• Today is: Friday, April 19, 2024

မင်းတပ်က အရပ်သားများ လေကြောင်းထပ်မံ တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိခဲ့

CDF-Mindat (သတင်း၊ပြန်ကြားရေးနှင့် မှတ်တမ်းဌာန)

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဧပြီလ ၁၇ ရက်၊၂၀၂၃ ခုနှစ်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာများကို ရည်ရွည် ချက်ရှိရှိ တိုက်လေယာဥ်များဖြင့် အကြမ်းဖက် စစ်ကောင်စီက ယမန်နေ့ ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းမှာ ထပ်မံ ဗုံးကြဲခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ လေကြောင်းထပ်မံ တိုက်ခိုက်ခံရမှုအတွင်း အရပ်သား အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူလည်း များခဲ့သလို နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ CDF-Mindat ဘက်က သတင်းထုတ်ပြန်ပါတယ်။

အခုလို စစ်ကောင်စီ၏ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှု့ကျူးလွန် တိုက်ခိုက်မှုဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

မင်းတပ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီလ ၇ ၊ ၁၀၊ ၁၁ ရက်နေ့က သုံးရက်ဆက် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရတာကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့သလို၊ နေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ပါတယ်။

ထို့ကြောင့် ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့မှာတော့ စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်မှုအန္တရာယ် ကာကွယ်နိုင်မယ့် ပုန်းခိုရန် ကတုတ်ကျင်းများ (သတ်မှတ်ထားသည့် စံနှုန်းအတိုင်း) အရေးပေါ် အမြန်ဆုံး တူးထားကြဖို့ CDF-Mindat က ထပ်မံအသိပေး တိုက်တွန်းထားတာပါ။