• Today is: Friday, May 17, 2024

အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသောအုပ်ချုပ်ရေးမှူးများသည် ဒေသခံပြည်သူ တို့အပေါ်ခြိမ်းခြောက် အကြပ်ကိုင်မှုများ ရှိလာ

အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသောအုပ်ချုပ်ရေးမှူးများသည် ဒေသခံပြည်သူ တို့အပေါ်ခြိမ်းခြောက် အကြပ်ကိုင်မှုများ ရှိလာ

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၁  

ကေအဲန်ယူ-ညောင်လေးပင်ခရိုင်အတွင်း ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်ရှိကျေးရွာအချို့တို့တွင် အာဏာ သိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများမှ ဒေသခံပြည်သူများအပေါ် ခြိမ်းခြောက်အကြပ်ကိုင်မှု များတစ်နေ့တစ်ခြားပိုပိုများလာကြောင်းသိရသည်။

စက်တင်ဘာလ (၂၆) ရက်နေ့တွင် ကေအဲ်နယူ-ကျောက်ကြီးမြို့နယ်ရှိပဒဲကောအုပ်စုတွင် အာဏာသိမ်း စစ်ကောင်စီမှ ခန့်အပ်ထားသော ပဒဲကောကျေးရွာအုပ်ချုပ်ရေး မှူးစိုးမြင့်ဦးမှတုံးတံတားကျေးရွာသို့ သွားရောက် ကာ ကျေးရွာသူကျေးရွာသားများကို အစည်းအဝေးခေါ်ယူခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် အာဏာသိမ်းစစ်ကောင်စီခန့်အပ်သော အုပ်ချုပ်ရေးမှူးစိုးမြင့်ဦးက ကျေးရွာသူ ကျေးရွာသားများကို “ဧည့်စာရင်းတိုင်ရန် နှင့် အိမ်ထောင်စုစာရင်းများပြုလုပ်ရန်ပြောခဲ့သည်။ “ဧည့်စာရင်း တိုင်ရန် နှင့် အိမ်ထောင်စုစာရင်းများမလုပ်ရင် အရေးယူပြီး ဖမ်းမယ်”ဟုအမည်မဖေါ်လိုသူဒေသခံ တစ်ဦးမှ ပြောကြားခဲ့သည်။

ထို့နည်းတူ စက်တင်ဘာလ (၂၅) ရက်နေ့တွင်လည်း ကေအဲန်ယူ-ညောင်လေးပင်ခရိုင် မုန်းမြို့နယ်၊ ဝဲကြီးကျေးရွာ အုပ်စု၊ အာဏာသိမ်းစစ်ကောင်စီမှခန့်အပ်သော ဝဲကြီးကျေးရွာအုပ်ချုပ်ရေးမှူး စောရေဝါးက “အောက်ဆီဂျင် အတွက် တစ်အိမ်ကို (၁၀၀၀) ပေးလှူရမယ်”ဟု ပြောသည်။

အဆိုပါတောင်းခံမှုအပေါ် “အလှူငွေမထည့်ရင် ကျန်းမာရေး အခက်အခဲရှိလို့ တောင်ငူ၊ညောင်လေးပင် အဲလိုမြို့တွေမှာ ဆေးသွားကုရင် ထောက်ခံချက်လုပ်မပေးဘူးတဲ့။ တချို့ဒေသခံတွေက သွားလာရေးအတွက် အခက်အခဲရှိလို့ ပေးရတယ်။ သူတို့က ထောက်ခံစာနဲ့ အကြပ်ကိုင်တယ်။” လို့ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီးမြို့ နယ်,နှင့်မုန်းမြို့နယ်တို့တွင် မကြာခဏဆိုသလို ပစ်ခတ်မှုများဖြစ်လာအောင် ဖန်တီးနေလျှက်ရှိပြီး ဒေသခံပြည်သူ များသည် နေ့စဉ်ဆိုသလိုအကြောက်တရားများနှင့်ရင်ဆိုင်နေရလျှက်သည်။

၂၅/၉/၂၀၂၁ ရက်နေ့ ညနေခင်း ၂း၀၀ နာရီ ကျော် ခန့်အချိန်တွင် ကြောင်ပြာတပ်စခန်းအတွင်းသို့ စစ်ကောင်စီ၏တပ်များ အင်းအား ၁၀၀ ခန့် ဝင်ရောက်လာသောကြောင့် ဖလီထာ ( မြောင်းဦး ) ကျေးရွာမှ ပြည်သူလူထုများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်းကို ထွက်ပြေးတိမ်းရှောင်သူ ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိခဲ့ရပါသည်။

ထို့အပြင် ဖလီထာ (မြောင်းဦး)ကျေးရွာ၏ အနီးအနား၌ရှိသော သောတကူ (မဲပုပ်)ကျေးရွာမှ ကျေးရွာသူကျေးရွာသားများအချို့သည်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ကျန်ရှိနေသော ကျေးရွာသူကျေးရွာသားများမှာမူ အထုပ်အပိုးများကိုအဆင်သင့်ပြင်ဆင်ကာ စိုးရိမ်ပူပန်မှုများစွာဖြင့် အခြေအနေကို စောင့်ကြည့်နေကြပြီး စစ်ကောင်စီတပ်များ၏ ရန်ကို ကြောက်ရွံ့ နေခဲ့ကြရကြောင်း ကေအဲန်ယူ ဗဟို သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။