• Today is: Friday, April 26, 2024

စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများ ဆွေးနွေးပွဲ စကားဝိုင်း အကျဉ်းချုပ်

“စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများ ဆွေးနွေးပွဲ စကားဝိုင်း အကျဉ်းချုပ်”

ခူကြူးဖဲကေး -တာဝန်ခံ (Karenni IDPs Humanitarian Aid Network)

၁) ကရင်နီ ပြည်သူများက စစ်ဘေးရှောင် စရှောင်ကတည်းက “နိုင်ငံတကာ အကူအညီတွေ၊ ဘယ် INGOs တွေရဲ့ အကူအညီတွေ အခုချိန်ထိ ဘာတခုမှ လက်ခံ ရရှိခြင်းများ မရှိသေးဘူး မရသေးပါဘူး နိုင်ငံတကာ INGOs တွေရဲ့ အကူအညီကိုသာ စောင့်နေရရင်တော့ ကျနော်တို့ လူထုတွေက ငတ်ပြီး သေကုန်ကြမှာ ကြာပါပြီ လူထုကပဲ လူထုကို ပြန်လည်ကြည့်နေရတဲ့ အနေအထားပေါ့နော်၊ နိုင်ငံတကာ INGOs တွေကို ပြောချင်တာက ဥပမာ အခုလို လက်ရှိ ကာလထဲမှာ ကူညီပေးလို့ရတဲ့ နန်းဖု အိုင်တမ်း ဖြစ်တဲ့ ရှဲယ်တာတို့ ကျန်းမာ ရေးဆိုင်ရာ အထောက်အပံ့ ပစ္စည်းတွေကို ကူညီထောက်ပံ့ပေးလို့ရပါတယ်” အနည်းဆုံးတော့ ဒါတွေကို ထောက်ပံ့ ပေးနိုင်အောင် အလုပ်လုပ် ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

၂) နိုင်ငံတကာ အတိုင်းအဝိုင်းများအနေနဲ့ စစ်ဘေးရှောင်စခန်းများကို “တရားဝင် အသိအမှတ်ပြု လုပ်ဆောင် ပေးဖို့ တောင်းဆိုချင်တယ်။ ဥပမာ – လက်ရှိအခြေအနေများအရ ကရင်နီအပါအဝင် စစ်ဘေး ရှောင်နေရတဲ့ နေရာ ဒေသ သုံးမျိုး သုံးစားခွဲပြီး ဖော်ပြလို့ ရတယ် ၁) ပြည်တွင်းစစ်ရှောင်၊ ၂) နယ်စပ်စစ်ရှောင်၊ ၃) ဟုစ်ကန်ထရီး ဖြစ်တဲ့ ထိုင်းလို၊ အိန္ဒိယလို စစ်ရှောင်နေရတဲ့ ပြည်သူတွေရှိတယ်။ ဆိုတတော့ UN က အသိအမှတ်ပြုပေးရမယ်၊ UNHCR အောက်ကနေ အဓိက အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ တလက်စတည်းမှာ ထောက်ပံ့မူတွေ စတင်ပေးဖို့ လိုအပ်ပါပြီ” ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အတိုင်းအဝိုင်း အနေနဲ့ အလုပ်လုပ် ပေးဖို့ ပြောချင်ပါတယ်။

၃) တိုက်ပွဲဖြစ်နေတဲ့ ဘက်နှစ်ဘက်ဖြစ်တဲ့ “စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကို နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ UNHCR အနေနဲ့ တွေ့ဆုံပြီး စစ်ဘေးရှောင် ပြည်သူလူထုများနဲ့ တရားဝင်လမ်းကြောင်းကနေ ထောက်ပံ့မှုတွေပေးနိုင်ဖို့ ကြိုးစား လုပ်ဆောင်ပေးဖို့” လိုအပ်ပါတယ်။

ကရင်နီပြည်၏ စစ်ဘေးရှောင်စာရင်း အနည်းဆုံးတစ်သိန်းကျော်ရှိပါတယ်။ လူဉီးရေသုံးသိန်း ကျော်လောက် သာရှိတဲ့ ကျွန်တော်တို့ကရင်နီပြည်မှာ စစ်ဘေးရှောင်ဉီးရေ တစ်သိန်းကျော်ရှိပါတယ်။ စစ်ရှောင် စခန်းရယ်လို့ သတ်သတ်မှတ်မှတ်မရှိတော့ ဟိုပြေးရ၊ ဒီပြေးရနဲ့ သေနတ်သံကြားရင်ကိုယ့်အိမ်ကိုယ့်မြေ တွေကို စွန့်ခွာပြီး ထွက်ပြေးရတော့ အရမ်းအခက်အခဲရှိပါတယ်။ နိုင်ငံတကာကအကူအညီတွေလည်းမရပါဘူး။ ပြည်တွင်းကနေပဲ တတ်နိုင်သလောက်ရတဲ့အကူအညီအနည်းအကျဉ်းသာရှိပါတယ်။ စားနပ်ရိက္ခာ၊ အဝတ်အစား၊ ကျန်းမာရေး အတွက် ဆေးဝါး၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်တွေကအစ အများကြီးလိုအပ်ပါတယ်။

ကိုဗစ်နဲ့ပတ် သက်ပြီးတော့ စစ်ရှောင်စခန်းတွေမှာအရမ်းပျံ့နှံ့နေပါတယ်။ တပ်အရွှေ့အပြောင်းတွေက အဓိကစပျံ့တယ်လို့ ယူဆရပါတယ်။ မြန်မာပြည်အနှံ့ကတပ်တွေကို ကရင်နီပြည်ကိုပို့တဲ့အခါကျတော့ ဘာ ကွာရန်တင်းဝင်တာမှ မရှိဘူး၊ နောက်တစ်ချက်က အစိုးရအုပ်ချုပ်ရေးယန္တရားပြိုလဲသွားတဲ့အခါကျတော့ ကိုဗစ်နဲ့ ပတ်သက်ပြီးဘာမှ ထိထိရောက်ရောက်လုပ်နိုင်တာမရှိတော့ဘူး။ စစ်ရှောင်စခန်းတွေမှာ သောက်ရေအခက် အခဲရှိလို့ ကလိုရင်းထည့်သောက်ရပါတယ်။ ကလိုရင်းက သုံးလထက်ပိုထည့်သောက်လို့မကောင်းပါဘူး၊ သုံးလ ထက်ပိုရင် အရေပြားယားယံတာတို့ စတဲ့ရောဂါတွေထူလာပါတယ်။

အိမ်တွေမီးရှို့ခံရတာကတော့ ၃၀၀ နဲ့ ၅၀၀ ကြားမှာရှိပါတယ်။ ဆိုတော့ ဒီလောက် ထိခိုက် နှစ်နာ ဆုံးရှုံးမှုတွေအများရင်းထားသာဖြစ်တယ်။ တိုင်းရင်းသားတွေအတွက် အခုလက်ရှိကြုံနေရတဲ့ အခင်းအကျင်း အခြေအနေမရကို ကြည့်ပြီး ဖက်ဒရယ်ပေးရင်တောင် ကျွန်တော်တို့က တစ်ပုံပဲရမှာပါ၊ ချင်းလည်းတစ်ပုံပါပဲ။ ဒါပေမယ့်ပေးဆပ်မှုကတော့မတူပါဘူး။ ကျွန်တော်တို့ကရင်နီက အများကြီး ပေးဆပ်ထားရတာပါ။

ဆလိုင်းဗန်ကုန်း- (Documentation officer / Thantlang Placement Affairs Committee)

နိုင်ငံတကာအဖွဲ့အစည်းများသာမက “ပြည်တွင်း အဖွဲ့အစည်းများ အားလုံးအနေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို ချင်းပြည်သူ စစ်ဘေးရှောင်များအတွက် သာမက ၊ ကချင်၊ ကရင်၊ ကရင်နီ တို့နှင့် တခြားသော တနိုင်ငံလုံးက စစ်ဘေးရှောင်များအတွက် အကူအညီပေးကြဖို့ တောင်းဆိုချင်ပါတယ်”။

ထန်တလန်မှာ စက်တင်ဘာ ၉ ရက်နေ့ကစပြီး ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ဘေး ရှောင်ဦးရေ သိသိသာသာတိုးလာတာပေါ့၊ ကျွန်တော်တို့လက်လှမ်း မှီသလောက်ပြုစုထားတဲ့ စာရင်းတွေအရ ကျေးရွာတွေမှာ စစ်ဘေးရှောင်ဦးရေ ၁၃၀၀၀ ကျော်ရှိတယ်။ အိန္ဒိယပြည်မီဇိုရမ်မှာ ၁၃၀၀၀ ကနေ ၁၅၀၀၀ ကြားမှာရှိတယ်ပေါ့။ နိုင်ငံတကာကထိရောက်တဲ့အကူအညီတွေမရဘူး၊ ပြည်တွင်းကနေပဲ လှူကြတာနဲ့ပဲ ကျွန်တော်တို့တတ်နိုင် သလောက်ထောက်ပံ့ပေးနေရတာပေါ့။ အခုကအေးတဲ့ရာသီဆိုတော့ စောင်တွေအဝတ် အစားတွေလိုမယ်။

ကျန်းမာရေးအတွက်ဆေးဝါးတွေလိုအပ်ချက်ရှိမယ်။ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ mask တွေ၊ Hand jel တွေကအစလိုအပ်ချက်တွေရှိပါတယ်၊ ဆရာဝန်လည်း အရမ်းနည်းပါးပါတယ်၊ CDM ဝင်တဲ့ဆရာဝန်တွေပဲအနည်းအကျဉ်းရှိပါတယ်၊ လစာလည်းမရ၊ PPE ဝတ်စုံတွေလည်း လုံလုံလောက်လောက်မရှိတော့ သူတို့မိသားစုကိုတောင်ပြန်ကူးမှာ စိုးရိမ်ရပါတယ်။

ထန်တလန်မြို့က မီးလောင်သွားတဲ့အိမ်ခြေ ၅၀၀ ကျော်ရှိပါတယ်။ ထန်တလန်အိမ်ခြေက ၂၅၀၀ ဝန်းကျင်ရှိတာပေါ့။ ထပ်ပြီးလည်းဆက်လောင်နေမယ့်အရေအတွက်များလာဖို့ရှိတယ်။

Saw Kelly- ဒုညွန်မှူး (ကရင်ပြည်တွင်း ရွေ့ပြောင်းသွားလာသူများကော်မတီ)

နိုင်ငံတကာ အတိုင်းအဝိုင်းအနေနဲ့ ဆက်လက်ပြီး “လက်ရှိ အခြေအနေထက် ပိုပြီး အကူအညီပေးနိုင်အောင် နည်းလမ်းရှာ ကြိုးစားပေးဖို့လိုပါတယ်။ လက်ရှိအချိန်ထိ ဘက်ပေါင်းစုံကနေ ဝိုင်းဝန်းကူညီပေးနေကြတဲ့ အဖွဲ့အစည်း အသီးသီး လူပုဂ္ဂိုလ်များကိုလည်း ကျေးဇူးအထူးတင်ကြောင်း” ပြောလိုပါတယ်။

ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ဖာပွန်ဖက်မှာစစ်ဘေးရှောင်တွေရှိမယ်၊ နောက်မြဝတီကနေ ကိုး မိုင်လောက်အကွာမှာရှိတဲ့မြို့မှာ ၁၀၀၀၀ လောက်ရှိမယ်၊ ထိုင်းဖက်မှာလဲ ၅၀၀၀ လောက်ရှိမယ်၊ နောက် ကျွန်တော်တို့မသိတဲ့ နေရာတွေရှိအုံးမယ်။ အားလုံးပေါင်းဆိုရင် စစ်ဘေးရှောင်ဦးရေ ၂၀၀၀၀ ကနေ ၃၀၀၀၀ ကြား ဝန်းကျင်ရှိပါတယ်။

ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ထိထိရောရာက်ဆောင်ရွက်ပေးနိုင်တာ မရှိသေးပါဘူး။ သန့်ရှင်း တဲ့ရေမရတော့ သောက်ရေအခက်အခဲရှိပါတယ်။ ဒီစစ်ပွဲတွေနဲ့ပတ်သက်ပြီး တနိုင်ငံလုံးပူးပေါင်းပြီးအဖြေရှာကြပါ လို့ပြောချင်ပါတယ်။

—————————————–

အစီအစဉ်ကို တိုက်ရိုက် တင်ဆက်ခဲ့သည့် လူမှုကွန်ရက်စာမျက်နှာများ

– Federal Journal

– Kachin News Group

– Network Media Group

– Progressive Karenni People Force – PKPF

– Karenni voice

– ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်