• Today is: Thursday, March 28, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

ဖက်ဒရယ်ဂျာနယ်မြန်မာ

(No. 19, March 7, 2023)

၁။ ဆိုင်းတောင် စစ်တပ်ကုန်း တိုက်ခိုက်ခံရပြီးနောက် အရပ်သားပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်
March 6, 2023

ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ)ကျေးရွာ စာသင်ကျောင်းအနီးတွင် တပ်ချထားသော စစ်ကောင်စီ စခန်းကုန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်မှ ပြန်လည်ပစ်ခတ်သော လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ ဦး လက်နက်ကြီးထိမှန် ကာ ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု သိရသည်။ မတ်လ ၅ ရက်ည ၁၀ နာရီခန့်တွင် ဆိုင်းတောင် စစ်တပ်ကုန်းတိုက်ခိုက်ခံရ သည့်အတွက် ဆိုင်းတောင်ကျေးရွာနှင့် ၁ မိုင်ခန့်ဝေးသည့် ဆန်းကြွယ်စစ်တပ်သည် KIA နှင့် PDF အဖွဲ့ကို တန်ပြန်တိုက်ခိုက် ပစ်ခတ်ခဲ့ရာတွင် ယခုလို အရပ်သားများ ထိခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “ထိတာကဟုတ်တယ် သား အမိနှစ်ယောက်ထိသွားတာ အခုသားမိနှစ်ယောက်လုံးဆေးကုသခံယူနေတယ်။ စိုးရိမ်ရတဲ့အခြေလို့တော့ ပြောတယ်”ဟု ပြော သည်။ လက်နက်ကြီးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရှိထားသည့် စန်းသီတာကုန်းမှ သားအမိနှစ်ဦးသည် အသက် ၅၀ နှစ်အရွယ် ဒေါ်ခင်မာ နှင့် အသက် ၁၀ နှစ်အရွယ် သူ၏ သမီးဖြစ်ကြောင်းသိရသည်။

တိုက်ခိုက်ခံရသော ဆိုင်းတောင် စစ်တပ်ကုန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် စတင်နေရာချထားခြင်းဖြစ်ပြီး စစ်အင်အား ၅၀ ခန့်ရှိသည်။ “KIA နဲ့ PDF တွေပေါင်းပြီးတော့ ဆိုင်းတောင်ရွာအလယ်မှာရှိတဲ့ စစ်တပ်ကုန်းကို သွားရောက်ပစ်ခဲ့ ကြတယ်။ အပြန်လှန်ပစ်ခတ်ကြတာ မိနစ် ၂၀ လောက်ကြာတယ်။ သူတို့ရဲ့ အကျအဆုံးတော့ မသိရဘူး”ဟု တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဒေသခံတစ်ဥိးက ဆက်ပြောသည်။ ထိုစစ်တပ်စခန်းသည် အရပ်သားများကို အကာကွယ်ယူ တပ်ချထားသည့် စခန်းတစ်ခုဖြစ်ပြီး ပြည်သူများကို ဖမ်းဆီးခြင်းနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းများကို ယခင်ကလည်း ပြုလုပ်ခဲ့သည်ဟု ဖားကန့်ဒေသခံများပြောဆိုချက်မှ သိရသည်။ https://burmese.kachinnews.com/20 23/03/06/az1-142/

၂။ ပင်လောင်းနယ်က စစ်ဘေးရှောင်တွေ ဝမ်းပျက်ဝမ်းလျှော‌ရောဂါ ခံစားနေရ
March 7, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေ ရေမသန့်လို့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေ ခံစားနေရတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံ အနောက်တကြော စစ်ပွဲနေရာနဲ့ အလှမ်းဝေးတဲ့ ရွာတစ်ရွာမှာ တိမ်းရှောင်သူ ၂၀၀ ဝန်းကျင်ခန့် စောင်နဲ့အခင်းတွေမလုံလောက် တာနဲ့ ရေမသန့်တာတွေကြောင့် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်သူ ၁၅ ယောက်ဝန်းကျင်အပြင် အအေးမိ ဖျားနာသူတွေ ရှိနေ တယ် လို့ သိရပါတယ်။ ဒါ့အပြင် တောတောင်ထဲ သစ်ပင်အောက်တွေမှာ တဲလေးတွေထိုးကာ ဖြစ်သလို နေကြရတဲ့ စစ်ရှောင် စုစုပေါင်း ၁၀၀ ဝန်းကျင်မှ ၅ ဦး ဝမ်းပျက်၊ ဝမ်းလျှော စဖြစ်နေတာ တွေ့ခဲ့ရတယ်လို့ ဆိုရပါတယ်။ “တောင်ခြေမှာနေတဲ့ လူ ၁၀၀ နီးပါးက စိမ့်စမ်းရေသောက်တာလို့ ပြောတယ်။ စိမ့်စမ်းရေက မနက်မှ ရေနည်းနည်း စိမ့်ထွက်တဲ့ဟာကို ခပ်တယ်။ ဒါပေမယ့် သူတို့က လူဦးရေများတော့ နောက်ကုန်တယ်ပေါ့နော်။ အောက်မှာ သူတို့က ရေချိုးတဲ့ဟာချိုးတယ်။ ပြီးတော့ ရေမကျိုတာလည်း ပါမယ် ထင်တယ်။ ရေမကျိုတဲ့ အခါကျတော့ လူဦးရေများတဲ့ အခါမှာ ဒီတိုင်း သောက်မိတော့ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တာ” လို့ Moebye Rescue Team အဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။ Moebye Rescue Team အနေနဲ့ တောတောင်တွေထဲက စစ်ရှောင် ပြည်သူ တွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ဆေးထိုး၊ ဆေးတိုက်တာတွေ ပြုလုပ်ပေးခဲ့ပြီး ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်တာအပြင် နှာစေး၊ ချောင်းဆိုး တဲ့လူနာတွေနဲ့ သွေးတိုးနေတဲ့ သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ လူနာတွေ များတာကြောင့် ဆေးဝါး မလုံလောက်မှုတွေ ရှိနေပြီး ဆေးဝယ်ယူဖို့အတွက် ခက်ခဲနေရာ သွေးတိုး ကျဆေး ဝယ်ယူဖို့ပင် ခက်နေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာတွေကနေ ပင်လောင်းမြို့ပေါ် တဝိုက် တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်တွေ အနေနဲ့ စောင်၊ အခင်းနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ရှောင် ပြည်သူ တစ်ဦးထံက သိရပါတယ်။ “ကူညီကြတဲ့ လူတွေတော့ ရှိတယ် ဆိုပေမယ့် အခုနေတဲ့ တစ်နေရာတည်းကိုမှ စစ်ရှောင်က ၁၈၀ ကျော်ရှိတယ်။ စောင်က သူတို့ရတဲ့ အလှူငွေလေးနဲ့ ဝယ်လိုက်တာ ၁၅ ထည်ပဲ ရသေးတယ်။ စောင်တွေ၊ ခေါင်းအုံးတွေ၊ နေဖို့ နေရာတွေနဲ့ အစားအသောက်တွေ ကူညီပေးစေချင်တယ်ရှင့်” လို့ နေရပ်စွန့်ခွာ စစ်ရှောင်လာရတဲ့ အမျိုးသမီးတစ်ဦးကပြောပါ တယ်။ ရှမ်း-ကရင်နီနယ်စပ်မှာ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖွဲ့တွေ ဖေဖော်ဝါရီ နောက်ဆုံး ပတ်ကစပြီး အခုချိန်ထိတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ https://www.facebook.com/MeKong NewsMM/photos/pcb.1192177208108881/119217704 8108897/

၃။ ရေးမြို့နယ်မှာ စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ အဖွားအိုတစ်ဦး ပြင်းထန်ဒဏ်ရာရ
March 6, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သာယာကျေးရွာမှာ ယမန်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက် ကြီး ရမ်းသမ်းပစ်ခတ် မှုကြောင့် အသက် ၇၈ နှစ် အဖွားအိုတစ်ဦး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေထံမှ သိရပါတယ်။ မတ်လ ၅ ရက် နေ့လည်းပိုင်းမှာ လမိုင်းမြို့အခြေစိုက် စစ်ကောင်စီအမှတ်(၇၁၇)အမြောက် တပ်ကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့ရာမှာ အောင်သာယာကျေးရွာ ဘုန်းကြီး ကျောင်းဘေးက နေအိမ်အပေါ်ကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ကြောင့် နေအိမ်မှာ ရှိနေတဲ့ အသက် ၇၈ နှစ်အရွယ် အဖွားအိုတစ်ဦး ဗိုက်ပေါက်အူပွင့်ဒဏ်ရာများ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “သူတို့က တိုက်ပွဲမဖြစ်ဘူး၊ ပုံမှန်လိုလိုပဲ ဒီဘက်မှာ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေရှိတယ်၊ မနေ့က လည်း ရွာဘက်ကို ပစ်လိုက်တဲ့ လက်နက်ကြီးထဲက တစ်လုံးက အဖွားရဲ့အိမ်အပေါ်ကျပေါက်တော့၊ အဖွားကလည်း အိမ်မှာရှိနေ တာလေ၊ အဲမှာအဖွားက ဗိုက်ပေါက်အူတောင်ထွက်တယ်ပြောတယ်။ ဒဏ်ရာကအတော်ပြင်းထန်တာ။”ဟု ၎င်းက ပြောပါတယ်။

လက်နက်ကြီးထိမှန်ခဲ့တဲ့ အဖွားရဲ့ ဒဏ်ရာက ပြင်းထန်တာကြောင့် လမိုင်းဆေးရုံကနေ မော်လမြိုင်ဆေးရုံကြီးကို တင်ပို့ ထားရတယ်လို့ ဆိုပါတယ်။ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ ဂိတ်တွေ၊ကင်းစခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေနဲ့ စစ်ကောင်စီ ယာဉ်တန်းတွေ မကြာခဏတိုက်ခိုက်ခံနေရပြီး၊ အဲဒီလိုတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားပြီးတိုင်းမှာ ကျေးရွာတွေဘက်ကို လက်နက်ကြီး ပစ်ခတ်တာရှိနေသလို အကြောင်းပြချက်မရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိနိုင်တဲ့ ကျေးရွာတွေ ဘက်ကို လည်း လက်နက်ကြီးပစ်ခတ်လေ့ရှိပါတယ်။ https://www.facebook.com/lagoneainbulletinm on/photos/a.1076820381 09836/511994894345213/

၄။ တနင်္သာရီက စစ်ကောင်စီယာဥ်တန်း သုံးကြိမ်မိုင်းဆွဲခံရ
March 7, 2023

တနင်္သာရီမြို့နယ်က စစ်ကောင်စီယာဥ်တန်း ဒီနေ့သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဆီကသိရပါတယ်။ စစ်ကား ၃ စီး၊ ဟိုက်ဂျက်ကား ၂ စီးပါအဆိုပါယာဥ်တန်းဟာ မြိတ်မြို့ဘက်ကနေ တနင်္သာရီအခြေစိုက် မော်တုံးရွာအမြောက်တပ် အမတ (၃၀၆) ကိုဝင်ရောက်ပြီး ပြန်ထွက်လာချိန်အခုလိုတိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်လောက်က ရမ်းဖိုရွာအနီးမှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီနောက် သမုတ်ချုံးကျေးရွာ မှာလည်း ဒုတိယအကြိမ်မိုင်းဆွဲခံခဲ့ရပါတယ်။ သိပ်မကြာခင်မှာပဲ အဆိုပါယာဥ်တန်းဟာ ထုံခါကျေးရွာအနီးမှာလည်း ထပ်မံ မိုင်း ဆွဲပြီးပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

” ရှေ့နှစ်ကြိမ်က ထိခိုက်မှုမရှိခဲ့ဘူးလို့သိရတယ်။ ကားလမ်းတလျှောက်လုံးမှာစောင့်ပြီးတိုက်တာပါ။ နောက်ဆုံးအကြိမ် ကတော့ သူတို့ဘက်က ထိခိုက်မှုရှိပါတယ်” လို့တနင်္သာရီမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ တိုက် ခိုက်မှုတွေအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။ ယာဥ်တန်းမဖြတ်သွားခင် စစ်ကောင်စီ ဘက်က ပြည်ထောင်စုလမ်းမတစ်လျှောက် လမ်းကင်းလာရောက်ချထားခဲ့တယ်လို့သိရပါတယ်။ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ အချိန်မှာလည်း ပြည်ထောင်စုလမ်းတလျှောက်နဲ့ တကူကျေးရွာ၊ ဘန်းလမွတ်ကျေးရွာတွေဘက်ကို စစ်ကောင်စီရဲ့ ကင်းထောက် လေယာဥ်လာရောက်ပျံသန်းနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ https://www.facebook.com /photo/?fbid=234144822336608&set=a.196212682796489

၅။ ဖာပွန်ခရိုင်မှာ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေ
March 7,2023

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅ မှာ ဖေဖော်ဝါရီလ အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံ အရပ်သားသုံးဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က မတ်လ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် နေအိမ် ၃၆ လုံးလည်း ပျက်စီးခဲ့ပါ တယ်။ တစ်လအတွင်း KNU လက်အောက်ခံ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲ ၁၇၈ ကြိမ်ဖြစ်ပွားခဲ့တယ် လို့လည်း ဖော်ပြထားပါတယ်။ ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၆၉ ဦးသေဆုံးပြီး ၄၉ ဦးထိခိုက်ဒဏ်ရာရခဲ့ပေမယ့် KNU ဘက်ကတော့ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ စာရင်းတွေအရ ကရင်ပြည်နယ်အတွင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးချိန်ကစလို့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ၂ဝ၂၃ နှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အထိ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်ရှိလာပြီဖြစ်ပါတယ်။ https://www.rfa.org/burmese/ne ws/airstrike-in-karen-state-03072023013257.h tml

၆။ ရွှေကူ ကျောက်တလုံးကျေးရွာ ဒေသခံအမျိုးသမီး ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထားပြီး လူနေအိမ် ၃၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့
March 6, 2023

ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်တလုံးကျေးရွာ ဒေသခံအမျိုးသမီးငယ် ၄ ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးထား သည့်အပြင် နေအိမ် ၃၀ လုံးကိုလည်း မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံများ ပြောသည်။ စစ်အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်း သည် မတ်လ ၄ နေ့မှစတင်ကာ ကျောက်တလုံး ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် ဒေသခံ ၂၀ ဦးကို ဖမ်းဆီးခဲ့သည်။ သို့သော် တစ်ရက်ကြာပြီးနောက် မတ်လ ၅ ရက်နေ့တွင် အမျိုးသား ၁၆ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း အမျိုးသမီး ၄ ဦးကိုမူ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။ “ရွာသားတွေက မနေ့ မနက်တုန်းကဖမ်းခံရတာ ဖမ်းပြီးဘုန်းကြီးကျောင်း ထဲမှာ ထိုင်ခိုင်းထားတာ ဒီနေ့မနက်တော့ အားလုံးပြန်လွတ်လာပြီ။ ဒါပေမယ့် မိန်းခလေး လေးယောက်ကိုတော့ ဖမ်းထားတုန်း တဲ့။ ဘာကြောင့် မလွတ်ပေးသေးတာလည်းတော့ အတိအကျ မသိရဘူးဘူးဟု” ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဒေသခံ များ၏ ပြောဆိုချက်အရ လူနေအိမ် ၃၀ နီးပါးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်ကြောင်း ကျောက်တလုံးကျေးရွာ အမျိုးသားတစ်ဦးက ပြောသည်။

“ရွာကိုမီးမရှို့ခင်ရှေ့ရက်က ကျောက်တလုံးနားမှာ တိုက်ပွဲဖြစ်တယ်။ သူတို့စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် ရွာကို ဝင်ပြီး မီးရှို့တော့တာ။ အရင်အုပ်ချုပ်ရေးမှူးဟောင်းဖိုးရှူနဲ့ ဒေါ်ကြင်ရွှေ အဲ့ နှစ်အိမ်ကနေစရှို့တာတဲ့ အဲ့ကနေတ ဆင့်မီးကူးပြီး လောင်သွားတာ KIA ၊ PDF တွေနဲ့ အချိတ်အဆက်ရှိလို့ဆိုပြီး ရှို့တာလို့သိရတယ်”ဟုပြောသည်။ “ရွာသားတွေကတော့ ကျောက် တလုံးမှာမရှိတော့ဘူး။ အကုန်လုံးတိမ်းရှောင်နေကြတယ်။ အခင်းတဲ လယ်တဲတွေမှာပေါ့ ကိုယ့်တွက် လုံခြုံတယ်ဆိုတဲ့နေရာ တွေမှာ တိမ်းရှောင်နေကြတယ်”ဟုရွှေကူမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ အလားတူ မတ်လ ၅ ရက်နေ့တွင် ရွှေကူ ရဲစခန်းနှင့် စစ်တပ်စခန်း နေရာသုံး နေရာမှ ဧရာဝတီမြစ် တစ်ဖက်ကမ်းသို့ လက်နက်ကြီး ၁၅ လုံးခန့် ရမ်းသမ်းပစ် ခတ်ခဲ့သော ကြောင့် ရေလှဲကျေးရွာမှ အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ https://burmese.kachinnews.com/2023/ 03/06/az1-143/

၇။ ချင်းတောင်ဖက်မှာ တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် မနက်ဖြန်ကစပြီး ချင်းတောင်ဖက်ကို ကားထွက်ဖို့မသေချာ
March 7, 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ကနေ ယနေ့ မတ်လ(၇)ရက်နေ့မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချင်းတောင်ဖက်ကို တက်လာပြီးတိုက်ပွဲတွေဖြစ်နိုင်တာကြောင့် မနက်ဖြန်ကစပြီး ချင်းတောင်ဖက်ကို ကားထွက်ဖို့မသေချာဘူး လို့ မော်တော်ယာဉ်လိုင်းအသင်းက တာဝန်ရှိသူတွေကပြောပါတယ်။ “ဒီနေ့တော့် အခြေအနေမသိရသေးတော့ကားထွက်တယ်၊ အခုထိပြန်လှည့်လာတာတော့မရှိဘူးဗျ ၊ မနက်ဖြန်ကနေ ကားထွက်ဖို့ကတော့မသေချာတော့ဘူး”လို့ ကလေးမြို့ကနေ ဟားခါး၊ ဖလမ်း၊ တီးတိန်ဖက်ကို မော်တော်ယာဉ်ပြေးဆွဲတဲ့ မော်တော်ယာဉ်လိုင်းအသင်းတစ်ခုက တာဝန်ရှိသူကပြောပါတယ်။

အခုလိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချင်းတောင်ဖက်ကိုတက်လာတာကြောင့် တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့ အတွက် ခရီးသွားလာတာ၊ တောထွက်တာမပြုလုပ်ကြဖို့ PDF-Zoland က အသိပေး ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးလာတာကြောင့် ကလေး-တီးတိန်သွားလာတဲ့ အဓိက လမ်းမကြီးကိုအသုံးမပြုကြဖို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက (၄)ရက်ကြာ ပိတ်ထားခဲ့ပါတယ်။ https://www.faceboo k.com/photo?fbid=593901609438841&set=a.273500791478926

၈။ ၄ ရက်ဆက်တိုက် ရဟတ်ယာဉ်ပျံသန်းတာကြောင့် ဖရူဆို ဒေသခံများစိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်
March 6, 2023

ကရင်နီပြည် ဖရူဆိုမြို့နယ်မှာ ၄ရက်ဆက်တိုက် စစ်ရဟတ်ယာဉ် ပျံသန်းမှုကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာမှာကို ဒေသခံတွေစိုးရိမ်တဲ့အတွက် ကြိုတင်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ မတ်လ ၂ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ ၄ ရက်ဆက်တိုက် စစ်ရဟတ်ယာဉ်တစ်စီးက တစ်ရက်ကို ၄ကြိမ်အထက် ဖရူဆို၊ ဘောလခဲ စတဲ့ စစ်ကော်စီတပ်စခန်းရှိတဲ့ဘက်ကို ဦးတည် ပျံသန်းနေခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီဟာ သူတို့ရဲ့ တပ်စခန်းတွေကို စားနပ် ရိက္ခာနဲ့ လူအင် အားဖြည့်တင်းမှု လုပ်ဆောင်တာ ဖြစ်နိုင်တဲ့အတွက် တိုက်ပွဲပိုမိုပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်လျက်ရှိကြပါတယ်။ “မနေ့ကလည်း ရဟတ်ယာဥ်သွားနေတာပဲ၊ လေးရက်ဆက်တိုက်လောက်ဖြစ်နေပြီ။ စစ်အင်အား ဖြည့်တင်းတယ်လို့ ပြောကြ တယ်။ ဟုတ်မဟုတ်တော့ မသိဘူး။” လို့ ဖရူဆိုမြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။

၂၀၂၃ ခုနှစ် နှစ်စပိုင်းကစ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာ မကြာခဏတိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး မိုဆိုအုပ်စုအတွင်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထပ်ဆင့် ပြောင်းရွေ့နေရတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလအတွင်း ဖရူဆိုမြို့နယ်ရှိ အမှတ် (၁၄) တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကို ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းစခန်းတွေကို ချောင်းမြောင်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာရှိတယ်လို့ KNDF ထုတ်ပြန်ချက်အရ သိရပါတယ်။ https://www.kantarawad dytimes.org/%e1%81%84%e1%80%9b%e1%80%80 %e1%8 0%ba%e1% 80%86%e1%80

၉။ စစ်ကောင်စီ၏ လက်ကိုင်တုတ်အဖြစ်မှ ရုန်းထွက်ရန် ပအိုဝ်းပြည်သူများအား PNFC ဥက္ကဌ တိုက်တွန်း
March 6, 2023

ပအိုဝ်းပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လက်ကိုင်တုတ်အဖြစ်မှ ရုန်းထွက်ကြရန် မတ်လ(၅)ရက် နေ့တွင် အွန်လိုင်း ဖြင့်ပြုလုပ်ကျင်းပသော (၇၄)ခုနှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားတွင် ပအိုဝ်း အမျိူးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက တိုက်တွန်းပြောဆိုလိုက်သည်။ စစ်ကောင်စီသည် ပအိုဝ်းဒေသများတွင် လူသားဒိုင်းအဖြစ်အသုံးပြုခြင်းနှင့် လက်ကိုင်တုတ်အဖြစ် အသုံးပြု၍ ပအိုဝ်းလူမျိုးအချင်းချင်းကြား ပဋိပက္ခများကို ဖန်တီးနေကြကြောင်း၊ ထို့ကြောင့် လက်ကိုင် တုတ်အဖြစ် အသုံးချနေရခြင်းမှ ရှောင်ရှားရုန်းထွက်ကြရန် (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက အခမ်းအနား၏ အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “စစ်ကောင်စီက ပအိုဝ်းနှင့်အခြားတိုင်းရင်းသားလူမျိုးတွေကြားမှာ ပူးတွဲရန်တိုက်မှုဖြစ် အောင်လုပ်ဆောင်နေကြပါတယ်။ သူတို့ရဲ့အကျိုးစီးပွားအတွက် ပအိုဝ်းပြည်သူတွေ လက်ကိုင်တုတ်အဖြစ် အသုံး ချခံနေရခြင်း ကနေ ရှောင်ရှားရုန်းထွက်ကြပါ။ စစ်အာဏာရှင်စနစ်အပြီးတိုင်ဖျက်သိမ်းဖို့ လိုအပ်တဲ့အတွက် ပအိုဝ်းအမျိုးသားတွေအနေနဲ့ လည်း ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးဆင်နွှဲနေတဲ့ ပြည်သူတွေနဲ့လက်တွဲတိုက်ပွဲဝင်နေပါ တယ်။”ဟု ဦးခွန်မြင့်ထွန်း က တိုက်တွန်းပြောဆိုသည်။ ထိုသို့တိုက်ပွဲဝင်ရာတွင်လည်း ပအိုဝ်းအမျိူးသားဖက်ဒရယ် ကောင်စီ၏ ဦးဆောင်မှုအောက်မှ ပအိုဝ်းပြည်သူ့အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PPDF-KD) နှင့် ပအိုဝ်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF-KK) တို့ကိုဖွဲ့စည်းကာ သထုံ၊ ဖားအံ၊ ရှမ်းနှင့်ကရင်နီနယ်စပ်များတွင် တပ်နယ်(၃)နယ်ဖွဲ့စည်း၍ စစ်ရေးဆောင်ရွက်နေ သည်ဟုလည်း ခွန်မြင့်ထွန်း ဆက်လက်ပြောကြားခဲ့သည်။

ယနေ့ ကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့ အွန်လိုင်းအခမ်းအနားသို့ PNFC ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း၊ အမျိူးသားညီညွတ် ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးများ၊ CRPH ဥက္ကဋ္ဌ ဦးအောင် ကြည်ညွန့်၊ အရပ်ဖက်အဖွဲ့ အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များအပါ အဝင် လူပုဂ္ဂိုလ်(၁၀၀)နီးပါး တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။ NUG ယာယီသမ္မတဒူဝါလရှီးလက “ပအိုဝ်းအမျိူးသားရေး ယဥ်ကျေးမှုဖြစ်ထွန်းတဲ့ ရေခံမြေခံကို ယခုထက်ပိုမို အားဖြည့်ကြဖို့နဲ့ ပအိုဝ်းလူ့အဖွဲ့အစည်းရဲ့ယဥ်ကျေးမှုတွေ ခိုင်မာအားကောင်း လေလေ ၊ ပအိုဝ်းအမျိုးသားရေး လက္ခဏာတွေ ခိုင်မာကျစ်လစ်လေလေဖြစ်တာကြောင့် တဖက်မှာလည်း လူမျိုးရဲ့ကျန်းမာရေး၊ ပညာရေး အစရှိသည်တို့ကို ကြီးပွားသည်ထက်ကြီးပွားအောင် တိုင်းရင်းသားညီအစ်ကိုများက ဝိုင်းဝန်းပံ့ပိုးကြဖို့ တိုက်တွန်းလို ပါတယ်။” ဟု အခမ်းအနားမိန့်ခွန်းတွင် တိုက်တွန်းနိုးဆော်ခဲ့သည်။ ပအိုဝ်းလူမျိုးတို့အထွဋ်အမြတ်ထားသည့် သုဝဏ္ဏဘူမိပြည့် ရှင်ဖြစ်သော သူရိယစန္ဒာမင်း၏မွေးနေ့ တပေါင်းလပြည့်နေ့အား (၁၉၄၉)နှစ်မှစ၍ ပအိုဝ်းတစ်မျိုးသားလုံး၏ အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ကြရာ ယခု ၂၀၂၃ခုနှစ်၊ မတ်လ(၅)ရက်နေ့ တပေါင်းလပြည့်နေ့တွင် (၇၄)နှစ်ပြည့်မြောက်ခဲ့ခြင်းဖြစ် သည်။ https://kicnews.or g/2023/03/%e1%80%85 %e1%80%85%e1%80%ba%e1%80% 80%e1%80%b1% 

၁၀။ မူးယစ်ဆေးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုဗေဒဆေးဝါး တင်လာသည့် ကားကို KIA ဖမ်းဆီး
March 6, 2023

ဘိန်းချက်ရာတွင် အသုံးပြုသော ဓာတုဗေဒပစ္စည်းများတင်လာသည့် ကားတစ်စီးကို ကချင်လွတ်မြောက်ရေးတပ် (KIA) က မတ်လ ၂ ရက်နေ့ ည ၉ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ နမ့်ခမ်း – နမ့်ဖက်ကာ လမ်းမကြီးပေါ်ရှိ ဇိုင်မော်တောင် အနီးတွင် TNLA တပ်မဟာ (၁)က တာဝန်ယူထားသည့် သရီးကရောင်းအမျိုးအစား မော်တော်ယာဉ်တစ်စီးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA အရာရှိတစ်ဦးက ပြောသည်။ “ပစ္စည်းအမျိုးအစားတွေက ဘာတွေလဲဆိုတာ ပြောပြ လို့မရဘူး။ အဲ့ဒါကကျွန်တော်တို့လည်း မစစ်ဆေးရသေးဘူး။ ကျွန်တော်တို့နဲ့ အတူမဟုတ်တော့။ ကားကသရီးကရောင်း အမျိုး အစားတစ်စီး ကားအပြည့်ဟုတ်တယ်။ ဆေးတွေချည်းပဲ” ဟုပြောသည်။ ကေအိုင်အေတပ်ရင်း (၉) ဆင်လီတောင် မြို့နယ်အုပ် ချုပ်ရေးပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဓာတုပစ္စည်းတင်ဆောင်လာသည့် ကားသုံးစီးမှ တစ်စီးကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကေအိုင်အေ သတင်းရင်းမြစ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ “ကားသုံးစီးတဲ့ ဘိန်းချက်တဲ့ပစ္စည်းတွေ သယ်တာတာကို ဖမ်း လိုက်တာ။ ပြည်သူတစ်ယောက်ကပဲ သတင်းပေးတာ။ ပြည်သူကနေ သတင်းပေးတဲ့ချိန်ကြတော့ စောင့်ပြီးမှတားတော့ ကား တစ်စီးပဲဖမ်းမိတာ တစ်စီးကတော့ ပလောင်တပ်ကို မောင်းပြေးသွားတယ်” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသောကားပေါ်ရှိ အက်စစ်များကို မီးရှို့ဖျက်ဆီးကာ ကားကို TNLA တပ်ဖွဲ့ထံ ပြန်ပေးလိုက်ပြီဖြစ်ကြောင်း TNLA နှင့် နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။ “သူတို့အက်စစ်သယ်လာလို့ ဖမ်းလိုက်တယ်။ (TNLA) အကြီးပိုင်းတွေသွားတော့ ကားတော့ပြန်ပေးပြီး အက်စစ်ကတော့ မီးရှို့ပေးလိုက်ပြီလို့ သတင်းမေးလိုက်ရတယ်။ မနေ့တုန်းကတပ်ရင်း ၉ က အရာရှိတွေနဲ့ သွားပြီး မီးသွားရှို့လိုက်ပြီတဲ့။ သေချာတယ်တဲ့ TNLA တွေ ဟုတ်တာမလို့ ကားကိုကပြန်ပေးလိုက်ပြီတဲ့ အက်စစ်က အက်စစ် အရည်တဲ့ အက်စစ်ပုံး အားလုံးကို မီးရှို့လိုက်ပြီ” ဟုပြောသည်။ တအောင်းအမျိုးသားလွတ်မြောက် ရေးတပ် (TNLA) က ရှမ်းပြည် နယ်မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် အရောင်းအဝယ်လုပ်ကိုင်သူများကို ရှောင်တခင်ဖမ်းဆီးပြီး PSLF/TNLA မှချ မှတ်ထားသည့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း PSLA/TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။ https://www.facebook.com/ The74Media/photos/a.116371983215665/7589271289601

၁၁။ ကျောက်ရှပ်ရွာမှာ ကားတစ်စီးသေနတ်နဲ့ပစ်ခတ်ခံရပြီး ၅ ဦးထိခိုက်ဒဏ်ရာရ
March 6, 2023

ရေဖြူ‌မြို့နယ်၊ ကျောက်ရှပ်ရွာ ဘုရားအနီးမှာ ကားတစ်စီး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသတွင်းတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ ရေဖြူမြို့ကနေ ကလိန်အောင်ဘက်ကိုမောင်းလာတဲ့ အရပ်ခေါ်ခွေးဘီလူးကား လို့ခေါ်လေ့ရှိတဲ့ ကားဟာ မတ်လ ၅ ရက်နေ့ည ၇ နာရီအချိန်ခန့်က ပစ်ခတ်ခံခဲ့ရတာပါ။ အဲ‌ဒီပစ်ခတ်မှုကြောင့် ကားပေါ်ပါလာတဲ့ မရမ်းချောင်း ဒေသခံ ၂ ဦး၊ ကျောက်ရှပ်ဒေသခံ ၂ ဦး၊ ဆောက်လုပ်ရေး အလုပ်သမား ၁ ဦး စုစုပေါင်း အရပ်သား ၅ ဦးကျည်ထိ မှန်ဒဏ်ရာ၊ ရှပ်ထိဒဏ်ရာစသဖြင့် ဒဏ်ရာအသီးသီးရခဲ့ကြပြီး ကလိန်အောင်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ဒေသ အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Spring Dhamma အဖွဲ့ရဲ့ပြန်ကြားရေး တာဝန်ခံကတော့” ကားမှာပါလာ တဲ့ တချို့ကလည်း နဲနဲပါးပါးသောက်စားထားတယ်ထင်တယ်။ စစ်တပ်က ကားနားခိုင်းတာ မနားပေးလို့ ပစ်လိုက်တာ။ မိုင်း ၄၀ နားမှာက စစ်တပ်က အမြဲကင်းပုန်းဝပ်တယ်” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရပ်သား ၅ ဦးအပြင် ကားပေါ်လိုက်ပါလာသူတချို့ကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ယူထား တယ်လို့ သူကပြောပါတယ်။ ဒေသတွင်းအခြေစိုက်ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) တာဝန်ခံကတော့ “ကား တစ်စီးပစ်ခံရတာတော့ဟုတ်တယ်။ ကျန်တာတော့ စုံစမ်းနေတုန်းပဲ” လို့ ဆိုပါတယ်။ အဲဒီကားဟာ ရေဖြူမြို့နယ်မှာ ဘောလုံး ကန်ပြီး ပြန်လာသူတွေလိုက်ပါလာတဲ့ကားဖြစ်ပြီး ၁၅ ဦးဝန်းကျင်လိုက်ပါလာတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အသုဘ သွားတဲ့ လူငယ်နှစ်ဦး ရေဖြူမြို့နယ်၊ ကျောက်လုံးကြီးဘုရားအနီး စစ်တပ်က ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။ https://w ww.facebook.com/photo/?fbid=233516942399396&set=a.19621268 2796489

၁၂။ ရှမ်းတောင်နဲ့ကယားမှာ လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား ရှစ်ဦးသေဆုံး
March 6, 2023

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်မှာ လက်နက်ကြီးကျည်ကြောင့် ဖေဖော်ဝါရီလအတွင်း ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ရှစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က မတ်လ ၅ ရက် မှာသတင်းထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ပင်လောင်းနဲ့ ကယားပြည်နယ် ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်မြို့နယ်တွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အရပ်သားတွေ နေထိုင်တဲ့နေရာတွေကို ပစ်ခတ်ခဲ့တာလို့ ဆိုပါ တယ်။ အရပ်သားထိခိုက်မှုအပြင် လူနေအိမ် ကိုးလုံး၊ ဆေးပေးခန်း တစ်ခု၊ ဘာသာရေး အဆောက်အအုံ လေးလုံး ပျက်စီးခဲ့ရ တယ်လို့လည်းဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် (ခလရ-၁၀၂)၊ လွိုင်ကော်မြို့နယ် လွိုင်တမူ ၊ဖရူးဆိုမြို့နယ် အခြေစိုက် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ဖယ်ခုံမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ အဆက် မပြတ် ပစ်ခတ်ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။ ဖေဖော်ဝါရီ တစ်လအတွင်း မှာ စစ်ကောင်စီနဲ့ KNDF တပ်တွေအကြား တိုက်ပွဲ ၃၅ ကြိမ် ဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၄၅ ဦးသေဆုံး ခဲ့သလို ၁၆ ဦးဒဏ်ရာ ရခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ KNDF ဘက်ကတော့ နှစ်ဦးသေဆုံးခဲ့တယ် လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာမှာရှိတဲ့ စစ်ကောင် စီတပ်ဂိတ်စခန်းကို ကရင်နီတပ်မတော် (KA) နဲ့ KNDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီးနောက် ပင်လောင်းမြို့နယ်မှာ တိုက်ပွဲ တွေ ပြင်းထန်နေပါတယ်။ https://www.rfa.org/bu rmese/news/khayah-local-death-03062023054712.html

၁၃။ အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း အရပ်သား ၄၀၀ နီးပါး သေဆုံးပြီး ၁၄၆ ဦး ဒဏ်ရာရရှိ
March 6, 2023

တနင်္သာရီတိုင်းတွင် အာဏာသိမ်းပြီးနောက် နှစ်နှစ်တာကာလအတွင်း အရပ်သား ၄၀၀ နီးပါးသေဆုံးပြီး ဒဏ်ရသူ ၁၄၆ ဦးရှိကြောင်း Southern Monitor က စုစည်းထားသော အချက် အလက်များအရ သိရသည်။ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အရပ်သား သေဆုံးသူ ၃၉၄ ဦး နှင့် ဒဏ်ရာရသူ ၁၄၆ ဦး ရှိခဲ့ရာ အရပ်သားထိ ခိုက်မှု (Civilian casualty) စုစုပေါင်း ၅၄၀ ဦး ရှိခဲ့ ကြောင်း Southern Monitor က ထုတ်ပြန်ထားသည်။ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏လက်အောက်ခံ ပျူစောထီးအဖွဲ့တို့ ကျူး လွန်ထားသော ထိခိုက်မှုအများဆုံးမြို့နယ်မှာ လောင်းလုံးမြို့နယ်ဖြစ်ပြီး သေဆုံးသူ စုစုပေါင်း ၁၀၇ ဦးနှင့် ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့သည်ဟု သိရသည်။

အလားတူ ရေဖြူ၊ ထားဝယ်၊ ပုလော၊ သရက်ချောင်းမြို့နယ်များတွင်လည်း အရပ်သားထိခိုက်မှုများပြား သည်ကို တွေ့ရ ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုကဲ့သို့ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး လက်နက်ကိုင်ဆောင်ထား သည့် အဖွဲ့အစည်းများအားလုံး အနေဖြင့် အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် စစ်ရေးကျင့်ဝတ်များကို အတတ်နိုင်ဆုံး လိုက်နာ သင့်ကြောင်း Southern Monitor က တိုက်တွန်းထားသည်။ https://www.facebook.c om/Mi zzimaDaily/photos /pcb.6479753738726143/6479752262059624/

၁၄။ မူဆယ်မြို့နယ် တီးမကျေးရွာထဲ စစ်သားများ ဝင်ရောက်နေထိုင်
March 7, 2023

သျှမ်းပြည် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဝင်ရောက်နေရာယူ ခြင်းများ ရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၄ ရက်တွင် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုရှိ တီးမရွာတွင် အင်အား ၂၀၀ နီးပါးရှိသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က နေရာယူထားပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA) အင်အား ၁၀၀ ကျော်တို့သည် နောင်အင်ကျေးရွာအတွင်း နေရာယူထားကြောင်း အမည်မဖော်လို ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ “မနက်ပိုင်းမှာ KIA စစ်ကြောင်း ၂၀၀ နီးပါးက တီးမဈေးထဲကို အရင်လာတယ်၊ ပြီးတော့ တီးမရွာထဲမှာ စခန်းချတာ၊ တီးမရွာက သျှမ်းလူမျိုးတွေ နေတဲ့ရွာပေါ့၊ ညနေပိုင်းလောက်တော့ ကိုးကန့်တပ်ဖွဲ့ကလည်း တီးမရွာနဲ့ ကပ်လျက် နောင်အင်ရွာထဲမှာ နေရာ လာယူတယ်၊ အဲ့ဒါက ကချင်ရွာပေါ့” ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။ တီးမရွာ အတွင်း နေရာယူထားသည့် ကချင်တပ်ဖွဲ့ KIA နှင့် နောင်အင်ရွာအတွင်း နေရာယူထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် ကားသမားများ၊ ရွာအဝင်အထွက် ပြုလုပ်သူများကိုလည်း စစ်ဆေးမေးမြန်းမှုများ ရှိနေကြောင်းလည်းသိရသည်။

ယင်းကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့များ လူနေကျေးရွာအတွင်း ဝင်ရောက်နေရာယူမှုကြောင့် ဒေသခံရွာသားများက ကြောက်လန့်နေကြရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။ “သူတို့ စခန်းချတာ ဒီနေ့နဲ့ဆို ၄ ရက်ရှိပြီ၊ ကိုးကန့်က နောင်အင်ရွာထဲ ရောက်လာချိန်မှာ KIA က အရာရှိ တချို့ သွားဆွေးနွေးခဲ့တယ်လို့ သိရတယ်၊ နှစ်ဖက် စစ်ရေးတင်းမာလာမှာ ကိုတော့ ကြောက်ရတယ်၊ အခုချိန်က အလုပ်ပါးတယ်၊ တိုက်ပွဲဖြစ်လို့ စစ်ရှောင်ရရင်လည်း မလွယ်ဘူး” ဟု ၎င်းကဆိုသည်။ တီးမကျေးရွာအုပ်စုအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသာ လှုပ်ရှားအခြေစိုက်မှုများပြားပြီး စစ်ကောင်စီတပ်ဖွဲ့ အနေဖြင့် လာရောက်ခြင်း မရှိသလောက် ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းဒေသအတွင်း သွားလာလှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် သျှမ်းပြည်တပ်မတော် SSPP/SSA ၊ MNDAA၊ KIA နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဖြစ်ကြောင်း သိရသည်။ https://burmese.shannews.org/archives/33377

၁၅။ ကရင်နီဒေသ နွေဦးစစ်ဆင်ရေးအတွက် ရန်ပုံငွေလိုအပ်နေဟု KNDF ထုတ်ပြန်
March 7, 2023

ကရင်နီပြည် စစ်ဒေသအတွင်း စစ်ကောင်စီတပ်က အင်အား ၁၅၀၀ လောက်ရှိတဲ့ စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ် စတင်နေပြီး လတ်တလောမှာတော့ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ အမှတ် ၁ ရဲ့ နွေဦးစစ်ဆင်ရေး ရန်ပုံငွေလိုအပ်ချက်အတွက် မတ် ၁၁ ရက်က စတင်ကာ ရန်ပုံငွေရှာဖွေရေးအလှူခံပွဲ ပြုလုပ်သွားမယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ KNDF ထိန်းချုပ်ခဲ့တဲ့ နန်းမယ်ခုံမြို့ကို လက်လွှတ်ခဲ့ရပြီးတော့ လတ်တလောမှာ တော့ ကရင်နီပြည်တပ်ပေါင်းစုအနေနဲ့ စခန်းကြီး ၃ ကို သိမ်းယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ဒါ့အပြင် ကရင်နီပြည်အတွင်း စစ်ဆင်ရေး နဲ့ စပ်လျဥ်းပြီးတော့ Chain of Command ကိစ္စရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် ERO ၊ PDF တွေနဲ့ လည်း ဆွေးနွေးသဘောတူညီမှုရရှိပြီး ဖြစ်တယ်လို့ KNDF က ပြောပါတယ်။ အခုနွေရာသီမှာတော့ စစ်ရေးအရှိန်မြှင့်နေတာ ကြောင့် ကရင်နီပြည် စစ်ဆင်ရေးတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေရှာဖွေမှုမှာ စစ်ဆင်ရေးအတွင်း လိုအပ်နေတဲ့ လက်နက်ခဲယမ်း တွေနဲ့ အသုံးပြုမယ့် လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းချပြတာ၊ ပြီးခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကုန်ကျစရိတ် တွေ၊ တင်ရှိနေတဲ့ ပေးချေရမယ့် ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေ၊ KNDF က ထုတ်လုပ်ခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အပတ်စဉ် စနေနေ့တိုင်း ဟောပြောပွဲအစီအစဉ်နဲ့အတူ ဧပြီ ၁၁ ရက်အထိ ၁ လတာ ရန်ပုံငွေအလှူခံသွားဖို့ စီစဉ်နေပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလအတွင်း ဒီးမော့ဆို၊ ဖရူဆို၊လွိုင်ကော်၊ဖယ်ခုံမြိုနယ်တွေမှာ အရပ်သားပြည်သူတွေ ကို ပစ်မှတ်ထားပြီးတော့ လက်နက်ကြီးတွေ ပစ်ခတ်တာ၊ စစ်ဘက်-အရပ်ဘက် မခွဲခြားဘဲ စစ်ရှောင်စခန်းတွေ၊ ကျေးရွာတွေ၊ ဘာသာရေး ဆိုင်ရာနေရာတွေကို လေကြောင်းနဲ့ စုစုပေါင်း ၆ ကြိမ်တိုက်ခိုက်ခဲ့ကြပြီး လက်နက်ကြီးနဲ့ တိုက်ခိုက်မှုကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သား ၈ ယောက် သေဆုံးခဲ့ရပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်နက်ကြီးထိမှန်မှုကြောင့် လူနေအိမ် ၉ လုံး၊ ဆေးပေးခန်း ၁ ခန်း၊ ဘာသာရေးအဆောက်အဦး ၄ လုံး ပျက်စီးခဲ့ရတယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်း သား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ https://burmese.dvb.no/archiv es/582147

၁၆။ မတူပီမြို့ပေါ်မှာတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် ရက်အတောအတွင်း မြို့ဝင်လမ်း အားလုံးပိတ်မယ်လို့သိရ
March 7, 2023

စားနပ်ရိက္ခာနဲ့ ဖုန်းဆက်သွယ်ရေးပြတ်လပ်နေတဲ့ မတူပီမြို့ပေါ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုချိန်အတောအတွင်း မြို့ဝင်လမ်းတွေအားလုံးကို ပိတ်ထားမယ်လို့ စစ်ကောင်စီကပြောကြားထားတယ်လို့ မတူပီမြို့ဒေသခံတွေဆီကနေသိရပါ တယ်။ မတူပီဒေသခံတစ်ဦးက “ဆယ်တန်းစာမေးပွဲဖြေတဲ့ အတောအတွင်းကို မြို့တွင်းလမ်းတွေ ပိတ်မယ်လို့တော့ ကြားတယ် ဒါကသိပ်တော့ မထူးဆန်းခိုင်းဘူး ဘာလို့လဲဆိုတော့ မြို့ပေါ်ကို ဆန်မရောက်နိုင်တာ ၁ လနီးပါးရှိပြီ အခုလိုစာမေးပွဲကာလ မြို့ အဝင်ထွက်တွေကို ပိတ်မယ်ဆိုတာကလည်း ဘာမှမထူးသလိုပါပဲ”လို့ပြောပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကို လာမယ့် မတ်လ ၈ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ စတင်ဖြေဆိုကြမှာဖြစ်ပြီး အဲလိုဖြေဆိုချိန် စစ်ကောင်စီက မတူပီတစ်မြို့နယ်လုံးက လမ်းအားလုံးကို ပိတ်မယ်မှာလို့ သိရပါတယ်။

မတူပီမြို့နယ်အတွင်း ဖုန်းလိုင်းတွေပြတ်လပ်တာ ကြာခဲ့ပြီဖြစ်တဲ့ပြင် စားနပ်ရိက္ခာပါပြတ်လပ်တာ တစ်လ နီးပါးရှိပြီလို့ မတူပီဒေသခံတစ်ဦးကပြောပါတယ်။ “ခရီးသည်တော့ သွားလာလို့ရတယ် နောက်ပြီး ဆန်ကလွဲရင် တခြားကုန်စည်တော့ မတူပီ မြို့ပေါ်ကိုရောက်တယ် ဆန်ကတော့ လက်နက်ကိုင်တွေက စစ်ကောင်စီလက်ထဲ ရောက်မှာစိုးလို့ လမ်းခရီးမှာထိန်းသိမ်းလိုက် တာမျိုးရှိတယ် အခုမြို့ပေါ်မှာ ဆန်ပြတ်လပ်တာ ၁ လ နီးပါးရှိပြီ”လို့ ပြောပါတယ်။ ချင်းပြည်နယ်အတွင်း မြို့တော်တော်များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့နောက်ပိုင်း မတူပီမြို့ပေါ်နေဒေသခံတွေဟာကိုယ့်ဒေသအတွင်းလူနေမှုဘဝအလွန် ကြပ်တည်းတာတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင် နေထိုင်ကြတာတွေလည်း ရှိပါတယ်။ https://www.faceb ook.com/photo?fbid=593184616177207&set =a.273500801478925

၁၇။ ဖားကန့်တွင် စစ်ကိုင်းမှ လာရောက်တိမ်းရှောင်နေသည့် NLD ပါတီဝင်တစ်ဦး ဖမ်းဆီးခံရ
March 7, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီဆာကျေးရွာအုပ်စု ဖားပြင်ကျေးရွာတွင် လာရောက်တိမ်းရှောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီဝင်တစ်ဦး မတ်လ ၆ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ကြောင်းသိရသည်။ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် NLD ပါတီဝင်တစ်ဦးဖြစ်သည့် အသက် ၄၀ နှစ်အရွယ် ဒေါ်မာမာအေးသည် ဖားကန့်မြို့ ဖားပြင်ရပ်ကွက်ရှိ ညီမ ဖြစ်သူ၏ အိမ်အတွင်း လာရောက်တိမ်းရှောင်နေစဉ် စစ်ကောင်စီအဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစု နှင့်နီးစပ်သူများထံမှသိရသည်။ “သူကဒီကိုပြောင်းလာတာမကြာသေးဘူး။ သူ့ညီမရဲ့အိမ်မှာလာပြောင်းနေတာဟုတ်တယ်။ ကုန်စုံ ဆိုင်ဖွင့်ထားတော့ စျေးရောင်းနေတဲ့အချိန် ည ၇ နာရီလောက်မှာ လာရောက်ပြီးဝင်ဆွဲသွားကြတယ်။ သူတို့ကတော့ စစ်ကိုင်းတိုင်းဘက်ကနေ ဧည့်သည်ပုံစံနဲ့လာနေကြတာဟုတ်တယ်။ ဘယ်လိုသတင်းတွေရပြီးလာဖမ်းသွားမှန်းမသိဘူး”ဟုပြော သည်။ သူသည်ဖေဖော်ဝါရီလဆန်းပိုင်းမှသာ မိသားစု ၃ ဦးနှင့်အတူ ပြောင်းလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ဒေါ်မာမာအေး ကို စစ်ကောင်စီတပ်က မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရဘဲ မိသားစုနှင့်လည်း အဆက်အသွယ်မရရှိသေးကြောင်းသိရသည်။ ဒေါ်မာမာအေး ဖမ်းဆီးခံလိုက်ရမှုသည် စစ်ကောင်စီ သတင်း ပေး (ဒလန်) များကြောင့် ဖြစ်သည်ဟု သတင်းအရင်းအမြစ်များက ဆိုသည်။ ဖားကန့်တွင် အရပ်သားပြည်သူများ ဖမ်းဆီးခံရမှု မကြာခဏဖြစ်ပေါ်နေပြီး မတ်လ ၁ ရက်နေ့တွင်လည်း ရှရော်ခကျေးရွာမှ ပြည်သူ ၂၀၀ နီးပါးခန့် ဖမ်းဆီးခံရမှုတစ်ကြိမ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ စဗျစ်ခူးကျေးရွာမှ အရပ်သား ၈၀ ကျော်ဖမ်းဆီးခံရမှုတစ်ကြိမ်နှင့် မတ်လ ၆ ရက်နေ့တွင်လည်း လုံးခင်းကျေးရွာမှ လူငယ် ၃၀ ကျော်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့သည်။ https://burmese.kachinne ws.c om/2023/03/07/az1-144/

၁၈။ စစ်ကောင်စီစခန်းတစ်ခုကို KA ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား သေဆုံးပြီး လက်နက်ခဲယမ်းရရှိ
March 7, 2023

ရိက္ခာဖြန့်ဝေပေးနေတဲ့ ထိုင်း-ကရင်နီနယ်စပ် နမ့်ပန်ချောင်းအနီးက စစ်ကောင်စီရဲ့ ဟွေအမ်တပ်စခန်းကို ယမန်နေ့ မတ်လ ၆ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောပါတယ်။ “တိုက်ပွဲတော့ဖြစ်တယ်။ အဲဒီ ဟွေအွမ်ပေါ့နော။ ၅၄တပ် စခန်းထိုင်တဲ့နေရာ ဟွေအွမ် အဲဒီ နန့်ပန် ချောင်းဘေးပေါ့နော။ အဲဒါ ဖြစ်ပါတယ်။ ဟုတ်တယ်။ ကျနော်တို့ KA ကွန်မန်ဒိုရဲ့ ကွန်မန်ဒို တပ်ဖွဲ့ ဝင်တိုက်တယ်လေ။ မနက် ၅ နာရီ ၆ နာရီလောက်ပေါ့။ ၆ နာရီကျော်ကျော်လောက် ဝင်တိုက်တယ်လေ။ ဝင်တိုက်တော့ မိနစ် ၂၀၊ ၃၀ လောက်ထင်တယ်။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးတဲ့ ရုပ်အလောင်း ၆ လောင်းတွေ့ရှိခဲ့ရပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ လက်နက်တွေမှာ ၆၀ မမ ၁ လက်၊ စနိုင်ဘာ ၁ လက်၊ MA 1 ၁ လက်၊ MA 2 ၂ လက်၊ MA 4 ၂ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာလည်း ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ကုန်းပွိုင့်အမှတ် (၁၄၄၁) စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက် အကျအဆုံးများပြားခဲ့သလို စစ်ကောင်စီရဲ့ လက်နက်တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC) က ထုတ်ပြန်ထားပါတယ်။ https://www.kantara waddytimes.org/%e1%80%9b%e1 %80%ad%e1%80%80%e1%80 %b9%e1% 80%81%e1%80

၁၉။ နှစ်ဦးနှစ်ဖက်ပြဿနာများဖြေရှင်းရန် ဗိုလ်စလုံးနှင့် ထောက်ပို့ မသင်းသင်းဦးတို့ကို KTLA ဗဟိုစစ်ဌာနချုပ် ဖိတ်ခေါ်
March 7, 2023

လတ်တလေ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြန့်နှံ့နေသည့် ကော်သူးလေ အာမီ (KTLA) ၏ ဆင်ဖြူစစ်ကြောင်းမှ ဒုဗိုလ်မှူးကြီးစောစလုံးနှင့် ထောက်ပို့တပ်ခွဲမှူး မသင်းသင်းဦးတို့ကို နှစ်ဦးနှစ်ဖက်ပြဿနာများ ဖြေရှင်းရန်အတွက် နံနက်ဖြန် မတ်လ (၈)ရက်နေ့ နံနက် (၉)နာရီ အချိန်တွင် ဌာနချုပ်ရုံးသို့ လာရောက်တွေ့ဆုံရန် ကော်သူးလေအာမီ -KTLA ဗဟိုစစ်ဌာန ချုပ် ရုံးက ယမန်နေ့ သတင်းထုတ်ပြန်ထားသည်။ ထိုကိစ္စနှင့်ပတ်သက်၍ KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြ က “ ဗိုလ်စလုံး ကိစ္စကတော့ ကျနော်တို့ရှင်းပေးမယ်လေ။ မနက်ဖြန်ရှင်းပေးဖို့ ဗိုလ်စလုံး နဲ့ မသင်းသင်း ကို ခေါ်ထားတယ်။ သူတို့ Live လွှင့်တာ တစ်ခုခုဆိုရင် ဌာနချုပ်ရုံးကို အရင်ပြောရမှာလေ။ လက်ရှိက ပြဿနာကတော့ရှိအုံးမှာပဲ။ ဌာနချုပ်မှာ ပြဿနာတွေကို ပြန်ရှင်း ပေးရမှာပေါ့။ မနက်ဖြန်ရှင်းကြရင်တော့ တစ်ခုခုတော့ပေါ်လာမှာပဲ။ ဒီလိုင်းပေါ်မှာတင်ပြီး လုပ်နေတဲ့ဟာက နောက်ဆိုရင် သတိထားရမှာလေ။ အဖွဲ့အစည်းနာမည်လည်းပျက်တာပေါ့”ဟု ပြောသည်။ အဆိုပါ ဖြစ်ပျက်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး ဒုတိယဗိုလ်မှူးကြီး စောစလုံး နှင့် ထောက်ပို့ တပ်ခွဲမှူး မသင်းသင်းဦး တို့သည် မိမိတို့၏ စိတ်ခံစားချက်ဖြင့် Live ထုတ်လွှင့် ပြောဆိုချက်များ အပေါ် အမှန်တရားပေါ်ပေါက်လာစေရန် စစ်ဆေးရေးအဖွဲ့များဖြင့် စုံစမ်းစစ်ဆေးသွားမည် ဟုလည်း KTLA ဗဟိုဌာနချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုဖြစ်စဉ်များအပေါ် နှစ်ဦးနှစ်ဖက်ဖြစ်ပွားနေသည့် ကိစ္စရပ်များကို အားနည်းချက်၊ လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေး ပြီး အာဏာရှင်များကို အတူတကွပူးပေါင်း တိုက်ထုတ်ရေးကိုသာ စဉ်းစားထားသည်ဟု ယခုလိုပြောသည်။ “ဘာဖြစ်လို့ ဒီလိုဖြစ် သွားလဲ၊ ဘာအားနည်းချက်ရှိလဲ၊ ဘာလိုအပ်ချက်ရှိလဲ။ ကျနော် သူတို့နဲ့တွေ့ချင်တယ်။ လူကြီးတွေအရှေ့မှာ ပရိသတ်တကမ္ဘာ လုံးအရှေ့မှာ အမေးအဖြေတွေ မေးကြမှာပေါ့။ ကျနော့်ဘဝထဲမှာ သူတို့ကို ညီအစ်ကိုလိုပဲ ဆက်ဆံတယ်။ ကျနော်တို့ အာဏာရှင်၊ အာဏာရူးကိုတိုက်ထုတ်ဖို့ ကျနော်တို့ပူးပေါင်းပြီးတော့ဆက်သွားဖို့ အဲ့ဒါကျနော်စဉ်းစားထားတယ်။ ကိုယ့်အချင်းချင်းပြန် ယုတ်မာဖို့ ကျနော်ဦးနှောက်ထဲမှာမရှိဘူး”ဟု ပြောသည်။ နံနက် မတ်လ(၈)ရက်နေ့တွင် ကော်သူးလေ ဗဟိုစစ်ဌာနချုပ်ရုံး၌ ပြု လုပ်မည့် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုတွင် စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်စောနယ်ဒါးမြ မပါရှိပါက လုံခြုံရေးအရလာရောက် တွေ့ဆုံဖြေရှင်းရန် အစီအစဉ်မရှိဟု ထောက်ပို့တပ်ခွဲမှူး မသင်းသင်းဦး ဘက်ကပြောသည်။ ၎င်းက “အဖူးနယ်ဒါးမြ ရှိရင်တော့ သွားမှာပါ။ အဖူးမရှိရင်တော့ ကျမလုံခြုံရေးရှိတဲ့အတွက်မသွားဘူး။ အဖူးကျတော့စိတ်ချရ တယ်လေ။ သူ(ဗိုလ်စလုံး)က ဘယ်သူ့ ကိုမှ လူမထင်ပဲနဲ့ ပြဿနာခဏခဏရှာတတ်တဲ့လူဆိုတော့ ကိုယ့်ကြောင့်နဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်သွားမှာလေ။ အဖူးနယ်ဒါးမြ ရှိတယ်ဆိုရင်တော့ သွားမှာပါ။ အဓိကကတော့ ညီမ ကလေးတွေရဲ့ယုံကြည်မှုပေါ့။”ဟု ဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင် ထောက်ပို့တပ်ခွဲမှူး မသင်းသင်းဦးက ဖေ့ဘွတ်ခ်လူမှုကွန် ယက်စာမျက်နှာပေါ်တွင် တိုက်ရိုက် (Live) ထုတ်လွှင့်၍ ဒုတိယ ဗိုလ်မှူးကြီး စောစလုံး သည် ပြည်သူများလှူဒါန်းထားသည့် အလှူငွေများကို ဘီယာသောက်ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ၏ လက်နက် ၈ လက်ကို ယူဆောင်သွားသည်ဟု ပြောဆိုထားသည့် ရုပ်သံဖိုင်များ ပျံ့နှံ့လာ လျက်ရှိသည်။ ၎င်းပြောဆိုသည့် အကြောင်းအရာများအပေါ် ဒုတိယဗိုလ်မှူးကြီး စောစလုံးဘက်ကလည်း ဖေ့ဘွတ်လူမှု ကွန်ယက်စာနှာပေါ်ပြန်လည် တိုက်ရိုက်ထုတ်လွှင့်ကာ ထောက်ပို့ တပ်ခွဲမှူး မသင်းသင်းဦး သည် ၎င်းတို့အဖွဲ့ထံမှ ခိုးထွက် သွားသူဖြစ်ပြီး ဖုန်းဆက်ရာတွင်လည်း ဖုန်းပိတ် ထားခြင်းများရှိနေသည်ဟု တုန့်ပြန်ပြောဆိုထားသည်ကို တွေ့ရှိရသည်။ https://kicnews.org/2023/03/%e1%80 %94%e 1%80%be%e1%80% 85%e1%80%ba%e1%80%a6%e1%80%b8%e1

၂၀။ ရွှေကုက္ကိုလ်ဒေသအတွင်း အခြေချစီးပွားရေးလုပ်ကိုင်လိုသူ၀င်ရောက်လာသဖြင့် အိမ်ခြံမြေစျေးမြင့် တက်နေ
March 6, 2023

ကရင်ပြည်နယ်၊ မြ၀တီမြို့မြောက်ဘက်ရှိ လောင်းကစားကာစီနိုမြို့တော်သစ်နေရာ ရွှေကုက္ကိုလ်ဒေသအတွင်း ရွှေ့ပြောင်းအခြေချ စီးပွားရေးလုပ်ကိုင်လိုသူ အများအပြား၀င်ရောက်လာသည့်အတွက် အိမ်ယာခြံမြေစျေးများ မြင့်တက်လာ နေသည်ဟု ဒေသတွင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှသိရသည်။ လောင်းကစား၊ ကာစီနိုနှင့် ဖျော်ဖြေ ရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်နေမှုကြီးမား ကျယ်ပြန့်လာနေ သည့် ရွှေကုက္ကိုလ်မြို့သစ်နေရာတွင် ယခုစစ်အာဏာသိမ်း ကာလအတွင်း ပြည်တွင်းနှင့် ရှမ်းပြည်နယ်၊ တရုတ်နိုင်ငံနယ်စပ်ဒေသမှ စီးပွားရေး လုပ်ငန်းလုပ်ကိုင်လိုသူများ လာရောက်နေ ထိုင် အလုပ်လုပ်ကိုင်မှု များပြားလာသည့်အတွက် လက်ရှိတွင် ဒေသတွင်း အိမ်ခြံမြေစျေးနှုန်းများ ဘတ်သိန်းဆယ်ချီမြင့် တက် အရောင်းအ၀ယ်ဖြစ်နေကြောင်း ဒေသတွင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။ ၎င်းက “အရင် ကပေ ၆၀ ပတ်လည်တို့ပေး၂၀၀ ပတ်လည်တို့ ၁ ဧကလောက် ခြံကွက်တို့ဆိုတာ ဘတ် သိန်းဂဏန်းပဲရှိတယ်။ အခုမြေစျေးအိမ် စျေးက ဘတ်သိန်းဆယ်ချီရှိလာပြီ။ အိမ်ငှားခ၊ အခန်းငှားခ တွေ လည်း အရင်က ဘတ် တစ်ထောင်၊ နှစ်ထောင်ပဲ။ အခု အိမ်ခန်း ငှားခ၊ ဆိုင်ခန်းငှားခတွေက ဘတ်ငါး ထောင်တစ်သောင်းအထိ ရှိလာတယ်။ နေရာအကွက်အကွင်း စျေးရောင်း၊ လူနေ၊ ဆိုင်ဖွင့် လို့ရတဲ့ နေရာတွေဆို တရုတ်လူမျိုးတွေ၊ တရုတ်စာ၊ စကားတတ်တဲ့ ရှမ်း/တရုတ်နယ်စပ်က လူတွေ၊ မြန်မာပြည် အောက်ပိုင်းက လူတွေပဲအနေများလာတယ်။” ဟု ပြောသည်

အဆိုပါ ရွှေကုက္ကိုလ်ဒေသတွင် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်၊ သမ္မတ ဦးသိန်းစိန် လက်ထက်မှစတင်၍ စတင် ၀င်ရောက်နေ ထိုင်လုပ်ကိုင်လာသည့် တရုတ်နိုင်ငံသားပိုင် လောင်းကစားရုံ လုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ အွန်လိုင်းဂိမ်းနှင့် အွန်လိုင်း ငွေလိမ်ပေးရသည့် လုပ်ငန်းများကြီးမားကျယ်ပြန့်လာနေပြီး ၎င်းလုပ်ငန်းများနှင့် ဆက်စပ်သည့် တရုတ်စတိုးဆိုင်၊ စားသောက် ဆိုင်၊ အလှပြင်၊ အနှိပ်ခန်း၊ လက် သမား၊ ပန်းရံ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ အိမ်အလှဆင်လုပ်ငန်း၊ ကား/ဆိုင်ကယ် အငှား လုပ်ငန်း၊ တရုတ်စကားပြန်လုပ်ငန်း၊ တရုတ်စာ၊ စကားသင်တန်းများ လုပ်ကိုင်ကြသည့် ရွှေ့ပြောင်း အခြေချ လုပ်ငန်း လုပ်ကိုင် သူများ များပြားလာနေကြောင်းလည်း ရွှေကုက္ကိုလ်ဒေသခံများက ပြောသည်။ “ကုက္ကိုလ်က ကရင်တွေ သိပ်မနေလိုတော့ဘူး၊ အိမ်ကွက်၊ ခြံကွက်တွေမှာ တန်းလျားတွေ၊ ဆိုင်ခန်းတွေ ဆောက်ပြီး အငှားချတယ်၊ လူတွေကသူတို့ ခြံတွေ ဘက်ပြောင်းနေ ကြတယ်။ တစ်ချို့လည်းအပြီးရောင်းပြီး မြ၀တီဘက်တို့ ကရင်အမျိုးတွေရှိတဲ့ ရွာတွေဘက်ပြောင်းနေ နေကြတယ်၊ အခုက လူစိမ်းတွေ များလာတာ အလုပ်အကိုင်ကလည်း တရုတ်စာတတ်မှ၊ တရုတ်တွေနဲ့ အလုပ်လုပ်တတ်မှဆိုတော့ ရှမ်းပြည် တရုတ် နယ်စပ်ကလူတွေ၊ မြန်မာတွေပိုအနေများလာတယ် ”ဟု ရွှေကုက္ကိုလ် ရပ်ကွက် ၄ တွင် နေထိုင်သူတစ်ဦးက ပြောသည်။ ကရင် ပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်နေရာများဖြစ်သော မြ၀တီ-မဲဆောက်ဒေသ၊ ဘုရားသုံးဆူ -စခလ ဘူရီဒေသ၊ တနင်္သာရီတိုင်း-မောတောင်၊ ကန်ချလဘူရီဒေသဘက်အထိ တရုတ်နိုင်ငံသား တရားမ၀င် ကာစီနို၊ အွန်လိုင်းဂိမ်းနှင့်ဖျော်ဖြေရေးလုပ်ငန်းများ စစ်တပ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းပိုမိုကြီးထွားလုပ်ကိုင်မှုများပြားလာနေကြောင်းစောင့်ကြည့်လေ့လာသူများကပြောသည်။ https://kicn ews.org/2023/03/ %e1%80%9b%e1%80%bd%e1%80%be%e1 %80%b1%e 1%80%80%e1%80%af%e1

၂၁။ မြောက်ဦးရှိ စစ်ဘေးရှောင်စခန်းတွင် ရေမသန့်ရှင်းမှုကြောင့် ရေကျောက်ရောဂါနှင့် ပါးအကျိတ်ရောင်ရောဂါများ ဖြစ်ပွားနေ
March 6, 2023

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ မြို့ဥခေါင်းစစ်ဘေးရှောင်စခန်းတွင် အသက် ၄ နှစ်မှ ၇ နှစ်အရွယ်ကြားရှိ ကလေငယ် များနှင့်လူကြီးပိုင်းတချို့မှာ ပါးအကျိတ်ရောင်ရောဂါ နှင့် ရေကျောက်ရောဂါများဖြစ်ပွားလျှက်ရှိကြောင်းသိရသည်။ လက်ရှိ မြို့ဥခေါင်းစစ်ဘေးရှောင်စခန်းတွင် ရေကျောက်ရောဂါနှင့် ပါးအကျိတ်ရောင် ရောဂါခံစားနေရသူ စုစုပေါင်း ၂၀ ကျော်ရှိပြီး ပြီးခဲ့ သည့် ဇန်နဝါရီလအတွင်းက စတင်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးထွန်းလင်းထံက သိရသည်။ ” ၁ လ ပိုင်းကနေ စဖြစ်ကြတာပါ။ ဖြစ်တဲ့အထဲမှာ ကလေးတွေက ပိုများပါတယ်။ အဓိကတော့ ရေမသန့်ရှင်းတာကြောင့် ဖြစ်တာလို့ ထင်ပါတယ်။ ကျနော်တို့စခန်းက လည်ဆည်ကန်ကရေကိုသုံးကြတာပါ။ တစ်ချို့ကျတော့ဆေးခန်းသွားပြတယ်။ သက်သာတဲ့သူ သက်သာကြ သလို မသက်သာကြသေးတဲ့သူတွေလည်းရှိသေးတယ်။ အခုတော့ ကျန်းမာရေးဌာနက တပတ်တစ်ကြိမ်လာကုပေးတယ်”ဟု စခန်းတာဝန်ခံ ဦးထွန်းလင်း ကပြောသည်။ ကျန်းမာရေးစောင့်ရှောက်မှုကြောင့် ကလေးငယ်များပြန်လည်သက်သာလာလျှင် လည်း ရေမသန့်ရှင်းပါက ယခုကဲ့သို့ထပ်မံဖြစ်ပွားလာနိုင်သည့်အတွက် သန့်ရှင်းသည့်ရေရရှိရန်အတွက် အရေးကြီးကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံက ဆိုသည်။

“ကျွန်တော့်သမီးလေးဆို ပထမစစချင်းဖျားတယ်။ ဖျားပြီးလို့နောက်တနေ့ဆို ပါးအကျိတ် ရောင်လာတယ်။ ခန္ဓာကိုယ် မှာလည်း ယားနာတွေပေါက်လာတယ်။ ကလေးတွေမှာ ပါးအကျိတ်ရောင်ပြီး ထမင်းတောင်မစားနိုင်ကြဘူး။ တော်တော်သနားဖို့ ကောင်းတယ်။ နွေရာသီရောက်လာပြီဆိုတော့ ရေခမ်းလာလို့ ရေမသန့်ရှင်းတာရော၊ ရာသီဥတု အပြောင်းအလဲကြောင့်ရော ဖြစ်မယ်ထင်တယ်။ ရေသန့်ရှင်းအောင်လုပ်ပေးရင်တော့ ထပ်မဖြစ်တော့ဘူးပေါ့” ဟု ရေကျောက်ရောဂါနှင့် ပါးအကျိတ်ရောင် ရောဂါခံစားနေရသည့် ကလေးငယ်တစ်ဦး၏ ဖခင်ကကိုပြောသည်။ လက်ရှိတွင် မြို့ဥခေါင်းစစ်ဘေးရှောင် စခန်းသို့ ကျေးလက် ကျန်းမာရေးဌာနများက ရေသန့်ရှင်းရေးအတွက် ဆေးထုပ်များကို အိမ်ထောင်စု အလိုက်လာရောက် ပေးဝေ ထား၍ စမ်းသပ်သုံး စွဲလျှက်ရှိကြောင်း စစ်ဘေးရှောင်များထံကသိရသည်။ မြို့ဥခေါင်းစစ်ဘေးရှောင်စခန်းတွင် တင်းမ၊ ရွာဟောင်းတော၊ ပေါက်တော ပြင်၊ ဘုရားအုပ်၊ အုတ်ဖိုကန်၊ အောင်သာယာ၊ အလယ်ကျွန်း၊ ပြိုင်းတိုင်း၊ မီးလက်ဝ စသည့် ကျေးရွာများမှ ဒေသခံများအဓိက ခိုလှုံနေကြခြင်းဖြစ်ပြီး လူဦးရေစုစုပေါင်း ၇၅၀ ကျော်ရှိကြောင်း သိရသည်။ https://www.facebook.com/ayeyarwaddytim es/photos/pcb.2428 961223928531/2428 961160595204/

၂၂။ စစ်ကောင်စီကြောင့် တစ်လအတွင်း အမျိုးသမီး ၁၅ ဦး သေဆုံး
March 7, 2023

နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ (Burmese Women’s Union) က မတ်လ ၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ သေဆုံးသူအမျိုးသမီး ၁၅ ဦးထဲက ရှစ်ဦးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာဖြစ်ပြီး သုံးဦးကတော့ မီးရှို့သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါ တယ်။ ဒီ့အပြင် ဖေဖော်ဝါရီလအတွင်းမှာပဲ တနင်္သာရီ၊ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ မွန်၊ ပဲခူးနဲ့ ရှမ်းပြည်နယ်က အမျိုးသမီး ၃၅ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂက ထုတ်ပြန်ပါတယ်။ အမျိုးသမီးအများစု ကို မန္တလေးတိုင်းအတွင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး ၁၃ ဦးအထိ ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ စစ်အာဏာ သိမ်းချိန်ကစလို့ ဒီကနေ့အချိန်အထိ အမျိုးသမီးပေါင်း ၄၂၉ ဦးထိ သေဆုံးခဲ့ တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂက ထုတ်ပြန်ပါတယ်။ https://www .rfa.org/burmese/news/junta-women-died-03062023061131.html

၂၃။ ကရင်နီပြည်နယ်တွင် သစ်တောပြုန်းတီးမှုကိုထိန်းသိမ်းရန် သစ်ပင်ပြန်စိုက်မည်
March 7, 2023

ကရင်နီ (ကယား)ပြည်နယ်တခုလုံးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေက တောင်တန်းတွေရဲ့ ပျက်စီးနေတဲ့ မြေဆီလွှာတွေ ထိန်းသိမ်းဖို့နဲ့ သစ်တောပြုန်းတီးနေတာကို ထိန်းသိမ်းဖို့အတွက် စိမ်းလန်းမြေတောင်တန်းဒေသ သဘာ၀ထိန်းသိမ်းရေးအဖွဲ့က ဒေသခံပြည်သူတွေနဲ့လက်တွဲပြီး သစ်ပင်တွေ ပြန်စိုက်ဖို့ရှိနေပါတယ်။ လတ်တလောမှာတော့ ဒေသခံတွေရဲ့ အစီအစဥ်နဲ့ သစ်တောတွေစိုက်ဖို့ စီစဥ်ထားခဲ့ပေမဲ့ စစ်ရေးအရှိန် မြင့်တက်နေတာကြောင့် ဧက ၅၀ လောက် စိုက်သွားဖို့ စီစဥ်နေတယ်လို့ မတ် ၇ ရက် ဒီနေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူ မတူးမေ က ပြောပါတယ်။ ကရင်နီ ဒေသခံတယောက်က“သစ်တောတွေက အရင်ဘိုးဘွားလက်ထက်ကတည်းက အိမ်တွင်းသုံးဖို့ ထင်းကနေ ထုပ်လုပ်ရောင်းချတဲ့ အထိ လုပ်ခဲ့လို့ ပြုန်းတီးမှုတွေရှိသလို အခုခေတ်မှာလည်း စစ်ဘေးရှောင်တွေ တိုးလာတာနဲ့အမျှ သစ်တောတွေလည်း ထိခိုက်လာခဲ့ပါတယ်။ အခုလည်း ဒီအဖွဲ့က ပညာပေးတာတွေ ထောက်ပံ့ကူညီတာတွေလည်း လုပ်ပေးတယ်။ အခု အလုပ်က လည်း ကိုယ့်ဒေသအတွက် သစ်တောတွေ ကောင်းလာမယ်၊ မြေဆီလွှာတွေ ထိန်းသိမ်းပြီးသားဖြစ်မယ် ဆိုတာကြောင့် အဲဒီကရ တဲ့ အကျိုးအမြတ်က တန်ဖိုးမဖြတ်လို့ မရနိုင်ဘူး”လို့ ပြောပါတယ်။

လတ်တလောမှာတော့ ကရင်နီပြည်နယ်မှာ ဒေသခံ PDF၊ ဒေသခံ EAO တွေနဲ့ စစ်ကောင်စီတို့ နေ့စဥ်နဲ့အမျှ တိုက်ပွဲ တွေ ဖြစ်ပွားနေပါတယ်။ Karenni Society Network ရဲ့ ၂၀၂၂ ခု ဒီဇင်ဘာလ အစီရင်ခံစာမှတ်တမ်းအရ စစ်ကောင်စီက ကရင်နီပြည် နယ်ကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတွေကပါ တိုက်ခိုက်နေတဲ့အတွက်ကြောင့် စစ်ဘေးရှောင် ဦးရေ ၂၀၂၀၀၀ ကျော်အထိ တိုးလာနေပြီး၊ မြေပြင်အခြေအနေအရ အဲဒီထက်လည်း ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။ လတ်တလော မှာတော့ စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေတဲ့ NGO ၄၅ ဖွဲ့ က ရပ်တန့်လိုက်တဲ့အတွက် လတ်တလော ကရင်နီပြည်နယ်ထဲက သစ်တောပြုန်းတီးမှုနဲ့ပတ်သက်ပြီး အချက် အလက် မရရှိခဲ့ပါဘူး။ https://burmese.dvb. no/archives/582243

၂၄။ အင်းလေးဒေသ ပစ်ခတ်သံထွက်၊ စစ်ကောင်စီမှ လုံခြုံရေး အင်အားချထား
March 7, 2023

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဘုရားနီဘက်တွင် ပစ်ခတ်သံများ ထွက်ပေါ် လာပြီး စစ်ကောင်စီဘက်မှ လုံခြုံရေး အင်အား ချထားကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၇) ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် အင်းလေး ဒေသ ဘုရားနီ နှင့် သန်းထောင်ဘုရား အနောက်ဘက် တောင်ပေါ်တွင် သေနတ် ပစ်ခတ်သံ နှစ်ချက်နှင့် ပေါက်ကွဲသံ တစ်ချက် အသံ ကြားရကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ ပစ်ခတ်သံနှင့်ပေါက်ကွဲမှုများထွက်ပေါ်လာပြီးသည့် နောက်တွင် စစ်ကောင်စီ တပ်ဖွဲ့အချို့က တောင်ပေါ်သို့ တက်သွားပြီး လုံခြုံရေး အင်အားချထားကြောင်း နှင့် ဒေသအတွင်း ဆိုင်များလည်း ပိတ်ထားရ ကြောင်း အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ “မနက်အစောကြီး ပစ်ခတ်သံတွေ ကြားရတော့ လန့်ကြ တာထင်တယ်၊ ဆိုင်တွေတောင် ပိတ်ထားတယ်၊ အဲ့ဒီနား တစ်ဝိုက်မှာ အရင်ကလည်း တိုက်ပွဲဖြစ်ခဲ့ဖူးတယ်လေ၊ အခုတော့ စစ်သားတွေ စောင့်နေကြတယ်၊ တချို့လည်း အရပ်ဝတ်နဲ့ ရွာတွေထဲ ကင်းထောက်လှည့်နေတယ်” ဟု အသက် ၃၀ ဝန်းကျင် အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် အင်းလေးဒေသ ခေါင်တိုင်ရွာမှာလည်း လူငယ်များ အပြင်မထွက်ကြရန် နှင့် အပြင်ထွက်ပါက စစ်တပ်ထဲ ခေါ်ဆောင်သွားခြင်း ခံရမည် ဆိုသည့် ပြောဆို ခြိမ်းခြောက်မှုမျာလည်း ရှိနေကြောင်း သိရသည်။ “ခေါင်တိုင်မှာ လူငယ်တွေ အပြင်မထွက်ရဲကြဘူး၊ ဆိုင်တွေလည်း အကုန်လုံးနီးပါး ပိတ်ထားတယ်၊ ညောင်ရွှေက ရဲမှူးက အပြင်မထွက်ဖို့ ပြောလာလို့တဲ့” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။ လက်ရှိတွင် အင်းလေးဒေသ အဝင်အထွက်များကို စစ်ကောင်စီတပ်ဖွဲ့မှ တင်းကြပ် စွာ စစ်ဆေးနေပြီး ပေါင်းပိုင်းဂိတ်၊ မှော်ဘီဂိတ်၊ အင်းတိန်ဂိတ် နှင့် ဘုရားနီ _ သန်းထောင်ကြားမှ စစ်ဆေးရေးတို့က စစ်သားများ သည် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ကာယိအိန္ဒြကျူးလွန်မှုမြှောက်သည့် စစ်ဆေးမှုများလည်းပြုလုပ်နေကြောင်း ဒေသခံ များကပြောသည်။ https://burmese.shannews.org/archives/33388

၂၅။ မြန်မာမြောက်ပိုင်းတွင် တရားမဝင်မြေရှားသတ္တုအလွန်အကြူးတူးဖော်၊ တရုတ်ကို ကန်ဒေါ်လာသန်း ၆၀ဝ ကျော်ဖိုးတင်ပို့
March 6, 2023

မြန်မာပြည်မြောက်ပိုင်းမှာ တရားမဝင် မြေရှားသတ္တုတူးဖော်မှုတွေ အလွန်အကြူး ဖြစ်နေပြီး တရုတ်နိုင်ငံ အကောက် ခွန် အ‌ထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၂ ခုနှစ်မှာ မြန်မာရဲ့ တရုတ်ကို မြေရှားသတ္တု တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၀ဝ ကျော် ရှိခဲ့ပြီး တန်ချိန် ၂၄,ဝ၀ဝ နီးပါး တင်ပို့ခဲ့တယ်လို့ ISP Myanmar က ပြောပါ တယ်။ မြန်မာဘက်က တူးဖော်ရရှိတဲ့ မြေရှားထွက်ကုန်တွေကို တရုတ်နိုင်ငံဘက်ကိုပဲ အဓိက တင်ပို့ရောင်းချနေတာဖြစ်ပြီး စစ်ကောင်စီက တရားဝင် ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ ဒီအချက်တွေကြောင့်လည်း မြန်မာနဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးကွာဟချက်ကို ဖြစ်စေခဲ့ကာ မြန်မာ-တရုတ် ကုန်သွယ်မှုတန်ဖိုး ကွာဟချက်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၈ လ တာကာလမှာတင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ တရားမဝင် မြေရှားသတ္တုတူးဖော်မှုတွေ ပြည်သူ့စစ်လက်နက်ကိုင် တပ်ဖွဲ့တွေ ထိန်းချုပ်ရာ ချီဖွေ၊ ပန်ဝါဒေသတွေမှာတင် မဟုတ်တော့ဘဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA/KIO) ထိန်းချုပ်တဲ့ မိုင်ဂျာယန်နဲ့ မန်စီ ဒေသတွေအထိ ကျယ်ပြန့်လာနေခဲ့ကာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာပဲ မန်စီမြို့နယ်မှာ မြေရှားသတ္တုတူးဖော်ဖို့ လုပ်နေတဲ့ (တရုတ်လူမျိုးတွေပါတဲ့) ကုမ္ပဏီနဲ့ ဘာသာရေးခေါင်း ဆောင်တွေ၊ ဒေသခံပြည်သူတွေအကြား တင်းမာမှုဖြစ်နေပါတယ်။ မြေရှားတူးဖော်တာကို ဒေသခံတွေက အပြင်းအထန် ကန့်ကွက်နေကြပြီး လုပ်ငန်းလုပ်နေသူတွေ အပြီးထွက်သွားဖို့ တောင်းဆို နေကြတယ်လို့ ISP Myanmar က ပြောပါတယ်။ အရင်အတွေ့အကြုံတွေအရလည်း ပန်ဝါဒေသမှာ တူးဖော်ခဲ့တာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေး အခြေအနေတွေ ဆိုးရွားစွာ ထိခိုက်ခဲ့တဲ့အပြင် ခုလို မြေရှားသတ္တုတူးဖော်မှု နောက်ကွယ် မှာ စစ်ကောင်စီ၊ သူတို့နဲ့ နီးစပ်ရာ နယ်ခြားစောင့်တပ်ဖွဲ့တွေအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အကျိုးစီးပွားတွေပါ ရှိနေကြတယ်လို့ ဆိုပါတယ်။ https://burmese.dvb.no /archives/582124

၂၆။ အေအေဘက်သို့ အစွန်းမရောက်ရန် ဘူးသီးတောင်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီဗျူဟာမှူးပြော
March 7, 2023

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈၀ ကျော်ကို စစ်ကောင်စီတပ် ဗျူဟာမှူးကခေါ်ယူ တွေ့ဆုံပြီး အေအေ တဖက်တည်းကို အစွန်းမရောက်ဖို့ ခေါ်ယူ အသိပေးခဲ့တယ်လို့ ဘူးသီးတောင် ကျေးရွာအုပ်ချုပ်ရေးမှူး တွေထံကသိရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက “ဗျူးဟာမှူးကိုယ်တိုင် ခေါ်ပြီးပြောတာ။ သူပြောတာကတော့ အေးဆေးပါ။ ခြိမ်းခြောက်တာလည်း မဟုတ်ပါဘူးပေါ့။ အားလုံးကို သူတို့သိတယ်။ အေအေ တဖက်တည်းကို အစွန်းရောက် မသွားစေနဲ့၊ တဖက်နဲ့တဖက် သတိထားပြီး လုပ်ဆောင်ကြဖို့ ပြောတာပါ” လို့ ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၈၀ ကျော်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်က ဘူးသီးတောင်မြို့နယ် စစ်ကောင်စီဗျူဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်က အခုလို ခေါ်ယူပြောဆိုလိုက်တာပါ။

ဒါ့အပြင် ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်က ၂၀၁၇ ခုနှစ် အကြမ်းဖြစ်စဥ်မှာ ထွက်ပြေးသွားကြတဲ့ မွတ်ဆလင် ကျေးရွာတွေက လူနေအိမ်မြေနေရာနဲ့ လယ်ယာမြေတွေကို အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရောင်းစားပါက အရေးယူသွားမယ်လို့ ပြောကြားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဆိုပါတယ်။ “သူပြောတာကတော့ ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ က ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်မှာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ မွတ်ဆလင်တွေရဲ့ မြေနေရာ တွေနဲ့ လယ်မြေတွေကို ရောင်းစားထားတာတွေရှိရင် အရေးယူသွားမယ်လို့ ပြောပါတယ်။” မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ထက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက နှစ်ဖက်အုပ်ချုပ်ရေးအကြား အကျပ်အတည်းတွေတွေ့နေရတယ်လို့ ပြောကြပါတယ်။ https://burmese.dvb.no/archives/582253

၂၇။ ၃ နှစ်ကျော်ကာလအတွင်း “ ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်း “ ၁၆၀ နီးပါးရှိ
March 6, 2023

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်ကတည်းစပြီး (၃) နှစ်ကျော်ကာလအတွင်းမှာ “ ဖိုဝါဒလွှမ်းမိုးသေား စကားဝိုင်း “ စုစုပေါင်း ၁၆၀ နီးပါးရှိထားကြောင်း စုံစမ်းသိရသည်။ “ ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်း “ ဓာတ်ပုံပြပွဲကို မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB) နှင့် The Salween Institute (SI) တို့ပူးပေါင်းပြီး ချင်းမိုင်မြို့ Lan Din Café တွင် (မတ်လ ၅ ရက်မှ ၇ ရက်အထိ) ၃ ရက် သာ ကျင်းပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ ထို ဓာတ်ပုံပြပွဲအတွင်းတွင် စကားဝိုင်းများ၏ ဓာတ်ပုံများ၊ ပိုစတာများကို ခင်းကျင်းပြသထားပြီး “ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများ” ကျင်းပခြင်းရှောင်ကျဉ်နိုင်ရန် လမ်းညွှန်ချက်များ၊ နည်းနာများ၊ အကြံ ပြုချက်များကိုလည်း အသေးစိတ်ရှင်းပြထားကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် အထွေထွေးအတွင်းရေးမှူး နန်းမို့မို့ က ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။ “ ဒီနေ့ ဓာတ်ပုံပြပွဲက Panel discussion ပွဲမဟုတ်သလို manner discussion ပွဲမဟုတ်ပါဘူး။ ဒီကနေ့ ထူးခြားတာတစ်ခုက ကျမတို့ ဓာတ်ပုံပြပွဲ မှာ ပါဝင်နေတဲ့ အမျိုးသားတွေတချို့ ဒီပွဲကို ကိုယ်တိုင်လာရောက်တာ တွေ့ရ ပါတယ်။ ဒီဓာတ်ပုံမှာပါဝင်တဲ့ အမျိုးသားတွေ၊ လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေ၊ ပံ့ပိုးပေးနေတဲ့ လူတွေကို အရှက်ရဖို့ အတွက် လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ အဓိက ဆွေးနွေးပွဲမှာ အမျိုးသမီးပါဝင်မှုက ဘယ်လောက်ထိ အရေးကြီးလဲဆိုတာကို ထည့်တွက်စဉ်းစားဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာပါ “ ဟု နန်းမို့မို့ က ပြောသည်။

ဖိုဝါဒ လွှမ်းမိုးသည့် စကားဝိုင်းများသည် ဒီမိုကရေစီ ထွန်းကားသော အသိုင်းအဝန်းအတွက် အမှန်တကယ် အချက် အချာကျသည့် ဗဟုဝါဒထွန်းကားမှုနှင့် ပြည့်စုံကောင်းမွန်သော ဆွေးနွေးပွဲများအတွက် အဟန့်အတာဖြစ်နေသည်။ ထိုပြပွဲအထဲ တွင် စုစည်းမှတ်တမ်းတင်ထားသည့် “ ဖိုဝါဒ လွှမ်းမိုးသော စကားဝိုင်းများ” ၏ ဓာတ်ပုံများ၊ ပို့စတာများကို ခင်းကျင်းပြပသည့် အပြင် ယင်းစကားဝိုင်းများကိုကျင်းပခဲ့သည့် အဖွဲ့အစည်းများနှင့် ကူညီပံ့ပိုးပေးခဲ့သည့် အလှူရှင်အဖွဲ့အစည်းများကိုပါ လက်လှမ်းမှီသလောက် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။ ဖိုဝါဒ စကားဝိုင်းအချို့၏ အကြောင်းပြချက်များမှာ “ တော်လှန်ရေးကာလမှာ တော်လှန်ရေးကို အာရုံစိုက်ပါ။ တော်လှန်ရေးပြီးမှ ဒီအရေးကို ဆက်လုပ်ရမှာ” “ သတင်းမီဒီယာကို ဒီလို စည်းကမ်းမျိုးတွေ လိုက်ထုတ်တာ သတင်းမီဒီယာကို ထိခိုက်တယ်။ အမျိုးသားတွေချည်း ပြောရမယ့်ကိစ္စကို အမျိုးသမီးတွေ မကေသေးဘူး၊ မသန်းစွမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ LGBT တွေကို အင်တာဗျူးထည့်လုပ်ခိုင်းတော့ ရှုပ်ကုန်မှာပေါ့ “ ဆိုသည့် အကြောင်းပြချက်တွေကိုလည်း ပြပွဲတွင် တွေ့ရသည်။ အမျိုးသမီးပါဝင်မှု အားနည်းနေသေးလျှင် လူအများပြောသည့် ဖက်ဒရယ် ပြည်စုထောင် တည်ထောင်ခြင်းသည်လည်း မဖြစ်နိုင်ကြောင်း နန်းမို့မို့က ထပ်လောင်းပြောသည်။ https://burmese.shan news.org/archives/33368

၂၈။ ရခိုင်ပြည်နယ်တွင် တည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်း တရုတ်အကျိုးစီးပွားဖြစ်ဟု သုတေသီများ သုံးသပ်
March 7, 2023

ရခိုင်ပြည်နယ်အတွင်းမှာ တည်ဆောက်မယ့် လေအားလျှပ်စစ်စီမံကိန်း ၃ ခုက ဒေသခံ ပြည်သူတွေရဲ့ အကျိုးစီးပွား အတွက် မဟုတ်ဘဲ တရုတ်အစိုးရက အကောင်အထည်ဖော်နေတဲ့ အမျိုးသားရေးဝါဒ သြဇာအာဏာချဲ့ထွင်ရေးအတွက်သာဖြစ် တယ်လို့ သုတေသီတွေက သုံးသပ်ပါတယ်။ ရခိုင်ပြည်နယ် အမ်း၊ သံတွဲနဲ့ ဂွမြို့နယ်တွေမှာ လေအားလျှပ်စစ်ထုတ်လုပ်ဖို့ စစ် ကောင် စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ တရုတ်ကုမ္ပဏီတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမတ်လ ၁ ရက်က နေပြည်တော် မှာ သဘောတူညီမှုစာချွန်လွှာ (MOU) ကို စာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။ အဲဒီသဘောတူညီမှု စာချုပ်တွေအရ အမ်းမြို့နယ်မှာ ၁၅၀ မဂ္ဂါဝပ်၊ ဂွမြို့နယ်မှာ ၁၀၀ မဂ္ဂါဝပ် နဲ့ သံတွဲမြို့နယ်မှာ ၁၁၀ မဂ္ဂါဝပ် စုစုပေါင်း ၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်သွားမှာဖြစ်ပြီး ဒေသ အကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ စစ်ကောင်စီခန့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန် က လေအား လျှပ်စစ်ထုတ်လုပ်ရေး သဘောတူစာချုပ်ချုပ်ဆိုတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ တရုတ်-မြန်မာအကြား အခုချုပ်ဆိုထားတဲ့ လေအားလျှပ်စစ်စီမံကိန်းတွေဟာ ဒေသခံပြည်သူတွေရဲ့ အကျိုးစီး ပွားမပါဘဲ တရုတ်နိုင်ငံရဲ့ သြဇာအာဏာကြီးထွားရေး အတွက်သာဖြစ်တယ်လို့ တရုတ်အရေးလေ့လာသူ သုတေသီတွေက ထောက်ပြထားပါတယ်။ သုတေသီတဦးက “ရခိုင်ပြည်သူတွေနဲ့ မြန်မာပြည်သူတွေအတွက် တကယ်လုပ်ပေးစေချင်ရင် လေအား လျှပ်စစ်တို့ ဘာတို့နဲ့ ကြီးကြီးကျယ်ကျယ်တွေ လုပ်ပေးနေဖို့ မလိုပါဘူး။ ဘာလို့လဲဆို ရခိုင်ပြည်နယ်မှာ သဘာဝဓာတ်ငွေ့တွင်း တွေ အများကြီးပဲရှိတယ်။ ဒါနဲ့ကို ပေးမယ်ဆိုရင် လုံလောက်တယ်လို့ ကျနော်တို့မြင်တယ်။ ပြီးတော့ အခုလုပ်မယ့် စီမံကိန်းတွေ အကုန်လုံးကို ပြန်ကြည့်လိုက်ရင် တရုတ်ရဲ့ ရှယ်ယာပါဝါ ကြီးစိုးမှုက အရမ်းမြင့်နေတာ။ ဒါက နိုင်ငံရေးအရ အန္တရာယ်ရှိတယ်လို့ မြင်တယ်။ တဖက်မှာလည်း တရုတ်နိုင်ငံဟာ သူတို့ရဲ့ ဂလိုဘယ်ပါဝါနဲ့ သူတို့ရဲ့ အမျိုးသားရေးဝါဒကို ပါဝါအနေနဲ့ ပြောင်းလဲ နေတဲ့ကာလဖြစ်တယ်။ ဒီလို အပြောင်းအလဲမှာ ကမ္ဘာကို ဖြန့်ကြက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အများစုကို လုပ်ဆောင်နိုင်ဖို့ အတွက် သူတို့လုပ်နေတဲ့ BRI စီမံကိန်းထဲကနေ ဒါတွေကို စဉ်းစားပြီး လုပ်တာလို့ ထင်တယ်။ ဆိုတော့ ဒီအယူအဆအောက်မှာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ အခြေအနေက တရုတ်ရဲ့ အကျိုးစီးပွားအတွက် စတေးရမယ့် အခြေအနေမျိုးကို ရောက်နေရတာ မြင်တယ်” လို့ ပြောပါတယ်။ ရခိုင်အရေး လေ့လာသူ သုတေသီကလည်း ရခိုင်ပြည်နယ်မှာ တည်ဆောက်မယ့် စီမံကိန်းအတွက် ရွေးချယ်ထားတဲ့ ဧရိယာတွေဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွား မပါဘူးလို့ အခုလို မှတ်ချက်ပေးပါတယ်။ ရခိုင်ပြည်နယ်မှာ တည်ဆောက်မယ့် လေအားလျှပ်စစ် စီမံကိန်းဟာ မြန်မာနိုင်ငံအတွက် ပထမ ဆုံး လေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး တရုတ်-မြန်မာ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုရဲ့ ခြေလှမ်းသစ်တခုလည်း ဖြစ်ပါ တယ်။ ဒါကြောင့် အဆိုပါ စီမံကိန်းအားလုံးကို ၂၀၂၅ နောက်ဆုံးထားပြီး ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် ဂွမြို့နယ်မှာ တည်ဆောက်မယ့် စီမံကိန်းကိုတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာ စတင်သွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်း အားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ https://burmese.dvb.no/archives/582247

၂၉။ ပူတာအိုတွင် မူးယစ်ဆေးဝါး ပေါ်ပေါ်တင်တင် ရောင်းချနေ၊ ရွှေမှော်များတွင် ပိုမိုရောင်းချရလွယ်သည်ဟုဆို
March 7, 2023

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးများကို ပေါ်ပေါ်တင်တင်ရောင်းချနေသောကြောင့် အမြန်ဆုံးဖမ်းဆီးအရေးယူပေးရန် ဒေသခံများလိုလားနေကြောင်း သိရသည်။ ပူတာအိုမြို့ပေါ်ရှိ ရပ်ကွက်အချို့ လူသူထူထပ် သောနေရာများတွင် မူးယစ်ဆေးရောင်းချသူများသည် လွယ်အိတ်ဖြင့် ပေါ်ပေါ်တင်တင် လိုက်လံရောင်းနေကြောင်း အမည် မဖော်လိုသူ အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။ “အစကတော့ သူတို့လည်း အဲ့လိုတော့မရောင်းဘူး။ အခုတော့ ဘောလုံးကွင်း မှာတွေလည်း ပေါ်ပေါ်တင်တင်ပဲ ရောင်းနေတာမြင်တယ်။ ဖမ်းခံရလည်း ခဏလေးနဲ့ ပြန်လွတ်လာတယ်။ ပြီးတော့ဆက် ရောင်း တာပဲ။ ရဲတွေကိုလည်း ပိုက်ဆံပေးပြီးရောင်းတာလေ။ ထောင်ထဲမှာတောင် ရောင်းနေတာတွေရှိတယ်။ ရဲတွေလည်း ဆေးသုံးတဲ့ သူတွေရှိတယ်လေ အဲ့ကြောင့်ဆေးရောင်းတဲ့သူတွေအတွက် အရမ်းအဆင်ပြေနေတာ” ဟုပြောသည်။ ပူတာအိုမြို့နယ်ရှိ လန်းတောင်ကျေးရွာ၊ နောင်ခိုင်ကျေးရွာနှင့် ပူတောင်းကျေးရွာစသည့်ကျေးရွာများတွင် မူးယစ်ဆေးဝါးရောင်းချမှု အလွန်ဆိုးဝါး နေကြောင်းဒေသခံများထံမှသိရသည်။

မှာယူမှုအပေါ်မူတည်ကာ ၎င်းကိုယ်တိုင် သွားရောက်ပို့ဆောင်ပေးနေပြီး ပူတာအိုမြို့နယ်အတွင်းရှိ ရွှေမှော်များမှ လောပန်းများက အများဆုံးဝယ်ယူနေကြောင်း မူးယစ်ဆေးဝါးလိုက်လံဖြန့်ဖြူးပေးနေသူ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ “ဦးနှောက်ကိုသုံးပြီး နည်းလမ်းအမျိုးမျိုး ရောင်းကြတယ်လေ။ အိမ်ထဲမှာလည်းရောင်းတယ်။ အများဆုံးကတော့ ဝယ်ချင်တဲ့သူ ကဖုန်းဆက်တယ်။ သူတို့လိုချင်သလောက်ကို ချိန်းတဲ့နေရာမှာ သွားပေးရတယ်။ တခါတလေတော့ ရွှေမှော်ကိုလည်းပို့ရတယ်။ အများဆုံးတော့ လောပန်းတွေဝယ်တာဟုတ်တယ်။ ရွှေမှော်တွေမှာရောင်းတဲ့သူတွေကပိုလွတ်လပ်တယ် မိုကာတဲထိုးပြီးရောင်း ကြတာဟုတ်တယ်” ဟုပြောသည်။ မူးယစ်ဆေးဝါးရောင်းချသူများသည် တစ်ထောင်ကျပ်မှစတင်ကာ ရောင်းချပေးနေကြောင်း နောင်ခိုင်ကျေးရွာတွင် မကြာခဏ မူးယစ်ဆေးဝါး သွားရောက်ဝယ်ယူနေသော ဘိန်းဖြူစွဲလမ်းနေသော အသက်သုံးဆယ် အရွယ် အမျိုသားတစ်ဦးကပြောသည်။ “ရောင်းတဲ့သူက ပိုက်ဆံနဲ့ပဲ အဓိကရောင်းတယ်။ ပိုက်ဆံမရှိတဲ့သူတွေက ပစ္စည်းတွေနဲ့လည်းလဲပေးကြတယ်။ အရင်တုန်းကတော့ စစဝယ်တဲ့သူကို နှုတ်ပိတ်ခဆိုပြီးပေးတယ်။ အခုတော့မပေးဘူး။ သူတို့လည်း ရဲတွေ မိသွားရင် ပိုက်ဆံအများကြီးပေးရတယ်။ အရင်လတောင် ငါအမြဲဝယ်နေကျအိမ်ကို ရဲတွေဝင်စစ်လို့ သိန်းငါးဆယ်လောက် ပါသွားတယ်လို့ပြောတယ်” ဟုပြောသည်။ လက်ရှိတွင် ပူတာအိုမြို့နယ်ကဲ့သို့ ကချင်ပြည်နယ်ရှိ နေရာအနှံ့အပြားတွင် မူးယစ် ဆေးဝါးပြဿနာနှင့် ခိုးဆိုးလုနှိုက်မှုပြသာနာများ ပိုမိုများပြားလာကြောင်းသိရသည်။ https://www.facebook.com/The74Me dia/photos/a.116371983215665/759500575569466/

၃၀။ ရခိုင်ပြည်နယ်၊ မြေပုံမြို့ မှ ရန်ကုန်မြို့သို့ သွားသည့် ချင်းအမျိုးသမီးတစ်ဦး ပျောက်ဆုံးနေ
March 7, 2023

ရခိုင်ပြည်နယ်၊ မြေပုံမြို့ မှ ရန်ကုန်မြို့သို့ သွားသည့် ချင်းအမျိုးသမီးတစ်ဦးသည် မတ်လ (၄)ရက်နေ့၌ ရန်ကုန်မြို့ အရောက်တွင် ပျောက်ဆုံးနေသည်ဟု ၎င်းအစ်မဖြစ်သူက ပြောသည်။ ပျောက်ဆုံးသူမှာ မြေပုံမြို့တွင်နေထိုင်သည့် ဦးကျော်သန်း ၏သမီး အသက် (၂၀)ကျော်၊ ၁၁/မပတ(နိုင်)၀၇၇၁၀၆ ကိုင်ဆောင်သူ မိုင်ချယ်ရီသန်း ဖြစ်ပြီး ရန်ကုန်တွင် ဆေးကုသနေသော မိခင်အားပြုစုရန် အသွား ရန်ကုန်ကားဂိတ်ကနေ တက္ကစီစီးတဲ့လမ်းတွင် ပျောက်ဆုံးခြင်းဖြစ်သည်။ ပျောက်ဆုံးသူ မချယ်ရီသန်း မှာ သားငယ်တစ်ဉီးရှိ အိမ်ထောင်ရှင် အမျိုးသမီးငယ်ဖြစ်သည်။ ၎င်းနှင့်ပတ်သတ်၍ တစ်စုံတစ်ရာတွေ့ရှိပါက အစ်မဖြစ်သူ မနွယ်ရီသန်း (09957044798) သို့ အကြောင်းကြားပေးနိုင်ပါသည်၊၊ https://www.facebook.com/zal en.info/photos/a.1735 229460031251/3571332366420942/

၃၁။ ၂၀၂၂-၂၃ ခုနှစ် တက္တသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့်သူ ကရင်နီမှာ (၉၉၅) ဦးရှိ
March 7, 2023

မတ်လ (၈)ရက်နေ့ကနေ (၁၈)ရက်နေ့အထိ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနမှ ကျင်းပမယ့် ၂၀၂၂-၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကရင်နီပြည်မှ ဝင်ရောက်ဖြေဆိုမယ့်စာရင်းပေးထားသူ (၉၉၅)ဦး ရှိတယ်လို့ သိရပါတယ်။ စာစစ် ဌာန ၄ ခုရှိပြီး အထက (၁) လွိုင်ကော်မှ ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူပေါင်း (၇၇၀)ဦး၊ အထက ဘောလခဲ မှ (၉၇)ဦး၊ အထက ဖားဆောင်းမှ (၁၀၀)ဦး၊ အထက မယ်စဲ့ မှ (၂၈)ဦး၊ စုစုပေါင်း (၉၉၅)ဦး ဖြစ်ပါတယ်။ စစ်ကောင်စီကျင်းပတဲ့ တက္ကသိုလ် ဝင်တန်းစာမေးပွဲနဲ့ပတ်သက်ပြီး လွိုင်ကော် ကျောင်းသားမိဘတစ်ဦးက “ ရွေးချယ်စရာမရှိတာကြောင့် ဖြေခိုင်းလိုက်ရပေမယ့် စိုးရိမ်တယ်။ ပညာတော့ရမယ်မထင်ဘူး အတန်းပဲရမှာ။ ဒါပေမဲ့ မထားပြန်ရင်လည်း ကလေးက အသက်ကြီးသွားပြီး စိတ်လေ နေမှာစိုးတယ်။”လို့ ပြောပါတယ်။ စာမေးပွဲအချိန်ဇယားကတော့ လာမယ့် မတ်လ ၈ ရက်မှာ မြန်မာစာ၊ ၉ ရက်နေ့မှာ အင်္ဂလိပ် စာ၊ ၁၀ ရက်နေ့မှာ သချင်္ာ၊ ၁၃ ရက်နေ့မှာ ဓါတုဗေဒ၊ ၁၄ ရက်နေ့မှာ ရူပဗေဒ၊ ၁၅ ရက်နေ့မှာ ဘောဂဗေဒနဲ့ ဇီဝဗေဒ၊ ၁၆ ရက် နေ့မှာ ပထဝီဝင်၊ ၁၇ ရက်နေ့မှာ သမိုင်း၊ ၁၈ ရက်နေ့မှာ စိတ်ကြိုက်မြန်မာစာ စတဲ့ဘာသာရပ်အသီးသီးကို ဖြေဆိုကြရမှာဖြစ် တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၀-၂၀၂၁ခုနှစ် ပညာသင်နှစ်မှာ ကိုဗစ်နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ကျောင်းဖွင့်နိုင်ခြင်းမရှိခဲ့ပါဘူး။ လက်ရှိ ကရင်နီပြည်မှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပေမယ့် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ မြို့နယ်တွေမှာတော့ ကျောင်းသားအချို့က စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေမှာ တက်ရောက်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုကြတာဖြစ်ပါတယ်။ စာစစ်ဌာနရှိတဲ့ မြို့နယ်တွေဟာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ မြို့နယ်တွေဖြစ် ကြပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးပြင်းထန်နေတဲ့ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တော့ ပါဝင်ခြင်းမရှိပါဘူး။ ကရင်နီပြည်မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူ ၂ သိန်းဝန်းကျင်ရှိနေပြီး ကျောင်းသားအရွယ်အများဆုံးဖြစ်ပါတယ်။ စစ်ရှောင်စခန်းအသီးသီးမှာ ကြားကာလပညာရေး ကိုယ်ထူ ကိုယ်ထစနစ်နဲ့ သင်ကြားလျက်ရှိနေပြီး ကြားကာလပညာရေးဖော်ဆောင်ရေးလုပ်ငန်းတွေကို သက်ဆိုင်တဲ့အစုအဖွဲ့တွေက ဆောင်ရွက်လျက်ရှိနေကြပါတယ်။ https://www.kantarawaddytimes.org/% e1%81%82%e1%81%80%e1%81%82%e1 %81%82-

၃၂။ မောင်တော နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းများယူပြီး ထွက်ပြေး
March 7, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၉)က နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးယောက် လက်နက်ခဲယမ်းတွေနဲ့အတူ မတ် ၆ ရက် မနက်ပိုင်းမှာ ထွက်ပြေးသွားတယ်လို့ တပ်တွင်း သတင်းတွေအရ သိရပါတယ်။ နယ်ခြားစောင့်တပ်နဲ့ နီးစပ်သူတဦးက “နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းတွေယူပြီး ရက္ခိုင့်တပ်တော်(အေအေ) ရှိရာဘက် ထွက်ပြေးသွားကြတယ်လို့ သိရတယ်။ လက်နက်တွေ ပါသွားတော့ စခန်းတခုလုံး သဲကြီးမဲကြီး လိုက်ရှာနေကြတယ်။ နာမည်တွေတော့ မသိဘူးဗျ။ ပြည်မဘက်က တာဝန်ကျလာတာလို့တော့ သိရတယ်။ မေယုတောင်တန်းက အေအေစခန်းတွေဆီ ထွက်ပြေးသွားကြသလားဆိုပြီး သူတို့တွေ ပြောနေကြတယ်”လို့ ပြောပါတယ်။ အသစ်တည်ဆောက်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ခွဲ နခခ ၉ ဟာ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်မှာ မီးလောင်သွားတဲ့ မြင်းလွှတ်ကျေးရွာအုပ်စု မွတ်ဆလင်ကျေးရွာတွေ နေရာမှာ ရှိတာ ဖြစ်ပါတယ်။

လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးသွားကြသူတွေဟာ တပ်ရင်းအရှေ့ဘက် မယူတောင်တန်းရှိ ရက္ခိုင့်တပ်တော် (အေအေ) ရှိရာဘက် ထွက်ပြေးသွားနိုင်ကြောင်း တပ်တွင်းသတင်းတွေအရ သိရပါတယ်။ အခုနှစ် ဇန်နဝါရီ ၃၁ ရက်ကလည်း မောင်တောမြို့အဝင်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၅ မှ ထွက်ပြေးသွားတဲ့ နယ်ခြားစောင့်တပ်သားတဦးကို ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီကျော်လောက်က စစ်တွေမြို့ ပြည်တော်သာရပ်ကွက်၊ ခိုင်သဇင်ပန်းခြံအနီးရှိ ချောင်းထဲ ဆင်းပြေးစဥ် စစ်သားတွေ နဲ့ ရဲတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ အလွတ်သဘော အပစ် အခတ် ရပ်စဲထားကြပေမဲ့ စစ်ကောင်စီတပ်အတွင်း ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနေသလို အထက်အရာရှိ တွေရဲ့ ဖိနှိပ်မှုတွေကြောင့် အခုလို တပ်ပြေးတွေ တရက်တရက် များလာနေကြောင်း ရခိုင်စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသူတွေက ထောက်ပြကြပါတယ်။ ရက္ခိုင့်တပ်တော်(အေအေ) ပြောခွင့်ရ ခိုင်သုခကတော့ စစ်ကောင်စီတပ်သား အရေအတွက် ရာနဲ့ချီပြီး အေအေ ဘက်ကို ခိုလှုံလာနေတာရှိကြောင်း ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ https://burmese.dvb.no/ archives/582158

၃၃။ စစ်ဘေးရှောင်များကို လုံခြုံရေး အာမခံချက် မပေးဘဲ နေရပ်ပြန်ရန် ဖိအားပေးခံနေရကြောင်း UN OCHA ထုတ်ပြန်
March 7, 2023

ရခိုင်တွင် UNနှင့် INGO များ သွားလာခွင့် ကန့်သတ်ခံထားရဆဲဖြစ်ပြီး ပျက်စီးသွားသော နေအိမ်များနှင့် အခြေခံ အဆောက်အအုံများကို ပြုပြင်ရန် ကတိကဝတ်မရှိဘဲ၊ စစ်ဘေးရှောင် ဒုက္ခသည်များလုံခြုံရေးကို အာမခံချက်မပေးဘဲ နေရပ် ပြန်ရန် ဖိအားပေးခံနေရကြောင်း UN OCHA ထုတ်ပြန်သည်။ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ မြို့ပြဒေသနှင့် အနီး တဝိုက် သက်မှတ်နေရာများသို့ UN နှင့် INGO များ၏ သွားလာခွင့်ကို ကန့်သတ်ထားဆဲဖြစ်ပြီး ကျေးလက်ဒေသအများစုသို့ နိုင်ငံ တကာဝန်ထမ်းများကို သွားလာခွင့် မရရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ လူသားချင်းစာနာမှုဆိုင်ရာ ကူညီ ထောက်ပံ့ရေးအဖွဲ့များကို စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီက စစ်ဆေးချိန် အနည်းငယ်လျှော့ချလိုက်သော်လည်း လက်ရှိ အချိန်အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အချိန်မီပေးပို့ခြင်းကို အဟန့်အတားဖြစ်နေဆဲဖြစ်သည်ဟု သိရသည်။

အဆိုပါ စစ်ဆေးမှုကြောင့် ပြည်နယ်တစ်ဝှမ်းရှိ ပဋိပက္ခဒဏ်သင့်နေရာများသို့ ဝင်ရောက်ရန် မဖြစ်မနေလိုအပ်သည့် ခရီးသွားခွင့်ပြုချက်ရယူခြင်းသည် ရှည်လျားလှသော လုပ်ငန်းစဉ်ကြောင့် နှောင့်နှေးမှုများနှင့် ရင်ဆိုင်နေရသည် သိရသည်။ ထို့အပြင် ရခိုင်ပြည်နယ်၊ ကချင်နှင့် ရှမ်းပြည်နယ်ရှိ နေရပ်စွန့်ခွာသူများသည် ၎င်းတို့၏ မူလကျေးရွာများသို့ ပြန်လည်ဝင်ရောက် ရန် အာဏာပိုင်များ၏ ဖိအားများပေးနေခြင်းကလည်း အဓိက အကာအကွယ်ပေးရန် လိုအပ်သော စိုးရိမ်မှုအဖြစ်တည်ရှိနေဆဲ ဖြစ်သည်။ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရသူများသည် ပျက်စီးသွားသော နေအိမ်များနှင့် အခြေခံအဆောက်အအုံများကို ပြုပြင် ရန် ကတိကဝတ်မရှိဘဲ၊ ၎င်းတို့၏လုံခြုံရေးကို အာမခံချက် မပေးဘဲ နေရပ်ပြန်ရန် ဖိအားပေးခံနေရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ရခိုင်ပြည်ရှိ မြို့နယ် ၈ ခုရှိ ရွှေ့ပြောင်းနေရာ ၁၅၁ ခုအနက် ၉၁ ခုအား အရေးကြီးသော ရေနှင့် သန့်ရှင်းရေး ဆိုင်ရာပစ္စည်များကို ပေးအပ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် IDP ၄၉,၀၀၀ နီးပါးနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် IDP ၅၄,၀၀၀ နီးပါးထံ အဆိုပါ ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း UN OCHA ထုတ်ပြန်သည်။ https://www.facebook.com/westernnew sagency/photos/a.1192 86173211229 /725596342580206/

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။