• Today is: Tuesday, April 30, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ်လူမျိုပေါင်းစုံသတင်း

(No. 48, June 16, 2023)

၁။   မိုးဗြဲစစ်ရှောင်နေရာများကို လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် ညအချိန်မတော် စစ်ကောင်စီ တိုက်ခိုက်
      June 15, 2023

ယမန်နေ့ည ၉ နာရီကျော်အချိန်တွင် မိုးဗြဲ စစ်ဘေးရှောင်များနေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် သန်းခေါင်ယံကျော်ချိန်၌ လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင်ပြင်းထန်နေသောတိုက်ပွဲများကြောင့် မိုးဗြဲအနောက်ခြမ်းဘက်သို့ ထွက်ပြေးရှောင် တိမ်းနေရသည့် စစ်ဘေးရှောင်နေရာများကို စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက် ညပိုင်းနှင့် ယနေ့ နံနက် အစောပိုင်းတို့တွင် လက်နက်ကြီး၊ လေယာဉ်တို့ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “မိုးဗြဲအနောက်ခြမ်း စစ်ရှောင်တွေရှိတဲ့နေရာဘက်ကို လက်နက်ကြီး တွေနဲ့ အရင်ပစ်တာ။ မနက် ၁း၅၀ လောက်မှာ လေယာဉ်ဗုံးလာကြဲသွားတာ “ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ရှောင်ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ရှောင်တဲတချို့လည်း ပျက်စီးခဲ့ရ သည်ဟု မိုးဗြဲစစ်ဘေးရှောင်ကော်မတီက ဖော်ပြထားသည်။

“စစ်ဘေးရှောင်ပြည်သူများအားလုံး၊ လုံခြုံတဲ့နေရာနေပေးဖို့ပြောလို့မရလောက်အောင် ဘယ်နေရာမှမလုံခြုံသော ကြောင့် သတိဝိရိယရှိနေဖို့နှင့် ဘေးကင်းသည့်နေရာတွေမှာ ရှောင်နေပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ “ဟု မိုးဗြဲစစ်ဘေး ရှောင်ကော်မတီက ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်ကို စစ်ကောင်စီတပ်က ပြီးခဲ့သော မေလ ၂၇ ရက်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေရာ လက်ရှိချိန်ထိ စစ်ရေးတင်းမာနေသည်။ မေလ ၂၇ ရက်မှ ဇွန်လ ၉ရက်ထိ စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် မိုးဗြဲတွင် ကလေးငယ်သုံးဦးအပါအဝင် အမျိုးသားရှစ်ဦးနှင့်အမျိုးသမီး ငါးဦး သေဆုံးခဲ့ရသည်ဟု မိုးဗြဲ PDF တပ်ရင်း၁က ထုတ်ပြန်ထား သည်။ https://www.facebook.com/photo/?fbid=6257898329 18315&set=pcb.625790116251620

၂။    စစ်ကောင်စီ လက်နက်ကြီးကြောင့်  KNU ကျောင်းထိမှန်ပြီး ကျောင်းသူ ၃ ဦး ထိခိုက်
      June 15, 2023

ကရင်လူမျိုးများ၏ ကော်သူးလေအထိမ်းအမှတ်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်အတွင်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ထိုလွီဝါးအထက်တန်းကျောင်းအတွင်းကျ ရောက် ပေါက်ကွဲပြီး ကျောင်းသူ ၃ ဦးဒဏ်ရာရခဲ့ကြောင်း တောင်ငူခရိုင်တာဝန်ရှိသူများအား ကိုးကားပြီး ဒေသတွင်းမီဒီယာများ က ဖော်ပြကြသည်။ ထိုလွီဝါးအထက်တန်းကျောင်းသည် KNU တပ်မဟာ-၂၊ တောအူး (တောင်ငူ) ခရိုင်၊ ထန်းတပင်မြို့နယ် အတွင်း တည်ရှိပြီး စစ်ကောင်စီလက်အောက်ခံ တောင်ငူမြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း ၃၀၆ မှ ယမန်နေ့ည ၁၁ နာရီခန့် တွင်လက်နက်ကြီးဖြင့် ငါးကြိမ်ခန့်ပစ်ခတ်ခဲ့ရာ ကျောင်းဝန်းအတွင်းရှိအဆောင်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသူနှစ်ဦးမှာ ဦးခေါင်းရှပ်ထိဒဏ်ရာရခဲ့ပြီး တဦးမှာ လက်ထိမှန်ခဲ့ကာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်းလည်း တပ်မဟာ-၂ တာဝန်ရှိသူများ၏ ပြောကြားချက်အား ကိုးကားပြီး ဒေသတွင်းမီဒီယာများက ဖော်ပြထားကြသည်။

ထိုလွီဝါးအထက်တန်းကျောင်တွင် ကျောင်းသား/ကျောင်းသူ နှစ်ထောင်နီးပါး တက်ရောက် ပညာသင်ကြားနေကြပြီး ယခုကဲ့သို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လတ်တလော ကျောင်းအား ယာယီ ပိတ်ထားရ ကြောင်းလည်း သိရသည်။ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ ဖဆပလ အစိုးရနှင့် KNU အကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး နောက် ဇွန်လ ၁၄ ရက်နေ့ တွင် ကရင်အမျိုးသားအစည်းအရုံးမှ တောင်ငူမြို့တွင် အခြေစိုက်ကာ ကော်သူးလေအစိုးရ စတင်ဖွဲ့ စည်းသည့်နေ့အား အစွဲပြုကာ ကော်သူးလေနေ့အဖြစ် သတ်မှတ်ခဲ့ပြီး အထိမ်းအမှတ်ပွဲများ ကျင်းပလေ့ရှိကြသည်။ https://ww w.facebook.com/photo/?fbid=646232614216596&set=pc b.646232740883250

၃။    ဖားကန့်တွင် အုပ်ချုပ်ရေးမှူးများ နှင့် ယာယီတာဝန်ခံများ နုတ်ထွက်ရန် ပြင်ဆင်နေ
       June 15, 2023

ဖားကန့် လုံးခင်းအုပ်စု အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးတဲ့နောက် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးယန္တရားအတွက် အရေးပါ တဲ့ အုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေကြပြီလို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ က လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ သတ်ဖြတ်ခံရတဲ့ပြီးတဲ့နောက်မကြာခင်မှာဘဲ မြို့မအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးဟာ အုပ်ချုပ်ရေးတာဝန်ကနေ နုတ်ထွက်ဖို့ ဖားကန့်စစ်ကောင်စီအုပ်ချုပ်ရေးစီမံရုံးကို စာတင်လိုက်ပါတယ်။ ဒါ့အပြင် ကျန်ရပ်ရွာအသီးသီးက အုပ်ချုပ်ရေးအဖွဲ့တွေလည်း နုတ်ထွက်ဖို့ စီစဉ်နေကြတယ်လို့ ဖားကန့် ဒေသခံအမျိုးသား တစ်ယောက်က ပြောပါတယ်။ “လက်ရှိမှာတော့ မြို့မအုပ်ချုပ်ရေးက နုတ်ထွက်ဖို့ စာတင်ထားတယ်။ ကျန်ရှိတဲ့ ကျေးရွာတာဝန် ခံတွေ၊ ယာယီတာဝန်ခံတွေကလည်း လုံခြုံရေးမရှိတော့တဲ့ အနေအထားမှာဖြစ်နေတဲ့အတွက် စာမတင်ပေမယ့် ထွက်ဖို့ ရပ်နားဖို့ စီစဉ်နေကြတယ်။ တွေ့ရသလောက်က ဖားကန့် မြို့နယ်တစ်ခုလုံးရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အားလုံးဖြစ်နေကြတယ်”လို့ ဆိုပါ တယ်။ ဖားကန့်မြို့နယ်မှာ အုပ်ချုပ်ရေးယန္တရားကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် အဓိကအရေးပါတဲ့ မြို့ပေါ် ရပ်ကွက် ၅ ခုကတော့ မြို့မ၊ အေးမြသာယာ၊ ငှက်ပျောတော၊ မရှီကထောင်၊ မှော်ဝမ်း တွေဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အဲ့ဒီ ကျေးရွာထဲက အုပ်ချုပ်ရေးတာဝန်ခံတစ်ချို့ သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့တဲ့အတွက် အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားနိုင်တဲ့အထိ ဖြစ်ပေါ်လာနိုင်တယ်လို့ သူက ဆက်ဆိုပါတယ်။

“အခုလို အုပ်ချုပ်ရေးအဖွဲ့တွေ သတ်ဖြတ်ခံရတော့ ကောင်းတဲ့ အရာမှာ လုပ်နေတဲ့ ဘယ်သူမဆို လုံးခြုံရေးအတွက် ကြောက်ပြီးတော့ နုတ်ထွက်ကြဖို့အထိ ဖြစ်လာကြတယ်။ ဒီလိုသာ ဆက်ဖြစ်လာဖို့ဆိုရင် အုပ်ချုပ်ရေး ယန္တရားတွေ အကုန် ရပ်တန့်သွားနိုင်တယ်။ ပြည်သူတွေရဲ့ ရပ်ကျေးတာဝန်အကုန်လုံးကို အုပ်ချုပ်ရေးအဖွဲ့တွေက အကုန်လုပ်ပေးရတာ ဖြစ်တယ်။ လက်ရှိ စစ်ကောင်စီ လက်အောက်မှာ ညှိနှိုင်းပြေလည်ဖို့က သူတို့ပဲ လုပ်ပေးနေရတာ ဖြစ်တယ်။ အုပ်ချုပ်တဲ့သူတွေ မရှိတော့ ဘူးဆိုရင် အုပ်ချုပ်ရေးရုံးတွေသွားနိုင်တယ်။ အဲ့ဒီနောက်ပိုင်းဆို ပြည်သူတွေ ဒီထက်ပိုပြီး ခက်ခဲလာနိုင်တယ်”လို့ ပြောပါတယ်။ လက်ရှိ ဖားကန့်မြို့နယ်တွင် အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်နေကြသော အုပ်ချုပ်ရေးအဖွဲ့တွေဟာ အရင်အစိုးရ လက်ထက် မှာ ကျေးရွာအလိုက် ပြည်သူတွေရဲ့ လိုအပ်ချက်အရ ခန့်အပ် တင်မြှောက်ထားတဲ့သူတွေသာ ဖြစ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက် အောက်မှာ ဆက်လက် တာဝန်မထမ်းဆောင်တာ တွေ မပြုလုပ်ကြဖို့ တစ်ဖက်မှာ အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူလူထုတွေက သတိပေးပြောဆိုမှုများရှိနေတဲ့ အတွက်ကြောင့် အုပ်ချုပ်ရေးမှူးများနဲ့ ရပ်ကျေးတာဝန်ခံများတစ်ချို့က တာဝန်ကနေ နုတ်ထွက်သွားပြီး တစ်ချို့မှာ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေအပါအဝင် လုံးခင်းအုပ်စု ရဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေအပါအဝင် ဆိပ်မူ အုပ်ချုပ်ရေးမှူး ဦးတန်ဘောင်လဆိုင်း၊ မရှီကထောင် ရပ်ကွက် ဦးထွန်းမြင့်အောင်၊ ဆန်းကြွယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် တို့ သတ်ဖြတ်ခံလိုက်ရပါတယ်။ https://burmese.kachinnew s.com/2023/06/15/yl1-81/

၄။    ထိုင်းနယ်စပ်ရောက် မယ်စဲ့စစ်ဘေးရှောင် ၃၀၀၀ ကျော်အတွက် အကူညီလိုအပ်နေဆဲ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်         မိခင် တွေအတွက် ဆေးဝါးပိုမိုလိုအပ်
       June 16, 2023

ဇွန်လ ၁၃ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ မယ်စဲ့မြို့နယ်အတွင်း တိုက်ပွဲကြောင့် မယ်စဲ့မြို့ကနေ ထိုင်းနိုင်ငံဖက်ကို ထွက် ပြေးတိမ်းရှောင်လာတဲ့ ကရင်နီစစ်ဘေးရှောင် ဦးရေ ၃၀၀၀ ကျော်အတွက် အကူအညီလိုအပ်နေဆဲဖြစ်ပြီး အထူးသဖြင့် ကိုယ်ဝန် ဆောင်အမျိုးသမီးနဲ့ နို့တိုက်မိခင်တွေအတွက် ဆေးဝါးလိုအပ်နေတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး – ၂ မော်ဖရေမြာ က ပြောပါတယ်။ “ကိုယ်ဝန်သည်ဆိုလည်း ဘားမှ သူတို့ သောက်တဲ့ အားဆေးလိုပဲဖြစ်ဖြစ် အရေးပေါ် ကျန်းမာရေး ပြုစုမှုအတွက် ဆောင်ထားတဲ့ဆေးကတော့ ပုံမှန်လိုအပ်မယ်ပေါ့နော။ နို့တိုက်မိခင်လိုမျိုးကျတော့ တစ်ချို့ကတော့ ကလေး နို့ရည်သိပ်မထွက်တဲ့ အနေအထားမျိုး…ပြီးရင် မိခင်ကလည်း အစာအာဟာရ လုံလုံလောက်လောက် မစားနိုင်တဲ့ အနေအထား မျိုးမှာ ခုနပြောသလိုမျိုး တချို့ကလည်း နို့မတိုက်နိုင်တဲ့ အနေအထားမျိုးမှာ နို့ဘူးဝယ်တိုက်တဲ့ တချို့အမေတွေလည်း ရှိတယ် ပေါ့နော။ ဆိုတော့ အရေးပေါ် အဲ့လိုမျိုးလိုအပ်တယ်။”လို့ မော်ဖရေမြာက ပြောပါတယ်။ မယ်စဲ့မြို့နယ်နဲ့ နယ်စပ်အတွင်း ဖြစ်ပွား ခဲ့တဲ့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဖက်ကို တိမ်းရှောင်ခဲ့တဲ့ စစ်ရှောင် (၃၃၄၂)ဦးရှိပြီး ၎င်းတို့ကို ထိုင်းအာဏာပိုင်တွေက ကြည့်ရှုထားတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

လက်ရှိမှာ မယ်စဲ့ စစ်ဘေးရှောင် ၃၀၀၀ ကျော်ကို နန်းဖားခယ်၊ နန်းမန်းချောင်း၊ နန်းမန်းခီး၊ ဆော်ဟီမှာ နေရာချပေး ထားတယ်လို့ သိရပါတယ်။ လိုအပ်တဲ့နေရာထိုင်ခင်း၊ မိုးကာ၊ စားနပ်ရိက္ခာ၊ ချက်ပြုတ်စားသောက်ဖို့ လိုအပ်တဲ့ အရာတွေကို ထိုင်းဖက်က ကူညီထားသလို ကရင်နီလူမှုအဖွဲ့အစည်းတွေကလည်း ကူညီပို့ဆောင်နေပေမယ့် လုံလောက်မှုမရှိသေးဘဲ အကူ အညီလိုအပ်နေဆဲဖြစ်တယ်လို့ မော်ဖရေမြာက ဆက်ပြောပါတယ်။ “အကူအညီလည်း လိုအပ်တယ်ပေါ့နော။ ထိုင်းက လက်ခံ ပေးတယ်ဆိုပေမယ့်၊ ပုံမှန်လိုမျိုးပဲ စစ်ဘေးရှောင်တွေ လိုအပ်နေတဲ့ မိုးကာတွေ နေထိုင်ဖို့ ပစ္စည်းတွေရယ် အာဟာရအစား အသောက်တွေရယ် လိုတာပေါ့နော။ ကျမတို့ ကရင်နီပြည်နယ် အဖွဲ့အစည်းတွေကတော့ ဝိုင်းဝန်းပြီးတော့မှ အစားအသောက် ကူတဲ့ အဖွဲ့လည်းရှိသလို အထွေထွေလိုက်ကူပေးတဲ့ အဖွဲ့လည်းရှိတယ်ပေါ့နော။ ဒါပေမယ့် အရေးပေါ်လိုမျိုးဖြစ်နေတော့ လုံလုံလောက်လောက် အမြန်ဆုံး သူတို့နားမရောက်တာလည်း ရှိတယ်ပေါနော။”လို့ မော်ဖရေမြာက ပြောပါတယ်။ စစ်ရှောင် တွေထဲ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ ကလေးငယ်တွေ အများဆုံးဖြစ်ပြီး မိုးရာသီကာလဖြစ်တာကြောင့် ဖျားနာမှု မရှိအောင် အရေးပေါ် ဆေးဝါးလည်း လိုအပ်နေတာဖြစ်ပါတယ်။ https://ww w.facebook.com/photo/?fbid=65159807700 6768&set=pcb.651598263673416

၅။    နှစ်နှစ်အတွင်းအရပ်သား ကိုးထောင်နီးပါး သေဆုံးခဲ့၊ ယခုနှစ်ငါးလအတွင်း အရပ်သားသေဆုံးမှုစံချိန်တင်မြင့်             တက်လာ
      June 15, 2023

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း မြန်မာနိုင်ငံတွင် အရပ်သားသေဆုံးမှု ၈,၆၄၀ ဦးထက်မနည်း ရှိခဲ့ပြီး ယခုနှစ် ငါးလအတွင်းတွင်ပင် အရပ်သားသေဆုံးမှု စံချိန်တင် မြင့်တက်လာနေသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု-ISP Myanmar ထံက သိရသည်။ ယခုနှစ်ငါးလအတွင်း လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် အရပ်သား ၇၄၈ ဦးထက်မနည်း စံချိန်တင် သေဆုံးခဲ့ကာ ယခင်နှစ်အတွင်း သေဆုံးခဲ့သည့် အရပ်သားစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းနီးပါး အထိ ရှိနေသည်ဟု သိရသည်။ ဒါ့အပြင် ဆန္ဒပြပွဲအတွင်း (စစ်ကောင်စီ၏) ပစ်ခတ်ခံရမှုနှင့် ဖမ်းဆီးခံထားရစဉ် သေဆုံးသူ ၂,၁၈၃ ဦးထက်မနည်း ရှိနေသည်ဟုလည်း ISP- Myanmarက ဆိုသည်။

Peace Research Institute Oslo (PRIO)၏ ယခုနှစ် ဇွန် ၁၂ ရက် သုတေသနစာတမ်းအရ အာဏာသိမ်းမှုအလွန် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀ အထိ မြန်မာနိုင်ငံတဝန်း အရပ်သား ၆,၃၃၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ISP- Myanmarက ကိုးကား ထားသည်။ PRIO ၏ ထုတ်ပြန်ချက်အရ နိုင်ငံရေးအကြောင်းပြု လုပ်ကြံသတ်ဖြတ်မှု အများဆုံးဖြစ်ပြီး ဆန္ဒပြပွဲများအတွင်း (စစ်ကောင်စီရဲ့) ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် အရပ်သားသေဆုံးမှု ဒုတိယအများဆုံး ဖြစ်နေသည်ဟုလည်းသိရသည်။ စစ်ကောင် စီ ၏ စာရင်းများအရ ဒလန်ဟု စွပ်စွဲခံရပြီး သတ်ဖြတ်ခံရသူ ၄,၀၀၃ ဦးရှိ‌နေသည်ဟု သိရပြီး စစ်ကောင်စီ ကိန်းဂဏန်းများ အတွက် သီးခြားအတည်ပြုချက် မရှိကြောင်းလည်း  ISP- Myanmarက ဆိုသည်။ https://www.facebook.com/photo?fb id=645355877611944&set=pcb .645355954278603

၆။    နဘူးဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ
       June 16, 2023

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ နဘူးမြို့နယ်၊ ရန်ကုတ်ကျေးရွာအုပ်စု ဇော်ဟဲကျေးရွာတွင် နေထိုင်သူ အသက် (၄၀) နှစ်အရွယ်ရှိ စော‌ကျော်ဒါးဘိုဆိုသူသည် ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်း (၃)နာရီကျော်အချိန်တွင် ကော့ကရိတ်-မြဝတီလမ်းဟောင်း ဒေါင်းကျယ်စေတီဘေးရှိ ဝါကလုကျိုးနေရာတွင် မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း နီးစပ်သည့် ဒေသခံများအထံမှ သိရသည်။ စောကျော်ဒါးဘိုသည် မိသားစု စားဝတ်နေရေးအတွက် ဒညင်းသီး၊ သစ်ချသီးရှာဖွေရန် တောင်ပေါ်သို့ သွားရောက်ရာတွင် မည်သည့် အဖွဲ့ကထောင်ထားမှန်းမသိရသည့် မြေမြှုပ်မိုင်းနင်းမိပြီး ညာဘက်ခြေထောက်‌ အရိုးကြေကာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း KNU၏ နဘူးမြို့နယ် တာဝန်ရှိသူတစ်ဦးက ယခုလိုပြော သည်။ “မိသားစုစားဝတ်နေရေးအဆင်မပြေလို့ ရှာဖွေ စားသောက်နေရတယ်။ အဲလိုနဲ့ မိုင်းနင်းမိတယ် ခြေထောက်တစ်ဖက်နဲ့ ပြန် လာတယ်။ ဘယ်သူထောင်ထားတယ် မသိဘူး။ သူ့ကို ရွာထဲက အဒေါ်တစ်ယောက်တွေ့လို့ ရွာသားတွေကိုအကူအညီ ပြန် တောင်းပြီး ဆေးရုံ‌ဆေးခန်း ပို့ရတယ်”ဟု ၎င်းက ပြောသည်။

၎င်း မိုင်းနင်းမိရာ နေရသည့် ရွာနှင့် ၂ နာရီကြာလမ်းလျှောက်ရသည့် နေရာတွင်ရှိပြီး မိုင်းနင်းမိပြီးနောက် စောကျော် ဒါးဘိုသည် ရွာစပ်နားအထိ ရောက်အောင်ပြန်လာခဲ့ပြီးနောက် ဒေသခံအမျိုးသမီးကြီးတစ်ဦးတွေ့ရှိ၍ ဒေသခံရွာသားများ၏ အကူအညီဖြင့် ပိုင်ကျုံမြို့နယ်ရှိ နော်သခီးကျေးရွာ ဆေးခန်းသို့ ကူညီပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ နော်သခီးဆေးခန်းတွင် ဆေးကုသမှု ခံယူနေစဉ် သွေးလိုအပ်မှုရှိသောကြောင့် ဒေသခံလူငယ်တစ်ဦးမှ သွေးလှူပေး မည့်သူကို ကူညီရှာဖွေပေးခဲ့ပြီး လက်ရှိတွင် ဆေးခန်းအတွင်း ဆက်လက်ကုသရန် ဆေးပစ္စည်းမလုံလောက်မှုကြောင့် လှိုင်း ဘွဲမြို့နယ်ရှိ ကေအဲန်ယူ၏ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန(KDHW)ဆေးရုံသို့ လွှဲပြောင်းပေးလိုက်ပြီး ဖြစ်ကြောင်း အကူ အညီပေးသူ လူငယ်တစ်ဦးက ပြောသည်။ ၎င်းက”မနေ့ကသွေးလိုတော့ နော်သခီးဆေးခန်းကအကူညီတောင်းလာတော့ လူနှစ် ယောက် ရှာပြီးတော့ သွေးသွား လှူလိုက်တယ်။ ဆေးခန်းမှာ မပြည့်စုံလို့ ကားရှာပြီး မော်ပယ်ခို ဆေးရုံကို ပို့လိုက်တယ်” ဟု ပြောသည်။ ထို့အတူ ကော့ကရိတ်မြို့အနီး ကော့နွဲကျေးရွာနှင့် ကော့ကရိတ်မြို့အဝင်လမ်းများတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ (BGF)တို့ တပ်စခန်းချထားသော ကျေးရွာများအနီးတွင် မြေမြှုပ်မိုင်းအများအပြား ထောင်ထားခြင်းကြောင့် လည်း နေရပ်မပြန်ရဲသေးသည့် ဒေသခံအများအပြားရှိကြောင်း ဒေသခံများက ပြောဆိုသည်။ https://kicnews.org/2023/06/%e1%80%94%e1% 80%98%e1%80%b0%e1%80%b8%e1%80%92%e1%80%b1%e1

၇။   လားရှိုးမြို့အနီးက တိုက်ပွဲမှာ ရွာခံ ၅၀ ကျော် ပိတ်မိနေဆဲ
      June 15, 2023

ရှမ်းမြောက် လားရှိုးမြို့အနီးက တိုက်ပွဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်အပါအဝင် ရွာခံ ၅၀ ကျော် ပိတ်မိနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လမ်းပိတ်ဆို့မှုတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်က လားရှိုးမြို့ အရှေ့ဘက် မြို့နဲ့ မိုင် ၂၀ ခန့် သာ ကွာဝေးတဲ့ ဟိုနားပန်ဟုန်းကျေးရွာအုပ်စု မန်ဘန်ရွာထဲ ဝင်လာတဲ့ စစ်ကောင်စီတပ် အင်အား ၇၀ ခန့်ဟာ ကိုးကန့်တပ် MNDAA နဲ့ ထိပ်တိုက် တိုးမိပြီး အပြန်အလှန် ပစ်ခတ်ရာကနေ ၃ နာရီကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲ စတင်ဖြစ်ပွားချိန် ရွာခံအများစုဟာ နီးစပ်ရာ တောနဲ့ တောင်ယာတွေထဲ တိမ်းရှောင်ခဲ့ကြပြီး လက်ရှိ သတင်းရေးသားနေချိန် ဇွန်လ ၁၄ ရက် ညနေ ပိုင်းအထိ တောတွင်း ပိတ်မိနေသူ ၅၀ ခန့် ရှိနေသေးတယ်လို့ သိရပါတယ်။ တောတွင်း ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးပြု လုပ်ပေးနေတဲ့ ရွာခံတစ်ဦးက “တောင်ယာတွေ လယ်ယာတွေမှာ ရှောင်နေကြတာ။ သူတို့တွေ ရှိတာလေးကို ချွေတာပြီး စားနေ ကြတာ။ တိုက်ပွဲကြောင့် မထွက်လာရဲတာရယ် လက်ရှိ မိုးဦးစိုက်ပျိုးရေး စတင်နေချိန်ဖြစ်တာရယ်ကြောင့် မထွက်လာနိုင်ကြ ဘူး” လို့ ပြောပါတယ်။

မိသားစု ၁၇ စု ပါဝင်တဲ့ တောတွင်း ပိတ်မိနေသူတွေဟာ လက်ရှိမှာ ရာသီဥတု အခြေအနေကြောင့် ဖျားနာသူတွေ ရှိနေပါတယ်။ စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်ထိ မန်ဘန်ရွာထဲ တပ်စွဲထားပြီး လမ်းအသွားအလာတွေကိုလည်း ပိတ်ဆို့မူတွေ ရှိနေတယ်လို့ အထက်ပါ ရွာခံက ဆက်ပြောပါတယ်။ “စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုးမိရင် သွားလာခွင့် မပေးတာတွေရှိတယ်။ လမ်းတွေပိတ်လို့ အခြားရွာကရွာခံတွေလည်းရှောင်နေကြပြီ” လက်ရှိမှာ ပိတ်မိနေသူတွေဟာ စစ်ရေးအခြေအနေကို စောင့်ဆိုင်း နေကြပြီး တိုက်ပွဲကြာမြင့်နိုင်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေလည်း ကယ်ထုတ်ဖို့ ပြင်ဆင်နေကြပါတယ်။ လားရှိုးမြို့ ရပ်ကွက် ၂ စံကောင်းလမ်းက ခရစ္စယာန် ချက်စ်ကျောင်းမှာ မန်ဘန်ရွာခံ ၄၈ ဦး စစ်ရှောင်အဖြစ် တိမ်းရှောင်နေရသလို နီးစပ်ရာ ဆွေမျိုးတွေထံ ခိုလှုံနေသူ ၄၀ ခန့်ရှိပြီး တောတွင်း ပိတ်မိနေသူ ၅၀ ကျော်ရှိနေဆဲ ဖြစ်ပါတယ်။ https://www.facebook.com /photo/?fbid=5849725171433 50&set=pcb.584973297143272

၈။    သရက်ချောင်းက အသက် ၈၀ ကျော်အရွယ်အဖိုးအိုတစ်ဦး စစ်ဘေးရှောင်ရင်း အမောဖောက်သေဆုံး
       June 15, 2023

စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာက စစ်ဘေးရှောင်အဘိုးအိုတစ်ဦး မနေ့က ရုတ်တရုက် သေဆုံးခဲ့ပါတယ်။ သေဆုံးသူဟာ အသက် ၈၀ ကျော်အရွယ်ဝဲရစ်ရွာသား ဦးဖေသန်းဆိုသူဖြစ်ပြီး မနေ့ကည ၁၀ နာရီဝန်းကျင်လောက်က ရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေချိန် ရုတ် တရက် အမော ဖောက်ကာ သေဆုံးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “သူကအစက အိမ်မှာပဲနေနေတာ။ မနေ့ညကမှ အခြေအနေ မကောင်းလို့ ဘုန်းကြီးကျောင်းကိုလာပြောင်းနေတာ။ အဲမှာနေနေတုန်း ရုတ်တရက်အမော ဖောက်လာတာပါ။ ဆေးရုံ၊ ဆေးခန်း ပို့ဖို့လည်းဘာမှမရှိဘူး။ အရင်ကဆိုရင်တော့ ရွာကဆရာမတွေနဲ့ ကုလို့ရသေးတယ်”လို့ဒေသခံကပြောပါတယ်။ ဦးဖေသန်း မဆုံး ခင်နေ့က ည ၆ နာရီခွဲလောက်မှာ ဝဲရစ်ရွာနဲ့သိပ်မဝေးတဲ့ မင်းဒပ်ရွာမှာနှစ်ဖက်တိုက်ပွဲအပြင်းအထန်​ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်ကတော့ လက်နက်ကြီးအချက်ရေ ၅၀ လောက်အထိပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

အခုလ ၈ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်ပြီး အရပ်သားတွေကို ပစ်သတ် တာ၊ နေအိမ်မီးရှို့တာ၊ ကျေးရွာတွေကိုမွှေနှောက်ဖျက်ဆီးတာတွေကြောင့် ကနက်သီရီ၊ ရငဲ၊ ဝဲရစ်၊ ကမြိုင်၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ သိမ်ကုန်း၊ မင်းဒပ်၊ ဝင်းဝ စတဲ့ရွာတွေက ဒေသခံတွေ သောင်းနဲ့ချီ စစ်ဘေးရှောင်နေရပါတယ်။ စစ်ဘေး ရှောင်အများစုဟာ ရေလမ်းကိုအသုံးပြုပြီးထွက်ပြေးတာ၊ တောတောင်တွေထဲကိုထွက်ပြေးနေထိုင် တာတွေပြုလုပ်ကြပြီး တချို့ ကလည်း ရွာထဲကဘုန်းကြီးကျောင်းတွေမှာသွားရောက်နေထိုင်တာတွေ ပြုလုပ်နေတာပါ။ ပြီးခဲ့တဲ့နှစ် သြဂုတ်လကလည်း ရေဖြူမြို့နယ်အတွင်းက ကလေးငယ်တစ်ဦးနဲ့ အမျိုးသားတစ်ဦး စစ်ဘေးရှောင်နေချိန်အချိန်မှီဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=288352696915 820&set=pcb.288352800249143

၉။   ဖားကန့်မြို့နယ်တွင် ကော်ဖီဆိုင်ပိုင်ရှင်ပြန်ပေးဆွဲခံရပြီး ရွှေတစ်ဆယ်သားနဲ့ငွေသိန်း ၃၀၀ ပေးသော်လည်း ပြန်မ        လွတ်သေး
      June 15 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇွန်လ ၁၄ ရက်နေ့ ညပိုင်းက ကော်ဖီဆိုင်ပိုင်ရှင်တစ်ဦး ပြန်ပေး ဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။ မရှီကထောင်ရပ်ကွက်၊ ဘေလီတံတားထိပ်မှာ ဆိုင်ဖွင့်ထားတဲ့ ဦးသိန်းလွင်ကို အမည်မသိလက်နက်ကိုင် အဖွဲ့က ပြန်ပေးဆွဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ “ လောလောဆယ်တော့ သူတို့တောင်းတာကို သွားပေးထားတယ်၊ ငွေသိန်း ၃၀၀ နဲ့ ရွှေ ၁၀ သား တောင်းတယ်၊ ပြန်လွတ်လာတယ်တော့ သတင်းမကြားသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။  ဦးသိန်းလွင် ကို ပြန်ပေးဆွဲသွားတဲ့အဖွဲ့က ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာကိုတော့ အတည်ကျ မသိရသေးဘူးလို့ ဆိုပါ တယ်။ ခုလိုမျိုး ပြန်ပေးဆွဲတဲ့အဖွဲ့က တောင်းတဲ့ ရွှေနဲ့ငွေတွေကို ပေးထားပေမယ့် ပြန်မလွတ်လာသေးတဲ့အပေါ် မိသားစုဝင်တွေ အနေနဲ့လည်း စိတ်ပူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www.f acebook.com/photo/?fbid=587602743508 749&set=a.583120810623609

၁၀။    နောင်ချိုက ကျေးရွာတစ်ရွာမှာ တစ်ပါးတည်း သီတင်းသုံးနေတဲ့ ဘုန်းကြီးတစ်ပါး ငွေတွေ လုယက်ယူခံရ
        June 15, 2023

ရှမ်းမြောက် နောင်ချိုမြို့နယ် ကန်ကြီးကျေးရွာအုပ်စု ရှောက်ခြုံရွာမှာ အသက် (၃၅)ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး က တစ်ပါးတည်း သီတင်းသုံးနေတဲ့ ဘုန်းကြီးတစ်ပါးရဲ့ ငွေ‌တွေ လုယူသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးဆီက သိရပါ တယ်။ ဖြစ်စဉ်ဟာပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး ရှောက်ခြုံရွာရဲ့မနီးမဝေးမှာ တည်ရှိနေတဲ့ ကံသာ စေတီမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီးတစ်ပါးက လုယက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “အဲမှာ က ဆရာတော်တစ်ပါးတည်း နေတာဗျ။ ဘုန်းကြီးကျောင်းတော့ မရှိဘူး။ ဘုန်းကြီးနေဖို့ ဇရပ် တိုက်တစ်လုံးရယ် ဘုရားစေတီရယ် ပဲရှိတာ။ အဲဒါကို အမျိုးသားတစ်ဦးက ဘုန်းကြီးဆီ ဒီအတိုင်းပဲ ဝင်လာပြီးတော့ပိုက်ဆံတွေ ဝင်လုသွားတာ။ ပိုက်ဆံ ငါးသိန်း ကျော် ပါသွားတယ်” လို့ ဆိုပါတယ်။

အဲဒီဝန်းကျင်တစ်ဝိုက်မှာ စစ်အာဏာသိမ်းတဲ့ ဒီနှစ်တွေထဲ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေ များနေတာကြောင့် အခုလို လုယက်မှုနဲ့ ခိုးမှုတွေ ခပ်စိတ်စိတ် ဖြစ်လာနေတယ်လို့ အဲဒီအမျိုးသားက ပြောပါတယ်။ ဆက်လက်ပြီး အထက် ပါ အမျိုးသားက “မီးကြိုးတို့ ဒိုင်နမိုတို့ ခဏခဏ ခိုးခံရတယ်။ ၁၁ ရက် ညတုန်းကလည်း အိမ်တစ်အိမ်မှာ ခွေး ရှိတယ်ဗျ။ အဲခွေးကို အဆိပ်ခတ်ပြီးတော့ ဒိုင်နမို ဝင်ခိုးတာ ခိုးတော့ လူတွေ့သွားတယ်။ သူခိုးတော့ မဖမ်းမိဘူး။ ပြီးတော့ ကန်ကြီးအုပ်စုထဲက ဘုန်ကြီးကျောင်းတစ်ခုမှာလည်း ဒိုင်နမို ခိုးခံရသေးတယ်” လို့ ‌ဆိုပါတယ်။ အခုလို ခိုးမှု လုယက်မှုတွေအပြင် ဓားပြတိုက်မှု ပြန်ပေးဆွဲခံရမှုတွေဟာ ဒေသခံတွေ အများဆုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုလည်း ဖြစ်နေပါတယ်။ ရှမ်းမြောက်မှာ အခုလို ခိုးမှု လုယက်မှုနဲ့ ပြန်ပေးဆွဲမှုအပါအဝင် ရာဇဝတ်မှု ကျူးလွန်သူတွေကို ကိုးကန့်တပ်ဖွဲ့ (MNDAA)က ဖမ်းဆီးအပြစ်ပေးတာတွေရှိသလို မေလထဲမှာလည်း ပြစ်မှုကျူးလွန်သူ ၆ ဦးကို အများပြည်သူရှေ့မှောက်မှာတင် သေဒဏ် ချမှတ်တာတွေ ရှိခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=585382223769046&set=pcb.585382340435701

၁၁။   ဘားအံက NUG ပြည်ထောင်စုဝန်ကြီး အိမ် ချိပ်ပိတ်ခံရ
       June 15, 2023

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ ရပ်ကွက် (၇) နဲ့ ရပ်ကွက် (၆) မှာရှိတဲ့ NUG ပြည်ထောင်စုဝန်ကြီး အိမ် နဲ့ ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRKH) အဖွဲ့ဝင် နေအိမ်ကို စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေက ဇွန်လ ၁၃ ရက်၊ ညနေပိုင်းမှာ လာချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထုံးအိုင်ကျေးရွာ၊ ရပ်ကွက် (၇)၊ ၃ လမ်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး နိုင်သုဝဏ္ဏ (ခ) နိုင်ထွန်းဖေ နေအိမ်နဲ့ ရပ်ကွက် (၆)၊ ၂ လမ်းမှာရှိတဲ့ NLD ပါတီရဲ့ ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စား လှယ်လည်းဖြစ်၊ လက်ရှိ ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRKH) အဖွဲ့ဝင်လည်းဖြစ်သူ ဦးတင်ဝင်းရဲ့ နေအိမ် ကို ချိတ်ပိတ်သိမ်းဆည်းခံရတာပါ။ ဇွန်လ ၁၃ ရက်၊ ညနေ ၄ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီလက်အောက်ခံ ယူနီဖောင်း ဝတ် ရဲအရာရှိနှစ်ဦးနဲ့ လက်နက်ကိုင် ရဲသားတစ်ဦး၊ အရပ်ဝတ်ထားတဲ့ အုပ်ချုပ်ရေးပိုင်းက လူလေးဦး စုစုပေါင်း အင်အား ခုနစ်ဦး နဲ့လာပြီး နေအိမ်ကို စာကပ်၊ သော့ခတ်၊ ဓာတ်ပုံရိုက်ပြီး ချိပ်ပိတ်သွားခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ထုံးအိုင်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီအိမ်တွေက လူတွေလည်းရှိမနေတာ ကြာပြီလေ။ ဟို ဝန်ကြီးဖြစ်သွားတဲ့ ဘကြီးရဲ့ အိမ်က ပိုဆိုးပေါ့။ ရပ်ကွက် ၇ မှာ ရှိတာ။ အိမ်တွေက သူတို့မွှေနေကျဖြစ်နေတာပဲ။ ၁၃ ရက်ကပေါ့ ညနေပိုင်း ၄ နာရီလောက်ရှိမယ်။ ရဲက သုံးဦး၊ ယူနီဖောင်းဝတ် ထားတာ။ အရာရှိ နှစ်ဦးပေါ့။ လက်တိုနဲ့။ တစ်ဦးက သေနတ်နဲ့။ အုပ်ချုပ်ရေးကနေမှာပဲ။ အရပ်ဝတ်တွေ ဝတ်ထားတာက လေးဦး တွေ့တယ်။ သူတို့က ဒီအိမ်ကို အကြမ်းဖက် ဥပဒေနဲ့ ချိတ်ပိတ်တယ်ပေါ့၊ အဲလိုကပ်စာတွေ ကပ်သွားတယ်” စစ်ကောင်စီ ထောက် ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ထုံးအိုင်ကျေးရွာ၊ ၆ ရပ်ကွက်၊ ၂ လမ်းက CRKH အဖွဲ့ဝင် ဦးတင်ဝင်းရဲ့ အိမ်ကို ဇွန်လ ၁၃ ရက်နေ့၊ ညနေ ၃ နာရီခွဲမှာ ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း ဓာတ်ပုံနဲ့တကွ ရေးသားထားတာ တွေ့ရပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှတ်တမ်းကောက်ယူရေးအဖွဲ့ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်ကျော် ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်အထိ နိုင်ငံတစ်ဝန်းက NLD ကိုယ်စားလှယ်၊ ပါတီဝင်တွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၈၄၉ ဦးရဲ့ နေအိမ်တွေ နဲ့ အဆောက်အအုံတွေ စုစုပေါင်း ၉၇၁ လုံးကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ပါတယ်။ ဒီအထဲမှာ စီးပွားရေးလုပ်ငန်း၊ အဆောက်အအုံ၊ စားသောက်ဆိုင်၊ ဘာသာရေး အဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ တည်းခိုခန်းနဲ့ ဟိုတယ်တွေ လည်းပါဝင်ပါတယ်။ https://www.rfa.org/burmese/news/nug-union-minister-house-sealed-off-06152023 065307.h

၁၂။   KIA တပ်ဖွဲ့ဝင်တစ်ဦးကို ပုဆိန်နှင့်ခုတ်သတ်ပြီး ဇနီးကိုအဓမ္မပြုကျင့်သတ်ဖြတ်မှုဖြစ်ပွား
       June 16, 2023

ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ရှေ့တန်းကင်းစခန်းတစ်ခုတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ပြီးနှင့် ဇနီးဖြစ် သူကိုအဓမ္မပြုကျင့်မှုသတ်ဖြတ်မှုတစ်ခု ဇွန်လ ၁၁ ရက်နေ့ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ ကေအိုင်အေ တပ်မဟာ (၈)၊ တပ်ရင်း ၄၁ နယ်မြေရှိ ဆေးကုသသည့် ကင်းစခန်းတွင် KIA တပ်ဖွဲ့ဝင်အမျိုးသားကို ဦးခေါင်းတွင် ပုဆိန်ဖြင့်ခုတ်ကာ ဇနီးဖြစ်သူကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သွားရောက်သင်္ဂြိုဟ်ရာတွင် ပါဝင်ခဲ့သူက ပြော သည်။ “အသတ်ခံရတဲ့ အမျိုးသားကို ရိုက်ထားတဲ့ပုဆိန်ကို ထမင်းစားတဲ့ စားပွဲနားမှာ သွားတွေ့တယ်။ ဒဏ်ရာကလည်း နောက် စေ့မှာ ဦးနှောက်တွေ ပွင့်ထွက်နေတာ၊ လည်ပင်းမှာလည်း မသေမချင်း ကြိုးနဲ့ချည်တဲ့ ဒဏ်ရာနဲ့သေတာ။ ဇနီးဖြစ်တဲ့သူကျတော့ မီးဖိုချောင်မှာ ခေါင်းမှာပြာမှုန့်တွေတွေ့တယ်။ နံရိုးမှာ ဓားနဲ့ထိုးထားတယ်၊ နို့ကိုလည်း ဓားနဲ့ လှီးထားတာပြီး ကိုယ်တုံးလုံးနဲ့ မသေမချင်း မုဒိမ်းကျင့်ပြီး သတ်ထားတယ်ဆိုတာ တွေ့ရတယ်” ဟု သူက ပြောသည်။ အဆိုပါဆေးကုသသည့် ကင်းစခန်းအနီး သစ်လုပ်ကွက်များနှင့်ရွှေမှော်များရှိပြီး တာဝန်ကျသော ဆေးဆရာဖြစ်သူ ခရီးသွားနေချိန် လာရောက်စောင့်ပေးသည့် လင်မယား သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဟိုပင်မြို့နေ အမျိုုးသားတစ်ဦးက ပြောသည်။

“အဲ့ဒီမှာက သစ်လုပ်ကွက်တွေ ရွှေမှော်တွေလည်း ရှိတယ်လေ။ ဆေးဆရာက ခွင့်ရက်နဲ့ ခဏခရီးသွားတဲ့အချိန် KIA တပ်ဖွဲ့ဝင်တစ်ယောက်ကို ခေါ်ပြီး စောင့်ထားခိုင်းတာ။ သူကလည်း လစာလည်း ထုတ်ထားတာဆို သူ့ဇနီးကိုလည်း လစာလာယူ ရင်းနဲ့ လာခဲ့ပါ၊ ပိုစ့်စောင့်ရင်း ထမင်းချက်ဖို့ ခေါ်လိုက်တာ အတူရှိနေတဲ့အချိန် ဖြစ်သွားတာ” ဟုပြောသည်။ သတ်ဖြတ်ခံခဲ့ရ သည့် ဇနီးမောင်နှံမှာ ဟိုပင်မြို့၊ စက်ကုန်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ဦးမဒိန်ခေါယောနှင့် အသက် ၃၄ နှစ်ခန့်အရွယ်ရှိ ဒေါ်မခေါ်ကော့ဖန် ဆိုသူတို့ဖြစ်ပြီး ရုပ်အလာင်းကို ဇွန်လ ၁၃ ရက်နေ့က မြေမြုပ်သင်္ဂြိုဟ်လိုက်ပြီ ဖြစ် ကြောင်းသိရသည်။ အခင်းမဖြစ်ပွားမီ အဆိုပါနေရာတွင် သစ်ကားမောင်းသူ၊ ကားပြုပြင်သူ အမျိုးသားလေးဦးနှင့် KIA တပ်ဖွဲ့ဝင် ဇနီးမောင်နှံတို့ အတူနေထိုင်ရာမှ အမျိုးသားသုံးဦး ဇွန် လ ၁၁ ရက်နေ့က ဟိုပင်မြို့သို့သွားချိန် အသက် ၄၄ နှစ်ခန့် အရွယ်ရှိ ဦးကျော်ထွန်းဦး ဆိုသူက ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၃ ရက်နေ့က ကေအိုင်အေ တပ်မဟာ (၈) ၏ တာဝန်ရှိသူ များက အခင်းဖြစ်ပွားရာနေရာသို့ လာရောက်စစ်ဆေးချိန်တွင်လည်း ဦးကျော်ထွန်းဦး ဆိုသူက ပြစ်မှုကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ ပြီး သတ်ဖြတ်ခံခဲ့ရသူနှစ်ဦးနှင့် ပတ်သက်ပြီး တရားမျှတမှုရှိရှိဖြင့် ဥပဒေနှင့် ဆောင်ရွက်ပေးစေလိုကြောင်း ဟိုပင်မြို့ ဒေသခံများ ထံက သိရသည်။ https://www.facebook.co m/photo/?fbid=576798907981115&set=pcb.576815521312787

၁၃။    မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီက လက်နက်ကြီးအလုံးပေါင်းများစွာ ပစ်ခတ်နေပြီး နှစ်ဖက်တပ်အကြား စစ်ရေး             အခြေအနေတင်းမာနေ
        June 16, 2023

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ပေါ်ကို ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ တပ်က လက်နက်ကြီး အလုံးပေါင်းများစွာ ပစ်ခတ်နေကြောင်း သိရသည်။ မိုးဗြဲမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ် ရေးတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး မိုးဗြဲမြို့ ပြည်သူများအနေဖြင့် စစ်ရေး အခြေအနေအရ ယနေ့ ဇွန်လ(၁၆) ရက် နေ့ နံနက်(၁၁)နာရီ နောက်ဆုံးထားပြီး ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ တိမ်းရှောင်ပေးဖို့ ဒေသခံကာကွယ်ရေးတပ်တွေ က မေတ္တာရပ်ခံထားပါသည်။ “လက်နက်ကြီးတွေ မိုးရွာသလို ထုနေတာပါဗျာ။လက်နက်ကြီးတွေက နေရာစုံကလာနေတာ။ မနက်ကတည်းက မနားသေးဘူးဗျာ။ အတိအကျတော့ မသိရသေးဘူး။ ပစ်နေကြတာပေါ့။”ဟု မိုးဗြဲရွှေလင်းယုန်တပ်ခွဲမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

မိုးဗြဲမြို့  သာယာကုန်း၊ ပင်သာ၊ သစ်ယာကုန်း၊ ဈေးကုန်း၊ ကွက်သစ်ရပ်ကွက်၊ စည်ကား၊ လယ်တီ၊ ညောင်ဝန်း စသည့် ရပ်ကွက်များတွင်နေထိုင်သည့် ပြည်သူများ တိမ်းရှောင်ပေးကြရန် ကာကွယ်ရေးတပ်များက တိုက်တွန်းထားခြင်းဖြစ် သည်။   ပြီးခဲ့သည့် ဇွန်လ(၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် မိုးဗြဲစစ်ရှောင်စခန်း တစ်နေရာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့် (၁၅)လုံးထက်မနည်း ပစ်ခတ်ခဲ့သဖြင့် အရပ်သားနှစ်ဦး ဒဏ်ရာရကာ အဆောက်အဦးများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် မိုးဗြဲမြို့၌ စစ်ကောင်စီဘက်က နေရာအနှံ့ နေရာယူထား ပြီး နှစ်ဖက်အကြား တိုက်ပွဲဖြစ်လာနိုင်သည့် အခြေအနေဖြစ်၍ ခရီးသွားများ အနေဖြင့် မိုးဗြဲ-ပီကင်းလမ်းပိုင်းကို အသုံးမပြုကြ ရန်နှင့် ပြည်သူများ အနေဖြင့် လက်နက်ကြီးနှင့် လေယာဉ်အန္တရာယ်ကို အထူးသတိပြုကာ လုံခြုံဘေးကင်းသော နေရာများတွင် နေထိုင်ကြရန် မိုးဗြဲရွှေလင်းယုန်တပ်ခွဲက သတိပေးထားသည်။ https://www.facebook.com/photo/?fbid=647901400716 514&set=a.588245110015477

၁၄။    မူဆယ်တွင် ပြည်သူ့စစ်တာဝန်ခံတစ်ဦး ပစ်သတ်ခံရ
       June 16, 2023

မန်ဂျယ်ပြည်သူ့စစ်တာဝန်ခံတစ်ဦး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယနေ့နံနက် ၈ နာရီခန့်က ပစ်သတ်ခံခဲ့ရ ကြောင်းသိရသည်။ စက်မှုရက်ကွက်အတွင်းရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် ပစ်ခတ်ခံခဲ့ရပြီး ဆေးကုသမှုခံယူရန် ရွှေလီသို့ ပို့ ဆောင်စဉ် သေဆုံးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ခေါက်ဆွဲဆိုင်မှာပစ်ခံရတာ လေးချက်ပစ်တယ် သုံးချက် ထိတယ်။ ခေါင်းနဲ့ လည်ပင်းကိုထိတာ။ ချက်ချင်းမသေဘူး ရွှေလီယူသွားသေးတယ် ရွှေလီမှာဆုံးလာတာ။ ဘယ်အဖွဲ့က ပစ်သတ်သွားတာက မသိသေးဘူး” ဟုပြောသည်။

အသတ်ခံရသူမှာ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဦးကိုလေးဆိုသူဖြစ်ပြီး ယခင်က ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ ထောက် လှမ်းရေးအရာရှိတစ်ဦးဖြစ်ကာ လက်ရှိတွင် မန်ဂျယ်ပြည်သူ့စစ် တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း သူကဆက် ပြောသည်။ “သူက အရင်တုန်းကစစ်တပ်ကပါ အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်။ ဘယ်လိုကနေပြီး ကောင်းခါးထဲရောက်သွားလဲ မသိဘူး။ ပန်ခမ်းရွာက နမ့်ပေါ့တံတားဂိတ်နဲ့ ရွှေနန်းတော် ကင်းအဖွဲ့ခေါင်းဆောင် တာဝန်ခံလုပ်နေဆဲ” ဟုပြောသည်။ ဦးကိုလေး မှာ စက်မှုရပ်ကွက်တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး မည်သည့်အဖွဲ့ကပစ်သတ်သွားသည်ကို မသိရှိရကြောင်း ဒေသခံ အခြား အမျိုးသားတစ်ဦးက ပြောသည်။ “သူက မန်ဂျယ်ပြည်သူ့စစ်ဟုတ်တယ်။ မူဆယ်စက်မှုဇုန် စားသောက်ဆိုင်တစ်ခုမှာ ဖြစ်သွားတာ” ဟုပြောသည်။ https://www.facebook.com/photo/?fbid=57733 7104593962&set=pcb.577337404593932

၁၅။    မတူပီတွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော နေအိမ်များကို စစ်ရှောင်ဒေသခံများက ကိုယ်ထူကိုယ်ထ               ပြုပြင်နေပြီး မပြုပြင်နိုင်သည့်အိမ်တချို့ကို ဖျက်ဆီးခဲ့ရ
       June 15, 2023

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော စစ်ရှောင်ဒေသခံများ၏ နေအိမ်များကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဇွန်လ ပထမအပတ်မှ စတင်ကာ ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်လျှက်ရှိနေကြောင်း သိရသည်။ မိုခါကြောင့် ပျက်စီးသွားသော နေအိမ်များကို ပြန်လည်ပြုပြင် ပေးမည့်သူမရှိခြင်းကြောင့် မီဇိုးရမ်ပြည်နယ်တွင် စစ်ဘေးရှောင် နေကြရသူများသည် မိမိဒေသသို့ပြန်ကာ နေအိမ်များကိုပြန်လည်ပြုပြင်ရခြင်းဖြစ်ကြောင်း စစ်ရှောင်ဒေသခံများထံကသိရသည်။ “ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်ပေးမယ့်သူမရှိတော့ အလုပ်လုပ်နိုင်မယ့် ရွာခံတွေ စုပြီးတော့ ကျေးရွာအလိုက် အသီးသီးပြန်ကြတာပါ။ တချို့မလာနိုင်တဲ့ ရွာခံတွေဆီကနေ လမ်းစရိတ်အနေနဲ့ တအိမ်ထောင်ကို ရူဘီ ၅၀၀၀ စီကောက်ခံပြီး တော့ ပြန်ကြတာ။ နိုင်ငံတကာရော၊ အခြားအဖွဲ့အစည်းတွေဆီကလည်း ထောက်ပံ့မှုတွေ လုံးဝ မရပါဘူး။ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ပြုပြင်နေကြတာပါ” ဟု ဘွေထီယားကျေးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ စတင်၍  မတူပီမြို့နယ် ငလိုင်ကျေးရွာ၊ ကိလှုန်းရွာ၊ ကစဲ၊ တီပေါ၊ လုံလှော၊ ဘွေထီယား၊ ဘနိုင်နှင့် ခွာငန်းကျေးရွာများမှ ဒေသခံများသည် မီဇိုးရမ်ပြည်နယ်ဘက်သို့ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ အဆိုပါကျေးရွာများတွင် မိုခါမုန်တိုင်းကြောင့် နေအိမ်စုစုပေါင်း ၂၀၀ နီးပါးခန့် ပျက်စီးသွားပြီး စစ်ကောင်စီတပ်က အနီရောင်နယ်မြေအဖြစ်သတ်မှတ်ထားသည့် နေရာ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။ ကိုယ်ထူ ကိုယ်ထနစ်ဖြင့် ပျက်စီးသွားသော နေအိမ်များကို ပြန်လည်ပြုပြင်ရာတွင် မတူပီမြို့ပေါ်သို့ ဝင်/ထွက်မရခြင်း၊ အိမ်ဆောက်ပစ္စည်း များလည်း လုံလုံလောက် လောက်မရနိုင်ခြင်းတို့ကြောင့် တချို့နေအိမ်များကို မပြုပြင်နိုင်၍  ဖျက်ဆီးခဲ့ရကြောင်း ဒေသခံများက ဆိုသည်။ https://www.facebook.com/photo/?fbid=58784507 0151183&set=pcb.587845346817822

၁၆။   တမူးတိုက်ပွဲတွင် စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်
        June 16, 2023

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ဇွန် ၁၅ ရက်က  စစ်ကောင်စီလေတပ်က Yak 130 အမျိုးအစား ဂျက်လေယာဉ်နဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့   တမူး ပြည်သူ့ကာကွယ်ရေးတပ် PDF က ပြောပါတယ်။ မနေ့ မနက်အစောပိုင်း ၅ နာရီဝန်းကျင်မှာ  တမူးမြို့နယ်၊ ပန်းသာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တမူး PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး အရှင်ဖမ်းမိခဲ့ပါတယ်၊ ဒီနောက် မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီဘက်က Yak 130 အမျိုးအစား ဂျက်လေယာဉ်နဲ့ လေကြောင်းပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။ တမူး PDF တပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။ သူတို့ဘက်က စစ်သား တယောက် အရှင်ဖမ်းမိခဲ့တယ်။ ထိခိုက်သေဆုံးမှု အခြေ အနေကိုတော့ အတိအကျ မသိခဲ့ရသေးဘူး။ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့တယ်” လို့‌ ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က တမူးမြို့ ၄ မိုင်စစ်ဆေးရေးဂိတ်နဲ့ တပ်ကုန်းဘက်ကနေ တိုက်ပွဲဖြစ်ပွား နေတဲ့ ပန်းသာရွာကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲကြောင့် ပန်းသာရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တမူး-ကလေးလမ်းလည်း ယာယီလမ်းပိတ်ခဲ့တယ်လို့ ဒေသခံ ခရီးသွားတွေက ပြောပါတယ်။ https://burmese.dvb.no/archives/599110

၁၇။    မုန်တိုင်းအလွန် ငမန်းရဲကျွန်းရှိ ရေလုပ်သားများ စားဝတ်နေရေးအခက်ကြုံ
        June 16, 2023

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းရှိ ကျေးရွာ ၁၃ ရွာမှာ  မိုခါမုန်တိုင်းကြောင့် လူနေအိမ် တွေနဲ့ ငါးဖမ်းလှေတွေ ပျက်စီးသွားတာကြောင့်  ရေလုပ်သားတွေနဲ့ ဒေသခံမိသားစုတွေ  စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရပါတယ်။ မေလ ၁၄ ရက်ကတိုက်ခတ်သွားတဲ့ မိုခါမုန်တိုင်းကြောင့် ကျွန်းပေါ်ရှိ ကျေးရွာတွေမှာ လူနေအိမ် ၆၅ ရာခိုင်နှုန်းနဲ့  ငါးဖမ်းလှေ ၅၀ လောက် ပျက်စီးသွားခဲ့တာကြောင့် ဒေသခံတွေဟာ နေအိမ်တွေကို ဦးစားပေးပြင်ဆင်နေရပြီး ပင်လယ်ထွက် ငါးဖမ်းလုပ်ငန်းတွေ မလုပ် ဆောင်နိုင်သေး​ဘဲ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံ ရေလုပ်သားတွေက ပြောပါတယ်။ ငမန်းရိပ်ကျွန်း ဒေသခံရေလုပ် သားတဦးက “လက်ရှိမှာ နေအိမ်တွေကို ပြုပြင်ဖို့ ကြိုးစားနေကြဆဲပါ။ မိုးကလည်းကျတော့မယ်။ နေအိမ်တွေ မလုပ်နိုင်သေး ဘူး။ အမိုးအကာအောက်ရောက်ဖို့ ကြိုးစားနေကြရတော့ ပင်လယ်ထွက်ပြီး ငါးမရှာနိုင်ကြသေးဘူး။ ဒါကြောင့် စားဝတ်နေရေး ကတော့ အခက်အခဲတွေ့နေရတယ်။ တကျွန်းလုံးငါးဖမ်းလှေ ၄၀ ကျော် ၅၀ လောက်ပျက်စီးသွားတယ်။ ဒီလိုသာစစ်ကောင်စီက မုန်တိုင်းသင့်ပြည်သူတွေကို ကူညီမယ့် INGO အဖွဲ့တွေနဲ့ လူမှုရေးအဖွဲတွေပါ ကူညီထောက်ပံ့ရေးတွေ ပိတ်ထားမယ်ဆို သူခိုး ဓားပြတွေ သောင်းကျန်းလာပြီး လက်လုပ်လက်စားတွေ အခက်အခဲ များစွာနဲ့တွေကြရမှာပါ”လို့ ပြောပါတယ်။

မုန်တိုင်းအလွန် ငမန်းရဲကျွန်းမှာ ကုန်စျေးနှုန်းတွေ မြင့်တက်လာနေပြီး ဆန်တတောင်းကို ကျပ်  ၃၀၀၀၀ အထိမြင့်လာ​နေ​လို့ လက်လုပ်လက်စားပြည်သူတွေ အခက်တွေ့နေကြရတယ်လို့ ရွာလူကြီးတဦးက  ပြောပါတယ်။ ငမန်းရဲကျွန်းဟာ ပင်လယ် ထဲမှာ တည်ရှိတဲ့ကျွန်းဖြစ်လို့ မုန်တိုင်းဒဏ်ကို အမြဲခံနေရတာကြောင့် ကျွန်းရှိကျေးရွာတွေဖြစ်တဲ့  ငခူချောင်း၊ အလယ်ကျွန်း၊ သစ်ပုတ်၊ ဝကောက်ကြီး၊ ညောင်တော၊ မညှင်းပြင်၊ အတွင်းငခူချောင်း ၊ မြောက်ကြိမ်၊ အပြင်ငခူချောင်းစတဲ့ ကျေးရွာ ၁၃ ရွာရှိ  လူပေါင်း ၅၀၀၀ ကျော်ကို မုန်တိုင်းမတိုင်ခင်မှာ ရက္ခိုင်တပ်တော် ULA/AA ကဦးစီးပြီး မင်းပြားမြို့နယ် ရန်တိုင်ကျေးရွာအပါအဝင် ရေဘေးလွတ်ရာ ကျေးရွာတွေဆီ ပို့ဆောင်ပေးထားခဲ့တာပါ။ ငမန်းရဲကျွန်းမှာ ၁၉၆၇ ခုနှစ် မေလ ၁၀ ရက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင်း ကျွန်းပေါ်ရှိ ကျေး ၈ ရွာလုံး ရေအောက်ကို ရောက်ရှိသွားခဲ့ပြီး  လူပေါင်း ၃၀၀၀ လောက် သေဆုံးခဲ့တယ်လို့ မုန်တိုင်းသတင်းမှတ်တမ်းအရ သိရပါတယ်။ ရခိုင်နိုင်ငံရေးသမားတစ်ဦးက “ကျနော်တို့ကတော့ INGO တွေရော၊ NGO အဖွဲ့တွေ နဲ့ ကူညီမယ့် အဖွဲ့တွေကိုပိတ်ထားတဲ့ စစ်ကောင်စီကို လူသားချင်းစာနာမှုအရ ကူညီပေးခွင့်တွေ ခွင့်ပြုပေးစေချင်တယ်။ မိုးကြို ကာကဆိုတော့ ကျနော်တို့ ရခိုင်မျိုးနွယ်စု လူနည်းစုတွေအတော်လေး ဒုက္ခရောက်ကြရမှာ။ အဲဒါကြောင့်ကူညီပေးမယ့် ပရဟိတ သမားတွေနဲ့ INGO တွေကိုပါ သူတို့လှူဒါန်းချင်တဲ့နေရာတွေကို လွတ်လပ်စွာသွားလာခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ ပြောပါတယ်။ https://bur mese.dvb.no/archives/599062

၁၈။   လဲချားမြို့လယ်တွင်အမျိုးသားတစ်ဦး​သေနတ်ပစ်ခံရ၍​သေဆုံး
        June 16, 2023

ရှမ်းပြည်နယ်တောင်ပိုင်းလဲချားမြို့တွင် မြို့ပေါ်လူစည်ကားရာနေရာ၌ ယနေ့(ဇွန်လ ၁၅ ရက်) နံနက်ကလူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း​ဒေသခံများက​ပြောသည်။ နံနက် ၉ နာရီ ၁၅မိနစ်ခန့်တွင် လဲချားမြို့ဈေး လမ်းဆုံ ၌ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဟု မျက်မြင်ဒေသခံတစ်ဦးကပြောသည်။ “လူက နွမ်းနွမ်းပါးပါးပုံစံပဲ။ လမ်းကူးနေတုန်းကားပေါ်ကနေ အပစ်ခံရတာ။ ကားကထွက်ပြေးသွားတယ်” ဟု လဲချားမြို့မှ ဒေသခံတစ်ဦးကပြောသည်။ သေဆုံးသူအမျိုးသားမှာ အသက် ၄၀ ခန့်အရွယ်ဟု သိရသည်။ သေနတ်ဒဏ်ရာ သုံးချက်ရရှိပြီး သေဆုံးသွားခြင်းဟု   ဖြစ်စဥ်ကို မြင်​တွေ့ခဲ့​ သော​ဒေသခံတစ်ဦးကပြောသည်။ မည်သူက၊မည့်သည့်အဖွဲ့က ပစ်ခတ်သည်ဆိုခြင်းနှင့် နောက်ဆက်တွဲအခြေ အနေကို မသိရသေးပေ။ လဲချားမြို့သည် လွိုင်လင်ခရိုင်အတွင်း တည်ရှိပြီးလတ်တလောတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်​ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)စစ်ရေးတင်းမာနေသောဒေသဖြစ်သည်။

အ​ကြောင်းမှာလဲချားမြို့နယ်ရှိ SSPP/SSAယာယီတပ်စခန်း ၁၀ ခုကို ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်က ယခုလအ တွင်း သတိပေး အကြောင်းကြားစာ နှစ်ကြိမ်ပေးပို့ထားသည်။လဲချား-ပန်လုံလမ်းမကြီး၏ တောင်ဘက်အရပ်ရှိ SSPP/SSA ယာယီစခန်း ၁၀ ခုကို ဆုတ်ပေးရန် စစ်ကောင်စီဘက်က ဇွန် ၉ ရက်နှင့် ဇွန်လ ၁၁ရက်တွင် အကြောင် းကြားလာခြင်းဖြစ်ပြီး SSPP ဘက်က လက်မခံ၍ စစ်ရေးတင်းမာနေသည်ဟု သိရသည်။ထို့ကြောင့် စစ်ကောင်စီဘက်က ထိုဒေသအတွင်း စစ်အင်အား ရာနှင့် ချီ ဖြည့်ထားကြောင်း SSPP ကထုတ်ပြန်ထားသည်။  “ဟုတ်တယ် ကျွန်တော်တို့ကို လဲချား-ပင်လုံ မိုင်းနောင် လမ်းရဲ့ တောင်ဘက်ကနေ တပ်ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က နှစ်ကြိမ်သတိပေးခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကလဲ ဘယ်လိုမှ နုတ် ထွက်ပေး လို့မရဘူးဆိုလို့ အခုစစ်ကောင်စီဘက်က အင်အား ၃၀၀ လောက် ကျွန်တော်တို့ရှိတဲ့ဘက်ကို လာကပ်ထားတယ်။ သူတို့ဘက်က စပစ်ရင်တော့ ခံစစ်အနေနဲ့ ကျွန်တော် တို့ဘက်ကလည်း အသင့်ပြင်ထားပြီးဖြစ်ပါတယ်။ နုတ်ထွက်ပေးဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး”ဟု လဲချားဒေသရှိ SSPP/SSA အရာရှိတစ်ဦးက ပြောကြားထားသည်။ https://www.facebook.c om/photo/?fbid=599221152276681& set=pcb.599145378950925

၁၉။   စစ်တပ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၅၃၆ ဦးသေဆုံး
       June 16, 2023

အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ ၃,၆၆၂ ယောက်ရှိပြီး ဒီအထဲမှာ အမျိုးသမီး ၅၀၀ ကျော်ပါဝင်ကာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။ ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန် ၁၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန် တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ဖမ်းဆီးထိန်း သိမ်းခံရသူပေါင်း ၂၃,၃၅၀ ယောက် ထိရှိလာခဲ့ပြီး ၁၉,၀၁၀ ယောက် လက်ရှိ ချုပ်နှောင်ခံထား ရဆဲဖြစ်ကာ အဲဒီထဲက ၆,၃၈၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင် တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံ ထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၇ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၄၁ ယောက်ရှိခဲ့တယ်လို့ ဆိုပါ တယ်။ အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ဒီကနေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံ တဝန်း အမျိုးသမီး ၅၃၆ ယောက်သေဆုံးခဲ့ပြီး စစ်ကိုင်း တိုင်းမှာ အယောက် ၂၅၀ နဲ့ အများဆုံးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကနေ ဒီဇင်ဘာလအထိ ၁၀၆ ယောက်၊ ၂၀၂၂ ခုနှစ်ထဲမှာ ၂၃၈ ယောက်နဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီကနေ ဇွန်လဒုတိယပတ်အထိ ၁၉၂ ယောက် သေဆုံးခဲ့ပြီးတော့ စုစုပေါင်း သေဆုံးသူ ၅၃၆ ယောက်ထဲမှာ လက်နက်ကြီးကျည်ကြောင့် ၁၄၇ ယောက်နဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် ၉၉ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ https://burmese .dvb.no/archives/599050

၂၀။    ဖားဆောင်းမြို့တွင်းမှာ လက်နက်၊ ရိက္ခာအပြည့်အစုံနဲ့ စစ်ကောင်စီက တပ်သားတွေ စုနေ
        June 15, 2023

ဇွန်လ ၁၅ ရက် ညနေ (၂) နာရီဝန်းကျင်မှာ ဘောလခဲမြို့ကနေ ဖား‌ဆောင်းမြို့ဖက်ကို ချီတက်လာတဲ့ အင်အား ၂၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေ ဖားဆောင်းမြို့တွင်းမှာ လာရောက် စုနေကြ တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ ဘောလခဲမြို့ကနေ ဒန်ဘာကား ၅ စီးနဲ့  လက်နက်၊ ရိက္ခာအပြည့်အစုံသယ်ဆောင်ပြီး ဖားဆောင်းမြို့ကို ချီတက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လူအင်အားကတော့ ဒီနေ့တွေ့တာကတော့ ဒန်ဘာနဲ့ (၅)ခေါက်လောက်ရှိတယ်။ တစ်စီးတစ်စီး ဆိုအပြည့်ပဲလေ။ ရိက္ခာတွေကော လက်နက်တွေကောအပြည့်အစုံပဲဆိုတော့ (၂၀၀) လောက်ရှိမယ်ထင်တာပဲ” လို့ မျက်မြင် ဒေသခံတစ်ဦးက ပြောပါတယ်။ ဒန်ဘာကား ၅စီးအပြင် ခြေလျင်နဲ့သွားသူ (၁၀)ယောက်ဝန်းကျင်ကိုလည်း တွေ့ ရှိရတယ်လို့ အဆိုပါ ဒေသခံတစ်ဦး က ဆက်ပြောပါတယ်။

ဇွန်လ (၁၄) ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဖားဆောင်းမြို့အနီး သံလွင်အရှေ့ ဖက်ခြမ်းကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ခဲ့သလို လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်တာလည်း ရှိခဲ့ပါတယ်။ အဆိုပါ လက်နက်ကြီးပစ်ခတ်မှု၊ လေယာဥ် ဗုံးကျဲမှုတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပြီး  ဘေးကင်းတယ်လို့ယူဆရတဲ့ နေရာတွေဆီကို တိမ်းရှောင်နေကြသူ တွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းက  မယ်စဲ့မြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်ပွားခဲ့တဲ့နောက် မှာ စစ်ကောင်စီက သူတို့ရဲ့ တပ်သားအင်အားကို အခုလို စုတာ မြင်တွေ့ရတယ်လို့  ဒေသခံတွေက ပြောဆိုကြပါတယ်။ https: //www.kantarawaddytimes.org/%e1%80%96% e1%80%ac%e1%80%b8%e1%80%86%e1%80%b1%e1%80

၂၁။   ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ကြိုဆိုကြောင်း KNU ပြောဆို
       June 16, 2023

ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး ဝမ်းသာကြိုဆိုကြောင်း ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးက ဇွန်လ ၁၅ ရက်နေ့စွဲဖြင့် သဝဏ်လွှာ ပေးပို့ကာ ပြောဆိုလိုက်သည်။ အဆိုပါ ဖွဲ့စည်းမှုမှာ ပြည်နယ် အုပ်ချုပ်စီမံခန့်ခွဲမှု အခွင့်အာဏာသည် ပြည်နယ်သူ ပြည်နယ်သားများ၏ လက်ဝယ်တွင်ရှိသော ဖက်ဒရယ်အနစ်သာရကို ဖော်ဆောင်ခြင်း၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ မိမိကံ ကြမ္မာ မိမိဖန်တီးနိုင်ရေးအတွက် လက်တွေ့ကျင့်သုံးခြင်း ခြေလှမ်း အဖြစ်ရှုမြင်ကြောင်း ကေအဲန် ယူ၏ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)သို့ ပေးပို့သော သဝဏ်လွှာတွင် ပြောဆို ထားသည်။ အလားတူ (IEC)ဖွဲ့စည်းမှုသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေး အရအခြေခံ အုတ်မြစ်ကောင်းတစ်ခုကို ချမှတ်လိုက်သည့် အစပြုခြေလှမ်းအဖြစ် ယုံကြည်ကြောင်းလည်း ကေအဲန်ယူက ဆိုသည်။

IEC ဖွဲ့စည်းမှုသည် ပြည်နယ်၏ ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေးနှင့် ကျန်းမာ ရေးအစရှိသော ကဏ္ဍ အသီးသီးအတွက် ရှေ့ဆက်လုပ်ငန်းစဥ်များအရ ပိုမိုစနစ်ကျ အားကောင်းစွာ လုပ်ဆောင်လာနိုင်ရန်ဖွဲ့စည်းရခြင်း‌ဖြစ် ကြောင်း IEC ၏ ဒု-ဥက္ကဋ္ဌ ခွန်းဘီထူးက ဇွန်လ(၁၂)ရက်နေ့တွင် အွန်လိုင်းဖြင့်ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုထားသည်။ စစ်ကောင်စီအနေဖြင့် ကရင်နီပြည်သူလူထုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ယိုယွင်းနေသည့် အုပ်ချုပ်ရေးကို အစား ထိုးနိုင်ရန်နှင့် တရားစီရင်ရေး၊ ဥပဒေပြုရေးလုပ်ငန်းများနှင့်တွဲဖက်ပြီး နိုင်ငံရေး ပြောင်းလဲမှုမှ ဖြစ်ပေါ်လာနိုင်သော လစ်ဟာ အာဏာကိုအစားထိုးရေးအတွက် အမြင်ကျယ်ကျယ် ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း၊ အခြားဖက်ဒရယ်ယူနစ် များနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ပါစေကြောင်း ကေအဲန်ယူ သဝဏ်လွှာတွင်ပြောဆိုထား သည်။ ကရင်နီကြားကာလအုပ်ချုပ်ရေး ကောင်စီကို ယခု ဇွန်လ(၁၂) ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း လူမှု ကွန်ရက် စာမျက်နှာ မှတဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး ထို‌နေ့ညပိုင်းတွင် အွန်လိုင်းဖြင့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ https://kicne ws.org/2023/06/%e1%80%80%e 1%80%9b%e1%80%84%e1%80%ba%e1%80%94%e1%80%ae%e1

၂၂။    ရငဲရွာက နေအိမ်တွေကို စစ်ကောင်စီတပ် မီးထပ်ရှို့နေ
       June 16, 2023

စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာလို့ တရွာလုံး ထွက်ပြေးနေရတဲ့ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာက လူမရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဒီကနေ့ မနက်မှာမီးထပ်ရှို့ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရငဲရွာ၊ အင်းဘူးအပိုင်းထဲက နေအိမ်လေးဆောင်ထက်မနည်းကို ဒီကနေ့မနက် ၉ နာရီခွဲလောက်က မီးရှို့နေတယ်လို့ ကနဦး သိထားရပါတယ်။ “ပထမနှစ်ဆောင်ကတော့ပြာကျသွားပြီး။ နောက်ထပ် နှစ်ဆောင်လည်းထပ်လောင်နေတယ်။ မီးခိုးတွေ အဝေးက မြင်နေရတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ နောက်ထပ်လည်းနေအိမ်တွေကို မီးထပ်ရှို့နေတယ်လို့ ဒေသခံကဆိုပါတယ်။ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီ စစ်ကြောင်းဟာ ရငဲရွာထဲကို အခုလ ၈ ရက်နေ့ ကတည်းက ဝင်ရောက်လာပြီး ဒေသခံတွေရဲ့ နေအိမ်အချို့ကို မီးရှို့ခဲ့တာပါ။

ဒီကနေ့ ထပ်မံ မီးရှို့ခံရတာက နေအိမ် လေးဆောင်အနည်းဆုံးရှိနိုင်ပြီး အခုလ ၁၁ ရက်နေ့ကလည်း နေအိမ်နှစ်ဆောင် မီးရှို့ခဲ့တာကြောင့် ရွာထဲ စစ်ကြောင်းဝင်တဲ့ ၉ ရက်အတွင်းမှာ ရငဲရွာက ဒေသခံတွေရဲ့နေအိမ်အနည်းဆုံး နေအိမ် ၆ ဆောင် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒေါင်းမင်းအဖွဲ့ပြန်ကြားရေးတာဝန်ခံကတော့ “သူတို့ အခုထိ ရငဲရွာတဝိုက်မှာ ရှိနေဆဲပါ။ အင်အားက တော့ ၄၀ ဝန်းကျင်လောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်” လို့တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။ ရငဲရွာမှာတော့ တစ်ရွာလုံး စစ်ဘေးရှောင်နေရတာမို့ အိမ်ရှင်တွေ မရှိတဲ့ ရွာထဲက နေအိမ်တွေနဲ့ စျေးဆိုင်တွေကို စစ်ကောင်စီတပ်သားတွေက မွှေနှောက် ဖျက်ဆီးတာ၊ တန်ဖိုးရှိပစ္စည်းနဲ့ ကား၊ ဆိုင်ကယ်တွေကိုပါ ယူဆောင်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ် ကစစ်ကြောင်းထိုးဝင်ရောက်တာနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်ရှိအချိန်ထိ ကနက်သီရိနဲ့ ရငဲ ရွာအပါအဝင် ကျေးရွာ ၁၁ ခု လောက်က ဒေသခံတွေ နေအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ https://www.facebook.com/photo/?fbid=2889206035256 96&set=a.196212682796489

၂၃။   တိုက်ပွဲပြန်လည်ဖြစ်မည်ကို စိုးရိမ်၍ မြဝတီမြို့နယ်ရှိ ကျေးရွာအချို့ စပါးများမစိုက်ပျိုးရဲကြသေး
       June 15, 2023

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသောကြောင့် ကျေးရွာအချို့ရှိ ဒေသခံပြည်သူများသည် မိုးစပါးများ စိုက်ပျိုးသည့်အချိန်ရောက်လာသော်လည်း စပါးစိုက်ပျိုးရဲကြခြင်း မရှိသေးကြောင်းသိရ သည်။ မြဝတီ မြို့နယ်ရှိ ကော့ကော်၊ မဲ့ပလဲ့၊ ‌ထီးချားရာ အစရှိသည့် ဒေသခံ ကျေးရွာသားများသည် မိုးစပါးကို အဓိက ထား စီးပွား ဖြစ် စိုက်ပျိုးလုပ်ကိုင်နေကြသော်လည်း ယခုနှစ် မတ်လက စစ်ကောင်စီ၊ နယ်ခြားစောင့် (BGF)နှင့် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့ အကြား တိုက်ပွဲဖြစ်ပွားသောကြောင့် လယ်ယာထဲတွင် လက်နက်ကြီးကျည်များကျ ရောက်ထားသည့်အပြင် တိုက်ပွဲပြန်လည် ဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် စပါးစိုက်ပျိုး လုပ်ကိုင်ရန် စိုးရိမ် ကြ ကြောင်း မဲ့ပလဲ့ ဒေသခံ တစ်ဦးက ယခုလိုပြောသည်။ ၎င်းက ”အခု မဲ့ပလဲ့ ရွာမှာ စပါး‌စိုက်သူ လယ်ယာ ပိုင်ရှင်လေးယောက် ငါးယောက်သာ ရှိနေတော့တယ်။ အစက ရွာထဲမှာ လယ်ရှိ တဲ့အိမ်တိုင်းလိုလို စပါးစိုက်ကြတယ်။ အခုကနောက်‌တစ်ခါ ပစ်ကြခတ်ကြရင်း အကုန်လုံး ထားခဲ့ရ၊ ထွက်ပြေးရရင် ကိုယ်ရင်းနှီး ထားတာတွေ အကုန်ဆုံးရှုံးမှာကြောက်လို့ မစိုက်ကြတော့ဘူး။ ”ဟု ပြောသည်။

အဆိုပါဒေသရှိ ဒေသခံပြည်သူလူထုများသည် စပါးကို အဓိကထားစိုက်ပျိုးသည့်အပြင် ပဲ၊ ပြောင်း စသည့် ရာသီပေါ်သီး နှံများကိုလည်း ရာသီအလိုက်စိုက်ပျိုးလုပ်ကိုင်ကြသည်ဟု ဒေသခံများက ပြောသည်။ ဝှေ့ရှမ်းရွာရှိ ‌ဒေသခံ စိုင်းကိုကိုက “ ကျနော်တို့ရွာမှာ ဒီနှစ်မိုးစပါး စိုက်ဖို့အတွက် လယ်သမားတွေ တော်တော် စဉ်းစားနေရတယ်။ တိုက်ပွဲထပ်ဖြစ်အုံးမလား၊ ဒါမှ မဟုတ် လက်နက်တွေကြောင့်ပျက်စီးမလား စိုးရိမ်နေကြတယ်”ဟု ပြောသည်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေ အတွင်းတိုက်ပွဲ ပဋိပက္ခများကြောင့် ကုန်စျေးနှုန်းများ မြင့်တက် လာသလို လယ်ယာသုံး ဓာတ်မြေဩဇာစျေးနှုန်းများလည်း စျေးတက်သွားသည့်အတွက် အချို့ လယ်ယာလုပ် ငန်း လုပ်ကိုင်သူများမှာ သီးနှံပင်များ မစိုက်ပျိုးနိုင်တော့သည်မှာ သုံးနှစ်နီးပါး အထိကြာခဲ့ပြီးဖြစ်သည်ဟု ဒေသခံများကပြောသည်။ အလားတူ ကော့ကရိတ်မြို့နယ်ထဲတွင်လည်း စစ်ကောင်စီတပ်မှ ကျေးရွာ များထဲတွင် လက်နက်ကြီးများ မကြာခဏ ရမ်းသမ်းပစ်ခတ်သည့်အတွက် ဒေသခံလယ်သမားများသည် လယ်ယာ မလုပ်ကိုင်ရဲ ကြသလို အချို့လယ် သမားများမှာလည်း တိုက်ပွဲမဖြစ်ပွားသည့် အခြားမြို့နယ်များသို့ စပါးပြောင်းရွေ့ စိုက်ပျိုး နေကြရကြောင်း လည်း ဒေသခံများထံမှ သိရသည်။ https://kicnews.org/2023/06/%e1%80%90%e1%80%ad%e1%80%af%e1%80%80 %e1%80%ba%e1%80%95%e1%

၂၄။   တီးတိန်မြို့  အထက်တန်းကျောင်းတွင် စစ်တပ်ကလုံခြုံရေးယူပြီး စစ်ဆေးနေ
       June 16, 2023

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ အထက (၁) အထက်တန်းကျောင်းရှေ့မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်သားနဲ့ ရဲအင်အား ၁၀ ယောက်လောက်  ဇွန် ၁၄ ရက်ကစပြီး မနက် ၇ နာရီကနေ ညနေ ၄ နာရီ ကျောင်းဆင်းချိန်ထိ လုံခြုံရေးယူထား တယ်လို့ မြို့ခံတွေထံက သိရပါတယ်။ ဒါ့အပြင် ကျောင်းလာတက်တဲ့ အထက်တန်းအရွယ် ကျောင်းသားတွေနဲ့ တခြား ကျောင်း သားမိဘတွေကိုလည်း စစ်ဆေးတာတွေရှိတယ်လို့ ဆိုပါတယ်။ တီးတိန်မြို့ပေါ်မှာ အစိုးရစာသင်ကျောင်း ၇ ကျောင်းရှိပြီး အထက ၁ တီးတိန် ကျောင်းတကျောင်းသာ ကျောင်းဖွင့်နိုင်တာဖြစ်ပြီး ကျန်တဲ့ ကျောင်း ၆ ကျောင်းလုံးမှာ ကျောင်းတက်မယ့်သူ မရှိတာကြောင့် ပိတ်ထားရပါတယ်။

ချင်းပြည်နယ်ထဲက တခြားမြို့နယ်တခုဖြစ်တဲ့ ပလက်ဝမြို့မှာတော့ စစ်ကောင်စီလက်ထက်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ ၁,၀၀၀ နီးပါး အောင်မြင်ခဲ့တာကြောင့် အောင်ချက်ကောင်းတယ်ဆိုပြီး တက္ကသိုလ်ဝင်တန်း ကျောင်းအပ်နှံသူ တွေ များပြားနေကာ အထက ၁ မြို့မကျောင်းမှာ ထိုင်ခုံနဲ့ အခန်းတွေ လုံလောက်မှုမရှိတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။ တီးတိန်မြို့မှာ အခုနှစ် ပညာသင်နှစ်အတွင်း ကျေးရွာ ၄၄ ရွာမှာ စာသင်ကျောင်းပေါင်း ၁၅၇ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ဇွန် ၁၄ ရက်အထိ ကျောင်းအပ်နှံသူ ၉,၆၂၆ ဦးရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ https://burmese.dvb.no/archives/599053

၂၅။   ပုလောတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံများ ထွက်ပြေးနေရ
       June 15, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာနဲ့ ပဝတ်ကုန်းရွာကြားကို စစ်ကောင်စီဘက်က ဇွန် ၁၄ ရက် မှာလက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းက မနက် ၈ နာရီလောက်မှာ လက်နက်ကြီးနဲ့ အလုံး ၂၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံတဦးက “တိုက်ပွဲမရှိဘဲနဲ့ တနေကုန် နားလိုက်၊ ပစ်လိုက် လုပ်နေတယ်။ လက်နက် ကြီးက ပဝတ်ကုန်းစခတွေနေတဲ့ စခန်းနားပတ်ပတ်လည်ပဲ ကျတယ်” လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုကြောင့် မင်းထိန်ကျေးရွာရှိ ကားလမ်းမနဲ့ နီးတဲ့ ဒေသခံတချို့ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “စကစတွေက ပြည်သူထိတာလည်း ပစ်တယ်၊ ပြည်သူသေတာလည်း ထပ်ပစ်တယ်။ မပစ်နဲ့လို့ ပြောလို့လည်း မရတာလေ။ စစ်ကောင်စီက ဒီလိုမျိုး ရမ်းသန်းပစ်နေရင် ပြည်သူတွေ ထိတာ သေတာပဲ များတော့ လုံခြုံတဲ့ နေရာမှာပဲ တိမ်းရှောင်နေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပဝတ်ကုန်းကျေးရွာမှာ ရွာသားတွေမရှိပေမဲ့ မင်းထိန်ကျေးရွာဟာ တခြား အနီးနားဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံ တွေ တိမ်းရှောင်တဲ့နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နဲ့ ၇ ရက်နေ့က ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာ မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားတဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရ ပါတယ်။ https://burmese.dvb.no/archives/598977

၂၆။   နတ်သံကွင်းတိုက်ပွဲအပြီး ကျောက်ကြီးနှင့်မုန်းတွင် ကုန်ဈေးနှုန်းများ နှစ်ဆနီးပါးမြင့်တက်
       June 15, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့တွင် နတ်သံကွင်း တိုက်ပွဲအပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွား၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ နှစ်ဆ နီးပါးမြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဇွန်လ(၆)ရက်နေ့တွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ် မတော်-KNLA ပူးပေါင်းတပ် များနှင့်စစ်ကောင်စီတပ်တို့ အကြားဖြစ်ပွားခဲ့သည့် နတ်သံကွင်းမြို့တွင်း တိုက်ပွဲတွင်တံတားကျိုး ကျပျက်စီးသွားပြီးနောက် သွားလာရေးနှင့်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းတို့အတွက် လှေများကိုသာအသုံးပြုလာရပြီး စစ်ကောင်စီ က ဒေသအတွင်း ဆန်သယ်ဆောင်ခွင့်အား ကန့်သတ်ထားဆဲဖြစ်ခြင်းတို့ကြောင့် ကုန်ပစ္စည်းပြတ်လပ်မှုများရှိလာကြောင်း မုန်းမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ ၎င်းက“မုန်း-ကျောက်ကြီးကားလမ်းမကြီးနားမှာက တော်သေးတယ်။ တောင် ခြေမှာ ဆိုရင် ဆန်ဈေးပိုကြီးတယ်။ တံတားတွေသုံးလို့မရတော့ ကူးတို့လှေတွေနဲ့ သယ်ယူပို့ဆောင်ရေး လုပ်နေရတယ်။ ဆန်ရော၊ အခြားကုန်ပစ္စည်းတွေရော ဈေးကြီးတာအပြင် ပြတ်လပ်တဲ့အထိပါဖြစ်ကုန်တော့ ဈေးတွေတက်ကုန်တာပါ။”ဟု ပြောသည်။

ထို့အပြင် ယခင်ဆန်တစ်အိတ်ဈေး ငါးသောင်းဝန်းကျင်မှ ယခု ၈ သောင်းခွဲအထိ ပေးဝယ်နေရသလို စစ်တောင်းမြစ် အရှေ့ဘက်ကမ်းတွင် ဒေသခံများဆန်တစ်အိတ်၊ နှစ်အိတ်ဝယ်ယူလာသည်ကအစ စစ်ကောင်စီတပ်များက စစ်ဆေးရေးလုပ် ဆောင်နေပြီး ပါလာသောဆန်အိတ်များအား သိမ်းယူ ပြီးနောက် ငွေကျပ်ငါးထောင်၊ တစ်သောင်းဖြင့် ပြန်လည်ရွေးခိုင်းခြင်းများ ပါ လုပ်ဆောင်နေကြောင်းလည်း ဒေသခံများက ပြောသည်။ ဆက်လက်ပြီး စစ်ကောင်စီတပ်များက နတ်သံကွင်းမြို့အနီး တစ်ဝိုက်တွင် လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သလို ပြီးခဲ့သည့် ဇွန်လ (၁၁)ရက်နေ့ ညပိုင်းကလည်း ရေတွင်းကုန်းကြီးကျေးရွာတွင် လက်နက် ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ပြန်နေသည့် အမျိုးသားတစ်ဦး လက်နက် ကြီး ထိမှန်သေဆုံးခဲ့ကြောင်း ရွာခံအမျိုးသားတစ်ဦးက ပြောသည်။ “ရေတွင်းကုန်းကြီးရွာကသူတွေက ညဆိုရင် သူတို့ရွာမှာ မအိပ်ရဲကြဘူး။ နေ့ဘက်ကျတော့ အိမ်ခဏ ပြန်ပြီး ကျွဲနွားပြန်ကြည့်ပေါ့။ ရွာထဲမှာ သန်သန်မာမာအမျိုးသားလောက်ပဲ ကျန်သူ တွေမရှိဘူး။ အဲ့နေ့က ရွာသားတစ်ယောက်က အိမ်မှာအိပ်ကျန်နေခဲ့တာ လက်နက်ကြီး အိမ်နားကျလို့  လို့သွားတယ်။” ဟု ၎င်းက ပြောသည်။ လတ်တလော မုန်းမြို့နယ်ထဲတွင် စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်သည့် ပြည်သူနှစ်သောင်းကျော်ရှိ သည့်အနက် အများစုမှာ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို များဖြစ်ကြပြီး လက်ရှိ ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် စစ်ဘေး ရှောင်များအား စားနပ်ရိက္ခာ ထောက်ပံ့ရေး ခက်ခဲလာသလို မိုးတွင်းကာလ ဖြစ်သည့်အတွက် အမိုးအကာ၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးလိုအပ်ချက်များရှိကြောင်းနှင့် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ပြေးလွှားလာရသော စစ်ဘေးရှောင် ပြည်သူများအတွက် အဝတ်အစားအလှူရှင်များလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ https://kicne ws.org/20 23/06/%e1%80%94%e1%80%90%e1%80%ba%e1%80%9e%e1%80%b 

၂၇။   အုပ်ကြီး အကွက်ဖော်ရောင်းတဲ့ တောင်ကြီးမြို့စွန်က အိမ်တစ်လုံး ပြိုကျ
       June 16, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ် နယ်မြေ (၇) မှာ အုပ်ကြီးနဲ့ ပွဲစားတစ်ဦး စပ်တူ ရောင်းချ ထားတဲ့ မြေကွက်မှာ ဆောက်ထားတဲ့ အိမ်တစ်လုံး မနေ့ ညနေပိုင်းက ပြိုကျသွား ခဲ့ပါတယ်။ ဇွန်လ ၁၄ ရက်နေ့မှာ တစ်နေကုန် မိုးရွာတာကြောင့် ညနေ ၄ နာရီခန့်က အောက်ခံ မြေသားတွေ ရေတိုက်စား ရာကနေ ပြိုကျခဲ့ရာ လူထိခိုက်မှု မရှိဘူးလို့ သိရပါ တယ်။ မြေပြိုမှုကို စစ်ကောင်စီ၊ ရဲနဲ့ ရပ်ကွက်တာဝန်ရှိသူတွေ လာကြည့်ပြီး ပြန်သွားတယ်လို့ သိရပါတယ်။ “မိုးကြောင့်ပေါ့။ အဓိက မိုးက မနက်မိုးလင်း ကတည်းက ရွာနေတာ။ အဲ့တော့ ဖို့ထားတဲ့ မြေတွေ ပြိုကျတာ။ အိမ်ရှင်တွေက ခြံလုပ်တော့ ရွာမှာပဲ အနေများတာ။ တကယ်ဆို ကမ်းပါးရံတွေက အန္တရာယ်များတယ်။ အုပ်ကြီးနဲ့ အတူ ပွဲစားဆန်း ဆိုတဲ့ လူက ထပ်တောင်ချဲ့ပြီး ရောင်းစားထားတယ်” လို့ ရပ်ကွက်နေသူ တစ်ဦးက ပြောပါတယ်။ အဲ့ဒီ ပတ်ဝန်းကျင်မှာ သစ်တောမြေတွေကို ခုတ်ထွင် အကွက် ရိုက်ပြီး ရပ်ကွက် ဥက္ကဌ ခွန်ကျော်ဆန်း နဲ့အတူ ပွဲစား ကိုဆန်း ဆိုသူက ရောင်းချနေတာ ဖြစ်ပြီး အခု ထပ်မံချဲ့ထွင် ရောင်းချနေဆဲ ပဲလို့ သိရပါတယ်။

ညောင်ဖြူစခန်း အပြင် စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက် တို့မှာလည်း ၂၀၁၅ နောက်ပိုင်း အုပ်ချုပ်ရေးမှူး တွေက မြေစာရင်းဌာန အရာရှိ၊ ဘုန်းကြီး၊ မြေပွဲစားတွေနဲ့ သစ်တောမြေတွေကို ခုတ်ထွင်ရှင်းလင်းပြီး အကွက်ရိုက် ရောင်းချလို့ ရပ်ကွက် နေ ပြည်သူတွေက အကြိမ်ကြိမ် တိုင်ကြားပေမယ့် အရေးမယူခဲ့ဘူးလို့ သိရပါတယ်။ “တောင်ကြီးမှာ ရေအရင်းအမြစ်ရှား လာလို့ အိမ်တွေဆောက်လေ ရေဆင်းဖို့ ခက်လေပဲ။ အထပ်မြင့်လည်း မဆောက်သင့်တဲ့ နေရာဆိုပေမယ့် သက်ဆိုင်ရာနဲ့ ညှိပြီး ဆောက် ထားတာ တမြို့လုံးပဲ။ ဒီအကျိုးဆက်က ရေရှည်မှာ တမြို့လုံး ထိခိုက်ကြမှာ”လို့ တောင်ကြီးမြို့ သဘာဝပတ်ဝန်းကျင်အရေးလုပ် ဆောင်နေသူ တစ်ဦးကပြောပါတယ်။ အခုလိုမြေငလျင်ပြတ်ရွေ့ကြောရှိတဲ့ တောင်ကြီးမြို့က တောင်စောင်း၊ တောင်ကမ်းပါးရံ တွေမှာ အိမ်ဆောက်တာဟာ အန္တရာယ်များတာကြောင့် မြို့ခံအများစုက ကန့်ကွက်နေကြပေမယ့် ဈေးသက်သာတဲ့ အဲ့ဒီ မြေကွက်တွေ ဝယ်ယူနေထိုင်သူတွေ ၂၀၁၅ နောက်ပိုင်း သိသိသာသာ များလာပါတယ်။ https://www.facebook.com/phot o?fbid=290104550042663&set= pcb.290105400042578

၂၈။    ၇ လကျော်ကြာ မီးပြတ်တောက်နေသည့် မြဝတီမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိ
       June 16, 2023

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ၇ လနီးပါး လျှပ်စစ်မီးပြတ်တောက်သွားပြီး နောက် ဇွန်လ ၁၅ ရက် ၊ ည၁၁ နာရီအချိန်မှစကာ လျှပ်စစ်မီးများ ပုံမှန် ပြန်လည်ရရှိနေပြီးဖြစ်ကြောင်း မြဝတီမြို့ခံများက ပြော သည်။ မြဝတီမြို့နယ်အတွက် လျှပ်စစ်ဓာတ်အားပေးနေသည့် သင်္ဃန်းညီနောင် လျှပ်စစ်ဓာတ်အားခွဲရုံပင်မ (Transformer) ထရမ်စဖော်မာသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲများကြောင့် ပျက်စီးသွားခဲ့ကာ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြဝတီမြို့ဒေသခံတစ်ဦးက “ည ၁၁ နာရီလောက်က တစ်မြို့လုံးမီးပြန်လာနေတယ်။ ၇ လကျော် မီးပြတ်ပြီးတော့ အခုမှပြန်လာတော့ ပျော်တာပေါ့။ အရင်ဆို မီးစက်ဓာတ်ဆီထည့်ပြီးသုံးရတော့ အဆင် မပြေဘူး။ အခုက လာတော့လာနေတာပဲ ဘယ်အချိန်ပြန်ပြတ်မလဲမသိသေးဘူး”ဟု ပြောသည်။

ထို့အပြင် မြဝတီမြို့တွင် ပြီးခဲ့သည့်လပိုင်းက လျှပ်စစ်မီးဖြတ်တောက်ထားသော်လည်း လျှပ်စစ်ဌာနရုံးမှ ရပ်ကွက် အတွင်းရှိ နေအိမ်များတွင် မီတာခလစဉ်ကောက်ခံနေခဲ့ကြောင်းလည်း မြဝတီမြို့ခံများက ကေအိုင်စီသို့ ပြောသည်။ ထိုသို့ မြဝတီမြို့တွင် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိနေသော်လည်း ဖားအံ၊ ကျုံဒိုးစသည့် နေရာများ တွင်မူ အကန့်အသက်ဖြင့်သာ လျှပ်စစ်မီး ရရှိနေကြသေးကြောင်း မြို့ခံများက ပြောကြသည်။ အလားတူ မြဝတီမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိနေပြီး ဖြစ်သော် လည်း မြဝတီ မြို့နယ်အတွင်းရှိ ကျေးရွာနေအိမ်အချို့တွင်မူ လျှပ်စစ်မီး ပြန်လည်းမရရှိကြသေးကြောင်း ဒေသခံများထံမှ သိရ သည်။ https://kicnews.org/2023/06/%e1%81%87%e1%80%9c% e1%80%80%e1%80%bb%e1%80%b1%e1%80%a

၂၉။   နောင်ချို – ရပ်စောက် ကားလမ်းပေါ် ပြောင်းဖူးတင်ကား တစ်စီးတိမ်းမှောက်၊ တစ်ဦးသေဆုံး
       June 15, 2023

သျှမ်းပြည် နောင်ချို-ရပ်စောက် ကားလမ်းမပေါ်တွင် ပြောင်းဖူးတင်ဆောင်လာသည့် ကုန်တင်ကားတစ်စီး တိမ်းမှောက် ပြီး ယာဥ်မောင်းတစ်ဦး သေဆုံးကာ ယာဥ်နောက်လိုက်သူ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း စုံစမ်းသိရသည်။ (ဇွန်လ ၁၄) ရက် နေ့လယ်ပိုင်း ၁ နာရီခွဲတွင် မြဝတီသို့သွားရောက်တင်ပို့မည့် ပြောင်းဖူးကုန်တင်ကားတစ်စီးသည် နောင်ချို-ရပ်စောက် ကားလမ်း မပေါ်ရှိ သရက်ကုန်းကျေးရွာ၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကြောင်း ၎င်းကို သွားရောက်ကူသည့် ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းက ပြောသည်။ “ပြောင်းဖူးတင်တဲ့ တွဲကားတစ်စီးက မြဝတီကိုသွားမှာ။ သရက်ကုန်းရွာကို ရောက်တဲ့အချိန် မှာ အကွေ့ကြီးကြီး တစ်ခုရှိတယ်။ အမြဲတမ်း ကားမှောက်လေ့မှောက်ထရှိတဲ့ နေရာတစ်ခုမှာဘဲ သူက အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတယ်။ ယာဉ်မောင်းက ပွဲချင်းပြီး အဲ့မှာပဲ ဆုံးသွားတယ်။ ယာဉ်လိုက်ကတော့ သာမာန် ထိခိုက်ဒဏ်ရာရတာပဲ “ ဟု ၎င်း တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသည့် အသက် ၃၁ နှစ် ဦးဇေသူအောင်ကို နောင်ချို ရင်ခွဲရုံသို့ ပို့ဆောင် ပေးခဲ့သလို ထိခိုက်ဒဏ်ရာရသူ ယာဉ်လိုက်အမျိုးသားကိုလည်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် နောင်ချို – ရပ်စောက် ကားလမ်းပေါ်ရှိ သရက်ကုန်းကျေးရွာအနီး လမ်းကွေ့တစ်နေရာတွင် မကြာခဏ တိမ်းမှောက်မှု ဖြစ်ပွားနေကြောင်း လည်း သိရသည်။ https://www.facebook.com/photo?fbid=58656670691 6378&set=pcb.586566820249700

၃၀။    မြန်မာ့အရေး အကြိမ် ၇၀ ကျော် ဆွေးနွေးခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပြော
        June 16, 2023

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာ့အရေးပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ နဲ့ ၆ လအတွင်း အကြိမ်ပေါင်း ၇၀ ကျော်ဆက်သွယ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီရဲ့ ပြောကြားချက်ကို RFA သတင်းမှာဖော်ပြထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံကတော့ အမျိုးသားညီညွတ်ရေးအစိုးရ အပါ အဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ မြန်မာနိုင်ငံရေးမှာပါဝင်ပတ်သက်သူတွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ ပြီးခဲ့ တဲ့ ရက်ပိုင်းကပဲ ထုတ်ဖော်ပြောဆိုထားတာရှိပါတယ်။

ဒါပေမယ့် အဲဒီဆွေးနွေးပွဲတွေအကြောင်း အရင်ကပြောဆိုခြင်း မရှိခဲ့တာနဲ့ပတ်သက်လို့တော့ အင်ဒိုနီးရှားဝန်ကြီးက ဒီဆွေးနွေးပွဲတွေကို လူသိရှင်ကြား ထုတ်ပြန်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက်ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ အာဆီယံ ဥက္ကဌ ဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ အာဆီယံဘုံသ-ဘောတူညီချက် ၅ ချက်ကိုကိုင်ဆွဲထားပြီး တွေ့ဆုံဆွေးနွေးရေးကိုသာပြောဆိုနေ တာဖြစ်ပြီး ဒီလို အာဆီယံ ဘုံသဘောတူညီချက်နဲ့ပတ်သက်လို့ လုံလောက်မှုမရှိတဲ့အကြောင်း နိုင်ငံရေး ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။ မြန်မာပြည်တွင်းမှာတော့ အကြမ်းဖက်စစ်ကောင်စီဟာ နယ်မြေစိုးမိုးမှုနည်းပါလာပြီး မကြာခင်မှာ အရှုံးနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတာ‌လည်းဖြစ်ပါတယ်။ https://www.facebook.com /photo/?fbid=603542361871667&set=a.56 7953695430534

၃၁။    ဖတ်မာချောင်းအနီး ရွှေတူးဖော်နေမှုများအား ဒေသခံများသွားရောက်ဖျက်ဆီး
        June 15, 2023

ပူတာအိုမြို့နယ် ဖတ်မာချောင်းအနီး ရွှေတူးဖော်မှုများကိုရပ်တန့်ပေးရန် ဒေသခံများတောင်းဆိုနေသည့်ကြား ဆက် လက် လုပ်ကိုင်နေသော ရွှေလုပ်ကွက်များကို သွားရောက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများမှ သိရသည်။ မြစ်ကြီးနား– ပူတာအို ကားလမ်းဘေး ဖတ်မာကျေးရွာ၊ ဖတ်မာချောင်းတွင် ရွှေတူးဖော်ခွင့်သဘောတူညီမှု သတ်မှတ်ကာလကျော်လွန်လာသော်လည်း လုပ်ငန်းရှင်များသည် ရွှေတူးဖော်မှုရပ်နားပေးခြင်းမရှိသည့်အတွက် ဒေသခံ ၇၀ ဝန်းကျင်ဖြင့် ဇွန်လ ၁၂ ရက်နေ့တွင် ရွှေလုပ် ကွက်များအား သွားရောက်ဖျက်ဆီးပေးလိုက်ကြောင်း ဖတ်မာဒေသခံတစ်ဦးက ပြောသည်။ “သဘောတူလက်မှတ် တွေက လည်း ကျွန်တော်တို့လက်ခံထားတာမဟုတ်ဘူး၊ ရပ်ကွက်လူကြီးတွေ သူတို့ဘာသာလက်ခံ သဘောတူထားတော့ ကျွန်တော်တို့ လည်း ဘာမှမပြောနိုင်တော့ ထားထားတာကို အခုသူတို့ သဘောတူညီထားကြတဲ့ အချိန်လည်းကုန်နေတာကြာပြီကို မရပ်ပေး ကြဘူးလေ၊ ကျွန်တော်တို့လည်း ဆက်ပြီးသည်းမခံနိုင်တော့လို့ သွားလုပ်ချလိုက်တာ”ဟုပြောသည်။ အဆိုပါ ရွှေတူးဖော်မှုအား ဒေသခံများကန့်ကွက်နေသည့်ကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လုပ်ငန်းရှင်အချို့နှင့် ရပ်ကျေးတာဝန်ခံများ သဘော တူညီမှုဖြင့် ရွှေတူးဖော်မှုကို ဧပြီလထိ ခွင့်ပြုခဲ့ကြောင်း သိရသည်။

သဘောတူညီမှုသတ်မှတ်ကာလ တစ်လကျော်လာပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဖတ်မာချောင်းတွင် ရွှေတူးဖော်နေသော နေရာများမှာ ဖတ်မာကျေးရွာအပါအဝင် လုံဂါယာန်၊ လုံဂါဂေါင်၊ ဖတ်မာဒါး၊ ဖတ်မာဒီ၊ ဖတ်မာဇွပ် တို့တွင်ဖြစ်ပြီး ထိုကျေးရွာများမှာ ဖတ်မာချောင်းကို သောက်သုံးရေနှင့် လယ်ယာစိုက်ပျိုးရေးအဖြစ် အားထားနေရခြင်းဖြစ်သည်။ သို့သော် အဆိုပါချောင်းတွင် ယခုကဲ့သို့ ရွှေတူးဖော်နေမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာ သည်သာမက ကျေးရွာအတွင်း ထိခိုက်နစ်နာမှုများ ရှိလာသည့်အတွက်လည်း ဒေသခံများကိုယ်တိုင် သွားရောက်ဖျက်ဆီးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပတ်ဝန်းကျင်တွေ တော်တော်ပျက်စီးလာပြီလေ၊ သောက်ရေကမရှိ၊ ပြီးရင်ဘာအကူအညီမှ မပေးဘူးလေ၊ အဲ့တော့ ရေချိုးစရာမရှိဘူး ရေတွေက နှောက်နေတယ်၊ ကလေးတွေက ရေသွားဆော့တာ တွေရှိတယ် အဲ့မှာ ငုတ်တွေနဲ့ ပုလင်းကွဲတွေနဲ့ ရှတယ်၊ ပြီးရင်လယ်လုပ်တဲ့အချိန် စပါးရေထည့်ဖို့ကလည်း အဆင်မပြေတော့ဘူး ရေကခမ်းနေပြီလေ”ဟုပြောသည်။ https://burmese.kachinnews.com/2023/06/14/bb1-27/

၃၂။   ရေးမြို့၊ ထီးမေဘောတံတားအနီး အိမ်စီးကားဖြင့် လိုက်ပါလာသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦး             သေဆုံး
       June 15, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ထီးမေဘောတံတားအနီး အိမ်စီးကားဖြင့် လိုက်ပါလာသည့် စစ်သားများကို ပစ်ခတ်တိုက် ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆို သည်။ ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရေးမြို့နယ်ဘက်မှ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမကြီးအတိုင်း အိမ်စီးကား အသုံးပြုပြီး လိုက်ပါလာသည့် စစ်သားများကို နှင်းစုံရွာနှင့် စံပြရွာ အကြားရှိ ထီးမေဘောတံတားအနီး KNLA တပ် ရင်း ၂၇၊ ခွဲ ၃ တပ်စုက စောင့်ကြိုပစ်ခတ် တိုက်ခိုက်ရာ ကား ၂ စီး ထိုးရပ်သွားပြီး စစ်သား ၂ ဦးသေကာ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ ကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က မော်လမြိုင်-ထားဝယ်-မြိတ် အမှတ် ၈ လမ်းပိုင်းကို သွားလာမည့် ကားများ အနေဖြင့် စစ်တပ်၏ လက်နက်ခဲယမ်း အပါအဝင် စစ်အင်အားတိုးချဲ့သည့် လူနှင့် ပစ္စည်းများ သယ်ဆောင်လာလျှင် စစ်ဆေး တွေ့ရှိမှုပေါ်မူတည်ပြီး အရေးယူမည်ဟု KNLA တပ်ရင်း ၂၇ က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းပိုင်းများတွင် သွားလာမည့် မော်တော်ယာဉ်များအနေဖြင့် KNLA တပ်ဖွဲ့ဝင်များ စစ်ဆေးသည့် အခါ ကြည်ဖြူစွာ လက်ခံရန်၊ စစ်ကောင်စီနှင့် ပတ်သက်သည့် လူများ၊ ပစ္စည်းများ တင်ဆောင်လာ ခြင်း မပြုလုပ်ရန်၊ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းခြင်း မပြုလုပ်ကြရန်၊ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့်လည်း ယာဉ်များကို ကြည်ဖြူစွာအစစ်ဆေးခံရန် ထုတ်ပြန်ထားသည်။ ယင်းသို့ အမိန့်စာထုတ်ပြန်ရခြင်းသည် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များသည် ခရီးသွား ပြည်သူများကို အကာကွယ်ယူပြီး သွားလာခြင်း၊ အင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ ထို အမိန့်စာသည် ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် စတင် အသက်ဝင်ပြီဖြစ်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြရန် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင် ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ https://www.facebook.com/photo/?fbid=614325317461745&set=a.568 142255413385

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။