• Today is: Friday, May 17, 2024

ဘဏ္ဍာရေး အခက်အခဲ ဖြေရှင်းနိုင်ရေးအတွက် မိဘဘိုးဘွားပိုင် အိမ်ဝိုင်း RKDF ရောင်းချမည်

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၂၃

ဘဏ္ဍာရေး အခက်အခဲ ဖြေရှင်းနိုင်ရေးအတွက် မိဘဘိုးဘွားပိုင် အိမ်ဝိုင်းခြံတခုကို ရိန်းဂျား ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (RKDF) က ၎င်းတို့အဖွဲ့အတွက် ဘဏ္ဍာရေး ရန်ပုံငွေ ရှာနိုင်ရန် မဲစနစ်ဖြင့် ကံစမ်းမဲလက်မှတ် ရောင်းချပေးနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
“ဘဏ္ဍာရေးအခြေအနေ ဆိုးရွားနေသည့်အတွက် မိဘဘိုးဘွားပိုင် အိမ်ဝိုင်းကွက်အား မဲစနစ်ဖြင့် ကံစမ်းမဲ လုပါရခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ Local PDF ဟာ ပြည်သူလူထုထောက်ပံ့မှု့ တခုတည်းဖြင့် ရပ်တည်နေရသည် ဖြစ်သည့်အတွက် တော်လှန်ရေး ရေချိန်မြင့်ချိန်တွင် လက်နက်အင်အား ကျည်အင်အား ၊ ကျည်အင်အား ဖြည့်တင်းရန် ရန်ပုံငွေ လိုအပ်လျှက်ရှိပါသည်။ ထို့ကြောင့် မိဘဘိုးဘွားပိုင် ဂရန်အမည်ပေါက် အိမ်ဝိုင်းအား ကံစမ်းမဲ စနစ်ပြုလုပ် မဲတစောင် နှစ်သောင်းဖြင့် အစောင်ရေ ၃၀၀၀ အထိိပဲ ရောင်းချပေးသွားမှာဖြစ်ပါတယ်” ဟု RPDF ဘက်က သတင်း ထုတ်ပြန် ထားပါတယ်။
မြေကွက်ကံစမ်းမဲကို အစောင်ရေ ၃၀၀၀ ပြည့်သည့် အချိန်တွင် ပွင့်လင်းမြင်သာမှု့ရှိစွာ မဲဖောက်ပေးပြီး မဲပေါက်သော ပြည်သူအား စာရွက်စာတမ်းအပြည့် အစုံဖြင့် လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်လို့ ၎င်းတို့က ဆိုထားပါတယ်။
ဒါ့အပြင် မြေကွက်လုံခြုံရေးနှင့် ကံစမ်းသူများ၏ လုံခြုံရေး၊ ကံထူးရှင်၏ လုံခြုံရေးတို့ကြောင့် မြေကွက် တည်နေရာ အား စုံစမ်းမေးမြန်းခြင်းသည်းခံကြပါရန် မေတ္တာရပ်ခံထားပါတယ်။ ၎မြေနေရာသည် တိုင်းတတိုင်း၏ မြို့ပေါ်ရပ်ကွက်မှ “ပေ 40*100 အိမ်ဝိုင်းကွက် နေရာကောင်းဖြစ်သည်ဟု ဆိုပါတယ်။
အထက်ပါ Link မှတဆင့် လက်မှတ်အကြောင်းအသေးစိတ်စုံစမ်းခြင်းနှင့် လက်မှတ်ဝယ်ယူနိုင်ပါတယ်။
အရေးပေါ် ရန်ပုံငွေ လိုအပ်နေပါသောကြောင့် ယခင်ပြုလုပ်ထားသော “တော်လှန်ရှုတင်” ဟာ လက်မှတ်ရောင်းချရမှု့အားနည်းခြင်း ရန်ပုံငွေ မရရှိခြင်းတို့ကြောင့် အချိန်ကာလ တခုအထိ ယာယီရပ်နားထားမည်ဖြစ်ကြောင်း “တော်လှန်ရှုတင်” လက်မှတ် အားပေးထားသော မိဘပြည်သူများအား အထူးတောင်းပန်အပ်ပါသည်” ဟု ဆိုပါတယ်။

ယခုကံစမ်းမဲ ကာလပြီးလျှင် “တော်လှန်ရှုတင်” လက်မှတ်များအား ပုံစံတမျိုးဖြင့်ပြန်လည် ရောင်းချသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။