• Today is: Saturday, May 18, 2024

နေ့စဉ်သတင်းအကျဉ်း

မတ်လ – ၇ – ၂၀၂၂

  • ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန်းမားမြို့နီး စစ်ကောင်စီတပ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံ ရမှု တွင် နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် နှစ်ဖက်တပ် အကျအဆုံးများကြောင်း သိရသည်။ ယနေ့ မတ်လ ၇ ရက်နေ့ နံနက် ၇ နာရီအချိန် တွင် နန်းမားမြို့အဝင်နား၌ မိုးညှင်း ဘက်မှတက်လာသည့် စစ်ကောင်စီကားနှစ်စီးကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာနှစ်ဖက်စလုံးတွင် တပ်သားအကျအဆုံးရှိသည်ဟု ဟိုပင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုတဲ့အကြောင်း ဖော်ပြထားသည်။

 

  • မြဝတီတောင်ဘက်ရှိ လေးကေ့ကော်ဒေသ ရှုခင်းသာ ပန်းခြံကုန်းနေရာအနီး အခြေချထားသည့် စစ်ကောင်စီ အမြှောက်ကုန်းနေရာတွင် ယနေ့ မတ်လ ၇ရက် နံနက် အစောပိုင်းမှစတင်၍ စစ်ကောင်စီစစ်ကြောင်းများမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်း တပ်ဖွဲ့ များ ရှိရာဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ပွဲဖြစ်ပွားနေ ကြောင်း ဒေသတွင်း သတင်းအရ သိရသည်။ KNLA ပူးပေါင်းတပ်ဖွဲ့မှ ပါဝင်တိုက်ခိုက်နေသူ တစ်ဦး က “လေးကေကော် ခွေးကုန်းပေါ့၊ (စွယ်တော်အမြှောက် ကုန်း) မှာ ညက ပေါက်ကွဲမှုဖြစ် သံကြား တယ်။ ခဏတော့ လက်နက်ငယ် ပစ်ခတ်မှုတွေ လုပ်တယ် ၊ သူတို့ တပ်ဖွဲ့ ဝင်အချင်းချင်း ပစ်ခတ်ကြ တာလို့ထင်တယ်၊ ညက ကျနော်တို့ဘက်က ပစ်ခတ်တာမရှိဘူး၊ ဒီမနက် ၆ နာရီကျော်မှာ ရသေ့ဂူ တောင်ကြောဘက်ကို စပစ် တာကနေ အခု တိုက်ပွဲဖြစ်နေတယ် ၊ ခွေးကုန်းက လက်နက်ကြီး ပစ်ထုတ်နေတယ်၊ ဆက်တိုက်ပဲ ။ ဒီနေ့မနက် ပစ်ခတ် နေတာက ပိုပြီး အင်အားသုံးလာတယ်၊ ကျနော်တို့လည်း နေရာစုံ ကနေ ပြန်ပြီးတိုက်နေတယ် ။ “ဟု ပြောဆိုခဲ့တဲ့အကြောင်း ကေအိုင်စီ တသင်းဌာနတွင်ဖော်ပြထားသည်။

 

  • ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာ၌ ယနေ့ မတ်လ ၇ ရက်၊ နံနက် အစောပိုင်းတွင် NLD ပါတီဝင်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းဝဏ္ဏ အပါအဝင် ၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။ စိုင်းဝဏ္ဏသည် ၂၀၂၀ ရွေးကောက်ပွဲ တွင် ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းစဥ် တစ်ပတ်ခန့်ကြာ ထိန်းသိမ်းခံ ရပြီးနောက် ပြန်လည်လွတ်‌မြောက်လာရာ ယခုတွင် ထပ်မံ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

 

  • တနင်္သာရီတိုင်း၊ ထားဝယ်ဆေးရုံကြီး ကိုဗစ်ကုသဆောင်တွင် ၃ လအရွယ်ကလေးငယ်တဦး ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရ၍ မတ်လ ၆ ရက် ညနေပိုင်းအချိန်၌ သေဆုံးခဲ့ကြောင်း ထားဝယ် ကြက်ခြေနီအသင်း၏ ထုတ်ပြန်ချက်ထားသည်။ ကိုဗစ် ကူးစက်ခံခဲ့ရသည့် ၃ လအရွယ် ကလေး ငယ်မှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် မူးဒူးကျေးရွာမှဖြစ်ပြီး ထားဝယ်မြို့နယ် ကြက်ခြေနီမှ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ရုပ်အလောင်းကို ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

  • ထာဝယ်ခရိုင် လောင်းလုံးမြို့နယ်လုံး ဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂက “We Stand With Ukraine People Solidarity From Myanmar People -အဖိနှိပ်ခံ ယူကရိန်း ပြည်သူများ နှင့်အတူ ရပ်တည်ပါ၏ ” ဆိုသည့် ဘန်နာကို ကိုင်စွဲကာ ယနေ့ မတ်လ ၇ ရက်နေ့ ညနေပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒ ထုတ်ဖော် ကြသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ပြည်သူများသည် ယနေ့ မတ်လ ၇ ရက်နေ့တွင် ၃၉၃ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက် ဆန္ဒပြကြသည်။

 

  • နိုင်ငံတကာအမျိုးသမီးများနေ့အခမ်းအနားကို မတ် ၇ ရက်က ကရင်နီပြည် (ကယားပြည်နယ်) ဒီးမော့ဆိုမြို့နယ် တနေရာမှာ ကရင်နီစစ်ပြေးဒုက္ခသည်အမျိုးသမီးတွေ စုပေါင်းကျင်းပခဲ့ကြောင်း သိရသည်။

 

  • မန္တလေးအမျိုးသမီးထုသပိတ် စစ်ကြောင်းသည်ညယနေ့ မတ်လ ၇ ရက်တွင် “ဣတ္ထိယတွေ ရှေ့သို့ချီ အကြမ်းဖက်မှုကို အမြစ်ဖြတ်မည်” စာတန်းအား ကိုင်ဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ယနေ့ မတ်လ ၇ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ ကြောင်းသိရသည်။

 

  • မန္တလေးမြို့က ပြည်ကြီးတံခွန်ဆရာတော်နဲ့ ဒေသခံပြည်သူတွေရဲ့ ပြည်ကြီးတံခွန်ညသပိတ်အင် အားစုက ဒီကနေ့ (မတ်လ ၇ ရက်)ညမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မတ်လ (၈)ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ပဲဖြစ်ပါတယ်။ သမိုင်းအဆက် ဆက်က ကမ္ဘာပေါ်ရှိ အမျိုးသမီးများဟာ ဖိနှိပ်ခွဲခြားဆက်ဆံခံရမှုတွေကို ရွပ်ရွပ်ချွံချွံတော်လှန်ခဲ့ ကြသလို ဒီကနေ့ မြန်မာအမျိုးသမီးများကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ ဖိနှိပ်ခွဲခြားဆက်ဆံမှု၊ ဘက်လိုက်မှုတွေကိုပါ တော်လှန်နေ ကြတာပဲဖြစ်ပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းမှု၊ ဖိနှိပ်ခွဲခြားမှု၊ ဘက်လိုက်မှုတွေ ရပ်တန့် ရန်နဲ့ စစ်အာဏာရှင်ကျဆုံးရေး ကြွေးကြွော်သံများနဲ့ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • ယင်းမာပင်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၇ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ အလားတူ အခြားကျေးရွာတစ်ရွာတွင်လည်း ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့ မတ် ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

 

  • ယင်းမာပင်မြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာမှ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများ၏ ၃ လပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ဒေသခံ ပြည်သူများသည် ယနေ့ မတ်လ ၇ ရက်တွင် ဝေမြဲနှင်းဆီများဖြင့် ချီတက် အလေးပြုကာ ကမ္ဘာမကျေဘူးသီချင်းနှင့် စစ်အာဏာရှင် ကျဆုံးရေး ကြွေးကြော်သံများ သီဆိုဟစ်ကြွေးခဲ့ကြသည်ဟု သိရသည်။

 

  • စစ်ကိုင်း‌တိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ စုန်းချောင်းရွာ ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြချီတက်ခြင်းကို မတ် ၇ ရက် တွင် ပြုလုပ်ခဲ့သည်။

 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနဲ့ ဒေသခံ ပြည်သူလူထုပူးပေါင်းပြီး ဒီကနေ့ (မတ်လ ၇ ရက်) ညနေမှာ ” Freedom is not Free ၊ တကယ် လွတ်ချင်ရင်တကယ်ရုန်းပေးကြပါ” စာတန်းကိုင်ဆောင်ပြီး ဆည်းဆာသပိတ်စစ်ကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • မတ်လ ၈ ရက်မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ်နဲ့ စစ်ကိုင်းတိုင်း မုံရွာ- အမြင့်လမ်းမှာ အမျိုးသမီးအများစုပါဝင်တဲ့ သပိတ်စစ်ကြောင်းက ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • ကရင်နီပြည်နယ်အတွင်းရှိ ကတ်သလစ်တိုက်နယ် ( ၁၆ ) ခုရဲ့ ဘုရားကျောင်းတွေမှာ ဘုရားဝတ်ပြု တာတွေ မပြုလုပ်နိုင်တော့တာကြောင့် ပိတ်သိမ်းလိုက်ရတယ်လို့ ကတ်သလစ် ဘုန်းတော်ကြီး တစ်ပါးက ပြောပါတယ်။ “ အခုက လွိုင်ကော်မှာက ၁၆ခု ပိတ်သိမ်းခံလိုက်ရတယ်ဆိုတော့ တော်တော်များတယ်ပေါ့နော။ တိုက်နယ်လို့ ပြောရရင်တော့ ဘုရားကျောင်းရှိရမယ်။ ဘာသာတူ တွေရှိရမယ်။ပြီးတော့ ဘုန်းကြီး ကျောင်းထိုင်ဘုန်းတော်ကြီးလည်း ရှိရမယ်။ အဲ့ဒီဘုရားကျောင်းမှာ ထိုင်ပြီးတော့မှ အဲ့ဘာသာတူတွေကို ကြည့်ရှု ဝိညာဉ်ရေး လမ်းပြပေးတဲ့ ဘုန်းကြီးရှိတာပေါ့လေ။ ဆိုတော့ အဲ့တာကို တိုက်နယ်လို့ခေါ်တယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ သာသနာ ၁၆ ခုထဲမှာ လွိုင်ကော်ဟာ တစ်ခုအပါအဝင်ဖြစ်တယ်။ လွိုင်ကော်ဟာ ဘာသာတူအများဆုံး ကတ်သလစ် ဘာသာတူအများဆုံး သာသနာတစ်ခုလည်းဖြစ်တယ်။ အဲ့ဒီအထဲမှာမှ တိုက်နယ် ၁၆ခုက ပိတ်သိမ်းခံလိုက်ရတယ်ဆိုတော့ အခြေအနေလုံးဝမကောင်းဘူး အဲ့လိုပဲ ပြောလို့ ရမှာပေါ့နော။ “ လို့ ကတ်သလစ် ဘုန်းတော်ကြီးတစ်ပါးက ပြောဆိုတဲ့အကြောင်း ကန္တာရဝတီတိုင်း(မ်) သတင်းဌာနတွင် ဖော်ပြထားသည်။

 

  • ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ အရှိုချင်းလူမျိုးတို့နေထိုင်ရာ အညစ်ကျေးရွာတွင် ကျောင်းမတက် ရောက်နိုင်သည့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများစာတတ်မြောက်ရေးအတွက် ဒေသတွင်း လူမှုအဖွဲ့အစည်းများမှ ဦးဆောင်ကာ ပညာသင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။ ကျေးလက်နေလူထုစာတတ်မြောက်ရေးအတွက် ဒေသတွင်း NGO အဖွဲ့အချို့က အညစ်ကျေးရွာ တွင် ကိုယ်ထူကိုယ်ထကျောင်းတည်ဆောက်ကာ ကျောင်းနေအရွယ်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို “အ”သုံးလုံးအခြေခံကာ သင်ကြားပေးနေခြင်းဖြစ်သည်။

 

  • ရှမ်းပြည်နယ်မြာက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင်း ကိုးကန့် MNDAA တပ်မှ တပ်သားသစ် စုဆောင်း‌ နေသည့်အတွက် ဒေသခံအချို့ထွက်ပြေးတိမ်း‌ရှောင်‌နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ “တရုတ်အိမ်တွေမိသားစု ၂၀ ကျော် ကိုးကန့်က စစ်သားခေါ်လို့ ဘယ်ဘက်ထွက်ပြေးသွားမှန်းတော့ မသိဘူး ကွတ်ခိုင် လွယ်ဆမ်ဆစ်အနောက်ဘက်က ရွာလေ”လို့ ဒေသခံတစ်ဦးကပြောသည်။ ဒါ့အပြင် မုံးကိုးမြို့နယ် ဖောင်းဆိုင်ဒေသဘက်တွင်လည်း ကိုးကန့် MNDAA ဘက်မှ အိမ်ထောင်စု တစ်စုတွင် မိသားစုဝင်တစ်ဦး စစ်မူထမ်းမနေရ ဟူသည့်အတွက် အချို့မိသားစုများနေအိမ် ပြောင်း ရွှေ့ နေထိုင်ကြရသည့်အထိ ဖြစ်လာကြောင်း KNG သတင်းဌာနတွင် ဖော်ပြထားသည်။

 

  • ချင်းပြည်နယ် ကန်ပက်လက်မြို့သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားနေကာ စစ်ကောင်စီတပ်သား လေးဦးထက်မနည်း​သေဆုံးကြောင်း CDF-Kanpetlet တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ ယနေ့ (မတ်လ ၇ ရက်) နံနက်ပိုင်းကစ၍ ကန်ပက်လက်မြို့ကို စစ်ကြောင်းသုံးခုခွဲ၍ အကြမ်းဖက်စစ်​ကောင်စီမှ ထိုးစစ်ဆင်နေခြင်းကို CDF-Kanpetletနှင့် မဟာမိတ် တပ်ပေါင်းစုမှ ပူးပေါင်းခုခံ တိုက်ခိုက်နေသည်ဟု ဆို သည်။

 

  • ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့အချုပ် ULA အနေဖြင့် အခွန်ကောက်ခံရခြင်းမှာ ပြည်သူလူထု အကျိုးအတွက် ရက္ခိတလမ်းစဉ်ပီပီပြင်ပြင်လျောက်လှမ်းနိုင်‌နိုင်ရန် မလွဲမသွေလုပ် ဆောင်ရခြင်း ဖြစ်ပြီးတော်လှန်ရေးအောင်မြင်ရန်အတွက်လည်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA က ပြောသည်။ မတ်လ ၅ ရက်နေ့တွင်ပြုလုပ်သည့် ULA/AA၏ သတင်းစာရှင်းလင်းပွဲ၌ ရခိုင်ပြည်နယ်အတွင်း အခွန်ကောက်ခံမှုအခြေအနေနှင့် အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ ချမှတ် ထားသည့်မှုဝါဒ သတင်းထောက်တစ်ဦးက မေးမြန်းစဉ် ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဖြေဆိုခဲ့ခြင်းဖြစ်သည်။

 

  • ယခုအချိန်တွင် ကန်ပက်လက်မြို့နယ်အတွင်းသို့ စစ်ကောင်စီဖက်မှ အင်အား ၁၅၀ စီခန့်ပါသော စစ်ကြောင်းသုံးကြောင်း ဖြင့်ထိုးစစ်ဆင်လာလျက်ရှိသောကြောင့် CDF- Kanpetlet နှင့်ပူးပေါင်း တပ်ဖွဲ့တို့မှ ခုခံတွန်းလှန်နေပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း CDF-ကန်ပက်လက်က ထုတ်ပြန်သည်။ လက်မွန်- ခါးပန်လမ်းပိုင်း၊ လက်မွန် – ကျော့တော်လမ်းပိုင်း၊ အညာကတင်း-ကန်းလောင်းလမ်းပိုင်းနှင့် ဆော- ကန်ပက်လက်လမ်းပိုင်းတို့အား လုံးဝ (လုံးဝ) အသုံးမပြုကြရန် CDF-Kanpetlet က တိုက်တွန်းနှိုးဆော်ထားသည်။

 

  • ယခုနှစ်မှာ ကျင်းပသွားမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ရခိုင်တွင် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းသူဦးရေ မှာ ပြီးခဲ့သည့် (၂၀၂၀) ခုနှစ်မှာ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲထက် ဖြေဆိုသူ ဦးရေ လျော့ကျသွားသည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။ ရခိုင်တွင် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်မှာ တက္ကသိုလ် စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သူ (၄၉၁၈၃) ဦးရှိခဲ့သော်လည်း ယခုနှစ်မှာတော့ စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်လျှောက်ထားသူ ဦးရေ (၄၅၅၉၂) ဦးသာရှိခဲ့သည့်အတွက် လျှောက်ထားသူဦးရေ(၃၅၀၀) ကျော်လျော့နည်းသွား ခြင်းဖြစ်သည်။

 

  • ကယားပြည်နယ် ကျောက်ဆည်ကန်တိုက်ပွဲတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖမ်းစီးရမိ​သော အကြမ်းဖက်စစ်​ကောင်စီတပ်သားနှစ်ဦးကို စစ်သုံ့ပမ်း ​ပေါ်လစီအတိုင်း ထိန်းသိမ်း ထားလျက်ရှိကြောင်းသိရသည်။မတ်လ ၆ ရက်နေ့ ကျောက်ဆည်ကန်တိုက်ပွဲတွင် ကရင်နီအမျိုး သားများကာကွယ်ရေးတပ် (KNDF) အမှတ် (၁) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို အသက် ရှင်လျက် ဖမ်းဆီးရရှိခဲ့ပြီး ဆေးဝါးကုသမှု‌များလည်း ဆောင်ရွက်ပေးပြီး karenni state police ထံသွားရောက်အပ်နှံခဲ့ကြောင်း KNDF မှသတင်းထုတ်ပြန်ထား သည်။

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection