• Today is: Thursday, May 16, 2024

စစ်တပ်အာဏာသိမ်း ပြီးနောက် ကရင်နီပြည်တွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်း ( ၁၀၁ )ဦးထိ ရှိခဲ့ဟု PKPF ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်

ဧပြီ ၄၊ ၂၀၂၂

ကရင်နီလူငယ်များဖြင့် ဖွဲ့စည်းထားသည့် သုတေသနပြု သက်သေခံများ စုဆောင်းနေသည့် တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF)အဖွဲ့က စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်း ကရင်နီပြည်တွင် ကျဆုံး သွားသော အာဇာနည်သူရဲကောင်း ( ၁၀၁ )ဦးထိ ရှိခဲ့ဟု မနေ့ကထုတ်ပြန်ထားသည်။

PKPF ၏ ပြုစုထားသည့် စာရင်းများအရ အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်များ ၉၃၃ ဦးသေဆုံးကြောင်းလည်းသိရသည်။

တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF)သည် မည်သည့်အဖွဲ့အစည်း၏ ငွေကြေးထောက်ပံ့မှုများ ရယူခြင်းမရှိပဲ ကိုယ့်စာရိတ်ကိုယ်စိုက်ကာ ကရင်နီအမျိုးသားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာနိုင်ရေးအတွက် ကရင်နီလူငယ်များဖြင့် ဖွဲ့စည်းထားပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပိုမိုအားကောင်းစွာ သုတေသနပြုစု သက်သေခံ အချက်အလက်များ ကောက်ယူနေသည့် အဖွဲ့အစည်း တခုဖြစ်သည်။

PKPF ပြုစုထားသောစာရင်းများသည် မြေပြင်အခြေအနေကို အခြေခံထားသလို အဖွဲ့အစည်း အသီးသီး၏ ထုတ်ပြန်မှုအပေါ်လည်း အခြေခံ၍ စုဆောင်းထားသည့် အချက်အလက်များ ဖြစ်သောကြောင့် တချို့သော ကိန်းဂဏန်းများမှာ လွဲမှားနိုင်ကြောင်းလည်း အသိပေးထားသည်။

KNPP/KA ( ၁၀ )ဦး
KNDF ( ၃၆ )ဦး
PDF – DMO ( ၁၄ )ဦး
PDF- LK ( ၃ )ဦး
PDF – PK ( ၆ )ဦး
PDF – MB ( ၁၀ )ဦး
KPDF ( ၅ )ဦး
KDF ( ၂ )ဦး
KGZ ( ၄ )ဦး
JPDF ( ၄ )ဦး
FBR ( ၃ )ဦး
စုံစမ်းဆဲ PDF ( ၄ )ဦး
——————–
စုစုပေါင်း ( ၁၀၁)ဦး