• Today is: Tuesday, May 21, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ်လူမျိုပေါင်းစုံသတင်း

(No. 47, June 13, 2023)

၁။   ကြားကာလ ကရင်နီပြည်နယ်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာ
      June 12, 2023

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) (သို့မဟုတ်) ကြားကာလ ကရင်နီပြည်နယ်အစိုးရကို ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ ကောင်စီက ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကြေညာ သည်။ IEC ကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေးဦးဆောင်မှုနှင့် မူဝါဒ လမ်းညွှန်ချက်များအတိုင်း ဖွဲ့စည်းခြင်းဖြစ် ကြောင်း၊ IEC သည် စုပေါင်းခေါင်းဆောင်မှုဖြင့် ကြားကာလ ပြည်နယ်အစိုးရတရပ်၏ အုပ်ချုပ်ရေး အကောင်အထည်ဖော်ရန် အပါအဝင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများကို အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်၏တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ရန်နှင့် ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးကြား လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်ကြောင်းကြေ ညာချက်တွင်ပါရှိသည်။ IEC ၏ ပထမဆုံးဥက္ကဌဖြစ်ပြီး ကရင်နီအမျိုးများသားတိုးတက်ရေးပါတီ KNPP ၏လက်ရှိဥက္ကဌဖြစ်သော ခူဦးရယ် ကလည်း လက်ရှိတော်လှန်ရေးအခင်းအကျင်းအရ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများ စနစ်တကျလုပ်နိုင်ရန် စိန် ခေါ်မှုများကြားက IEC ကို ဖွဲ့စည်းရခြင်းဖြစ် ကြောင်း သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ ၎င်းက “လူထုဝန်ဆောင်မှုလုပ်ငန်း တွေကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ဆန္ဒပြုပါတယ်။ အခြားသောဒေသက ညီအကိုတွေလည်း မိမိတို့ပြည်နယ် လူထုရဲ့အကူညီနဲ့ မိမိတို့ဒေသနဲ့ကိုက်ညီတဲ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့တိုက်တွန်းပါတယ်”ဟုဆိုသည်။

IEC သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အကောင် အထည် ဖော်ဆောင်ရန်အပြင် လူထု၏ အဓိကလိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့် အခြေခံလိုအပ် ချက်တို့ကို ဖြည့်ဆည်းနိုင်ရန် ဖြစ်ကြောင်း ကြေညာချက်အရသိရသည်။ IEC သည် တော်လှန်ရေးအင်အားစုများကို ဆက်လက်စု စည်းကာ လူထုအား အကာအကွယ်ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ရဲဌာန၊ အကျဉ်းထောင်တို့ကို စနစ်တကျ စီမံခန့်ခွဲ၍ ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆက်လက်အကောင် အထည် ဖော်သွားမည်ဖြစ်သည်။ IEC ကို ကောင်စီဝင် ၆ ဦးဖြင့် ကနဦးဖွဲ့စည်း၍ ပြည်နယ်ရေးရာဌာန အနည်းဆုံး (၁၂) ဌာနထား ရှိသွားရန် ရည်မှန်းထားပြီး IEC ၏ ဥက္ကဌမှာ ခူဦးရယ် ဖြစ်ပြီး ဒုဥက္ကဌမှာ ခွန်းဘီထူး ဖြစ်၍ အတွင်းရေးမှူးမှာ ဒေါ်ဇူးပဒုမ္မာ ဖြစ် သည်။ IEC ကို နွေဦးတော်လှန်ရေးပြီးသည့်နောက် ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့် ကရင်နီပြည်အစိုးရသစ် ပေါ်ပေါက်လာချိန်တွင် သတ်မှတ်ထားသော ကာလသက်တမ်းနှင့်အညီ ရုတ်သိမ်းခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ https://www.fa cebook.com/photo/?fbid=6441696377 56227&set=a.600722605434264

၂။    ဟားခါး-ထန်တလန်ကြား လုံခါရ်တောင်တိုက်ပွဲတွင် CNA ရဲဘော် ၂ ဦးကျဆုံး
      June 12, 2023

ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြား လုံခါရ်တောင်တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်(CNA) က ရဲဘော် ၂ ဦး ယနေ့မနက်ပိုင်းတွင် ကျဆုံးခဲ့သည်ဟု သိရသည်။ ဇွန်လ ၁၂ ရက်နံနက် ၄ နာရီခွဲဝန်းကျင်ကစပြီး လုံခါရ်တောင်တွင် စစ်ကောင်စီ တပ်ဖွဲ့နှင့် ချင်းကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွါးခဲ့ရာ ထိုတိုက်ပွဲအတွင်း စစ်ကာင်စီတပ်ဘက်မှ လက်နက်ကြီး များဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့ရာမှာ CNA ရဲဘော် ၂ ဦးဖြစ်သည့် ဆလိုင် ဆန်းဦး ( ဟုန်လေး) နှင့် ဆလိုင်း ထောင်နောဟွေး ( ဆုန်ပီး)တို့ ကျဆုံးခဲ့ခြင်းဟု The Zotung Post ကဖော်ပြသည်။ “CNA မှာ တာဝန်ထမ်းဆောင်နေကြသော ZOTUNG လူငယ် နှစ်ဦးသည် ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလ န်ကြား Timit တိုက်ပွဲ၌ ဇွန်လ ၁၂ ရက် နံနက်ပိုင်းအချိန်တွင် ကျဆုံးသည်’’ ဟု The Zotung Post ကဖော်ပြသည်။

လွန်ခဲ့သည့် မေလ ၂၆ ရက်နေ့ မှစပြီး ဟားခါး- ထန်တလန်ကြား သီမြစ်လွင်ပြင်အနီးတစ်ဝိုက်နှင့် လုံခါရ် တောင်ဖက် တွင် စစ်ကောင်စီတပ် အင်အား ၁၅၀ ခန့် ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာ နေ့စဉ်ရက်ဆက်  တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲ အတွင်း ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကလည်း လက်နက်ကြီးများ ဖြင့် နေ့စဉ်ရက်ဆက် ပစ်ကူခဲ့သည်ဟု သိရသည်။ ၃ ပါတ်နီးပါးခန့်ရှိလာပြီဖြစ်သော ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက် အယောက် ၅၀ ဝန်းကျင်ခန့်သေဆုံးခဲ့ပြီး လက်နက်အချို့ကို လည်း သိမ်းဆည်းရမိခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သောသတင်းရင်းမြစ်က ဆို သည်။ ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်ကလည်း ရဲဘော် ၁၇ ဦးကျဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=725885329540523 &set=pcb.725885429540513

၃။    မိုးဗြဲမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပူးပေါင်းတပ်က ရဲဘော် ၄ ဦး ကျဆုံးခဲ့
      June 12, 2023

လင်္ကာရဘုန်းကြီးကျောင်းထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့များ (ဇွန် ၁၁ ရက်) က တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ “သူတို့ (စစ်ကောင်စီ)က ကျောင်းထဲကထွက်လာလို့ တိုက်ပွဲဖြစ်တာပါ၊ သူတို့က မိုးဗြဲကို ထိန်းချုပ်ဖို့ ကြိုးစား ပြီး လမ်းကြောင်းတွေကို ဖြတ်ပစ်ဖို့ ကြိုးစားနေတာပေါ့။ မြို့ကိုထိန်းချုပ်ချင်တာ​ရော ဖြတ်လေးဖြတ်လုပ်ချင်တာရော သူတို့ ရည်ရွယ်တယ်လို့ ယူဆပါတယ်။” လို့ မိုးဗြဲ PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီက တာဝေးပစ် လက်နက်ကြီးများ အကြိမ် ၁၀၀ ကျော်အသုံးပြုခဲ့တာကြောင့် ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မိုးဗြဲ PDF ရဲဘော် ၁ ဦး၊ KNDF တပ်ရင်း ၃ ရဲဘော် ၂ ဦး နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (URF) ရဲဘော် ၁ ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့ ပါတယ်။ စစ်ကောင်စီဘက်ကလည်း စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးဗြဲမြို့တွင်းကို စစ်ကောင်စီက အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာပြီး ဇွန် ၆ ရက်ကစလို့ ဘုန်းကြီးကျောင်း အတွင်း တပ်စွဲနေတာဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းအတွင်း တိမ်းရှောင်နေတဲ့ စစ်ရှောင်တွေဟာ ယနေ့အချိန်ထိ အပြင်ထွက် ခွင့်မရဘဲ ပိတ်မိ‌နေပြီး စစ်ကောင်စီက “ခေါ်ရင်ရပ် မေးရင်ဖြေ” အခြေအနေမျိုးနဲ့ နေထိုင်နေရတယ်လို့ ဘုန်းကြီး ကျောင်းထဲက လွတ်မြောက်လာသူ စည်ကား ၁ ဒေသခံ အမျိုးသမီးတဦးက ပြောပြခဲ့ပါတယ်။ https://www.faceb ook.com/photo/?fbid= 276307408255192&set=a.169994352219832

၄။    ကွတ်ခိုင်တွင် စစ်ကောင်စီစခန်းတစ်ခုကို KIA တိုက်ခိုက်
       June 12, 2023

ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယမန်နေ့ည ၉ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က သွား ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီခြေမြန်တပ် ခ.မ.ရ (၄၅) တပ်ကို KIA ကသွားရောက်ပစ်ခတ် တိုက်ခိုက်ပြီး နောက် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြော သည်။ “ဗျူဟာကိုသွား ပစ်တာ စစ်တပ်ဝန်းကို သွားပစ်တာပေါ့။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်တယ်၊ တောက်လျှောက်ပစ်တယ်။ အရင် ကဆိုရင်ဖြစ်တာနဲ့ပစ်ပြီး ငြိမ်သွားတယ်။ မနေ့ကတော့ နာရီဝက်ခြားတစ်ခါပြန်ပစ်တယ်။ ၁၂ နာရီလောက်အထိ ပစ်တယ်” ဟု ပြောသည်။

ယမန်နေ့ည အစောပိုင်းကလည်း လွယ်ဆိုင်ကုန်း (Loi seng kawng) တွင် စစ်ကောင်စီတပ်နှင့် KIA တို့ကြား အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “သူတို့အစပိုင်းက လွယ်ဆိုင်ကောင်မှာ အရင်ပစ်ကြ ပြီး တော်တော်လေးကြာအောင်ပစ်ကြပြီးမှ အဲ့ဒီနောက်တော့ ဒီဘက်စစ်တပ်ထဲကို အိမ်နဲ့တောင်နီးနီးလေးပဲ မြည်နေတယ်။ နှစ်နေရာမှာ ဖြစ်တာပေါ့။ နှစ်နေရာလုံးကွက်ခိုင်မှာပဲ။ သူတို့သွားပစ်တာက ဟိုးစစ်တပ်အထဲကို သွားပစ်တာပေါ့။ လက်နက်ကြီး တွေလည်း တအားပစ်ကြတယ်” ဟုပြောသည်။ ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာနှင့် နောင်ဆွေကျေးရွာကြားတွင် ဇွန်လ ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ https:// www.facebook.com/photo/?fbid=574982978162708&se t=a.535867405407599

၅။   မူးမြို့နယ်မှာ တစ်ရက်အတွင်း စစ်ကောင်စီတပ်ကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦးလည်း                 အဓမ္မပြုကျင့် သတ်ခံရ
      June 12, 2023

ကရင်ပြည်နယ် မူးနဲ့ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီကြောင့် တစ်ရက်အတွင်း ဒေသခံ ၄ ဦး သေဆုံးခဲ့သလို အမျိုးသမီး တစ်ဦးလည်း အဓမ္မပြုကျင့် သတ်ခံရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU)က ဇွန်လ ၁၁ ရက်မှာ ထုတ်ပြန်ထားပါ တယ်။ ဇွန်လ ၉ ရက်က KNU ရဲ့ တပ်မဟာ ၃ ဒေသ ခလယ်လွီထူခရိုင် မူးနဲ့ လယ်ဒိုမြို့နယ်ထဲ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိမှန်သေဆုံးခဲ့ရပြီး နေအိမ် ၃ လုံးလည်း လက်နက်ကြီး ထိမှန်ပျက်စီးသွားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ လူထုရဲ့ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံအမျိုးသားတစ်ဦးကို သတ်ဖြတ်ပြီး နောက်ထပ် အမျိုးသမီးတစ်ဦးကိုလည်း အဓမ္မပြုကျင့်ပြီး ပစ်သတ်ခဲ့တယ်လို့ မြေပြင်သတင် းပေးပို့ချက်တွေအရ သိရတယ်လို့ KNU က ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ ဒေသခံ ၂ ဦးရဲ့ အချက်အလက်ကို အတည်မပြုနိုင်သေးဘဲ အလောင်းကို ရှာမတွေ့သေးဘူးလို့ ဆိုပါ တယ်။ ဒေသခံတွေရဲ့ပြောကြားချက်အရ စစ်တောင်းမြစ်အတွင်းအလောင်း ၂ လောင်းမျှောပါလာပြီး အဲဒီစစ်တောင်းမြစ် အတွင်း မျှောလာတဲ့ အလောင်း ၂ လောင်းဟာ ပစ်သတ်ခံရတဲ့ ဒေသခံ ၂ ဦးရဲ့ အလောင်းဟုတ်မဟုတ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး ဘူးလို့ ဖော်ပြထားပါတယ်။ ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အပြစ်မဲ့ အရပ်သားတွေ အသက်ဆုံးရှုံးခဲ့ရတဲ့အပြင် နေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေမှာ မကြာခဏ ဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=583577227282879&s et=pcb.583577390616196

၆။    သရက်ချောင်းမြို့နယ်၊ ရငဲရွာကို စစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့ ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့
       June 13, 2023

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က ရွာကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသ ပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များက ပြောဆိုသည်။ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သရက်ချောင်းမြို့နယ်၊ ရငဲရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ရငဲရွာလည်လမ်းဆုံအနီးရှိ နေအိမ် ၁ လုံး၊ ကျေးရွာစာသင်ကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်တို့ကို ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင် ရွာလည်လမ်းဆုံ အရှေ့ဘက်ခြမ်းရှိ နေအိမ်များကို စစ်သားများက ထုဖွင့် ပြီး အဖိုးတန် ပစ္စည်းများကို ရှာဖွေခိုးယူလျက်ရှိကြောင်း၊ ရွာအတွင်း၌လည်း လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် များ ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှစတင်ပြီး ရငဲရွာ ဘောလုံးကွင်းဟောင်း ဘုန်းကြီး ပျံကွင်းအနီးတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။  တိုက်ပွဲများကြောင့် ရငဲရွာ ပြည်သူ များသည် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရပြီး ပြေးလွှားနိုင်ခြင်းမရှိသော သက်ကြီးရွယ်အိုအနည်းစုက ရွာထဲ၌ ကျန်ရှိနေ ဆဲဖြစ်ကြောင်း၊ ဒဏ်ရာရရှိ​သော သူများရှိခဲ့​ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ထို့ပြင် သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာတွင်တွင် စစ်ဘေးရှောင်ရင်း မိခင်အတွက် အိမ်ပြန် ဆေးယူပေးသည့် အသက် ၂၃ နှစ်အရွယ် ကိုဝေယံဟိန်းကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း သိရှိရသည်။ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန် သရက် ချောင်းမြို့နယ်၊ ရငဲရွာမှ ကိုဝေယံဟိန်းသည် မိသားစုနှင့်အတူ စစ်ဘေးရှောင်နေရာမှ မိခင်အတွက် လိုအပ်သည့် ဆေးပြန်ယူရန် အတွက် နေအိမ်သို့ ပြန်သွားသောအခါ ရွာထဲတွင် အသင့်စောင့်ဆိုင်း ကင်းပုန်းဝပ်နေသော စစ်တပ်က ကိုဝေယံဟိန်းကို ပစ်သတ် လိုက်ကြောင်း သိရှိရသည်။ “သူ့အမေက အရင်ကတည်းက ကျန်းမာရေးကောင်းတာမဟုတ်ဘူး။ သူက သူ့အမေကိုအရမ်းချစ် တာ။ အခုလည်း တားနေရဲ့နဲ့ဆေးသွားယူတာတဲ့ဗျာ” ဟု ကိုဝေယံဟိန်းရဲ့သူငယ်ချင်းဖြစ်သူက ပြောဆိုသည်။ “စစ်ခွေးတွေက ရငဲရွာလယ်လမ်းဆုံအနီးရှိ ကိုဝင်းစိုးအိမ်ဒေါ်လှမြင့်တို့အိမ်ကို မီးတင်ရှို့ပြီး ရွာလယ်လမ်းဆုံ၏အရှေ့ဘက်ခြမ်းရှိနေအိမ်တွေကို ထုဖွင့်၍ အဖိုးတန်ပစ္စည်းများရှာဖွေခိုးယူပါတယ်။ ဒါ့အပြင်မှာ ကျေးရွာစာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင် ဦးစိန်ဝင်း လက်ဖက် ရည်ဆိုင်ကိုလည်း ဒီနေ့ နေ့လယ်မှာ မီးတင်ရှို့ပါတယ်။ ရွာထဲမှာ လက်နက်ကြီးတွေ ပစ်ခတ်ပြီးနေ နေအိမ်တွေကို ဖျက်ဆီးပါ တယ်” ဟု ရငဲကျေးရွာသားတစ်ဦးက ပြောဆိုသည်။ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီစစ်​ကြောင်းဝင်ရောက်လာခြင်းနှင့် နှစ်ဖက်တိုက်ပွဲများကြောင့် ကနက်သီရိရွာနှင့် ရငဲရွာအပါအဝင် ကျေးရွာ ၆ ခုမှ ပြည်သူ ၃၀၀၀ ဝန်းကျင် ထွက်ပြေးနေရကြောင်း သိရှိရသည်။ https://www. facebook.com/photo/?fbid=612914454269498&set=pcb.612915267602750

၇။    စစ်ဘေးရှောင်တွေရဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာ ပုံနှိပ်စာအုပ်၊သင်ထောက်ကူပစ္စည်း လိုအပ်
       June 12, 2023

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်တွေရဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာ ပုံနှိပ်စာ အုပ်၊ စာရေးကိရိယာ နဲ့ သင်ထောက်ကူပစ္စည်းတွေ လိုအပ်ချက်ရှိနေတယ်လို့ စာသင်ကြားပေးတဲ့ ဆရာမတစ်ဦးက ပြောပါ တယ်။ ” (၅)တန်းကလေးဆို နှစ်စုံပဲရှိတယ်ပေါ့နော်။ (၅)တန်းကလေး ဆယ်ယောက်ကျော်ကျော်ရှိပေမဲ့လဲ နှစ်စုံပဲရှိတော့ သူတို့ တွေ မိန်းကလေးတစ်စုံကြည့်ရတယ် ယောကျာ်လေးတစ်စုံ ကြည့်ရတယ်ပေါ့နော်။ သူတို့တွေဆို အရမ်းခက်ခဲနေတယ်ပေါ့နော။” လို့ အဆိုပါ ဆရာမက သင်ကြားရေးပိုင်းမှာ ကြုံရတဲ့ အခက်အခဲကို ပြောပါတယ်။ စာသင်ကြားရာမှာ လိုအပ်တဲ့ သိပ္ပံပစ္စည်း၊ သံလိုက်အိမ်‌မြှောင်၊‌ ရုပ်ပြပုံများ စတဲ့ သင်ထောက်ကူတွေ မရှိတဲ့အတွက်ကြောင့် တချို့သင်ခန်းစာတွေမှာ အခက်တွေ့ရတယ်လို့ လဲ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ပညာရေးနဲ့ပါတ်သက်ပြီး  ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ဆရာများသမဂ္ဂ၊ မြို့နယ်ပညာရေး ဘုတ်အဖွဲ့၊ ကျောင်းသားသမဂ္ဂနဲ့ အလှူရှင်တွေက ကူညီဆောင်ရွက်တာရှိပြီး ကျောင်းတွေအကုန်လုံးကိုကူညီ ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ ” ဒါကလည်း ကျွန်တော်တို့တစ်စု တစ်ဖွဲ့ အနေနဲ့ပဲ ကျွန်တော်တို့ကူညီခဲ့တာ မဟုတ်ပါဘူးပေါ့နော်။ကျွန်တော်တို့ ဒီဆရာသမဂ္ဂ၊ မြို့နယ်ပညာရေးဘုတ်တွေ ၊ ပြီးတော့မှ အလှူရှင်တွေနဲ့ ပူပေါင်းဆောင်ရွက်မှုဖြင့် ကျွန်တော်တို့ ကူညီခဲ့တာပေါ့နော်။ ဆိုတော့ ဒါတွေကလည်း ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် လုပ်နိုင်ခဲ့တဲ့အရာလို့ပဲ ကျွန်တော်တို့ယူဆ‌တယ်ပေါ့နော်။”လို့ အဆိုပါ အဖွဲ့ဝင်က ဆိုပါတယ်။ တစ်ဖက်မှာ လည်း ကျောင်းသုံး ပုံနှိပ်စာအုပ်တွေဟာ ဈေးကြီးပေးဝယ်ရတဲ့အတွက်လည်း အခက်အခဲရှိနေပြီး အလှူရှင်တွေ မိဘပြည်သူတွေ အနေနဲ့ ပညာရေးဖက်ကို အာရုံစိုက်ပေးဖို့နဲ့ လိုအပ်ချက်တွေကို ကူညီပေးဖို့ သူက တိုက်တွန်းထားပါတယ်။ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတွေမှာ ကိုယ်ထူကိုယ်ထကျောင်း စုစုပေါင်း (၁၀၀)ကျော် ရှိပြီး ကျောင်းသူ၊ကျောင်းသားဦးရေ (၁၀၀၀၀) နီးပါးရှိတယ်လို့ သိရပါတယ်။ https://www.facebo ok.com/photo/?fbid=648933997273176&set=pcb.648934 887273087

၈။  လားရှိုး မန်ဘန်‌ရွာမှာ စစ်ကောင်စီနဲ့ MNDAA တို့ တိုက်ပွဲဖြစ်၊ လက်နက်ကြီးထိလို့ အမျိုးသမီးတစ်ဦး သေဆုံး
     June 12, 2023

ရှမ်းမြောက် လားရှိုးမြို့နယ် ဟိုနားပန်ဟုန်ကျေးရွာအုပ်စု မန်ဘန်ရွာမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဇွန်လ ၁၁ ရက် နေ့လယ် ၁ နာရီ‌ဝန်းကျင်က စစ်ကောင်စီက စစ်ကြောင်း ထိုးလာရာ MNDAA နဲ့ ထိပ်တိုက် ထိတွေ့ခဲ့ပြီး ၃ နာရီကျော်ကြာ တိုက်ပွဲ ပြင်းထန် ခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကြီး နေအိမ်ပေါ် ကျရောက်ပေါက်ကွဲလို့ ဒေါ်မာယွန် (၃၈ နှစ်)နဲ့ လသားအရွယ် ကလေးငယ်ကို ထိမှန်ခဲ့တယ်လို့ မန်ဘန်ဒေသခံတစ်ဦးက ပြောပါတယ်။ “ရွာက သားအမိ ထိတယ်။ မိခင်ဖြစ်သူတော့ ဆုံးသွားပြီ။ ကလေးက တော့ ၈ လသားပဲရှိသေးတယ်။ အရေးပေါ် ဆေးရုံမှာတင်ထားတယ်။ လက်နက်ကြီး က အိမ်‌‌ခေါင်မိုး‌ပေါ်မှာ လာကျတာ။ သူတို့ သားအမိက အိမ်ထဲမှာ ပုန်းနေတုန်း လက်နက်အစ ထိမှန်သွားတယ်” နေအိမ် ၃ အိမ် လက်နက်ကြီး ထိမှန်ပြီး နေအိမ် ၅ အိမ်က တော့ လက်နက်ငယ် ထိမှန်ခဲ့သလို ရွာကို စစ်ကောင်စီတပ် အကာ အကွယ်ယူပြီး MNDAA နဲ့ စစ်တိုက်နေတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး သူက “စစ်ကြောင်းထိုးလို့ ဖြစ်တာ။ ကျနော်တို့ရွာထိပ်မှာ ကိုးကန့်တွေရှိတယ်။ တပ်မတော်က ကျနော်တို့ ရွာကို ဝင်လာတာ။ အဲဒါနဲ့ ထိတွေ့ပြီး ဖြစ်ကြတာ။ ကိုးကန့်က အပြင်မှာ တပ်မတော်က ရွာထဲမှာ ပြည်သူတွေနဲ့ ရောနေတာ ပြည်သူတွေကို သူတို့(စစ်ကောင်စီ)က Cover (အကာအကွယ်)အနေနဲ့လုပ်တော့ ဟိုကလည်း(MNDAA) သူတို့ကို ပစ်တယ်ဆိုပြီး ကျနော်တို့ရွာကို ထိခိုက်တာပေါ့” လို့ ပြောပါတယ်။ မန်ဘန်ရွာခံတွေဟာ နီးစပ်ရာ ဆွေမျိုးအိမ်မှာ ထွက်ပြေးတိမ်းရှောင်နေပြီး သက်ကြီးရွယ်အိုနဲ့ စားသောက်ဖို့ အခက်အခဲရှိတဲ့ ‌ရွာခံ ၄၈ ဦးကို လားရှိုးမြို့ ရပ်ကွက် ၂ စံကောင်းလမ်းက ချက်စ်ကျောင်းမှာ ပို့ဆောင်ထားလိုက်တယ်လို့ သူက ပြောပါတယ်။ မန်ဘန်ရွာထဲ စစ်ကောင်စီက တပ်စွဲထားပြီး စစ်ရေးတင်းမာနေဆဲလို့ သိရပါ တယ်။ https://www.facebook.com/photo/?fbid=583936990 580236&set=pcb.583937347246867

၉။    စစ်ကောင်စီတပ်က ဖမ်းထားတဲ့  ဘန်းလမွတ်ရွာသားတွေနဲ့ ဆိုင်ကယ်တွေကို ငွေနဲ့ပြန်ရွေးခိုင်း
       June 12, 2023

တနင်္သာရီမြို့နယ်ထဲကို ဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုက ဘန်းလမွတ်ရွာက ဒေသခံတွေနဲ့ ဆိုင်ကယ် တွေကို အတင်းလုယူ၊ ဖမ်းဆီးပြီး ပိုက်ဆံနဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလ ၁၀ ရက်နေ့ မနက်ပိုင်း က ဘန်းလမွတ်ရွာထဲဝင်လာတဲ့ အင်အား ၃၀ ကျော်ရှိတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းဟာ ရွာသားတွေကို အိမ်တွေထဲကနေ လမ်းမပေါ်ထွက်ခိုင်းပြီး ဒူးထောက်လက်မြှောက်ထိုင်ခိုင်းထားကာ အိမ်ခြံဝင်းတွေထဲမှာ ရှိနေတဲ့ ဆိုင်ကယ်တွေကို ကျေးရွာ စာသင်ကျောင်းကို သယ်ယူသွားတယ်လို့ သိရပါတယ်။ ဆိုင်ကယ်တွေကို သယ်ပြီးနောက် ဒူးထောက်ထိုင်ခိုင်းထားတဲ့ ရွာသား တွေကိုလည်း ကျေးရွာစာသင်ကျောင်းဆီ ဖမ်းခေါ်သွားခဲ့ကာ အရပ်သားတစ်ဦးကို ငွေကျပ် ၄ သိန်းကနေ သိန်း ၂၀ အထိသတ် မှတ်ကာ ပြန်ရွေးယူခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြန်ရွေးယူခိုင်းရာမှာလည်း လူတင်မက သိမ်းသွားတဲ့ ဆိုင်ကယ် တွေရဲ့ အမျိုးအစားပေါ်မူတည်ပြီး လက်ရှိပေါက်စျေးရဲ့ တစ်ဝက်ကို တောင်းတယ်လို့ သိရပါတယ်။

“ပိုက်ဆံနည်းနည်း ပိုရှိတဲ့သူတွေကိုဆို တစ်စျေး၊ မရှိတဲ့သူက တစ်စျေး။ အဲ့လိုသတ်မှတ်တာမျိုး ထင်ပါတယ်။ လူတွေ ကိုတော့ဘယ်ဟာမူတည်ပြီး စျေးသတ်မှတ်တယ်မသိဘူး။ ကလစ်ဆိုင်ကယ်တစ်စီးဆို သိန်းနှစ်ဆယ်နဲ့ပြန်ရွေးလိုက်ရတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အဆိုပါ ဒေသခံပြောပြချက်အရ ပိုက်ဆံနဲ့ပြန်ရွေးထုတ်ယူခဲ့တဲ့ ဘန်းလမွတ်ရွာ သား တချို့နဲ့ ဆိုင်ကယ်တချို့ ရှိတယ်လို့ သိရပါတယ်။ ကျေးရွာစာသင်ကျောင်းမှာ ကျန်နေတဲ့ ဖမ်းဆီးထားတဲ့ ရွာသားတွေနဲ့ ဆိုင်ကယ်အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်နေကြတဲ့ ရွာသားတွေရဲ့ လူမရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ရိုက်ဖျက်၊ ဝင်ရောက်ပြီး စားနပ်ရိက္ခာအပြင် အိမ်ရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူကာ ကုန်မာဆိုင်တွေမှာ ပြန်ရောင်းနေတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါ တယ်။ ဒေသခံအမျိုးသားတစ်ဦးက “အဲဒါတွေ(ခိုးယူထားတာတွေ) အကုန်ကားနဲ့ တင်သွားပြီး ဇဝဲစစ်တပ်ရှေ့က ဆိုင်တွေမှာ ပြန်သွားရောင်းတာ။ ဆန်တစ်အိတ်ကိုဆို လေးသောင်းနှုန်းနဲ့ပြန်ရောင်းတယ်။” လို့ ပြောပါတယ်။ အခုလ ၆ ရက်နေ့က ရမ်းဖိုရွာ၊ ချောင်းညီကိုရွာ၊ ဘန်းလမွတ်ရွာ တွေဘက်မှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးကတည်းက စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်တဲ့ နေရာတွေနဲ့ အနီးတဝိုက်ကိုစစ်ကြောင်းထိုးတာ၊ အရပ်သားဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ https://www. facebook.com/photo/?fbid=286852953732461&set=a.196212682796489

၁၀။   ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်းကိုကြိုဆိုကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့မှ                    သဝဏ်လွှာပေးပို့
       June 12, 2023

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ကိုစတင်ဖွဲ့စည်းတဲ့အပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့  ကိုးကန့် တပ်ဖွဲ့(MNDAA)၊ တအာင်းတပ်မတော် (TNLA)၊ ရက္ခိုင်တပ်မတော်(AA) တို့မှ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ မြန်မာ နိုင်ငံအတွင်း မှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေဟာ ကိုယ့်လူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့အပြင် အကာအကွယ်ပေးနိုင် ရေး၊ သယံဇာတနဲ့ အခွန်ဘဏ္ဍာတွေကိုလည်း ကိုယ်တိုင်စီမံခွင့်ရရှိရေး၊ ပြည်သူ့ဝင်ဆောင်မှုများကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ကြလို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာမှာ ရေးသားထားပါတယ်။ ဒါအပြင် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ ဒေသဖွံ့ဖြို့တိုးတက်ရေးအပါအဝင် အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းဆုံးဖြတ်ခွင့်၊ ကိုယ်ကံကြမ္မာ ကိုယ် ဖန်တီးနိုင်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး နည်းလမ်းတွေကိုလည်း အများတိုင်းရင်းသားနဲ့နည်းတူ ကြိုးပမ်းဆောင်ရွက်လာတာ နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ပြီလို့လည်း ပြောထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ နိုင်ငံရေးထဲမှာ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း အသစ် တွေနဲ့အတူ နဂိုရှိပြီးသား လက်နက်ကိုင် အဖွဲ့တွေလည်း ကိုယ့်အဖွဲ့အစည်းရဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်ချက်တွေကို နည်းလမ်း အမျိုးမျိုးနဲ့ အရှိန်အဟုန် အကောင်အထည် ဖော်ဆောင်လာကြတဲ့အထဲမှာ ကရင်နီလူမျိုးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ အခြေအနေနဲ့ လိုက်လျောညီထွေစွာ ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းနိုင်ခြင်း အနေ နဲ့ ကရင်နီလူမျိုးမှ နောက်ထပ် ခြေလှန်းအသစ်တစ်ခုမှ ရဲဝံ့စွာလှန်းနိုင်တဲ့အပေါ်မှာ မိမိတို့အဖွဲ့မှ အပြုသဘောနဲ့ ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။ ကရင်နီလူမျိုးဟာ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီကို လွန်ခဲ့တဲ့ ၂၀၂၁ ဧပြီလ ၉ ရက်မှာ စတင်ဖွဲ့စည်း ခဲ့ပြီးနောက် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ၂၀၂၃ ဇွန်လ ၁၂ ရက်မှာ ဖွဲ့စည်းနိုင်တာကိုလည်း ဝမ်းသာပီတိ ဖြစ်မိတယ်လို့ ဆိုထားပါတယ်။ ကရင်နီလူမျိုးအနေဖြင့် ကိုယ့်လူမျိုး၊ အဖွဲ့အစည်း၊ ကောင်စီအတွက် အကောင်းဆုံး စွမ်းဆောင် နိုင်ပြီး မျှော်မှန်းထားတဲ့ စစ်ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်တွေ အမြန်ဆုံးအကောင်အထည် ဖော်နိုင်စေဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ဆုတောင်းရင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။ https://www.facebook.com/photo/?fbid=583872107253391&set=a.404 503215190282

၁၁။    မြေရှားစီမံကိန်းများကို ဆန့်ကျင်ကန့်ကွက်ပါက ဖမ်းဆီးထောင်ချမည်ဟု KIA ခြိမ်းခြောက်
        June 12, 2023

ချီဖွေမြို့နယ်တွင် မြေရှားသတ္တုတူးဖော်နေသည့် စီမံကိန်းများကိုကန့်ကွက်လျှင် ဖမ်းဆီးထောင်ချမည်ဟု ကချင်လွတ် မြောက်ရေးတပ် (KIA) က ဒေသခံပြည်သူများကို ခြိမ်းခြောက်နေကြောင်း ဒေသခံများထံမှ သိရသည်။ KIA တပ်မဟာ (၇) တပ်ရင်း (၃၂) နှင့် (၃၃) က လွန်ခဲ့သည့် မေလမှစတင်ကာ ဖရဲကျေးရွာတွင် မြေရှားသတ္တုစမ်းသပ်တူးဖော်ရေးပြုလုပ်နေမှုများကို ဆန့်ကျင်ကန့်ကွက်သူများကို ထောင်ချမည်ဖြစ်ကြောင်းပြောသည်ဟု ဖရဲဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “အရင်က တော့ KIA အရာရှိတွေ ဒေသခံတွေကန့်ကွက်တာကို နားထောင်သေးတယ်၊ အခုကဖရဲကျေးရွာမှာ လုပ်လာတာကို ကန့်ကွက်ရင် ခြိမ်းခြောက်တယ်။ ဗဟိုကအမိန့်ဟုတ်တယ်ဆိုပြီးပြောတယ်။ ကျွန်တော်တို့က ဘာလုပ်ရမလဲတောင်မသိတော့ဘူး။ ဒီမှာက ကချင်စကားလည်းသိပ်မပြောတတ်ဘူး တောင်ပေါ်ဒေသဆိုတော့ ကြောက်ပဲကြောက်နေရတယ်” ဟုပြောသည်။ ကန့်ကွက် သည့် ဒေသခံပြည်သူများကို အမျိုးသားနှင့် အမျိုးသမီးခွဲကာ မြို့နယ်ရုံးရှိ အကျဉ်း ထောင်နှင့် တပ်ရင်းအတွင်းရှိ အကျဉ်းထောင် များတွင် အကျဉ်းချမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းနှင့် အဆိုပါနေရာသုံးခုတွင် အကျဉ်းထောင် ခုနှစ်ခုတိုးချဲ့ဆောက်လုပ် ထားကြောင်း ဒေသခံများထံက သိရသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်မှ စတင်ကာ ဖရဲကျေးရွာအနီးရှိ ရှီထီးဖူးနှင့် ချန်းမောခူးဒေသ တို့တွင် မြေရှားသတ္တု တူးဖော်နေပြီဖြစ်သော်လည်း ဖရဲကျေးရွာ၏ အထက်နှစ်မိုင်ခန့်အကွာတွင် ပြီးခဲ့သည့် မေလမှစတင်ကာ မြေရှားသတ္တုစမ်းသပ်တူးဖော်မှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း ဒေသခံလူငယ်တစ်ဦးက ပြောသည်။ “မြေရှားတူးဖော်နေတာ က “ဝ” ကုမ္ပဏီနဲ့ (KIO) အစိုးရတွေ ပူးပေါင်းပြီးတူးနေတာဟုတ်တယ်။ ကန့်ကွက်ရင် ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်တယ် သူတို့ကလက်နက်နဲ့ဆိုတော့ ဘာမှလုပ်လို့မရဘူး” ဟုပြောသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က အဆိုပါစမ်းသပ်တူးဖော်ရေးပြုလုပ်နေသည့် နေရာကို ဒေသခံလူငယ်သုံးဦးက သွား ရောက်ကြည့်ရှုရာ ထိုညတွင် KIA တပ်ဖွဲ့ဝင်များက နေအိမ်မှလာရောက်ဖမ်းဆီးသွားပြီး သုံးရက်ခန့်ကြာပြီးနောက် ပြန်လွတ်လာ ကြောင်း ဖရဲဒေသခံအမျိုးသားက ဆက်ပြောသည်။ “ကန့်ကွက်တာကိုမဟုတ်ဘူး စမ်းသပ်နေတာသွားကြည့်တာ တောင်ဖမ်း နေပြီ။ အိမ်မှာဆိုတော့ ခြိမ်းခြောက်ပြီး ဝင်တာတော့မဟုတ်ဘူး။ ခေါ်ပြီးအိမ်ပြင်ရောက်ရင် တပ်ရင်း (၃၂) ကိုခေါ်သွားတာ ဟုတ် တယ်။ ရွာလူကြီးနဲ့ လူငယ်တစ်ဦး သွားတောင်းပန်တော့‌ ပြန်လွှတ်ပေးတာ သူတို့က စစ်အာဏာရှင်လိုလုပ်နေပြီ” ဟုပြောသည်။ ယခင်နှစ်များတွင်မြေရှားသတ္တုတူးဖော်ပြီး ကျေးရွာဖွံ့ဖြိုးရေးအတွက်လုပ် ဆောင်ပေးမည်ဟု KIO အစိုးရက ပြောသော်လည်း တစ်စုံတစ်ရာလုပ်ဆောင်ပေးသည်ကို မတွေ့ရှိရသည့်အပြင် ရှိနေပြီးသောကားလမ်းများပါ ပျက်စီးသွားသည်ဟု သူကပြော သည်။ “ကန့်ကွက်စာတင်တာက အခုမှမဟုတ်ဘူး အရင်ကလည်းအများကြီးတင်ပြီ တင်တာများတော့ မမှတ်မိတော့ဘူး။ အခုနှစ် လူငယ်တွေဦးဆောင်ပြီး ကန့်ကွက်စာတင်တာကနှစ်ကြိမ်ရှိပြီ။ အခုက ညတွေဆို စစ်သားတွေ လမ်းပေါ်မှာ စောင့်ကြည့် နေတော့ဒေသခံတွေသွားလာရတာတောင် အဆင်မပြေဘူး” ဟုပြောသည်။  လက်ရှိမြေရှားသတ္တု စမ်းသပ်တူးဖော်ရေးပြုလုပ် နေသည့် ချီဖွေမြို့နယ် ဖရဲကျေးရွာတွင် လူဦးရေ တစ်ထောင်ကျော်ခန့်နေထိုင်ပြီး အများစုက အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ https://www.facebook.com/photo/?fbid=5750644481545 61&set=a.535867405407599

၁၂။ သံတောင်တွင် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသော လူငယ်(၂)ဦး တစ်ပတ်ကြာသည်အထိပြန်မလွတ်သေး
     June 12, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင် ကြီးမြို့နယ် (၁၃) မိုင်၊ စိုက်ပျိုးရေးတံတားတွင် ပြီးခဲ့သည့် ဇွန်လ(၅)ရက်နေ့က စစ်ကောင်စီ တပ်များ ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရသော အမျိုးသားလူငယ်(၂)ဦး တစ်ပတ်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သံတောင်မြို့ခံများကပြော သည်။ ထိုနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်များသည် သံတောင်မြို့သစ် (၁၃)မိုင် စိုက်ပျိုးရေး တံတားမှဖြတ်သန်းသွားလာသော ကျွဲဖြူတောင်ကျေးရွာမှဒေသခံ(၇)ယောက်၏ ဖုန်းများကို စစ်ဆေးပြီးနောက် (၅)ဦးကို ပြန်လွှတ်ပေးလိုက်သော်လည်း အသက် (၂၀)နှစ်နှင့် (၂၂)နှစ်အရွယ် အမျိုးသားနှစ်ဦးကိုမူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ၎င်းက “ဘယ်ကိုဖမ်းခေါ်သွားတာလဲတော့မသိဘူး၊ ရွာသားတွေက တောင်ပေါ်ကနေဆင်းလာကြတာ ဖုန်းစစ်တော့ နိုင်ငံရေးနဲ့ပတ်သက်တာတွေ လူမှုကွန်ရက် ပေါ်မှာရှယ်လို့ဆိုပြီး ဖမ်းသွားတယ်။ ကြိုးတွေနဲ့တုပ် ပြီး ရိုက်တယ်။ ပြန်လွှတ်ပေးလိုက်တဲ့သူတချို့ရဲ့မျက်နှာတွေဆိုလည်း ခြေထောက်နဲ့ အကန်ခံထားရလို့ ညိုမဲစွဲကုန်တယ်။” ဟု ပြောသည်။

ယခင်က သံတောင်မြို့(၁၃)မိုင်တွင် ဒေသခံများ ယခုလို ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့်အခါ နယ်မြေခံ ဘာသာရေး ဆရာတော်များနှင့် ရပ်မိရပ်ဖများက စစ်ကောင်စီနှင့်လိုက်လံညှိနှိုင်း၍ ရသော်လည်း ပြီးခဲ့သည့်မေလအတွင်းမှစ၍ ပစ်ခတ်မှုများ ပြန်လည်ပြင်းထန်လာပြီးနောက်ပိုင်း ညှိနှိုင်းမှုလုပ်ဆောင်ရ အဆင်မပြေတော့ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးကလည်း ယခုလို ပြောသည်။ “အခုနောက်ပိုင်းက ဖုန်းစစ်ပြီးတော့ သံသယဖြစ်စရာတွေ့ရင် စစ်တပ်က ဖမ်းခေါ်သွားကြတာ အဖြစ်များနေတယ်။ ဖမ်းခံရတဲ့လူငယ်နှစ်ယောက်မှာ တစ်ယောက်က မိပြီးမှထွက်ပြေးလို့ ပြန်အဖမ်းခံရတာ၊ သံတောင်ကြီးဘက်က လိုက်ညှိပေးတဲ့ တစ်ယောက်လည်း စစ်တပ်နဲ့ တတ်နိုင်သလောက်သွားညှိနှိုင်းတယ်။ ဒါပေမဲ့ ဘယ်လိုပြောပြော အဲ့လူငယ်နှစ်ယောက်ကို ပြန်မ လွှတ်ပေးလာဘူး။”ဟု အဆိုပါအမျိုးသမီးက ရှင်းပြပြောဆိုသည်။ အလားတူ ပြီးခဲ့သည့် မေလ(၁၉)ရက်နေ့ကလည်း သံတောင် မြို့ရပ်ကွက်(၁)တွင်နေထိုင်သော အသက်(၂၀)နှစ်မှ (၄၀)နှစ်အရွယ်ကြားရှိ ဒေသခံအမျိုးသား(၇)ဦးအား စစ်ကောင်စီ တပ်ဖွဲ့ဝင် များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ဟု စွပ်စွဲကာ အင်အားသုံးဖမ်းဆီးခေါ်ဆောင်သွားပြီး ဘာသာရေးဆရာတော်များ၏ ညှိနှိုင်းပေးမှုကြောင့် ထိုနေ့ညပိုင်းက ပြန်လွှတ်ပေးခဲ့သည်။ https://kicnews.org/2023/06/%e1%80%9e%e1%80%b6% e1%80 %90%e1%80%b1%e1%80%ac%e1%80%84%e1

၁၃။   မိုးဗြဲ ရက်ရှည်တိုက်ပွဲမှာ အရပ်သား ၃၅ ဦးထက်မနည်းသေဆုံး
        June 12, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ မေလ ၂၅ ရက်နေ့နောက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်း တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပါတယ်။ ဇွန်လ ၁၂ ရက် ဒီနေ့အထိ ကလေးငယ် သုံးဦး အပါအဝင် ဒေသခံ ၃၅ ဦး ထက်မနည်း သေဆုံးခဲ့ တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြောပါတယ်။ သေဆုံးခဲ့ရတဲ့သူတွေထဲမှာ အမျိုးသား အယောက် နှစ်ဆယ်ကျော်နဲ့ အမျိုးသမီး ဆယ်ယောက်ကျော်အပြင် အသက် ၈ နှစ်၊ ၁၃ နှစ်နဲ့ ၁၈ နှစ်အရွယ် ကလေးသုံးဦးလည်း ပါဝင်တယ် လို့ ဆိုပါတယ်။ သူတို့ဟာ လက်နက်ကြီးစတွေ ထိမှန်တာ၊ တိုက်ပွဲကြားထဲပိတ်မိပြီး ပစ်သတ်ခံရတာတွေ ကြောင့်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ကိုဗညားက ပြောပါတယ်။ “မေလကနေ အခုချိန်ထိ ဇွန်လ ၁၂ ရက်အထိ ဆိုရင် မရှိဘူးဆိုရင် အနည်းဆုံး ၃၅ ဦးကတော့ မနည်းဘူးလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ မိုးဗြဲမြို့ပေါ်မှာပဲ သတ်ဖြတ်ခံရ တယ် သို့မဟုတ် လက်နက်ကြီး ကျရောက်ထိမှန်တယ် နောက်ပြီး ပစ်ခတ်ခံရတယ်ပေါ့နော်။ တချို့ကလည်း ဖမ်းဆီးသတ်ဖြတ် တာရှိတယ်။ တချို့က ပစ်ခတ်ခံရတယ်။ တချို့က လက်နက်ကြီးကျလို့ ထိခိုက်သေဆုံးတာရှိပါတယ်” ဇွန်လ ပထမပတ်ထဲမှာပဲ ရုပ်အလောင်း ၁၂ လောင်းကို ကောက်ယူသင်္ဂြိုဟ်ခဲ့ပေမယ့် လုံခြုံရေးကြောင့် မကောက်နိုင်တဲ့ အလောင်းတွေလည်း ကျန်နေ သေးတယ်လို့ သူကပြောပါတယ်။ အမည်မဖော်လိုတဲ့ မိုးဗြဲဒေသခံတစ်ဦးကတော့ သူတို့မြို့မှာ မနေ့ညကအထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးနဲ့ မရပ်မနား ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

မိုးဗြဲမြို့ရဲ့ အထပ်မြင့် အဆောက်အအုံတွေနဲ့ စာသင်ကျောင်း၊ လူနေအိမ်တွေထဲကို ဝင်နေတဲ့ စစ်ကောင်စီ တပ်သား ၄၅၀ နီးပါးရှိနိုင်တယ်လို့ သူက ပြောပါတယ်။ မိုးဗြဲမြို့ရဲ့ နေရာအနှံ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေသလို သူတို့နဲ့တွေ့တဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ကောက်ယူဖို့ အခက် အခဲရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ မနွေဦးက ပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ မိုးဗြဲမြို့ရဲ့ ရပ်ကွက်အတွင်းလမ်း တချို့ကို ဖြတ်သန်း သွားလာခွင့် ပိတ်ထားပြီး လမ်းမကြီးတစ်ခုကိုပဲ အသုံးပြုခွင့် ပေးထားတယ်လို့ ဆိုပါ တယ်။ မိုးဗြဲမြို့နယ်တိုက်ပွဲမှာ နှစ်ဖက်အကျအဆုံးရှိသလို ပြည်သူတချို့လည်း ပိတ်မိနေဆဲပဲလို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ ဇွန် ၁၂ ရက်နေ့အထိ မိုးဗြဲမှာ အရပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၃ ဦး ပါဝင် တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ မိုးဗြဲမြို့မှာ လူဦးရေ သုံးသောင်း နီးပါးနေထိုင်ပါတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်မှာရှိတဲ့ ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်ထဲမှာ ရပ်ကွက်သုံးခု လောက်မှာပဲ လူတချို့ ဆက်လက်နေထိုင်နေကြပြီး ကျန်တဲ့ရပ်ကွက်တွေက ပြည်သူတွေကတော့ ထွက်ပြေး တိမ်းရှောင်နေရပြီ လို့ မြို့ခံတွေက ပြောပါတယ်။ https:// www.rfa.org/burmese/program_2/35-civilians-were-killed-in-mongpai-06122 0230602 

၁၄။   လားရှိုးမြို့ တအာင်းရွာငါးရွာရဲ့ အဝင်ဆိုင်းဘုတ်တွေကို စစ်ကောင်စီတပ် ဖျက်ဆီး
       June 12, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းက တအာင်းရွာငါးရွာရဲ့ ရွာအဝင် ဆိုင်းဘုတ်တွေကို စစ်ကောင်စီတပ် က ဇွန်လ ၉ ရက်မနက်ပိုင်းမှာ ဘူဒိုဇာတွေနဲ့ ဖျက်ဆီးသွားခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ တအာင်းရွာတွေဖြစ်တဲ့ တောင်တလောင်၊နောင်ယုံ၊ ရွာသစ်၊ တောင်နောင် နဲ့ ကောင်းခါး စတဲ့ရွာငါးရွာက ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ရွာအဝင်ဆိုင်းဘုတ်တွေမှာ တအာင်းမိခင် စာပေ အသုံးပြုရေးသားထားတာနဲ့ တအာင်းအမျိုးသားအလံတော်ဖြစ်တဲ့ စိမ်းဖြူစိမ်းအလံကို အသုံးပြုထားတဲ့အတွက် အခုလို ဖျက်ဆီးခံရတာလို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ခွင့်ပြုမိန့်မရရှိဘဲ ထပ်ပြီးဆောက်လုပ်ခြင်းမပြုကြဖို့နဲ့ ထပ်ပြီး ဆောက်ရင် ထိထိရောက်ရောက် အရေးယူသွားမယ်ဆိုပြီး စစ်ကောင်စီတပ်ဘက်က ခြိမ်းခြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့် (MNDAA) ရက္ခိုင့်တပ်တော် (AA)၊ နဲ့ စစ်ကောင်စီတို့အကြား ဇွန်လ ၁ ရက်ကနေ ၃ ရက်အထိ မိုင်းလားမြို့မှာ သုံးရက်ကြာ တွေ့ဆုံဆွေးနွေး ဖို့ စီစဉ်ခဲ့ပေမယ့် ဆက်ပြီးဆွေးနွေးလို့ မရတော့တာကြောင့် ဒုတိယနေ့မှာပဲ အဆုံးသတ်ခဲ့ပါတယ်။ ဆွေးနွေးမှုပျက်ပြီးနောက်ပိုင်း ဇွန်လ ၂ ရက်နေ့ကစလို့ ဇွန်လ ၆ ရက်နေ့အထိ ကိုးကန့်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ MNDAA ဘက်က ထုတ်ပြန်ပါတယ်။ https://www.rfa.org/ burmese/news/lashio-village-signboard-destroyed-06122023043206.html

၁၅။    ကရင်နီပြည်နယ်ရှိ မယ်စဲ့မြို့နယ် မြို့မရဲစခန်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိ
         June 13, 2023

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်၊ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့နံနက်ပိုင်း တိုက်ခိုက်သိမ်း ပိုက်လိုက်ပြီး မယ်စဲ့မြို့မ ရဲစခန်းမှူးအပါအဝင်  စစ်ကောင်စီဘက်မှ အများအပြားသေဆုံးကြောင်း ဒေသပြည်သူများက ပြော သည်။ ယနေ့ ဇွန်လ ၁၃ ရက် နံနက် ၄ နာရီ မိနစ် ၅၀ ခန့်က မယ့်စဲ့မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ရာ စခန်းကို တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ် ခွာသွားပြီဖြစ် ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဉ်တစ်စီးဖြင့် ပျံဝဲ ကာ ပစ်ခတ်နေပြီး၊ အကြမ်းဖက်စစ်တပ် လက်နက်ကြီးကုန်းမှ လည်း မြို့တွင်းသို့ လက်နက်ကြီးဖြင့် ထု နေ သည်မှာ အချက် ၃၀ ကျော်ရှိပြီဖြစ်ကြောင်း၊  စစ်တပ်က မယ့်စဲ မြို့ထဲသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသနေပြည်သူများက ပြောကြားသည်။

“အခြေအနေကတော့ အခု ဟတ်စကီးတွေနဲ့လာဝဲနေပြီ၊ ရဲစခန်းလည်း ကျသွားပြီ၊ရဲစခန်းမှူးလည်း ကျသွားပြီလို့ ကြား တယ်၊ တိတိကျကျ အဖြေတော့ မသိရသေးဘူးပေါ့၊ စခန်းကို သိမ်းပိုက်ပြီးတော့ လက်နက်ခဲယမ်းတွေ ရသွားပြီဆိုတော့ တော်လှန်ရေးအဖွဲ့တွေက နောက်ပြန်ဆုတ်သွားပြီ၊ စစ်တပ်က တောင်ပေါ်ကနေ လက်နက်ကြီးနဲ့ လှမ်းထုနေတာ၊ လက်နက်ကြီး နဲ့ ပစ်တာရော၊ ဟတ်စကီးနဲ့ ပစ်တာရောရှိတယ်၊ ကျန် တာတော့မရှိတော့ဘူး၊ လက်နက်ကြီးနဲ့ထုနေတာ အလုံး ၃၀ ကျော် လောက်ရှိသွားပြီ၊ ပြည်သူတွေကတော့ အိမ်အောက်ပုန်းတဲ့သူနဲ့၊ ကျင်းထဲမှာပုန်းတဲ့သူနဲ့ ပရမ်းပတာဖြစ်နေတာ” ဟု ဒေသနေ ပြည်သူတစ်ဦးကပြောကြားသည်။ အလားတူ ကရင်နီပြည်နယ်ရှိ မယ့်စဲမြို့အရှေ့ဘက် စစ်တပ်ကုန်းတစ်ခုကိုလည်း တော်လှန် ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က စစ်တပ်စခခန်းကုန်း နေရာများကို ဝိုင်းဝန်းထား ပြီး ရဟတ် ယာဉ်ဖြင့် လာရောက်ပါက တိုက်ပွဲငြိမ်သက်သွားကာ ရဟတ် ယာဉ်ပြန်ဆုတ်သွားပါက ထပ်မံတိုက်ပွဲဖြစ်နေကြောင်း သိရသည်။ ထို့ပြင် ကရင်နီပြည်နယ်၊ သံလွင်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် တောင်လစခန်း၊ မယ်တ နွယ်၊  BP-14 စခန်းကုန်းများတွင်လည်း တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေကြောင်း သိရှိရသည်။  https://www.facebook.com/photo/?fbid=61298033759 6243&set=a.568142278746716

၁၆။   ရိ တပ်စခန်းမှ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦး ထိမှန်
       June 13, 2023

ချင်းပြည်နယ် ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် တပ်စွဲထာသော စစ်ကောင်စီတပ်ဖွဲ့၏ သေနတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့မနက်ပိုင်းမှာ အသက် ၁၂ နှစ်အရွယ်ကလေး ငယ်အပါအဝင်ပြည်သူ ၂ ဦးထိမှန်ခဲ့သည်ဟု သိရသည်။ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ရိခေါဒါရ်မြို့တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့များသည် သေနတ်ရမ်းသမ်း ပစ်ခတ်ခဲ့မှုကြောင့် အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်အတွင်း အသက် ၁၂ နှစ်လူငယ်တစ်ဦးထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“အဲ့ဒီမနက်မှာ သေနတ်သံကြားလိုက်တယ်။ ပြီးတော့ သူတို့ရဲ နေအိမ် နံရံကို ဖောက်ဝင်သွားပြီးတော့ အိမ်ထဲက သံနဲ့ လုပ်ထားတဲ့ စားပွဲ တိုင်ကို ထိုးဖေါက်ပြီးတော့ အသံချဲ့စက် Soundbox  ကိုလည်း ထိုးဖောက်ပြီးတဲ့နောက် သူ့ရဲ့ ဖင်နားလေးမှာ အဲ့ဒီကျည်က ထိသွားတာ။ ဇိုခေါ်ထာရ် ဆေးရုံကို ပို့လိုက်တယ်။ ဘုရားကျေးဇူးကြောင့် ထိခိုက်တာ အရမ်းမပြင်းထန်ဘူး” ဟု နီးစပ်သူ မိသားစုဝင် တစ်ဦးက ပြောသည်။ ထို့အပြင် စစ်ကောင်စီ၏ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဟိုင်မွလ်ကျေးရွာ အနီး တွင် ခရီးသွားကုန်တင်ကား ယာဉ်နောက်လိုက်တစ်ဦးလည်း ကျည်ဆံထိမှန်ကာ အရေးပေါ် ဆေးရုံတင်ထားရသည်ဟု သိရ သည်။ https://www.facebook.com/photo/?fbid=726561066139 616&set=pcb.726561172806272

၁၇။   KIA တပ်ဖွဲ့ဝင် ၈ ဦးကို ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီး
        June 12, 2023

ဟူးကောင်းချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေတွင် စစ်ကောင်စီလက်အောက်ခံ မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့သည် နှစ်ပတ်အတွင်း KIA တပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီးထားသည်ဟု သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် ၂ ဦး၊ မေလ ၁၀ ရက်ဝန်းကျင်တွင် ၆ ဦးတို့ကိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရှဒူးဇွပ်ဒေသခံ အမျိုးသား တစ်ဦးထံမှ သိရသည်။ “မေလ ပထမအပတ်နဲ့ ဒုတိယအပတ်မှာပဲ ၆ ယောယ်ဖမ်းဆီးခဲ့တယ်။ အဲ့ ၆ ယောက်ထဲမှာ တစ်ချို့ကိုတော့ ပြန်လွတ် ပေးပြီးတော့ တစ်ချို့ကိုတော့ ဖမ်းထားဆဲဖြစ်တယ်လို့ ကြားတယ်။ ပြန်လွတ်လာကြတဲ့သူတွေလည်း ဘယ်လိုပုံစံ ပြောပြီးပြန် လွတ်လာမှန်းမသိဘူး”ရှဒူးဇွပ်ဒေသခံအမျိုးသားကပြောသည်။ မေလအတွင်း ဖမ်းဆီးခံရသည့် KIA တပ်သား ၆ ဦးသည် ဝါရာဇွပ်၊ ရှဒူးဇွပ် ကျေးရွာများတွင် သွားလာလှုပ်ရှားနေရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၁၄၊ တပ် ရင်း ၄၃၊ တပ်ရင်း ၄၅ တို့မှ ဖြစ်ကြသည်။ ထို ၆ ဦးထဲမှ တချို့ကိုပြန်လည်လွတ်ပေးခဲ့သော်လည်း တချို့ကို စစ်ဆေး မေးမြန်း ရန်ဟုဆိုကာ ဖမ်းဆီးထားဆဲဖြစ်သည်ဟု သတင်းအရင်း အမြစ်က ပြောသည်။

ဇွန်လ ၉ ရက်နေ့တွင်လည်း ရှဒူးဇွပ်ကျေးရွာအခြေစိုက်ထား ခလရ ၂၉၇ တပ်ရင်းနှင့် ခေါင်းလှော်ချောင်း (ဒေသအခေါ်) ကြားရှိသော ကားလမ်းမအနီးတွင် လက်နက်အပြည့်အစုံဖြင့် KIA တပ်သား ၂ ဦး ဖမ်းဆီးရရှိသည်ဟု ဝါရာဇွပ်ဒေသခံ အမျိုးသား တစ်ဦးက ယခုလိုပြောသည်။ “ဖမ်းဆီးခံရတဲ့ အဲ့ယောက်ကို တစ်ချို့က အလင်းဝင်သွားတယ်လို့လည်း ပြောသလို ပြန်စုံစမ်း ကြည့်သလောက်က ဖမ်းဆီးခံရတာလို့လည်း ပြောတယ်။ အဲ့ ၂ ယောက်က ဝါရာဇွပ်ရွာက တစ်ယောက်ဟုတ်တယ်။ နောက် တစ်ယောက်ကတော့ ရှဒူးဇွပ်ကျေးရွာက ဟုတ်တယ်။ အခုက သူတို့လက်ထဲမှာရှိနေတယ်” ဟု ပြောသည်။ ဇွန်လ ၉ ရက်နေ့ ဖမ်းဆီးခံရသူ ၂ ဦးထဲမှ တစ်ဦးသည် ဝါရာဇွပ်ကျေးရွာမှ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ဇော်ဆန့်အောင် ဆိုသူဖြစ်ပြီး ကျန်တစ်ဦး မှာ ရှဒူးဇွပ်ဒေသခံ တစ်ဦးဖြစ်သည်။ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ သည် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ အောင်ရာ၊ ဘန်ကောက်၊ စံပြ ကျေးရွာများမှ ဒေသခံများကို KIA နှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ဖမ်းဆီးခံ ရသူများကို ငွေကျပ် သိန်း ၂၀ မှ ၅၀ ကြားထိရယူကာ ပြန်လွတ်ပေးလျက်ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။ https:// burmese.kachinnews.com/2023/0 12/yl1-80/

၁၈။   မူဆယ်မြို့နယ်အတွင်း အငှားအိမ်ခန်း နှင့် ဆိုင်ခန်းများကိုပါ TNLA ဆက်ကြေး လာကောက်
       June 12, 2023

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အတွင်းရှိ အငှားအိမ်ခန်း နှင့် ဆိုင်ခန်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က အခွန် (ဆက်ကြေး) လာရောက်ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန် ၁၀ ရက်တွင် မူဆယ်မြို့ရှိ ကောင်းမူးတုံရပ်ကွက်၊ ဟိုနားရပ်ကွက် နှင့် တောင်ရပ်ကွက် စသည့် ရပ်ကွက်အတွင်းသို့ TNLA စစ်သားများ ဝင်ရောက်လာပြီး လိပ်စာကဒ်များ ပေးဝေကာ ပြည်သူများ အခွန်ပေးဆောင်ရန် ညွှန်ကြား ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။ “အိမ်ငှားတိုက်ခန်းတွေ၊ ပြီးတော့ ဆိုင်ခန်းတွေကိုလည်း ဆက်ကြေးပေးဖို့ လိပ်စာကဒ်ဝေသွားတယ်။ ဆောက် လက်စ တစ်ထပ်အိမ်ဆိုရင် ၅ သိန်းကျပ်၊ နှစ်ထပ် ဆိုရင် ၁၀ သိန်းကျပ် အဲ့လို ဆက်ကြေး ကောက်တာ။ အခုက အိမ်ငှား တွေကိုပါ တောင်းတယ်ဆိုတော့ တော်တော်ကိုလွန်လာပြီ”ဟု မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိအချိန် သည် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေး ရှုပ်ထွေးမှုကြောင့် ပြည်သူလူထုများ စားဝတ် နေရေးအတွက် အခက်အခဲရှိ နေစဥ် TNLA တပ်ဖွဲ့မှ ယခုလို ဆက်ကြေးထပ်မံ ကောက်ယူသည့် အတွက် ပြည်သူများကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့်အကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် လက်ရှိ ဆက်ကြေးတောင်း ကောက်ယူသည့် အိမ်ငှား၊ အခန်းငှား၊ ဆိုင်ခန်းငှားများသည် ပထမဆုံး ဖြစ်နေ ကြောင်းလည်း အထက်ပါအမျိုးသားကဆက်ပြောသည်။ “အရင်တုန်းကတော့ဈေးဆိုင်တွေ၊ စီးပွားရေးသမားတွေကို ဆက်ကြေး ပေးခိုင်းတာတော့ ရှိပါတယ်။ အခုလိုမျိုး အိမ်ငှား၊ အခန်းငှားတွေကို ကောက်တာ မရှိဖူးဘူး။ ဒါက ပထမဆုံး အကြိမ် ဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခြေခံ လူတန်းစားတွေအတွက်တော့ ခံရတာများပါတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။ ဆက်ကြေးပေးဆောင်ရန် TNLA တပ်ဖွဲ့မှ ဆက်ကြေးပေးရန် လာရောက်ပေးဝေသည့် လိပ်စာကဒ်တွင် TNLA တံဆိပ် နှင့် အတူ တအာင်းစာများ၊ Revenue Department ဆိုသည့် အင်္ဂလိပ်စာတန်း နှင့် ဖုန်းနံပါတ်များလည်း ပါရှိနေသည်။  စစ်ကောင်စီမှ နိုင်ငံ တော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် TNLA တပ်ဖွဲ့သည် သျှမ်းပြည် မြောက်ပိုင်း တစ်လျှောက် လှုပ်ရှားမှုများ ပိုမိုများပြား လာပြီး အခွန်တိုးကောက်မှုတွေလည်း ယခင်နှစ်တွေထက် ပိုမိုများပြားလာကြောင်း ဒေသခံများကပြောသည်။ https://burmese.shannews.org/archives /35241

၁၉။  လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် ဒီးမော့ဆို စစ်ဘေးရှောင်စခန်း အကူညီလိုအပ်နေ
       June 12, 2023

ကရင်နီ (ကယား) ပြည် ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းတစ်ခုသည် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အဆောက်အဦးတချို့ ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၀ ရက် ညပိုင်းအချိန်တွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများကြောင့် ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုထံကျ ရောက်ပေါက်ကွဲသွားရာ အဆောက်အဦး တချို့ပျက်စီးသွားခဲ့ကြောင်း ဒီးမော့ဆို ဒေသခံတစ်ဦးကပြောသည်။ “ လူ့အထိအခိုက် တော့ မရှိဘူးဗျ။ ဒါပေမယ့် တဲအချို့တော့ ပျက်စီးသွားတာ ရှိတယ်။ သူတို့ နေတဲ့နေရာက လက်နက်ကြီးတွေ ခဏခဏကျတယ်။ လေယာဉ်တွေလည်း ခဏခဏလာဝဲတယ်။ အလှူရှင်တွေလည်း သူတို့နား မလာရဲကြဘူး။ အလှူရှင်က ရိက္ခာမရတာလည်း နှစ်လကျော်နေပြီ။ အခုဆန်တွေ လိုအပ်နေတယ်”ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။ စစ်ဘေးရှောင်စခန်းအတွင်း လက်နက် ကြီး ကျရောက်ပေါက်ကွဲသည့်ရက်တွင် စစ်ရှောင်များစခန်းနှင့် မနီးမဝေးနေရာသို့ပြေးခဲ့ရာ စစ်ကောင်စီမှ လက်နက်ကြီး ပစ်ပြီး နောက် စခန်းသို့ အရဲစွန့်ပြီး ပြန်သွားနေရကြောင်း သိရသည်။

လက်ရှိ စစ်ဘေးရှောင်များသည် ပြေးစရာမြေမရှိသည့်အတွက် စခန်းသို့ ပြန်သွားနေရခြင်း ဖြစ်သည်။ အဆိုပါ စစ်ဘေး ရှောင်စခန်းအတွင်း အိမ်ခြေ ၃၉ အိမ် နှင့် လူဦးရေ ၁၇၀ ကျော် ရှိပြီး၊ စစ်ရှောင်များအတွက် အလှူရှင် ရောက်မလာခဲ့သည်မှာ နှစ်လကျော်ကြာခဲ့ပြီဖြစ်သည့်အတွက် လက်ရှိမှာ ဆေးဝါး နှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်းလည်း သိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်တဝှမ်းအတွင်း အရပ်သား နေအိမ်အဆောက်အဦး ၆ သောင်းကျော် မီးလောင် ပျက်စီးခဲ့ပြီး အရပ်သား ၁ ဒသမ ၈ သန်း အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ စာရင်းအရ သိရသည်။ https:// burmese.shannews.org/archives/35238

၂၀။   ကော်သူးလေနယ်မြေတွင် ဇွန်လပထမပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်ဖြစ်ပွားခဲ့
       June 12, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေဖြစ်သော ကော်သူးလေဒေသတွင် ယခုဇွန်လ ပထမပတ် အတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း နွေဦးမော်ကွန်း(Spring Archive) မှ စောင့်ကြည့် လေ့လာမှတ်တမ်းတင်ထားသော အချက်အလက်များကိုအခြေခံ၍ ဇွန်လ(၈)ရက်နေ့တွင် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) က ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီသည် ဇွန်လ(၂)ရက်နေ့နံနက်တွင် ကေအဲန်ယူ တပ်မဟာ (၆) ထိန်း ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး နောက် ပြီးခဲ့သည့် အပတ်အတွင်း ပထမအကြိမ် လေကြောင်းပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းအပြင် ကော့ကရိတ်မြို့ နယ်၊ ဆံဖလားကျေးရွာစာသင်ကျောင်းသို့ ထိုနေ့ နံနက်ပိုင်းတွင်ပင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒုတိယအကြိမ် လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းဆောင်ပျက်စီး၍ လူနေအိမ် (၄)လုံး ကျည်စထိမှန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။ ထို့နောက် ဇွန်လ(၆)ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင် လေးပင်ခရိုင် နတ်သံကွင်းမြို့နှင့်အနီးရှိ စစ်ကောင်စီတပ်စခန်း(၅)ခုအား ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ် များက တိုက်ခိုက်ခဲ့ပြီးနောက် မြို့တွင်းသို့ ရက်သတ္တပတ်အတွင်း တတိယအကြိမ်အဖြစ် လေကြောင်းမှ ဗုံးကြဲပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တစ်ပတ်အတွင်း ကော်သူးလေဒေသတွင် ဒေသခံထိခိုက်သေဆုံး ခြင်းနှင့် နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးခြင်းများရှိခဲ့ပြီး ထိုသို့ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ် တမ်းတင်‌စောင့်ကြည့်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ နွေဦးမော်ကွန်း၏ အယ်ဒီတာတစ်ဦးက ယခုလိုပြောသည်။ “စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်နေမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းတွေနဲ့ပတ်သက်တဲ့ သက်သေ အထောက်အထားတွေကို လူမှုကွန်ရက် ပေါ်ကနေ စောင့်ကြည့်လေ့လာပြီး ကျမတို့ Archive အတွင်းမှာ ထိန်းသိမ်းထားပါတယ်။ နစ်နာသူတွေအတွက် တရားမျှတမှုနဲ့ ပြစ်မှုကျူးလွန်သူတွေအတွက် တာဝန်ယူ တာဝန်ခံမှု ရှိလာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Spring Archive ကို အရပ်ဖက်အဖွဲ့အစည်း တွေကနေ စတင်ထူထောင်ပြီးတော့ အချက် အလက် စုဆောင်းနေတာပါ”ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့်တစ်ပတ်အတွင်း စစ်ကောင်စီ၏လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ အတွင်းရှိ ပြည်နယ် ၃ ခုနှင့် တိုင်းဒေသကြီး ၅ခုတွင် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ သုံးဦးသေဆုံးခဲ့ပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်အရ သိရှိရသည်။ https://kicnews.org/2023/06/%e1%80%80%e1%80%b1%e1%80%ac%e1%80% ba%e1%80%9e%e1%80%b0%e1

၂၁။   တောတောင်ထဲ စစ်ရှောင်ခဲ့ရသည့် တောင်စလုံး မြောက်စလုံးဒေသခံ စားနပ်ရိက္ခာနှင့်နေထိုင်ရန်အခက်ခဲရှိနေ
       June 13, 2023

တိုက်ပွဲ ကြောင့်တောတောင်ထဲ စစ်ဘေးတိမ်းရှောင်ခဲ့ရသည့် ပင်လောင်းမြို့နယ်  တောင်စလုံး၊ မြောက်စလုံးကျေးရွာမှ ဒေခံ ၃၀၀ ကျော် စားနပ်ရိက္ခာနှင့်နေထိုင်ရေး အရေးပေါ်လိုအပ်နေကြောင်း ကြောင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ လက စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား ပြီးနောက် ယခုချိန်ထိ လနှင့်ချီ တောတောင် ထဲတွင် စစ်ရှောင် နေရသောစစ်ရှောင်ဦးရေ စုစုပေါင်းမှာ(၃၂၆) ဦးအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် စားဝတ်နေရေးအတွက် အခက်ခဲ ကြုံတွေ့နေရကြောင်း သိရသည်။ “စားနပ်ရိက္ခာပြတ်တာက အကုန်လုံးတော့မဟုတ်ဘူး။ ၀ေး၀ေးတစ်ယောက် ပါပဲ။ ဆန်ဆိုရင် လည်း အရင်နှစ်က စိုက်ထားတဲ့စပါးတွေ ရှိနေတော့အဆင်ပြေတယ်။ ဟင်းအမယ်တွေကျတော့ အခက်အခဲနဲနဲရှိတာပေါ့။ ပြီးတော့ တောထဲမှာနေရတာဆိုတော့ သောက်ရေနဲ့ နေဖို့အတွက်ကအဆင်မပြေဘူး။ တစ်ချို့ဆိုရင် တဲတစ်ခုထဲမှာ အိမ်ထောင် စု(၁၀)စု လောက်နေနေကြရတယ်။ တဲဆောက်ဖို့ မိုးကာအလုံအလောက်လည်းမရှိဘူး” ဟု စစ်ရှောင် တာ၀န်ခံအမျိုးသမီး တစ်ဦးက ပြောသည်။

ထို့အပြင်မိုးရာသီ တုတ်ကွေးရာသီကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လည်းလိုအပ်ကြောင်းသိရသည်။ “ခုက မိုးရာသီ ၀င်ပြီဆိုတော့ တုပ်ကွေးတွေလည်း ဖြစ်ကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ၀မ်းပျက်၀မ်းလျှောလည်း ဖြစ်ကြတယ်။ ဆေးဝါးတွေ လည်း အလုံအလောက်မရှိတော့ အဆင်မပြေဘူး” ဟု၎င်းကဆက်ပြောသည်။ တောင်စလုံး မြောက်စလုံး ကျေးရွာသည် ပအိုဝ်း၊ ကယန်း၊ ကယောစသည့် လူမျိုးများ နေထိုင်ကြပြီး လှုဦးရေ ၂ ထောင်ကျော် ရှိကြောင်း သိရသည်။ တိုက်ပွဲအတွင်းတွင် တောင် စလုံးကျေးရွာအရပ်သား နေအိမ် အလုံး ၂၀၀ ထက်မနည်း ပျက်စီးခဲ့ပြီး မြောက်စလုံးကျေးရွာတွင် အလုံး ၁၀၀ ထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=638772208285963&set=pcb.638772304952620

၂၂။    NGO အဖွဲ့များ ယခင်ကခွင့်ပြုထားသည့်အတိုင်း ရခိုင်ပြည်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်           ကြောင်း စစ်ကောင်စီဆို
       June 12, 2023

အစိုးရမဟုတ်သောအဖွဲ့အစည်း NGO များအနေဖြင့် ရခိုင်ပြည်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခင်ခွင့်ပြုထား ရှိသည့် ခွင့်ပြုစာအတိုင်း လုပ်ငန်းများဆောင်ရွက်နိုင်ကြောင်း ပြည်နယ်စစ်ကောင်စီက ဆိုသည်။ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ဖြင့် ဇွန်လ ၁၁ ရက်နေ့က NOG အဖွဲ့များအား အကြောင် းကြားစာအရသိရသည်။ အကြောင်းကြားစာတွင် “ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော လိပ်မူပါ NOG အဖွဲ့များ ၏ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုချက်အား ယခင်ခွင့်ပြုထားရှိသည့် ခွင့်ပြုစာအတိုင်း လုပ်ငန်းများဆောင်ရွက်ခွင့်ပြု ကြောင်း အကြောင်းကြားအပ်သည်”ဟု ပါရှိသည်။  ပြည်နယ်စစ်ကောင်စီမှ မည်သည့် NGO အဖွဲ့များကို ခွင့်ပြုပေးကြောင်း စုံစမ်းနေဆဲဖြစ်၍ လတ်တလောတွင် မသိရသေးပေ။  ပြည်နယ်စစ်ကောင်စီ၏ အကြောင်းကြားစာသည် မုန်တိုင်းသင့်ပြည်သူ များအား ကူညီကယ်ဆယ်ရေးလုပ်ငန်းကို ခွင့်ပြုခြင်းလား၊ အခြားသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား ခွင့်ပြုခြင်းလား ဆိုသည်ကို သဲသဲကွဲကွဲမသိရသေးကြောင်း နိုင်ငံတကာအဖွဲ့အစည်း INGO များဖြင့် ချိတ်ဆက်ဆောင်ရွက်နေသော အရပ်ဘက် အဖွဲ့အစည်းတစ်ခုက ပြောသည်။ “အစိုးရမှာ စာတွေက ထုတ်နေတာပဲ။ ထုတ်သမျှစာက ရှင်းလင်းပြတ်သားမှုမရှိဘူး။ ပထမ ကျနော်တို့ရရှိတဲ့ အကြောင်းကြားစာက ခရီးသွားလာခွင့် TA ကို ပိတ်ထားတယ်။ ကျနော်တို့မှာ ယူအန်အပါအဝင် အခြားသော INGO တွေနဲ့ လုပ်နေတာ အများကြီးရှိတယ်။ ခရီးသွားလာခွင့်ပိတ်လိုက်တော့ ကျန်အလုပ်တွေပါ သွားလာလို့ မရတော့ဘူး။ မနေ့က ထုတ်တဲ့စာဆိုရင်လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို လုပ်နေတဲ့ NGO ဆိုတော့ ဒေသဖွံ့ဖြိုးရေးဆိုတဲ့ဟာက လုပ်ငန်းတွေ က အများကြီးပါ။ လုပ်ငန်းအားလုံးကို ခွင့်ပြုလိုက်တာလား။ အခု မုန်တိုင်းသင့်ပြည်သူတွေကို ကူညီမယ့် လုပ်ငန်းတွေရောပါ လား” ဟု ပြောသည်။

ဇွန်လ ၁၀ ရက်နေ့ကလည်း ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ရခိုင်ပြည်အတွင်း မုန်တိုင်းသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်နေသော အစိုးရမဟုတ်သော NGO အဖွဲ့များအနေဖြင့် သက်ဆိုင်ရာဒေသ အာဏာ ပိုင်အဖွဲ့များသို့ အသိပေးအကြောင်းကြားဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ကြောင်း ပြောထားသည်။ WFP အပါ အဝင် နိုင်ငံတကာ အဖွဲ့အစည်း INGO များဖြင့် ပူးပေါင်းဆောင်ရွက်နေသော ပြည်သူ့အတွက်ပြည်သူ (PFP) အဖွဲ့မှ ကိုစိုးလင်းကလည်း အဆိုပါ အကြောင်းကြားစာအား မသိရသေးကြောင်း ဆိုသည်။ “ကျနော်တို့ လုပ်ငန်းတွေ အကုန်လုံး ရပ်တန့်ထားရပါတယ်။ WFP နဲ့ တွဲ လုပ်နေတဲ့ အဖွဲ့တွေအားလုံး၊ လုပ်ငန်း ရပ်နားခိုင်းလို့ ရပ်နားထားရတယ်။ ခရီးသွားလာခွင့်မရတော့ တခြားအဖွဲ့တွေနဲ့ တွဲလုပ် နေတာတွေလည်း ရပ်နားထားရပါတယ်။ မနေ့က ထုတ်တဲ့စာကိုတော့ အသေး စိတ်မသိသေးဘူး။ အစိုးရနဲ့ ညှိနှိုင်းနေတာတွေက ပါတနာတွေရဲ့ ထိပ်ပိုင်းကသူတွေဆိုတော့ သူတို့ကို ပြန်မေးရအုံးမယ်” ဟု ပြောသည်။ ရခိုင်ပြည်အတွင်း မုန်တိုင်းကယ်ဆယ်ရေး ပဲဖြစ်ဖြစ်၊ အခြားသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းပဲဖြစ်ဖြစ် ခရီးသွားလာခွင့်အပါအဝင် လုပ်ငန်းအားကို ခွင့်ပြုပေးစေလိုပြီး လွတ်လပ်စွာကူညီထောက်ပံ့ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။ https://www.facebo ok.com/westernnews agency/photos/a.119286173211229/777908870682286

၂၃။   “ဝ”ပြည်မှာ တိုက်ပိတ်နှိပ်စက်ခံရပြီး အကူအညီ တောင်းခံလာတဲ့ အမျိုးသမီးငယ် အဆက်အသွယ် ပြတ်                  တောက်သွား
       June 12, 2023

 “ဝ”ဒေသ မိုင်းဖျန်မြို့ထဲက တိုက်တစ်ခုမှာ တိုက်ပိတ်နှိပ်စက်ခံနေရတဲ့ မန္တလေးတိုင်း မိတ္ထီလာခရိုင်ထဲက အသက် (၁၉) နှစ်အရွယ် အမျိုးသမီးငယ်ဟာ နေရာပြောင်းရွှေ့ခံရပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ သူမဟာ နေအိမ်က မိသားစုနဲ့ စိတ်ဆိုးပြီး အွန်လိုင်းပေါ်ကနေတဆင့် အလုပ် ရှာဖွေပေးတယ်ဆိုတဲ့ ပွဲစားမတစ်ဦးရဲ့ အဆက် အသွယ်နဲ့ “ဝ”ပြည်ရှိ ပြည့်တန်ဆာရုံလုပ်ငန်းတစ်ခုမှာ လိမ်လည်ရောင်းစားခံခဲ့ရကာ ရွှေဖီမြေထံ ဆက်သွယ်ကူညီတောင်းခံလာသူ ဖြစ်ပါတယ်။ မေလ တတိယအပတ်ထဲ လိမ်လည်ရောင်းစားခံခဲ့ရတာဖြစ်ပြီး “ဝ”ဒေသ ပန်ဆန်းမြို့ကနေတဆင့် မိုင်းပေါက်၊ မိုင်းပေါက်ကနေ မိုင်းဖျန်မြို့သို့ အဆင့်ဆင့် ပို့ဆောင်ခံခဲ့ရပြီး လက်ရှိမှာတော့ မိုင်းဖျန်ကနေ အခြားနေရာတစ်ခုသို့ ထပ်မံ ပို့ဆောင်ခံခဲ့ရတာ ကြောင့် အဆက်အသွယ် ပြတ်တောက်သွားပါတယ်။

သူမကို ကူညီကယ်ဆယ်ပေးဖို့ “ဝ”ဒေသက ဌာနဆိုင်ရာနဲ့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့ကို အကူအညီ တောင်း ခံခဲ့ပေမယ့် ဘယ်သူကမှ အရေးယူဆောင်ရွက်ပေးတာ မရှိဘူးလို့ အမျိုးသမီးငယ်က ရွှေဖီမြေထံ အကူအညီ တောင်းခံလာစဉ် ပြောပြပါတယ်။ ဇွန်လ ၇ ရက်မှာ အမျိုးသမီးငယ်နဲ့ နောက်ဆုံးအဆက်အသွယ် ရရှိခဲ့တာဖြစ်ပြီး “ဝ”ဒေသမှာ  အဆို ပါ အမျိုးသမီး ငယ်လိုမျိုး ပွဲစားတွေရဲ့ လိမ်လည်ခံရမှုနဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်း၊ ပြည့်တန်ဆာလုပ်ငန်း စတဲ့နေရာတွေမှာ ရောက်ရှိသွားပြီး ဆက်သွယ်အကူအညီ တောင်းခံလာသူလည်း ၁၀ ဦးထက်မနည်း ရှိနေပါတယ်။ https://www.f acebook.com/photo/?fbid=5 83746820599253&set=pcb.583747067265895

၂၄။   KNDF တပ်ရင်းတစ်ချို့ စားနပ်ရိက္ခာ ပိုမိုကျပ်တည်းလာ
       June 13, 2023

စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှာ တော်လှန်ရေးကာလ ကြာ တာနဲ့အမျှ စားနပ်ရိက္ခာပိုင်း ပိုမိုခက်ခဲလာပြီး ပြီးခဲ့တဲ့နှစ်တွေထက် အလှူငွေရရှိမှု ပိုမိုအားနည်းလာတယ်လို့ တပ်ရင်းထောက်ပို့ အပိုင်းမှာ တာဝန်ယူဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ တော်လှန်ရေး အစောပိုင်းမှာ အလှူငွေရရှိမှု များပြားခဲ့ ပေမယ့် တော်လှန်ရေးကာလ ၂ နှစ်တာ ကာလ ကျော်လာတာနဲ့အမျှ အလှူငွေရရှိမှု လျော့နည်းလာပြီး တပ်ရင်းရဲဘော်တွေကို အခြေခံစားသောက်ကုန်တွေ ဖြန့်ဝေပေးဖို့အခက်အခဲရှိလာနေတယ်လို့ KNDF တပ်ရင်း(၁)က ထောက်ပို့ဌာနမှ ဒုဌာနမှုး မိထော် က ပြောပါတယ်။ “တစ်လနဲ့ တစ်လတော့မတူဘူး အလှူငွေများတဲ့ လဆိုရင် ရဲဘော်တွေကို ပုံမှန် ရိက္ခာပေးနိုင်တယ်ပေါ့နော။ ဒါပေမဲ့ ဒီလိုလမျိုးကျတော့ ညီမတို့ရဲ့ရိက္ခာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား တောင်မပေးနိုင်တဲ့အနေအထားမှာ ရှိတယ်ပေါ့နော်။” လို့ မိထော် ကပြောပါတယ်။

KNDF အမှတ် ( ၁ ) တပ်ရင်းထောက်ပို့ဌာနအနေနဲ့ တစ်လတာ အလှူခံရရှိတဲ့ အလှူငွေရဲ့ ၄၀% ကိုရိက္ခာအတွက် သုံး စွဲပေမယ့် ရိက္ခာအပိုင်းအားနည်းချက်တွေ ရှိနေဆဲပဲလို့ဆိုပါတယ်။ ရိက္ခာပိုင်းနဲ့ ပတ်သက်ပြီးတော့ ရေရှည်တောင့်ခံနိုင်ဖို့အတွက် တစ်နေ့ကို ထမင်းနှစ်နှပ်သာ စားသုံးပြီး ချွေတာနေရတယ်လို့ KNDF တပ်ရင်း( ၉ ) က ထောက်ပို့တစ်ဦးဖြစ်တဲ့ မကစ်ကစ် က ပြောပါတယ်။ “ညီမတို့တပ်ရင်းအနေနဲ့ ပေါ့နော် စတင်ဖွဲ့စည်းတဲ့ အချိန်ကတည်းက တစ်ရက်ကို ထမင်းနှစ်နှပ်ပဲစားပါတယ်ရှင့် ဘာလို့လဲဆိုတော့ နောက်တစ်နှပ်ချွေတာလိုက်ခြင်းအားဖြင့် ရိက္ခာကို ပိုပြီးတော့ စုဆောင်းမိမယ်ဆိုတဲ့အတွေးနဲ့ တစ်ရက်ကို ထမင်းနှစ်နှပ်နဲ့ ၂ နှစ်ကျော်အတွင်း စားသုံးလာတာပါရှင့်။”လို့ မကစ်ကစ်က ပြောပါတယ်။ ခက်ခဲတဲ့ရဲဘော်မိသားစုတွေကိုလည်း တပ်ရင်းအနေဖြင့် ရိက္ခာအပိုင်းမှာဖြစ်စေ၊ ငွေကြေးအပိုင်းမှာဖြစ်စေ တတ်နိုင်သလောက်ကူညီပေးတာရှိတယ်လို့ ဆိုပါတယ်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)မှာ တပ်ရင်းပေါင်း (၂၁) ရင်းရှိပြီး အင်းအားကတော့ ၈ ထောင်ဝန်းကျင်ရှိတယ် လို့ KNDF ဥက္ကဌ ခွန်းဘီထူးက ပြောဆိုထားပါတယ်။ https://www.kantarawaddytimes.org/kndf-%e1%80%90%e1%80%95%e1%8 0%ba%e1%80%9b%e1%80%84%e

၂၅။   မေလအတွင်း တိုက်ပွဲအကြိမ် ၅၀၀ ဖြစ်ပွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၁ ဦးကျဆုံး
       June 12, 2023

ပြီးခဲ့တဲ့ မေ တလတာအတွင်း အမှတ် ၁ စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းနဲ့ ပြည်နယ် ၄ ခုမှာ တိုက်ပွဲအကြိမ်ရေ ၅၀၀ ထိ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၄၁ ယောက် ကျဆုံးခဲ့ကာ ၁၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဇွန် ၁၂ ရက် ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ စစ်ရေးသတင်းထုတ်ပြန်ချက်မှာ ခုလိုဖော်ပြထားပြီး အဆိုပါတိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်အုပ်စုဘက်က ၄၄၉ ယောက် သေဆုံးခဲ့ကာ အယောက် ၆၈၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်နက်မျိုးစုံ ၂၄ လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက် အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပြီး ဒီတိုက်ပွဲတွေကိုတော့ အမှတ် ၁ စစ်ဒေသကွပ်ကဲမှု အောက်က PDF၊ ပကဖနဲ့ EROs ပူးပေါင်းအဖွဲ့တွေက ဆင်နွှဲခဲ့ကြတာလို့လည်း ဖော်ပြပါတယ်။ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် အရ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို ဖွဲ့စည်းလာတာ ၂ နှစ်ပြည့်ချိန်မှာ တနိုင်ငံလုံးမှာ PDF တပ်ရင်းနဲ့ စစ်ကြောင်း စုစုပေါင်း ၃၀၀ လောက် အတည်ပြုခဲ့နိုင်ပြီး ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားတယ်လို့ သိရပါတယ်။

PDF တပ်မတော်ကို မြောက်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းလို့ စစ်တိုင်းကြီး ၃ တိုင်းနဲ့ ဖွဲ့စည်းထားပြီး သက်ဆိုင် ရာ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးတော့လည်း အမှတ် ၁ စစ်ဒေသ၊ တောင်ပိုင်း စစ်ဒေသဆိုတဲ့ စစ်ဒေသ ၂ ခု ဖွဲ့စည်းထားတာပါ။ ပြီးခဲ့တဲ့ ဧပြီလကုန်ထိ ၄ လတာအတွင်းမှာတော့ စခန်းသိမ်းတိုက်ပွဲ အကြိမ် ၄၀ ကျော်၊ အရေးကြီးပစ်မှတ်တွေကို အကြိမ် ၃၀ လောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနဲ့ ထောက်ခံသူပေါင်း ၆,၀၀၀ လောက် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ NUG ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။ နိုင်ငံတဝန်း မှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည် ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြ သလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ https://burmese.dvb.no/archives/5985 45

၂၆။    NUG အောက် မြစ်ကြီးနားဖက်ဒရယ်ကျောင်းတွင် ယခုနှစ် ကျောင်းသား ၇၀၀ ဝန်းကျင်ရှိ
        June 12, 2023

NUG အောက်ဖွင့်လှစ်ထားသည့် မြစ်ကြီးနားဖက်ဒရယ်ကျောင်းတွင် ၂၀၂၃–၂၀၂၄ ပညာနှစ်တွင် ကျောင်းသား/သူ စုစု ပေါင်း ၇၀၀ ခန့်ဖြင့်စတင် ကျောင်းဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ မြစ်ကြီးနားဖက်ဒရယ် စကူးလ် ကျောင်းသည် ကိုဗစ်–၁၉ နှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် အတန်းပညာ ပြတ်လပ်ခဲ့ရသည့် ကျောင်သားများအတွက် အတန်း တစ်ခုချင်းစီကို ၆ လတဖြတ်နည်းဖြင့် စဉ်ဆက်မပြတ်သင်ကြားပေးနေကြောင်း မြစ်ကြီးနားအခြေခံ ပညာရေးဘုတ်အဖွဲ့၏ ဆရာ ကြီးတစ်ဦးက ယခုလိုပြောသည်။ “ကလေးတွေကို အွန်လိုင်း zoom နဲ့ပညာသင်ကြားပေးတာကို စဉ်ဆက်မပျက် လုပ်ဆောင် နေတယ်။ ၆လ တစ်ဖြတ်နဲ့ သင်ကြားပေးနေတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်ရောဂါကြောင့် တစ်နှစ်၊ နိုင်ငံရေးကြောင့် တစ်နှစ် အဲဒါတွေကို အစားပြန်ရနိုင်ဖို့ ကလေးတွေ အသက်နဲ့ အတန်းနဲ့ ညီမျှအောင် ကျွန်တော်တို့ ပြုလုပ်နေတယ်။ အခုလည်း ဒီဇွန်လမှာ အတန်းတစ်တန်းပြီးမယ်။ ဇူလိုင်လကစပြီး နောက်ထပ်တဖြတ်ပြန်စတော့မယ်။” ဟု ၎င်းက ပြောသည်။ မူလတန်း နှင့် အလယ်တန်းအဆင့်ထိကို ဇန်နဝါရီ မှ ဇွန်လထိ တစ်ဖြတ်၊ ဇူလိုင်မှ ဒီဇင်ဘာလထိ တစ်ဖြတ် စသဖြင့် ၆လ တဖြတ်သင်ကြား ပေးနေပြီး တက္ကသိုလ်ဝင်တန်းကျောင်းသားများအတွက်ကိုမူ သင်ကြားကာလ ၁၀ လ သတ်မှတ်ကာ ဖွင့်လှစ်သင်ကြားပေးနေ သည် ဟု ပြောသည်။

အွန်လိုင်းအခက်အခဲနှင့် အခြားစိန်ခေါ်မှုများကြောင့် ကျောင်းသားကျောင်းသူအများပိုင်း နီးစပ်လွယ်ကူရာ စစ်ကောင်စီ ဖွင့်လှစ်သည့် ကျောင်းများတွင်သာ တက်ရောက်သွားကြသူများ ယခင်နှစ်ထက် တိုးမြှင့်သွားကြောင်းလည်း ဆရာကြီးက ပြော သည်။ သို့သော်လည်း စစ်အာဏာရှင်၏ ပညာရေးစနစ်ကိုလည်း တွန်းလှန်ရင်း NUG ပညာရေးဝန်ကြီးဌာနအောက် ဖက်ဒရယ် ကျောင်းများတွင် ကျောင်းသူ၊ကျောင်းသားများ ပညာသင်ကြားခွင့်ရရှိနိုင်ရန် CDM ဆရာ၊ ဆရာမများနှင့် ဆရာကြီး ဆရာမကြီး များ ပူးပေါင်းကာ ကျောင်းဖြစ်မြောက်ရေးနှင့် ပညာသင်ကြားပေးနိုင်ရေး ကြိုးပမ်းနေမြဲဖြစ် ကြောင်း ယခုလို ဆက်ပြောသည်။ “လုံခြုံရေးကြောင့်၊ အပြင်မှာ ကျောင်းကောင်းကောင်းမတက်နိုင်တဲ့ ကျောင်းသူကျောင်းသားတွေ မည်သူမဆို ဒီကျောင်းမှာ ကျောင်းတက်နိုင်အောင် ကြိုးပမ်းနေတယ်။ ကျွန်တော်တို့တော့ မြစ်ကြီးနား ဘုတ်အဖွဲ့ဝင်တွေပေါ့။ အခုချိန် မြစ်ကြီးနား ဖယ်ဒရယ်စကူးလ်ဆိုပြီး ကျောင်းဖွင့်လှစ်နေတယ်။ NUG လက်အောက် MOE ကနေ စာမေးပွဲမေးခွန်းတွေကို ကောင်းကောင်း စီစဉ်ပေးပြီး လုပ်နေတယ်။ စာမေးပွဲတော့ Google form ကနေဖြေရတာဖြစ်တယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားပြီး သူတွေလည်းရှိပြီ ။ ကျနော်တို့အနေနဲ့တော့ ပညာသင်ကြားပေးနိုင်အောင်၊ ကျောင်းဖြစ်မြောက်အောင် ကြိုးပမ်းနေပါတယ်။” ဟု မြစ်ကြီးနားပညာရေးဘုတ်အဖွဲ့မှ ဆရာကြီးက ပြောသည်။ ကချင်ပြည်နယ်တွင် ဘုတ်အဖွဲ့နှင့် ကျောင်းပေါင်း ၁၀ ခုခန့် ဖွင့်လှစ် သင်ကြားပေးနေရာမှ မြစ်ကြီးနားအခြေခံ ပညာရေးဘုတ်အဖွဲ့တွင်မူ လက်ရှိ CDM ကျောင်းဆရာ၊ ဆရာမများ စုစုပေါင်း ၆၀ ခန့်ဖြင့် လည်ပတ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနအောက် မြစ်ကြီးနားပညာရေး ဘုတ်အဖွဲ့၏ မြစ်ကြီးနား ဖက်ဒရယ်စကူးလ်အွန်လိုင်းကျောင်းတွင် ပြီးခဲ့သည့် ၂၀၂၂–၂၀၂၃ ပညာသင်နှစ်အား ကျောင်းသားပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့သည်။ https://burmese.kachinnews.com/2023/06/12/ld1-32/

၂၇။   နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီ ပညာရေးကျောင်းများ TNLA တပ်ဖွဲ့မှ ပိတ်ခိုင်း
       June 12, 2023

သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ အခြေခံပညာ မူလတန်းကျောင်း နှင့် အလယ်တန်းကျောင်း တို့ကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တပ်ဖွဲ့က ပိတ်ခိုင်း ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက် မှ စတင်ကာ နမ္မတူမြို့နယ် ဆိုင်းခေါင် ၊ မန်စံကျေးရွာ အုပ်စု၊ နားဆိုင်းကျေးရွာ အုပ်စု၊ ပါချမ် ကျေးရွာအုပ်စု တို့ရှိသည့် အခြေခံပညာရေးကျောင်းများကို PSLF/TNLA က ပိတ်ခိုင်းကြောင်း ဒေသခံများက ပြော သည်။ “တချို့ ရွာကိုတော့ လူကိုယ်တိုင် သွားပြောတာရှိတယ်။ တချို့ရွာကိုတော့ ဖုန်းဆက်ပြီးပြောတာလည်းရှိတယ်။ ၉ ရက်နေ့ ကနေ စပြီး ကျောင်းတွေကို ပိတ်ပေးရမယ်တဲ့။ စစ်ကောင်စီက ခန့်တဲ့ ဆရာ/ဆရာမ တွေနဲ့ ကျောင်းဖွင့် လို့မရဘူး၊ စစ်ကောင်စီရဲ့ လက်အောက်ခံ ပညာရေးစနစ်ကို လက်မခံလို့ ပိတ်ခိုင်းတာလို့ ပြောတယ်” ဟု နမ္မတူမြို့နယ် အတွင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

PSLF/TNLA တပ်ဖွဲ့သည် ဖုန်းမှ တစ်ဆင့် ကျေးရွာအုပ်စု အသီးသီး၏ သက်ဆိုင်ရာ ရွာလူကြီး / ရွာအုပ်ချုပ်ရေး မှူး ထံသို့ ဖုန်းဆက် အကြောင်းကြားကာ ကျောင်းကို ပိတ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။ TNLA တပ်ဖွဲ့မှ ပိတ်ခိုင်းသည့် စာသင် ကျောင်းများတွင် ဆိုင်းခေါင်ကျေးရွာအုပ်စုမှ မူလတန်းကျောင်း ၁ ကျောင်း၊ မန်စံကျေးရွာ အုပ်စုမှ အလယ်တန်းကျောင်း ၁ ကျောင်း၊ ပါချန်ကျေးရွာ အုပ်စုမှ မူလတန်းကျောင်း ၁ ကျောင်း နှင့် နားဆိုင်းကျေးရွာအုပ်စု မှ အထက်တန်း ကျောင်း တစ်ကျောင်း တို့ ဖြစ်ကြကြောင်းလည်း ဒေသခံများက ပြောသည်။ “ကျောင်းတွေ ဖွင့်လာတာ တစ်ပတ်တောင် မပြည့်သေးဘူး။ သူတို့က ပိတ်ခိုင်းတယ်။ ကျောင်းပိတ်ရရင် ကလေးတွေလည်း စာသင်ခွင့် ဆုံးရှုံးမှာပေါ့၊ ပိုက်ဆံ တတ်နိုင်တဲ့သူတွေက ကျောင်းပြောင်းပြီး ထားနိုင်ပေမဲ့ မတတ်နိုင်တဲ့ ကလေးတွေကျတော့ ရွာက ကျောင်းတွေကိုပဲ အားကိုးရမှာပဲ။ ဒါပေမဲ့ အခုလို ကျောင်းကို ပိတ်ခိုင်း တော့ ကလေးတွေ နစ်နာတာပေါ့နော်” ဟု အသက် ၅၀ ဝန်းကျင် ကျောင်းသား ဖခင်တစ်ဦးကလည်း ပြောသည်။ စာသင်ကျောင်း ပိတ်ခိုင်းမှုကြောင့် ဒေသအတွင်းမှ စာသင်သည့်အရွယ် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၀၀ နီးပါး စာသင်ခွင့် ဆုံးရှုံးရ ကြောင်း ဒေသခံများက ပြောသည်။ https://burmese.shannews.org/archives/35253

၂၈။   စစ်ကောင်စီတပ်စခန်းများ ညစဥ်လက်နက်ကြီး ခြောက်လှန့်ပစ်ခတ်၊ စခန်းမတိုက်ခံရရေး သတိဖြင့် နေထိုင်နေရ
      June 13, 2023

ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်စခန်းများမှ ကျေးရွာများဘက် လက်နက်ကြီး နေ့စဥ်ပစ်ခတ်မှုလုပ်ဆောင်နေပြီး ၎င်းတို့စခန်းမတိုက်ခံရရေး လုံခြုံရေးသတိဖြင့်နေထိုင်နေကြရကြောင်း ဒေသတွင်း ကရင်နယ် ခြားစောင့်တပ် -BGF သတင်းအရင်းအမြစ်က ပြောသည်။ မေလနှင့် ဇွန်လဒုတိယအပတ်အထိ စစ်ကောင်စီတပ်က ကျေးရွာများ ဘက် လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်း ပိုမိုလုပ်ဆောင်လာနေသလို KNLA ပူးပေါင်းတပ်များ ဘက်မှလည်း ဒရုန်းဗုံးချတိုက်ခိုက်မှု၊ စနိုက်ပါပစ်ခတ်မှုများ တန်ပြန်တိုက်ခိုက်နေသည့်အတွက် စစ်စခန်းများ မတိုက် ခိုက်ခံရ ရေး နေ့စဥ်လက်နက်ကြီး ခြောက်လှန့်ပစ်ခတ်၍ နေထိုင်နေကြရကြောင်း ပြောသည်။ “စစ်တပ်နေရာတွေက ညဆိုလက်နက် ကြီးက အနည်းဆုံး ၃ လုံး ၄ လုံးပစ်ထုတ်ပြီး သူတို့အသင့်ရှိတယ် ပုံစံမျိုးနေ့တိုင်း ပစ်ခတ်နေရတယ်။ နေ့ဘက်ဆိုလည်း သေနတ် ဖောက်တာက အမြဲလုပ်နေရတယ်။ မိုးပေါ်က ဒရော့ဗုံး(ဒရုန်းဗုံးသီး) ကျလာမလား၊ လက်လုပ်လက်နက်ကြီး၊ ရှော့ခ်တိုက်ဒုံးသီး ကျလာမလားဆိုတာ ဆက်သွယ်ရေးမြောင်းထဲကနေစောင့်ကြည့်ရင်းနေနေရတယ်။ ငါတို့ BGF ကရင်တပ်တွေ က လည်း ငါတို့ နေရာ လာတိုက်မခံရဖို့ လုပ်ရတာပဲ၊ စနိုက်ပါ ချောင်းပစ်တာလည်းရှိတော့ စခန်းထဲမှာ ဟိုလျှောက်၊ ဒီလျှောက်တောင် သိပ်မရဲ ဘူးဖြစ်နေတယ်”ဟု ကျုံဒိုးနွားခြံကုန်းဒေသ BGF စစ်ရေး သတင်း အရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် မတ်လ၊ ဧပြီလနှင့် မေလအတွင်း ကျေးရွာများဘက်မှ စစ်တပ်ထောက်ခံသူနှင့် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး များအား KNLA ပူးပေါင်းအဖွဲ့များ စစ်ရေးလှုပ်ရှားမှုရှိလာလျှင် စစ်တပ်ကို သတင်း ပေးရမည်ဟု ချိတ်ဆက် စီစဥ်ထားမှုအရ KNLA /PDF ပူးပေါင်းစစ်ကြောင်းများ ကျေးရွာ များ ဘက်ရောက်လာလျှင် စစ်တပ်ကို သတင်းလှမ်းပေးသည့် အတွက် စစ်တပ်မှ ကျေးရွာများ ဘက် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ ထိုဖြစ်စဥ်များကြောင့် ကျေးရွာသားနှင့် ကျေးရွာနေအိမ်များ ထိခိုက်ပျက်စီးသေဆုံးဒဏ်ရာရကြပြီး စစ်တပ်သတင်းပေးများအား ဒေသခံများတွေ့မြင်ကြားသိကြသည့် အခါ မိမိတို့လုပ်ရပ်အပေါ်ကြောက်ရွံ့၍ စစ်တပ်ရှိရာ မြို့ဘက်သို့ တိမ်းရှောင်နေထိုင်မှုများရှိနေကြောင်း သိရသည်။ “ပြီးခဲ့တဲ့ မေလတုန်းက စစ်တပ်က ရွာတွေကိုလက်နက်ကြီးပစ်တာအရပ်သားတွေ အိမ်ထိလူထိ ဖြစ်ကြတော့ ရွာသားအချင်းချင်း ဘယ်သူ စစ်တပ်ကို သတင်းပေးလဲဆိုတာသိကုန်တော့ တချို့စစ်တပ်ထောက်ခံပြီး စစ်တပ်ကိုသတင်းပေးတဲ့ ရွာသားတွေ မနေရဲကြတော့ ဘူး။ မြို့တက်ပြေးကုန်ပြီ။ သူတို့က စစ်တပ်ကို ဖုန်းဆက်သတင်းပေးတော့ ရွာထဲစစ်တပ်က အလုံးကြီးပစ်ထည့် ကိုယ့်ရွာသား တွေ ထိခိုက်၊ သေ၊ အိမ်ပျက်ခြံပျက်တာတွေဖြစ်ကုန်တော့ သူတို့လည်း ဆက်ပြီးသတင်းပေးမလုပ်ရဲကြတော့ဘူး။ စစ်တပ်ထဲ ပြောင်းတာတို့၊ မြို့ပေါ်ပြောင်းနေတာတို့ ဖြစ်ကုန်တယ်”ဟု ကော့ကာကျေးရွာသားက ပြောသည်။ https://kicnews.org/2023/06/%e1%80%85 %e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1

၂၉။  မိုးကောင်းမြို့ရှိ အထက်တန်းကျောင်းများတွင် ကျောင်းပြောင်းလက်မှတ်အတွက် ငွေကြေးကောက်ခံမှုများ ရှိနေ
      June 12, 2023

ကချင်ပြည်နယ်၊ မိုးကောင်းမြို့က အထက်တန်းကျောင်းတွေမှာ ကျောင်းပြောင်းလက်မှတ် (TC)အတွက် ငွေကြေး ကောက်ခံမှုတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ မိုးကောင်းမြို့က အထက်တန်းကျောင်းတွေဖြစ်တဲ့ အထက-၁၊ အထက-၂၊ အထက-၃ နဲ့ ကျောင်းတော်တော်များများမှာ ကောက်ခံနေတာဖြစ်တယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။ “ကျောင်းပြောင်းလက်မှတ်တွေယူတာကို ရန်ပုံငွေဆိုပြီးမှ ကောက်ခံတာပေါ့။ အရင်နှစ်တုန်းကလည်း ရှိတယ်။ မကောက်ခိုင်းစေချင်ဘူး။” လို့ဆိုပါတယ်။ ငွေကြေးကောက်ခံတာမထည့်ရင် ကျောင်းပြောင်းလက်မှတ် မထုတ်ပေးဘူးဆိုတာ မျိုးကို အတိအကျ ကြားသိရတာမရှိပေမဲ့ ကျောင်းပြောင်းချင်တဲ့ သူတွေကတော့ ထည့်ပြီးယူကြတယ်လို့ ဆိုပါတယ်။ အဲဒီလို ကျောင်းပြောင်းလက်မှတ် ရယူနိုင်ဖို့အတွက် အလှူငွေ၊ ရန်ပုံငွေအနေနဲ့ စေတနာရှိသ လောက် ထည့်ရတာရှိသလို တချို့ကျောင်း တွေဆိုရင် တစ်သိန်းသတ်မှတ်ပြီး ကောက်ခံတာလည်းရှိတယ်လို့ ကြားသိရကြောင်း နောက်ထပ်ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

“တချို့တွေကျတော့လည်း ကျောင်းမပြောင်းစေချင်လို့ ကောက်တာတဲ့။ ဒါပေမဲ့လည်း တကယ်ကောက်နေတဲ့ဟာ တွေလည်း ကောက်နေတာ။ တချို့တွေကျတော့လည်း တစ်သိန်းတောင် တောင်းတယ်တဲ့။ တချို့ကျတော့လည်း ငါးသောင်းတဲ့။ ပြောင်းချင်တဲ့သူကတော့ ပေးရတာပေါ့။” လို့ပြောပါတယ်။ အရင်နှစ်တုန်းက အခုနှစ်ထက် ငွေကြေးကောက်ခံတာဆိုးတယ်လို့ ကျောင်းသားမိဘတွေရဲ့ ပြောပြချက်အရ သိရသလို မိုးကောင်းမြို့က ကျောင်းတွေသာမက နမ္မတီးမြို့က ကျောင်းမှာလည်း အခုလိုကောက်ခံတာ ရှိတယ်လို့ ကြားသိရပါတယ်။ ကျောင်းပြောင်း(TC)လက်မှတ်အတွက် ငွေကြေးကောက်ခံတာတွေကို ကျောင်းကလုပ်ပိုင်ခွင့်မရှိသလို တိတိကျကျသိရှိရရင် အရေးယူမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ မိုးညှင်းခရိုင်ပညာရေးမှူးက ပြော ပါတယ်။ https://www.facebook.com/photo/?fbid=268359715 871029&set=a.266001999440134

၃၀။  စစ်တွေတွင် ဖယောင်းတိုင်မီး ထွန်းညှိထားခဲ့ရာမှ မီးလောင်းဖြစ်ပွားပြီး နေအိမ် ၁လုံးနှင့် ဆိုင်ခန်း ၁၀ ခန်းဆုံးရှုံး
      June 13, 2023

ရခိုင်ပြည် စစ်တွေမြို့နယ် စစ်တွေမြို့နယ်၊ ဒါးပိုင်(ရွာသစ်)ကျေးရွာ၌ ဆိုင်ခန်းအတွင်း ဖယောင်းတိုင်မီး ထွန်းညှိထားခဲ့ ရာမှ တဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းပြီး နေအိမ် ၁လုံးနှင့် ဆိုင်ခန်း ၁၀ ခန်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။  စစ်တွေ မြို့နယ်၊ ဒါးပိုင်(ရွာသစ်) ကျေးရွာ၌ ဆိုင်ခန်းအတွင်း ဖယောင်းတိုင်မီးမှ  ၉ နာရီ ၃၅ မိနစ်ခန့် စတင်လောင်ကျွမ်းခဲ့ဖြစ်ပြီး မီးကူး စက်လောင်ကျွမ်းမှုကြောင့် နေအိမ် ၁လုံးနှင့် ဆိုင်ခန်း ၁၀ ခန်း ဆုံးရှုံးခဲ့ရသည်ဟုပြည်နယ် မီးသတ်ဌာနမှ သတင်းထုတ်ပြန်ထား သည်။

မီးလောင်နေရာသို့ မြို့နယ် မီးသတ်ဦးစီးမှူးများနှင့် တပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ စုစုပေါင်း ၄၀ဦး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် ၁စီးတို့နှင့်အတူ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းနိုင်ကြောင်း သိရသည်။ မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်မှုများ မရှိဘဲ မီးဘေးဒုက္ခသည် စုစုပေါင်း ၅ ဦးအား နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ယာယီ နေရာထိုင်လျက်ရှိကြောင်း မီးလောင်မှုအား စုစုပေါင်း ရေဂါလန် ၅၆၀၀ ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ https://www.facebook.com/westernnewsag ency/photos/pcb.778462667293573/ 778461907293649/

၃၁။   မိုးညှင်းတွင် ညမထွက်ရအမိန့်ထုတ်ပြန်ကာ လုံခြုံရေးတင်းကြပ်လာ
       June 13, 2023

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီတပ်သည် ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် ညပိုင်းစစ်ဆေးရေး များ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများ ပြောသည်။ ဇွန်လ ၈ ရက်နေ့မှစပြီး စစ်ကောင်စီတပ်သည် မိုးညှင်းမြို့နယ်တွင် ည ၁၀ နာရီမှ မနက်၄နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် အရပ်ဝတ်များဖြင့် လမ်းကြား လမ်းမ၊လမ်းဆုံများတွင် စစ်ဆေးမှုတင်းကြပ်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “စစ်သားတွေရဲတွေက အရပ်ဝတ်နဲ့ သွားနေကြတာ ဟိုနေ့ညဆို ၉ နာရီကျော်ဘဲရှိသေးတယ်။ မြို့ထဲမှာဘဲ ဆိုင်ကယ်နဲ့ လင်မယားနှစ်ယောက်ကို တားပြီးစစ်နေတာတွေ့တယ်”ဟုပြောသည်။ အဆိုပါ ညမထွက်ရအမိန့်ထုတ်ပြန်ချက်တွင် လမ်းမကြီး၊အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊လမ်းကြား၊ဥယျာဥ် သို့မဟုတ် အများ ပြည်သူနှင့်ဆိုင်သောနေရာများတွင် လူ၅ဦး သို့မဟုတ် ၅ ဦးထက် ပိုစုဝေးခြင်းမပြုရန်ထုတ်ပြန်ထားသည်။

မိုးညှင်းမြို့နယ်တွင် ညမထွက်ရ ၁၄၄ အမိန့်ထုတ်ပြန်ချက်ကို ပြီးခဲ့သည့် ဧပြီလ ၄ရက်နေ့တွင်လည်း ထုတ်ပြန်ခဲ့ပြီး ယခုတစ်ကြိမ်ထုတ်ပြန်ခြင်းသည် ယခုနှစ်တွင်း ညမထွက်ရအမိန့် ဒုတိယအကြိမ်ထုတ်ပြန်ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်အနေ ဖြင့် ယခုလိုထုတ်ပြန်ခြင်းသည် မိုးညှင်းမြို့နယ်၊ နယ်နိမိတ်အတွင်း လူတစ်ချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ထိခိုက်အောင်ဆောင်ရွက်တာတွေ တွေ့ရသည့်အတွက် ထပ်မံထုတ်ပြန် ခြင်းဖြစ်သည်ဟု ထုတ်ပြန် ချက်တွင် ပါရှိသည်။ မိုးညှင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလအတွင်း မိုးညှင်းမြို့နယ် နမ္မားမြို့တွင် စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်း တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဒေသခံများထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။ https://burmese .kachinnews.com/2023/06/13/sm1-108/

၃၂။   တောင်ကြီးမြို့နယ် လယ်ယာမြေပေါ် ဆောက်ထားသည့်အိမ်များကို စစ်တပ်က ဖယ်ရှားခိုင်းနေ
       June 13, 2023

သျှမ်းပြည် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စုရှိ လယ်ယာမြေပေါ်တွင် ဆောက်လုပ်ထားသည့် နေအိမ်များနှင့် မြေဝယ်ပြီးခြံစည်းရိုးခတ်ထားသူများကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည်ဟုဆိုပြီး စစ်တပ်ကဖယ်ရှားခိုင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂ ရက် စစ်ကောင်စီလက်အောက်ခံ ဖာမွန်းကျေးရွာ လယ်မြေစီမံခွန့်ခွဲမှုအဖွဲ့မှ လယ် ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အဦး ဆောက်လုပ်ခြင်း နှင့် အုတ်တံတိုင်း ကာရံခြင်းကို ဇွန်လ ၉ ရက်မှစပြီး အပြီးဖယ် ရှားရမည်ဟု အိမ်တိုင်ရောက် စာပို့အကြောင်းကြားခဲ့သည်။ လက်ရှိ လယ်ယာမြေပေါ် အိမ် ဆောက်လုပ်ထားပြီး ဖယ်ရှားရမည့် စာရင်းထဲပါရှိသော အိမ်ခြေသည် စုစုပေါင်း ၂၀၀ ကျော်ရှိနေပြီး အခိုင်အမာဆောက်လုပ်ထားသည့် အိမ်ကြီးများလည်း ဖယ်ရှား ရမည့် စားရင်းထဲ ပါရှိကြောင်း တောင်ကြီးမြို့နယ်ခံ တစ်ဦးက ပြောသည်။ “ အိမ်တွေဆောက်ထားတဲ့လူရော အိမ်ဖျက်ခိုင်းထား တယ်။ လောလောဆယ် ဖျက်ခံရမယ့် စားရင်းထဲပါတာ အိမ်ခြေ ၂၀၀ ကျော်တယ်လို့ ကြားတယ်။ အခုရွာမြေ မဟုတ်တဲ့မြေတွေ အကုန်းနီးပါးလောက် ပါတယ်။ ရောင်းတဲ့လူတွေက ရောင်းလို့မရတာ သိရက်နဲ့ရောင်းကြတာ။ ဝယ်တဲ့လူတွေက မသိဘဲဝယ်ကြ တယ် “ ဟု ၎င်းက ပြောသည်။

ဖယ်ရှားရမည့် အိမ်ခြေ ၂၀၀ ကျော်အနက် တချို့မှာ အခိုင်အခန့် ဆောက်လုပ်ထားသည့် အိမ်ကြီးများ၊ ဆောက်လုပ်စ နေအိမ်များ နှင့် မြေဝယ်ယူပြီး ခြံစည်းရိုးခတ်ထားသည့် လယ်ယာမြေများ ပါဝင်ပြီး အမှန်တကယ် ဖယ်ရှားရမည်ဆိုပါက ၎င်းတို့ သည် နစ်နာဆုံးရှုံးမှု နှင့် အခက်ခဲများစွာ ကြုံတွေ့နိုင်ကြောင်း သိရသည်။ “အခုလောလောဆယ်တော့ သူတို့ မဖျက်သေးဘူး။ သတိပေးတဲ့ သဘောထင်တယ်။ ဒါပေမယ့် ပြောလို့တော့မရဘူး။ ဘယ်နေ့ ထလုပ်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်တာ။ ပိုက်ဆံပေးပြီး ဝယ်ထားတဲ့သူတွေက သိမ်းသွားရင်တော့ ရှုံးမှာ “ ဟု ၎င်းက ထပ်လောင်းပြောသည်။ အလားတူ တောင်ကြီးမြို့ ရှောင်လမ်း (လမ်းငါးဆုံ) အသစ်မှ တစ်မိုင်ပတ်လည်ရှိ မြေကွက်များကို အရောင်းဝယ်ပြုလုပ်လျှင် တရားစွဲဆိုမည် စာထုတ်ထား သောကြောင့် လယ်ယာမြေအရောင်းအဝယ် ပြုလုပ်သူများ မြေဝယ်ယူရန် မရဲတော့ကြောင်း လယ်ယာမြေပွဲစားထံမှ သိရသည်။ https://burmese.shannews.org/archives/35263

၃၃။   ဒီမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း တစ်နေရာမှာ ဆန်ပြတ်လပ်မှုကြုံနေရ
       June 12, 2023

စစ်ပွဲကာလရှည်ကြာလာတာနဲ့အမျှ စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေဟာလည်း အိမ်နဲ့ ဝေးကွာနေတာ ၂ နှစ် အထိ ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ ကယားပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေအနေနဲ့ စစ်ပွဲရှည် ကြာလာတာနဲ့အမျှ အလှူရှင်လည်း နည်းပါးလာတာကြောင့် စားဝတ်နေရေးအခက်အခဲကြုံနေတယ်လို့ သိရပါတယ်။ “ကျမတို့ က အိမ်ကိုလည်းလုံးဝပြန်လို့မရဘူး ခြံစိုက်ဖို့အတွက်ဆိုလည်း ခြံကမရှိဘူး ဈေးရောင်းမယ်ဆိုရင်လည်း သူများက ဆိုင်ပြန်မဖွင့် ခိုင်းတော့ အခက်အခဲအများကြီးကြုံနေရပါတယ် အဲ့ကြောင့်မို့ ဆန်ပြတ်လတ်မှုဖြစ်နေတာ (၂)လလောက်ရှိပြီ အဲ့ ၂ လအတွင်းမှာ ဟိုတစ်ယောက်ဆီက ဆန်ချေးစားလိုက်နဲ့အပြန်အလှန်လုပ်နေကြရပါတယ်။ အမျိုးရှိတဲ့လူကျ အမျိုးတွေရှိရာဆီ ဆ န်သွား ရောက်ချေးယူနေရတယ်”လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးကပြောပါတယ်။ စစ်ဘေးရှောင်တွေစားသုံးဖို့ရန်ဆန်ပြတ်လပ် နေတာကြောင့် ဆန်အလှူရှင်များလိုအပ်နေကြောင်းသိရပါတယ်။ https://www.f acebook.com/photo/?fbid=70523443828 0284&set=a.524375076366222

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။