• Today is: Friday, April 26, 2024

လေးကေကော်အား လေယာဉ် ပျံသန်းမှု ကင်းမဲ့ဇုန် သတ်မှတ်ပေးရန် ကေအဲန်ယူ ထပ်မှန်တောင်းဆို

ပုံစာ – စစ်ကောင်စီတပ် လေယာဉ် ဗုံးကျဲချမှုကြောင့် လေးကေးကော် ပြည်သူများ ညတွင်းချင်း ထိုင်းဘက်ထွက်ပြေးတိမ်းရှောင်နေရစဉ်။

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၄၊ ၂၀၂၀

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂၃ )ရက်နေ့ ည (၁၀)နာရီ (၁၀)မိနစ် အချိန်တွင် အာဏာသိမ်း စစ်ကောင်စီမှ ဗုံးကြဲလေယဉ်ပျံဖြင့်လေးကေကော်ဒေသကို ဗုံး (၂)လုံးလာကြဲသွားခဲ့ပါသည်။ ထို့ပြင် အာဏာသိမ်း  စစ်ကောင်စီ ဖက်မှလက်နက်ကြီးအချက်ပေါင်းများစွာဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ – ဗဟို က ထုတ်ပြန် ပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီသည် ဆိုးဝါးပြင်းထန်သော လူသတ်မှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှု များဖြစ်ပေါ်စေမည့် လေကြောင်းတိုက်ခိုက်မှုများအား လေးကေကော်ဒေသတွင်အချိန်မရွေး ပြုလုပ်လာနိုင် သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ ဦးစီးလျက်အရေးပေါ်အစည်းအဝေးများကျင်းပပြီး လေကြောင်းပျံသန်းမှု့ ကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် ဒီဇင်ဘာလ(၂၀)ရက်နေ့ကတည်းက ကေအဲန်ယူ-ဗဟိုက မှ ထုတ်ပြန်ချက် ထုတ်ပြန်တောင်းဆိုခဲ့ပါသည်။

ထိုသို့ထုတ်ပြန်ချက်ထုတ်ပြန်တောင်းဆိုနေ သည့်ကြားမှာပင် အာဏာသိမ်းစစ်ကောင်စီသည် လေကြောင်းမှ လာရောက် ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့်တကွ နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် ကေအဲန်ယူထုတ်ပြန်ချက်၏ အချက်(၅)အပိုဒ်(ခ)တွင်ပါဝင်သော လေးကေကော်ဒေသအား လေကြောင်း ပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးခြင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏လုပ်ရပ်များအား လစ်လျူမရှုပဲ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးပါရန် ထပ်မံတောင်းဆိုအပ်ပါသည်။