအဝင် ၉ ဦးနဲ့ မိသားစုဝင် စုစုပေါင်း ၁၅ ဦး ပါဝင်ခဲ့တာပါ။ ကလလတ ဌာန ချုပ်တည်ရှိရာ မယ်စဲ့မြို့နယ်အတွင်းမှာ ဇူလိုင်လ ဒုတိယပတ်က စပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ အဲ့ဒီတိုက်ပွဲအတွင်း ကလလတ လည်း ပါဝင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှာတော့ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေပြီဖြစ်တယ်လို့ ကလလတက တရားဝင် ကြေညာထားပါတယ်။ https://www.kantarawaddytimes.org/knpp-%e1%80%99%e1 %80%be%e1%80%90%e1%80%86%e1%80%84%e1%80%b7%e1%80%ba-bgf

၁၀။ တီးတိန်မြို့ပေါ်မှာ လက်နက်ကြီးပစ်ခတ်လို့ လူနေအိမ် ၄ လုံးထိခိုက်ပျက်စီး
      August 18, 2023

ချင်းပြည်နယ် တီးတိန်မြို့ပေါ်မှာယမန်နေ့ ဩဂုတ်လ ၁၇ ရက်ညက တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ်ဖွဲ့ တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့ပေါ်လူနေအိမ် ၄ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တီးတိန်မြို့ ဒေသခံတစ်ဦးက “မနေ့ည ၁၁ ကျော်ဝန်းကျင်လောက်ကနေ ၁ နာရီလောက်ထိ ဆက်တိုက်အမြောက်ကြီးနဲ့ တောက် လျောက်ပစ်တယ် သေနတ်သံက တစ်ချက်တစ်ချက်ကြားရတယ် မြို့နာရီစင်နားက နေအိမ် ၂ အိမ်လုံးရယ် မြို့မရပ်ကွက် အောက်ပိုင်းနားက ဘုရားကျောင်းနားက နေအိမ် ၂ လုံးထိတယ် လူထိခိုက်တော့ မရှိဘူး ထိခိုက်တဲ့ အိမ်တွေမှာကလည်း လူနည်း နည်းနေတဲ့ အိမ်ဖြစ်လို့ မဟုတ်ရင် ထိဖို့များတယ်” လို့ပြောပါတယ်။ တီးတိန်မြို့ပေါ် မြို့မရပ်ကွက်တောင်ထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး လူထိခိုက်တာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

ယမန်နေ့ညမှာ တိုက်ပွဲဖြစ်ပွားတာမရှိပဲ  စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ တောတောင်တွေထဲကိုလည်း ရမ်းသမ်း ပစ်ခတ်ခဲ့တာဖြစ်လို့ ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဖလမ်းမြို့ပေါ်က စစ်ကောင်စီတပ် စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာမျိုးတွေရှိခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ အခုလို စိုးရိမ် လို့ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ထင်မြင်နေကြပါတယ်။ https://www.facebook.com/ph oto/?fbid=689937506501917&set=pcb.689937723168562

၁၁။ မိုင်းကိုင်မှာ SSPP က ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် စစ်သား စုဆောင်းတာတွေ ပြုလုပ်နေတာကြောင့်          ဒေသခံ တွေ အခက်တွေ့
      August 17, 2023

ရှမ်းတောင် မိုင်းကိုင်မြို့နယ်ထဲက ကျေးရွာပိုင်းတွေမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက် ကစလို့ ညမထွက်ရအမိန့် ထုတ်လိုက်ပြီးနောက် စစ်သားစုဆောင်းတာတွေ ထပ်မံ ပြုလုပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုင်းကိုင်အနောက်ဖက်ခြမ်းမှာ ဗိုလ်မှူး စိုင်းကွမ်း ဦးဆောင်တဲ့ SSPP အဖွဲ့က ဦးဆောင်ကောက်ခံနေတာဖြစ်ပြီး ကောက်ခံတဲ့ပုံစံဟာ အုပ်စုတစ်ခုနဲ့တစ်ခု မတူညီဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။“ကျနော်တို့နေတဲ့ အုပ်စုက ရှမ်းအုပ်စုထဲမှာ ပါတယ်။ ကျနော်တို့ တစ်အုပ်စုလုံးမှာမှ ၄ ယောက်ပဲ သွားရတာ။ ရွာက ၇ ရွာ ၈ ရွာ ရှိတယ်။ အိမ်ခြေ လည်းများတယ်။ လေးယောက်ပဲဆိုတော့ နည်းနည်းခံသာတာပေါ့။ သူတို့ကောက်တဲ့ ပလောင်အုပ်စုတွေဆို တစ်ရွာကို ၃ ယောက်လောက် ကျတယ်” ရှမ်းတွေနေထိုင်တဲ့ ကျေးရွာတွေအပြင် တအာင်းတွေ အများစုနေထိုင်ကြတဲ့ စုံလော၊ နောင်စံဖူး၊ ခေးအုံအွေ့နဲ့ ဖာခေါင်အုပ်စုတို့မှာ ကောက်ခံနေတာဖြစ်ပြီး တအာင်းအုပ်စုတွေထဲက ကျေးရွာတွေဟာ အိမ်ခြေ ၂၀၊ ၃၀ နဲ့ အများ ဆုံး အိမ်ခြေ ၆၀ လောက်သာ ရှိတာကြောင့် တစ်ရွာကို ၃ ယောက်နှုန်းနဲ့ ကောက်ခံတဲ့အပေါ် များစွာနစ်နာတယ်လို့ ဆိုပါတယ်။

အဲဒီဒေသတွေမှာ SSPP တပ်ဖွဲ့က နှစ်လခြားတစ်ခါ စစ်သား စုဆောင်းတာဖြစ်ပြီး စစ်မှုထမ်းဖို့အတွက် လူတစ်ယောက် ကို အနည်းဆုံး သိန်း ၃၀ နဲ့ငှားပြီး ပေးပို့ပေးရတာကြောင့် အခက်တွေ့နေရတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။“သူတို့ စစ်သား လာတောင်းရင် ဘာမှပြန်ပြောလို့ မရဘူး။ သူတို့ပြောတာပဲ နားထောင်ရတယ်။ သူတို့တောင်းသလောက် မပေးရင်လည်း လာဖမ်းတယ်။ အဲလိုဆိုတော့ ရွာခံတွေ ပိုက်ဆံ စုပြီးတော့ပဲ လူငှားပြီး ထည့်ပေးရတာပေါ့။ တစ်ယောက်ကို သိန်း ၃၀ သုံးယောက်ဆို ၉၀ အဲလိုမျိုး” စစ်သား ကောက်ခံတာတွေနဲ့ ပတ်သက်ပြီး သိရှိနိုင်ဖို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာကို ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ပြီးခဲ့တဲ့ မေလထဲမှာ အိမ်ခြေ ၅၀ ခန့်ရှိတဲ့ ဟွေးတွေရွာထဲ SSPP/SSA က စစ်မှုထမ်းဖို့အတွက် ရွာခံ ၄ ဦးကို ဝင်ရောက် ဖမ်းဆီးခဲ့ရာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရဖူးပါတယ်။ https://www.facebook.com/photo/?fbid=61845770 0461498&set=a.404503215190282

၁၂။  ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းမှာ သင်ထောက်ကူပစ္စည်း အပါအ၀င် လိုအပ်ချက်များပြားနေ
      August 17, 2023

ကရင်န်ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဖောင်ငန်စာသင်ကျောင်းမှာ အခု စာသင်နှစ်အတွက် စာရေး ကိရိယာ၊ ထိုင်ခုံတွေနဲ့ သင်ထောက်ကူ ပစ္စည်း လိုအပ်ချက် များပြားနေတယ်လို့ ကျောင်းအုပ် ဆရာမက ပြောပါတယ်။ စာသင် ကျောင်းမှာ ကျောင်းသား ၁၆၃ ဦး ပညာ သင်ကြားနေပြီး စစ်ရှောင် ကလေးငယ်တွေ များပြားကာ ဆရာမ ၈ ဦးက သင်ကြားပေး နေတယ်လို့ သိရပါတယ်။ “ဖတ်စာအုပ်တွေ၊ ဗလာစာအုပ်တွေ အများကြီး လိုအပ်တယ်။ သင်ထောက်ကူတွေကော၊ ဆရာမတွေ အတွက်လည်း သင်တန်းတွေ မရသေးတော့ အဆင့်မြင့်သင်တန်းတွေလိုအပ်တယ်။ ပြီးတော့ ထိုင်ခုံတွေက အခု KG တွေအတွက် ထိုင်ခုံ မလောက်သေးဘူး၊ မြေကြီးပေါ်ပဲ ထိုင်ရတယ်၊ အခင်းတွေလည်း လိုအပ်တယ်။ ကျန်းမာရေး အတွက်ပေါ့နော်၊ မိုးအရမ်း ရွာတုန်းက မိုးရေတွေ ဝင်တာလည်း ရှိတယ်။ အမိုးကလည်း မလုံဘူးပေါ့” လို့ ကျောင်းအုပ် ဆရာမက ပြောပါတယ်။

ကျောင်းမှာ KG တန်းကနေ Grade-5 အထိရှိတာကြောင့် ဆရာမတွေက တစ်တန်းကို တစ်ယောက်နှုန်းနဲ့ သင်ကြားကာ ပန်းချီ၊ ဂီတ ကိုလည်း အချိန်ရသလို သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။ စာသင်ပေးနေသူ အများစုက CDM ဆရာမတွေ ဖြစ် တာကြောင့် မိသားစု ရပ်တည်ဖို့ အခက်အခဲတွေလည်း ရှိတယ်လို့ သိရပါတယ်။ လက်ရှိ စစ်ရှောင် ကလေးငယ်တွေ အခက်အခဲ များစွာ ရင်ဆိုင်နေရပြီး အခက်အခဲကြားက ကလေးတွေရဲ့ ပညာရေး နှောင့်နှေးမှာ စိုးရိမ်လို့ သင်ကြားပေးနေတယ်လို့ သိရပါ တယ်။ ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်တွေ ပညာသင်ကြားဖို့ အခက်အခဲများစွာ သာမက လက်နက်ကြီးရန်၊ လေကြောင်းရန်တွေကြားက သင်ယူနေရတာဖြစ်ပြီး သင်ထောက်ကူတွေ၊ စာရေး ကိရိယာတွေ အပြင် ဆရာ၊ ဆရာမတွေကို ထောက်ပံ့ဖို့လည်း လိုအပ်နေတယ်လို့ သိရပါတယ်။ https://www.facebook.com/photo?fbid=322237293496055&set= pcb.322237593496025

၁၃။ ဟားခါး – မတူပီ ကားလမ်းပိုင်းမှာ မြေပြိုလို့ ကုန်စည်စီးဆင်းမှုရပ်တန့်
     August 17, 2023

ချင်းပြည်နယ် ဟားခါးမြို့နဲ့ မတူပီမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်းမှာ ဩဂုတ်လ ၁၆ ရက်က မြေပြိုပြီး လမ်း ပြတ်တောက်သွားတာကြောင့် ကားနဲ့ ဆိုင်ကယ်တွေ သွားလာလို့မရတော့ဘဲ ကုန်စည် စီးဆင်းမှုလည်း ရပ်တန့်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ်လ ၁၄ ရက်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဟားခါး-မတူပီ ကားလမ်း ပိုင်းမှာ ရှိတဲ့ မတူပီမြို့နယ် လုံလှော်နဲ့ ဇကမ်းရွာအကြားမှာ မြေပြိုပြီး လမ်းပြတ်တောက် သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီလမ်းက အရမ်းအသုံးပြုတဲ့လမ်းဖြစ်ပါတယ်။ အခုလို လမ်းမြေပြိုတာ ပြန်ပြုပြင်ဖို့ ကလည်း မလွယ်လောက်ဘူး။ ဒီတိုင်း ဒီလမ်းကို အသုံးမပြုနိုင်ဘူးဆိုရင်တော့ ကုန်စည်သယ်တဲ့အခါမှာရော၊ ခရီးသွားတဲ့အခါမှာလည်းခက်ခဲမှာ” ချင်းအမျိုး သားကာကွယ်ရေးတပ် CDF (မတူပီ)ကတော့ အခု ဆိုးဆိုးရွားရွား မြေပြိုတဲ့ နေရာအပြင် တချို့နေရာတွေမှာလည်း မြေပြိုမှုတွေ ဆက်ရှိနေတဲ့အတွက် ပြည်သူတွေ ခရီးသွားလာတာမလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။ မတူပီမြို့နယ်ထဲက ဒေသခံတွေဟာ ကုန်စည်စီးဆင်းမှုအတွက် မတူပီ-မင်းတပ်လမ်းနဲ့ မတူပီ-ဟားခါးလမ်းကို အဓိကထားအသုံးပြုကြပြီး လမ်းပျက်စီးမှုတွေ အချိန်မီ မပြုပြင် နိုင်ရင် ကုန်စျေးနှုန်းမြင့်တက်တာ အပါအဝင် ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ကြုံလာရနိုင်တယ် လို့ ဒေသခံတွေက ပြောကြပါတယ်။ https://www.rfa.o rg/burmese/news/hakha-matupi-road-landslide-08172023030 825.html

၁၄။ ဖရူဆိုမြို့နယ် ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
     August 18, 2023

ကရင်နီ (ကယား) ပြည် ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာရှိ ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း (၁၀) က ယနေ့ သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက် ည ၈ နာရီတွင် ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ် နှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောာင်စီသည် တိုက်လေ ယာဉ် တစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရား ကျောင်းဆောင် အဆောက်အဦးအပြင် ဘုရားကျောင်းဝန်း အတွင်းရှိ အဆောက်အဦးများ၊ ခြံစည်းရိုး အုတ်တံတိုင်းများ ထိခိုက် ပျက်စီးခဲ့ကြောင်း ဆိုသည်။

“အခု ဖရူဆိုဖက်ကတော့ ငြိမ်နေတယ်။ ဒီရက်တော့ ထုသံ မကြားသေးဘူး။ စစ်ကောင်စီက ဗုံးလာကြဲရင်တော့ အသံ အကျယ်ကြီး ကြားရတယ်။ တချို့ သက်ကြီးရွယ်အိုတွေ သနားဖို့ကောင်းတယ်။ အသံကို ကြောက်ကြတာ။ ဂူထဲဝင်နေကြရတာ “ ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ တိုက်ပွဲသည် သြဂုတ် ၂ ရက်မှ ၁၄ ရက်အထိ ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စု လမ်းမကြီးပေါ် စစ်ကြောင်းထိုး လာသော စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းများနှင့် ကရင်နီပူးပေါင်းတပ်များ အကြား ထွေလီဗီလာကျေးရွာ၊ ငွေတောင်ရွာသစ်ကျေးရွာ၊ ထီးသော်ကူး ကျေးရွာများတစ်လျောက်တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။ လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် နယ်မြေတွင် စစ်ရေးတင်းမာနေလျက်ရှိကာ အချိန်မရွေး ထိတွေ့မှု ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် ဒီးမော့ဆို – ဖရူဆို လမ်းကြီးတစ်လျောက် ဖြတ်သန်းသွားလာခြင်း မပြုလုပ် ကြရန် နှင့် စစ်ရေး သတိရှိစွာ သွားလာနေထိုင်ရန် သတိပေးထားသည်။ https://burmese.shannews.org/archives/36309

၁၅။ ဖားကန့်တွင် ညှဉ်းပန်းသတ်ဖြတ်ပြီး စွန့်ပစ်ထားသည့် လူငယ် ၂ ဦး အလောင်း တွေ့ရှိ
      August 17, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ယူမာရပ်ကွက်အတွင်း ညှဉ်းပန်းနှိပ်စက် ပစ်ခတ်သတ်ဖြတ်ပြီး လာရောက်စွန့်ပစ်ထားတဲ့ လူငယ် နှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို သြဂုတ် ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ရုပ်အလောင်း နှစ်လောင်းကို  မတူညီတဲ့ နေရာတွေမှာ စွန့်ပစ်ထားတာဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ ဒေသခံ ရင်းမြစ်ဆီက သိရပါတယ်။ ဒေသခံတဦးက “တလောင်းက ကျောက်မျက်စျေးအရှေ့မှာ၊ နောက်တလောင်းက ယူမာတံတားထိပ် မှာ လာပစ်ထားတာ၊ ပွန်းပဲ့ဒဏ်ရာတွေလည်း တွေ့ရတယ်” လို့ ပြောပါတယ်။ သတ်ဖြတ်ပြီး စွန့်ပစ်ခံထားရသူ ၂ ဦးဟာ မျက်လုံး အဝတ်စည်းခံထားရပြီး လက်နောက်ပြန် ချည်ခံထားရရုံမကဘဲ ကိုယ်ပေါ်မှာ စစ်ခွေး၊ သူခိုး၊ ဓားပြ ဆိုတဲ့ စာပါစက္ကူ ချပ်ကို ချည် နှောင်ထားတာတွေ့မြင်ရတယ်လို့ ဒေသခံတဦးက အတည်ပြု ပြောဆိုပါတယ်။

လက်ရှိမှာ သေဆုံးသူ ၂ ယောက်ဟာ ဘယ်သူဘယ်ဝါဆိုတာ သိရဖို့ သက်ဆိုင်ရာက စုံစမ်းနေကြပြီး သေမှုသေခင်းနဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဖားပြင်စက်လှေဂိတ်အနီးမှာလည်း ဓားနဲ့မွှန်းထားတဲ့ ဒဏ်ရာတွေ နဲ့ ရုပ်အလောင်းတခု တွေ့ရှိထားတယ်လို့ သိရပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်ဒေသမှာလက်နက်ကိုင်တွေရဲ့ပစ်ခတ်မှုကြောင့်သေဆုံးသူများစွာရှိနေပါတယ်။https://burmese.dvb.no/post/6103

၁၆။  စစ်တွေဆန်ပြဿနာကြောင့် ဖမ်းဆီးခံရသည့် ဒေါ်ညိုအေး အကျဉ်းထောင်အတွင်း ကျန်းမာရေးမကောင်းဖြစ်နေ
       August 17, 2023

၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာအခမ်းအနားပွဲကို တက်ရောက်မှုကြောင့် ဖမ်းဆီးခံရသည့် ရခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို ယခု ဩဂုတ်လ ၂၉ ရက်နေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။  ဒေါ်ညိုအေး သမီးဖြစ်သူ မသန္တာက “လာမယ့် ၂၉ ရက်နေ့မှာ ရုံးထုတ်ပါမယ်။ ပထမတော့ ၂၂ ရက်နေ့လို ထင်တာ။ ထောင်ဝင် စာတွေ့တဲ့ အမတစ်ယောက်ဆီကနေ တစ်ဆင့် အမေက ကျမကို ပြောလိုက်တာ “ဟု ပြောသည်။ ဒေါ်ညိုအေးကို ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်၊ စစ်တွေမြို မင်းဂံရပ်ကွက်ရှိ ရခိုင်အမျိုးသမီးများကွန်ရက်ရုံးမှ စစ်ကောင်စီ၏ ရဲတပ်ဖွဲဝင် များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။ ယင်းနေ့မှာပင် စစ်တွေမြိုမရဲစခန်းမှ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နှင့် အမှုဖွင့်ပြီး တရားရုံးတွင် ချုပ်ရမန်ယူကာ စစ်တွေအကျဉ်းထောင်သို မိသားစုဝင်များဖြင့် တွေ့ခွင့်မပေးဘဲ ချက်ချင်းပို့ ဆောင်ခဲ့သည်။ ယနေ့အချိန်အထိလည်း မိသားစုဝင်များမှာတွေ့ခွင့်မရသေးဘဲ ဒေါ်ညိုအေး မှာ အကျဉ်းထောင်အတွင်း ကျန်းမာ ရေး မကောင်းဖြစ်နေကြောင်း သမီးဖြစ်သူ မသန္တာက ဆိုသည်။

“အမေက အခု နေမကောင်းဖြစ်နေပါတယ်။ သွေးတိုးနေတယ်လို သိရပါတယ်။ အမေမှာက သွေးတိုးရောဂါ၊ နှစ်လုံး ရောဂါ ရှိပါတယ်။ နေမကောင်းလို ဆေးသောက်နေရတဲ့ အချိန်မှာ ဖမ်းသွားကြတာ။ တွေ့ခွင့်လည်းမပေးဘူး။ အစားအသောက်၊ ရာဥတုကြောင့် ကျန်းမာရေးပိုဆိုးသွားမှာကို အရမ်းစိုးရိမ်ပါတယ်။ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးစေချင်ပါတယ” ဟု ပြောသည်။  ရဲတပ်ဖွဲမှ ဒေါ်ညိုအေးအား ဖမ်းဆီး အမှုဖွင့်လှစ်ထားခြင်းနှင်ပတ်သက်၍ မိသားစုဝင်များအား ယနေ့အချိန်အထိ တရားဝင်အသိ ပေးအကြောင်းခြင်းမရှိသေးသလို မည်သူက တရားလိုဖြစ်ကြောင်းလည်း မသိရသေးဘဲ ယင်းကဲ့သို့ လုပ်ရပ်အပေါ် မိသားစုဝင် များပြင်းပြင်းထန်ထန်ရှုတ်ချ ထားသည်။  ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့က စစ်တွေမြိုတွင် ၅၆ နှစ်မြောက် စစ်တွေ ဆန် ပြဿနာနေ့အခမ်းအနားကို ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားကို ဒေါ်ညိုအေးက ဖိတ်ကြားချက်ကြောင့်သာ တက်ရောက်ခဲ့သူ ဖြစ်ပြီး ဦးဆောင်ကျင်းပသည့်အထဲတွင် မပါဝင်ကြောင်းနှင့် အမှုဖွင့်တရားစွဲလောက်အောင်အထိ မဖြစ်သင့်ကြောင်း သမီးဖြစ်သူ မသန္တာက ဆက်လက် ပြောသည်။  https://www.facebook.com/photo/?fbid=728247392648023&set=a.6827319671995

၁၇။  ရေဖြူမှာ တလကျော်အတွင်း စစ်ဘေးရှောင် ရှစ်ထောင်နီးပါး တိုးလာ
      August 17, 2023

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းမှာ တလကျော်အတွင်း စစ်ဘေးရှောင်ဦးရေ ရှစ်ထောင်နီးပါး တိုးလာတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအကုန်မှာ ရေဖြူမြို့နယ်အတွင်း စစ်ရှောင်ဦးရေ ငါးဆယ်ကျော်လောက်သာရှိခဲ့ရာကနေ အခုသြဂုတ်လ အလယ်ပိုင်းအရောက်မှာတော့  နေရပ်စွန့်ခွာရှောင်တိမ်းနေရတဲ့ ဒေသခံ ရှစ်ထောင်နီးပါး ရှိလာတာပါ။ “အဓိကက စစ်ကြောင်းထိုးလာလို့ပေါ့။ ထားဝယ်အထူး စီးပွားရေးဇုန်ဘက်ကို စစ်တပ်က အခုတလ ၊နှစ်လအတွင်း မကြာခဏ အဝင်အထွက်လုပ်နေလို့ နယ်မြေမတည်ငြိမ်တော့ အဲတဝိုက်က ဒေသခံတွေ အမြဲတမ်းရှောင်နေရတာ” လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန် ရှိသူ ကိုယောနသံက ပြောပါတယ်။ စစ်ရှောင်တွေကတော့ ရေဖြူမြို့နယ် အလယ်ပိုင်းနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ နဘုလယ်ဒေသက ကျေးရွာပေါင်း ၁၅ ရွာလောက်က ဒေသခံတွေ ဖြစ်ကြပြီး အများစုဟာ ပြီးခဲ့ ဇူလိုင်လ အကုန်ပိုင်းနဲ့ အခု သြဂုတ်လ ဒုတိယအပတ်လောက်မှာ တိမ်းရှောင်ကြရသူတွေလို့ သိရပါတယ်။

အင်အားတရာကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်ကစပြီး ထားဝယ်အထူးစီးပွားရေး ဇုန်အနီးရှိ ရေဖြူမြို့နယ်အတွင်းက ဝက်ချောင်း၊ မူးဒူး၊ လဲရှောင်၊ ထိန်ကြီး၊ ခမောင်းချောင်း၊ ဝဇွမ်းတော၊ ဧကနိ၊ ကုန်းသာ ယာအင်း၊ ရငဲချောင်း စတဲ့ ကျေးရွာတွေဘက်က စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ နီးစပ်ရာ တိမ်းရှောင်နေကြရတာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်လောက်က လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့( PDF) တွေကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် အနီးနားရွာတွေက  ဒေသခံတချို့လည်း ရေဖြူမြို့မှာ လာရောက် တိမ်းရှောင်နေကြရပါတယ်။ “ရှေ့နှစ်ရက်လောက်ကအထိ ကျမတို့ရွာဘက် စစ်ရှောင်တွေ လာနေကြတုန်းပဲ။ အဲဘက်(စခန်း ကြီးရွာ)မှာက စစ်တပ်ရှိနေသေးတော့ ရွာသားတွေမပြန်ရဲကြသေးဘူး”လို့ ရေဖြူမြို့နယ်အတွင်းက ဒေသခံတဦးက ပြောပါ တယ်။ လက်ရှိမှာတော့ အဲဒီ စစ်ဘေးရှောင်ပြည်သူတွေအတွက် စစ်ဘေးရှောင်စခန်း ဖွင့်လှစ်ပေးနိုင်တာမျိုးမရှိသေးဘဲ နီးစပ်ရာ ကျေးရွာတချို့က နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တောတောင် ဥယျာဉ်ခြံတွေထဲမှာပဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါ တယ်။ “မိုးတွင်းလည်းဖြစ်နေတော့ မိုးရေထဲမှာ စိုစိုစွတ်စွတ်ဖြစ်နေတယ်။ အဓိကကတော့ လူငယ်ပိုင်းတွေထက် သက်ကြီးရွယ် အိုတွေ၊ ကလေးငယ်တွေပေါ့ ပြီးရင် နဂိုကတည်းကမှ ကျန်းမာရေးမကောင်းတဲ့ သူတွေမျိုးက တောထဲတောင်ထဲမှာ ပြေးနေရ တာမျိုးရှိတယ်။ မိုးထဲရေထဲမှာလုံလုံခြုံခြုံနဲ့ နေရတာမျိုးမရှိဘူး”လို့ ကိုယောနသံက ပြောပါတယ်။ https://www.facebook.com/photo/?fbid=688860173287063&set=a.605723148267433

၁၈။ ရှမ်းမြောက်မှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေ
     August 17, 2023

ရှမ်းမြောက် ကွတ်ခိုင် နဲ့ နမ့်ဖတ်ကာကြား နမ့်ခိုင်တံတားအနီး စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေ တပ်မတော် KIA ဘက်က ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ် ၁၇ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခွဲလောက်မှာ ကွတ်ခိုင်ဘက်ကနေမူဆယ်ဘက်ကို ဦးတည်ချီတက်လာတဲ့စစ်ကောင်စီစစ်ကြောင်း အင်အား ၂၀၀ ခန့် ကို နမ့်ဖတ်ကာမရောက်ခင် နမ့်ခိုင်တံတားနားမှာ KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်လိုက်ပြီး တိုက်ပွဲဖြစ်ပွားနေ တယ်လို့ ဒေသခံတွေပြောပါတယ်။ “အခု နမ့်ခိုင်ဂိတ်နား စစ်တပ်စစ်ကြောင်းနဲ့ KIA တိုက်ပွဲဖြစ်ပွားနေတယ်။ မနက်ကတည်းက ကွတ်ခိုင်ဘက်ကနေ စစ်အင်အားတွေ ကားနဲ့ရော ခြေလျင်နဲ့ရောတက်လာတယ်ကြားတယ်။ အခုအဲ့ဒီစစ်ကြောင်းကို KIA ဘက်က ပစ်ခတ်တာလို့ကြားတယ်။ လက်နက်ကြီးတွေလည်းပစ်နေတယ်။”  လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီစစ်ကြောင်းဟာမနေ့မှ လားရှိုးဘက်ကနေ စစ်ကောင်စီ စစ်ကား ၅၀ လောက်နဲ့ချီတက်လာတာဖြစ်ပြီး အင်အား ထက်ဝက်လောက်က ၀ ပြည်ဘက်လမ်းသို့ ဦးတည်သွားပြီး ကျန်အင်အားတစ်ဝက်က ကွတ်ခိုင်မူဆယ်ဘက်သို့ ဦးတည်ချီတက် လာတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ “မနေ့ကတည်းက လားရှိုးဘက်ကနေ စစ်အင်အားတွေ ပြန်ချီတက်လာတယ် ကြားတယ်။ အဲ့ထဲက တချို့က လောက်ကိုင်ဘက် ၀ပြည်လမ်းဘက်ကို သွားလိုက်တယ်ပြောတယ်။ အဲ့ဒီ အင်အား ၂၀၀ လောက် က ဒီဘက်ကွတ်ခိုင်မူဆယ်ဘက်ကို ချီတက်လာတာဟုတ်တယ်။ စစ်တပ်ကတော့ အဆက်မပြတ်အင်အားတွေ ပို့နေတုန်းအခြေ အနေပေါ့” ဟု ၎င်းကဆက်ပြောပါတယ်။ ရှမ်းမြောက် မူဆယ်ဘက်သို့ စစ်အင်အားပုံမှန်ပို့ဆောင်ကာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကွတ်ခိုင်နမ့်ဖတ်ကာကြား မှာ KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်ကာ တိုက်ပွဲမကြားခန ဖြစ်ပွားလျက် ရှိနေတာဖြစ်ပါတယ်။ https://burmese.kachinnews.com /2023/08/17/ld2-12/

၁၉။   စစ်ကောင်စီသင်္ဘောတွင် အချုပ်သားများနှင့် ဖမ်းဆီးခံရသည့် အရပ်သားများ ပါဝင်သည်ဟုဆို
       August 16, 2023

စစ်ကောင်စီတပ်က ၎င်းတို့ ဖမ်းဆီးထားသည့် အရပ်သားများနှင့် အချုပ်သားများ အပါအဝင် ပြည်သူ ၅၀ ဝန်းကျင်ကို ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများဖြင့် ခေါ်ဆောင်သွား ကြောင်း သိရသည်။ သင်္ဘောပေါ် ခေါ်ဆောင်သွားခံရသူများတွင် အကြောင်းအမျိုးမျိုးကြောင့် အချုပ်ကျနေသူများအပြင် ပြီးခဲ့ သည့် ဩဂုတ်လ ၈ ရက်နေ့က ရွှေကူလေး၊ ရွှေဘုံသာနှင့် ငါးဘတ်ဝကျေးရွာများမှ ဖမ်းဆီးခံရသည့် အရပ်သားများကို လက်ပြန် ကြိုးတုပ်ပြီး သင်္ဘောပေါ်သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရွှေကူဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။“အချုပ်သားတွေ ပါသွားတယ်။ ကျွန်မမောင်ရဲ့ သူငယ်ချင်းတစ်ယောက်လည်း ပါသွားလို့။ ဒီနေ့င်္ဘောနဲ့ ပါသွားတာ။ နိုင်ငံရေးရော၊ တခြားအမှုနဲ့ ဖမ်းမိတဲ့သူတွေရော၊ အားလုံးပေါင်း အယောက် ငါးဆယ်လောက်ရှိမယ်၊ ပါသွားတာ”ဟု ပြောသည်။

အချုပ်ကျနေသူများကို ဗန်းမော်ထောင်သို့ ခေါ်ဆောင်သွားမည်ဟု ကြားသိရကြောင်းနှင့် အရပ်သားများကိုမူ စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသုံးပြုမည်ဟု ယူဆရကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောဆိုသည်။ “ယောကျ်ားလေးတွေက စစ်သားလုပ်ခိုင်းမယ်လို့ ကြားထားတာ။ စစ်တပ်ထဲထည့်မှာ သေချာသလောက်ပဲ။ အင်အားသိပ်မရှိဘူး သူတို့မှာက။ ဘယ်တပ်ရယ်လို့တော့ မရှိဘူးပေါ့။ အားလုံးစုထားတယ်လို့ ကြားမိတယ်။”ဟု ပြောသည်။ အချုပ်သားနှင့် ပြည်သူ များကို တင်ဆောင်လာသည့် ယင်းစစ်ကောင်စီသင်္ဘောများသည် ရွှေကူဆိပ်ကမ်းမှ ဗန်းမော်မြို့သို့ ဆန်တက်သွားပြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သွားကြောင်း သိရသည်။ စစ်ကောင်စီသင်္ဘောများ ထွက်ခွာပြီး နောက် မြို့လှ KPDF တပ်ဖွဲ့က ရွှေကူမြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ https://www.facebook.com/photo/?fbid=685146913649202&set=a.605896064907621

၂၀။ ပုလောမှာ တပိုင်တနိုင်ရောင်းတဲ့ စျေးသည်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး
     August 17, 2023

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာက ဆိုင်ကယ်နဲ့တပိုင်တနိုင်စျေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မနက် ၄ နာရီလောက်က စျေးရောင်းဖို့ လိုအပ်တာတွေ ထွက်ဝယ်တဲ့ မမီးကမ်းကို ပလမြို့၊ လမ်းသစ်လို့ခေါ်တဲ့ လမ်းဆုံတစ်နေရာမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းထားလိုက် တာ လို့သိရပါတယ်။“အဲ့နားမှာ စစ်သားတွေပုံမှန်စစ်လေ့မရှိဘူး။ ‌ရှေ့နေ့တွေက ပြည်သူ့စစ်အိမ်တွေမီးရှို့ခံရပြီးကတည်းက ကား ငယ် နှစ်စီးနဲ့ နေ့နေ့ညညလှုပ်ရှားနေကြတာ။ ဘာကြောင့်ဖမ်းခံရတယ်တော့မသိဘူး။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါ တယ်။ လက်ရှိမှာတော့ မမီးကမ်းနဲ့ သူမစီးလာတဲ့ဆိုင်ကယ်ကိုပါ ပလမြို့ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ပလမြို့အမှတ်(၃)ရပ်ကွက်က ပလရဲစခန်းအနီးမှာရှိတဲ့ ပြည်သူ့စစ်လို့ဒေသခံတွေပြောတဲ့ မြို့ခံနှစ်ဦးရဲ့ အိမ်နှစ်ဆောင် လွန်ခဲ့တဲ့နှစ်ရက်က မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ညဘက်မှာ သေနတ်ငယ် တွေနဲ့ပစ်ခတ်ခြောက်လှန့်တာ၊ ဒေသတွင်းကင်းလှည့်တာတွေ ခပ်စိပ်စိပ်လုပ်ဆောင်လာနေတာပါ။ ပု‌လောမြို့နယ်ဟာ စစ်အုပ် ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်ဖြစ်ပြီး နေ့စဥ်နဲ့အမျှ လက်နက်ကိုင်တပ်ဖွဲ့တွေ တစ်ဖက်နဲ့တဖက်ခြောက်လှန့်ပစ်ခတ်တာ၊ အရပ်သားတွေဖမ်းဆီးခံရတာ၊ လက်နက်ကြီးကျည်ထိပြီး ထိခိုက်ဒဏ်ရာရတာ၊ ကုန်းလမ်းရော ရေလမ်းကပါ တပ်အင်အား ဖြည့်နေတာ စတဲ့လှုပ်ရှားမှုတွေ နေ့စဥ်နဲ့အမျှရှိနေပါတယ်။ https://www.facebook.c om/photo/?fbid=320499913701098& set=a.196212682796489

၂၁။  ကျိုက်ထို KRF ဒုတာဝန်ခံ၏ ယောက္ခမနေအိမ် ချိပ်ပိတ်ခံရ
      August 18, 2023

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အခြေစိုက် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ ကျိုက်ထိုတော်လှန်ရေး အင် အားစု (KRF) ဒုတာဝန်ခံ ကိုရဲသွေးနီရဲ့ ယောက္ခမပိုင် နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူ တွေက ပြောပါတယ်။ သြဂုတ် ၁၇ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ ကိုရဲသွေးနီ နေထိုင်ဖူးတဲ့ ယောက္ခမနေအိမ်ကို စစ်ကောင်စီတပ်၊ ရဲတွေအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လာရောက်ချိပ်ပိတ်သွားခဲ့ တာပါ။ စစ်ကောင်စီက ချိပ်ပိတ်သွားတဲ့ ကိုရဲသွေးနီးရဲ့ ယောက္ခမ နေအိမ်ဟာ ယောက္ခမရဲ့ အဘိုးဖြစ်သူ အမည်ပေါက် ပိုင်ဆိုင်တဲ့ နေအိမ်ဖြစ်တယ်လို့ သိရပါတယ်။ “ဒီအိမ်က ကျနော်ပိုင်တဲ့အိမ်လည်း မဟုတ်ဘူး၊ နေဖူးရုံပဲ ရှိတာ၊ ဒါကို သူတို့လည်း သိတယ်၊ ဘာမှ မဆိုင်တဲ့ မိသားစုဝင်တွေကို ဒုက္ခပေးချင်လို့ သက်သက်လုပ်တာ၊ စစ်အာဏာရှင်အောက်မှာ ဘယ်သူမှ လုံခြုံမှာမဟုတ် ဘူး” လို့ ကိုရဲသွေးနီက တုံ့ပြန်ပါတယ်။

စစ်ကောင်စီကတော့ ကိုရဲသွေးနီဟာ ကျိုက်ထိုမြို့ ဂွတ်ရှယ် ထမင်းဆိုင် ဗုံးဖောက်ခွဲမှု၊ ကျိုက်ထီးရိုးတောင်တက် ကားဂိတ်ပစ်ခတ်မှု အပါအဝင် ဘီးလင်း၊ သိမ်ဇရပ်နဲ့ ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုမှာ ကိုယ်တိုင်ပါဝင်တာ၊ နောက်ကွယ်ကနေ ပံ့ပို့ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီဟာ ကိုရဲသွေးနီကို သေဒဏ်၊ ထောင်ဒဏ်တသက်အပါအဝင် နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂(က) အပါအဝင် ပုဒ်မပေါင်း ၁၀ ခုထက်မနည်း ဖွင့်လှစ်ထားပါတယ်။ ကိုရဲသွေးနီဟာ သံပန်းသံတံခါးလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာကနေ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သလို ဇနီးဖြစ် သူ ကျောင်းဆရာမကလည်း အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားပါတယ်။ https://burmese.dvb.n o/post/610374

၂၂။  တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကာလ မကြာခင် ရောက်လာတော့မယ်လို့ NUG ဆို
      August 18, 2023

နယ်ပယ်ပေါင်းစုံမှာ ကျရှုံးနေတဲ့ စစ်တပ်နဲ့ စစ်ကောင်စီကို အနည်းငယ်မျှ နားခွင့်မပေးဘဲ အမြစ်ပြတ်တဲ့အထိ ဝိုင်းပတ် ချေမှုန်းမယ့် တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကာလ မကြာခင် ရောက်လာတော့မှာကို ယုံကြည်တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ မနေ့က ကျရောက်တဲ့ ကရင်နီပြည် တပ်မတော်-KA ရဲ့ (၇၅) နှစ်ပြည့်သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အဲ့ဒီလို ပြောဆိုထားတာ ဖြစ်ပါတယ်။ စစ်မြေပြင်မှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက စပြီး လေကြောင်း၊ သံချပ်ကာ၊ လက်နက်ကြီး အမြောက်၊ အတွဲလိုက်ပစ်ဒုံးတွေ အလွန်အကျွံ အသုံး ပြုပြီး ကရင်နီပြည်နယ်ကို ယနေ့အထိ ထိုးစစ်ဆင်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့ပေမယ့် စစ်ကောင်စီ အနေနဲ့ ရုပ်ပိုင်းဆိုင်ရာအင်အား ဘယ်လိုပဲ သာလွန်နေပါစေ ကရင်နီပြည် စစ်မြေပြင်မှာ စစ်ကောင်စီတပ်ဟာ အလူး အလဲ ရှုံးနိမ့်လျက် ရှိတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

တော်လှန်ရေး ၂ နှစ်တာ ကာလအတွင်း ကရင်နီ တပ်မတော်နဲ့တကွ ကရင်နီ အမျိုးသား တော်လှန်ရေးတပ်ဖွဲ့ တွေရဲ့ စုစည်းညီညွတ်မှု၊ ကြိုးစားအားထုတ်မှု၊ စွန့်လွှတ် အနစ်နာခံမှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီး ဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ ကရင်နီပြည် တပ်မတော်၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်နဲ့ အခြားသော တော်လှန်ရေး တပ်ဖွဲ့များရဲ့ ထက်သန်ပြင်းပြတဲ့ တော်လှန်တိုက်ခိုက်လိုစိတ်၊ စစ်ရေးစွမ်းရည်နဲ့ ပူးပေါင်း အားထုတ်မှုတွေကို အလေးအနက် ဦးညွတ် အသိတ်အမှတ် ပြုတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ မနေ့က ကျရောက်တဲ့ ကရင်နီပြည် တပ်မတော်-KA ရဲ့ (၇၅) နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည်နယ် တစ်နေရာမှာ ကျင်းပခဲ့ရာ သက်ဆိုင်ရာ တပ်မှူး၊ တပ်ဗိုလ်များ၊ ရဲဘော် ရဲဘက်များနဲ့ ပြည်သူလူထုများ တက်ရောက်ခဲ့ပါတယ်။ https://www.fa cebook.com/photo?fbid=322786866774431&se t=a.285900490463069

၂၃။  ကသိုင်းတောင်တိုက်ပွဲအပြီး စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး KIA  ထံ သေနတ်တစ်လက်နှင့်အတူ အလင်းဝင်          ရောက်
      August 17, 2023

ဖားကန့်မြို့အတွင်းက ကသိုင်းတောင် စခန်းသိမ်းတိုက်ပွဲအပြီး  စစ်ကောင်စီရဲ့ တပ်ကြပ်ကြီးတစ်ဦး ကချင်လွတ်လပ် ရေးတပ်မတော် (KIA)ဆီ လက်နက်နဲ့အတူ ဩဂုတ်လ ၈ ရက်နေ့က အလင်းဝင်ရောက်လာခဲ့လို့ သိရပါတယ်။ တပ်မ ၃၃ လက်အောက်ခံ၊ ခြေမြန်တပ်ရင်း (၁၁၉)၊ တပ်ခွဲ (၁) ကတပ်ကြပ်ကြီး နေမင်းအောင်ဟာ သေနတ်တစ်လက်နဲ့အတူ KIA တပ်ရင်း (၆) ဆီ အလင်းဝင်ခိုလှုံလာခဲ့တာဖြစ်ပြီး ထိုင်သင့်တဲ့ ဆုကြေးငွေ ပေးအပ်ခဲ့တယ်လို့ ဖားကန့်မြို့၊ KIA တပ်ရင်း(၆) မှာရှိတဲ့ အရာရှိ တစ်ဦးက ပြောပါတယ်။ “သေနတ်အပ် အလင်းဝင်လာတာ။ အလင်းဝင်လာတဲ့ သူတွေဆိုရင် ပေးသင့်ပေးထိုက်တာကို ဘယ်သူ့ ကိုမဆို ပေးတယ်။ သူက သေနတ်တစ်လက်နဲ့အတူ ဝင်လာတော့ပေးတာ။”လို့ KIA အထက်ပါအရာရှိက ဆိုပါတယ်။ ဩဂုတ်လ ၇ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ စစ်ကောင်စီရဲ့ ကသိုင်းတောင် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အချိန် နှစ်ဖက်တပ် ထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများခဲ့တယ်လို့လည်း ဆိုပါတယ်။

KIA က တိုက်ခိုက်သိမ်းပိုက်ပြီး နောက်တစ်နေ့မှာပဲ အဲဒီ တပ်စခန်းအနီးတစ်ဝိုက် စစ်ကောင်စီကနေ လေယာဉ်နဲ့ ပြန်လည် ပစ်ခတ်တဲ့အပြင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ပြီး ဒီကနေ့အထိ အဲဒီဒေသဘက်မှာ စစ်ရေးတင်းမာ နေတာပါ။ ဒါ့အပြင်  ဩဂုတ်လ ၇ ရက်နေ့မှာပဲ ဆယ်ဇင်းဘက်က  ရှမ်းနီ(SNA)တပ်နဲ့ KIA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး KIA က စခန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ https://www.facebook.com/photo/?fbid=306519548721712&set=a.2 66001999440134

၂၄။ နေပြည်တော်သို့ ထိုးဖောက်နိုင်ရန် စစ်ရေးအသာစီး ရထားပြီဖြစ်ကြောင်း သံတောင်မြောက်ပိုင်း တော်လှန်ရေး           အင်အားစုပြော
     August 16, 2023

ကရင်ပြည်နယ်နှင့် ကရင်နီ(ကယား)ပြည်နယ်အစပ်မှ နေပြည်တော်သို့ ထိုးဖောက်ဝင် ရောက်နိုင်ရေး ကရင်နီတော်လှန် ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် စစ်ရေးအရအသာစီးရထားပြီဖြစ်ကြောင်း သံတောင်မြောက်ပိုင်း (အထူး ဒေသ) ကာကွယ်ရေးတပ်ဖွဲ့-NTDF က ပြောဆိုသည်။ NTDF နှင့် ရှမ်း/တောင် ဖယ်ခုံ သစ်ကြိတ်(၁၀၀၄) တပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် ဩဂုတ်လ(၁၀)ရက်မှ (၁၄)ရက်နေ့အထိ ပျဥ်းမနားအရှေ့ဘက် တောင်တန်း ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်(၅၀)ခန့်သေဆုံးကြောင်း NTDF က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားပြီး လက်ရှိ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ မေးမြန်းရာတွင် NTDF ၏ ပြန်ကြားရေး တာဝန်ခံ ဦးမုတ်ဆိတ်က ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။“စစ်ရေးအရတော့ အသာစီးရထားပါတယ်။ ကျနော်တို့နဲ့ဖယ်ခုံ PDF နှစ်ဖွဲ့ ပေါင်းပြီး လုပ်ဆောင်တာပါ။ အင်အားကတော့ သိပ်မများပေမယ့် စစ်ရေးပူးပေါင်း ဆောင်ရွက် တဲ့အနေအထားပေါ့။ စစ်ကောင်စီ နဲ့ အဲဒီရက်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၇ ပွဲမှာ သူတို့ရဲ့ ဘို့မသံတောင်စခန်းကိုလည်း သိမ်းယူထားနိုင်ခဲ့ပါတယ်” ဟု ဦးမုတ်ဆိတ် က ပြောသည်။

ဩဂုတ်လ(၁၀)ရက်နေ့က ဖြစ်ပွားသည့် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်များလည်း သိမ်းဆည်းရမိခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အထိနာခဲ့ပြီးနောက် နေပြည်တော်နှင့် မိုင်နှစ်ဆယ်သာကွာ ဝေးသော အဆိုပါစခန်းအား ပြန်လည်သိမ်းယူရန် စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် ပစ်ခတ်မှုများ တန်ပြန်လုပ်ဆောင်ခဲ့သည်ဟု ၎င်းပြန် ကြားရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။ ၎င်းက “ဘို့မသံတောင်စခန်းက ပျဥ်းမနား(ရေနီ)ဘက်ကနေ ကရင်နီပြည်နယ် မိုးဗြဲနဲ့ ဖယ်ခုံမြို့တွေဘက်ကို ဆက်သွားလို့ရတဲ့စခန်း တစ်ခုလည်းဖြစ်တယ်။ စစ်ကောင်စီ အတွက်တော့ စစ်ရေးအရအရေးပါတဲ့ စခန်းတစ်ခုလို့လည်း ပြောလို့ရတယ်”ဟုဆိုသည်။ NTDF သည် သံတောင်ကြီးမြို့မြောက်ပိုင်းနှင့် ပျဥ်းမနားအရှေ့ဘက် တောင် တန်းဒေသတို့တွင် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ စစ်ကောင်စီအား တွန်းလှန် တိုက်ခိုက်နေသည့် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သလို မြောက်ပိုင်းနယ်မြေစိုးမိုးမှုအများအပြားရယူထားနိုင်သည့် တပ်ဖွဲ့တစ်ခုလည်းဖြစ်ကြောင်းသိရသည်။ https://kicnews.org/2023/08/%e1%80%94%e1% 80%b1%e1%80%95%e1%80%bc%e1%80%8a%e1%80%b a%e1

၂၅။  နမ့်ဆန်မှာ စစ်ကောင်စီတပ်က အရပ်သားကားတွေကို ချောဆွဲပြီး သွားလာမှုတွေရှိနေ
      August 18, 2023

တအာင်းဒေသ နမ့်ဆန်မြို့ကနေစစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်က အရပ်သားကားတွေကို ချောဆွဲနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။ နမ့်ဆန်မြို့နဲ့ နမ္မတူမြို့နယ် ပန်လုံကျေးရွာကြား စစ်ကောင်စီက စစ်ကြောင်း ၃ ခုခွဲကာ လီလုကျေးရွာ၊ ၁၇ မိုင်ကုန်းနဲ့ မန်ကန်ကျေးရွာထဲမှာ ခွဲပြီးနေထိုင်နေတယ်လို့ ဆိုပါတယ်။ အမည်မဖော်လိုတဲ့ နမ့်ဆန်မြို့နယ်က ဒေသခံအမျိုးသားတစ်ဦးက” ၁၇ မိုင်မှာစစ်ကြောင်းတစ် ကြောင်းရှိတယ်။ နမ့်ဆန်ကနေ သူတို့အရပ်သားကားကို ချောဆွဲပြီးလာ တယ်” လို့  ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးနေတာဟာ သူတို့ ရိက္ခာပို့ဖို့ လာတဲ့ကားတွေရှိနေတာကြောင့် လုံခြုံရေးလုပ်တာ ဖြစ်နိုင်တယ်လို့ ၎င်းကဆက်ပြောပါတယ်။

” သူတို့ရိက္ခာလာပို့တဲ့ကားရှိလို့ထင်တယ်။ ရွာသားတွေကိုတော့ ဘာမှခြိမ်းခြောက်တာတော့မရှိဘူး” မန်ကန်ကျေးရွာ ထဲမှာ ၁၅ ဦးဝန်းကျင်၊ ၁၇ မိုင်မှာ ၄၀ ကျော်နဲ့ လီလုကျေးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အရေအတွက်ကို မသိရသေးဘူး လို့ ဆိုပါတယ်။ နမ့်ဆန်မြို့နယ်အနီးတစ်ဝိုက်မှာ TNLA တပ်ဖွဲ့တွေလည်းရှိနေတာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ https://www.facebook.com/photo/?fbid=619331877040747&se t=a.404503215190282

၂၆။ ပရေကျေထလမ်းပျက်စီးသဖြင့် ဒေသခံများ သွားလာရေး ခက်ခဲနေ
     August 17, 2023

ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဩဂုတ်လ (၈) ရက်နေ့က မိုးများပြီး တောင်ကျရေတိုက်စားမှုဖြစ်ပွားခဲ့သဖြင့် ပရေကျေထတောင်တက်လမ်းနှင့် ပရေကျေထရွာနှင့်ရှမ်းရွာသစ်ကူးသော တံတားတစ်စင်းပြိုကျပျက်စီး သွားသောကြောင့် ပရေကျေထရွာ အနီးအနားရှိ ကျေးရွာများမှ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်နေသည်ဟု သိရသည်။ ပျက်စီးသွားသော လမ်းနှင့်တံတားကို ပရေကျေထရွာ၊ ရှမ်းရွာသစ်၊ ပေါဘောခီးရွာနှင့် မယ်ကတောခီးရွာစသော ကျေးရွာများမှ ဒေသခံများသည် ၎င်းလမ်းတံတားကိုသာ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးတို့ကို ပြုလုပ် နေရပြီး ယခုလိုပျက်စီးသွားသောကြောင့် ကျေးရွာ အတွင်းဒေသခံပြည်သူလူထုများ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး အခက်တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။ ပရေကျေထရွာသားတစ်ဦးက “လမ်းပျက်စီးတော့ အခုသွားလာရေးအခက်အခဲဖြစ်သွားတယ်။ ဈေးဝယ်စရာ ရှိရင် ပျက်စီးနေတဲ့ လမ်းဘေးကနေ ကြောက်ကြောက်နဲ့သွားနေရတယ်။ တောင်ကျရေကအတော်ပြင်းတယ်”ဟု ပြောသည်။

တောင်ကျရေ တိုက်စားမှုကြောင့် လမ်းနှင့်တံတားပျက်စီးသွားသလို ကားလမ်းဘေးနားရှိ မြေသားများမှာလည်း ဆက် လက်ပြိုကျနေသောကြောင့် မော်တော်ကားများသွားလာရန် အန္တရာယ်ရှိနေသည်ဟုလည်း ၎င်းက ဒေသခံ က ဆက်လက်ပြော ကြားသည်။“ဒီလမ်းက မနှစ်ကတည်းက သတိပေးထားတာ၊ အခုကအခြေအနေအတော်ဆိုးတယ်။ တောင်တက် လမ်းနှင့်ဂိတ် အရှေ့က တစ်လမ်းလုံးပြင်ရမယ်။ ကားတွေသွားလာဖို့ အရမ်းအန္တရာယ်များတယ်”ဟု နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူတစ်ဦး က ပြောသည်။ ကရင်ပြည်နယ်ရှိ၊ မြို့နယ်ဒေသများတွင် ယခုလအတွင်း မိုးရွာသွန်းမှုများကာ တောင်ကျရေ အကျများ သော ကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပြီး ပျိုးစပါးများ ပျက်စီးခြင်း၊ လမ်းတံတားများပျက်စီးခြင်းတို့ကို နေရာ အနှံ့ဖြစ်ပွားလျက်ရှိ သည်။ ထို့ကြောင့် ခရီးသွားပြည်သူများ၊ ကုန်ပစ္စည်းပို့ဆောင်ရေးနှင့် ဒေသခံပြည်သူလူထုများ သွားလာရေး အခက်အခဲများစွာ ကြုံတွေ့ရသည်ဟု သိရသည်။ https://kicnews.org/2023 /08/%e1%80%95%e1%80%9b%e1%80%b1%e1%80%80% e1%80%bb%e1%80% 

၂၇။ ပလရဲစခန်းအနီးကင်းလှည့်နေတဲ့ ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့်           အရပ်သား နှစ်ဦးဒဏ်ရာရ
    August 18, 2023

ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းအနီးတဝိုက်ကင်းလှည့်နေတဲ့ ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား တွေရဲ့ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ည ၇ နာရီ လောက်က ရဲစခန်းကနေ တိုကျေးရွာဘက်ကို အိမ်စီးကားနှစ်စီးနဲ့ ကင်းလှည့်နေစဥ် မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး အဲဒီတိုက် ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားတွေ သေနတ်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမှတ်(၃)ရပ် ကွက်က နေအိမ်အများအပြားကျည်ထိမှန်ခဲ့ပြီး အဲဒီထဲက ဦးမော်တင်ရှားရဲ့ခြေထောက်မှာ ကျည်ထိမှန်ခဲ့ကာ ပလတိုက်နယ် ဆေးရုံမှာဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။ တခြားအိမ်က နောက်အမျိုးသမီးတစ်ဦးမှာလည်းကျည်ထိမှန်ဒဏ်ရာနဲ့ မြိတ် ဆေးရုံကြီးမှာ ဆေးကုသမှုခံနေရတယ်လို့ ဆိုပါတယ်။

“အိပ်နေတုန်းကျည်လာထိတာ။ ညတွင်းချင်းဆေးရုံမသွားနိုင်ဘူး။ စွပ်စွဲဖမ်းဆီးခံရမှာစိုးလိုကြိတ်မှိတ်နေတာ။ မနက် ရောက်မှာတိုက်နယ်ဆေးရုံသွားရတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ဦးမော်တင်ရှားရဲ့အခြေအနေကို ပြောပြပါတယ်။ တပ်ကားနှစ်စီးမိုင်းဆွဲခံရတဲ့နယ်မြေဟာ အရင်က ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ထိန်းချုပ်နယ်မြေဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာမှာ စစ်ကောင်စီတပ်က ပြန်လည်နယ်မြေစိုးမိုးနိုင်ခဲ့တဲ့ နယ်မြေလည်းဖြစ်ပါတယ်။  သူတို့စိုးမိုးထားနိုင်တဲ့နယ်မြေမှာ ပုံမှန်ကင်းလှည့်နေတဲ့အချိန် အခုလိုတိုက်ခိုက်ခံလိုက်ရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့သုံးရက်ခန့်ကလည်း ပလရဲစခန်းအနီးမှာရှိတဲ့ ပြည်သူ့စစ်အိမ်နှစ်ဆောင်ကို မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ တတိယအပတ်ကလည်း တစ်မြို့နယ်လုံးမှာ စစ်ကောင်စီက နယ်မြေစိုးမိုးနိုင်ဆုံးဖြစ်တဲ့ ပုလောမြို့ပေါ်ရပ်ကွက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်မီးရှို့ခံခဲ့ရပါတယ်။ https://www.facebook.com/photo?fbid=320968773654212&set=a.196 212679463156

၂၈။  စစ်ရှောင်လူထုအတွက် ဆေးဝါးတွေလိုအပ်ချက်တွေကို လှူဒါန်းပေးဖို့ မူကယန်းလူမှုကူညီမှု အသင်းဖိတ်ခေါ်
     August 18, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက စစ်ရှောင်လူထုတွေကို ကျန်းမာရေးစောင့်ရှောင်မှုပေးနိုင်ဖို့ အတွက် ဆေးဝါးတွေလိုအပ်နေတာကြောင့် အလှူရှင်တွေအနေနဲ့ ဆေးဝါးတွေအတွက်လှူဒါန်းပေးဖို့ကို မူကယန်း လူမှုကူညီ ရေးအသင်း ကပြောပါတယ်။“လက်ရှိဆေးဝါးတွေ အရမ်းခက်ခဲနေတဲ့ အခြေအနေမျိုးတွေရှိတာပေါ့နော်။ လိုအပ်နေတယ်ပေါ့ နော်။”လို့ မူကယန်း လူမှုကူညီရေးအသင်းရဲ့ တာဝန်းရှိသူဖြစ်တဲ့ ခွန်းယောဟန်က ပြောပါတယ်။ အဆိုပါ မူကယန်းလူမှုကူညီ ရေးအသင်းဟာ လက်ရှိ ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာမှာ ဆေးခန်း ဖွင့်ထားပြီး တလလျှင် လူနာ ၁၂၀၀ ဝန်းကျင် လောက်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ဆိုထားပါတယ်။“လူနာတစ်ယောက်ရဲ့ ပေးတဲ့ ဆေးရဲ့ ပျမ်းမျှက ဥပမာ တစ်ချို့လူနာက ၃ ထောင်တို့ ၄ ထောင်တို့ တစ်ချို့လူနာက ၁သောင်းကျော်ထိ ပေးတဲ့ ဆေးရဲ့ တန်ဖိုးက အဲ့လောက်ရှိတယ်။ ပျမ်းမျှအားဖြင့်ပေါ့နော် ၅ ထောင်ကျော်လောက်ရှိတယ်။ ဆိုတော့ တစ်လတစ်လရဲ့ ကုန်ကျစရိတ်က သိန်း ၅၀/၆၀ ဝန်းကျင် လောက်ရှိတယ်ပေါ့နော်။ အလှူရှင်တွေကို ဖိတ်ခေါ်လိုတယ်။ ဒီလှူဒါန်းပေးဖို့ပေါ့နော် မူကယန်းဆေးပေးခန်းအတွက် မူကယန်း ရဲ့ ဆေးဝါးအတွက်ပေါ့နော် လှူဒါန်းပေးဖို့လိုတယ်”လို့ဆိုပါတယ်။

မူကယန်း လူမှုကူညီရေးအသင်းရဲ့ ဆေးခန်းကို နေ့စဥ်နေ့တိုင်းဖွင့်ထားပေးနေသလို အရေးပေါ်အခြေအနေမျိုးမှာလည်း လူနာအပေါ်မူတည်ပြီး ညအချိန်ထိ ဖွင့်ပေးနေတာရှိတယ်လို့ ဆိုပါတယ်။ လက်ရှိ ဆေးပေးခန်းတွက် ဆေးဝါးကုန်ကျ စရိတ်တွေ ကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေမရှိသေးပဲ ပြည်ပက အလှူငွေအနေနဲ့သာ လည်ပတ်နေရတယ်လို့ မူကယန်း လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ခွန်းယောဟန်က ပြောပါတယ်။ https://www.kantara waddytimes.org/%e1%80%8 5%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e 

၂၉။ မြန်မာနိုင်ငံတဝန်းအကူအညီလိုအပ်နေသူ ၁၈ သန်းအတွက်အကူအညီပိုပေးခွင့်ပြုဖို့ UNOCHA အကြီးအကဲ           တောင်းဆို
    August 18, 2023

မြန်မာနိုင်ငံတစ်ဝန်းမှာ အကူအညီလိုအပ်နေတဲ့ ပြည်သူ ၁၈ သန်းကျော်အတွက် လိုအပ်နေတဲ့ ရန်ပုံငွေ တိုးမြှင့်ချထား ပေးဖို့နဲ့ မြန်မာနိုင်ငံအတွင်းက ဒေသတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အကူအညီတွေ သွားရောက်ပေးအပ်ခွင့်ပြုဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အကြီးအကဲ Martin Griffiths  (မာတင် ဂရစ်ဖစ်) က တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌအပါအဝင် ဝန်ကြီးဌာန တချို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ ခရီးစဉ်အဆုံးမှာ UNOCHA အကြီးအကဲက သြဂုတ်လ ၁၇ ရက်နေ့က ကြေညာချက်ထုတ် ပြန်လိုက်တာပါ။ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် တိုင်းပြည် လူထုရဲ့ ၃ ပုံတပုံဟာ စာနာမှု ဆိုင်ရာအကူအညီတွေ လိုအပ်နေသလို ပြည်သူတွေကလည်း တိုင်းပြည်က တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီထက်ပိုပြီး ကူညီလုပ်ဆောင်ပေးကြဖို့ မျှော်လင့်နေကြကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နှစ်နှစ်အတွင်းမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက် တဟုန် ထိုးမြင့်တက်လာတာဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ်က အကူအညီ လိုအပ်သူ သုံးသိန်းရှစ်သောင်းကျော် ရှိရာ က၊ ၁.၉ သန်း အထိ တိုးလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်မှုတိုးလာနေပေမဲ့ ရန်ပုံ ငွေ ရရှိမှု နည်းပါးနေတဲ့အကြောင်း၊ အခုနှစ်ရဲ့ နှစ်တစ်ဝက်ကျော်ကာလအတွင်းမှာ လိုအပ်တဲ့ ရန်ပုံငွေရဲ့  ၂၂ ရာခိုင်နှုန်းပဲ ရသေး တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့က စစ်ကောင်စီခေါင်းဆောင်ကို ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲက တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးရေးကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတာက လက်ရှိ ကန့်သတ်မှုတွေနဲ့ပတ်သက်လို့ ဆွေးနွေး ညှိနှိုင်းဖို့ ဖြစ်နိုင်တယ်လို့ ယူဆရပေမဲ့၊ တိုးတက်မှု တစုံတရာ မြင်ရဖို့တော့ မျှော်လင့်ချက် သိပ် မရှိဘူးလို့ အရပ်ဘက် လူမှုကူညီရေး အဖွဲ့တွေက ပြောကြာထားပါတယ်။ https://www.youtube.com/ watch?v=BNig00aKiSc

၃၀။ တော်လှန်ရေး မအောင်မြင်ရင် မျိုးဆက် ၇ ဆက် ကျွန်လို ရုန်းကန်ရမယ် ကရင်နီပြည်တပ်မတော် စစ်ဦးချုပ်            သတိပေး
     August 17, 2023

တော်လှန်ရေး မအောင်မြင်ရင် သားစဉ်မျိုးဆက် ၇ ဆက် ကျွန်လို ရုန်းကန်ရမှာဖြစ်လို့ ကိုယ်ကျိုးအတ္တတွေ ဖယ်ရှားပြီး ကြိုးစားကြရမယ်လို့ ကရင်နီပြည် တပ်မတော်-KA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က သတိပေး ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ကရင်နီပြည် တပ်မတော်-KA (၇၅) နှစ်ပြည့်မှာ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က အဲ့ဒီလို ပြောဆို လိုက်တာဖြစ်ပါတယ်။“တော်လှန်ရေး မအောင်မြင်ရင် သားစဉ်မျိုးဆက် ၇ ဆက် ကျွန်ကဲ့သို့ ရုန်းကန်ရမည်ဟု အတတ်ပြောရဲပါ သည်။ ထို့ကြောင့် ကိုယ်ကျိုးအတ္တစိတ်တွေ ခေတ္တဥပေက္ခာပြုပြီး တပ်မှူးများမှ ဦးဆောင်လမ်းပြပေးပါရန်နှင့် တော်လှန်ရေး တပ်ဖွဲ့တွေဟာ ပြည်နယ်တစ်ခု ဒေသတစ်ခုရဲ့ ကိုယ်စားပြုမှုကို ရလာတာနဲ့အမျှ ဆက်လက် ကြိုးစားရမှာဖြစ်ပြီး ကျဆုံးသွားတဲ့ မိမိသွေးသောက် ရဲဘော်ရဲဘက်ရဲ့ ဝိညာဉ်နဲ့ အသက်ပေးကြတဲ့ ပြည်သူ ပြည်သားများရဲ့ မျက်နှာကို ထောက်ရှူရန်၊ မြို့ပျက် ရွာပျက် အိမ်ပျက် ဘဝပျက်သွားတဲ့ လူထုမျက်နှာကို ကြည့်ကြရန်နဲ့ နိုင်ငံရေး အချောင်သမားများ၊ ဘာသာရေး အချောင်သမား များကို မယုံကြည်ဖို့လည်း ဗိုလ်မှူးချုပ် အောင်မြတ်က ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြည်နယ်တစ်ခု ဒေသတစ်ခုရဲ့ ကိုယ်စားပြုမှုကို ရလာတာနဲ့အမျှ ဆက်လက် ကြိုးစားရ မှာဖြစ်ပြီး ကျဆုံးသွားတဲ့ မိမိသွေးသောက် ရဲဘော်ရဲဘက်ရဲ့ ဝိညာဉ်နဲ့ အသက်ပေးကြတဲ့ ပြည်သူ  ပြည်သားများရဲ့ မျက်နှာကို ထောက်ရှူရန်၊ မြို့ပျက် ရွာပျက် အိမ်ပျက် ဘဝပျက်သွားတဲ့ လူထုမျက်နှာကို ကြည့်ကြရန်နဲ့ နိုင်ငံရေးအချောင်သမားများ၊ ဘာသာရေး အချောင်သမားများကို မယုံကြည်ရန်လည်း သူကပြောပါတယ်။ ဒါ့အပြင် တော်လှန်ရေးကာလ အတွင်းမှာ သက်ဆိုင် ရာ တပ်ဖွဲ့တွေရဲ့ တပ်မှူး၊ တပ်သား၊ ရဲဘော်တွေ အနေနဲ့ ရန်သူနဲ့ ရန်ငါပြတ်နိုင်ရမယ်လို့လည်း ဗိုလ်မှူးချုပ် အောင်မြတ် ကပြော ပါတယ်။“တော်လှန်ရေး ဆိုသည်မှာ ‘သတ်သင့်သောသူကို သတ်ရမှာပဲ၊ သေသင့်သောသူလည်း သေရမှာပဲ’ ဒါဟာ တော်လှန် ရေး၏ နိယာမ သဘောတရားဖြစ်သည်။ ထို့ကြောင့် ရန်ငါ သိရမည်။ သို့မှသာ ရန်ငါပြတ်နိုင်မှာ တပ်မှူးတွေ မတွေဝေပါနဲ့” လို့ သူကပြောပါတယ်။ KA၊ KNDF ၊ KPDF စတဲ့ တော်လှန်ရေးတပ်ဖွဲ့များဟာ ကြေးစားတပ်များ မဟုတ်တာကြောင့် စည်းကမ်းရှိရ မယ်၊ ဥပဒေကို လေးစားရမယ်၊ လူ့အခွင့်အရေးကို လေးစားရမယ်၊ အမိန့်နာခံရမယ်၊ လူထုကို အတတ်နိုင်ဆုံး ကာကွယ်ပေးရ မယ်လို့ ဗိုလ်မှူးချုပ်အောင်မြတ် က ပြောပါတယ်။ ကရင်နီပြည် တပ်မတော်ကို ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့မှာ လွတ်လပ် သော ကရင်နီ ပြည်ထောင်စု တပ်မတော်-UKSIA အမည်နဲ့ စတင် ဖွဲ့စည်းခဲ့ပေမယ့် နောက်ပိုင်းမှာ ကရင်နီပြည် တပ်မတော်-KA လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။ ကရင်နီခုခံတော်လှန်ရေး နှစ်ဦးပိုင်းမှာ လွိုင်ကော်၊ မော်ချီး၊ ဖယ်ခုံ စတဲ့မြို့တွေကို သိမ်းယူနိုင်ခဲ့ ပေမယ့် လက်နက်အင်အားမမျှတာကြောင့် ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။ https://www.facebook.com/photo?fbid=32 2249576828160&set=a.285900490463069

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။