• Today is: Saturday, May 18, 2024

စစ်ကောင်စီက အီလက်ထရောနစ် မဲပေးစနစ် အသုံးပြုဖို့ ပြင်ဆင်လာ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃
 
စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲပေးစနစ်ကို အီလက်ထရောနစ် မဲပေးစနစ် အသုံးပြုသွားမယ်လို့ ပြောဆိုပြီးနောက် စမ်းသပ်ထုတ်ဖော် ပြသမှုများ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
 
အဲဒီ Myanmar Electronic Voting Maching (EVM) ကိုတော့ စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ဆောက်ထားတာဖြစ်ပြီး စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က အသုံးပြုတဲ့စက်ကို ဦးဆောင်ပြသခဲ့တယ်လို့ စစ်ကောင်စီ အာဘော်သတင်း စာမျက်နှာက ဖော်ပြထားကြပါတယ်။
 
“အွန်လိုင်းမဲပေးမှုစနစ်တွေကို ကျင့်သုံးနိုင်ပေမဲ့ အလုပ်ဖြစ်နိုင်မယ်လို့တော့ မထင်ဘူး။ အချို့နိုင်ငံတွေကတော့ ရွေးကောက်ပွဲကို လက်မခံဘူးလို့ ကြေညာထားတာကို တွေ့ရပါတယ်။ စစ်ကောင်စီကတော့ ထွက်ပေါက်မရှိဘူးလို့ မြင်ပါတယ်” လို့ NUG ပြည်ထောင်စုဝန်ကြီး နော်ဇူဇန်နာလှလှစိုး ( အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ဝန်ကြီးဌာန) က မှတ်ချက်ပေး ပြောဆိုထားပါတယ်။
 
စစ်ကောင်စီကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဘက်ပေါင်းစုံက ပြင်ဆင်လာတာ ဖြစ်ပြီး အီလက်ထရောနစ် မဲပေးစက် စမ်းသပ် တည်ဆောက်ထားပြီး ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ ဆန္ဒပြုစက်မှန်ကန်မှု ရှိမရှိ ပြသတဲ့စက်၊ မဲပုံးနဲ့ ဘက်ထရီများ ဖွဲ့စည်းတည်ဆောက် ထားရှိမှုတွေကိုပါ ထုတ်ဖော် ပြသလာတာဖြစ်ပါတယ်။