• Today is: Friday, March 29, 2024

ရဲ CDM အောင်ကျော် နှင့် တွေ့ဆုံခြင်း

“CDM ဘ၀အတွေ့အကြုံ ဖြတ်သန်းမှုအပေါ် တွေ့ဆုံမေးမြန်းခြင်း”

ရဲ CDM အောင်ကျော် | နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ ရခိုင်ပြည်နယ်။

အယ်ဒီတာ အဖွဲ့

) မေး။ ။ စစ်ကောင်စီဆိုတာ ဘယ်သူလဲ စစ်ကောင်စီဒေါက်တိုင်တွေဆိုတာ ဘယ်သူတွေလဲ။

ဖြေ။ ။ စစ်ကောင်စီထောက်တိုင်ဆိုတာ စစ်တပ်နဲ့ ဌာနဆိုင်ရာတွေ ရဲ့ ၉၀ ရာခိုင်းနှုန်းလောက်ပါဝင်ပါတယ်။ စစ်ကောင်စီလို့ ဆိုတဲ့ ဆီမှာ ရဲတို့ ထွေအုပ်တို့ စစ်တပ်တို့ ဒါတွေအကုန်လုံးကပြောရမယ်ဆို စစ်ကောင်စီ နဲ့ အတူတူ ထောက်တိုင်တွေ လည်းပါတယ် စီးပွားရေး သမားတွေက အစ တစ်ချို့ ခရိုနီတွေ ဒါတွေအကုန်လုံးကိုတော့ စစ်ကောင်စီလို့ သတ်မှတ် ထားပါတယ်။

စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေတဲ့သူတွေ Non CDM သမားတွေ လည်းစစ်ကောင်စီ ထောက်တိုင်ထဲမှာ ပါတယ်။

) မေး။ ။ စစ်ကောင်စီရဲ့ အာဏာက ဘယ်အပေါ်မှာ တည်ဆောက်ထားလဲ။

ဖြေ။ ။ လက်နက်အားကိုးပြီးတည်ဆောက်ထားတယ်။

) မေး။ ။ စစ်ကောင်စီရဲ့ဒေါက်တိုင်တွေကို ဘယ်လိုနည်းနဲ့ ဖြိုချနိုင်မလဲ။

ဖြေ။ ။ တစ်နိုင်ငံလုံးအတိုင်းတာနဲ့အကုန်လုံးတွန်းလှန်နေကြတယ် တပ်ထဲမှာလည်း တစ်ချို့တွေက စစ်ကောင်စီကို မကြိုက်ကြဘူး ဖိနှပ်တာတွေလည်းရှိတယ်ဆိုတော့ အဲ့ဒိ ကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လိုဖြိုဖျက်လို့ရမလဲ။

ဆိုတော့ CDM ပိုလုပ်လာဖို့ ဆွဲဆောင်လာနိုင်ရင်တော့ တပ်တွင်းထဲမှာ ဖြိုချလို့ ပိုအဆင်ပြေတယ် တော်လှန်ရေး အားကောင်းနေတဲ့ စစ်ကိုင်းတို့ ဘက်မှာဆိုရင် လက်နက်ကိုင်တော်လှန်ရေးတွေ လုပ်ပြီးတော့ စစ်တပ်ရဲ့ အာဏာကို ဖြို့ချလာတာတွေ တွေ့ရတာပေါ့ စစ်ကောင်စီရဲ့ အာဏာက နေပြည်တော် မန္တလေး ရန်ကုန် မော်လမြိုင် စတဲ့ မြို့ကြီးတွေပေါ်မှာသာ ရှိနေတော့တယ်။

) မေး။ ။ စစ်ကောင်စီရဲ့ အဓိကဒေါက်တိုင်ဖြစ်တဲ့ စစ်သား ရဲ ထွေအုပ်တွေအထဲမှာ ဘယ်လို နေရလဲ။

ဖြေ။ ။ ကျွန်တော်မထွက်လာခင် စစ်သားတွေက သူတို့ရှိနေတဲ့ တပ်ကနေ ရှမ်းပြည်ဘက်ကလာတဲ့သူတွေဆိုရင် သူတို့ပြောတာရှိတယ် ကျနော်တို့ ရခိုင်သွားရမယ်ဆိုတာလည်း မသိဘူး သူတို့ကို ဘယ်ပို့မယ်ဆိုတာလည်း မသိဘူး သူတို့ကို ပိုလိုက်မယ်ဆိုရင် သတင်းအဆက်သွယ်အရင်ဖြတ်တယ် ပြီးမှ သူတို့ တာဝန်ကျတဲ့နေရာ ကို ရောက်တော့မှ သာ ဘယ်နေရာ ရောက်ပြီးလဲဆိုတာက သိရတော့တယ် စစ်တပ်က သတင်း အမှောင်ချထားတယ်ပေါ့ ဒါပင်မဲ့ တချို့ ကျတော့လည်း တကယ် သတင်းအမှောင်ချထားတာရှိတယ် တိုင်းရင်းသား တွေပေါ့ ချင်း တို့ပေါ့ တချို့ကျတော့လည်း ကိုယ်တိုင် သတင်းရတယ် ဒါပင်မဲ့ cdm လုပ်လားဆိုမလုပ်ဘူး သူတို့ဆီမှာ မိသားစုကို ဓားစာခံလုပ်ထားတယ်

) မေး။ ။ စစ်အာဏာရှင်စနစ်က စစ်သား ရဲတွေနဲ့ အခြား ဒေါက်တိုင်တွေကို ဘယ်လို အကျိုးမြတ်ရစေလဲ။

ဖြေ။ ။ အကျိုးမြတ်ရတာ အောက်ခြေဝန်ထမ်းတွေတော့ မဟုတ်ဘူး သူတို့လူကြီးပိုင်းတွေ ဗိုလ်မှူး လောက်က စတယ်ပေါ့ သူတို့အရာရှိပိုင်းတွေပါ တစ်ချို့စိးပွားရေးသမားတွေဆိုလည်း စစ်တပ်က အရာရှိတွေနဲ့ ပေါင်းတယ် တင်ဒါခေါ်တယ် ဒါတွေက အရင်ကတည်းကဖြစ်လာတဲ့ ကိစ္စတွေပါ အကျိုးမြတ်ကတော့ ဒီအာဏာသိမ်းပြီး နောက်ပိုင်း ပိုရသွားတာပေါ့။

မြို့တစ်မြို့ဝင်မယ်ဆိုရင် ဂိတ် နှစ်ခု ၃ခုရှိတယ် စစ်သားတွေရဲတွေ ယဥ်ထိန်းရဲတွေ ကာစတန်တို့ လဝက တို့ဆို တော်တော်များများ အကျိုးမြတ်ရကြပါတယိ

) မေး။ ။ စစ်အာဏာသိမ်းပြီးနောက်မှာ စစ်သားတွေ ရဲတွေရဲ့ Professional Dignity မရှိတော့တာတောင် CDM မလုပ်ကြသေးတဲ့သူတွေ ရှိတယ်ဆိုတော့ စစ်အာဏာရှင်တွေက ဘာတွေနဲ့ လက်အောက်ငယ်သားတွေကို ထိန်းချုပ်ထားသလဲ။

ဖြေ။ ။ကျနော်တို့က နိုင်ငံတော်အလံ ကို ကိုင်ပြီး နိုင်ငံတော်ကို သစ္စာမဖောက်ဘူးလို့ သစ္စာဆိုခဲ့ရတယ် စစ်တပ်က အာဏာသိမ်းတယ်ဆိုတာကလည်း နိုင်ငံတော်ကို သစ္စာဖောက်လိုက်တာပဲ မတရားသဖြင့် အာဏာယူထားတာ အဲ့တော့ နောက်ပိုင်းမှ ရဲတို့ စစ်တပ်တို့က ဝင်တဲ့သူမရှိတေည့တဲ့ အခါမှာ ထောင်ထဲက အသက် ၁၈ပြည့်ပြီးသားတွေကို ရဲတပ်သားသစ် စစ်တပ်သားသစ်အဖြစ် ထပ်မံခေါ်ယူတယိ အာ့ကောင်လေးတွေက ခိုးဆိုးလုနှိုက်တွေ လည်းပါတယ်။

) မေး။ ။ တော်လှန်ရေးအောင်မြင်ဖို့အတွက် စစ်သား၊ ရဲသားတွေရဲ့ အခန်းကဏ္ဍနဲ့ တာဝန်ဘယ်လောက်ရှိတယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ဘက်ပြောင်းတာကတော့ တော်လှန်ရေးအောင်တာပေါ့နော် တော်လှန်ရေးအောင်မြင်ဖို့အတွက် စစ်သားနဲ့ရဲ အခန်း ကဏ္ဍ ဆိုရင်တော့ စစ်သားနဲ့ရဲတွေတင်မဟုတ်ဘူး စစ်သားနဲ့ရဲတွေက ဘက်ပြောင်းပြီးပဲထားပါဦး ပြည်သူ တစ်ရပ်လုံးမပါရင် တော်လှန်ရေးကအောင်မှာမဟုတ်ပါဘူး တော်လှန်ရေးကာလကြာပြီးဆိုတော့ ပြည်သူ တွေထဲမှာလည်း လက်လျော့လာတဲ့ သူတွေရှိတယ် ကြာတဲ့အတွက်ကြောင့် ပြည်သူတွေက စားဝတ်နေရေး ခက်ခဲလာတယ် ကြပ်တည်းလာတယ် အဲ့ဒိ အတွက်ကြောင့် သူတို့လည်း ဇွဲလျော့လာတယ် အာ့လိုမျိုးမြင်ပါတယ် သူတို့ကိုယ်တိုင် တက်တက်ကြွကြွနဲ့ ပြန်ပြီူပါမယ်ဆိုရင် မကြာပါဘူး အောင်မယ်လို့တော့ ထင်ပါတယ်။

————–

ဝန်ထမ်းဘ၀ စတင်မှုနဲ့ CDM ဘ၀ ဖြတ်သန်းခဲ့မှုနောက်ခံ

) မေး။ ။ ရဲတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုစတင်ဖြစ်ခဲ့လဲ။

ဖြေ။ ။ ကျနော် အပြင်ကတေ ဘွဲ့တစ်ခုရပြီးတဲ့နေညက်ပိုင်းမှည ကျနော် လြပ်လုပ်ဖို့အတွက်ဆိုပြီး ရဲစခန်း ကိုထောက်ခံစာ သွားယူတဲ့ အချိန်မှာ ရဲစခန်းမှာ ထောက်ခံစာလုပ်ပေးတဲ့ ရဲတပ်ကြပ်ကြီး ကနေ ရဲတပ်ဖွဲ့ထဲ ဝင်မလား အရာရှိဖြေမလားဆိုပြီး စတင်စည်းရုံးတယ် ကျနော်ကလည်း ရဲအရာရှိတစ်ယောက် ဖြစ်ချင်တယ် ဆိုတော့ စပြီး ဝင်ဖြစ်ခဲ့တာပါ။

) မေး။ ။ လုပ်သက်ဘယ်လောက်ရှိပြီးလဲ

ဖြေ။ ။ ရဲလုပ်သက် က ၆နှစ် ကျော် ၇နှစ်လောက်ရှိပါပြီး ခင်ဗျ။

) မေး။ ။ လက်ရှိထမ်း ဘာတာဝန်ကို ထမ်းဆောင်ခဲ့ရတာလဲ

ဖြေ။ ။ လက်ရှိတာဝန် က နယ်ခြားစောင့်ရဲတပ်ဖွဲ့မှာ ရဲတပ်သား

) မေး။ ။ အာဏာမသိမ်းခင် တာဝန်ထမ်းဆောင်ရတာနဲ့ အာဏာသိမ်းပြီး တာဝန်ထမ်းဆောင်ရတာ ဘယ်လို ကွာခြားမှုရှိလဲ။

ဖြေ။ ။ Pressure တော်တော်များပါတယ် ကိုယ့်ပြည်သူကို ပြန်ဖမ်းရတာတွေပေါ့ အာဏာမသိမ်းခင်တုန်းကဆိုရင် ပြစ်မှုကျူးလွန်မှ ဖမ်းရပြီး ဒီမတရားသဖြင့် အာဏာသိမ်းထားတဲ့သူတွေကို ဆန္ဒပြလို့ ၅၀၅ တွေ နိုင်ငံတော် သစ္စာဖောက်မှုတွေဆိုပြီး မတရားသဖြင့် ဖမ်းရတာတော့ နည်းနည်းတော့ကွာတာပေါ့ နောက်ပြီး ဖမ်း မမိရင် အထက်ကနေ pressure တွေပေးတာ ရှိပါတယ်။

) မေး။ ။ လက်ရှိ တာဝန်ထမ်းဆောင်နေကြရတဲ့ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေမှာ ဘယ်လိုခံစားမှုမျိုးတွေရှိလဲ။

ဖြေ။ ။ ကျနော့ရဲ့ လုပ်ဖော်ကိုင်ဖက် တွေ ဘယ်လို ခံစားရလဲ ဆိုတော့ တော်တော်များများက အာဏာသိမ်းထားတာကို မကြိုက်ကြဘူး မကြိုက်ကြတဲ့ အတွက် ပင်စင်ယူတယ် ရဲထဲက ထွက်ခွင့်တင်တယ်အဲ့ဒိ အချိန်မှာ ဘာလုပ်လဲဆိုတော့ သူတို့က ရာထူးတိုးပေးတယ်။

ဥပမာဗျာ ရခိုင်မှာဆိုရင် စစ်အေးကာလမှာဆိုရင် ရခိုင်ကနေ ထွက်စာတင်ရင် စစ်ကိုင်းတိုင်းတို့ ချင်းပြည်နယ်တို့ ကယားပြည်နယ်တို့ အဲ့လိုမျိုးနေရာတွေကို ပို့လိုက်တယ် ဥပမာ ရဲမှူးဆို ဒုတိယရဲမှူးကြီးတို့ အရာရှိပိုင်းက အစပေါ့ အဲ့လိုမျိုးပို့တယ် ကျနော်တို့ တာဝန်ကျတဲ့နေရာမှာဆို စစ်တပ်ကိုမကြိုက်လို့ cdm လုပ်မယ်ဆိုပြီး သတင်းထွက်နေ တဲ့ သူတွေများတယ် အဲ့လိုလူတွေကို နယ်စပ်အစွန်အဖျားကို ပို့ထားပြီးမှ ထိန်းချုပ် တာတွေရှိတယ် အသွားတစ်လမ်း အပြန်တစ်လမ်း အဲ့လိုနေရာမှာထားတယ် အဲ့လိုထားတဲ့အတွက်ကြောင့် လူတိုင်းက ပင်ပန်းတယ် စိတ်ကျဥ်းကြပ်တယ် မိသားစုနဲ့မတွေ့ရတာကြာတော့ တွေ့ချင် မိသားစုကို ထိန်းချုပ်ထားတော့ ခံစားရတာ မကောင်းဘူးပေါ့။

) မေး။ ။ တာဝန်ထမ်းဆောင်နေရစဥ် ဘယ်လို ဖိနှိပ်မှုမျိုးတွေရှိခဲ့လဲ။

ဖြေ။ ။ အာဏာသိမ်းပြီးနောက်ပိုင်း ဘယ်လို ဖိနိပ်မှုတွေရှိလဲဆိုတော့ အကို့အနေနဲ့ စစ်တပ်ကနေ ၄တန်းမအောင်တဲ့ကောင် ကိုယ့်နာမည်တောင် မရေးတက်တဲ့ကောင်က ဆရာလုပ်တာတို့ ကိုယ့်ထက်ပိုပြီး ရာထူးတစ်ဆင့်တိုးနေတာ ရာထူးတစ်ဆင့်တိုးပြီးတော့ စစ်တပ်ကနေ ရဲထဲကို အသွင်ပြောင်းလာတဲ့ ကောင်က ဘာမှမလုပ်တက်မကိုင်တက်ကောင်က အော်တာပြောတာခံရတယ် တစ်ခါတစ်လေကျရင် သူ့ကိုပြန်ပြောရင် ပါးနားရိုက်ခံရတယ်။

အဲ့လို ဖိနိပ်မှုရှိတယ် ပြောရမယ်ဆိုရင် နဂို ကတည်းက စစ်တပ်ကနေ ရဲကို အာဏာမသိမ်းခင် ကတည်းက ဖိနိပ်ထားတယ် အာဏာသိမ်းပြီးနောက်ပိုင်းတော့ ပိုပြီး ပွင့်လင်းလာတာပေါ့ စခန်းမှူးကိုတောင် ရဲဘော် အဆင့်က ပါးရိုက်တာတွေရှိခဲ့တယ် ဒါ စစ်တပ်ကကောင်တွေ အနေနဲ့ ဘယ်လို ဖိနှိပ်ထားလဲဆိုတာပေါ့နော်။

) မေး။ ။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မိမိအနေနဲ့ မှန်ကန်တယ် လို့ ထင်မိလား။

ဖြေ ။ ။ ကျနော့အနေနဲ့ ဘယ်လိုမှ မှန်ကန်တယ်လို့မထင်မိဘူး။

ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အမြင်နဲ့ဆို မှန်တယ်လို့ မထင်ဘူး သူဟာနဲ့သူ ကိစ္စလေးတွေတော့ ရှိမှာပေါ့ တစ်ခြား နိုင်ငံရေးကိစ္စတွေရှိမှာပေါ့ အဲ့ဒါတော့ ကျနော့်အနေနဲ့ လက်လှမ်းမမီလို့ ပြောလို့မရဘူး ကျနော့ အနေနဲ့ ကတော့ နိုင်ငံတော်အာဏာကိုသိမ်းလိုက်တာ မှန်ကန်တယ်လို့တော့ မထင်ဘူးဗျ။

) မေး။ ။ ဘယ်လို ကြောင့် CDM လုပ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ရတာလဲ။

ဖြေ။ ။ အဓိက cdm လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာကတော့ လက်လက်ကုန်းပေါ့ လက်ယက်ကုန်း စာသင်ကျောင်းက ကလေးတွေ ဆရာမတွေကို တော်လှန်းရေးအဖွဲ့အစည်းနဲ့ မဆိုင်တဲ့ နေရာ တစ်ခုကိုတောင်မှ သူတို့တွေ လေယာဉ် နဲ့ စက်သေနတိတွေပစ်တယ်။

ဗုံးတွေကျဲတယ် အဲ့ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး အဓိက တွန်းအားပေးတယ် တစ်ခြားတွန်းအားပေးတာတွေ တော့ရှိပါတယ် အဲ့ဒါတွေကတော့ ရဲ တွေကို ဖိနှိပ်ထားတာတွေ ဘာမဟုတ်တဲ့ တိုက်ပွဲ သတင်းလေးတင်မိတာ ဘယ်နေရာမှာ ဘယ်နှစ်ယောက်ကျသွားပြီးဆိုတဲ့ သတင်းတင်မိရုံနဲ့ ရဲဘော်တစ်ယောက်ကို လက်ထိတ် ခတ် ကားအနောက်မှာ ကြိုးနဲ့ဆွဲပြီး ဌာနချုပ် ကျီးကန်းပြင်ကိုသွားပြီးတော့ အဲ့လိုမျိုးတွေလည်းရှိတော့ အဲ့လိုမျိုးတွေက ပိုပြီးတော့ ကိုယ့်ကိုမခံချင်စိတ်တွေ ပိုဖြစ်စေတယ် ဒီဖိနှိပ်မှုတွေများလေလေ cdm ပိုလုပ်ချင်လေပဲ အဲ့ဒါကြောင့် ဒိလို ဆုံးဖြတ်ချက်ကို ချလိုက်ရတာပါ။

) မေး။ ။ CDM လုပ်ဖို့ ဘယ်လို အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရလဲ။

ဖြေ။ ။ အခက်အခဲတွေကတော်တော်များပါတယ် ကျွန်တော် cdm လုပ်ဖို့က ရည်ရွည်ချက်လည်း ရှိတယ်ဆိုတော့ ကျနော် ခွင့်ရတဲ့ အချိန်လေး cdm လုပ်လာခဲ့တာပေါ့ cdm လုပ်ဖို့ကလည်း အရင်းအနှီးက တော်တော်များခဲ့တာပေါ့ ငွေကြေးလည်းတော်တော် ကုန်တယ် ပထမဆုံး အခက်ခဲက ငွေကြေးကုန်တယ် cdm လုပ်ပြီး ထွပ်လာတဲ့ အချိန်မှာ သွားရလာရတာတွေမှာ အန္တရာယ် တော ထဲက ထွက်လာရတာတွေက တော်တော်တော့ ရှုပ်တယ်ဗျ။

) မေး။ ။ မိမိလုပ်ဖော်ကိုင်ဖက်တွေမှာရော CDM လုပ်ချင်တဲ့သူတွေ ရှိကြလား

ဖြေ။ ။ ကျနော့လုပ်ဖော်ကိုင်ဖက်တွေမှာ cdm လုပ်ချင်တဲ့သူတွေ တော်တော်များပါတယ် ဒါမဲ့ သူတို့မှာလည်း မိသားစု ကို အကျယ်ချုပ်ထိန်းသိမ်းခံထားရတာတွေရှိပါတယ် ကိုယ်တိုင်က cdm လုပ်ချင်ပင်မဲ့ မိသားစုကို ငဲ့ရတာပေါ့။

၁၀) မေး။ ။ရဲတစ်ယောက် စစ်သားတစ်ယောက် CDM လုပ်ခြင်းဖြင့် တော်လှန်ရေး အတွက် ဘယ်လောက် အထောက်အကူပြုမယ်လို့ မြင်မိလဲ။

အောက်ခြေဝန်ထမ်းကဘယ်နေရာမှာမဆို အဓိက ကျတယ်လို ကျနော်မြင်ပါတယ် အောက်ခြေဝန်ထမ်းတွေက အထက်လူကြီးရဲ့ အမိန့်အဆင့်ဆင့်ကို သူတို့ပဲလုပ်ရတာပါ အောက်ခြေဝန်ထမ်းတွေ cdm လုပ်လာရင် တော်လှန်ရေးအတွက် တော်တော် အထောက်အကူပြုပါတယ်။

ကုမ္ပဏီ တစ်ခုမှာဆိုရင်လည်း အောက်ခြေ ဝန်ထမ်းတွေ အလုပ် လုပ်မှသာ ဒီ ကုမ္ပဏီ က run နိုင်မှာပေါ့လေ အထက်လူကြီးက လမ်းညွန်ချက်တွေ ဘယ်လိုပဲ ပေးပေး အောက်ခြေက လိုက်လုပ်နိင်မှသာ ကုမ္ပဏီ တစ်ခု တိုးတက်တယ် ပြောင်းလဲတယ်လို့ သတ်မှတ်လို့ရတယ်ပေါ့ ဒါကြောင့် စစ်သားတွေ ရဲတွေ cdm လုပ်မယ်ဆိုရင် တော်လှန်ရေးအတွက် အထောက်အကူပြုပါတယ်။

၁၁) မေး။ ။ Cdm လုပ်ဖို့  အခက်ခဲရှိနေတဲ့ မိတ်ဆွေတွေကို ဘာများပြောချင်လဲ။

ဖြေ။ ။ ကျန်ခဲ့တဲ့သူတွေ cdm လုပ်ချင်ပင်မဲ့ မရလုပ်ရဘူးဆိုတဲ့သူတွေ ကိုဘာပြောချင်လဲဆိုတော့ တပ်တွင်း သတင်းပေး တာတွေ လုပ်ပေးလို့ရပါတယ် သူတို့အနေနဲ့ လုပ်ပေးချင်တယ်ဆိုရင် ဖြစ်လာအောင်လုပ်နိုင်မယ်ဆိုရင် ဒါကအကောင်းဆုံးပဲပေါ့နော်။