• Today is: Friday, May 17, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 21, March 14, 2023)

၁။ ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီတပ်က စစ်ကြောင်းမှူးအပါအဝင် ၁၉ ဦးသေဆုံး၊ စစ်သုံ့ပန်း ၆ ဦး ဖမ်းရမိ
March 14, 2023

ရှမ်းကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စု တောင်ကြားတိုက်ပွဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းမှူး အပါအဝင် ၁၉ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၆ ဦးဖမ်းဆီးရမိသလို လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိတယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်ပါတယ်။ မတ်လ ၁၁ ရက်မနက်အစောပိုင်းက ကုရင်ကျေးရွာအုပ်စုတောင်ကြားကို စစ်ကောင်စီတပ်တွေ ရောက်ရှိနေတယ်လို့ သတင်းရလို့ ဖယ်ခုံ PDF တပ်ရင်း ၂ နဲ့ မဟာမိတ်အင်အားစုတွေ တောနင်းရှာဖွေခဲ့ပြီး မနက် ၁၀ နာရီခွဲမှာ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း ဖယ်ခုံမြို့ရှိ စစ်ကောင်စီအထိုင်တပ်က လက်နက်ကြီးပစ်ကူပေးနေ တာကြောင့် ခက်ခက်ခဲခဲ တိုက်ဆင်စစ်ခဲ့ရပြီး ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီဘက်က အထိနာကာ ထွက်ပြေးမှုတွေရှိခဲ့ပြီး ထိုနေ့အတွင်း စစ်ကောင်စီတပ်သား ၆ ဦးကို အရှင်ဖမ်းဆီးရမိသလို PDF ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မတ်လ ၁၂ ရက်မှာ ဖယ်ခုံ PDF တပ်ရင်း ၂ နဲ့ ကရင်နီတပ်ပေါင်းစုက တိုက်ပွဲ ဖြစ်ရာနေရာတွေမှာ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိအပါအဝင် တပ်သားအလောင်း ၁၉ လောင်းနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း ရရှိမိတယ်လို့ဆိုပါတယ်။ ည သန်းခေါင်အချိန်တွင် တောလမ်းတစ်နေရာမှာ ကင်းထောက်ချထားတဲ့ PDF တပ်ဖွဲ့တွေနဲ့ တပ်ဆုတ်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တို့ကြား ထပ်မံတိုက်ပွဲဖြစ်ပွားကာ ဖယ်ခုံ PDF တပ်ရင်း ၂ မှ ရဲဘော် ၂ ဦး ကျဆုံးသွား တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကာကွယ်ရေးပူးပေါင်းတပ်ဘက်မှ အာပီဂျီ ၂ လက်၊၆၀ မမ စိန်ပြောင်း ၁ လက်၊ ကွန်မဒိုပြောင်း ၂ လက်၊MA 1-၊MA2၊ MA-3 ၇ လက်၊စနိုက်ပါ ၁ လက်၊ 9mm ၁ လက်၊ ငါကြင်းမီး ၁ လက်၊ အထိုင်စက် ၂ လုံး၊ ကျည်ဘောက် ၃၀ ခု၊ လက်ပစ်ဗုံး ၁၀ လုံး၊ နင်းမိုင်း ၁၀ လုံး၊ အီနာဂါ ၂၀ လုံး၊ အာပီဂျီအသီး အလုံး ၃၀၊ ၅.၅၆ ကျည် ၃ ထောင်၊ AKကျည် ၅၀၀ နဲ့ ငါးကြင်းမီးကျည် ၁၅၀၀ ကို သိမ်းဆည်းရရှိခဲ့တာပါ။ ကုရင်ကျေးရွာအုပ်စုတောင်ကြားတိုက်ပွဲမှာ ပြည်သူ့အား နဲ့ စစ်ကောင်စီတပ်ကို တိုက်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လိုအပ်နေတဲ့ လက်နက်ခဲယမ်း ဆက်လက်ပံ့ပိုးပေးကြဖို့ ဖယ်ခုံ PDF တပ်ရင်း ၂ က တောင်းဆိုထားပါတယ်။ https://burmese.dvb.no/archives/583225

၂။ တီးတိန်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်ကို PDF Zoland ဝင်တိုက်လို့ စစ်သားတွေ မီးပိတ်ထွက်ပြေ
March 13, 2023

ချင်းပြည်နယ်၊ တီးတိန်မြို့ ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ကာကွယ်ရေးတပ်ဖြစ်တဲ့ PDF Zoland က မနေ့က ညပိုင်းမှာ ဝင်ရောက် တိုက်ခိုက် မောင်းထုတ်လိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြည်သူ တွေကို ဆေးရုံထဲကနေ မကြာခဏ ရမ်းကား ပစ်ခတ်လေ့ရှိပြီး ဆေးရုံရှေ့က ဖြတ်သွားတဲ့ ကားတွေဆီက ငွေကြေးအဓမ္မ တောင်း ယူနေတာကြောင့် တိုက်ခိုက်မောင်းထုတ်ခဲ့တယ်လို့ PDF Zoland တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ဆေးရုံထဲမှာ တပ်စွဲထား တဲ့ စစ်သား ၁၀ ယောက်ရှိတယ်။ သူတို့ တပ်စွဲထားတာ ၄ လလောက်ရှိပြီ။ ဒီကောင်တွေက ဆေးရုံထဲကနေ ပြည်သူတွေကို ရမ်းကားပြီး မကြာမကြာထပစ်တယ်။ ဖြတ်သွားတဲ့ ကားတွေဆီကနေလည်း လက်နက်ပြ ဆက်ကြေးတောင်းတာတွေလည်း လုပ်နေတယ်’’ လို့ သူကပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်တပ်သားတွေ သေဆုံး ဒဏ်ရာရနိုင်ပေမဲ့ အတိအကျတော့ မသိရသေးဘူးလို့ သူကဆက် ပြောပါတယ်။ “ကျွန်တော်တို့ဝင်လည်း တိုက်ရော ဒီကောင်တွေ မီးပိတ်ပြီး ထွက်ပြေးတာပဲ။ စစ်သား သေဆုံးမှုကို အတိအကျ တော့ မသိရသေးပေမဲ့ ဒဏ်ရာရတာတော့ များနိုင်တယ်’’လို့ အဆိုပါ တာဝန်ရှိသူကဆိုပါတယ်။ ဝင်ရောက်စီးနင်းစဉ် စစ်ကောင်စီ တပ်ကုန်းက လက်နက်ကြီးတွေနဲ့ပစ်ရာ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ မထိခိုက်ပေမဲ့ ပြည်သူ တစ်ဦးကတော့ ထိခိုက် ဒဏ်ရာ အနည်းငယ်ရခဲ့တယ်လို့ သိရပါတယ်။ အဲဒီ စစ်ကောင်စီတပ်သားတွေဟာ တီးတိန်ရဲစခန်းဘက်ကို ဆုတ်သွားပြီး ခဲယမ်း၊ ဖုန်းနဲ့ ပစ္စည်းတစ်ချို့ ရခဲ့တယ်လို့ PDF Zoland ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.facebook.com/M eKongNewsMM/photos/pcb.1195176424475626/1 195176274475641/

၃။ ဖားကန့်မြို့တွင် စစ်ကောင်စီ လဝက အရာရှိတစ်ယောက် ပစ်သတ်ခံရ
March 13, 2023

ကချင်ပြည် ဖားကန့်မြို့တွင် မတ်လ ၁၂ ရက်နေ့၌ စစ်ကောင်စီ လဝက ဒုဦးစီးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးကဆိုသည်။ ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှ ဝန်ထမ်းအိမ်ရာရှိ ၎င်း၏နေအိမ်၌ရှိနေစဉ် ပစ်သတ်ခံသည်ဟု ဖားကန့်ဒေသခံက ဆိုသည်။ “မနေ့က နေ့လည် ၁ နာရီလောက်မှာ နေအိမ်မှာရှိတဲ့အချိန် သေနတ်နဲ့ လာပစ် သွားတာ။ သေနတ်က နှစ်ချက်ပစ်တယ် ခေါင်းမှာ၊ ပွဲချင်းပြီးဆုံးသွားတာ။ သူ့အလောင်းကိုတော့ စစ်ကောင်စီတပ်နဲ့ ရဲတွေက မနေ့ကပဲ ဖားကန့် ဆေးရုံကို ယူသွားတယ်။”ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာလည်း မှော်ဝမ်းရပ်ကွက်မှ ဦးသိန်းစိုးဆိုသူ ပစ်သတ်ခံရသလို နှစ်ပတ်အတွင်းမှာပဲ မှော်ဝမ် ရပ်ကွက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသူ ၃ ယောက်ရှိပြီ ဖြစ်ကြောင်းလည်း ဆိုသည်။ ပစ်သတ်ခံရသည့် စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက)၏ ဒုဦးစီးမှူးသည် အသက် ၅၂ နှစ်အရွယ် ဦးမြင့်လွင် ဆိုသူဖြစ်ပြီး ဖားကန့်မြို့သို့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။ https://www. facebook.com/kach inwavesnews/photos/a.506325619380555/639164553 4181838/

၄။ စစ်ကောင်စီထံ ပါတီမှတ်ပုံတင်မယ်လို့ TNP ပြော၊ မှတ်ပုံတင်မယ့်အပေါ် တအာင်းအရပ်ဖက်အဖွဲ့အစည်းက ကန့်ကွက်
March 14, 2023

တအာင်း (ပလောင်)အမျိုးသားပါတီ (TNP)အနေနဲ့ စစ်ကောင်စီထံ ပါတီမှတ်ပုံတင် လျှောက်ထားမယ်လို့ TNP ရဲ့(ဗဟို) အထွေအထွေအတွင်းရေးမှူး တားကျော်အောင် က ပြောပါတယ်။ မှတ်ပုံတင်မယ်လို့ ဆုံးဖြတ်ထားပေမယ့် စစ်ကောင်စီက ဒီနှစ် ထဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မပြိုင်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါ တယ်။ တားကျော်အောင်က “ရွေးကောက်ပွဲဆိုတာ ခဏထားလိုက်အုံး။ မှတ်ပုံတင်ပြီးမှသာလျှင် အဲရွေးကောက်ပွဲကို ဝင်ခွင့်ရှိ မယ့်သဘော။ ရွေးကောက်ပွဲဆိုတာ ကျနော်တို့ ခေါင်းထဲမှာ လောလောဆယ်ထည့်မစဉ်းစားသေးဘူး။ အကြမ်းအားဖြင့်တော့ မှတ်ပုံတင်မယ်လို့ ဆုံးဖြတ်ထားတယ်” လို့ ပြောပါတယ်။ မတ်လ ၈ ရက်နဲ့ ၉ ရက်မှာ ကျင်းပတဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ TNP ဟာတအာင်းတမျိုးသားလုံးကို ကိုယ်စားပြုတဲ့ပါတီဖြစ်တာကြောင့် လူထုဆန္ဒအတိုင်းဆောင်ရွက်တာလို့ တားကျော်အောင် က ပြောပါတယ်။

“ကျနော်တို့လည်း ၁ လကျော် စောင့်ပါတယ်။ တအာင်းအဖွဲ့အစည်းတွေရဲ့ အသံတွေစောင့်တယ်။ အစည်းအဝေးမှာကျ တော့ မှတ်ပုံတင်ဖို့က ၇ဝ ရာခိုင်နှုန်းလောက်ရှိတယ်။ မတင်သင့်ဘူးဆိုတဲ့ အစုအဖွဲ့က ၃ဝ ရာခိုင်နှုန်းပဲရှိတယ်” TNP မှတ်ပုံတင် မယ့် ကိစ္စနဲ့ပတ်သက်ပြီး တအာင်းအရပ်ဖက်အဖွဲ့အစည်း (TCSO)အနေနဲ့ လုံးဝ လက်ခံမှာမဟုတ်သလို ပူးပေါင်းပါဝင်မှုလည်း လုပ်ဆောင်မှာ မဟုတ်ဘူးလို့ TCSO မှာ ပါဝင်သူတွေကို ကိုယ်စားပြုတဲ့ လွေးရိုးမျံမ်းက ပြောပါတယ်။ “ပြည်သူလူထုတွေက ဒီလောက်တော်လှန်နေတဲ့ကြားက သူတို့က မှတ်ပုံတင်သက်တမ်းတိုးဖို့ လုပ်တယ်။ ကျမတို့အနေနဲ့ သဘောမတူဘူး။ ကန့်ကွက် တယ်။ မှတ်ပုံမတင်ဖို့ တောင်းဆိုတယ်။ လူထုတွေရဲ့ သဘောထားကို ငဲ့ညှာသင့်တယ်” အာဏာသိမ်းပြီးနောက်ပိုင်း အသက်ပေး သွားတဲ့ တအာင်းလူထုနဲ့ ဖမ်းဆီခံရတဲ့သူတွေကိုလည်း ငဲ့ညှာသင့်တယ်လို့ လွေးရိုးမျံမ်းက ပြောပါတယ်။ “TNP အနေနဲ့ တအာင်း လူမျိုးကို ကိုယ်စားပြုတဲ့ပါတီဖြစ်တယ်။ တအာင်းလူငယ်တွေရဲ့ သဘောထားတွေကို ငဲ့ညှာသင့်တယ်။ အသက်ပေးသွာတဲ့ တအာင်းလူငယ်တွေနဲ့ ဖမ်းဆီးခံရတဲ့သူတွေကို ငဲ့ညှာသင့်တယ်” တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA) ရဲ့ ဒုဥက္ကဌ ဗိုလ်ချုပ် တားဂျုတ်ဂျား ကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဘူးလို့ပြော ဆိုထားပါတယ်။ https://www.face book.com/photo/?fbid=531428475831088&set=a.404503215190282

၅။ ကျင်ဒွေးမြို့က စစ်ကောင်စီတပ်စခန်းကို CDF-Kanpetlet က ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၅ ဦးသေဆုံး
March 13, 2023

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ပေါ်တွင် အထိုင်စခန်းချ၍ လှုပ်ရှားနေသော စစ်ကောင်စီတပ်စခန်း ကို CDF-Kanpetlet တပ်ဖွဲ့က မတ်လ ၁၁ ရက်နေ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ကျင်ဒွေးမြို့တွင် စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်များကို မတ်လ ၁၀ ရက်နေ့ညက ချဉ်းကပ်ခဲ့ကာ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်း ၆ နာရီ မှ ၇ နာရီအထိ တစ်ကြိမ်၊ ၇ နာရီ ခွဲ မှ ၁၀ နာရီခွဲအထိ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF-Kanpetlet ကထုတ်ပြန်သည်။ “ သေဆုံးမှု အခြေအနေကတော့ တိကျတဲ့ ပစ်မှတ်၊ စနိုက်ပါနဲ့ ပစ်လို့ရတာတွေကိုသာ ရေတွက်တာ သေဆုံးသူ ၅ ယောက်ရှိတယ်။ သွပ်မိုးသွပ်ကာနဲ့ အိမ်တစ်လုံးထဲမှာ ၇ ဦးဝင်သွားတာ အဲဒီ အိမ်ကို ကျွန်တော်တို့ ပြန်ပစ်လိုက်တော့ ပြန်ထွက်လာတာ မတွေ့ရဘူးပေါ့။ ဆိုတော့ သေဆုံးမှုနဲ့ ဒါဏ်ရာရရှိမှုပိုများနိုင်တယ်လို့ ပြောလို့ရတယ်။” ဟု CDF- Kanpalet အဖွဲ့မှ တာဝန်ရှိသူကပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ၆၀ မမ ၊ အာပီဂျီ အပါအဝင် လက်နက်ငယ်များအသုံးပြုကာ အား ကောင်းကောင်းဖြင့် ပြန်လည်ခုခံခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အကျအဆုံး၊ ထိခိုက်မှုမရှိပဲ ပြန်လည်ဆုတ်ခွါ နိုင်ခဲ့သည်ဟု သူကဆက်ပြောသည်။ စစ်ကောင်စီတပ်များသည် ကျင်ဒွေးမြို့လယ်ခေါင်ရှိ ရဲစခန်းတွင် အင်အား ၇၀ ဝန်းကျင်ဖြင့် ကျင်းတူး၊ စခန်းချ နေထိုင်ခြင်းဖြစ်သည်ဟုသိရသည်။ ကန်ပက်လက်မြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာ ခံထားသည့် မြို့နယ် ဖြစ်ပြီး ကျင်ဒွေးမြို့ထဲတွင် စစ်ကောင်စီတပ်များမှ မြို့အဝင်အထွက်များ ပိတ်ပင်ထားကာ ဖုန်းလိုင်းများလည်းပိတ်ထားခြင်း ကြောင့် ဒေသခံများနှင့် အဆက်အသွယ်ရရှိရန်ပင် ခက်ခဲနေသည်။ ကျင်ဒွေးမြို့၏ လူဦးရေ ၃၀ ရာခိုင်နှုန်းခန့်သည် ယခင်က တည်းက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖော်ဆောင်သည့် စစ်ဘေးရှောင်စခန်း များတွင်နေထိုင်လျှက်ရှိကြကြောင်းသိရသည်။ https://www.f acebook.com/KhonumthungBurmese/photos/a.1681578 358776866/338467 6848467000/

၆။ ဖားကန့်မှာ KIO အရာရှိတစ်ဦးအပါအဝင် ဒေသခံ ၁၆ ဦး ဖမ်းဆီးခံရ
March 13, 2023

ကချင်ပြည်နယ် ဖားကန့်မြို့မှာ မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရာရှိတစ်ဦး အပါအဝင် အရပ်သား ၁၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသံတွေက ပြောပါတယ်။ မတ်လ ၁၃ ရက် မနက် ၁ နာရီဝန်းကျင်က ဖားကန့် မှော်ဝမ်းရပ်ကွက်က မျိုးသန့် ဆံပင်ညှပ်ဆိုင်က ဦးမျိုးသန့်နဲ့ ဦးဖုလမ်ခိုင်၊ ဦးချစ်ခိုင်၊ ဦးကျော်မြင့်၊ ဦးဖိုးချစ်၊ ဦးအောင်ဇေယျ၊ ဦးနောင်နောင်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီဖမ်းဆီးမှု မတိုင်ခင် မတ်လ ၁၂ ရက် နေ့လယ် ၁ နာရီကျော်မှာ ဖားကန့်မြို မှော်ဝမ်းရပ်ကွက် ဝန်ထမ်းအိမ်ရာမှာနေတဲ့ လဝက ဒုဦးစီးမှူး ဦးမြင့်လွင် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ မှော်ဝမ်းရပ်ကွက်မှာနေသူတစ်ဦးက ပြောပါတယ်။ “မနေ့က နေ့လယ်ပိုင်းမှာ လဝက ဒုဦးစီးမှူး ဦးမြင့်လွင်က သူ့နေအိမ်မှာရှိတဲ့အချိန် ပစ်သတ်ခံ လိုက်ရတာ။ သေနတ်နှစ်ချက်ပစ်တာ ပွဲချင်းပြီး သေသွား တာ။ ပြီးတော့ ဒီနေ့မနက်လည်း မှော်ဝမ်းက မျိုးသန့် ဆံပင်ညှပ်ဆိုင်ပိုင်ရှင် ကိုမျိုးသန့်အပါ ခုနစ်ယောက်ကို စကစတွေက ဖမ်းသွားတယ်။ ဘာကြောင့် ဖမ်းသွားတာလဲဆိုတာကိုတော့ အတိအကျမသိရသေးဘူး။ အခုတော့ ရဲစခန်းမှာ ချုပ်ထားတယ်လို့ သိရတယ်” မတ်လ ၁၂ ရက်မှာပဲ ဖားပြင်ရွာမှာ အစည်းအဝေးလုပ်နေတဲ့ KIO အရာရှိတစ်ဦး အပါအဝင် ဒေသခံ ကိုးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIO သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ KIO အရာရှိ တစ်ဦးနဲ့ ရိုးရာလူကြီးတွေ ဖမ်းဆီးခံ ရတာ သတင်းကြားရပေမယ့် အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။ ဖားကန့်မြို့နယ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက အရပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ကချင်လူ့အခွင့်အရေး စောင့်ကြည့်လေ့လာ ရေးအဖွဲ့ (KHRW) က မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ https://www.facebook.co m/photo/?fbid=585594650 268608&set=a.583637430464330

၇။ ပင်လောင်း နမ့်နိန်းဒေသခံများ နေအိမ်ထပ်မံ မီးရှို့ခံရမည်ကို စိုးရိမ်နေ
March 14, 2023

သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များသည်နေအိမ် ထပ်မံ မီးရှို့ခံရမည်ကို စိုးရိမ်နေရကြောင်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက် မှစပြီး စစ်ကောင်စီတပ်ဖွဲ့၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားခဲ့မှုကြောင့် အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရ သည့် ပြည်သူများမှာ စုစုပေါင်း (၆,၀၀၀) ဝန်းကျင်ရှိနေပြီဖြစ်ကြောင်းသိရသည်။ လက်ရှိ ထွက်ပြေးတိမ်းရှောင်နေချိန်မှာ လဝက် ကျော်ကြာပြီး နေအိမ်များ ထပ်မံမီးရှို့ခံရလျှင် နေစရာအိမ်များမရှိမည်ကို စိုးရိမ်နေရကြောင်း လုံးပင်စစ်ရှောင်ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။ “နေအိမ်တွေ မီးရှို့ခံရမှာ၊ ပျက်စီးမှာတော့ စိုးရိမ်တာပေါ့။ ပြန်သွားရင် ပြန်နေစရာ အိမ်တွေမရှိမှာလည်း ကြောက်တယ်။ အခုအခြေအနေနဲ့ ပြန်ဆောက်ဖို့လည်းမလွယ်ဘူး။ အစားအသောက်နဲ့ ပတ်သက်လို့ ဘယ်သူက စားစား၊ စားလို့ ရတယ်။ နေအိမ်တွေ မပျက်စီးသွားဖို့ အတွက်ဘဲ ဆုတောင်းရတော့မယ်”ဟု ၎င်းစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီသည် လက်နက်ကြီး၊ လက်နက်ငယ်သာမက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်သောကြောင့် နမ့်နိန်းဘုန်းကြီးကျောင်း အပါအဝင် ပြည်သူနေအိမ် အများအပြား မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရ ကြောင်း သိရသည်။

ထို့အပြင် နမ့်နိန်းဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် သံဃာတော် (၃) ပါး အပါအဝင် ပြည်သူ ၂၈ ဦးကို စစ်ကောင်စီ တပ်ဖွဲ့မှ ကျောင်းအပြင်သို့ ခေါ်ထုတ်ခဲ့ပြီး ကျောင်း၏ နံရံဘေးမှာတင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း KRU တာဝန်ခံတစ်ဦးက ပြောသည်။ “ ဖြစ်စဉ်က မတ်လ ၁၁ ရက် ည ၈ နာရီကျော်ကျော်လောက်မှာ ဖြစ်တယ်။ သူတို့က ဘုန်းကြီး ကျောင်းထဲမှာရှိတယ်။ ကျနော်တို့က ကုန်းပေါ်မှာနေတယ်၊ ဘုန်းကြီးကျောင်းနဲ့ နီးတယ်။ အသံလည်း ကြားနေရတယ်ဗျ။ ၈ နာရီလောက်မှ အော်သံတွေ စကြားရတယ်။ လာကယ်ပေးကြပါ . .လာကယ်ပေးကြပါဆိုပြီး အော်တယ်။ တောင်းပန်တယ် ကျနော်တို့ကို မသတ်ကြပါနဲ့ဆိုပြီး ကြားနေရတာပေါ့။ ညမိုးချုပ်ချိန်ဆိုတော့ တိုးတိုးပြောရင်တောင် အသံကကြားနေတယ်။ အဲ့နဲ့ အော်သံတွေ နာရီဝက်အကြာမှာ တိတ်သွားပြီးသေနတ်သံတွေထွက်လာတယ်”ဟု ၎င်းကပြောသည်။ “ဒီတိုက်ပွဲမှာ PNA/PNO တွေပါတော့ စစ်ကောင်စီက လူမျိုး အချင်းချင်း သွေးခွဲလုပ်ဆောင်နေတာပါ။ သူတို့ Telegram မှာတင်ထားတဲ့ ရုပ်အလောင်းနဲ့သေနတ်ပုံတွေက ကျနော်တို့ နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်နေချိန်မှာ အဲ့သေနတ်တွေကတကယ်မရှိဘူး။ ဒီတိုက်ပွဲမှာ ပအိုဝ်း PDF ပါတယ်။ ကိုယ့်လူမျိုးအချင်း ချင်းကို ဘယ်တော့မှ ပြန်မသတ်ဘူး”ဟု ၎င်းတာဝန်ခံက ပြောသည်။ သတ်ဖြတ်ခံရသည့် သံဃာတော် (၃) ပါးသည် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF ကို ကူညီဖူးသဖြင့် အခုလိုသတ်ဖြတ်ခြင်းခံလိုက်ရကြောင်း ပင်လောင်းဒေသခံ အသက် ၃၀ နှစ်ကျော် အမျိုးသားတစ်ဦးကပြော သည်။ “အရင်က PDF တွေကိုဆန်လာဝယ်တာ။ ရွာက ဆန်ရောင်းတဲ့သူက ဆိုင်မှာဆန်အိတ်တွေ မထားရဲလို့ ဘုန်းကြီး ကျောင်းမှာလာထားတယ်။ ဘုန်းကြီးကျောင်းမှာထားပြီး PDF တွေဆန်လာဝယ်တဲ့အခါ တစ်အိတ်ကို ၇ သောင်းနဲ့ အိတ်ပေါင်း ၃၀ အိတ် ရောင်းပေးတယ်။ ဒါကို စစ်ကောင်စီတွေက သိတော့ ဒီက သံဃာတော်က PDF ကို ကူညီတယ် ဆိုပြီး စစ်ကောင်စီကသတ်သွားတာ”ဟု ၎င်းဒေသခံတစ်ဦးကပြောသည်။ https://burmese.s hannews.org/arch ives/33494

၈။ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်မှာ ANP ပါတီ မှတ်ပုံတင်မည်
March 13, 2023

ရခိုင်အမျိုးသားပါတီ (ANP) ဟာ စစ်ကောင်စီက အသစ်ပြဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်သွားမယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ မတ်လ ၆ ရက်က ဗဟိုကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ပြီး ဆွေးနွေးမှုရလဒ်အနေနဲ့ မှတ်ပုံတင်ဖို့သဘောတူခဲ့ကြတာလို့ ဆိုပါတယ်။ လက်ရှိမှာ ပါတီဥက္ကဋ္ဌအပါအဝင် ပါတီခေါင်းဆောင်တချို့ နေပြည်တော်ကိုရောက်နေပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံနေ တယ်လို့ အမည်မဖော်လိုတဲ့ ပါတီခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ “ပါတီမှတ်ပုံထင်မယ့်ကိစ္စ ဟုတ်ပါတယ်။ အခုပါတီ ဥက္ကဋ္ဌနဲ့ ခေါင်းဆောင်တွေ နယ်ပြည်တော်ကို သွားနေတာရှိပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ ဥက္ကဋ္ဌကိုပဲမေးပါ” စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်မှာ တစ်နိုင်ငံလုံးမှာဝင်ပြိုင်မယ့် ပါတီတွေဟာ ပါတီဝင် တစ်သိန်း အထိ စည်းရုံးရမှာဖြစ်ပြီး ပါတီရန်ပုံငွေအဖြစ် ကျပ်သိန်းတစ်ထောင် ဘဏ်စာရင်း ဖွင့်ထားဖို့လိုအပ်တယ်လို့ ပါရှိပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ဟာ ယခင်က တစ်နိုင်ငံလုံးမှာ ဝင်ပြိုင်မယ့်ပါတီအဖြစ် မှတ်ပုံတင်ထားတာပါ။ အခုဥပဒေ အသစ်မှာ တစ်နိုင်ငံလုံးအတွက် မှတ်ပုံတင်မှာလား၊ ရခိုင်ပြည်နယ်တစ်ခုအတွက်ပဲ မှတ်ပုံတင်မှာလားဆိုတာ မသိရသေးပါဘူး။ အလားတူ ရခိုင်ပါတီတွေဖြစ်ကြတဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ မြိုတိုင်းရင်းသားပါတီနဲ့ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ တွေကလည်း မှတ်ပုံတင်သွားမယ်လို့သိရပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ကမန်ပါတီနဲ့ ဒိုင်းနက်ပါတီတို့ကတော့ မှတ်ပုံ တင်ဖို့မရှိဘူးလို့ သိရပါတယ်။ https://www.facebook.com/photo/?fbid=585615680266505&set=a.5836374304 64330

၉။ SSPP နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ ပန်ဆန်းတွင် တွေ့ဆုံ ဆွေးနွေးနေ
March 13, 2023

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့ နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင် တချို့တို့ သည် “ဝ” တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေကြောင်းသိရသည်။ ယခု ရက်သတ္တပတ် အတွင်းတွင် သျှမ်းပြည် ပန်ဆန်းမြို့၌ ရှမ်းပြည်တိုးတက်ရေးတပ်မတော် SSPP နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင် တချို့တို့က တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သက်ပြီး SSPP/SSA ၏ ပြောရေးဆိုခွင့် ရှိသူကို ဆက်သွယ်မေးမြန်းရာ မဟာမိတ်ကြား ဆက်ဆံရေး မြှင့်တင်ရန်အတွက် ဆွေးနွေးမှု လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး ဖုန်းဟန် ကပြောသည်။ “ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့ ပန်ဆန်း ရောက်နေတာက ဟုတ်ပါတယ်၊ မဟာမိတ် အချင်းချင်းကြား ဆက်ဆံရေး မြှင့်တင်ဖို့အတွက် ဆွေးနွေးနေတာလို့ပဲ ကျနော်ပြောနိုင်သေးတယ်၊ FPNCC က အစည်းအဝေး တော့ မဟုတ်ဘူး” ဟု ဗိုလ်မှူး ဖုန်းဟန် က ပြောသည်။ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့တချို့တို့မှ ပန်ဆန်းတွင် တွေ့ဆုံခြင်းသည် FPNCC အနေဖြင့် ကျင်းပပြုလုပ်သည့် တွေ့ဆုံမှု မဟုတ်ကြောင်းလည်း ဗိုလ်မှူး ဖုန်းဟန်က ပြောသည်။

SSPP/SSA တပ်ဖွဲ့နှင့်အတူ တွေ့ဆုံဆွေးနွေးမှု၌ ပါဝင်သည့် တပ်ဖွဲ့များကို မေးမြန်းရာ၌ ဆွေးနွေးမှု ပြီးမှ ပြောနိုင်မည် ဖြစ်ကြောင်း ၎င်းကဆက်ဆိုသည်။ “ကျနော်တို့တပ်ဖွဲ့နဲ့အတူ ဘယ်တပ်ဖွဲ့တွေပါလဲဆိုတာကိုတော့ မပြောနိုင်သေးပါဘူး၊ တခြား မဟာမိတ်တွေရဲ့ သဘောထားလည်း ဘယ်လိုရှိလဲဆိုတာ ရှိအုံးမယ်လေ၊ တွေ့ဆုံဆွေးနွေးမှုပြီးမှပဲပြောနိုင်မှာပါ”ဟု ဗိုလ်မှူး ဖုန်းဟန် ကပြောသည်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ EAOs (၇)ဖွဲ့တွင် “ဝ”ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWSA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ပါဝင်ကြောင်းသိရသည်။ မြောက်ပိုင်းတိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ဝင်တချို့ တွေ့ဆုံဆွေးနွေးမှုလုပ်နေသည့် ပန်ဆန်းသည် စစ်အင်အား ၃ သောင်းကျော်ရှိသည့် ‘ဝ’ ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော် (UWSA)၏ ထိန်းချုပ်ထားသောမြို့လည်းဖြစ်သည်။ https://burmese.shannews.org/archives/33487

၁၀။ ဖလမ်းမြို့ရှိ စာသင်ကျောင်းအချို့တွင် ဆရာ/မများ မလုံလောက်သဖြင့် စေတနာ့ဝန်ထမ်းများအား CNO ဖိတ်ခေါ်
March 14, 2023

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ပညာရေးဌာန၏ ပြည်သူ့ကျောင်းအချို့ ဆရာ/မ များ မလုံလောက်သဖြင့် ပြန်ပိတ်ခဲ့ရပြီး ထိုအတွက် သင်ကြားပေးနိုင်မည့် CDM ဆရာ/မများ၊ စေတနာ့၀န်ထမ်းများကို ဖိတ်ခေါ် လျက်ရှိကြောင်း အဆိုပါဌာနမှ အတွင်းရေးမှူးက ပြောသည်။ ဖလမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စိုးမိုးနယ်မြေရှိ ပြည်သူ့ကျောင်းများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ကျောင်းပေါင်း ၁၃၀ နီးပါးထိ ဖွင့်လှစ်နိုင်ကာ ကျောင်းသား/သူ ၈၅၀၀ ဦးကျော်ကိုလည်း ပညာသင်ကြားပေးလျက်ရှိကြောင်းနှင် ဆရာ/မ လိုအပ်ချက်မှာ ၅၀ ဦးကျော်ရှိသည် ဟု CNO ပညာရေးဌာနမှ သိရသည်။ “ယခင်အစိုးရခေတ်မှာလည်း ဆရာအင်အားက လုံလောက်တယ်မရှိပါဘူး။ အတန်းတွဲပြီး သင်နေရတဲ့ ကျောင်းတွေများပါတယ်။ အတန်းတွဲမသင်ရင်တောင် ဆရာ/မတွေမှာ နားချိန်မရှိ အချိန်ပြည့်သင်ရပါတယ်။ အခု ပြည်သူ့ကျောင်းတွေမှာဆိုရင် လစာလည်း ပြည့်ပြည့်၀၀မထောက်ပံ့နိုင်တော့ပိုဆိုးတာပေါ့။ ကျောင်း ၁၀ ကျောင်းခန့်က သင်ပေး မယ့် ဆရာ/မမရှိလို့ ဖွင့်ခဲ့ပြီးမှ ပြန်ပိတ်လိုက်ရပါတယ်။ ဆရာ/မ မလုံလောက်တဲ့အတွက် တချို့အတန်းတွေ ပြန်ပိတ်လိုက်ရတာ လည်းရှိပါတယ်”ဟု ချင်းအမျိုးသားအဖွဲ့ချုပ်- CNO ပညာရေးဌာနမှ အတွင်းရေးမှူးက ပြောသည်။ ချင်းအမျိုးသားအဖွဲ့ချုပ် – CNO ပညာရေးဌာနမှ ပြည်သူ့ကျောင်းများတွင် သင်ကြားပေးမည့် (သို့မဟုတ်) သင်ကြားပေးနေသည့် ဆရာ/မများကို ကျေးရွာ များတွင် နေရာထိုင်ခင်း၊ အစားအသောက်၊ ကျန်းမာရေးတို့အား တာ၀န်ယူပေးလျက်ရှိပြီး လုံခြုံရေးပိုင်းကိုလည်း ကျေးရွာနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ပူးပေါင်း တာ၀န်ယူပေးလျက်ရှိကြောင်း သိရသည်။

“ပြည်သူ့ကျောင်း‌‌တွေမှာ အဓိကအခက်အခဲကငွေရေးကြေးရေးပါ။ ဒုတိယက ဆရာ/မအင်အားပါ။ ငွေကြေးအထောက် အပံ့မလုံလောက်တဲ့အတွက် ကျောင်းပိတ်လိုက်ရတာတွေလည်း ရှိပါတယ်။ NUG အစိုးရကတော့ သူတတ်နိုင်သလောက် ကူညီမှု တွေ ပေးနေပါတယ်။ အခုချိန်ထိတော့ NUG ထံကနေ နည်းပညာပိုင်းနဲ့ ငွေကြေးထောက်ပံ့မှု အနည်းငယ်ရရှိပါတယ်။ ပြည်သူ့ ကျောင်းတွေ ရပ်တည်နိုင်အောင် ငွေကြေးကအစ စာရေးကိရိယာနှင့် အခြားသောထောက်ပံ့မှုမျိုးစုံ လိုအပ်နေပါတယ်။ လှူဒါန်း လိုသူများရှိပါကလည်း ဆက်သွယ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ CNO ပညာရေးဌာနအနေဖြင့် NESP တွင် ထည့်သွင်းထား သော သင်ရိုးများကို အသုံးပြုခဲ့သော်လည်း ဒေသနှင့်မကိုက်ညီသည့် အပိုင်းများကိုမူ ချန်လပ်ထားကာ လက်ရှိတွင် KG မှ Grade 11 ထိဖွင့်လှစ်နိုင်ခဲ့ပြီး နွေဦးဆရာအတတ်သင်တက္ကသိုလ် (SNU) နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ “အနာဂတ်မှာ ခေါင်းဆောင်တွေဖြစ်ကြမယ့် ကလေးငယ်တွေရဲ့ပညာရေး အလွန်အရေး ကြီးပါတယ်။ ဓမ္မနဲ့ အဓမ္မကို သိရှိနား လည်ပြီး အမှန်တရားဘက်မှာ မားမားမတ်မတ်ရပ်တည်ရဲတဲ့ လူငယ်တွေဖြစ်အောင် မွေးထုတ်ဖို့အတွက် ဆရာ/မတွေ လိုအပ်နေ ပါတယ်။ CDM ဆရာ/မများ၊ စေတနာ့၀န်ထမ်း ဆရာ/မများ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။ https://www.faceb ook.com/ayeyarwaddytimes/photos/a.50918995257234 4/2434508870040433/

၁၁။ တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းကို အတည်ပြု
March 14, 2023

မတ်လ ၁၁ ရက်နဲ့ ၁၂ ရက်မှာ ကျင်းပခဲ့တဲ့ နှီးနှောဖလှယ်ပွဲအတွင်း တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယ မူကြမ်းကို အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ နှီးနှောဖလှယ်ပွဲကို တအာင်းဒေသ နမ့်ဆန်မြို့နယ်ထဲမှာ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC)က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲသို့ တအာင်းအရပ်ဖက်အဖွဲ့အစည်း၊ နိုင်ငံ ရေးနဲ့ EAO အစုအဖွဲ့အပါအဝင် လူဦးရေ (၁၅၀)ကျော် တက်ရောက်ခဲ့ကြပါတယ်။ တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲ အခန်း (၁၂) ခန်း ပါဝင်ပြီး အခန်းအများစုကို တက်ရောက်ကြတဲ့ ကိုယ်စားလှယ်တွေ အပြန်အလှန် ဆွေးနွေးကြကာ ပြင်ဆင်ဖြည့်စွက်တာ တွေ လုပ်ဆောင်ခဲ့ပါတယ်။ အမျိုးသားအလံ၊ အမျိုးသားသီချင်းနဲ့ အမှတ်တံဆိပ်တွေအပါအဝင် တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတချို့ကိုတော့ တအာင်းအမျိုးသား ညီလာခံ ကျင်းပမှသာ အတည်ပြုသွားမှာ ဖြစ်ပါတယ်။ ပထမမူကြမ်းကို ၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ တအာင်းတပ်မတော် (PSLF/TNLA) ရဲ့ ဗဟိုကော်မတီ ၆ လပတ်အစည်းအဝေးမှာ အတည်ပြုခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ မှာ TPCC က ဒုတိယမူကြမ်းကို အတည်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=531056405868 295&set=pcb.531056622534940

၁၂။ ကျောက်ဖြူက ရိုဟင်ဂျာဒုက္ခသည်စခန်းကို ပိတ်သိမ်းဖို့ စစ်ကောင်စီ ဖိအားပေး
March 13, 2023

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ကျောက်တစ်လုံး ရိုဟင်ဂျာဒုက္ခသည်စခန်းကို မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ပြောင်းရွှေ့ဖို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် ဒုက္ခသည် တွေက မပြောင်းရွှေ့ချင်ဘူးလို့ ပြောပါတယ်။ စစ်ကောင်စီက ရိုဟင်ဂျာတွေအတွက် စီစဉ်ထားတဲ့ နေရာသစ်က မြို့နဲ့ သုံးမိုင်ကျော်အထိ ကွာဝေးတာကြောင့် အလုပ်အကိုင်အဆင်မပြေတဲ့ အပြင် လယ်ကွင်းပြင်ဖြစ်တာကြောင့် မိုးရာသီမှာ အခက်အခဲရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ စစ်ကောင်စီက ဖိအား ပေးတဲ့အတွက် ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ကတော့ မပြောင်းချင်ကြဘူး။ အဆောင်ကလည်း ခိုင်ခံ့မှုမရှိဘူး။ ပျက်စီး နေပြီ။ မိုးရာသီဆို ရေမြုပ်တယ်။ ရေလည်း မရသေးဘူး။ မီးလည်းမရသေးဘူး။ မီးရဖို့ မီတာဘောက်စ်တစ်လုံးကို သုံးသိန်းပေးရမယ်ပြောတယ်။ ကျနော်တို့မှာ ပိုက်ဆံမရှိဘူး။ အိမ်ထောင်စုသုံးရာကျော်မှာ အိမ်သာကလည်း အလုံးတစ်ရာပဲရှိတယ်။ နေရာသစ်ဟာ ကျနော်တို့အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး” စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ နိုင်ငံခြားရေးသံတမန်အဖွဲ့ မတ်လ ၉ ရက်မှာ ဒုက္ခသည်စခန်းကိုရောက်လာပေမယ့် ဒုက္ခသည်တွေက အခက်အခဲတွေကို တင်ပြ ခွင့်မရခဲ့ဘူးလို့ သူက ပြောပါတယ်။ အဲဒီ ကျောက်တစ်လုံး ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အိမ်ထောင်စု သုံးရာကျော်၊ လူဦးရေ ၁၅၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ခိုလှုံနေတာပါ။ https://www.rfa.org/burmese/news/rohingya-junta-refugee-camp-03132023054623.html

၁၃။ စစ်ရှောင်ဖို့ ပြင်ဆင်နေတဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံး
March 13, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေါတမကြီးကျေးရွာမှာနေထိုင်တဲ့ အသက် ၇၀ ကျော်အရွယ် အမျိုး သားတစ်ဦး စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေချိန်မှာ ရုတ်တရက်သေဆုံးသွားတယ်လို့ နီးစပ်ရာဆွေမျိုးတွေဆီကနေ သိရပါတယ်။ မိသားစုနဲ့အတူ ပြီးခဲ့တဲ့ သုံးရက်အတွင်းက ကျေးရွာကနေ စစ်ဘေးရှောင်စခန်းတစ်နေရာဆီကို သွားရောက်ခိုလှုံရင်း ယနေ့ နံနက် ၆ နာရီဝန်းကျင်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ နေရပ်ကိုလည်း ပြန်လို့မရတာကြောင့် စစ်ဘေးရှောင်ဖို့ ရောက်ရှိတဲ့ နေရာမှာပဲ အဆင်ပြေသလို မြေမြုပ်သဂြိုလ်ခဲ့ရတယ်လို့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။ နဂိုရောဂါအခံရှိသူဖြစ်ပြီး တိုက်ပွဲကြောင့် ပြေးလွှားရတဲ့အတွက် စိတ်ဖိစီးမှုများပြီး နှလုံးရပ်သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီးမော့ဆိုအရှေ့ ဘက်ခြမ်းကနေ ထပ်ဆင့်ပြောင်းရွေ့နေထိုင်ကြဖို့အတွက် ပြင်ဆင်နေကြတဲ့ အချိန်မှာပဲ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ နီးစပ်တဲ့ ဆွေမျိုးတွေဆီကနေ သိရပါတယ်။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်ကနေ ဝိုင်းဝန်းထိုးစစ်ဆင်လာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ ဘေးလွတ်ရာကို ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ https://www.kantar awaddytimes.org/%e1%80%85% e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80 

၁၄။ ရေဖြူမြို့နယ်တွင် ကျန်းမာရေးမှူးဟောင်းအပါအဝင် ရွာသားများကို စစ်ကောင်စီ ဖမ်းဆီး
March 13, 2023

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာနေ ပျူစောထီးတယောက် မတ်လ ၁၂ ရက် မနက်ပိုင်းက ပစ်ခတ်ခံရပြီး နောက် နေ့လယ်ပိုင်းမှာ ဇာဒီရွာက ကျန်းမာရေးမှူးဟောင်း ဦးအောင်မင်း၊ ဒေါ်အောင်မဲနဲ့ တူဝရီး ကိုအောင်ကျော်တို့ ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။ ဦးအောင်မင်း တို့ကို သူတို့ရဲ့အိမ်မှာပဲ မောရဝတီရေတပ်က စစ်သားတွေ လာဖမ်းသွားတာ ဖြစ်ပြီး လက်ရှိဘယ်မှာချုပ်နှောင်ထားတယ် ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ မတ် ၁၂ ရက် မနက်ပိုင်း ဦးလားလားနေအိမ် ပစ်ခတ်ခံရမှုမှာ ထွက်ပြေး လွတ်မြောက်ခဲ့တာ ကြောင့် လူထိခိုက်ဒဏ်ရာရ တာမျိုး မရှိခဲ့ဘဲ ဘယ်သူတွေက လာရောက် ပစ်ခတ်ခဲ့တယ်ဆိုတာကိုလည်းမသိရသေးပါဘူး။ ဦးလားလား ဟာပြည်သူ့စစ်အဖွဲ့ဝင်တဦးလည်းဖြစ်သလို ကံပေါက် နယ်မြေရဲစခန်းမှ ဗိုလ်လေးနဲ့အတူ ကားမိုင်းဆွဲခံရရာတွင်လည်းပါဝင်ကာ ဒဏ်ရာရခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း သူ့နေအိမ် တကြိမ် ပစ်ခတ်ခံရသေးတယ်လို့ ရွာသားတွေက ပြောပါတယ်။

မတ် ၁၂ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာလည်း ကလိန်အောင်မြို့ပေါ်ရပ်ကွက် ၂ ခုနဲ့ ကျောက်ရှပ်ရွာ၊ ဇင်းဘာရွာ၊ မိကျောင်းလှောင်ရွာတွေက နေအိမ်အချို့ကို စစ်တပ်က စာရင်းအတိအကျနဲ့လာပြီး ဝင်ရောက်စစ်ဆေးဖမ်းဆီးခေါ်ဆောင်ခဲ့ တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက်နေသူ တဦးက “အမှတ် ၃ ရပ်ကွက်မှာ လူမရှိတဲ့ အိမ်တ လုံးကို PDF အိမ်ဆိုလို့ စွပ်စွဲပြီး စစ်သားတွေ ရိုက်ဖျက်တယ်။ အမှတ် ၂ မှာက မိန်းကလေး တယောက်နဲ့ ရွာသစ် (မိကျောင်း လှောင်)မှာက မိသားစုတစုလုံး ဖမ်းသွားတယ်။ ဇင်းဘာရွာဘက် တွေလည်း ဝင်ရှာနေတယ်”လို့ ပြောပါတယ်။ အဖမ်းခံရသူ တွေဟာ အမှတ် ၂ ရပ်ကွက်မှ မမိုးမြတ်နဒီထွေးနဲ့ မိကျောင်းလှောင်ရွာသစ်မှ ကိုကျော်သူထွေး မိသားစုတို့ ဖြစ်ပါတယ်။ ကလိန်အောင်မြို့ အထွက် တံတားမှာ မတ် ၉ ရက်က အမျိုးသမီး ၂ ယောက် အဖမ်းခံရပြီးနောက် ခမရ ၄၁၀ မှာ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ https://burmese.dvb.no/archives/583170

၁၅။ ပစ်ခတ်မှုများကြောင့် ညောင်လေးပင်ခရိုင်အတွင်း ကျောင်းနေအရွယ်ကလေးများ ပညာရေးနှောင့်နှေးနေ
March 13, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေအတွင်း စစ်ကောင်စီ၏လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးနှောင့် နှေး နေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များကပြောသည်။ ပြီးခဲ့သည့်နှစ်၊ ဇွန်လတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် စစ်ကောင်စီ တပ်များတိုက်ပွဲဖြစ်ပွား၍ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာပေါင်း(၃၀) ကျော်မှ ဒေသခံပြည်သူတစ်သောင်းကျော်ထဲတွင် ကျောင်းနေအရွယ်ကလေးအများစုလည်း ပါဝင်နေပြီး ယခု အချိန်ထိ စစ်ဘေး တိမ်းရှောင်နေရဆဲ အခြေအနေများကြောင့် အတန်းပညာ ဆက်လက်သင်ကြားနိုင်ခြင်းမရှိကြောင်း ကျောက်ကြီးမြို့ဒေသခံ တစ်ဦးက ပြောသည်။ ၎င်းက “ကျမ ညီမလေးဆို ကိုဗစ်ဖြစ်ကတည်းက စစ်ဘေးရှောင်ရတာရော၊ ဘာရောနဲ့ စာမသင်ရတာ သုံးနှစ်ရှိပြီ၊ အဲ့ဒီအချိန်ကတည်းက စစ်ဘေးရှောင်နေတဲ့ ကလေးတွေတော်တော်များများ ကျောင်းမ တက်ရဘူး။ ကျောင်းတက် ချင်ရင်လည်း အစိုးရကျောင်းရှိတဲ့ နတ်သံကွင်းမြို့ဘက်မှာ သွားတက်ရတယ်။ ဒါပေမဲ့ အဲဒီကျောင်း ကလည်း အခြေအနေမ ကောင်းရင် ပိတ်လိုက်၊ ဖွင့်လိုက်နဲ့ဆိုတော့ ပညာရေးနှောင့်နှေးတယ်။” ဟု ပြောသည်။

ယခင် စစ်တပ်အာဏာမသိမ်းခင်က ကျောက်ကြီးမြို့နယ်တွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) သင်ရိုး သင်ကြားသည့်ကျောင်းနှင့် အစိုးရကျောင်းသင်ရိုးသင်ကြားသည့်ကျောင်းများရှိသော်လည်း တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ဘေးတိမ်း ရှောင်ရသည့်အခြေအနေများ ဖြစ်လာ၍ KECD သင်ရိုးဖြင့် သင်ကြားသော ကျောင်းများ နည်းပါးသွားကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။ ထို့အတူ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု)ဆရာ၊ ဆရာမများနှင့် နယ်မြေခံဆရာ၊ ဆရာမများက ရွာခံက လေးများ၊ စစ်ရှောင်ကလေးများကို အတန်းတူရာစုပေါင်း၍ တိုက်ပွဲနှင့်အလှမ်းဝေးသောရွာများတွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနသင်ရိုးဖြင့် သင်ကြားပေးနေသည်များရှိသော်လည်း တိုက်ပွဲနှင့် နီးပါက ကျောင်းပိတ်၍ တိမ်းရှောင်ရကြောင်း အခြားဒေသခံတစ်ဦးကလည်း ယခုလိုပြောသည်။ “အဓိကက မူလတန်း၊ အလယ်တန်းပေါ့၊ ရွာနှစ်ရွာ၊ သုံးရွာစုပြီး ဆရာမတွေက စာသင်ကြတယ်။ သင်ထောက် ကူပစ္စည်းတွေအတွက်ကတော့ အလှူခံလို့ရတာနဲ့ စီစဥ်ပေးတယ်။ ဆရာမတွေက လစာရတာ လည်းမဟုတ်ပါဘူး။ ကျောင်းပြီးတော့မှ ကျောင်းသားမိဘတွေက စုပြီးကန်တော့တာပဲရှိတာ။ တိုက်ပွဲနဲ့ဝေး တဲ့နေရာမှာသင် တာပေါ့၊ တိုက်ပွဲနီးလာမယ်ကြံရင် ကျောင်းပိတ်ပြီးပြေးရတယ်။” ဟု ၎င်းက ပြောသည်။ https://kicnews.org/2023/03/%e1% 80%95%e1%80%85%e1%80%ba%e1%80%81%e1%80%90%e1%80%ba%e1

၁၆။ ရှမ်း-ကရင်နီနယ်စပ် တစ်နေရာမှာ စစ်ကောင်စီက သက်ကြီးရွယ်အို ၂ ဦးနဲ့ ကျောင်းသားတစ်ဦးကို သတ်ဖြတ်ခဲ့
March 14, 2023

ရှမ်း-ကရင်နီနယ်စပ် စစ်ရှောင်စခန်းတစ်နေရာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကနေပြီး အသက်၈၁နှစ် နဲ့ ၇၈ နှစ် အရွယ် အဖိုး၊ အဖွား ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သလို ၇တန်းကျောင်းသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ “ ပြည်သူတွေကိုကျတော့ လူသားဒိုင်းလုပ် တယ်။ ပြည်သူ အဖိုးအဖွား နှစ်ယောက်ကိုလည်း မီးရှို့ သတ်လိုက်တယ်လေ။ ကလေးလေး ကျောင်းသားအရွယ်ပေါ့ သူတို့သတ်တယ် လေ။ နောက် ထိခိုက်မှုလည်း နှစ်ဦး နှစ်ဖက် များတယ်။ “ လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။ အသက် (၇၈)နှစ်အရွယ် အဖိုး ဦးလှငြိမ်း၊ အသက် (၈၁)နှစ်အရွယ် အဖွားဒေါ်မူလူး နဲ့ ၇ တန်းကျောင်းသား တစ်ဦး ဖြစ်သူ အသက် (၁၅)နှစ်အရွယ် မောင်ကျော်ဟူး တို့ဟာ စစ်ကောင်စီရဲ့သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ်လ ၁၂ ရက်နေ့မှာ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲအရှေ့ဘက်ကမ်းရှိတောင်ပေါ် စစ်ဘေးရှောင်တစ်နေရာမှာ စစ်ကြောင်း ထိုးလာတဲ့ တပ်မ ၆၆ ကနေပြီး သက်ကြီးရွယ်အိုနဲ့ ကလေးအချို့ကိုဖမ်းဆီးတာတွေရှိပြီး လူသားဒိုင်းအဖြစ်အသုံးပြုတာတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးထားတဲ့ စစ်ရှောင်ပြည်သူတွေထဲက ၃ ဦး သတ်ဖြတ်ခြင်းခံခဲ့ရပြီး စစ်ရှောင်တချို့ ပြန်လွှတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာဆိုရင်လည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်း တပ်တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီကနေပြီး ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေလည်း ရှိနေတယ် လို့ သူက ဆက်ပြောပါတယ်။ https://www.kantarawaddytimes.org/% e1%80%9b%e1%80%be%e1%80%99%e1%8 0%ba%e1%80%b8

၁၇။ ဆွမ်ပရာဘွမ့်တွင် ဒေသခံပြည်သူ ၂ ဦးကို စစ်ကောင်စီအဖွဲ့ လူသားဒိုင်းဖမ်းဆီးခေါ်ဆောင်သွား
March 13, 2023

ကချင်ပြည် ဆွမ်ပရာဘွမ့်မြို့နယ် ခင်ဒူယန်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာ ပြည်သူ ၂ ဦးကို လူသာဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ မတ်လ ၁၃ ရက်နေ့ ယနေ့နံနက်ပိုင်း စစ်အင်အား ၆၀ ခန့်ပါရှိသည့် စစ်ကောင်စီ စစ်ကြောင်းက ခင်ဒူယန်ကျေးရွာ အတွင်းသို့ ဝင်ရောက်လာပြီး ၎င်းတို့၏ စစ်ကြောင်းထဲ အသက် ၄၀ နှစ်အရွယ်ရှိသူ ဒေသခံပြည်သူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နီးစပ်ရာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ဒီ မနက်ပိုင်း ၆၀ လောက်ရှိတဲ့စစ်ကြောင်းက ရွာထဲဝင်ရောက်လာပြီးတော့ ရွာလူကြီး ၂ ယောက်ကို သူတို့ရဲ့စစ်ကြောင်းကို လမ်းပြ လုပ်ဖို့ထင်တယ် ခေါ်သွားတယ်။ ဒီညနေပိုင်းအထိ ပြန်မရောက်လာသေးဘူး။ အဲ့ကြောင့် မိသားစုတွေက စိုးရိမ်နေရတယ်”ဟု ပြောသည်။ မတ်လ ၁၂ ရက်နေ့တွင်လည်း မြစ်ကြီးနား–ဆွမ်ပရာဘွမ့်လမ်းမကြီးပေါ်ရှိ ဆွပ်ခါးကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေတပ်မတော် KIA တပ်ရင်း ၂၂ တပ်ဖွဲ့ တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရ သည်။

“ဒီရက်ပိုင်းအတွင်းမှာ စစ်တပ်ဘက်ကနေ စစ်ရေးလှုပ်ရှားတာတွေပြန်လုပ်လာတယ်။ ဘာလို့အခုတလော စစ်ရေးပြန် လှုပ်ရှာလာတာကို ဒေသခံတွေတောင် သေချာမသိရဘူးဖြစ်တယ်။ ဒါပေမယ့် စစ်တပ်ဘက်နေ ဒီလို စစ်ရေးလှုပ်ရှားတာတွေ ပြန် လှုပ်လာတော့ တိုက်ပွဲပြန်ဖြစ်လာမှာကိုတော့ စိုးရိမ်တယ်။ တကယ်လို့ မဖြစ်မနေ ဖြစ်ရမယ်ဆိုရင်တောင် ရွာနဲ့နီးတဲ့နေရာတွေ မှာမဖြစ်စေချင်ဘူး”ဟု သတင်းအရင်းအမြစ်က ဆက်ပြောသည်။ ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ မြစ်ကြီးနား ဘက်မှ ဆွပ်ပရာဘွမ့်၊ ပူတာအို ဘက်သို့ ထပ်မံ စစ်အင်အားအလုံးအရင်းဖြင့် စစ်အင်အားတိုးချဲ့မှုများရှိလာသည့်အတွက် KIA ၊ PDF တို့ကြားထိတွေ့တိုက်ပွဲ ၄ ကြိမ်ထက်နည်းဖြစ်ပွားမှုရှိခဲ့သည်ဟု ဒေသခံပြည်သူများပြောဆိုချက်မှသိရသည်။ https://bur mese.kachinnews.com/2023/03/13/yl1-61/

၁၈။ KNUတပ်မဟာ(၅)နယ်မြေတွင် KNLA နှင့်စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး
March 14, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းသို့ နယ်မြေကျူးကျော်ကာ စခန်းအထိုင် ချထားသော စစ်ကောင်စီတပ်စခန်းများအား KNLA က တိုက်ခိုက်ရာ လေးရက်အတွင်း စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံး ခဲ့ကြောင်း တပ်မဟာ (၅) မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။ “တပ်မဟာ(၅) မှာက တိုက်ပွဲတွေက နေ့တိုင်းလို ဖြစ်နေတာပါ။ တိုက်ပွဲဖြစ်တိုင်းလည်း သူတို့က ရွာထဲကို အမြောက်တွေနဲ့ ပစ်နေတာပါ။ လေယာဉ်နဲ့ပစ်မလား စခန်းတွေကနေ ပစ်မလားသာ မသိရတာပါ” ဟု တပ်မဟာ (၅) KNU သတင်းရင်းမြစ်က ပြောသည်။ မတ်လ ၁၁ ရက်နေ့တွင် KNU တပ်မဟာ (၅)နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း KNUတပ်မဟာ (၅) မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။ မတ်လ ၁၀ ရက်နေ့တွင် ဘူးသိုမြို့နယ်၊ တာဘူးကျိုးရှိ စစ်ကောင်စီတပ်စခန်း၊ ကူးဆိပ်ကျေးရွာနှင့် မြေနီကုန်းအကြားရှိစစ်ကောင်စီတပ်စခန်းထိုစခန်းနှစ်ခုအား တပ်မဟာ(၅) KNLA အဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား သုံးဦးသေဆုံးပြီး ဆိုင်ကယ်တစ်စီး ပျက်စီးသွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် နားကူနားရှိ စစ်ကောင်စီတပ်စခန်းအား နံနက် ၈ နာရီ ၂၅ မိနစ်အချိန်တွင်တစ်ကြိမ် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံး ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရေးသားဖော်ပြထားသည်။ မတ်လ ၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဒွယ်လိုးမြို့နယ် ရှိ မယ်သူထာစစ်ကောင်တပ်စီစခန်းအား တပ်မဟာ (၅) KNLA တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ မတ်လ ၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကောင်စီလက်အောက်ခံ ကရင်နယ် ခြားစောင့်တပ် (BGF) က ကတဲတိကျေးရွာအုပ်စုအတွင်းရှိ ပိုဂါကျေးရွာအတွင်းသို့ ၈၁ မမ လက်နက်ကြီးကျည် နှစ်လုံး ပစ်ခတ်ခဲ့ သဖြင့် အသက် ၁၆ နှစ်အရွယ်ရှိ နော်ဘလယ်၏ ဝဲဘက်ခြေထောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နှင့် အသက် ၃၉ နှစ်အရွယ် နော်တားဖေါ ဝဲဘက်ခြေသလုံး ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ မတ်လ ၁၁ ရက်နေ့ တိုက်ပွဲအပြီးတွင် လူသောမြို့၊ ဖားဂေါ် လိုးစခန်းရှိ စစ်ကောင်စီတပ်သားများက တာရိပလောကျေးရွာအတွင်း လက်နက်ကြီးကျည်နှစ်လုံးပစ်ခတ်ခဲ့ပြီး ဖာပွန်မြို့အခြေ စိုက် ခမရ (၃၄၀)နှင့် ခလရ(၁၉) တို့မှ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် ဖာပွန်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများအတွင်းသို့ လက်နက် ကြီးကျည် ခြောက်လုံးခန့် ပစ်ခတ်ခဲ့သဖြင့် ဥယျာဉ်ခြံများ ပျက်စီးခဲ့ကြောင်း သိရသည်။ https://www.facebook.com/Mizzima Daily/photo s/pcb.6507047175996799/6507043112663872/

၁၉။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးကြဲ
March 14, 2023

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ် ၂ စင်းဖြင့် ယမန်နေ့ညက ဗုံးကြဲတိုက်ခို က်ခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ မင်းတပ်မြို့မှ ၁၅ မိုင်ခန့်ကွာဝေးသော မင်းတပ်-မတူပီလမ်းဘက်တွင် မတ်လ ၁၃ ရက်ည ၁၀ နာရီဝန်းကျင်ခန့်က တိုက်လေယာဉ် ၂ စင်းနှင့် စစ်ကောင်စီတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုတချိူ့လည်းရှိခဲ့သည်ဟု CDF-Mindat မှတာဝန်ရှိသူတစ်ဦးကပြောသည်။ “ မနေ့ညက လေယာဉ် နှစ်စီးလာပြီး တစ်စီးကဗုံးကြဲသွားတယ်။ မင်းတပ်-မတူပီလမ်းပိုင်းတနေရာလို့သိရတယ်၊ လက်န က်ကြီးနဲ့ပစ်တာက အချက်နှစ်ဆယ်ကျော် တယ် တညလုံးနီး ပါးပစ် နေတယ်။ နေရာအတိအကျနဲ့ ထိခိုက်မှုက အနေ အထားတော့ဘာမှ မသိရသေးဘူး။ ဒီမနက်လည်း ပစ်တာ ၄ ချက်။” ဟု ၎င်းကပြောသည်။

စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် တချိန်းတည်းမှာပဲ မင်းတပ်မြို့ပေါ်အထိုင်ချထားသော ခလရ ၂၇၄ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ယနေ့မနက်ပိုင်းမှာလည်း လက်နက်ကြီးနှင့် ဆက် လက် ပစ်ခတ်မှုရှိခဲ့သည်ဟု ဆိုပါသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုသည် စစ်ကောင်စီတပ်ဖွဲ့များ ပခုက္ကူမြို့မှ စစ်ကားအစီး ၈၀ ကျော်ဖြင့် ကျောက်ထုမြို့သို့ မတ်လ ၁၃ ရက်နေ့ကရောက်ရှိလာပြီးနောက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းစစ်ကောင်စီယာဉ် တန်းသည် ချင်းပြည်နယ် မင်းတပ်နှင့် မတူပီမြို့နယ်များသို့ ဆက်လက်ချီတက်လာနိုင်ဖွယ်ရာရှိသောကြောင့် စစ်ကောင်စီဘက် က လမ်းကြောင်းရှင်း ခြောက်လှန့်သည့်အနေဖြင့် ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းများ မင်းတပ်နှင့် မတူပီမြို့နယ်ဘက်သို့ ဆက်လက်ချီတက်လာဖွယ်ရှိနေသည့်အတွက် ကျောက်ထု-မင်းတပ်-မတူပီ ကားလမ်းမကြီး ကို ယခုရက်ပိုင်းအတွင်း အသုံးမပြုကြရန် CDF-Mindat မှ မတ်လ ၁၃ ရက်နေ့က အသိပေးထုတ် ပြန်ခဲ့ပြီးဖြစ်သည်။ https://www.facebook.com/Khonumthung Burmese/photos/a.1681578358776866/3385356148399070/

၂၀။ စစ်တပ်ခိုင်းဖတ် ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ PNO/PNA က လူမျိုးရေး ဘာသာရေးပဋိပက္ခဖြစ်ဖို့ သွေးထိုးလှုံ့ဆော်နေ
March 14, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ လုံးပျဉ်ကျေးရွာအုပ်စု၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ သံဃာ ၃ ပါး အပါအဝင် ပြည်သူ ၂၈ ဦးကို စစ်တပ်က သတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှု၊ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေဖြစ်လို့ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ ပအိုဝ်း အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် နမ်းနိန်းကျေးရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာဟာ အကြမ်းဖက်စစ်တပ်မှ တိုင်းရင်းသား လူမျိုးစု အချင်းချင်းကြား လူမျိုးရေး ပဋိပက္ခဖြစ် စေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ပြီး စစ်တပ် လက်အောက်ခံ ခိုင်းဖတ်ဖြစ်တဲ့ PNO/ PNA ရဲ့ လူမှုကွန်ရက် စာမျက်နှာ တွေမှာ လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခ သွေးထိုးလှုံ့ဆော်တဲ့ အရေးအသားတွေကို ပုံစံအမျိုးမျိုးနဲ့ ပြောဆိုပြုလုပ်နေ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီလို သွေးထိုးလှုံ့ဆော် ရေးသားတာဟာ အကြမ်းဖက် စစ်တပ် ကျူးလွန်တဲ့ ရာဇာဝတ်မှုကို အားပေး အားမြှောက်လုပ်တာဖြစ်ပြီး ဆက်လက် ကျူးလွန်ခွင့်ပေးတဲ့ လုပ်ရပ်ဖြစ်လို့ ပြည်သူလူထု အနေနဲ့ သတင်း အချက်အလက်တွေကို စောင့်ကြည့်လေ့လာ သုံးသပ်ကြဖို့ ပအိုဝ်း အရပ်ဖက်လူမှု အဖွဲ့အစည်းတွေက လေးနက်စွာ တိုက်တွန်းထားပါတယ်။

PNO/PNA သတင်းတွေကို အဆက်မပြတ် ဖော်ပြနေတဲ့ လူမှုကွန်ရက် စာမျက်နှာတွေကနေ ပအိုဝ်းဘာသာနဲ့ နမ်းနိန်း ကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို KNDF က ကျူးလွန်ခဲ့တာလို့ အဆက်အပြတ် ဖော်ပြနေပြီး ကယန်းလူမျိုး မုန်းတီး ရေး ရေးသားမှုများစွာ ဖော်ပြနေတာကို တွေ့ရပါတယ်။ နမ်းနိန်းကျေးရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဟာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်ပြီး အကြမ်းဖက်စစ်တပ် ကျူးလွန်တဲ့ စစ်ရာဇာဝတ်မှု၊ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇာဝတ်မှုတွေအပေါ် တာဝန်ခံရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

၂၁။ ဆောင်းပြောင်းတိုက်ပွဲမှ ဒဏ်ရာရ KNDF ရဲဘော် ဆေးဝါးကုသမှုခံယူနေစဥ် ကျဆုံး
March 14, 2023

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတိုက်ပွဲတွင် ဦးခေါင်းဒဏ်ရာရရှိသော KNDF ရဲဘော် တစ်ဦးသည် ဆေးကုသမှုခံယူနေစဥ်ကျဆုံးခဲ့သည်ဟု သိရသည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B11 တပ်ရင်းမှ ရဲဘော်ဒေါမဏိတုံသည် မတ်လ ၁၂ ရက် ဆောင်းပြောင်းတိုက်ပွဲ၌ ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ” ပြီးခဲ့တဲ့ တစ်နေ့ က တိုက်ပွဲမှာ ခေါင်းထိထားခဲ့တယ်။ ကျွန်တော်တို့ ဆေးရုံမှာ ဆေးကုသမှုပေးခဲ့တာ။ မနေ့က ကျဆုံးသွားခဲ့တာပေါ့နော်”ဟု KNDF B11 တပ်ရင်းတာဝန်ခံက ယနေ့နံနက်ပိုင်းတွင်သံလွင်ခက်ကိုပြောသည်။ အဆိုပါရဲဘော်သည် KNDF B01 တပ်ရင်းမှ KNDF B11 တပ်ရင်းသို့ပြောင်းရွေ့တာဝန်ထမ်းဆောင်နေသည်မှာ နှစ်လခန့်သာရှိသေးသည်ပြီး ဆောင်းပြောင်းတိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ် သည်။ ကျဆုံးသွားခဲ့သော KNDF ရဲဘော်ဒေါမဏိတုံနှင့်ပတ်သက်၍ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFက အလေးနီ ပြုကြောင်း ဖော်ပြထားသည်။

” အလေးနီပြုပါတယ်။ ရဲဘော် မောင်တုံ။ သူ့မှာ အစ်ကို တစ်ယောက်ရှိတယ် ဘယ်လိုဖြစ်သွားမှန်းမသိ ယနေ့ထိ အိမ် အပြန်လမ်းမှာမတွေ့ဘူးတဲ့။ အခုကျတော့ သူလည်းအကြွေစောပြန်ပြီ ။ သားနှစ်ယောက် အိမ်အပြန်လမ်းမရှိတဲ့ ဒီတော်လှန်ရေး အဝေ့အဝိုက်မှာ သူတို့ရဲ့ မိဘတွေ ဘယ်လောက်ရင်ကျိုးမလဲ။ တိုင်းပြည်နဲ့ လူမျိုးအတွက် မင်းတာဝန်ကျေလွန်းတယ်။ ချေမှုန်း ရေးတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်မောင်တုံ R.I.P ပါ “ဟု PKPF ကဖော်ပြထားသည်။ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းသို့ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတော်လှန် ရေးတပ်ပေါင်းစု (KRU) ၊ KNDF ၊ PNDF(KK)၊ မိုးဗြဲ PDFတပ်ရင်း၁၊ ဖယ်ခုံ PDF၊အလယ်ပိုင်းတိုင်း နေပြည်ဝောာ် PDF(တပ်ရင်း၈၀၄) ၊ အလယ်ပိုင်းတိုင်း ၁၁၀၁၊ ၁၁၀၂၊ ၁၁၀၃ ၊ ၁၀၀၇၊၁၀၀၉ နှင့်SSLRU တို့ပူးပေါင်းတိုက်ခဲ့ရာ တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ” ကျွန်တော်တို့ဘက်ခြမ်း တိုက်ပွဲမှာ ၅ ယောက်ထိ တယ်။ ၃ ယောက်က ဒဏ်ရာမစိုးရိမ်ရဘူး။ မိုးဗြဲ PDF က ရဲဘော်က ဆေးဝါးကုသမှုပေးနေစဥ်မှာ ကျဆုံးသွားတာပေါ့။ နောက် တစ်ယောက်ကျတာက အလယ်ပိုင်းတိုင်းတပ်ရင်းကပဲ ၁၀၀၉ ကလားမသိဘူး ။ ဒါက ကျွန်တော်တို့ဘက်ခြမ်းမှာ ဖြစ်တဲ့တိုက် ပွဲပေါ့ “ဟု KRU တာဝန်ခံကိုလင်းလင်းက ပြောသည်။ https://www.facebook.com/thanlwinkhetnews/photos/a.214189 112346995/1684587385307153/

၂၂။ လူထု ဇော်ဝင်းအပါအဝင် ၃ ဦးကို လာမည့် ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်
March 14, 2023

စစ်ကောင်စီက ဖမ်းဆီးကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် ကျောက်တော် ဒေသခံ လူထုဇော်ဝင်း အပါအဝင် ၃ ဦး၏ အမှုကို ယနေ့မတ်လ ၁၄ ရက်နေ့ တွင် ကျောက်တော်မြို့နယ် တရားရုံးတွင်နှစ်ဖက်အပြီးသတ် လျှောက်လဲချက် ပြုလုပ်ခဲ့ကြသည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ့ကပြောသည်။ ယနေ့ ရုံးချိန်းတွင် နှစ်ဖက် လျှောက်လဲချက်ပေးခဲ့ကြပြီး လာမည့်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမှတ်သွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ က ပြောသည်။ “ဒီနေ့ ရုံးချိန်းမှာ နှစ်ဖက်အပြန်အလှန် အပြီးသတ်လျောက်လဲချက်ပေးခဲ့ကြတယ်။ လာမယ် ၂၈ ရက်နေ့မှာ အပြီးသတ်အမိန့်ချဖို့ ရုံးချိန်းချိန်းလိုက်တယ်။ အမှုသယ်တွေရဲ့ ကျန်းမာရေးတွေကတော့ ကောင်းတယ်”ဟုပြောသည်။ တရားရင် ဆိုင်နေရသူများမှာ ကျောက်တော်မြို့ခံ ကိုဇော်ဝင်း(လူထုဇော်ဝင်း)၊ ပန်းဖဲချောင်း ကျေးရွာက ကိုဇော်မိုးထက် နှင့် ခေါင်းတုတ် ကျေးရွာက ဦးကျော်သန်းမောင် တို့ဖြစ်ကြသည်။

လူထုဇော်ဝင်း ကို ဗိုလ်ကြီး ကိုကိုအောင် ကတရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး ကျန်နှစ်ဦးအား ဗိုလ်ကြီး မောင်မောင်နိုင် နှင့် ဗိုလ်ကြီးဝေယံဦးတို့က တရားစွဲဆိုထားခြင်းဖြစ်သည်။ ၎င်းတို့ သုံးဦးမှာ ဇွန်လ ၂၀ ရက်ကနေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦးကို AA က ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကာ ကိုဇော်မိုးထက် နှင့် ဦးကျော်သန်းမောင်တို့မှာ ဖုန်းတွင် AA ပုံများရှိသည်ဟု ဆိုကာ တရားစွဲထားခြင်းဖြစ်သည်ဟု မိသားစုဝင်များ ပြောသည်။ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ခတ်ရပ်စဲကြရာ တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် အရပ်သားများကို ပြန်လည်လွတ်ပေးရန် ကတိကဝတ်များ ပါသော်လည်း စစ်ကောင်စီက လိုက်နာမှု အားနည်းနေသည်ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။ https://www.facebook.com/westernnews agency/photos/a.119286173211229/729486665524507/

၂၃။ လီဒိုလမ်းမပေါ်က စိုက်ပျိုးမြေများတွင် KIA က ရွာတည်မည်ဟုဆိုကာ အကွက်ရိုက်ရန် စီစဉ်နေ
March 14, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နောင်းမီ-ဝါရာဇွပ် လီဒိုလမ်းက စိုက်ပျိုးမြေတွေပေါ် ရွာတည်မယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ KIAအနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၂)ကနေ မြေအကွက်ရိုက်ပြီး လုပ်ဆောင်ဖို့ စီစဉ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ လက်ရှိ နောင်းမီ- ဝါရာဇွပ်ကျေးရွာကြားနဲ့ အရင်က ပီလောပီနံစိုက်ပျိုးခဲ့တဲ့ ဘန်ကောက်ကျေးရွာရှေ့ ယုဇနကုမ္ပဏီဧရိယာက မြေတွေကိုသိမ်းယူပြီး အကွက်ချဖို့ လမ်းဖောက်တာတွေ လုပ်ဆောင်နေကြပြီလို့လည်း သိရပါတယ်။ အထက်ပါ စိုက်ပျိုးမြေတွေဟာ ပြည်သူတွေခြံနဲ့လယ် စိုက်ပျိုးဖို့အတွက်သာ အဆင်ပြေပြီး အခုလို ရွာတည်မယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်လာတာဟာ မဖြစ်သင့်ဘူးလို့ ဝါရာဇွပ်ကျေးရွာ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။ အဲဒီစိုက်ပျိုးမြေတွေကို နယ်မြေခံ KIA တပ်မဟာ(၂)အောက် တပ်ရင်း(၁၄)က စီမံနေပြီး မြေယာစီစစ်ရေးကော်မတီတွေပါ ဖွဲ့ပြီးတော့ စီစဉ်နေကြပြီဖြစ်တယ်လို့ အထက်ပါဒေသခံက အခုလို ပြောပါတယ်။ “ ယုဇနကုမ္ပဏီကို မမောင်းထုတ်ခင်က KIAအနေနဲ့ စကားတစ်ခွန်းတောင် မဟခဲ့ ဘူး။ လီဒိုလမ်းတစ်လျှောက်က ပြည်သူတွေပဲ ပူးပေါင်းအင်အားစိုက်ခဲ့ရတယ်။ နောက်ပိုင်း အာဏာသိမ်းတာနဲ့အတူ ပြည်သူတွေ စာတင်သွင်းတာ အခါခါလုပ်ပြီးမှ ကူညီပေးတဲ့အတွက် ကျေးဇူးတင်နေတာ။ ကျေးဇူးတင်နေရင်း အခုလို အာဏာသိမ်းပြီးနောက် လယ်လုပ်၊ ခြံလုပ်နေတဲ့ ပြည်သူတွေရဲ့ မြေတွေ ပြန်သိမ်းပြီးလုပ်တယ်” လို့ သူက ပြောပါတယ်။

ဒေသခံပြည်သူတွေ ကြားသိနေရတဲ့သတင်းအရ အဲဒီစိုက်ပျိုးမြေတွေကို အကွက်ရိုက်ရောင်းဖို့ စီစဉ်နေတဲ့အပြင် KIA အရာရှိပိုင်းတွေ ခွဲယူဖို့ စီစဉ်နေတယ်လို့ ဆိုပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။ ဒါ့အပြင် မတ်လ(၅) ရက်နေ့ ကလည်း ဝါရာဇွပ်ကျေးရွာက သက်ဆိုင်ရာ ဘုရားကျောင်းတွေမှာ အထက်ပါ ရွာတည်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက် သူတွေကို ထိန်းသိမ်းလိုက်မယ်ဆိုပြီးတော့ ခြိမ်းခြောက်ထုတ်ပြန်တာတွေအထိ ရှိခဲ့တယ်လို့လည်းသိရပါတယ်။ “ဘုရားကျောင်း မှာလည်း တစ်ခါတည်းထုတ်ပြန်တယ်။ ကန့်ကွက်တဲ့ ဘယ်သူ့ကိုမဆို ထိန်းသိမ်းလိုက်မယ်ဆိုပြီး ထုတ်ပြန်တာ။ ခုက ဝင်တော့ မဝင်သေးဘူး။ လမ်းတွေတော့ ဖောက်နေပြီ”လို့ ဒေသခံက ဆိုပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး KIA နောက်ပိုင်းတိုင်း စစ်ဌာန ချုပ်က အရာရှိတစ်ဦးကို မေးမြန်းရာမှာတော့ အဆိုပါ နေရာတွေမှာ KIA ဘက်က မြေတိုင်းတာတွေ လုပ်ဆောင်ခဲ့ပေမဲ့ အကွက် ချရောင်းဖို့ မဟုတ်ဘဲ စစ်ရှောင်ပြည်သူတွေအတွက် မြေနေရာစီစဉ်ပေးပြီး ရွာတည်ပေးဖို့သာ ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ “ရောင်းစားတာ မဟုတ်ဘူး။ စစ်ရှောင်တွေကို ရွာတည်ပေးဖို့ နေရာချပေးတာ ဟုတ်တယ်။ တချို့က ရှမ်းပြည်ဘက်က စစ်ရှောင် တွေ ဟုတ်တယ်။ ပြီးတော့ အိမ်ခြံယာမရှိတဲ့ သူတွေကို လုပ်ပေးတာ”လို့ အထက်ပါ KIA အရာရှိက ဆိုပါတယ်။ ဒေသခံပြည်သူ တွေရဲ့ စိုက်ပျိုးမြေတွေ ပါဝင်နေတယ်ဆိုတဲ့အပေါ် မှာလည်း ယုဇနကုမ္ပဏီ ထွက်ခွာသွာပြီးနောက် စိုက်ပျိုးမြေမရှိလို့ အဲဒီနေရာ မှာ လာရောက်လုပ်သူကိုင်ခဲ့သူတွေကို KIA အနေနဲ့ တခြားနေရာမှာ မြေယာပြန်လည် သတ်မှတ်ပေးတာတွေ လုပ်ဆောင်ပေး သွားမှာဖြစ်ပြီး စိုက်ပျိုးမြေရှိရက်နဲ့ လာရောက်လုပ်ကိုင်သူတွေကိုတော့ သတ်မှတ်ပေးမှာ မဟုတ်ဘူးလို့ အထက်ပါ KIA အရာရှိ က ဆိုပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့နဲ့ မေလ ၁၉ ရက် နေ့က ကချင်လွတ်လပ်ရေးတပ်မ တော် (KIA)ကနေ စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီဝင်းကို မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပြီး ဧပြီလ ၂၀ ရက်နေ့မှာ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ https://www.facebook.com/myitkyinanewsjo urnal.mm/photos/pcb.185863042116 9870/1858629101170002/

၂၄။ စစ်ရှောင်လူထု ငါးထောင်ကျော် ဒီးမော့ဆိုအရှေ့ခြမ်းမှာ ပိတ်မိနေသေ
March 13, 2023

ကရင်နီပြည်အတွင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ စစ်ရှောင်ဦးရေ နှစ်သောင်း ကျော်အနက် ငါးထောင်ကျော်ဟာ ပိတ်မိနေတဲ့ ပုံစံမျိုးနဲ့ ကြုံတွေ့နေရတယ်လို့ မြေပြင်မှာ စစ်ရှောင်အရေးကူညီစောင့်ရှောက် ပေးနေတဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညား ကပြောပါတယ်။ “လက်ရှိအခြေအခြေအနေကပိတ်မိတာထက် စာရင် ပိတ်မိနေတဲ့ပုံစံမျိုးပေါ့နော အဲ့လိုဖြစ်နေတယ်။ လမ်းတွေမှာ တိုက်ပွဲဖြစ်တော့ သွားလို့လာလို့ မရတော့ဘူးဆိုတဲ့ဟာမျိုး ပေါ့နော။ ဒီနေ့တော့နည်းနည်းလေး ပြန်သွားလို့ရတယ် ဆိုတဲ့ပုံစံမျိုးတော့ဖြစ်တယ်ပေါ့နော။ တစ်နေ့နဲ့တစ်နေ့မတူဘူးပေါ့နော။ မနေ့ကပိတ်မိတယ်။ ဒီနေ့တော့ ပြန်သွားလို့ရတယ်ဆိုတဲ့ပုံစံမျိုးကို ကျနော်တို့ပြောလို့ရတယ်။”လို့ ပြောပါတယ်။ လက်ရှိ တိုက်ပွဲ ပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်ဦးရေ နှစ်သောင်းဝန်းကျင်အထိရှိနေပြီး တစ်သောင်းကျော်က တခြားနေရာတွေကို ထပ်မံတိမ်းရှောင်သွားကြပေမယ့် ငါးထောင်ကျော်ခန့်က ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ထပ်မံတိမ်းရှောင် သွားသူတွေအနေနဲ့လည်း နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲဖြစ်နေတာကြောင့် ရုတ်တရက် တိမ်းရှောင်ကြတဲ့ အတွက် ပစ္စည်းတွေမသယ်ယူနိုင်ခဲ့ဘူးလို့ ဒေါတမကြီးကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ကျမတို့မှာ ဘာမှမရှိတော့ဘူး။ ဘာမှလည်း ပြောစရာမရှိတော့ဘူး။ ကျမတို့ ငိုရင်လည်း မထူးတော့ဘူးလေ။ ကျမတို့ ဘာမှမယူရဘူးလေ။ စပါးဂျီထဲမှာလည်း ရှိတယ်။ မြေကြီးထဲမှာလည်း ထည့်ထားတယ်။ ကျမတို့ ဘာကိုယူရမလဲ မသိတော့ ဘာမှ မယူလာမီဘူးလေ။ ကျမတို့ ဘာသွားစားရမလဲ။ ကျမတို့မှာ ပိုက်ဆံလည်း မရှိဘူး။ တချို့က ကားရှိတော့ နည်းနည်းသယ်လို့ ရသေးတယ်။ ကျမတို့မှာက ဘာမှမရှိတော့ မသယ်ရဘူး။ ကျမတို့ ဆက်သွားရင် ဘာစားရမလဲ။ သူများကျွေးရင်တော်သေးတယ်။ မကျွေးရင် ဘာသွားစားရမလဲ။” လို့ အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။ ကျန်ရှိသေးတဲ့ စစ်ရှောင်တွေအနေနဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကို ဝိုင်းဝန်းထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းရဲ့ အလယ်မှာ ရှိနေ တာဖြစ်လို့ ပိတ်မိနေတဲ့ ပုံစံမျိုးဖြစ်နေတာပါ။ စစ်ကြောင်းဟာ ဒီးမော့ဆိုမြို့နယ် ဒေါကလော်ဒူအုပ်စုကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းနဲ့ ဘောလခဲမြို့နယ်ကနေ ထိုးစစ်ဆင်ပြီး ဒေါတမကြီးကျေးရွာအုပ်စုအတွင်းကို ရောက်ရှိနေတဲ့ စစ်ကြောင်းတွေနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ ကရင်နီတပ်မတော် KA တို့ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ထွက်ပြေးတိမ်း ရှောင်ဖို့ ကား၊ ဆိုင်ကယ်မလုံလောက်တာကြောင့် ကျေးရွာအတွင်းက သက်ကြီးရွယ်အိုတချို့ကိုလည်း အကုန်မခေါ်ဆောင်လာ နိုင်ခဲ့ဘူးလို့ ဒေါညေးခူကျေးရွာမှ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။ https://www.kantarawaddytimes. org/%e1 %80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80

၂၅။ မယ်ထော်သလေးစီမံကိန်းတွင်ပါဝင်ပတ်သက်ခြင်းမရှိကြောင်း KNU ကာကွယ်ရေးဌာနမှူး ပဒိုစောရောဂျာခင် ရှင်းလင်း
March 13, 2023

မြဝတီမြို့တောင်ပိုင်းရှိ မယ်ထော်သလေး ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၀ခုနှစ်က စတင်အကောင်အထည်ဖော်ဆောင် ရွက်သည့် စီမံကိန်းများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း စီမံကိန်းအုတ်မြစ်ချပွဲကို ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့သူ KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟိုကာကွယ်ရေးဌာနမှူး ပဒိုစောရောဂျာခင်က (မတ်လ ၁၂ ရက်) အဖွဲ့၏ သတင်းနှင့်ပြန်ကြား ရေးဌာန ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ရှင်းလင်းချက်လုပ်ဆောင်ခဲ့သည်။ ၂၀၂၀ ခုနှစ်က စတင်ခဲ့သည့် အဆိုပါ စီမံကိန်း အုတ်မြစ်ချပွဲတွင် KNU အဖွဲ့အစည်း နာမည်နှင့် တရုတ်စာသားပါ ဆိုင်ဘုတ်ကြီးဖြင့် အခမ်းအနား ပြုလုပ်ခဲ့ခြင်းအပေါ် သက် ဆိုင်ရာ ကရင်အရပ်ဖက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ထောက်ပြမေးခွန်းထုတ်ပြောဆို လာပြီးနောက် ကေအဲန်ယူ ကာကွယ်ရေးဌာနမှူးက ယခုလို ကရင်ဘာသာဖြင့် ပြောဆိုထားသည့် ရုပ်သံတွင် တရားဝင်ထုတ်ပြန် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ ၁၀ မိနစ်ကျော်ကြာပြောဆိုရှင်းလင်းသွားရာတွင် ၎င်းအနေဖြင့် တရုတ်ကုမ္ပဏီ ဖိတ်ကြားမှုအရသွား ရောက်ခြင်းဖြစ်ပြီး စီမံကိန်းနယ်မြေအတွင်းရှိ ပြည်သူများပိုင်ဆိုင်သည့်မြေယာများအတွက် ရသင့်ရထိုက်မှုရှိမရှိသည့်အပေါ် အသိသက်သေအနေဖြင့် အခမ်းအနားကို တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပဒိုစောရောဂျာခင်က ရှင်းလင်းပြောဆိုခဲ့သည်။

“မော်ထိုသလေးနေရာမှာ ဆောင်ရွက်မယ့်အတွက် သောင်ရင်းမြစ်ကမ်းနားတလျှောက် မြေဝယ်ပြီးဖြစ်တဲ့အတွက် လုပ်ငန်းစတင်ရန်အတွက် ပန္နက်တင်အခမ်းအနားပွဲကို တရုတ်က တက်ရောက်ဖို့ပြောလို့ ကျနော်တက် ရောက်ခဲ့တယ်။ တက် ရောက်တဲ့အခါ မြေယာနဲ့ပတ်သက်ရင် ထုံစံအတိုင်း ပြည်သူလူထုရဲ့ မြေကို ဒီအတိုင်း သိမ်းလိုက်တာတွေရှိတယ်။ ခုကုမ္ပဏီနှစ်ခု က ဝယ်ယူမယ့် မြေတွေအတွက် လိုချင်တဲ့ဈေးမရဘူးလို့ ပြည်သူတချို့ ဆီကကြားတယ်။ ကျနော်သွားတာက မြေယာအရောင်း အဝယ်အတွက် ပြည်သူတွေ ရသင့်ရထိုက်တာ ရရဲ့လား။ ကိုက်ညီမှုရှိရဲ့လားဆိုတာကို အသိသက်သေအနေနဲ့ ပန္နက်တင်အခမ်း အနားကို တက်ရောက်တာဖြစ်တယ်။” ဟု ပြောဆိုထားသည်။ ထို့အပြင် ၎င်းတက်ရောက်စဉ်အခါက တင်ထားသည့် ဆိုင်းဘုတ် စာသားကို သတိမထားမိကြောင်း၊ နောက်ပိုင်းမှ သတိထားမိပြီး ပြန်လည်ဖြုတ်ခိုင်းချိန် ဓါတ်ပုံရိုက်ထားပြီးပြီဖြစ်ကြောင်းနှင့် မြေဂရံရောင်းလိုက်သည့် ပိုင်ရှင်များအနေဖြင့် ရသင့်ရထိုက်ငွေကြေးများရကြသောကြောင့် အခမ်းအနားကို စတင်လိုက်ခြင်း ဖြစ်ကြောင်းလည်း ကေအဲန်ယူ ကာကွယ်ရေးဌာနမှူးက ဖြည့်စွက်ရှင်းလင်းသွားခဲ့သည်။ လက်ရှိအချိန်မှ ငြင်းချက်ထုတ်ပြန်ရ ခြင်းနှင့်ပတ်သက်၍လည်း စီမံကိန်းစတင်ချိန်တွင် KNU EC ကို ပြန်လည်ရှင်းလင်းတင်ပြကြောင်း ပဒိုစောရောဂျာခင်က ရှင်းလင်းပြောဆိုခဲ့သော်လည်း အဆိုပါ ကာလတွင် မည်သည့်အကြောင်းကြောင့် တရားဝင် ထုတ်ပြန်ရှင်းလင်းနိုင်ခြင်း မရှိရခြင်း အပေါ် ကရင်လူမှုအဖွဲ့အစည်း များကလည်း မေးခွန်ထုတ်ခဲ့ကြသည်။ https://kicnews.org/2023/03/%e1%80%99%e1%80 %9a%e1 %80%ba%e1%80%91%e1%80%b1%e1%80%ac%e1

၂၆။ လွိုင်ကော်ဘက်ကို ရောက်ရှိနေတဲ့ ဒီးမော့ဆိုစစ်ရှောင်တွေအတွက် အကူအညီလိုအပ်နေ
March 14, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ၆ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့အတွက် စစ်ရှောင်တချို့ဟာ ဘေးလွှတ်ရာလို့ယူဆရတဲ့ နေရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အဲဒီအထဲက လွိုင်ကော်မြို့ကို ရောက်ရှိနေသူ တစ်ထောင်ဝန်းကျင်ရှိနိုင်ပြီး သူတို့အတွက်အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက် ပေးနေသူတစ်ဦးက ပြောပါတယ်။ “လူဦးရေကတော့ ထောင်နဲ့ချီလိမ့်မယ်။ နေရာတွေ ပြန့်နေတော့ တိတိကျကျတော့ပြောဖို့ ခက်သေးတယ်။ ပြေးလာစဥ်က လမ်းကိုပိတ်ထားတာတွေရှိတော့ တော်တော်လေး ကိုခက်ခက်ခဲခဲနဲ့ ရေောက်လာကြတာများ ပါတယ်။ အခင်းတွေ၊ စောင်တွေနဲ့ ချက်ပြုတ်စရာအိုးခွက် တွေက အရေးပေါ်ကို လိုအပ်နေတယ်၊ နောက်ဆေးဝါးတွေကောပေ့ါ။ ‘’ လို့ သူက ပြောပါတယ်။

စစ်ရှောင်တွေဟာ လွိုင်ကော်မြို့မှာ နေထိုင်ရင်း စားသောက်ဖို့အတွက် ဝယ်သုံးရတာတွေ ရှိတဲ့အတွက် ဆေးဝါးတွေကို ဝယ်ယူဖို့ ပိုက်ဆံ မရှိတော့ဘူးလို့ ဆိုကြပါတယ်။ လက်ရှိ ကုန်စျေးနှုန်းတွေ မြင့်တတ်နေတဲ့အတွက် စစ်ရှောင်တွေကို ကူညီဖို့ အခက်ခဲတွေ ရှိနေတယ်လို့ လွိုင်ကော် ဒေသခံတစ်ဦးက ပြောပါတယ်။ “သွားလှူ ဖို့ ရာက တပ်က ကိုယ့်ကို ရန်ရှာမှာလည်း ကြောက်ရတယ်၊ စျေးတွေက အဆမတန်တက်နေတော့ ကိုယ်တိုင်စားဖို့တောင်အတော် ရုန်းကန်နေရတယ်ဗျာ။ သိတဲ့အတိုင်း ဒီမှာ ဘာအလုပ်မှ မဖြစ်တာက ၂ နှစ်ကျော်ပြီ မဟုတ်လား။”လို့ လွိုင်ကော် ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။ လွိုင်ကော်မြို့ မှာဆိုရင် WFP ကနေ တိုက်ပွဲရှောင်တွေအတွက် စားနပ်ရိက္ခာတွေကို ရပ်ကွက်အလိုက် ထောက်ပံ့ပေးနေတာတွေရှိပါတယ်။ လွိုင်ကော်မြို့ကို ရောက်ရှိလာတဲ့ စစ်ရှောင်တွေကတော့ အထောက်အပံ့တွေ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။ တိုက်ပွဲပြင်း ထန်နေတဲ့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ထပ်ဆင့်စစ်ရှောင်အပါအဝင် ဒေသခံလူဦးရေ ၂ သောင်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေပါတယ်။ https://www.facebook.com/KantarawaddyTim es/photos/pcb.5950216865096774/5950215711763556/

၂၇။ ရခိုင်အခြေစိုက် သတင်းဌာန ၂ ခုကို အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
March 13, 2023

ရခိုင်အခြေစိုက်သတင်းဌာနများဖြစ်သည့် Narinjara သတင်းဌာနနှင့် Border News Agency (BNA) သတင်းဌာနတို့ သည် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် လှုံ့ဆော်ရေးသားနေသည်ဟုစွပ်စွဲပြီး ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်လိုက်သည်။ ရခိုင်ပြည်နယ် စစ်ကောင်စီ၏ သွားလာလှုပ်ရှားမှုများကို ဖြန့်ဝေ နေသော စစ်ကောင်စီထိန်းချုပ်ရာ ရခိုင်နေ့စဉ် စာမျက်နှာတွင် မတ်လ ၁၁ ရက်နေ့က ထိုသို့ခြိမ်းခြောက် ရေးသားထားခြင်းဖြစ် သည်။ ရခိုင်တွင် စစ်တပ်က ဂိတ်များတိုးချဲ့ဖွင့်ခြင်း၊ မလိုအပ်ဘဲ စစ်ဆေးခြင်း၊ ငွေကြေးတောင်းခံခြင်း၊ များရှိကြောင်း BNA သတင်းဌာနနှင့် Narinjara သတင်းဌာနတို့က အသီးသီးထုတ်လွှင့်ခဲ့ပြီးနောက် စစ်ကောင်စီက ထိုသို့ခြိမ်းခြောက်လာခြင်း ဖြစ်သည်။ “အစိုးရ၊ တပ်၊ ဌာနဆိုင်ရာများ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းထိခိုက်စေသည့် သတင်းရေးသားသူများ၊ သတင်းဌာန များအား ထိရောက်စွာအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း” ဟု စစ်ကောင်စီက ရေးသားထားသည်။

စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ ခြိမ်းခြောက်ပြောဆိုခြင်းမှာ စစ်တပ်က ကျူးလွန်နေသည်များကို သက်သေအထောက် အထားများဖြင့် တင်ပြနေခြင်းကြောင့် ဖြစ်သည်ဟု BNA သတင်းဌာန၏ တာဝန်ခံအယ်ဒီတာ ကိုကောင်းမြတ်နိုင် က ပြောသည်။ “ရခိုင်မှာ သတင်းဌာနတွေ၊သတင်းသမားတွေကို စစ်ကောင်စီက ခြိမ်းခြောက်နေ တာကြာပါပြီ၊ အဓိက မြေပြင်အနေအမှန်တွေ ကို ဖော်ထုတ်ရေးသားနိုင်တာရယ်၊ စစ်တပ်က ကျူးလွန်နေတဲ့ သက်သေအထောက်အထားတွေကို တင်ပြနိုင်တာ ကြောင့်ဖြစ်ပါ မယ်”ဟု ၎င်းကဆိုသည်။ ယင်းအပြင် BNA သတင်းအနေဖြင့်လည်း ပြီးခဲ့သည့် ခုနစ်လလောက်က စတင်ပြီး ခြိမ်းခြောက်ခံနေရမူ အခြေအနေများကြောင့် လက်ရှိမှာ တိမ်းရှောင်နေရကြောင်းလည်း BNA တာဝန်ရှိသူက ဆက်ပြောသည်။ “ ကျွန်တော်တို့ကို ပြီး ခဲ့တဲ့ ၆ လ၊ ၇ လ လောက်ကတည်းက စစ်ကောင်စီဖက်က ဖုန်းဆက်သတိပေးတာတွေ၊ ပြည်နယယ်အဆင့်လူကြီး၊ တွေက သတိ ထားရှောင်နေကြဖို့ အသိပေးတာတွေရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က သတိးထားရှောင်နေကြရတာကြာပါပြီ။ သတင်းသမားတွေလည်း ခြိမ်းခြောက်မူတွေကြားမှာ သတိထားလုပ်နေကြရပါတယ်။”ဟု၎င်းကဆက်ပြောသည်။ စစ်ကောင်စီ သည် Narinjara သတင်းဌာန၏ တာဝန်ခံ အယ်ဒီတာနှင့် သတင်းထောက်တစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက အမှုဖွင့်ခဲ့သေးသည်။ ထို့အပြင် Narinjara သတင်း ဌာနမှ မတ်လ ၇ ရက်နေ့က ဖော်ပြခဲ့သော ကုန်းလမ်း၊ ရေလမ်းများတွင် စစ်တပ်က ငွေကြေးကောက်ခံနေ သည့်အကြောင်း သတင်းနှင့် ပတ်သက်ပြီး တာဝန်ခံအယ်ဒီတာချုပ်ကို မတ်လ (၁၁) ရက်နေ့တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထပ်မံ အဖွင့်ထားကြောင်း စစ်ကောင်စီက ဆိုသည်။ https://www.facebook.com/MizzimaDaily/photos/a .320351647999747/ 6503510763017107/

၂၈။ ကုလသမဂ္ဂလုံခြံရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်ကို ထိရောက်စွာအရေးယူရန် HRW တိုတ်တွန်း
March 14, 2023

မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် မြန်မာစစ်တပ်အနေနဲ့ တာဝန်ခံမှုရှိစေဖို့ အတွက် တကယ်လက်တွေ့ကျတဲ့၊ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ကုလသမဂ္ဂလုံခြံရေးကောင်စီကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)က တိုက်တွန်းလိုက်ပါတယ်။ မတ်လ ၁၃ ရက်မှာ လုံခြုံရေးကောင်စီက မြန်မာ့ အရေးနဲ့ပတ်သက်လို့ တံခါးပိတ်ဆွေးနွေးနေစဉ်မှာ HRW က ထုတ်ပြန်တိုက်တွန်းလိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက ချမှတ်ခဲ့တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့လည်း နယူးယောက် အခြေစိုက် HRW အဖွဲ့က တောင်းဆိုပါ တယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ နိုလင်းဟေဇာ အပြင် အာဆီယံအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံး အကြီးအကဲဖြစ်သူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီတို့ရဲ့လည်း သူတို့ ရဲ့ အစီရင်စာခံတွေကို ကုလလုံခြုံကောင်စီအစည်းအဝေးမှာ ကြားနာသွားမှာပါ။ ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ အရ လုံခြုံရေး ကောင်စီအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုအပေါ် ပိတ်ပင်တာအပါအဝင် မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC)ထံ လွှဲပြောင်းပေးတာမျိုးနဲ့ စစ်ခေါင်းဆောင်တွေ၊ စစ်တပ်ပိုင်ကုမ္ပဏီတွေအပေါ်မှာ ပစ်မှတ်ထားပိတ် ဆို့တာ အစရှိသဖြင့် အဓိပ္ပာယ်ပြည့်ဝတဲ့ ဆောင်ရွက်ချက်တွေနဲ့အတူ အရေးယူသင့်ကြောင်း HRW က ထောက်ပြပါတယ်။

HRW အဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒါရိုက်တာ လူးဝစ်ချာဘွန်နိုက “စစ်အစိုးရအနေနဲ့ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဒီဇင်ဘာလဆုံးဖြတ်ချက်အပေါ် လျစ်လျူရှုနေမှုဟာ ပြင်းထန်တဲ့ အရေးယူမှုတွေပါဝင်တဲ့ ဆုံးဖြတ်အသစ်တစ်ခု လိုအပ်နေပြီ ဆိုတာကို ပြသနေတာဖြစ်တယ်”လို့ မှတ်ချက်ပေးပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံအနှံ့ အပြားကကျေးရွာတွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်၊ လေကြောင်းတိုက်ခိုက်၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အနည်းဆုံးလူပေါင်း ၂၆၃ ဦး သေဆုံးခဲ့ရပြီး အဓမ္မပြုကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားလက်လွန်သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်း သားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)က ထုတ်ပြန်ထားပါတယ်။ ဒီကာလတူအတွင်း မြန်မာနိုင်ငံမှာ အနည်းဆုံးလူပေါင်း ၄၈၆ ဦး ဖမ်းဆီးခံရကာ အဲ့ဒီထဲက အနည်းဆုံး ၄၀၁ ဦးကို အာဏာသိမ်းစစ်တပ်က ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့လည်း သိရ ပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေအပေါ် နေ့စဉ်နဲ့အမျှ ချိုးဖောက်ကျူး လွန်နေမှုကို ခိုင်မာတဲ့ခြေလှမ်းတွေနဲ့အတူ တန်ပြန်နိုင်ဖို့အတွက် ဒီကနေ့အစည်းအဝေးကို အသုံးချသင့်တယ်ဆိုပြီး HRW လူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုလိုက်တာပါ။ https://burmese.dvb.no/archives/583222

၂၉။ ရပ်စောက်မြို့နယ်တွင် မိုးသက်လေပြင်းနှင့်မိုးသီးကြွေသဖြင့် အိမ်ခြေ ၁၀၀ ကျော် ပျက်စီး
March 14, 2023

ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအုပ်စုထဲမှာ ဒီကနေ့မနက်စောစောက မိုးသက်လေပြင်းနဲ့ မိုးသီးတွေ ကြွေကျပြီး အိမ်ခြေ ၁၀၀ ကျော်နဲ့ သီးပင်စားပင်တွေ အတော်များများ ပျက်စီးသွားခဲ့ပါတယ်။ ဒီကနေ့ မနက် ၂ နာရီ ၄၅ မိနစ်ကနေ ၃ နာရီခွဲထိ မိုးသက်လေပြင်းနဲ့ မိုးသီးတွေ ကြွေကျတာဖြစ်ပြီး အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ သူတို့ရွာမှာ အိမ်ခေါင်မိုး တွေအတော်များများ ပျက်စီးသွားတာလို့ နောင်ဝိုးရွာသူကြီး ဦးစိုင်းဆောက ပြောပါတယ်။

“ဒီကနေ့မနက်အစောကြီး မိုးမလင်းခင်မှာ လေတွေအရင်တိုက်လာတယ်၊ ပြီးတော့ မိုးသီးတွေကြွေတယ်၊ ပြီးတော့မှ မိုးတွေရွာလာတယ်။ မိုးသီးတွေက အခုထိ (မနက် ၁၀ နာရီကျော်) ရှိနေတုန်းပဲ။ အပျက်အစီးက တော်တော်များပါတယ်။ အများ အားဖြင့် အိမ်ခေါင်မိုးတွေပေါက်ကုန်တာ၊ လေနဲ့အတူလွင့်သွားတယ်။ ကျနော်တို့နောင်ဝိုးရွာထဲမှာ ရပ်ကွက် ၃ ခုရှိတယ်၊ အိမ်ခြေ ပေါင်း ၃၀၀ ကျော်တယ်ဆိုတော့ ပျက်စီးတာရာနဲ့ချီပါတယ်။ စာရင်းအတိအကျမရသေးဘူး၊ အခုစာရင်းကောက်နေတုန်းပါပဲ။ သီးနှံတွေလည်း ပျက်စီးတယ်။ သရက်သီးတွေ၊ ငှက်ပျောသီးတွေ ဘာမှစားလို့မရတော့ဘူး၊ အကုန် လုံးကြွေကျပျက်စီး ကုန်ပြီ၊ ဟင်းသီးဟင်းရွက်ပင်တွေလည်း ပါတာပေါ့။” နောင်ဝိုးရွာအပြင် နောင်ဝိုးအုပ်စုထဲမှာရှိတဲ့ နားကတ်၊ ငဲ့စင် စတဲ့ရွာတွေလည်း လေပြင်းမိ တယ်ကြားပေမယ့် အပျက်အစီးမသိရကြောင်း၊ အဆိုပါလေပြင်းနဲ့ မိုးသီးမိုးပေါက်တွေဟာ မနက် ၁၀ နာရီ လောက် မှာတော့ မိုင်းကိုင်မြို့နယ် ဖတ်ခဲမ်းနဲ့ ပန်ပေါ်ကျေးရွာတွေဘက် ရောက်သွားပြီလို့ သူကြီးက ပြောသွားပါတယ်။ နောင်ဝိုးရွာဟာ ရပ်စောက်နဲ့ အင်တောမြို့နယ်ခွဲကြားမှာရှိတဲ့ ရွာကြီးတရွာ ဖြစ်ပါတယ်။ https://burmese.dvb.no/archives/583265

၃၀။ စစ်ကောင်စီအဖွဲ့ နှင့် အပစ်ရပ် (၇) ဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမည်
March 13, 2023

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီတို့က အလွတ်သဘော တွေ့ဆုံဆွေးနွေးမည်ဟု သတင်းရရှိသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ နောက်ဆုံးပတ်တွင် စီစဥ်ထားပြီး သာမာန်မဟုတ်သည့် နိုင်ငံရေး အခြေအနေများ နှင့် ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းစဥ်များ တွေ့ဆုံဆွေးနွေးရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း PPST ပြောရေးဆိုခွင့် ရှိသူဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောသည်။ “ကျနော်တို့ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာက အခုမှ မဟုတ်ပါဘူး၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ကတည်းက ကမ်းလှမ်းထားတယ်၊ အရင်ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုပြီးတော့ ကျနော်တို့ တစ်ဖွဲ့ချင်း ဖိတ်ခေါ်ဆွေးနွေးတယ်၊ အခုကျနော်တို့ နိုင်ငံရေး ငြိမ်းချမ်းရေး အခြေအနေတွေဟာ ဘယ်အစိုးရခေတ်မှာမှ မရှိခဲ့ဖူးတဲ့ အဆင် မပြေမှုတွေ ရှုပ်ထွေးမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ အတွက် အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နိုင်ငံရေး အဖြေရှာမှု ဖြစ်လာဖို့ရည်ရွယ်ထားပါတယ်”ဟု PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်ကပြောသည်။ စစ်ကောင်စီ တပ်ဖွဲ့ နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန်အတွက် မတ်လ (၂၈ – ၂၉) ရက် လျာထားပြီး အချိန်နှင့် နေရာကိုမူ တိတိကျကျ မသတ်မှတ်ရသေးကြောင်း ဗိုလ်မှူးကြီး စောကျော်ညွှန့်က ဆက်ပြောသည်။

ထို့အပြင် လက်ရှိ စစ်တပ်မှ အာဏာသိမ်းယူသည့် နှစ်နှစ်တာကာလအတွင်းတွင် NCA စာချုပ်ကိုအခြေခံပြီး လုပ်ဆောင် နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များလည်း စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် လုပ်ငန်းစဥ် (Stakeholders) များ စုံစုံလင်လင် မရှိတော့ဘဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုများလည်း ရပ်တန့်ခဲ့ရသည့်အတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေး အဖြေ ရှာသင့်ကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။ “ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ဆိုတာ NCA ကို အခြေခံပြီး လုပ်ထားတာဖြစ်တယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းယူမှု နောက်ပိုင်းမှာဆိုရင်တော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တွေက စုံစုံလင်လင် မရှိတော့ NCA လမ်းကြောင်းအရ သွားနေတဲ့ ငြိမ်းချမ်းရေး ကလည်း အဲ့ချိန်ကတည်းက ရပ်သွား တယ်လို့ ပြောနိုင်ပါတယ်၊ ဒါကြောင့်မို့ အခုဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာတွေ ပဋိပက္ခတွေကို တစ်ဖွဲ့ချင်းစီ မဟုတ်ပဲ အဖက်ဖက် ကပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ပြီး အဖြေရှာသင့်တယ်”ဟု ဗိုလ်မှူးကြီး စောကျော်ညွန့် က ဆိုသည်။ စစ်ကောင်စီ ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တွေ့ဆုံရန် အတွက်ကြိုးပမ်းနေသည့် အပစ်ရပ် EAOs (၇) ဖွဲ့တွင် မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS) တို့ပါဝင်ကြောင်း သိရသည်။ https://burmese.shannews .org/archives/33491

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။