• Today is: Friday, April 26, 2024

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ (၂) နှစ်ပြည့် တပ်တော်နေ့ အခမ်းအနားသို့ ညီနောင် မဟာမိတ် (၃) ဖွဲ့က ဂုဏ်ပြုသဝဏ်လွှာပို့

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဧပြီလ (၁၇) ရက်၊ ၂၀၂၃ ခုနှစ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)ဟာ ဗမာကိုယ်စားပြု တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် ညီနောင်မဟာမိတ် (၃)ဖွဲ့အပါအဝင် အခြားသော တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထူထောင် ထားနိုင်ပြီး လက်တွေ့ကျသော် တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဒ့ါအပြင် ဗမာပြည်သူလူထုများနှင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတချို့၏ ဖေးမမှု၊ ဝန်းရံပံ့ပိုးပေးမှု၊ ယုံကြည်မှုကို ရရှိထားပြီး တိုက်ပွဲအတွေ့အကြုံ အတန်အသင့်ရရှိထားသလို ဦးဆောင်သူများနှင့် တပ်ဖွဲ့ဝင်များက စည်းလံးညီညွတ်မှုနှင့် ကြိုးပမ်းအားထုတ်မှုအပြင် တော်လှန်ရေး စည်းကမ်းလိုက်နာနိုင်မှုများကို တန်းဖိုးထား အသိအမှတ်ပြုတယ်လို့ ဒီကနေ့ ဧပြီလ (၁၇) ရက်နေ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၏ (၂) နှစ်ပြည့် တပ်မတော်နေ့အခမ်းအနားသို့ ညီနောက်မဟာမိတ် (၃) ဖွဲ့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ ထားပါတယ်။