• Today is: Friday, May 17, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

ဖက်ဒရယ်ဂျာနယ်မြန်မာ

(No. 36, May 5, 2023)

၁။    KNU တပ်မဟာ ၄၏ ပစ်ခတ်မှုကြောင့် MSDF ရဲဘော် ၄ ဦးသေဆုံး၊ ၅ ဦးပျောက်ဆုံးနေ
       May 5, 2023

KNU တပ်မဟာ ၄၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) မှ ရဲဘော် ၄ ဦး သေဆုံးခဲ့ ရပြီး ၅ ဦးမှာ ပျောက်ဆုံးနေကြောင်းကို မေလ ၄ ရက်နေ့တွင် MSDF မှ ထုတ်ပြန်ထားပါတယ်။ ဧပြီလ ၂၉ ရက်နေ့တွင် MSDF တပ်ရင်း ၃ မှ တာဝန်ခံ နိုင်တမော့ချမ်းနှင့် အဖွဲ့မှာ KNU တပ်မဟာ ၄ တပ်ရင်း ၁၁ မှ ဗိုလ်ကြီး စောဘွဲ့မှူးနှင့် တော်လှန်ရေး လုပ်ငန်းများအတူတကွ လုပ်ဆောင်ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပြီးအပြန်တွင် ဧပြီလ ၃၀ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် KNU တပ်မဟာ ၄ တပ်ရင်း ၁၁ ၏ ပစ်ခတ်မှု ကြောင့် MSDF မှ တပ်ခွဲမှူး ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးခဲ့ပြီး နေ့လယ် ၁၂ နာရီခန့်တွင် ဒုတိယအကြိမ် ထပ်မံပစ်ခတ်မှုကြောင့် အရပ်သား ယာဥ်မောင်း ၁ ဦးနှင့် ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း နှင့် ရဲဘော် ၅ ဦးပျောက်ဆုံးလျှက်ရှိနေကြောင်း ထုတ်ပြန်ထားပါ တယ်။ ” ရဲဘော် ၅ ဦးနဲ့ အဆက်သွယ်မရသေးပါဘူး။ ​ဒီဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီ KNU ဗဟိုကို ဆက်လက်တိုင်ကြားသွားဖို့ ရှိပါတယ်”လို့ MSDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ KNU တပ်မဟာ ၄ တပ်ရင်း ၁၁ ၏ တိုက်ခိုက်၍ MSDF တပ်ဖွဲ့များမှ လက်နက်အချို့ကိုပါ သိမ်းယူသွားကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ https://www.facebook.com/photo/?fbid=708677437929521&set=pcb.708677521262 

၂။    ဖားကန့်က အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး
      May 5, 2023

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာနေထိုင်တဲ့ ဦးကျော်ဦးနဲ့ ဦးဇော်ဒွဲခေါင် ဒေသခံအရပ်သား နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက မေလ ၄ ရက် မနေ့က ဖမ်းဆီးသွားပြီးနောက် သတင်းအစအနမရဘဲ ပျောက်နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။ စစ်ကောင်စီက သူတို့အလိုရှိသူတွေကို လာရောက်ရှာဖွေရာမှာ မတွေ့တဲ့အတွက် သူတို့နှစ်ဦးကို ဖမ်းဆီး သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မေလ ၄ ရက်နေ့ မနက်ပိုင်း ၁ နာရီလောက်မှာ ဟုတ် ကား ၃ စီးနဲ့လာပြီး ဖမ်းတာ။ သူတို့ရှာတဲ့သူ မတွေ့တော့ အိမ်မှာရှိနေတဲ့ လူနှစ်ယောက်ကို ဖမ်းသွားတယ်။ ကားလည်း တစ်စီးယူသွားတယ်။ အခုချိန်ထိတော့ဘယ်မှာ ဖမ်းထားတာလဲဆိုတာကို သေချာမသိရသေးဘူး” ဖားကန့်မြို့ မှော်ဝမ်း ရပ်ကွက် မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို ဖမ်းဆီးတာတွေ မကြာခဏရှိနေပြီး မေလ ၂ ရက်နေ့ကလည်း မှော်ဝမ်းရပ်ကွက် မင်းမင်းကျော် ရေဆေးဆီးလိုက်ဆိုင်နားက လမ်းသွား လမ်းလာတွေကို စစ်ဆေးပြီး ပြည်သူ ၁၅ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း ဖားကန့်မြို့က ရှုထောင့်သစ် လက်ဖက်ရည်ဆိုင် ပိုင်ရှင်၊  ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရာရှိတစ်ဦးနဲ့  ပြည်သူ ၃၀ ဦးကိုလည်း  နေအိမ်ထဲထိလာပြီး စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီအထဲက အများစုကပြန်လွတ်လာကြပေမဲ့ နေအိမ်တွေထဲအထိ လာရောက် ဖမ်းဆီးခံရတဲ့သူတွေကတော့ ပြန်လွှတ်လာတာ မရှိဘူးလို့လည်း ဒေသခံတွေကပြေပါတယ်။ https://www.facebook.com/photo/?fbid=6 0176936810379&set=a.58363 7430464330

၃။    စစ်ကောင်စီရိက္ခာပို့လမ်းကြောင်းအတွက် လုံခြုံရေးယူပေးနေသော BGF တပ်စခန်းအား KNLA ဝင်တိုက်
       May 5, 2023

KNLA-ကရင့်အမျိုးသားတပ်မတော် ဝင်ရောက် တိုက်ခိုက်မှုအတွင်း BGF-နယ်ခြားစောင့်တပ်မှ အရာရှိ သုံးဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ ၅ မူတြော်သတင်းက ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကေအဲန်ယူတပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းစစ်မြေပြင်အတွက် လက်နက်ခဲ ယမ်း၊ စားနပ်ရိက္ခာများ ပို့ဆောင်ရန်အတွက် လမ်းလုံခြုံရေးအား တာဝန်ယူ စောင့်ကြပ်ပေးထားသည့် BGF တပ်နယ်(၃)၊ နီကန် စခန်းအား KNLA-အမှတ် (၅) တပ်မဟာတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါ BGF စခန်းအား KNLA တပ်ဖွဲ့ဝင် များက ယခုလ မေ ၂ ရက်၊ မွန်းလွဲ ၁း၄၀ နာရီအချိန်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုအတွင်း၌ နယ်ခြားစောင့် BGF တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ခြင်း ဖြစ်ကာ ထိုသေဆုံးသူများ စာရင်းတွင် တပ်ခွဲမှူး တစ်ဦး၊ ဒု-ခွဲမှူး တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး ပါရှိသည်ဟု မူတြော်သတင်းက ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲ အတွင်း BGF တပ်ဖွဲ့ဝင်များထံမှ AR ငါးလက်နှင့်အတူ ၎င်း၏ ကျည်ဆံအပြည့်ပါ ကျည်ဘောက် ၁၆ ချပ်၊ 9-MM-နိုင်းမမပစ်စတို တစ်လက်၊ RPG-7 တစ်လက်နှင့် ၎င်းဗုံးသီး ခြောက်လုံး၊ NATO စက်လတ် တစ်လက်နှင့် ၎င်း၏ ကျည် ၅၀၀ လုံးနှင့် ဆက်သွယ် ရေးစကားပြောစက် နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ BGF စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း၌ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံး၍ ငါးဦး မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု သိရသည်။  https://www.facebook.com/photo/?fbid=601034192060546&set=a.583749347122364

၄။    စစ်ရှောင်များရှိသည့် မိုးဗြဲအနောက်ခြမ်းကို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်
       May 5, 2023

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲအနောက်ခြမ်းရှိ ရီနွဲ့ကျေးရွာအုပ်စုကို ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီ တပ်က တိုက်လေယာဥ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ အဆိုပါဒေသတွင် တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ နံနက်အစောပိုင်း ၄ နာရီခန့်တွင် တိုက်လေယာဥ်ဖြင့် နှစ်ကြိမ် ဗုံးကြဲသွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ အဆိုပါကျေးရွာတွင် စစ်ဘေးရှောင်များလည်း ရှိနေပြီး ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှု၊ ပျက်စီး ဆုံးရှုံးမှုအခြေအနေများကို မသိရှိရသေးဟု ၎င်းက နံနက် ၇ နာရီခွဲခန့်တွင် သံလွင်ခက်ကို ပြောသည်။  စစ်ကောင်စီတပ်သည် အဆိုပါ ကျေးရွာအုပ်စုဘက်ကို ပြီးခဲ့သည့် ဧပြီ ၃၀ ရက်မှ မေလ ၄ ရက်အထိ ၅ ရက်ဆက်တိုက် ကင်းထောက်ဒရုန်းဝဲခဲ့ပြီးနောက် ယနေ့နံနက်အစောပိုင်း၌ လာရောက်ဗုံးကြဲသွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်တွင်လည်း ဖယ်ခုံမြို့နယ် အနောက်ကယန်းဒေသ ရီနွဲ့ကျေးရွာအုပ်စုရှိ ဆောင်းဖွေးဆေးရုံ အား စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် ငါးကြိမ်ထက်မနည်း ဗုံးသီး ၁၀ လုံးကျော်ဖြင့် ပစ်ခတ်ဗုံးကြဲတိုက်ခိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦး ရှိခဲ့ပြီး ဆောင်းဖွေးဆေးရုံ တစ်ရုံလုံးနီးပါး ပျက်စီးခဲ့သည်။  https://www.fa cebook.com/photo?fbid=600988358731796&set=pcb.600988392065126

၅။    စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း KNU နယ်မြေထဲတွင် အမျိုးသမီး ၇၇ ဦးသေဆုံးခဲ့
       May 4, 2023

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက် နက်ကြီးပစ်ခတ်မှုများကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေထဲတွင် သေဆုံးရသည့် အမျိုး သမီး ဦး ရေ ၇၇ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၉၅ ဦးရှိသည်ဟု ကရင်အမျိုးသမီးအစည်းအရုံး Karen Women Organization-KWO ပြုစု ထားသည့် စာရင်းအရ သိရသည်။ အဆိုပါ ထိခိုက်၊ သေဆုံးခဲ့ရသည့် အမျိုးသမီး စုစု ပေါင်း ၂၇၂ ဦးထဲတွင် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၂၇ ဦးပါဝင်ကြောင်း KWO ၏ စာရင်းတွင် ဖော်ပြထားသည်။ KWO အတွင်းရေးမှူးဖြစ်သူ နော်ကညောဖောက “ထိခိုက်သေဆုံးတဲ့အထဲမှာ ပြန်ကြည့်လိုက်ရင် စစ်တပ်ဘက်က လေယာဉ်နဲ့လာပစ်တာပြီးတော့ သူတို့ရှိတဲ့ စခန်းကနေ ရွာတွေ ထဲကို လက်နက်ကြီးတွေနဲ့ပစ်တော့ ဒေသခံနေ တဲ့နေရာ လုပ်ကိုင်စားသောက်တဲ့နေရာတွေမှာကျတော့ ထိခိုက်သေဆုံးတာဖြစ် တယ်။ အဲဒီမှာရှိတဲ့ အထူးသဖြင့် အမျိုး သမီးနဲ့ ကလေးတွေက ပိုခံစားရတယ်”ဟု ပြောသည်။ အဆိုပါ ထိခိုက်သေဆုံးသည့် အမျိုးသမီးများအနက် စစ်ကောင်စီ ၏ လေကြာင်းပစ်ခတ်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု အရှိန်တိုးမြှင့်လာသည့် မူတြော်ခရိုင်၊ တပ်မဟာ ၅ နှင့် ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ အများဆုံးဖြစ်ကာ ၂၀၂၃ ခုနှစ်ဆန်းပိုင်းတွင် ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နှင့် တောင်ငူခရိုင်၊ တပ်မဟာ ၂ တို့တွင် အမျိုးသမီးများ ထိခိုက်သေဆုံးမှုများလာကြောင်းလည်း KWO က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် များ သည် အမျိုးသမီးများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ယူအသုံးပြုများ ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရှိရကြောင်း၊ ကေအဲန်ယူနယ်မြေအတွင်းရှိ အမျိုးသမီးများသည် ထိခိုက်သေဆုံးမှု ပိုများလာသည်မကဘဲ အမျိုးသမီးအခွင့်အရေး ချိုးဖောက် ခံရမှုလည်း ယခင်ထက် အဆမတန် ပိုမိုများလာသည်ကိုတွေ့ရှိရကြောင်းလည်း KWO က ပြောသည်။ “စစ်အာဏာသိမ်းတဲ့ နောက်မှာ အမျိုးသမီးတွေက သေဆုံးမှုများလာတာမကဘဲ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပြီးတော့မွေးကင်းစအမျိုးသမီးတွေ ဟာ လိုအပ်တဲ့ဆေးဝါးကုသခွင့်ဆုံးရှုံးမှုများလာတယ်။ သူတို့တွေဟာ စစ်ဒဏ်ကြောင့် တိမ်းရှောင်ရတော့ သားသမီးအတွက် ပိုပြီး စဉ်းစားလာရတယ်။ ဒါကလည်း လူ့အခွင့်အရေးချိုးဖောက်ခံရတာပေါ့။ အခုက စစ်အုပ်ချုပ်တဲ့အတွက် စစ်တပ်ဘက် ကျူးလွန် နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြန်ပြီးအရေး ယူတာတွေမရှိဘူး။ အဲဒါကြောင့် သူတို့ကို အပြစ်ပေးအရေးယူနိုင်ဖို့အ တွက် နိုင်ငံတကာ ဝိုင်းပြီး ဖိအားပေးမှရမယ်”ဟု နော်ကညောဖောက ပြောသည်။ ကရင်အမျိုးသမီးအစည်းအရုံး -KWO ၏ ပြုစု ထားသည့် စာရင်းအရ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှစတင်၍ ၂၀၂၃ ခုနှစ်အထိ ကေအဲန်ယူ -ကရင် အမျိုးသား အစည်းအရုံး ထိန်းချုပ်သည့်နယ်မြေထဲတွင် သေဆုံးခဲ့ရသော အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၂၆၁ ဦးရှိကြောင်း ဖော်ပြထား သည်။ https://kicnews.o rg/2023/05/%e1%80%85%e1%80%85%e1%80%ba%e1%80%a1%e1%80%ac%e1%80

၆။    ပုလောနန်းတောင်နှင့် ထမင်းမစားရွာတွင် တိုက်ပွဲဖြစ်
       May 4, 2023

မြိတ်ခရိုင်ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာနှင့် ထမင်းမစားကျေးရွာတို့တွင် ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ဒေသခံများနှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၁ တို့ထံမှ သိရသည်။ နန်းတောင်ကျေးရွာတွင် ယနေ့ (မေ ၄)နံနက်က လက်နက်ငယ်ပစ်ခတ်သံများ ကြားခဲ့ရပြီး ပုလောစစ်ကောင်စီတပ်က နန်းတောင်အနီးအနားရှိ ကျေးရွာများ ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများ ကပြောသည်။ နန်းတောင်ကျေးရွာသည် KNU တပ်မဟာ ၄ နယ် မြေ၏ ပုလောမြို့ဘက်မှ ဝင်ပေါက်ဖြစ်ပြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုရှိရာ ယင်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်များ က မကြာခဏတိုက်ခိုက်လေ့ရှိသည်။ အလားတူ မေလ ၃ ရက်နေ့ နံနက် ၈ နာရီခွဲကလည်း ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ အနီးရှိ စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုမှ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီအထိ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်း အဖွဲ့မှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွါနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်မှ ဒရုန်းတစ်စီးပျက်စီးဆုံးရှံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှလည်း ၇ ဦးခန့်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။ အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး မြိတ်ခရိုင်တပ်ရင်း ၁ နှင့် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) တို့မှ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ပုလောမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေသဖြင့် မိဘပြည်သူများ အနေဖြင့် လုံခြုံရေးသတိအမြဲရှိရန်၊ စစ်ရေးသတင်းကို အမြဲနားစွင့်ထားရန်၊ မလိုအပ်ဘဲ ခရီးမသွားကြရန်နှင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို စနစ်တကျလိုက်နာပေးကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ https://www.faceb ook.com/photo/?fbid=606694981609854&se t=a.591171916495494

၇။    မာလ်ဆောမ်ရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်
       May 5, 2023

ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့မေလ ၅ ရက်‌နေ့ မနက်ပိုင်းတွင် ဒုတိယအကြီမ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်သွားကြောင်း သတင်းရရှိပါတယ်။ “ဒီမနက်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ၃ ကြိမ် ၄ ကြီမ်လောက် ထပ်မံဗုံးလာကြဲတယ်။ နေအိမ်တွေပျက်ဆီးမှုအခြေနေတော့မသိရသေးဘူး။ မေလ ၂ ရက်နေ့ ဗုံးကြဲမှု မှာ‌တော့ ဘုရားကျောင်း ထိခိုက်ပျက်ဆီးမှုရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မာလ်ဆောမ်ရွာဟာ မေလ ၂ ရက်နေ့မှာ လည်း  ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး မာလ်ဆောမ်နှစ်ခြင်းဘုရားကျောင်း အဆောက်အအုံ ထိခိုက်ပျက်ဆီးသွားပါတယ်။

မာလ်ဆောမ်ရွာဟာ ဟားခါးမြို့နဲ့ ၃၅ မိုင်ခန့် ကွာဝေးပြီး အိမ်ခြေ ၅၀၊ လူဦးရေ ၂၅၀ ကျော်နေထိုင်ကြပါတယ်။ ဧပြီလ ၃၀ ရက်နေ့တွင် ရွာသားအားလုံး ဘေးလွက်ရာကို ထွက်ပြေးတိမ်း‌ရှောင်ခဲ့ကြပါတယ်။ မာလ်ဆောမ်ရွာနဲ့ ၅ မိုင်ခန့်အကွာတွင် တည်ရှိသည့် ဗန်တလန်ရွာကိုလည်း မေလ ၂ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ် ၁၅ လုံး ပျက်ဆီးသွားပါတယ်။ ဂန့်ဂေါ်မြို့နယ်ဖက်မှ ဟားခါးမြို့နယ်သို့ ခြေလျှင်စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်တပ်၏ တပ်မ (၇၇) နဲ့ CNA၊ CDF တော်လှန်ရေးတပ်ဖွဲ့အကြား ဗန်တလန်ရွာနဲ့ မာလ်ဆောမ်ရွာ၀န်းကျင်တွင် တိုက်ပွဲ ပြင်းထန်နေသလို ဟားခါး-ဖလမ်း လမ်းမပေါ်ရှိ ချွန်ကျုံးရွာတွင်လည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ https:// www.facebook.com/photo/?fbid=740965958036027&se t=pcb.740966084702681

၈။     KNU ဗဟိုအလုပ်အမှုဆောင်နှင့် ဌာနအလိုက်ခေါင်းဆောင်များ ရွေးချယ်ပြီးစီး
        May 5, 2023

KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟို၏ (၁၇) ကြိမ်မြောက် ကွန်ဂရက်ပြုလုပ်၍ သက်ဆိုင်ရာ ခေါင်းဆောင်များကို ပြန်လည်ရွေးကောက်တင်မြောက်ပြီးနောက် အစည်းအရုံး၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီ (Executive Committee) နှင့် ဗဟိုဌာန ၁၂ ခု၏ ခေါင်းဆောင် အသီးသီးကို ပြန်လည်ရွေးချယ် တာဝန်ပေးလိုက်ပြီးဖြစ်သည်။ KNU ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီကို (၁၁)ဦးဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်များအနေဖြင့် ပဒိုစော အယ်ကလူစေး၊ ပဒိုစောတောနီး၊ ပဒိုနော်ဒါးဒါး၊ ပဒို စောလောအယ်မူး၊ ဗိုလ်မှူးချုပ် စောတာမလာသော၊ ဗိုလ်ချုပ်ကြီးစောဂျော်နီနှင့် ထိပ်ပိုင်းခေါင်းဆောင် ၅ဦး (ကြီး ၅ ကြီး)ထဲမှ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၊ အထွေထွေအတွင်း ရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ တွဲဖက် အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ နှင့် တွဲဖက်အတွင်းရေးမှူး(၂) ပဒို စောလှထွန်းတို့ ပါဝင်သည်။ အဆိုပါ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် များ ကို ဗဟိုအမြဲတမ်းကော်မတီ (၄၅)ဦးထဲမှ ကော်မတီဝင် များကို ကြီး (၅)ကြီးမှ ဆွေးနွေးဆုံးဖြတ်ရွေးချယ် တာဝန်ပေးခြင်း ဖြစ် သလို အလားတူ ကေအဲန်ယူ၏ ဌာန ၁၂ ခု ၏ သက်ဆိုင်ရာဌာနမှူးများကိုလည်း အသစ် ပြန်လည်ရွေးချယ်ခန့်အပ်လိုက် သည်။ ဌာန(၁၂)ခုတွင် အခွန်ဘဏ္ဍာဌာနမှူးအဖြစ် ပဒိုစောဆန်းဒလာဒူး၊ ပြည်ထဲရေးနှင့်သာသနာရေးမှူးအဖြစ် ပဒိုစော ကနဲဖော၊ ပညာရေးနှင့် ယဉ်ကျေးမှုဌာနမှူးအဖြစ် ပဒိုစောလောအယ်မူး၊ စိုက်ပျိုးရေးဌာနမှူးအဖြစ် ပဒိုစောလေစေး၊ သယ်ယူပို့ ဆောင်ရေးဌာနမှူးအဖြစ် ပဒိုစောကလယ်စေး၊ မွေးမြူရေးဌာနမှူးအဖြစ် ပဒိုမန်းကနေဒီ၊ ကာကွယ်ရေးဌာနမှူးအဖြစ် ပဒိုစောဆဲဂေ၊ နိုင်ငံခြားရေးဌာနမှူးအဖြစ် ပဒိုစောတောနီး၊ ကျန်းမာရေးဌာနမှူးအဖြစ် ပဒိုစောဒိုင်းမွန်းခင်၊ သတ္တုတူးဖော်ရေး ဌာနမှူးအဖြစ် ပဒိုစောဆဲပွယ်၊ တရားရေးဌာနမှူးအဖြစ် ပဒိုနော်လွဲထူးစေး နှင့် သစ်တောဌာနမှူးအဖြစ် ပဒိုမန်းဘထွန်းတို့ အသီးသီး တာဝန်ပေးအပ်ခံခဲ့ရသည်။

ယခင် KNU တွင် ဌာန (၁၄) ခုထားရှိရာမှ ယခုလို ကွန်ဂရက်တွင် ဌာန ၁၂ ခုသာ ထားရှိတော့ပြီး ကျန် ဌာန (၂) ဖြစ်သည့် စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန နှင့် မဟာမိတ်ရေးရာဌာန တို့ကို ကြီး(၅)ကြီး၏ လက်အောက်တွင် ပြန်လည်ထားရှိကာ ကော်မတီတစ်ရပ်အနေဖြင့် ပြန်လည်ဖွဲ့စည်းထားလိုက်ကြောင်း သိရသည်။ ယခု အသစ်ပြန်လည် ခန့်အပ်လိုက်သည့် ဗဟို အလုပ်မှုဆောင်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ ခေါင်းဆောင်များမှာ အပြောင်းအလဲ အနည်းငယ်သာရှိပြီး ယခင် ဌာနခေါင်း ဆောင်များမှ မိမိဌာနများကို ဆက်လက် တာဝန်ယူရသူများလည်း ရှိသည်။ (၁၇) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်ကို ပြီးခဲ့ သည့် ဧပြီလ ၂၄ရက်နေ့မှစ၍ ကေအဲန်ယူ ထိန်းချုပ် နယ်မြေ တစ်နေရာတွင် ကျင်းပခဲ့ပြီး ခရိုင်၊ တပ်မဟာ (၇) ခုမှ ကိုယ်စား လှယ် ၂၀၀ နီးပါး ပါဝင်တက်ရောက်ကာ ကိုယ်စားလှယ် ၅၆ ဦး ဝင်ရောက်ရွေးကောက်ခံခဲ့သည်။ ကေအဲန်ယူ၏ (၁၇) ကြိမ် မြောက် ကွန်ဂရက် ရွေးကောက်ပွဲအပြီး ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ၊ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေနှင့် အထွေထွေအတွင်းရေးမှူး ချုပ် ပဒိုစောတာဒိုမူးက မူလတာဝန်အတိုင်း ပြန်လည်ရွေးကောက်ခံတင်မြောက်ခံရပြီး တွဲဖက်အတွင်းရေးမှူး(၁)အနေဖြင့် ပဒိုစောသောသီဘွဲနှင့် တွဲဖက်အတွင်း ရေးမှူး (၂)အနေဖြင့် ပဒိုစောလှထွန်းမှ အသီးသီးရွေးကောက်တင်မြောက်ခံရသည်။ https://kicnews.org/2023/05/knu %e1%80%97%e1%80%9f%e1%80%ad%e1%80%af%e1%80%a1%e1%80%9c%e

၉။    လားရှိုးမြို့မှာ လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးမှု၊ ခိုးမှုများ ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး         အပါ အဝင် ၄ ဦးကို MNDAA က သေဒဏ်ချမှတ်
       May 4, 2023

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးမှု၊ ခိုးမှုများ ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ မန်ပန် ပြည်သူ့စစ် အဖွဲ့ဝင် ၁ ဦးအပါအဝင် ၄ ဦးကို MNDAA က သေဒဏ်ချမှတ်ခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်ဖြစ်တဲ့ The Kokang ဆီက သိရပါ တယ်။ မေ ၁ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ်မှာ ရှမ်းပြည်နယ် အထူးဒေသ ၁ အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက စီရင်ချက်ချ ခြင်းဆိုင်ရာ အစည်းအဝေးကို မူပန်းခရိုင် တစ်နေရာမှာ ကျင်းပပြုလုပ်ပြီး သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  သေ ဒဏ်ချမှတ်ခံရသူ ၄ ဦးမှာ ရှိဝေ့ယုံ၊ ကော်‌ရှောက်ဝေ၊ ရှိဝေ့ချန်နဲ့ ကော်ရှောက်ခွမ်တို့ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့ကနေ မတ်လ ၁၇ ရက်နေ့ အတွင်း ဖမ်းဆီးရမိခဲ့​သလို ရှိဝေ့ယုံဟာ အကြမ်းဖက်စစ်တပ်ရဲ့ မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်ပြီး အမှုကျူးလွန်သူ အဓိကတရားခံဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ တရားခံ ၄ ဦးဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေးများနဲ့အတူ လုယုက်မှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှုစတဲ့ အမှု ၂၅ မှုတို့ကို စီမံကျူးလွန်ခဲ့တဲ့အပြင် တရားခံများဟာ တရုတ်ငွေ ၄.၇၇ သန်းနဲ့ မြန်မာငွေ ၇၄၅၁ သန်း အပါအဝင် မော်တော်ယာဥ် CROWN ၅ စီး၊ VO ၁ စီး ၊ Lexus ၁ စီး၊ TOYOTA ၁ စီး၊ Land Cruiser ၁ စီးနဲ့ လက်စွပ် ၂ ခုတို့ကို ပြန်ပေးမှု၊ ဓားပြမှု၊ ခိုးမှုများ ကျူးလွန်ပြီး ရယူခဲ့ကာ ကျန်တဲ့ ပစ္စည်းများကိုလည်း ထပ်ရှာဖွေနေတယ်လို့ သိရပါတယ်။ အဲ့ဒီ ပြစ်မှုကျူးလွန်သူ ၄ ဦးကို သေဒဏ် စီရင်ပြီးနောက် သူတို့ ပြစ်မှုကျူးလွန်ပြီး ရယူခဲ့တဲ့ ပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းသွားမှာ ဖြစ်တယ်လို့ The Kokang က ထုတ်ပြန်ထားပါတယ်။ https://www.face book.com/photo?fbid=610654311090488&set=pcb.610654487 757137

၁၀။    ဖားကန့်မှာ တစ်လအတွင်း ဒေသခံ ၄၀၀ ဝန်းကျင် အဖမ်းခံရ
         May 4, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ၂၀၂၃ ဧပြီ တစ်လတည်းမှာ စစ်ကောင်စီက ဖမ်းဆီး ခဲ့တဲ့ ပြည်သူ ၄၀၀ နီးပါးရှိ တယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့ (KHRW) က မေ ၂ ရက်နေ့ က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက ပြည်သူတွေကို မတရားဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတာ ကိုလည်း KHRW အနေနဲ့ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖားကန့်မြို့နယ် မှော်ဘုံ၊ မဆွပ်ယန်၊ မလန်၊ ဆိုင်းဖရာ၊ လဝါးစတဲ့ကျေးရွာတွေက လူပေါင်း ၄၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဧပြီလအတွင်း ဆက်တိုက်ဆိုသလို ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းနဲ့အတူ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၃ ဧပြီ ၁၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာမှာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာပြီး ရွာထဲက ဒေသခံ ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခံ ခဲ့ရတယ်လို့ ပြန်လည်လွတ်မြောက်လာသူ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

ဧပြီလ ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့နယ် မှော်ဘုံရွာက ဒေသခံ ၂၀၀ နီးပါးကို စစ်ကောင်စီတပ်က KIA နဲ့ PDF ကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခေါ်သွားပြီး အဲဒီအထဲက လူ ၅၀ နီးပါး ပြန်လွတ်လာပေမယ့် ၁၅၀ ဝန်းကျင်ကိုတော့ အခု ထိ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦးကတော့ ဖားကန့်ဒေသခံမှာ နေထိုင်တာ လုံခြုံမှုမရှိတော့ဘူးလို့ ပြောပါတယ်။ ကချင်ပြည်နယ် ဖားကန့်မှာ ၂၀၂၃ ခုနှစ် အတွင်း စစ်ကောင်စီ စစ်ကြောင်းတွေက ကျေးရွာထဲကိုဝင်ပြီး ဖမ်းဆီးခဲ့တဲ့ ပြည်သူ ၇၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲက ၅၀၀ ကျော်သာ ပြန်လည်လွတ်မြောက်လာပါတယ်။ https://www.rfa.org/burmese/news/phakant-arrested-05042023035046.html

၁၁။    ပဋိပက္ခ ဆယ်နှစ်ကျော်မှာ ရခိုင်နဲ့ မွတ်စလင်တွေ ဆက်ဆံရေးပြေလည်လာ
         May 5, 2023

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က အကြီးအကျယ်ဖြစ်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကြောင့် ရခိုင်တိုင်းရင်းသားတွေ နဲ့ မွတ်စလင်တွေအကြား ဆက်ဆံရေးဟာ အခုအချိန်မှာ တင်းမာမှုတွေလျော့ပြီး ပြန်လည် အဆင်ပြေလာခဲ့ပါပြီ။ ရခိုင်ပြည် နယ် စစ်တွေမြို့ပေါ်က ပွိုင့်အပန်းဖြေစခန်း၊ ဟိုတယ်ကမ်းခြေနဲ့ ရှုခင်းသာလမ်း တွေမှာ မွတ်စလင် မိသားစုတွေ အပန်းဖြေ သွားလာ နေကြတာတွေ၊ ပျော်ပါးနေတာကို အခုနှစ်အတွင်းမှာ ပိုပြီးတွေ့မြင်လာရပါတယ်။ ဒီလိုမြင်ကွင်းတွေဟာ ၂၀၁၂ ခုနှစ်က ရခိုင် တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေကြား လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေအကြီး အကျယ်ဖြစ်ပွားခဲ့ပြီးနောက် ၁၀ စု နှစ်တစ်ခုကျော်အကြာမှာ မြင်တွေ့လာရတာပါ။ နှစ်ဖက်အပြန်အလှန်လေးစားမှုတွေ၊ သဟဇာတဖြစ်မှုတွေနဲ့ ဆက်ဆံရေးပြေ လည်လာတာတွေကြောင့် အခုလိုသွားလာခွင့်ရလာကြတာလို့ မွတ်စလင်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေကပြောပါတယ်။ “ရခိုင်နဲ့ မွတ်စလင်တွေကြားထဲမှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ လုပ်ဆောင်မှုတွေကြောင့် နှစ်ဖက်အပြန်အလှန် ငြိမ်းချမ်းမှုတွေ၊ သဟဇာတ ဖြစ်မှု အသီးအပွင့်တွေကို ဖြစ်လာတယ်လို့ ပြောလို့ရတယ်” စစ်တွေ ဟိုတယ်ကမ်းခြေမှာ မိသားစုနဲ့ အပန်းလာဖြေတဲ့ သဲချောင်း ရွာက မွတ်စလင် ကိုမောင်ရွှေအေး ကလက်ရှိ ရခိုင်နဲ့မွတ်စလင်တွေကြားမှာ ဘာပြဿနာမှမရှိတော့ဘူးလို့ ပြောပါတယ်။

“အခုကတော့ ဘာပြဿနာမှမရှိဘူး။ အားလုံးအေးဆေးပဲ။ ရခိုင်နဲ့ ကျွန်တော်တို့ မွတ်စလင်တွေဟာ ညီအစ်ကိုလိုပဲ ကျွန်တော်တို့ သွားလာလို့ရတယ်။ ပြဿနာ ဘာမှမရှိတော့ဘူး။ ရခိုင်တွေလည်း ကျွန်တော်တို့ ဆီကိုလာတယ်။ ကျွန်တော်တို့ လည်း ရခိုင်သားရွာတွေကို သွားလာတယ်။ ဘာပြဿနာမှ မဖြစ်တော့ပါဘူး” ရခိုင်တိုင်းသားတွေလည်း မွတ်စလင်တွေနေတဲ့ စစ်တွေမြို့နယ် သဲချောင်းရွာဈေး၊ ဒါးပိုင်ရွာဈေးတွေမှာ ရွှေဆိုင်၊ အဝတ်အထည်ဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေဖွင့်ပြီး စီးပွားရေးလုပ် လာကြတာလည်းရှိပါတယ်။ ရခိုင်တိုင်းရင်းသား ဦးဘစောမောင်ဟာ  စစ်တွေမြို့ပေါ်ကနေ မွတ်စလင်အများစုနေတဲ့ ဒါးပိုင်ရွာ ဈေးမှာ ရွှေပန်းထိမ်ဆိုင်ဖွင့်ထားတာ ငါးနှစ်ရှိပါပြီ။ ရောက်စတုန်းကတော့ အရင်က ပဋိပက္ခကြောင့် စိမ်းနေခဲ့ကြပေမယ့် အခု တော့ တော်တော်လေးကို ဆက်ဆံရေးအဆင်ပြေလာတယ်လို့  သူက ပြောပါတယ်။ ရခိုင်နဲ့ မွတ်စလင်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စစ်တွေမြို့အပါအဝင် ကျောက်တော်၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စတဲ့ဒေသတွေနဲ့ မြို့နယ်တော်တော် များများမှာ ပဋိပက္ခ အကြီးအကျယ် ဖြစ်ခဲ့ကြတာပါ။ ဒီလို လူ့အဖွဲ့အစည်းနှစ်ခုကြားမှာ တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည်လို့မရတဲ့ အခြေအနေကနေ အခုတော့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုတွေနဲ့ ဆက်ဆံရေး ပြန်လည်အဆင်ပြေလာခဲ့ပြီ ဖြစ်သလို ရှေ့ဆက်ပြီးတော့လည်း ဒီထက်ပိုကောင်းလာ ဖို့ယုံကြည်မိတယ်လို့ သဲချောင်း မွတ်စလင် ဒုက္ခသည်စခန်းက ဦးကျော်လှ က ပြောပါတယ်။ အခုလို ရခိုင်နဲ့ မွတ်စလင်တွေရဲ့ ဆက်ဆံရေး ပြန်ပြီးပြေလည်လာတာဟာ ရက္ခိုင့် တပ်တော် (AA) ရဲ့ စည်းရုံးမှုတွေကြောင့်လို့ ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုသန်းလှ (ခေါ်) မင်းဘာချေက ပြောပါတယ်။ https: //www.rfa .org/burmese/program_2/rakhine-muslim-relations-05042023022006.html

၁၂။   ရွှေကူမြို့နယ်၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ကျေးရွာများကို အကြမ်းဖက် မီးရှို့ဖျက်ဆီး
       May 5, 2023

ကချင်ပြည်နယ်၊ ရွှေကူမြို့ တဖက်ကမ်း ရေလဲကျေးရွာကို စစ်ကောင်စီတပ်က မေလ ၄ ရက် ညနေပိုင်းက လက်နက် ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တွေကို အကြမ်းဖက် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံ အမျိုးသားတဦးက “မနက်အစောကြီးကတည်းက လက်နက်ကြီးနဲ့ ရွာကို လှမ်းပစ်နေတာ။ ညနေ ၆ နာရီ လောက်မှာ ရွာထဲကိုဝင်ပြီး ရွာအစွန်ကအိမ်တွေကို မီးစရှို့တယ်။ ည ၇ နာရီခွဲလောက်မှာ ရွာအလယ်ပိုင်းကအိမ်တွေကို မီးထပ်ရှို့တယ်။ မီးလောင်တဲ့အနေအထားကတော့ ရွာလုံးကျွတ် ကုန်နိုင်တယ်။ ကျနော်တို့လည်း ဘေးလွတ်ရာ ပြေးနေရတော့ ဘယ်နှစ် အိမ်လောင်သွားလဲ တိတိကျကျ မသိဘူး” လို့ ပြောပါတယ်။

ရွှေကူမြို့နယ်မှာ KIA/PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်က အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေလို့ ဒေသခံပြည်သူတွေဟာ နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို မတ်လ ၂၁ ရက်က စစ်ကောင်စီ တပ် ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် စီသောင်ကျေးရွာက နေအိမ် ၂၀၀ ကျော်၊ စီမူကြီးကျေးရွာက နေအိမ် ၄၀ ကျော်၊ စီမူလေးကျေးရွာက နေအိမ် ၇၀ ကျော်၊ မံနားကျေးရွာက နေအိမ် ၄၀ ကျော်၊ တုံကောက်ကျေးရွာက နေအိမ် ၄၀ ကျော်၊ မံခါးကျေးရွာက နေအိမ် ၃၀ ကျော်၊ မံဝိန်းကျေးရွာက နေအိမ် ၁၀၀ ကျော်၊ စီမော်ကျေးရွာက နေအိမ် ၁၀၀ ကျော်၊ နန့်လတ် ကျေးရွာက နေအိမ် ၃၀ ကျော်၊ နောင်လတ်ကြီးကျေးရွာက နေအိမ် ၃၀ ကျော်နဲ့ စီသာကျေးရွာက နေအိမ် ၁၀၀ ကျော် မီးလောင် ပျက်စီးသွားပြီး ဒေသခံ ၁၀,၀၀၀ လောက် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ https://burmese.dvb.no/archiv es/591675

၁၃။    ဖာပွန်−ကမမောင်းလမ်းတွင် တစ်လလျှင် ၅ရက်ခန့်သာ စားသောက်ကုန်သယ်ယူခွင့်ရှိ
        May 4, 2023

ကရင်ပြည်နယ် ဖာပွန်−ကမမောင်းလမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီ တပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ တို့က ဧပြီလမှစ၍ အခြေခံစားသောက်ကုန်အများအပြား သယ်ယူခြင်းကို တစ်လလျှင် ၅ ရက်ခန့်သာ သယ်ယူခွင့်ပြုထား ကြောင်း ဒေသခံများက ပြောသည်။ ကရင်အမျိုးသားအစည်းအရုံး- KNU မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) နယ်မြေနှင့် ထိစပ် နေသည့် ဖာပွန်−ကမ မောင်းလမ်းပိုင်းကို အသုံးပြု၍ တော်လှန်ရေးတပ်ဖွဲ့များအတွက် ရိက္ခာထောက်ပို့ သယ် ယူနေသည့် သတင်းကြောင့် BGF တပ်ဖွဲ့များက ဒေသခံရွာသားများကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်စသည့် စားသောက် ကုန်များကို ယခုလို ရက်အကန့်အသတ်ဖြင့်သာ သယ်ဆောင်ခွင့် ပြုထားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြော သည်။ ၎င်းက “ဖာပွန်− ကမမောင်းလမ်းကနေ တော်လှန်ရေးအဖွဲ့တွေကို ရိက္ခာပို့နေတယ်လို့ သတင်းကြားလို့တဲ့ တစ်လကို ၁ ရက်နေ့ကနေ ၅ ရက်နေ့ အထိပဲ သွားလာလို့ရတယ်။ စစ်တပ်နဲ့ BGF တွေက ကျန်တဲ့ရက်တွေ ပေးမသွား တော့ဘူး။ ဆန်တွေဆီတွေမုန့်ပဲသရေစာ အစုံ ပေါ့။ အဲ့ဒါတွေကို တစ်လစာအတွက် ဝယ်ထားရတယ်။ ဝယ်ပြီး ရင် တစ်လစောင့်ပြီးမှ နောက်တစ်လထပ်သယ်ပေါ့။ ကမမောင်း မှာ သွားဝယ်ရတယ်။ တစ်လကို ၅ ရက် သတ်မှတ် လိုက်တာ နှစ်လပဲရှိသေးတယ်”ဟု ပြောသည်။

ထိုသို့ BGF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များက အခြေခံစားသောက်ကုန်များကို ရက်အကန့်အသတ်ဖြင့် သယ်ယူခွင့်ပြု ထားခြင်းကြောင့် ဒေသတွင်း စားသောက်ကုန်များလည်း စျေးတက်လာပြီး ဝယ်ယူရန် ကုန်ပစ္စည်းများလည်း ရှားပါးသွားကြောင်း ဒေသခံများက ဆိုသည်။ “သူတို့ပေးသွား ပေးလာရင်တော့ ပိုအဆင်ပြေတာပေါ့။ ပြည်သူတွေပေါပေါလောလောနဲ့စားရတာပေါ့။ အခုက ရက်ကန့်သတ်လိုက်တော့ ပစ္စည်းတွေကရှားသွားတယ်။ ရှားတော့ စျေးတွေကြီးလာတယ်။ ကမမောင်းမှာ ဆန် တစ်အိတ် ၆ သောင်းဆိုရင် ဖာပွန်ရောက်ရင် ၈ သောင်းခွဲဖြစ်သွားတယ်။ ကားခက ၂ သောင်းခွဲပေးရတယ်” ဟု ဒေသခံတစ်ဦးက ပြော သည်။ ဖာပွန်−ကမမောင်းလမ်းပိုင်းရှိ အနီးအနားကျေးရွာများတွင် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့များနှင့် နယ်မြေခံ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏဆိုသလို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလေ့ရှိ ပြီး လက်ရှိအချိန်အထိ နှစ်ဖက် ချောင်းမြောင်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။ အလားတူ နှစ်ဖက် တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားနေသလို ယခုလို အခြေခံစား သောက်ကုန်သယ်ယူခွင့် ရက်ကန့်သတ်လိုက်ခြင်းကြောင့် တချို့သော အခြေခံ လက်လုပ်လက်စား အလုပ်သမာများအနေဖြင့်လည်း မိသားစု ဝမ်းရေးအတွက် ခက်ခဲမှုများ ရှိလာသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။ https://kicnews.org/2023/05/%e1%80%96%e1%80%ac%e1%80%95%e1%80%b 

၁၄။    ဖရူဆိုမြို့နယ်အတွင်းက ယာယီပိတ်ထားတဲ့စစ်ဘေးရှောင်ဆေးခန်းတစ်ခုကို ၄ လကြာအထိ ပြန်လည်မဖွင့်လှစ်          နိုင်သေး
        May 5, 2023

ကရင်နီပြည် ဖရူဆိုမြို့နယ် အတွင်း စစ်ဘေးဒုက္ခသည်တွေက ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတစ်ခုဟာ ဆေးကုသပေးနိုင်မယ့် ဆေးဆရာ၊ဆရာမတွေမရှိတာကြောင့် ယာယီပိတ်ထားလိုက်တာကနေ၊ ၄ လ ကြာမြင့်လာတဲ့ ယနေ့ အချိန်အထိ ပြန်လည်မဖွင့်လှစ်နိုင်သေးဘူးလို့ သိရပါတယ်။ “ဆေးခန်းပိတ်လိုက်တာက တတ်ကျွမ်းတဲ့ ဆေးဆရာတွေလည်း မရှိဘူးပေါ့၊ ဆရာမလည်း မရှိတာနဲ့။” လို့ စစ်ဘေးရှောင် လူထုတစ်ဦးက ပြောပါတယ်။ အဆိုပါ ယာယီပိတ်လိုက်ရတဲ့ ဆေးခန်း ဟာ ဖရူမြို့နယ် အတွင်းမှာ တည်ရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့မှ စတင် ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ဖရူဆိုမြို့နယ်ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေသွားရောက်ရန် ခက်ခဲနေတဲ့ ဒေသဖြစ်ပါတယ်။ ဒေသခံတွေရဲ့ အဆိုအရ အဲဒီဒေသဘက်မှာ တကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အားနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေအဖြစ်များတယ်လို့ဆိုပါတယ်။ အဆိုပါ ဆေးခန်းတည်ရှိရာ စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၁၆၀ ကျော်အထိ ရှိနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ https://www.kan tarawaddytimes.org /%e1%80%96%e1%80%9b%e1%80%b0%e1%80%86%e1%80%a 

၁၅။   လဲချားမြို့နယ်အတွင်း တလနီးပါးကြာ တိုက်ပွဲကြောင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
        May 4, 2023

သျှမ်းပြည် လဲချားမြို့နယ်အတွင်း တစ်လနီးပါးကြာလာသည့် သျှမ်းတပ် နှစ်တပ်ကြား တိုက်ပွဲကြောင့် ထောင်နှင့်ချီ သော စစ်ဘေးရှောင်များက နေရပ်မပြန် နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်မှ စတင်ကာ ယနေ့ မေလ ၄ ရက်နေ့အထိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့သည် လဲချားမြို့အရှေ့ဘက်တွင် တစ်လနီးပါး တိုက်ပွဲဖြစ်ပွားနေသည့်အတွက် စစ်ရှောင်နေရသည့် ဒေသခံများသည် နေရပ်မပြန် နိုင်သေးသည့် အပြင် စားနပ်ရိက္ခာများအတွက်လည်း ခက်ခဲနေကြကြောင်းသိရသည်။ “အခုမှာ စစ်ဘေးရှောင်တွေက ဘုန်းကြီး ကျောင်းတွေမှာ မှီခိုနေကြရတယ်၊ လက်ရှိအနေအထားအရ အလိုအပ် ဆုံးကတော့ ဟင်းသီးဟင်းရွက်တွေ၊ စားနပ်ရိက္ခာတွေပေါ့၊ အခု ကူညီထောက်ပံ့ပေးနေတဲ့ အလှူရှင်တွေကလည်း ဒေသအတွင်းက လဲချားမြို့ခံတွေပဲဖြစ်နေကြတယ်၊ ရပ်ဝေးက ထောက်ပံ့ ပေးတဲ့ အလှူရှင်တော့ မရှိသေးဘူး” ဟု လဲချားမြို့ စစ်ဘေးရှောင်ကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ဟဲဆိုင်ကျေးရွာအုပ်စု (ဢိူင်ႇဝၢၼ်ႈႁၢႆးသႅင်)၊ ဝမ်ထီကျေးရွာအုပ်စု၊ ပန်ဆန်းကျေးရွာ အုပ်စု၊ ဝမ်ဆန်းကျေးရွာအုပ်စု၊ ဝမ်ကျယ်ကျေးရွာအုပ်စု၊ နားပွဲကျေးရွာအုပ်စုနှင့် နောင်ကော်ကျေးရွာအုပ်စုတို့က စစ်ဘေးရှောင် များ ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် လဲချားမြို့ပေါ်ရှိ ဆွေမျိုးအိမ်များနှင့် ဟော်ခမ်းကျောင်းတိုက်၊ ကျောင်းခမ်းကျောင်း တိုက်၊ ဝါဆိုကျောင်းတိုက် နှင့် စလိုင်းခုမ် ကျောင်းတို့တွင် စစ်ရှောင်ခိုလှုံနေကြကြောင်းလည်း စစ်ရှောင်ကူညီသူက ဆက်ပြော သည်။ “ပစ်ခတ်သံတွေတော့ နေ့စဥ်နီးပါး ထွက်ပေါ်လာနေတယ်၊ တချို့က ဝမ်စိမ်းဘက်ကို စစ်ရှောင်ထွက်ပြေး သွားတာလည်း ရှိတယ်၊ စစ်ဘေးရှောင်တွေက တစ်နေရာတည်းမှာ စုနေနေတာမျိုး မဟုတ်တော့ လူဦးရေ စုစုပေါင်းကို မသိရသေးဘူး၊ ခန့်မှန်း ရသလောက်ဆိုရင်တော့ ၁၀၀၀ ကျော်တယ်”ဟု စစ်ရှောင်ကူညီသူကပြောသည်။ လက်ရှိအချိန်သည် လုပ်ငန်းခွင်ဝင်ရမယ့် စိုက်ပျိုးရာသီဖြစ်သဖြင့် စစ်ရှောင်များကလည်း နေရပ်ပြန်နိုင်ရေးအတွက် မျှော်လင့်နေကြကြောင်းလည်း သိရသည်။ https://bu rmese.shannews.org/archives/34516

၁၆။    ဒေါညေးခူ၊ ဒေါဆိုဖျကျေးရွာကို စစ်ကောင်စီက တစ်ကျော့ပြန်စစ်ကြောင်းထိုးလာပြီး တပ်စွဲထား
         May 4, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေါတမကြီးကျေးရွာ အုပ်စုအတွင်းကို မေလ ၂ ရက်နေ့က စစ်ကောင်စီတပ်တွေ တကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ဒေါညေးခူနဲ့ ဒေါဆိုဖျကျေးရွာတွေမှာ ပြန်လည်တပ်စွဲထား တယ်လို့ သိရပါတယ်။ “လက်ရှိ စစ်ကောင်စီက ဧပြီလထဲ မှာပဲ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့တာပေါ့နော်။ ဖြစ်ပြီးတော့မှ သူတို့ တောက်လျောက် ဒေါညေးခူ ဒေါဆိုဖျကနေ တောက်လျောက်ဆုတ်ရပြီးမှ ဒေါညေးခူရွာအကျော် တောင်ကျောတွေမှာ ဆုတ် သွားတယ်။ ဆုတ်သွားပြီးတော့ ကျနော်တို့ လိုက်လံချေမှုန်းရေး လုပ်တဲ့အခါမှာ သူတို့ဆက်ပြီး တောင်ကျော်အောက်မှာပဲ နေရာ ယူထားတယ်ပေါ့။ ဒါပေမယ့် မေလ (၂)ရက်နေ့ မနက်ပိုင်းမှာတော့ သူတို့ ဒေါညေးခူရွာထဲကို စစ်ကြောင်း ပြန်ထိုးလာပြီးတော့မှ ဝင်လာတယ်။ လက်တလောမှာဆိုရင် ဒေါညေးခူ ပြီးတော့ ရှေ့ရွာတစ်ရွာဖြစ်တဲ့ ဒေါဆိုဖျ ပေါ့။ အ့မှာ တပ်စွဲထားတယ်” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနှင့် ပြန်ကြား ရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီတပ်နဲ့ KA၊ KNDF၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာကာ ဒေါညေးခူ တောင်ကျောဖက်ကို ဆုတ်ခွာသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွား ခြင်း မရှိသေးပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့အတွက် ဒေသခံတွေ အနေနဲ့ ကျေးရွာ အတွင်း ဝင်ရောက်တာတွေ ပစ္စည်း ပြန်ယူတာတွေ မလုပ်ကြဖို့ကို KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက အသိပေးတိုက်တွန်းထားပါတယ်။ ဒီးမော့ဆိုမြို့ နယ် အရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ဘောလခဲမြို့နယ်မှ ဒေါညေးခူကျေးရွာကို စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အထိနာပြီး ဖရိုဖရဲဖြစ်ခဲ့ရသလို စစ်ကူတွေ ထပ်မံဖြည့်တင်းခဲ့ပေမယ့် ဖြတ်တောက်တိုက်ခိုက် ခံခဲ့ရတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။ https://www.kant arawaddytimes.org/%e1%80%92%e1%80%b1% e1%80%ab%e1%80%8a%e1%80 

၁၇။    ၈ ကြိမ်မြောက် တိုင်းရင်းသားမီဒီယာညီလာခံတွင် လွတ်လပ်သောမြန်မာမီဒီယာကိုယ်စားပြု ယန္တရားတစ်ခု               ဖွဲ့စည်းရန် သဘောတူညီခဲ့
         May 4, 2023

နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (BNI)မှ ကြီးမှူးကျင်းပသည့် (၈)ကြိမ်မြောက် တိုင်းရင်းသားမီဒီယာညီလာခံတွင် လွတ် လပ်သောမြန်မာမီဒီယာကို ကိုယ်စားပြုမည့်ယန္တရား (Independent Self-Regulatory Body) တစ်ခုဖွဲ့စည်းရန် တက်ရောက် လာသော မီဒီယာကိုယ်စားလှယ်အသီးသီးက သဘောတူညီခဲ့ကြကြောင်း ညီလာခံအပြီးထုတ်ပြန်သည့် ကြေညာချက်အရ သိရ သည်။ အဆိုပါ ညီလာခံကို “ဖက်ဒရယ်မြန်မာနိုင်ငံသို့ ရှေးရှုသောမီဒီယာ” ခေါင်းစဥ်ဖြင့် နယ်စပ်တစ်နေရာတွင် ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးအပတ်အတွင်း (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ညီလာခံတက် ရောက်လာသူ ကိုယ်စားလှယ်များက စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီသည် လွတ်လပ်သောမီဒီယာများကို ကိုယ်စားမပြုသောကြောင့် မီဒီယာ လွတ်လပ်ခွင့်အတွက် အမှီအခိုကင်းသော ကိုယ်တိုင်ထိန်းညှိမှု ယန္တရားတစ်ခု ဖွဲ့စည်းရန် သဘောတူခဲ့ကြ ကြောင်း BNI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖွဲ့စည်းရန် သဘောတူလိုက်သော အဆိုပါယန္တရားအား တိုင်းရင်းသား မီဒီယာများအပါ အဝင် လွတ်လပ်သောမီဒီယာများ၏ စုဖွဲ့မှုနှင့်ကိုယ်စားပြုမှုအဖြစ်ရှိနေစေရန် ရည်ရွယ်ကြောင်း ညီလာခံ ထုတ်ပြန်ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ BNI အဖွဲ့၏ မူဝါဒရေးရာကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ ကေအိုင်စီ-ကရင်သတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ နန်းဖော့ဂေ ယခုလိုပြောသည်။ “ဒီယန္တရားကနေ နိုင်ငံတကာသို့ လွတ်လပ်တဲ့မြန်မာမီဒီယာရဲ့ ကိုယ်စားပြုမှုက ဒီယန္တရားဖြစ်ပါ တယ်ဆိုတာကို ပြချင်လို့ပါ။ လက်ရှိမှာ စစ်ကောင်စီ လက်အောက်ကမီဒီယာကောင်စီက လွတ်လပ်တဲ့ မီဒီယာတွေကို ကိုယ်စား ပြုနေတာမဟုတ်ဘူးဆိုတာကို ထောက်ပြချင်တာကြောင့်ရယ် ကိုယ်စားပြုမှုအမှန်အကန်ကို တည်ဆောက် လိုက်တာလည်းပါ ပါတယ်။” ဟု ၎င်းက ပြောသည်။

၃ ရက်ကြာ ကျင်းပသွားခဲ့သည့် ၈ ကြိမ်မြောက် တိုင်းရင်းသားမီဒီယာညီလာခံတွင် အင်တာနက် အွန်လိုင်းနည်းလမ်း များဖြင့် ဝင်ငွေရှာဖွေသည့် နည်းလမ်းများ၊ လက်ရှိ စည်းရုံးလှုံ့ဆော်ရေး အနေအထားများနှင့် ဒေသတွင်းအခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး နိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို ဒေသအတွင်း နိုင်ငံအစိုးရများနှင့် ပြည်သူများ သိရှိရန် နည်းလမ်းများ ရှာဖွေခဲ့ကြကြောင်း ညီလာခံထုတ်ပြန်ကြေညာချက်တွင် ဆိုထားသည်။ ပြီးခဲ့သည့် တိုင်းရင်းသား မီဒီယာ ညီလာခံများကို ၂၀၁၃ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ်အထိ ပြည်နယ်နှင့် တိုင်း(၇)ခုတွင် ကျင်းပခဲ့ပြီး လွတ်လပ်၍အမှီအခိုကင်းသော မြန်မာမီဒီယာများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ရပ်တည်နိုင်ရေးနှင့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတွင် မီဒီယာ များ၏ အခန်းကဏ္ဍ အတွက် ယခုလို(၈)ကြိမ်မြောက်အဖြစ် ဆက်လက်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။ ယခု(၈)ကြိမ်မြောက် တိုင်းရင်းသားမီဒီယာ ညီလာခံသို့ ပြည်တွင်းပြည်ပ အခြေစိုက် သတင်း မီဒီယာ(၄၀)မှ သတင်းသမား ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ မိတ်ဖက် သံတမန်များနှင့် အလှူရှင်များအပါအဝင် စုစုပေါင်း လူဦးရေ (၁၃၀) တက်ရောက်ခဲ့ ကြသည်။ https://www.facebook.com/photo/?fbid=6172670504 30177&set=a.599857992171083

၁၈။    မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် စစ်ရှောင်များ နေရပ်မပြန်နိုင်ကြသေး
         May 4, 2023

သျှမ်းပြည် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း မြေမြှုပ်မိုင်းအန္တရာယ်နှင့် တိုက်ပွဲအတွင်း ကျန်နေသေးသည့် လက်နက် အန္တရာယ်များကြောင့် စစ်ရှောင်များက နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။ မိုင်းအန္တရာယ်များ ရှိနေမှုကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သည့်အပြင် ကျေးရွာအတွင်းရှိ ဒေသခံများကလည်း လယ်ယာ မသွားရဲသည့် အတွက် စားသောက်ရေး၊ နေထိုင်ရေးနှင့် ငွေရေးကြေးရေးများလည်း ခက်ခဲလာကြောင်း နောင်ချို ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ “ခေးနင်းကျေးရွာ အုပ်စု (ဒိုးပင်ရွာ) မှာတော့ စစ်ရှောင်တွေ အကုန်ပြန်ရောက်ပြီ၊ ဒါပေမဲ့ ရွာနား တစ်လျှောက်မှာ မိုင်းတွေ ဆင်ထားတဲ့ လက္ခဏာတွေ တွေ့ရတော့ အပြင်မထွက်ရဲကြဘူး၊ တောင်ယာ အလုပ်ခွင်ကိုလည်း မသွားရဲဘူး၊ ဘယ်တပ် ဖွဲ့က မိုင်းတွေမှန်းလည်း မသိကြဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသားက ပြောသည်။ တိုက်ပွဲသံ ငြိမ်သက်သွားသည့် ၁၀ ရက်တာ ကာလအတွင်းတွင် ဒေသခံများ၏ ကျွဲများသည် မြေမြှုပ်မှိုင်းများကို နင်းမိ ပေါက်ကွဲမှုကြောင့် ၆ ကောင်ထက်မနည်း သေဆုံးမှုရှိနေကြောင်းလည်း သိရသည်။

ဧပြီလ နောက်ဆုံးပတ်တွင် ခေးနင်းရွာ (ဒိုးပင်ရွာ) ဒေသခံ အမျိုးသား နှစ်ဦး တောင်ယာမှ အပြန် လမ်းဘေး၌ ဟင်းရွက် ခူးနေစဥ် မိုင်းပေါက်ကွဲမှု ကြုံတွေ့ရပြီး ဆေးရုံသို့ ပို့ဆောင် ကုသထားရကြောင်း ၎င်းအမျိုးသား က ဆက်ပြောသည်။ “တိုက်ပွဲက ပြီးသွားပေမဲ့ ပေါက်ကွဲသံတွေတော့ နေ့တိုင်းနီးပါး ကြားနေရတယ်၊ တခါလေ ကျွဲ၊ နွားတွေကို ထိတယ်၊ တခါလေလည်း လူထိ တယ်ပေါ့။ နေ့တိုင်းဖြစ်နေတယ်၊ အဲ့ဒါကြောင့် ကျနော်တို့လည်း ဘယ်နေရာမှ မသွားရဲ၊ မလုပ်ရဲ နဲ့ နေထိုင်စားသောက်ရေးတွေ က တစ်နေ့ထက် တစ်နေ့ ပိုပို ခက်ခဲလာတယ်” ဟု အထက်ပါ အမျိုးသား ဆိုသည်။  “စစ်သားတွေက ရွာနားမှာ မိုင်းထောင်ထားမှု ရှိတယ်ဆိုတာကို လာပြီးပြောသွားတယ်၊ ဝန်ခံသွားတယ်၊ ရွာသား တွေက သူတို့ကို ဖြုတ်ပေးခိုင်းတော့ မဖြုတ်အားသေးဘူးတဲ့၊ အားတဲ့ အချိန်မှ လာဖြုတ်ပေးမယ်လို့ ပြောသွားတယ်၊ အခုချိန်က လုပ်ငန်းခွင် ဝင်ရတော့မယ့် အချိန်လည်း ဖြစ်နေတယ်၊ အခုလို ဖြစ်နေရင် လုပ်ငန်းတွေ ဘယ်လိုလုပ်နိုင်မလဲ” ဟု အသက် (၅၀) ကျော် အမျိုးသား တစ်ဦးက ဆိုသည်။ လက်ရှိတွင် နောင်ချို ဒေသခံများအနေဖြင့် ကျေးရွာအနီး ရှိနေသည့် မြေမြှုပ်မိုင်းများ၊ တိုက်ပွဲအတွင်း ကျန်နေသည့် လက်နက်များကို ရှင်းလင်းပေး စေလိုကြောင်း တောင်းဆိုနေကြသည်။ https://burmese.shannews.org/archives/34502

၁၉။  ကျိုက်ထိုတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်စထိမှန်၍ ကလေးငယ်(၂)ဦးအပါအဝင်ဒေသခံ(၄)ဦးဒဏ်ရာရ
       May 4, 2023

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်၊ သုံးခွကျေးရွာအုပ်စု ဝါးဒတ်ကွင်းရွာသို့ ယမန်နေ့ မေလ(၃)ရက် နေ့က သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ကလေး ငယ်(၂)ဦးအပါအဝင် ဒေသခံ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။ အဆိုပါနေ့ ညနေက စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ(၂၀၇)မှ အနီးအနားပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး (၁၀)လုံးကျော် သိမ်ဇရပ်အနီးရှိ ကျေးရွာများဘက်သို့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူသတင်းအရင်းအမြစ်ကပြောသည်။ စစ်ကောင်စီတပ်ပစ်ခတ်လိုက်သော လက်နက်ကြီးသည် ဝါးဒတ်ကွင်းကျေးရွာ နေ ဦးရာဇာထွန်းအမည်ရှိ ဒေသခံ တစ်ဦး၏ နေအိမ်သို့ကျရောက်ပေါက်ကွဲသဖြင့် ဦးရာဇာထွန်းနှင့်၎င်း၏ မိသားစုဝင်များဖြစ်သော အသက် (၁၁)နှစ် နှင့် (၃)နှစ် အရွယ်ကလေးငယ် (၂)ဦး၊ အသက်(၃၁)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။ ၎င်းက “တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ အဲဒီနေ့ညနေ(၄)နာရီလောက်က စစ်တပ်ကပစ် တဲ့ ၈၁ မမ လက်နက်ကြီးကျည်တစ်လုံး ဦးရာဇာထွန်းအိမ်ခေါင်မိုးပေါ်ကျတာ သူတို့မိသားစု(၄)ယောက်ထိတယ်။ လူကြီးနှစ် ယောက်ကတော့ ခေါင်း၊ ရင်ဘတ်နဲ့ဝမ်းဗိုက် ဒဏ်ရာရတယ်။ ကလေးတွေက တစ်ယောက်က ညာခြေထောက် ဒဏ်ရာနဲ့ တစ်ယောက်ကတော့ ကျောပြင် ပြတ်ရှဒဏ်ရာရပါတယ်။” ဟု ပြောသည်။

ထို့နောက် ယမန်နေ့ည (၇) နာရီခန့်တွင် မိသားစုဝင်(၄)လုံးအား မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်လိုက်ရကြောင်းလည်း ပဒိုစောအေးနိုင် ကဆက်ပြောသည်။ အလားတူပြီးခဲ့သည့် ဧပြီလ(၂၆)ရက်နေ့ကလည်း သိမ်ဇရပ် အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သုံးခွကျေးရွာ အတွင်း သတင်းသုံးနေထိုင်သော ဘုန်းကြီးတစ်ပါး ဦးခေါင်းကျည်စထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။ https:// kicnews.org/2023/05/% e1%80%80%e1% 80%bb%e1%80%ad%e1%8 0%af%e1%80% 

၂၀။  စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျရောက်တာကြောင့် စစ်ရှောင်ပြည်သူတွေ တောတောင်ထဲ ထပ်မံတိမ်းရှောင်        နေကြရ
     May 4, 2023

မေလအစောပိုင်းကစ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကိုစစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး စစ်ရှောင်စခန်းအနီးတစ်ဝိုက်မှာလည်း ကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပါတယ်။ လူဦရေ ၂၀၀ ဝန်းကျင် နေထိုင်တဲ့ စစ်ရှောင်စခန်တစ်နေရာက ဒေသခံလူထုတွေဟာ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် လုံခြုံနိုင်တယ်လို့ ယူဆရတဲ့ တောတောင်တွေထဲ ထပ်မံရှောင်တိမ်းခဲ့ပြီး မိုးကာတဲထိုးပြီးနေထိုင်နေကြရပါတယ်။ “လက်နက်ကြီးကျတယ်။ အနီးအနားတစ်ဝိုက်မှာပဲ လက်နက် ကြီး တွေကျတယ်။ လေယာဉ်လဲလာဝဲတယ်။အဲ့ကြောင့်မို့ပေါ့နော်။ပြီးမှ ကျွန်မဆီမှာလဲ ကလေးငယ်တွေ လဲရှိတယ်။ မိသားစုလဲ (၆)ဦးရှိတဲ့အတွက်ကြောင့် ကျွန်မတို့နီးစပ်ရာ ဒီဖက်လုံခြုံမယ်လို့ထင်မယ့်နေရာ ဒီတောဖက်မှာ တောတစ်နေရာမှာ ကျွန်မတို့ ထွက်ပြေးတိမ်းရှောင်နေရတယ်” လို့ ထပ်ဆင့်တိမ်းရှောင်ခဲ့ရတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းတည်ရှိတာ ၉လဝန်းကျင်ရှိနေပြီး မကြာခဏ စစ်ရှောင်စခန်းအနီးကို လက်နက်ကြီးကျရောက်မှု ရှိနေပါတယ်။ လက်ရှိမှာ တချို့ကလည်း စစ်ရှောင်စခန်းကို ပြန်လာနေထိုင်ကြပေမယ့် တချို့ စစ်ရှောင်ပြည်သူတွေကတော့ အခြားနေရာတွေကို ရွေ့ပြောင်းနေထိုင်ကြပြီလို့ ဆိုပါတယ်။ တောတောင်ထဲ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူ တွေက တော့ ညအိပ်ချိန် မြေကြီးပေါ် မိုးကာခင်းပြီး အိပ်ရသလို စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ အမိုးအကာ စတဲ့လိုအပ်ချက်တွေ ရှိနေတယ် လို့လဲ ဆိုပါတယ်။ ကလေးတွေ ဖျားနာနေကြပေမယ့် လက်နက်ကြီးရန်၊ လေကြောင်းရန်ကို ကြောက်လန့်နေရတာကြောင့် တိမ်းရှောင်ခဲ့ရပြီး ရေရှားပါးတာ၊ အကောင်ကိုက်တာ စတာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ “အခက်ခဲတော့ အများကြီး ရှိတယ်ပေါ့နော်။ကျွန်မတို့ ထွက်ပြေးတိမ်းရှောင်တဲ့ အချိန်မှာ ကျွန်မသားသမီးတွေလဲ နာမကျန်းဖြစ်တယ်။ နေမကောင်းကြဘူး ပေါ့နော်။ ပြီးမှ ဒီ ကျွန်မတို့အတူတူ ထွက်ပြေးတိမ်းရှောင်လာတဲ့ ကလေးတွေလဲ လူကြီးတွေကစပေါ့နော် ချောင်းဆိုးကြတယ်။ ပြီးမှ ချောင်းဆိုးချွဲကြပ်ပြီးမှ ကိုယ်ပူကြတယ်လေ။ အဲ့မျိုး ဖျားကြတယ်။ ကျွန်မကလေးတွေကစပေါ့နော်။ အဲ့ဒါဖျားတယ်။ ကိုယ်လဲတအားပူတယ်။ ဝမ်းလဲသွားတယ်ပေါ့နော်။ အဲ့ဒါအခက်ခဲ အဲ့လိုမျိုးရှိတယ်။ ပြီးတော့မှ ဒီမှာလာနေတဲ့အခါမှာ ကျွန်မတို့ ပိုးယားတွေလဲ ထိတယ်လေ အဲ့မှာ ကြည့်ကျွန်မလက် အများကြီးပဲ တစ်ကိုယ်လုံးပဲ။ ပိုးယားတွေလဲထိတယ်။ကလေးတွေကစ ပိုမွှားတွေလဲကိုက်ခံရတယ်။ ပိုးယားတွေလဲထိတယ်။တော်တော်လေး ဒုက္ခရောက်တယ်။ရေလဲရှားတယ်ပေါ့နော်။ ရေလဲတအား ရှားတော့ ကျွန်မတို့လဲ ရေပဲချွေတာပြီးမှ သုံးနေရတယ်။ ပြီးမှ သောက်ရေလဲချွေတာပြီးသောက်ရပါတယ်” လို့ အဆိုပါ စစ်ရှောင် အမျိုးသမီးတစ်ဦးက ထပ်မံပြောပါတယ်။ https://www.kantarawaddytimes.org/%e1%80%85%e1%80%85%e1%80% ba%e1%80%9b%e1%80%be%e1%8

၂၁။   မြောက်ဦး ဗန္ဓုလတံတားအနီးချောင်းကမ်းပါးတွင် ပိုင်ရှင်မဲ့အလောင်းတစ်လောင်းတွေ့ရှိ
       May 5, 2023

ယနေ့ မေလ ၅ ရက်နံနက်က ရခိုင်ပြည် မြောက်ဦးမြို့ ဗန္ဓုလတံတားအနီးချောင်းကမ်းပါးတွင် ပိုင်ရှင်မဲ့ အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။  ထိုအလောင်းကို နံနက် ၁၀ နာရီဝန်းကျင်က ရတနာ့ပါလ နာရေးကူညီမှုအသင်းနှင့် ဒေသခံအချို့က ဆယ်ယူ၍ မြောက်ဦးဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်းထားကြောင်း ဒေသခံတစ်ဦးက ပြော သည်။ “အလောင်းက သေဆုံးနေတာ ၃ ရက်လောက်ရှိပြီလို့ ရဲတွေက ခန့်မှန်းထားတယ်။ အမျိုးသားပါ။ ဘယ်သူဘယ်ဝါဆိုတာ ဘယ်မိသားစုဆိုတာ မသိရသေးဘူး။ ပိုင်ရှင်မဲ့အလောင်းဖြစ်နေတယ်။ အလောင်းတော့ ပုပ်ပွပြီးတော့ ရောင်နေတယ်။ အနံ့ လည်း တော်တော်နံနေပြီ” ဟု ပြောသည်။  ယင်းအမျိုးသားသည် အသတ်ခံရ၍ သေဆုံးခြင်း ဟုတ်မဟုတ်ကို အတိအကျမသိရ သေးကြောင်းနှင့် ရင်ခွဲစစ်ဆေးချက်အ‌ဖြေရမှ သိနိုင်မည်ဟု အဆိုပါဒေသခံက ပြောသည်။

လက်ရှိ ရခိုင်ပြည်တွင် အသတ်ခံ၍သေဆုံးမှုများ ဧပြီလအတွင်း များပြားလာနေပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်တွေ မြို့ ကြည်နူးရိပ်စားသောက်ဆိုင်အနီးက တောတစ်နေရာတွင် နိုင်ဂြီးစားသောက်ဆိုင်မှ လူငယ်အမျိုးသား ဝန်ထမ်းတစ်ဦး အသတ်ခံရ၍ သေဆုံးသွားကြောင်း ရွှေရောင်မေတ္တာကူညီရေးအသင်းထံမှ သိရသည်။ နိုင်ဂြီးစားသောက်ဆိုင်မှ ဝန်ထမ်းသည် ဖုန်းအလုခံရ၍ သတ်ဖြတ်ခံလိုက်ရကြောင်း ဆိုင်ပိုင်ရှင် ကိုနိုင်ဂြီး က လူမှုကွန်ရက်တွင်ထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ သတ် ဖြတ်ခံရမှုများကို သက်ဆိုင်ရာ အာဏာပိုင်များမှ အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေးရန်နှင့် တရားဥပဒေစိုးမိုးရေး ထိရောက်စွာ ဆောင်ရွက်ပေးရန် ဒေသခံအများအပြားက တောင်းဆိုနေကြသည်။  https://www.facebook.com /westernnewsagency/p bhotos/a.119286173211229/756629582810215/

၂၂။     လားရှိုးမြို့နယ်တွင်း ပြည်သူ ထောင်ချီ အစုရှယ်ယာမှတစ်ဆင့် ငွေလိမ်လည်ခံရ
        May 5, 2023

သျှမ်းပြည် လားရှိုးမြို့နယ်တွင်းရှိ Flower Group ကုမ္ပဏီကို အစုရှယ်ယာလာရောက်ထည့်သည့်   ပြည်သူ ထောင်ချီ ငွေ ကြေးလိမ်လည်ခံရကြောင်း သိရှိရသည်။ အဆိုပါ Flower Group ကုမ္ပဏီသည် စီးပွားရေးလုပ်ဆောင်ရန်အတွက် ပြည်သူများ ကို အစုရှယ်ယာအဖြစ်ခေါ်ယူပြီး လစဉ်အတိုးမြတ်ပေးဆောင်သွားမည်စနစ်ဖြင့် ရင်းနှီးမြှုပ်နှံရန်အတွက် ဆွဲဆောင်ခဲ့ကြောင်းသိရ သည်။  “ သူတို့က စီးပွားရေးလုပ်ဖို့အတွက် ရှယ်ယာတွေပါဖို့ ခေါ်တာပေါ့။ စစခေါ်တုန်းကတော့ ကိုယ်ထည့်တဲ့ ပိုက်ဆံထဲက ၃၅ ရာခိုင်နှုန်း အမြတ်ရမယ်တဲ့။ ပထမ စလုပ်တုန်းကတော့ ရင်းနှီးတဲ့သူတွေ အကုန်လုံးကတော့ လတိုင်းအမြတ်ငွေတွေရကြပါ တယ်။ တချိုဆိုရင်လည်း စီးပွားဖြစ်သွားကြပါတယ်” ဟု Flower Group ကုမ္ပဏီထဲတွင် ရှယ်ယာပါဝင်သူတစ်ဦးကပြော သည်။ Flower Group ကုမ္ပဏီကို ၂၀၂၁ ဒီဇင်ဘာ ၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။ စတင်တည်ထောင်ချိန်တွင် ရင်နှီးမြှုပ်နှံသူ အနည်းငယ်သာရှိပြီး ၂၀၂၂ ခုနှစ် ဇူလိုင်၊ ဩဂုတ်လမှစပြီး ရင်းနှီမြှုပ်နှံသူ များပြားလာခဲ့သည်။ အဆိုပါ ရင်းနှီး မြှုပ်နှံသူများပြားလာသူတွေ များပြားလာသည့်အတွက်ကြောင့် ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီလမှစပြီး ရှယ်ယာဝင်သူများကို အမြတ် မထုတ်ပေးတော့ကြောင်း သိရသည်။

“ အစက လူတွေ မများတော့ သူတို့လည်း လတိုင်း အမြတ်ပေးနိုင်တယ်လေ။ ၇ လပိုင်း  ၈ လပိုင်းကစပြီးတော့ လူတွေ သွားရင်းနှီးတာများလာတယ်။ အဲ့နောက်ကစပြီးတော့ သူတို့ကုမ္ပဏီက အခက်အခဲတွေ  ကြုံတွေ့နေရတယ်ဆိုပြီးတော့ လစဉ် ငွေမထုတ်ပေးနိုင်တော့ဘူးတဲ့။ ဒီနှစ် ၆ လပိုင်းထိ စောင့်ပေးပါတဲ့။ ဒီနှစ်ကစပြီးတော့ ဘယ်သူမှ ပိုက်ဆံ အမြတ်ငွေမရတော့ဘူး” ဟု အထက်ပါ ရှယ်ယာပါဝင်သူတစ်ဦးက ပြောသည်။ ထိုသို့ အမြတ်ငွေမပေးရသည့် အကြောင်းရင်းသည် Flower Group ကုမ္ပဏီ ဦးဆောင်သူ မင်းထက်လင်းက ၎င်း၏ မိသားစု ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြောင်း၊ လက်ရှိမှာလည်း ၎င်း၏ မိသားစုကို မန္တလေးသို့ ပို့ဆောင်ထားကြောင်း ဒေသခံ အစုရှယ်ယာများထံမှ သိရှိရသည်။ “ သူရဲ့ ပိုင်ဆိုင်မှုတွေက အများကြီးပဲ။ မြေတွေ ဝယ်ထားတာလည်း အများကြီးပဲ။ သိန်း ၄ သောင်းလောက်ရှိတယ်။ ကွန်ဒိုဆောက်မယ်ဆိုလည်း မဆောက်ဘူး။ သူတို့အတွင်း ထဲက ကိစ္စတွေပေါက်ကြားသွားလို့ ကျနော်တို့လည်း သူစလိမ်တယ်ဆိုတာသိရတာ။ ပြီးတော့ ချယ်ရီမြိုင် မှာလည်း သူ့ Bar ဖွင့် ထားတယ်။ အခုတော့ ကျနော်တို့ ပြည်သူတွေက သူရဲ့ Bar ကို သိမ်းထားလိုက်တယ်” ဟု ၎င်းက ပြောသည်။ အလားတူ လက်ရှိ ဧပြီ ၃၀ ရက်နေ့မှစပြီး ယနေ့အချိန်ထိ မင်းထက်လင်း နှင့် ပြည်သူတို့သည် ရဲစခန်းတွင် ဖြေရှင်းနေလျက်ရှိကြောင်း သိရသည်။  https://www.facebook.com /shannewsburmese/photos/pcb.6180920362000355/6180919688667089/

၂၃။    ဖားကန့်တွင် ကချင်လူငယ် ၂ ဦးသတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိ
        May 5 , 2023

ဖားကန့် ရှရော်ခကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်ဟု ယူဆရသည့် လူငယ်နှစ်ဦး သတ်ဖြတ် ခံရပြီး ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် ဒေသခံများတွေ့ရှိခဲ့ကြောင်း သိရသည်။ သတ်ဖြတ်ခံရသည့် ၂ နှစ်ဦးသည် အသက် ၂၀ နှစ်အရွယ်ရှိသူ ကချင်လူငယ်များဖြစ်ကြပြီး ၎င်းတို့ ၂ ဦး၏ ကိုယ်ပေါ်တစ်ခုလုံးရိုက်နက်ဒဏ်ရာများနှင့်အတူ ဦးခေါင်းတွင် လည်း သေနတ်ဖြင့် ပစ်သတ်ထားသည့် ရုပ်အလောင်းကို  ရှရော်ခနှင့် ညောင်ပင်ကုန်းအတက်နေရာတွင် ဒေသခံများတွေ့ရှိခဲ့ကြ သည်ဟု ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။ “နှိပ်စက်ထားတဲ့ ဒဏ်ရာတွေလည်းအများကြီးဗျ။ ဖမ်းခံထားရတဲ့ လူငယ် ၂ ယောက်ပဲ သတ်ပြီးမှလာပစ်ချထားတာလား ဒီ‌ကို ခေါ်လာပြီးလာပစ်သတ်သွားတာလား မသိဘူး။ ဒေသခံတွေက မနက်အစောကြီးတွေ့တာ သတ်ထားတဲ့နေရာက လူသွားလူလာပြတ်တဲ့ချိန် ဖားကန့် ရှရော်ခလမ်းမကြီးပေါ်မှာပစ်သတ်ထား တာ”ဟု ပြောသည်။

ရုပ်အလောင်းတွေ့ရှိသော ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ သတ်ဖြတ်ခံထားရသည့် လူငယ် ၂ ဦး၏ ခန္ဓာကိုယ် နှင့် လည်ပင်းနေရာများတွင် နှိပ်စက်ရိုက်နက်ထားသည့် ဒဏ်ရာဟောင်းများစွာတွေ့ရှိရသည့်အတွက် စစ်ကောင်စီဖမ်းဆီးထား သော သူများဖြစ်နိုင်သည်ဟု ဆက်လက်ပြောဆိုသည်။ အဆိုပါ လူငယ် ၂ ဦးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်း ကြည့်ရာ KIA နှင့် PDF အဖွဲ့ဝင်များဖြစ်ကာ ဖားကန့် မြို့တွင်း လှုပ်ရှားနေသည့် အဖွဲ့ထဲကဖြစ်သည်ဟု KIA ၊ PDF နှင့် နီးစပ်သူမှ တဆင့်သိရသည်။ https://burmese.kachinnews.com/2023/05/05/az3-35/

၂၄။  မဲကနယ်ဒေသ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘာသာရေးအဆောက်အဦးနှင့် နေအိမ်အများ        အပြားပျက်စီးခဲ့
     May 5, 2023

မြဝတီမြို့ပြင် မဲကနယ်ဒေသဘက်ကို စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ကြောင့် ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု များပြားလျက်ရှိသည်ဟု စစ်ရေးနယ်မြေသတင်းအရင်း အမြစ်အရ သိရသည်။ မြဝတီမြို့ပြင် မဲကနယ်ဒေသဘက်ကို အမြှောက်တပ်နှင့် လေယာဥ် ဗုံးကြဲတိုက်ခိုက်မှုများ လက်ခတ် တောင် ဘုရားကုန်းဘက်အထိ နေ့/ည တိုက်ခိုက်မှု လုပ်ဆောင်နေပြီး ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ နှစ်ဖက်စစ်ရေးတင်းမာတိုက်ခိုက်နေ ဆဲဖြစ်သည်ဟု KNLA စစ်ရေးနယ်မြေ သတင်း အရင်းအမြစ်က ပြောသည်။ ၎င်းက “၂၇၅ တပ်ကနေအမြှောက်တွေက ပြိုင်တူပစ်ထုတ်နေတာက အခုလက်ခတ်တောင်၊ ကျောက်ဂူ ဘက်ကိုရောက်လာပြီ။ လေယာဥ် ဗုံးကြဲတာ ခဏခဏဆိုတော့ မဲကနယ်ရွာနဲ့ ဗိုလ်မုတ်သုန်ကျောက် မိုင်းကတော့ ကြေမွနေပြီ ပျက်စီးကုန်တာ၊ မဲကနယ်ဘုရားကျောင်းကြီးလည်း အကုန်ပြိုပျက်ပဲလေ။ ရွာသားကတော့ အကုန်ပြန်မနေရဲကြ သေးဘူး။ ရွာသစ်နဲ့ မြဝတီဘက်ကနေ ပြန်မလာကြသေးဘူး။ တချို့လည်း ပလောတပို့ဘက်၊ သေ့ဘောဘိုးဘက်ကို သွားရှောင် ကြတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်က ဖျက်အားပြင်း နှစ်ဆင့်ကွဲ လက်နက်ကြီးများ၊ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံ ထုတ် လေယာဥ်ဗုံးများ အသုံးပြုပြီး ဧပြီလတစ်လလုံးနီးပါး လုပ်ဆောင်တိုက်ခိုက်မှုအတွင်း အရပ်သားနေရာများထိခိုက်ပျက်စီး ပိုများလာနေသည်ဟု ၎င်းစစ်ရေးသတင်း အရင်း အမြစ်က ဆက်ပြောသည်။ “ထိတာကတော့ ရွာသားအိမ်တွေ၊ ကျောက်မိုင်း ဘက်က အလုပ်သမားအိမ်တွေ ရုံးတွေ၊ ပျက်တယ်၊ BGF ဗိုလ်မုတ်သုန်ရဲ့ BGF စစ်ကတုတ်တွေ ပျက်ကုန်တယ်။ မဲကနယ် ဘုရားကျောင်း၊ ပွင့်လင်း အေးမြိုင်ရွာက ဘုန်းကြီးကျောင်းတွေပျက်စီးတယ်။” ဟု ထိုစစ်ရေး နယ်မြေ သတင်း အရင်း အမြစ်က ပြောသည်။ စစ်ကောင်စီတပ် ခလရ ၂၇၅ တပ်နှင့် မေတ္တာလင်းမြိုင်ဘက်မှ အမြှောက်များပစ်ခတ်မှုတွင် KNLA ပူးပေါင်းတပ်များ အထိအခိုက်မရှိသော်လည်း မြေပြင်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် နှစ်ဖက် ထိတွေ့တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူရှိသလို စစ်ကောင်စီတပ် ဘက်လည်း အရာရှိအဆင့်မှ အောက်ခြေတပ်သားအဆင့်အထိ သေဆုံးမှုရှိသည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။ https://kicnews. org/2023/05/%e1%80%99%e1%80%b 2%e1%80%80%e1%80%94%e1%80%9a%e 

၂၅။   မြန်မာစစ်တပ်အင်အားသိသိသာသာလျော့နည်းကျဆင်းလာပြီး စစ်သည် ၁ သိန်းခွဲခန့်သာကျန်ရှိဟု ခန့်မှန်း
       May 5, 2023

မြန်မာအကြမ်းဖက်စစ်အုပ်စုရဲ့ စစ်အင်အားဟာ အာဏာသိမ်းကာလ မတိုင်ခင်ကတည်းက လူအများတွေးထင်ထားကြ သလို အင်အား ၃ သိန်းကနေ ၄ သိန်းလောက်ထိ ရှိမနေဘဲ အဲဒီစစ်အင်အားရဲ့ ထက်ဝက်လောက်သာရှိနိုင်တယ်လို့ ဝါရှင်တန် အခြေစိုက် United States Institute of Peace (USIP) အဖွဲ့က ခန့်မှန်းလိုက်ပါတယ်။ ခုလို ခန့်မှန်းထားတဲ့ အချက်အလက် တွေဟာ စစ်တပ်ကနေ ထွက်ပြေးလာကြသူ စစ်ပြေးတွေနဲ့ ကျယ်ပြန့်တဲ့ တွေ့ဆုံမေးမြန်းမှုတွေ၊ စစ်အုပ်စုဘက်က ညွှန်ကြား ချက်နဲ့ အစည်းအဝေးမှတ်တမ်းမှတ်ရာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေ အရွှေ့အပြောင်းနဲ့ စစ်သည်အင်အား မှတ်တမ်းတွေ၊ စစ်ပွဲ ပဋိပက္ခ အချက်အလက်နဲ့ တပ်မတော်ဆေးရုံတွေက မှတ်တမ်းတွေ က အသေအပျောက်စာရင်းတွေကို အခြေခံထားတာပါ။ ဒါကြောင့်မို့ လောလောဆယ် မြန်မာစစ်တပ်မှာ စစ်သည်အင်အား ၁ သိန်းခွဲလောက်သာ ရှိနိုင်တယ်လို့ USIP က ကောက်ချက် ချထားပါတယ်။ တိုက်ခိုက်ရေးစစ်သည်အင်အားကတော့ အကြမ်းဖျဉ်း ၇၀၀၀၀ လောက် ရှိနေပြီး အနည်းဆုံးစစ်သည်အင်အား ၂၁,၀၀၀ လောက်ကတော့ စစ်အာဏာသိမ်းပြီးကတည်းက အသေအပျောက်၊ တပ်ပြေးနဲ့ ဘက်ပြောင်းမှုတွေကြောင့် ဆုံးရှုံးခဲ့ရ တယ်လို့ ဆိုပါတယ်။ ဒီလို တပ်အင်အားအဆင့်မှာ မြန်မာစစ်တပ်ဟာ တိုက်ပွဲအင်အားအဖြစ် သူ့ကိုယ်သူ ထိန်းထားနိုင်ရုံသာရှိပြီး အစိုးရတရပ်မှာ ရှိရမယ့် အင်အားထက် များစွာနည်းပါးနေ တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်က စတင်ပြီးတော့ စစ်တပ်ဟာ သူတို့ရဲ့ ဖွဲ့စည်းပုံကို သိသာထင် ရှားစွာ ချဲ့ထွင်ခဲ့ပေမယ့် အချိုး ကျတပ်အင်အား မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။ ခြေလျင်တပ်ရင်းအရေအတွက်ဟာလည်း ၁၉၈၈ ခုနှစ်မှာ ၁၆၈ ခုကနေ ၂၀၀၇ ခုနှစ်မှာ ၅၀၄ ခုထိ တိုးလာခဲ့ပေမယ့် နောက်ထပ်လူအင်အားဟာ စီမံချက်ချထားသလို ဘယ်သော အခါကမှ အကောင် အထည် ပေါ်မလာတာကြောင့် တပ်ရင်းတွေမှာ ဝန်ထမ်းအင်အား နည်းပါးသွားခဲ့တယ်လို့လည်း USIP က ပြောပါတယ်။ လေ့လာသူတချို့ ရဲ့ အဆိုအရ မြန်မာစစ်တပ်ရဲ့ တပ်ရင်းတွေမှာ ပျမ်းမျှစစ်သည်အရေအတွက်ဟာ ၁၉၈၈ ခုနှစ်မှာ ၆၇၀ ရှိခဲ့ရာကနေ ၁၉၉၈ ခုနှစ်မှာ ၃၅၀ နဲ့ ၂၀၀၈ ခုနှစ်မှာတော့ ၂၅၀ ထိ သိသိသာသာ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ရေးအင် အားအဆင့် ညွှန်ကိန်းတွေကို သုတေသနပြု သုံးသပ်ဖော်ပြ ထုတ်ပြန်တဲ့ Global Firepower ရဲ့ ဝက်ဘ်ဆိုက်ဒ်မှာတော့ ၂၀၂၃ ခုနှစ် စစ်ဘက်ဆိုင်ရာ အင်အားအဆင့်သတ်မှတ်ချက်မှာတော့ မြန်မာစစ်တပ်က နိုင်ငံပေါင်း ၁၄၅ နိုင်ငံထဲမှာ အ ဆင့် ၃၈ နေရာ မှာ ရပ်တည်နေတာပါ။ https://burmese.dvb.no/ archives/591751

၂၆။   စစ်ကောင်စီကို ဂျပန်အစိုးရ ပိတ်ဆို့အရေးယူနိုင်ခြေနည်းပါး
       May 5, 2023

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာတွမ် အင်ဒရူးဟာ ပြီးခဲ့တဲ့လက ဂျပန်နိုင်ငံမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူဖို့ ဂျပန်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ “ဂျပန်နိုင်ငံအနေနဲ့ ယူကရိန်းစစ်ပွဲအတွက် ရုရှားနိုင်ငံ ကို ပိတ်ဆို့အရေးယူသလိုပဲ မြန်မာစစ်တပ်နဲ့ စစ်တပ်ရဲ့ဝင်ငွေရင်းမြစ်တွေကို ဖြတ်တောက်ဖို့ အခြား G7 စက်မှုထိပ်သီးနိုင်ငံတွေ နဲ့အတူ ပူးပေါင်းပြီး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ရာမှာ ပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်” အခုကြားရတာကတော့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးက မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ဒဏ်ခတ် ပိတ်ဆို့အရေးယူတဲ့နေရာမှာ ပါဝင်လာဖို့ ဂျပန်အစိုးရကို တိုက်တွန်းပြောဆိုနေတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူပြီး၊ ဟီရိုရှီးမားမြို့မှာ ပြုလုပ်မယ့် G7 စက်မှု ထိပ်သီးနိုင်ငံများညီလာခံမှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ဦးစားပေး အဖြစ် ထည့်သွင်းဖို့၊ မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်မှုတွေ ရပ်တန့်အောင်၊ စစ်တပ်ရဲ့ ဝင်ငွေ ရင်းမြစ်တွေကို ဖြတ်တောက်ဖို့ကြိုးပမ်းရာမှာပါဝင်ဖို့နဲ့ မြန်မာစစ်တပ်အရာရှိတွေကို ခေါ်ယူသင်တန်းပေးနေတာတွေကို ရပ်တန့် ဖို့ မစ္စတာတွမ်အင်ဒရူးက တောင်းဆိုသွားပါတယ်။

ဂျပန်နိုင်ငံဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူတဲ့အထဲမှာ မပါဝင်တဲ့အပြင် စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို တရားဝင်အသိအမှတ်ပြုရာရောက်တဲ့ လုပ်ရပ်အချို့တောင် ရှိခဲ့တယ်လို့ Justice for Myanmar အဖွဲ့က ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ထုတ်ပြန်ထားပါတယ်။ တိုကျိုတက္ကသိုလ်က မြန်မာ့အရေးသုတေသီ Sam Baron ကတော့ မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူဖို့ မစ္စတာ တွမ်အင်ဒရူးရဲ့ ဂျပန်အစိုးရကို တောင်းဆိုမှုတွေဟာ အမှန်တကယ် ဖြစ်လာနိုင်ခြေ နည်းပါးတယ်လို့ သုံးသပ်ပါတယ်။ မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ ODA လို့ခေါ်တဲ့ ဖွံ့ဖြိုးရေးအကူအညီအသစ်တွေ ထပ်မပေး တော့ပေမယ့် ပေးပြီးသားစီမံကိန်းတွေကိုတော့ မရုပ်သိမ်းဘဲ ဆက်လက်အကောင် အထည်ဖော်နေတယ်လို့ သူက ပြောပါတယ်။ မြန်မာ-ဂျပန် ဆက်ဆံရေးအကြောင်းလေ့လာနေတဲ့ အမေရိကန်နိုင်ငံက မြန်မာ့အရေး သုံးသပ်သူ Peter Morris ကလည်း ဂျပန်နိုင်ငံဟာ မြန်မာစစ်ခေါင်းဆောင်နဲ့ အနောက်နိုင်ငံတွေအကြားမှာ ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်သင့်တယ်လို့ ပြောပါ တယ်။ ဒါ့အပြင် ၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဂျပန်နိုင်ငံရောက် မြန်မာသံရုံးဝန်ထမ်းတွေဟာ CDM လှုပ်ရှား မှုမှာ ပါဝင်ခဲ့ကြပြီးတဲ့နောက် စစ်ကောင်စီက သံတမန်အသစ်တွေနဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ က Kyodo News သတင်းဌာနရဲ့ ရေးသားဖော်ပြချက်အရဆိုရင် ဂျပန်အစိုးရဟာ စစ်ကောင်စီက ခန့်အပ်တဲ့ မြန်မာသံတမန် အသစ် တွေကို လက်ခံလိုက်တဲ့အတွက် အာဏာသိမ်း စစ်ကောင်စီကို တိတ်တဆိတ်လက်ခံတဲ့ သဘောဖြစ်တယ်လို့ ကျွမ်းကျင် သူတွေ ကသုံးသပ်ကြပါတယ်။ https://www.rfa.org/burmese/program_2/japan-myanmar-military-05042023162332

၂၇။    သိန္နီမှာ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲ၊ အရပ်သားတစ်ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရ
        May 3, 2023

ရှမ်းမြောက် သိန္နီမြို့နယ်ထဲမှ ကိုးကန့်တပ်မတော် (MNDAA)သွားလာပြီး အရပ်သားတွေ နေထိုင်တဲ့ နေအိမ်ကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးပြီး (၁၀)ဦး ဒဏ်ရာရခဲ့တယ်လို့ The Kokang က ထုတ် ပြန်ထားပါတယ်။ မေလ ၂ ရက် ထုတ်ပြန်ချက်မှာ စစ်ကောင်စီက မေလ ၁ ရက် ညနေပိုင်းမှာ အရပ်သားတွေ နေထိုင်တဲ့ အိမ် တွေကို တိုက်လေယာဥ်နဲ့ လာရောက် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။ MNDAA တပ်ဖွဲ့က ဒေသခံတွေကို အသက်မွေးဝမ်းကြောင်း ကိစ္စ ဆွေးနွေးဖို့အစည်းအဝေးခေါ်နေတာကို စစ်ကောင်စီက လက်နက်ကိုင် စစ်ရေးလှုပ်ရှားမှု လုပ်နေတာလို့အထင်နဲ့ တိုက်ခိုက် ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်မှာလည်း သိန္နီမြို့နယ်ထဲက MNDAA ရှိရာ အရပ်သားတွေ နေထိုင်တဲ့ အိမ်တွေကို လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာ​ကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ https://www.facebook.com/p hoto/?fbi d=559519579688644&set=pcb.559519653021970

၂၈။    ဆိုင်းဖရာနှင့် ကပ်မှော် ဒေသခံများ မလိုအပ်ဘဲအပြင်မထွက်ကြရန် စစ်ကောင်စီ သတိပေး
        May 4, 2023

ဖားကန့် လမ်းမပေါ်ရှိ နန့်ယားစစ်တပ်ဂိတ်တွင် ယနေ့နံနက် ၉ နာရီခွဲဝန်းကျင်  စစ်‌ကောင်စီတပ် အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်လာသည့်အတွက် ဆိုင်းဖရာနှင့်ကပ်မှော် ကျေးရွာ ၂ ရွာမှ ဒေသခံပြည်သူများ မလိုအပ်ဘဲအပြင်မထွက်ကြရန် စစ်ကောင်စီတပ် သတိပေးပြောဆိုလာကြောင်း ဒေသခံများမှ သိရသည်။ နန့်ယားစစ်တပ်ဂိတ်သို့ ဝင်ရောက်လာသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သောအပတ် မိုးညှင်းမြို့နယ် နန်မားစစ်တပ် ခမရ ၃၈၆ တပ်မှ စစ်အင်အား ၂၀၀ ဝန်းကျင်ဖြင့် ကားမိုင်းစစ်တပ်ကုန်းသို့ စစ်အင်အားတိုးချဲ့ထားသည့် အဖွဲ့ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် နန့်ယားစစ်တပ်အတွင်းသို့ ၁၃၀ ထက် မနည်း ရောက်ရှိလာခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အခုရောက်လာတဲ့ စစ်ကြောင်းအဖွဲ့တွေက စစ်ကြောင်းအသစ် ဖြစ်တဲ့အတွက် သတိထားပြီးနေကြဖို့နဲ့ အလိုအပ်ဘဲ အပြင်တွေဘာတွေ မထွက်ကြနဲ့ဆိုပြီး ပြောလာတယ်တဲ့။ ဘာကြောင့်လဲ ဆိုတော့ သူတို့သွားတဲ့ လမ်းကြောင်းတွေမှာ လမ်းရှင်းဆိုပြီး ပစ်ခတ်တာတွေရှိတော့ ပြောတာထင်တယ်”ဟုပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းအစောပိုင်းက ကားမိုင်းစစ်တပ်ကုန်းမှ ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်ပြီး ထွက်ခွာလာသည့် လမ်းတစ်လျှောက်တွင်လည်း ဘယ်ညှာ ပစ်ခတ်မှုများပြုလုပ်ကာ နန်ယားစစ်တပ်အတွင်းသို့ ဝင်ရောက်လာ ခဲ့ကြောင်း ဒေသခံများပြောသည်။ ယခုလို စစ်ကောင်စီဘက်မှ စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပစ်ခတ်မှုများလုပ်ဆောင်နေသည့်အပြင် သတိပေးပြောဆိုမှုများကြောင့် ထိုဒေသတွင်ရှိသော ဒေသခံပြည်သူများသည် လုံခြုံရေး အတွက် စိုးရိမ်နေကြရကြောင်းသိရသည်။ ထို့အပြင် ယနေ့နံနက်ပိုင်း ကားမိုင်းမြို့မှ နန့်ယားစစ်တပ်ဘက်သို့ ထွက်ခွာလာစဉ် လမ်းတစ်လျှောက်တွင်လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည့်အပြင် မလန်လယ်တောနေရာတွင်ရှိ သော ပြည်သူတစ်ချို့ကိုလည်း ဖမ်းဆီးသွားကြောင်း မလန်းလယ်တော အနီးတဝိုက်တွင်ရှိသော ပြည်သူတစ်ဦးကပြောသည်။ https://burmese.kachinnews.com/2023/05/04/yl1-74/

၂၉။    တောင်ကြီးခရိုင်ရှိ စစ်ရှောင်များ နိုင်ငံတကာ ထောက်ပံ့မှုလိုအပ်နေ
        May 4, 2023

သျှမ်းပြည် ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များ နိုင်ငံတကာ အဖွဲ့အစည်းမှ ထောက်ပံ့မှုများ ပိုမို လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ ကော်မတီထံမှသိရှိရသည်။ သျှမ်း– ကယား နယ်စပ်တိုက်ပွဲကြောင့် ၂ နှစ်ကျော်ကြာ ကာလ အတွင်း နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်ဦးရေ ၈ ထောင်ကျော်သည် ယခု (မေလ) မှစပြီး အလှူရှင်မှ ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာ ပြတ်လပ်သွားသဖြင့် အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်ကော်မတီ များထံမှ သိရသည်။ အလားတူ စစ်ရှောင်စခန်းအချို့ရှိ ယာယီတဲများသည် ဝါး နှင့် ဆောက်လုပ်ထားသဖြင့် အချိန်ကြာလာသည့် နှင့်အမျှ မိုး၊ လေ၊ နေ ၏ ဒဏ်ကြောင့် ဆွေးပြီးပျက်စီးလာရာ ယာယီတဲ ပြန်လည်ဆောက် လုပ်ဖို့ရန် အတွက်လည်း အကူအညီ လိုအပ်နေ ကြောင်း စစ်ရှောင်ကူညီသူ ဒေသခံ ကော်မတီတစ်ဦးက ပြောသည်။ “လောလောဆယ် ကျနော်တို့ ဆီဆိုင်မှာတော့ စားနပ်ရိက္ခာ က ဒီလကစပြီး မရတော့ဘူး။ အလှူရှင် မရှိတော့ဘူး။ ဒီလဆိုရင်တော့ ကုန်သွားကြပြီ။ နောက်တစ်ခုက တချို့ထွက်ပြေးလာ တာ ကြာတော့ ဝါးလေးတွေ တဲဆောက်ပြီး နေတယ်။ အခုက အဲ့ဟာတွေက ဆွေးကုန်တာ၊ ပိုးထိုးကုန်တာ။ ဟိုတလော မိုးကြီး လေတိုက်တော့ တချို့ဟာလည်း လှန်ထွက်ကုန်တာရှိတယ်။ အိမ်သာကော များများလိုအပ်နေသေးတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ အလှူရှင်မှ ထောက်ပံ့မှုများ ပြတ်လပ်သွားသောကြောင့် နိုင်ငံတကာ အဖွဲ့အစည်းမှ အလှူရှင်များ၊ UNHCR နှင့် INGO ထောက်ပံ့မှုတွေ ပိုမိုလိုအပ်လာနေကြောင်း သိရသည်။ ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များသည် ယခင်ကတည်း က နိုင်ငံ တကာ အဖွဲ့အစည်းမှ ထောက်ပံ့မှုများကို ရရှိခဲ့သော်လည်း အခက်ခဲ အမျိုးမျိုးကြောင့် မြေပြင်တွင် နိုင်ငံတကာမှ ထောက်ပံ့မှု ရောက်ရှိလာခြင်း အားနည်းနေသေးကြောင်း ၎င်းက ပြောသည်။ “ နိုင်ငံတကာက ထောက်ပံ့မှုတွေက တော့ ရောက်ပါတယ်ဗျ။ ထိရောက်မှုက နည်းတယ်။ ဒေသခံတွေက ပေးတာများတယ်ဗျ။ နိုင်ငံတကာက ထောက်ပံ့မှုတွေ တာဝန်ယူထားတဲ့ အဖွဲ့အစည်း တွေကျတော့ ဒီမှာမရှိဘူး။ သူတို့က အဝေးမှာနေတယ်။ အဲ့အဝေးကနေလာရပြီး ပစ္စည်းဝေတယ်။ ပစ္စည်းဝေပြီး ပျောက်သွား တာ။ တကယ့် မြေပြင်မှာ ရောက်နေတာ အားနည်းနေသေးတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။ စစ်တပ်က အာဏာသိမ်း ပြီးနောက်ပိုင်း ဆီဆိုင် – ဟိုပုံး ပြည်ထောင်စု ကားလမ်းမကြီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ယခင်ထက် ဂိတ်များ တိုးချဲ့ ဆောက်လုပ်ပြီး တင်းကြပ်စစ်ဆေးလာမှုကြောင့် လမ်းခရီးတွင် သွားလာရန် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။ https://burmese.shannews.org/ar chives/34506

၃၀။     စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သားလူငယ်တစ်ဦး သေဆုံး
         May 4, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင် လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတွင် မေလ (၃) ရက်နေ့က အသက်(၂၀)ကျော်အရွယ် ဒေသခံလူငယ်တစ်ဦး စစ်ကောင်စီ တပ်များ၏ အကြောင်းမဲ့ ပစ်သတ်ခြင်းခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။ ပစ်သတ်ခံရသူလူငယ်သည် နတ်သံကွင်းမြို့တွင်း၌ အလုပ်လုပ်ကိုင်ပြီး ယမန် နေ့ည(၇)နာရီခန့်က ဆိုင်ကယ်ဖြင့်အလုပ်မှ အိမ်သို့ပြန်လာစဥ် နတ်သံ ကွင်းဆေးရုံ မျက်စောင်းထိုးတွင် ကင်းပုန်းလာဝပ် နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်(၇) ဦးအဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် ခါးကိုသေနတ်ထိမှန် ဒဏ်ရာဖြင့် သေဆုံးသွား ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။ ဒေသခံတစ်ဦးက “ပစ်သတ်ခံရတဲ့ကောင်လေးက နေ့တိုင်းအလုပ်သွားအလုပ်ပြန် လုပ်နေကြပါ။ အဲ့ဒီနေ့ကပြန်တာလည်း ခါတိုင်းထက်စောတယ်။ ဆေးရုံနားဆိုတော့ (၈)နာရီလောက်ထိ လူတိုင်းသွားလာကြပါ တယ်။ အဲ့ဒါကို လှမ်းပစ်လိုက်တာ။ အလောင်းကတော့ပြန်ရတယ်။ ဆေးရုံလိုက်သွားတဲ့မိသားစုဝင်တွေပြောတာကတော့ ကျည် က ဖောက်မထွက်သွားပဲ ခါးရိုးနားမှာထိတယ်လို့ပြောတယ်။” ဟု ပြောသည်။

ထို့အပြင် ဆေးရုံမျက်စောင်းထိုးရှိ ကင်းတဲအတွင်း တခါတရံစစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်းလာဝပ်လေ့ရှိပြီး ယမန် နေ့ညက အသံကြားသဖြင့် ထွက်ကြည့်ရာ အဆိုပါ ဖြစ်စဥ်အားတွေ့မြင်ခဲ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် အခြားဒေသ ခံတစ်ဦး‌ ကလည်း ပြောသည်။ ယခုရက်ပိုင်း နတ်သံကွင်းမြို့အတွင်းတွင် စစ်ကောင်စီတပ်များက တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ အသွား အလာကိုထောက်လှမ်းရန် အရပ်ဝတ်များဖြင့် လက်နက်ကိုင် ဆောင်ကာသွားလာနေကြကြောင်း ဒေသခံများကပြောဆိုကြသ လို အဆိုပါ လူငယ်အား လူမှားယွင်း၍ ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု တပ်တွင်းနီးစပ်သူများ၏ ပြောကြားချက်အရသိရသည်။ ပြီး ခဲ့သည့် ဧပြီလ(၂၂)ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့်တပ်ပေါင်းစုများက စစ်ကောင်စီ၏ တပ် စခန်း(၄)ခုအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ် အတွင်းရှိ ကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုများနှင့် တပ်အင်အားဖြည့် တင်းခြင်း များလုပ်ဆောင်ခဲ့သော်လည်း ယခု ရက်ပိုင်း နတ်သံ ကွင်းတွင် လက်နက်ကြီး ပစ်ခတ်မှုငြိမ်သက်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှသိရသည်။ https://kicnews. org/2023/05/%e1%80%85%e1% 80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1

၃၁။    တန့်ယန်းမြို့နယ် အမျိုးသား တစ်ဦး ကျားကိုက်ခံရ ၊ ဆေးရုံမှာ ဆေးကုသနေဆဲ
         May 5, 2023

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ်တွင် တောထွက်လည်သည့် အမျိုးသား တစ်ဦးသည် ကျားကိုက်ခံရပြီး လက်ရှိ တွင် ဆေးရုံ၌ တင်ထားရကြောင်း သတင်းသိရသည်။ မေ ၄ ရက်တွင် တန့်ယန်းမြို့နယ် မိုင်းကျိုင်ကျေးရွာအုပ်စု မိုင်းကျိုင်ရွာတွင် တောထွက်လည်သည့် အမျိုးသားတစ်ဦးသည် ကျားကိုက်ခံရပြီးထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်းသိရသည်။ “တော လည် တာပေါ့နော်၊ အဲ့မှာ ကျားနဲ့ ဘယ်လို တွေ့မိတာလည်း မသိဘူး၊ လက်တွေ ခြေထောက်တွေ တော် တော် ထိသွားတယ်၊ အဖော်ပါသွားလို့ တော်သေးတယ်၊ သူတို့ကတော့ ကျားကိုက်တာ မခံရဘူး၊ သူတစ်ယောက်တည်းပဲ ဖြစ်သွားတယ်၊ အခုတစ် ခေါက် တောလိုက်ကြတာကလည်း တောနက်ထဲ ရောက်သွားလို့ထင်တယ်” ဟု တန့်ယန်းမြို့နယ်မှ အမျိုးသား တစ်ဦးက ပြော သည်။ အဆိုပါ ကျားကိုက်ခံရသူသည် ဘယ်ခြေထောက် နှင့် ညာလက်တို့တွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွား ကြောင်း နှင့် လက်ရှိတွင် တန့်ယန်းမြို့နယ် ဆေးရုံသို့ ပို့ဆောင် ကုသထားကြောင်း သိရသည်။

အဆိုပါ ကျားကိုက်ခံရသည့် ဒေသအတွင်း ယခင်အချိန်ကလည်း ကျားနှင့်တခြား တောရိုင်း တိရိစ္ဆာန်များကျင်လည် ကျက်စားရာ ဒေသလည်း ဖြစ်ကြောင်း သိရသည်။ “တခါတလေ တောလည်တဲ့ သူတွေက ကျားတွေ့တာလို့ ခဏခဏ ပြောတာ တွေ့ရတယ်၊ ဒါပေမဲ့ အကိုက်ခံရတာ မျိုး မရှိဖူးဘူး၊ ပြီးတော့ ဝက်ဝံခြေရာတွေလည်း တွေ့ရတယ်၊ ဒီဘက်မှာ တောအုပ်ကောင်း တော့ အကောင်တွေ လည်းစုံပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။ “တောမတက်ရင်လည်း တချို့ စားဝတ်နေရေး က အဆင်မပြေဘူး၊ တချို့က တောထဲက သစ်ဥသစ်ဖုတွေ၊ အရွက်အမြစ်တွေကို တူးဖော်ပြီးတော့ ပြန်လာရောင်းကြတယ်၊ တချို့ကလည်း တောကောင်တွေကို လိုက်ပစ်တာပေါ့၊ အဲ့ဒါကြောင့် တောမတက်နဲ့လို့ ပြောလည်း မရနိုင်ဘူး၊ အကန့်အသတ် အထိ တောနက်ထိ မရောက်ဖို့ ကိုတော့ အချင်းချင်း ထိန်းသိမ်းပြောကြရမှာပေါ့” ဟု ရပ်ရွာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ https://burmese.shannews.org/archives/34521

၃၂။    ရှမ်းတောင်ပိုင်းနဲ့ ကယားမှာ ဧပြီလအတွင်း တိုက်ပွဲပေါင်း ၅၀ ဖြစ်ပွား
        May 4, 2023

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ ဧပြီလအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၅၀ အထိ ဖြစ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဧပြီ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။ အခုနှစ်ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစပြီး စစ်ကောင်စီတပ်က မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ဒီးမော့ဆိုမြို့နယ် အတွင်းကို လေကြောင်းကော မြေပြင် ကနေပါ ထိုးစစ် ပိုလုပ်လာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်လကျော်အထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ KNDF တာဝန်ရှိ သူကပြောပါတယ်။ ဧပြီလအတွင်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဘက်က သုံးဦးသေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အယောက် ၇၀ အထိ သေဆုံးခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်းသုံးဦးကိုလည်း ဖမ်းဆီးရ မိ ထားတယ်လို့ဆိုပါတယ်။

ဧပြီလ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု ၁၀၈ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး လက်နက်ကြီး တွေကိုပါ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ရပြီး ငါးဦး ဒဏ်ရာရခဲ့သလို လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNDF ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်လို့ အရပ်သားတစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဧပြီလအတွင်း လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်ခံရမှုကြောင့် ဆေးရုံနှစ်လုံး ဆေးပေးခန်း နှစ်ခုနဲ့ ခရစ်ယာန် ဘာသာရေး အဆောက်အအုံ တစ်လုံး၊ လူနေအိမ် အလုံး ၂၀ အထိ ပျက်စီးခဲ့ရတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https ://www.rfa.org/burmese/news/southern-shan-and-kayah-battles-05042023035050.html

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။