• Today is: Friday, March 29, 2024

အင်းတော်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်၊ အလယ်ဆိပ်ကျေးရွာ အပါအဝင် မဲဇာနှင့် နန့်သဲကျေးရွာထဲက အရပ်သားနေအိမ်များ စစ်ကောင်စီက မီးရှို့ဖျက်ဆီး

ဓာတ်ပုံ –  Indaw Revolution-IR (ဒဏ်ရာရ စစ်ကောင်စီတပ်သား နှင့်အလောင်းများသယ်ရာတွင် အသုံးပြုခဲ့သော ထမ်းစင်ကို တွေ့ရစဉ်။)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၂၈

ကချင်-စစ်ကိုင်း နယ်စပ် အင်းတော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ နှင့် ၂၇ရက်နေ့တွင် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်များနှင် KIA၊ Indaw PDF ပူးပေါင်းတပ်တို့  တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲများဟာ ၂၆ရက်နေ့ နံနက် ၁၀ နာရီခန့်မှာ ခရမ်းစပ်ကုန်းနဲ့ မိုးလှိုင်းကုန်းရွာအနီး တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုများ အရေအတွက် အတိအကျ မသိနိုင် သေးပေမယ့် ထိခိုက်ကျဆုံးမှု များနိုင်တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ပူးပေါင်း တပ်ဖွဲ့တွေဘက်ကတော့ ရဲဘော် ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များဟာ မိုးလှိုင်းကုန်းရွာထဲက အရပ်သားနေအိမ် ၁၆လုံး ကိုလည်း မီးရှို့ခဲ့ ဖျက်ဆီးခဲ့တာပါ။

ယမန်နေ့ မနက်ပိုင်း ၇ နာရီ အချိန်မှာလည်း မဲဇာ ဘက်က အလယ်ဆိပ်ရွာသို့ တက်လာတဲ့ စစ်ကောင်စီ တပ်များနှင့် KIA၊ PDF ပူးပေါင်း တပ်များတို့ ၃ နာရီ ကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု စာရင်းကိုတော့ မသိနိုင်ခဲ့ပါဘူး။

သို့သော် စစ်ကောင်စီတပ်ဟာ အဲဒီမဲဇာတိုက်ပွဲမှာ ထိခိုက်ကျဆုံးများခဲ့လို့ လေကြောင်း ပစ်ကူဖြစ်ပါ တိုက် ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနှစ်ဖက်တိုက်ပွဲမှာလည်း ပူးပေါင်းတပ်ဖွဲ့ ရဲဘော်၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လေကြောင်း တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်များဟာ အလယ်ဆိပ်ရွာကို မီးရှို့ခဲ့ပြီး စစ်ကောင်စီ တပ်၏ လုပ်ရိုးလုပ်စဉ်အတိုင်း ၎င်းတို့၏ ကျဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပါ တခါတည်း မီးရှို့လိုက် တာလို့ အင်းတော်ကာကွယ်ရေး တပ်ဖွဲ့ဘက်က ဆိုပါတယ်။  

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဟာ ဒဏ်ရာရတပ်သားများကိုတော့ မဲဇာရွာထဲတွင် ထမ်းစင်တို့ဖြင့် သယ်လာ ပြီး ဆေးကုသ နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာပြီးနောက် စစ်ကောင်စီတပ်ဟာ ကျေးရွာထဲက ဝင်ရောက် မွေနှောက်လာတာကြောင့် အလယ်ဆိပ်ကျေးရွာ အပါအဝင် မဲဇာနှင့် နန့်သဲရွာမှ ပြည်သူများဟာ ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများ လိုအပ်နေတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုနှင့်  မီးရှို့မှုကြောင့် အလယ် ဆိပ်ရွာမှ ဈေးဆိုင်ခန်း ၆ ခန်း၊ စာကြည့်တိုက် ၁လုံး၊ နေအိမ် ၂၆လုံးနှင့် စပါးတင်း ပေါင်းထောင်ချီ မီးလောင် ပျက်ဆီးသွားတယ်လို့ သိရပါတယ်။